← Chapters

သက်တံဖန်သားခန္ဓာ

Vol. 79 Ch. 1179

သက်တံဖန်သားခန္ဓာ

Vol. 79 Ch. 1179

​ ဖြောက်.... ဖြောက်....

ဆူဇီမိုသည် စိတ်ဝိညာဥ်နှိမ်နှင်းကျာပွတ်ကို ဝေ့ယမ်းပြီး တာအိုအရှင်ရွှမ်ယွီ ရှိရာသို့ ရက်စက်စွာပစ်ရိုက်လိုက်၏။

တာအိုအရှင်ရွှမ်ယွီသည် ရပ်တန့်ခြင်းမရှိဘဲ ဆူဇီမိုထံသို့ ဆက်လက်ပြေးဝင်လာခဲ့၏။ သူက သူတို့နှစ်ယောက်ကြား အကွာအဝေးကိုချုံ့ပြီး ထိုသူနှင့် အနီးကပ်ဝင်လုံး တိုက်ခိုက်ချင်လေသည်။

​ဖြောင်း....

စိတ်ဝိညာဥ်နှိမ်နင်းကျာပွတ်က တာအိုအရှင်ရွှမ်ယွီအပေါ်ကို ရက်ရက်စက်စက်ကျဆင်းလာခဲ့၏။

“အား....”

တာအိုအရှင်ရွှမ်ယွီသည် ညည်းတွားအော်ဟစ်၍ ခဏမျှရပ်တန့်သွားခဲ့၏။ သူ၏ ကြွက်သားများက တုန်ခါ၍ တဆတ်ဆတ်လှုပ်နေ၏။

စိတ်ဝိညာဥ်နှိမ်နင်းကျာပွတ်၏ ​စွမ်းပကားသည် သူတွေးထင်ထားသည်ထက် များစွာပို၍ကြောက်စရာကောင်းနေ၏။

အဲ့ဒါက အမြုတေစိတ်ဝိညာဥ်ကို ပစ်မှတ်ထားသော လျှို့ဝှက်အတတ်တစ်ခုဆိုတာ သူသိထားလေသည်။ အဲ့ဒါကြောင့် သူ၏ အသိစိတ်ထဲတွင် သူ၏ အမြုတေစိတ်ဝိညာဥ် ပတ်လည်၌ ဧရာမစိတ်ဝိညာဥ်ဒိုင်းကာတစ်ခုကို ဖွဲ့တည်ထားခဲ့သည်မှာ ကြာခဲ့လေပြီ။ သူက စိတ်ဝိညာဥ်နှိမ်နင်းကျာပွတ်၏ ရိုက်ချက်ကိုခံယူပြီး ဆူဇီမိုအနီးကပ်ဝင်လုံးအဖို့အတွက် ကြိုးစားချင်​လေသည်။

သို့သော်လည်း သူ၏ စိတ်ဝိညာဥ်ဒိုင်းကာသည် စိတ်ဝိညာဥ်နှိမ်နင်းကျာပွတ်၏ ရိုက်ချက်ဖြင့် ပျက်စီးလုနီးပါးဖြစ်သွားခဲ့ရ၏။

ဤနှုန်းထားဖြင့်ဆိုပါက သူက ဆူဇီမိုအနားသို့ မရောက်နိုင်ခင်မှာပင် သူ၏ စိတ်ဝိညာဥ်အသိစိတ်ဒိုင်းကာက စိတ်ဝိညာဥ်နှိမ်နင်းကျာပွတ်၏ ရိုက်ချက်ဖြင့် ပျက်စီးသွားရပေလိမ့်မည်။

အမြုတေစိတ်ဝိညာဥ်များကြားတိုက်ပွဲက အရမ်းကိုအန္တရာယ်များလေသည်။

တာအိုအရှင်ရွှမ်ယွီသည် ဆူဇီမိုကို အနီးကပ်တိုက်ခိုက်ခြင်းဆီသို့ ဆွဲခေါ်ပြီး သူ၏ စွမ်းအားကြီးသော ကိုယ်ကာယနှင့် မျိုးဆက်သွေးကို အသုံးချကာ ထိုသူကို သေထိတိုင်အောင် သတ်ဖြတ်ချင်လေသည်။

သို့သော်လည်း ဆူဇီမိုသည် သူ့ကိုထိုအခွင့်အရေး ထပ်မပေးသည်မှာ နှမြောစရာပင်။ သူက စိတ်ဝိညာဥ်နှိမ်နင်းကျာပွတ်ကို ဆင့်ခေါ်ထုတ်ပြီး ခပ်လှမ်းလှမ်းကနေ ဝေ့ယမ်းလိုက်လေသည်။

လေထဲတွင် မိုးကြိုးနှင့်လျှပ်စီးများက တလက်လက်ထနေပြီး လောကို ဖျက်ဆီးပစ်ချင်နေ၏။

“အမြုတေစိတ်ဝိညာဥ်နဲ့ တိုက်ခိုက်ချင်တာလား... ငါက မင်းကိုကြောက်နေမယ် ထင်လို့လား...”

