ငါ့မှာလည်း ရှိတာပေါ့ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသခန္ဓာကိုယ်ကို စုစုပေ
Vol. 79 Ch. 1180
ါင်းအရောင်ခုနှစ်မျိုးနှင့် နတ်ဘုရားအလင်းများက လွှမ်းခြုံထား၏။
သူတို့သည် ပြိုးပြိုးပြက်ပြက်ဝင်းလက်၍ တည့်တည့်မကြည့်နိုင်ပေ။ သူ၏ ဓမ္မဝိသေသခန္ဓာသည် အစစ်အမှန်ဖြစ်ပြီး ၎င်း၏ခန္ဓာကိုယ်ကို ဖန်သားနှလုံးသားသုတ္တန်မှာ ဖော်ပြထား၏။ အဲ့ဒါက ကြည်လင်၍ အပြစ်ဆိုစရာမရှိဘဲ ကြောက်စရာကောင်းသောအော်ရာတစ်ခုဖြာထွက်နေ၏။
စတုရတီတာအိုမီးက ငြိမ်းသေခြင်းမရှိဘဲ ဆက်လက်လောင်ကျွမ်းနေဆဲ ဖြစ်၏။ သို့သော်လည်း သက်တံဖန်သားခန္ဓာသည် ဟိန်းဟောက်လိုက်ပြီး နတ်ဘုရားအလင်းများက လျှံထွက်လာခဲ့၏။
သူ၏ လက်ကိုဝှေ့ယမ်းရင်း ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားများကို လှည့်ပတ်ကာ စတုရတီတာအိုမီးကို ချက်ချင်းပင် ဖိနှိမ်လိုက်၏။
ဘုန်း...
သက်တံဖန်သားခန္ဓာသည် သူ၏ခြေထောက်ကိုမြှောက်ပြီး ပြင်းထန်စွာဆောင့်ချကာ စတုရတီတာအိုမီးကို ငြိမ်းသေသွားစေ၏။
ပေရှစ်ဆယ်မြင့်မားသော သက်တံဖန်သားခန္ဓာရှေ့တွင် အဆင့်မြင့်ဂိုဏ်းများနှင့် ရှေးတော်ဝင်မိသားစုများမှ လက်ရှိ ဂိုဏ်းချုပ်များပင်လျှင် ဦးညွှတ်ရပေလိမ့်မည်။
ပေရှစ်ဆယ်မြင့်မားသော ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသကို ထိပ်သီးဂိုဏ်းကြီးများမှ မည်ကာမတ္တတပည့်များသာလျှင် ဖိနှိမ်နိုင်ပေလိမ့်မည်။
”ကြည့်ရတာတော့... တိုက်ပွဲက ပြီးသွားပြီထင်တယ်...”
“ဟီးဟီး... အဆင့်ကြီးတစ်ဆင့် ကွာဟနေမှတော့ တိုက်ခိုက်ရတာဘယ်လိုလုပ် လွယ်ကူပါ့မလဲ... နောက်ပြီး သူက ဖန်သားနန်းတော်က ကျင့်ကြံသူကိုမှ သွားပြီးစိန်ခေါ်တာကိုး... အထီးကျန်သိုင်းသခင်က သူ့ရဲ့ မောက်မာမှုအတွက် ပြန်ပေးဆပ်ရတာပဲ...”
ထိုသည်ကိုမြင်သောအခါ လူတိုင်းသည် မတူညီသော တုံ့ပြန်မှုများရှိလာကြ၏။ တချို့က သက်ပြင်းချလိုက်ပြီး အချို့က သနားနေကြ၏။ အချို့က လှောင်ရယ်လိုက်ပြီး အချို့က ပူပန်နေကြ၏။
“အစ်ကို....”
ရှောင်းနင်သည် စိုးရိမ်ကြောင့်ကြနေသော်လည်း သူမ,လုပ်နိုင်တာ ဘာမှမရှိပေ။
အင်မော်တယ်ကြိုးကြာအိုကြီးကလည်း မျက်မှောင်ကြုတ်ပြီး တီးတိုးရေရွတ်လိုက်၏။
“ဇီမိုကတော့... ရှုံးတော့မှာပဲ...”