သူက မချဉ်းကပ်နိုင်တော့ဘူးဆိုတာကို သိလိုက်ရပြီး တာအိုအရှင်ရွှမ်ယွီက ခက်ထန်ကြမ်းကြုတ်သော အမူအရာနှင့်အတူ ဟိန်းဟောက်၍ တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သူ၏ အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်ကို ထုတ်ဖော်လိုက်လေသည်။

ဝှစ်....

တာအိုအရှင်ရွှမ်ယွီ၏ နှာရောင်မှ တဖျပ်ဖျပ်တလက်လက် သက်တန့်အလင်းရောင်တစ်ခုက တောက်ပလာခဲ့၏။

ခုနှစ်ရောင်စပ်နတ်ဘုရားအလင်းသည် ရုန်းကန်ထွက်ပေါ်လာပြီး စိတ်ဝိညာဥ်နှိမ်နင်းကျာပွတ်ဆီသို့ ပစ်ဝင်သွားလေသည်။

အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်နှစ်ခုက ထိပ်တိုက်ရင်ဆိုင်လိုက်ကြ၏။

အဲ့ဒီမှာ ကမ္ဘာတုန်လောက်စရာအသံက ထွက်ပေါ်မလာခဲ့ပေ။

အရာရာတိုင်းက တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။

သို့သော်လည်း အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်နှစ်ခု ထိတွေ့ရာလေဟာနယ်သည် ပြိုကျသွားပြီး အဆက်မပြတ် တွန့်လိမ်၍ တုန်ခါနေ၏။

ကြောက်စရာကောင်းသော စိတ်ဝိညာဥ်အသိစိတ် အတက်အကျများက ရုတ်တရက်ပျံ့နှံ့လာပြီး မမြင်နိုင်သော ဝဲဂယက်များအသွင်ဖြင့် အဘက်ဘက်သို့ ဖြန့်ကြက်သွားလေသည်။

ကျင့်ကြံသူများက တုန်လှုပ်သွားရ၏။

ရှေ့တွင်ရှိသော ကျင့်ကြံသူများသည် အမြုတေစိတ်ဝိညာဥ်ဝဲဂယက်များ၏ သက်ရောက်ခြင်းခံရမှာကို စိုးရိမ်သည့်အတွက် နောက်သို့ တစ်ယောက်ပြီးတစ်ယောက်ဆုတ်လိုက်ကြ၏။

အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ် ထိတွေ့ရိုက်ခတ်သောအခါ ထွက်ပေါ်လာသော တုန်ခါလှိုင်းများသည် ကြောက်စရာကောင်းပြီး လက်ရှိမူလနတ္ထိများအားလုံးကို သတ်ဖြတ်ဖို့လုံလောက်လေသည်။

စိတ်ဝိညာဥ်နှိမ်နင်းကျာပွတ်က ခုနှစ်ရောင်စပ်နတ်ဘုရားအလင်းနှင့်အတူ ပျက်ပြယ်သွားခဲ့လေသည်။

ဆူဇီမိုနှင့် တာအိုအရှင်ရွှမ်ယွီ၏ အမြုတေစိတ်ဝိညာဥ်နှစ်ခုလုံးက လှုပ်ခတ်သွားပြီး သူတို့၏ မျက်နှာများက ဖြူဖပ်ဖြူရော်ဖြစ်သွားကြ၏။

“ဟားဟားဟားဟား....”

တာအိုအရှင်ရွှမ်ယွီက နောက်တစ်ဖန်ချည်းကပ်လာပြီး ရယ်မောလိုက်၏။

“အထီးကျန်သိုင်းသခင်... မင်းမှာ တခြားဘာသတ်ဖြတ်ကွက်ရှိသေးလဲ... ငါ့ကို အမြင်ကျယ်သွားအောင် ထုတ်ပြပါဦး...”