“အို.... သူက ပေရှစ်ဆယ်မြင့်မားတဲ့ သက်တံဖန်သားခန္ဓာကိုယ်ကိုတောင် ကျင့်ကြံနိုင်ခဲ့တာပဲ...”
အဖြူရောင်ဝတ်အမျိုးသမီးက သူ၏မျက်ခုံးကိုပင့်ပြီး သူ၏နှုတ်ခမ်းကိုကွေးညွတ်ကာ မြေခွေးလေးကို ကျီစယ်လိုက်၏။
“မြေခွေးလေး... နင့်ရဲ့ သခင်လေးဆူကတော့... ဒုက္ခလှလှတွေ့တော့မယ်...”
မြေခွေးလေးက စိုးရိမ်ကြောင့်ကြနေပြီး ငိုချတော့မတတ်ဖြစ်နေ၏။
“နတ်မိမယ်အစစ်အမှန်ကျောက်စိမ်း.... ရှင်က သူ့ကိုသေချာပေါက် ကူညီရမယ်နော်... ဟုတ်တယ်မလား”
“ငါက ဘာလို့ သူ့ကို ကူညီရမှာလဲ...”
အဖြူရောင်ဝတ်အမျိုးသမီးက အထင်သေးစွာဖြင့် သူမ၏နှုတ်ခမ်းကို စုဝိုင်းလိုက်၏။
“အရှင်မ... ကျေးဇူးပြုပြီး သူ့ကိုကယ်တင်ပေးပါ”
မြေခွေးလေးက အဖြူရောင်ဝတ်အမျိုးသမီး၏ အင်္ကျီစကို ဆွဲပြီးအော်ငိုလိုက်၏။
“ကျွန်မဒီနေ့ကစပြီး ရှင်နဲ့အတူလိုက်ပါ့မယ်.... သခင်လေးကိုတော့ ဘာမှမဖြစ်စေချင်ဘူး”
“သူက သူမမြင်သင့်တဲ့အရာကိုမြင်သွားခဲ့တယ်... သူက အခုလိုခံစားရတာ ဖြစ်သင့်တယ်...”
အဖြူရောင်ဝတ်အမျိုးသမီးက နှာတစ်ချက်မှုတ်၍ လိုဏ်ဂူထဲမှ အဖြစ်အပျက်ကို တနုံ့နုံ့ပြန်လည်စဥ်းစားမိသွား၏။
သို့သော်လည်း မြေခွေးလေးသည် တွေဝေရှုပ်ထွေးနေပြီး 'သူမမြင်သင့်တာကို မြင်ခဲ့တယ်'ဆိုသော သူမ၏စကားကို နားမလည်နိုင်ပေ။
“ဟားဟားဟားဟား.... အထီးကျန်သိုင်းသခင် မင်းမှာ တခြားဘာဝှက်ဖဲတွေရှိသေးလဲ... ပြစမ်းပါဦး”
တာအိုအရှင်ရွှမ်ယွီက ကြောက်မက်ဖွယ်ရာရယ်မော၍ သူ၏ သက်တံဖန်သားခန္ဓာနှင့်အတူ ရှေ့သို့တက်လှမ်းလာခဲ့၏။ သူ၏လက်သီးကို ဆုပ်ပြီး ဆူဇီမိုထံသို့ ပစ်ထိုးချလိုက်လေသည်။
ထိုထိုးချက်က ဥက္ကာခဲတစ်ခဲ ကျဆင်းလာသည်နှင့် မခြားနားပေ။
လေဟာနယ်တစ်ခုလုံးက တုန်ခါသွားခဲ့၏။
“ပါ.....”
ဆူဇီမိုသည် မန္တန်သံကို ရွတ်ဆိုပြီး မလှုပ်ရှားနိုင်သော အုတ်မြစ်ချိပ်စည်းကို သူ၏လက်များဖြင့် ဆင့်ခေါ်လိုက်၏။ သူ၏ပုံစံက ခံ့ညားထည်ဝါလာပြီး သူ၏ ခန္ဓာကိုယ်သည် ရွှေရောင်အလင်းများဖြင့် တောက်ပလာ၏။
ဘုန်း....