တကယ်တော့ ဆူဇီမိုတွင် နောက်ထပ် အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်တစ်ခုရှိလေသည်။

ဗုဒ္ဓကျောင်းတော်များမှ ရူလိုင်းဓမ္မချိပ်စည်း.....

သို့သော်လည်း ထိုအမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်သည် သူ၏ အမြုတေစိတ်ဝိညာဥ်မှ စွမ်းအင်အမြောက်အမြားကို ကုန်ခမ်းစေပေလိမ့်မည်။

ယခု သူသည် ဓမ္မပညာရပ်များနှင့် လျှို့ဝှက်အတတ်များကို ဆက်တိုက်ထုတ်ဖော်ထားခဲ့ပြီး သူ၏ အမြုတေစိတ်ဝိညာဥ်က စွမ်းအင်မြောက်မြားစွာ ကုန်ခမ်းထားပြီးလေပြီ...။ သူက ထိုလျှို့ဝှက်အတတ်ကို ထုတ်ဖော်ပြိးနောက် တာအိုအရှင်ရွှမ်ယွီကို မသတ်ဖြတ်နိုင်ဘူးဆိုလျှင် သူက ​ခြေကုန်လက်ပမ်းကျ၍ သေဆုံးသွားနိုင်လေသည်။

သူက နောက်ထပ်မစဥ်းစားနိုင်ခင်မှာပင် တာအိုအရှင်ရွှမ်ယွီက နောက်တစ်ဖန် ချဉ်းကပ်လာခဲ့ပြန်လေပြီ။

ရွှစ်....

ဆူဇီမို၏ မျက်လုံးက ဝင်းလက်သွားပြီး သူ၏လက်ဟန်ချိပ်စည်းများကို ထပ်တလဲလဲ ပြောင်းလဲလိုက်၏။

သူ၏ဘေးတွင် မီးတောက်လုံးသုံးလုံးက ရုတ်တရက်ပေါ်ထွက်လာခဲ့၏။

သွေးနီရောင်.. အင်မော်တယ်တာအိုမီး။

ရွှေရောင်.. ဗုဒ္ဓတာအိုမီး။

အနက်ရောင်.. မိစ္ဆာတာအိုမီး။

မီးတောက်လုံးသုံးလုံးသည် ဘယ်တော့မှ မငြိမ်းသေတော့မည့်အလား ပြင်းထန်စွာလောင်ကျွမ်းနေ၏။

အပျက်အစီးနယ်မြေရှိ အပူချိန်က ရုတ်တရက်မြင့်တက်လာခဲ့၏။

ပုံမှန်အားဖြင့်ဆို... တာအိုမီးတောက်တစ်ခုချင်းစီကပင် အလွန်တရာကြောက်စရာကောင်းနေလေပြီ။ သို့သော်လည်း တာအိုအရှင်ရွှမ်ယွီသည် အဲ့ဒါကို လုံးဝမခံစားမိသည့်အလားထင်ရ၏။

သူက ရှေ့သို့ လှမ်းဝင်လာပြီး သူ၏သွေးချီကို ထုတ်ဖော်ကာ ဆူဇီမိုကို ဖိနှိမ်ဖို့အတွက် သူ၏ လက်ဖဝါးနှစ်ဖက်ကို ဆန့်ထုတ်လိုက်၏။

တာအိုအရှင်ရွှမ်ယွီ၏ ခန္ဓာကိုယ်က အရမ်းကိုသန်မာလေသည်။

တာအိုမီးတောက်သုံးခုပင်လျှင် သူ့ကို လုံးဝထိခိုက်စေနိုင်ခြင်း မရှိပေ။

သူ၏ သွေးချီ၏ လွှမ်ခြုံမှုအောက်တွင် တာအိုမီးတောက်သုံးခုက ငြိမ်းသေတော့မည့် လက္ခဏာများပင် ပြလာ၏။

ဆူဇီမို၏ အမူအရာကပြောင်းလဲသွားခြင်းမရှိဘဲ သူ၏မျက်လုံးထဲတွင် အေးစက်စက်အလင်းက ဖျပ်ခနဲလက်သွားကာ သူ၏လက်ဟန်ချိပ်စည်းကို တစ်ဖန်ပြောင်းလဲလိုက်၏။

သူ၏ စေညွန်မှုအောက်တွင် တာအိုမီးသုံးခုက ပေါင်းစည်းသွားပြီး သုံးရောင်စပ်မီးတောက်တစ်ခုကို ဖြစ်ပေါ်လာစေ၏။

တာအိုအရှင်ရွှမ်ယွီ၏ အမူအရာက နောက်ဆုံးမှာ ပြောင်းလဲသွားလေသည်။

မီးတောက်လုံးသုံးလုံးသည် တစ်သီးတစ်ခြားခွဲနေစဥ်က သူသည် မည်သည့်အရာကိုမှ မခံစားခဲ့ရပေ။ သူ၏အရေပြားပေါ်တွင် တောက်လောင်သည့် နာကျင်မှုအနည်းငယ်ကိုသာ ခံစားခဲ့ရပြီး အဲ့ဒါက လျစ်လျူရှု၍ ရနိုင်လေသည်။

သို့သော်လည်း သုံးရောင်စပ်မီးတောက် ဆင်းသက်လာပြီးနောက် သူ၏အရေပြားပေါ်ရှိ အမွေးအမှင်များပင် စတင်လောင်ကျွမ်းလာခဲ့၏။

ဆူဇီမိုက သူ၏နှာရောင်ကို ညင်သာစွာထိပြီး နောက်ထပ်အမြုတေစိတ်ဝိညာဥ်မီးကို စုဖွဲ့ကာ သုံးရောင်စပ်မီးတောက်ထဲသို့ ထိုးသွင်းလိုက်လေသည်။ သူက အေးစက်စွာပြောဆိုလိုက်၏။

“လောင်ကျွမ်းစမ်း....”

စတုရတီတာအိုမီးက ဆင်းသက်လာခဲ့၏။

ယန်တိုင်းပြည်၏ မြို့တော်ဟောင်းတစ်ခုလုံးရှိအပူချိန်က မြင့်တက်လာခဲ့၏။

သူတို့၏ ဘေးပတ်လည်ရှိ အပျက်အစီးပုံများ၊ အဆောက်အအုံများနှင့် ယိုယွင်းပျက်စီးနေသော နံရံများသည် စတင်၍အရည်ပျော်လာပြီး နီရဲနေသော ချော်ရည်များအသွင်ဖြင့် ဖြည်းဖြည်းချင်း စီးဆင်းလာကြ၏။

ထိုအကွာအဝေး၌ တာအိုအရှင်ရွှမ်ယွီသည် လုံးဝရှောင်တိမ်းနိုင်ခြင်းမရှိတော့ဘဲ စတုရတီတာအိုမီး၏ လွှမ်းခြုံခြင်းကိုခံရကာ မီးတောက်မီးလျှံများက ကောင်းကင်ထက်သို့ ထိုးတက်သွားလေသည်။

ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများက တိုက်ပွဲနယ်မြေကနေ နောက်သို့တစ်ဖန်ခုန်ဆုတ်လိုက်ကြ၏။

“အဲ့ဒီမီးတောက်တွေပဲ... တာအိုအမွေအနှစ်ကုန်းမြေမှာတုန်းက သီယင်းက အဲ့ဒီလေးရောင်စပ်မီးတောက်နဲ့ သေသွားခဲ့ရတာ...”

“ဘယ်လောက်တောင်ကြောက်စရာကောင်းတဲ့ မီးတောက်လဲ... အဲ့ဒါက ကောင်းကင်ကို လောင်ကျွမ်းပြီး ပင်လယ်ကိုတောင် ဆူပွက်စေနိုင်တယ်...”

“တိုက်ပွဲက ဒီအခြေအနေအထိ ရောက်လာမှတော့ တာအိုအရှင်ရွှမ်ယွီ ကတော့ သွားရှာပြီ ထင်တယ်”

ကျင့်ကြံသူများအားလုံးသည် စိတ်လှုပ်ရှားတက်ကြွနေသော အမူအရာများဖြင့် တိုက်ပွဲနယ်မြေကို ငေးကြည့်နေကြ၏။

တိုက်ပွဲနယ်မြေတွင် လူပုံသဏ္ဌာန်မီးလုံးတစ်ခုသည် သေသည့်တိုင်အောင် လောင်ကျွမ်းခံလိုက်ရသည့်အလား မလှုပ်မယှက် ရှိနေ၏။