သက်တံဖန်သားခန္ဓာ၏ လက်သီးက ဆူဇီမို၏ ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းလာခဲ့၏။
ထိုဧရာမလက်သီးနှင့် နှိုင်းစာလျှင် ဆူဇီမိုသည် သေးငယ်သော ကျောက်စရစ်ခဲတစ်ခုကဲ့သို့ မြေပြင်ပေါ်သို့ ပြင်းထန်စွာပစ်ကျသွား၏။ မလှုပ်ရှားနိုင်သော အုတ်မြစ်ချိပ်စည်းသည် ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသခန္ဓာ၏ စွမ်းအားကို ရင်ဆိုင်ခုခံနိုင်ခြင်း မရှိပေ။
ကြောက်စရာကောင်းသော ထိုစွမ်းအားနှင့်ရင်ဆိုင်ရချိန်တွင် သူ၏ခြေထောက်အောက်က ပေါ်ထွက်နေသော စွမ်းအားအမြစ်များသည် လုံးဝပြတ်တောက်သွားခဲ့လေသည်။
ဘန်း.. ဘန်း.. ဘုန်း..
သိပ်သည်းပြင်းထန်သော စွမ်းအားက ရပ်တန့်မသွားခဲ့ပေ။
ဆူဇီမို၏ ပုံရိပ်သည် နောက်သို့လှန်၍ လိမ့်ဆင်းသွားပြီး မြေပြင်ပေါ်တွင် ပေအတော်အတန် ရှည်လျားသော ကြောက်စရာကောင်းသည့် လူပုံသဏ္ဌာန်တွင်းချိုင့်တစ်ခုကို ဖြစ်ပေါ်လာစေ၏။
လောကက တိတ်ဆိတ်ငြိမ်သက်သွား၏။
လေတိုက်သံကပင်လျှင် ပျောက်ဆုံးသွားခဲ့လေသည်။
ကျင့်ကြံသူတိုင်း၏ မျက်နှာပေါ်တွင် တုန်လှုပ်မှုများက အထင်းသားပေါ်လွင်လာ၏။
အဲ့ဒါက ပေရှစ်ဆယ်မြင့်မားသော သက်တံဖန်သားခန္ဓာ၏ ရုန်းကန်ပေါက်ကွဲအားဖြစ်၏။ မည်သူကများ အဲ့ဒါကို ခုခံနိုင်ပါ့မလဲ....။
မူလနတ္ထိများကို မပြောနှင့် ဓမ္မဝိသေသ တာအိုအရှင်များပင်လျှင် ထိုထိုးချက်နှင့် ရင်ဆိုင်ရပါက သူတို့၏ခန္ဓာကိုယ်သည် သွေးမြူများအဖြစ် ပေါက်ကွဲထွက်သွားပေလိမ့်မည်။
ဆူဇီမိုသည် မြေတွင်းထဲမှာ မလှုပ်မယှက်လဲကျနေ၏။
“သူက သေသွားလောက်ပါပြီနော်.. ဟုတ်တယ်မလား... “
“ဒီလောက်ကြောက်စရာကောင်းတဲ့ စွမ်းအားနဲ့ရင်ဆိုင်ရမှတော့ အသွေးအသားခန္ဓာကိုယ်တစ်ခုကိုမပြောနဲ့ တာအိုအရှင်ဓမ္မလက်နက်တစ်ခုတောင်မှ ကြေမွပျက်စီးသွားလိမ့်မယ်”
“အား... တစ်ခုခုတော့ လွဲနေပြီ... ကြည့်စမ်း.. ဖန်တီးခြင်းကြာခုံက မီးပိတ်ဆို့ခြင်းတောင်းနဲ့ အခုချိန်ထိ တိုက်ခိုက်နေတုန်းပဲ....”
“သူက မသေသေးဘူးလား... သူက မသေသေးတဲ့အပြင် သူ့ရဲ့ဓမ္မလက်နက်ကို ထိန်းချုပ်ဖို့ပါ စိတ်အာရုံခွဲပေးနိုင်နေသေးတာလား...”
ကျင့်ကြံသူများ၏ မျက်လုံးထဲတွင် မယုံကြည်နိုင်မှုများက ပေါ်ထွက်လာကြ၏။
“သူက... အခုတော့ မသေသေးဘူးပေါ့... ဒါပေမယ့်လို့ သိပ်ကြာကြာတောင့်ခံနိုင်မှာ မဟုတ်တော့ဘူး”
“အဲ့ဒါတော့… ဟုတ်တယ်... သူတို့နှစ်ယောက်ကြားက ခွန်အားကွာဟချက်က အရမ်းကြီးမားနေပြီ.. သူတို့နှစ်ယောက်က မတူညီတဲ့အဆင့်တွေမှာပဲ”
လူတိုင်းက ခေါင်းခါလိုက်ကြ၏။
အင်မော်တယ်ကြိုးကြာအိုကြီးက ပူပန်ကြောင့်ကြနေလေသည်။
သူမသည် ဓမ္မဝိသေသတာအိုအရှင်တစ်ယောက်ဖြစ်သော်လည်း သူမသည် ပေရှစ်ဆယ်မြင့်မားသော သက်တံဖန်သားခန္ဓာကိုယ်ကို ရင်ဆိုင်ခုခံနိုင်ခြင်းမရှိပေ။ သူမသည် ထိုးချက်တစ်ချက်ဖြင့် ဒဏ်ရာအပြင်းအထန်ရရှိသွားနိုင်လေသည်။ ဒါ့အပြင် အဆင့်မြင့်ဂိုဏ်းများနှင့် ရှေးတော်ဝင်မိသားစုများမှ ဂိုဏ်းချုပ်များကလည်း အခုချိန်တွင် တိုက်ပွဲကိုစောင့်ကြည့်နေကြ၏။ သူမက ရုတ်တရက် လှုပ်ရှားမှုပြုလုပ်လိုက်လျှင် သူမက အခြားသူများ၏ ပစ်မှတ်ဖြစ်လာနိုင်သည်။
“အစ်ကိုကြီးက... အခြေအနေသိပ်ကောင်းတဲ့ပုံ မပေါ်ဘူး...”
ချင်ချင်က တီးတိုးပြောဆိုလိုက်၏။
“ကျုပ်တို့... ဘာလုပ်ရမလဲ”
စိတ်ဝိညာဥ်ကျားက မျောက်ကိုကြည့်ပြီး တိုးတိတ်စွာမေးလိုက်၏။
“အစ်ကိုမျောက်... ခင်ဗျားဘယ်လိုထင်လဲ...”
“သတ်ရမှာပေါ့...”
မျောက်က သူ့လက်ထဲရှိအကျော်ဇေယျကို တင်းတင်းဆုပ်ကိုင်ပြီး သူ့မျက်လုံးထဲရှိ သွေးရောင်အလင်းက တဖျပ်ဖျပ်လက်လာ၏။ သူက အံကိုကြိတ်ပြီး ပြောလိုက်လေသည်။
“ငါဘာကိုမှထပ်ပြီး ဂရုမစိုက်နိုင်တော့ဘူး...”
“ငါ့ညီအစ်ကို အသတ်ခံရမှာကိုတော့ ဒီတိုင်းထိုင်ကြည့်မနေနိုင်ဘူး”
လက်ရှိအခြေအနေက အရာရာတိုင်းအပေါ် သက်ရောက်မှုရှိလာပေလိမ့်မည်။
သူတို့သည် လှုပ်ရှားမှုပြုလုပ်လိုက်သည်နှင့် သူတို့သည် အဆင့်မြင့်ဂိုဏ်းများနှင့် ရှေးတော်ဝင်မိသားစုများ၏ တိုက်ခိုက်မှုများကို သေချာပေါက် ဆွဲဆောင်မိသွားပေလိမ့်မည်။
အခြားမည်သည့်ဂိုဏ်း သို့မဟုတ် မည်သည့်အဖွဲ့အစည်းမှ မရှိလျှင်တောင် သက်တံဖန်သားခန္ဓာကိုယ်တစ်ခုတည်းက သူတို့အားလုံးကို ကိုင်တွယ်ဖို့ လုံလောက်လေသည်။
“ခင်ဗျားတို့တွေ... အရင်နောက်ဆုတ်နေကြဦး”
ညဝိညာဥ်၏ အမူအရာက တည်တံ့နေပြီး သူ၏မျက်လုံးများထဲတွင် ပြတ်သားသော ပုံရိပ်တစ်ခုက ထွက်ပေါ်လာခဲ့လေသည်။
“အစ်ကိုကြီးကို ကျုပ်ကယ်ရမယ်...”