သို့သော်လည်း အဆင့်မြင့်ဂိုဏ်းများနှင့် ရှေးတော်ဝင်မိသားစုများမှာ ဂိုဏ်းချုပ်များသည် မီးတောက်များအတွင်းမှ အသက်ဓာတ်ဖျော့ဖျော့ကို ခံစားမိနိုင်ကြ၏။

တာအိုအရှင်ရွှမ်ယွီက ယခုအချိန်ထိ မသေသေးပေ။

သူက မသေသေးရုံသာမက သူ၏စိတ်ဝိညာဥ်အသိစိတ်သည် မီးပိတ်ဆို့ခြင်းတောင်းကို ဆက်လက်ထိန်းချုပ်ထားဆဲ ဖြစ််ပြီး ဖန်တီးခြင်းကြာခုံနှင့် လွန်ဆွဲတိုက်ခိုက်နေလေသည်။

“ဒါက မင်းရဲ့နောက်ဆုံးဝှက်ဖဲလား...”

ရုတ်တရက် တာအိုအရှင်ရွှမ်ယွီ၏အသံက အေးစက်စက်သတ်ဖြတ်လိုစိတ်နှင့်အတူ မီးတောက်များကြားမှ ထွက်ပေါ်လာ၏။

“သူက သေမသွားဘူးလား...”

ဆူဇီမိုက သူ၏မျက်လုံးကို မှေးကျဥ်းလိုက်၏။

ဖန်သားအစစ်အမှန်ခန္ဓာကိုယ်က ဘယ်လိုပင်သန်မာပါစေ... အဲ့ဒါက စတုရတီတာအိုမီး၏ လောင်မြိုက်မှုကို ခုခံနိုင်စရာအကြောင်းမရှိပေ။

“အထီးကျန်သိုင်းသခင်... မင်းငါ့ကိုမနိုင်ပါဘူးလို့.. ငါပြောခဲ့ပြီးသားပဲ”

လူပုံသဏ္ဌာန်မီးတောက်က ရုတ်တရက်ရွေ့လျားလာခဲ့၏။ မီးတောက်များ၏ လွှမ်းခြုံမှုအောက်တွင် တာအိုအရှင်ရွှမ်ယွီ၏ ပုံရိပ်က တစ်ဖန်ထွက်ပေါ်လာပြီး သူ၏ ဆံပင်များနှင့် အသားများက တူး​​ချစ်နေလေသည်။

သို့သော်လည်း သူ၏ခန္ဓာကိုယ်တွင်းကနေ စတုရတီတာအိုမီး၏ တိုက်စားမှုကို ခုခံနိုင်သော ကြောက်စရာကောင်းသည့်စွမ်းအားတစ်ခုရှိနေ၏။

“ငါမင်းကို တစ်ခါတည်းပြောလိုက်မယ်... မင်းရဲ့နည်းလမ်းတွေအကုန်လုံးက ငါ့ရှေ့မှာ ဘာမှမဟုတ်ဘူး...”

တာအိုအရှင်ရွှမ်ယွီက အလွန်တရာကြောက်စရာကောင်းသော အော်ရာတစ်ခုနှင့်အတူ သူ၏ခန္ဓာကိုယ်တွင်းရှိ ကြောက်စရာကောင်းသည့် စွမ်းအားတစ်ခုကို ပေါက်ကွဲထွက်ပေါ်လာစေ၏။

ပုံရိပ်ယောင်တစ်ခုက ကောင်းကင်ထက်သို့ ပစ်လွင့်သွားပြီး လောကတစ်ခုလုံးက တုန်ခါသွားခဲ့လေသည်။

“အဲ့ဒါက ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသခန္ဓာပဲ...”

လူအုပ်ကြားထဲမှ အံ့အားတသင့်ရေရွတ်သံများက ဆက်တိုက်ထွက်ပေါ်လာခဲ့၏။

ကျင့်ကြံသူများက အလိုလိုမော့ကြည့်လိုက်ကြ၏။

ပေသုံးဆယ်....

ပေငါးဆယ်....

ပေရှစ်ဆယ်....

ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသခန္ဓာသည် ပေရှစ်ဆယ်အမြင့်ရောက်မှ ရပ်တန့်သွားခဲ့လေသည်။

ဟင်း.....