သူက ကြိုတင်ပြင်ဆင်ထားခဲ့ပြီးဖြစ်၏။ သူ၏ အစစ်အမှန်ပုံစံကို ထုတ်ဖော်ပြသရပြီး သူက တာအိုအရှင်ရွှမ်ယွီ၏ ဖိနှိမ်မှုကို ခံရမည်ဆိုလျှင်တောင် သူက ဆူဇီမိုကို ကယ်ထုတ်ရပေမည်။
သူသည် အစစ်အမှန်ပုံစံသို့ ပြောင်းလဲပြီးနောက် သူ၏ခွန်အားက ဆပွားတိုးလာပေလိမ့်မည်။
အနည်းဆုံးတော့ သူသည် ဆူဇီမိုနှင့်အတူ ထွက်ပြေးလွတ်မြောက်ဖို့ သုံးဆယ်ရာခိုင်နှုန်းအခွင့်ရှိလေသည်။
“နတ်မိမယ်အစစ်အမှန်ကျောက်စိမ်း... ရှင်က အခုချိန်ထိ ဘာလို့ဘာမှ မလုပ်သေးတာလဲ...”
မြေခွေးလေးက ဆက်လက်၍ အသနားခံတောင်းပန်ခြင်း မရှိတော့ပေ။ ထိုအစား သူမက အနည်းငယ်စိတ်တိုလာပြီး အဖြူရောင်ဝတ်အမျိုးသမီးကို ခပ်စိမ်းစိမ်းစိုက်ကြည့်နေ၏။
မြေခွေးလေး၏ လောဆော်မှုမရှိလျှင်တောင် အဖြူရောင်ဝတ်အမျိုးသမီးက လှုပ်ရှားမှုပြုလုပ်ဖို့ ပြင်ဆင်ထားပြီဖြစ်၏။ သူမသည် ဆူဇီမိုကို အနည်းငယ်ခံစားစေချင်ရုံမျှသာဖြစ်လေသည်။
သို့သော်လည်း သူမက ထိုသူ ဤနေရာမှာ သေသွားမည်ကို ခွင့်ပြုမပေးနိုင်ပေ။
သူမက ရှေ့သို့လှမ်းဝင်တော့မည့်ရှိစဥ်မှာပင် အပျက်အစီးပုံထဲတွင် လဲကျနေသော ဆူဇီမိုပေါ်သို့ သူမ၏အကြည့်ရောက်ရှိပြီးနောက် မျက်မှောင်အနည်းငယ်ကြုတ်ကာ အံအားတသင့်ရေရွတ်လိုက်၏။
ထို့နောက်ချက်ချင်းပင် သူမက တစ်စုံတစ်ရာကို ခံစားမိသွားသည့်အလား သူမ၏ မျက်လုံးက ဝင်းလက်သွားခဲ့၏။
“အဲ့ဒါက… ဟုတ်များဟုတ်နေမလား”
အဖြူရောင်ဝတ်အမျိုးသမီးက တီးတိုးရေရွတ်လိုက်၏။
မြေခွေးလေးက မေးလိုက်လေသည်။
“နတ်မိမယ်အစစ်အမှန်ကျောက်စိမ်း... ရှင်ကဘာလို့ ထပ်ပြီးမလှုပ်ရှားတော့တာလဲ”
“ငါတို့ စောင့်ကြည့်ရသေးတာပေါ့...”
အဖြူရောင်ဝတ်အမျိုးသမီးက ခေါင်းခါပြလိုက်၏။
တိုက်ပွဲနယ်မြေတွင်....
တာအိုအရှင်ရွှမ်ယွီသည် လေထဲတွင်တိုက်ခိုက်နေဆဲ ဖြစ်သော ဓမ္မလက်နက်နှစ်ခုကို သတိထားမိသွားပြီး သရော်ပြုံးပြုံးလိုက်လေသည်။
“အထီးကျန်သိုင်းသခင်... ငါ့ရဲ့ သက်တံဖန်သားခန္ဓာကိုယ်ကို မင်းဘယ်လောက်ကြာကြာခုခံနိုင်မလဲ ကြည့်ရသေးတာပေါ့”
“အဟွတ်...အဟွတ်.. အဟွတ်...”
ထိုစဥ်မှာပင် ဆူဇီမိုက လှုပ်ရှားလာပြီး အပျက်အစီးပုံထဲကနေ ဖြည်းဖြည်းချင်းကျုံးထလိုက်၏။ သူက သွေးများကိုထွေးထုတ်ပြီး သူ့မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွား၏။
ရုတ်တရက် သူက ပြုံးလိုက်လေသည်။
ကျင့်ကြံသူများက ကြောင်အ,မှင်တက်သွားကြလေသည်။
ဆူဇီမိုသည် ဤကဲ့သို့သော အခြေအနေမှာပင် ဘယ်လိုကြောင့်ပြုံးနေနိုင်သေးတာလဲ သူတို့က တကယ်ပင်နားမလည်နိုင်ကြပေ။
“အဲ့ဒီ သက်တံဖန်သားခန္ဓာက မင်းရဲ့နောက်ဆုံးဝှက်ဖဲလား...”
ဆူဇီမိုက ခပ်ယဲ့ယဲ့မေးလိုက်၏။
“မင်းက ဘာကိုပြောချင်တာလဲ....”
ရုတ်တရက် တာအိုအရှင်ရွှမ်ယွီသည် ထိတ်ထိတ်ပျာပျာဖြစ်လာပြီး ငေါက်ငမ်းလိုက်လေသည်။
ဆူဇီမို၏အကြည့်က နတ်ဆိုးဆန်လာပြီး ကြောက်စရာကောင်းသောအော်ရာတစ်ခုက သူ့ခန္ဓာကိုယ်ထဲကနေ ဖြာထွက်လာ၏။ သူက ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။
“ငါ..... ပြောချင်တဲ့အရာကတော့ မင်းမှာရှိတဲ့အရာ ငါ့မှာလည်းရှိတာပေါ့”
ဘုန်း.....
နက်မှောင်နေသော ပုံရိပ်ယောင်တစ်ခုသည် ဆူဇီမို၏ ခန္ဓာကိုယ်ထဲကနေ ခွဲထွက်သွားပြီး လေထဲသို့ထိုးတက်သွားလေသည်။ ထိုခန္ဓာကိုယ်ပတ်လည်တွင် နတ်ဆိုးချီများက လွှမ်းခြုံလာပြီး အဆက်မပြတ် မြင့်တက်လာခဲ့၏။
“အို.....!”
ကျင့်ကြံသူများသည် တုန်လှုပ်စွာဖြင့် ပင့်သက်ကိုရှိုက်ပြီး သူတို့၏မျက်လုံးများက ပြူးကျယ်လာကြ၏။
ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသခန္ဓာကိုယ်တစ်ခု....
ဤမြင်ကွင်းက သူတို့၏နားလည်နိုင်စွမ်းထက် အပြတ်အသတ်ကျော်လွန်နေခဲ့လေပြီ....။
အဲ့ဒါက ဘယ်လိုဖြစ်နိုင်ပါ့မလဲ... ။
မူလနတ္ထိတစ်ယောက်က ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသခန္ဓာကိုယ်တစ်ခုကို ဘယ်လိုတောင်စုဖွဲ့နိုင်ရတာလဲ....။
ဆယ်ပေ....
ပေနှစ်ဆယ်....
ပေငါးဆယ်....
ပေငါးဆယ်မြင့်တက်လာပြီးနောက် ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသခန္ဓာကိုယ်သည် ရပ်တန့်သွားခြင်းမရှိဘဲ ဆက်လက်မြင့်တက်လာခဲ့၏။
ကျင့်ကြံသူများသည် ပါးစပ်အဟောင်းသားဖြင့် မော့ကြည့်နေကြ၏။
ပေခြောက်ဆယ်...
ပေခုနှစ်ဆယ်.....
ပေရှစ်ဆယ်....
ပေရှစ်ဆယ်မြင့်မားသော နောက်ထပ်ဓမ္မဝိသေသခန္ဓာကိုယ်တစ်ခုက ဆင်းသက်ပေါ်ထွက်လာခဲ့လေပြီ...။