ကျင့်ကြံသူများက တုန်လှုပ်သွားရ၏။

ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသခန္ဓာက ပိုမိုမြင့်မားလေလေ အဲ့ဒါက ပိုမိုသန်မာလေလေဖြစ်၏။

ယေဘုယျအားဖြင့် ပြောရလျှင် ပေခြောက်ဆယ်မြင့်မားသော ဓမ္မဝိသေသခန္ဓာကို ဆင့်ခေါ်နိုင်သော မည်သူမဆို ပြိုင်စံရှားတစ်ယောက်ဟု သတ်မှတ်နိုင်လေသည်။

အဆင််မြင့်ဂိုဏ်းများနှင့် ရှေးတော်ဝင်မိသားစုများမှ လက်ရှိဂိုဏ်းချုပ်အများစုသည် ပေခြောက်ဆယ်မြင့်မားသော ဓမ္မဝိသေသခန္ဓာများကိုသာ ဆင့်ခေါ်နိုင်ကြလေသည်။

သူတို့သည် ပေခုနှစ်ဆယ်မြင့်မားသော ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသခန္ဓာကိုယ်တစ်ခုကို စုဖွဲ့နိုင်သည်ဆိုလျှင် သူတို့ကို နှစ်တစ်ထောင်မှာ တစ်ယောက်ပေါ်ထွက်လာခဲ့သော ရှားရှားပါးပါး ပြိုင်စံရှားတစ်ယောက်ဟု ခေါ်ဆိုရပေလိမ့်မည်။

အကန့်အသတ်မဲ့သော အခွင့်အလမ်းများနှင့် ကြီးမားသည့်ကံကြမ္မာတို့ ပေါင်းစည်းမိမှသာလျှင် ဤကဲ့သို့သောပြိုင်စံရှားတစ်ယောက်ကို မွေးထုတ်ပေးနိုင်ပေလိမ့်မည်။

လူတစ်ယောက်က ပေရှစ်ဆယ်မြင့်မားသော ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသခန္ဓာကိုယ်တစ်ခုကို စုဖွဲ့နိုင်သည်ဆိုလျှင် သူ့ကို ပြန်ဝင်စားမွန်းစတားတစ်ယောက်ဟု သတ်မှတ်နိုင်လေသည်။

အင်မော်တယ် ၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများကသာလျှင် ထိုကဲ့သို့သော ပြန်ဝင်စားမွန်းစတားတစ်ယောက်ကို မွေးထုတ်ပေးနိုင်လေသည်။

“ဖန်သားနန်းတော်က ကျင့်ကြံသူတစ်ယောက်ဆိုတဲ့အတိုင်းပါပဲလား... ဘယ်လောက်တောင်ကြောက်စရာကောင်းလိုက်သလဲ...”

“ယခင် ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်တွေရဲ့ နံပါတ်တစ်တွေကတောင် သူတို့စုဖွဲ့နိုင်တဲ့ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသခန္ဓာကိုယ်တွေက ပေရှစ်ဆယ်ဝန်းကျင်လောက်ပဲ ရှိကြတယ်”

ပေရှစ်ဆယ်မြင့်မားသော ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသခန္ဓာသည် အလွန်တရာသိပ်သည်းပြင်းထန်သော အော်ရာတစ်ခုကို ပိုင်ဆိုင်ထားလေသည်။ အထက်စီးကနေ ငုံကြည့်နေရင်း ၎င်းက ကောင်းကင်ဘုံကနေ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးကဲ့သို့ဖြစ်နေ၏။

ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသခန္ဓာနှင့် ရင်ဆိုင်ရချိန်တွင် အောက်ဘက်ရှိ ကျင့်ကြံသူများအားလုံးက အရေးမပါ အရာမရောက်သော ပုရွက်ဆိတ်များကဲ့သို့ဖြစ်လာ၏။

“တစ်... နှစ်.. သုံးလေး.... ငါး.. ​ခြောက်... ခုနှစ်... နတ်ဘုရားအလင်းခုနှစ်ခု...”

ကျားနဂါးဂိုဏ်းမှ ဂိုဏ်းချုပ်သည် ရေတွက်ပြီးနောက် လေးနက်သော အသံဖြင့်ပြောလိုက်၏။

“အဲ့ဒါက ဖန်သားနန်းတော်ရဲ့ အမွေအနှစ်ဓမ္မဝိသေသခန္ဓာ ဖန်သားဓမ္မခန္ဓာပဲ... အဲ့ဒါကို အထွတ်အထိပ်ထိကျင့်ကြံပြီးရင် အဲ့ဒါက ငါတို့အခုမြင်နေရတဲ့ သက်တံဖန်သားခန္ဓာ ဖြစ်လာလိမ့်မယ်”

All Chapters