← Chapters

ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာ

Vol. 79 Ch. 1181

ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာ

Vol. 79 Ch. 1181

တာအိုအရှင်ရွှမ်ယွီ၏ သက်တံဖန်သားခန္ဓာသည် လူတိုင်းကို အံအားသင့်မှုတစ်ခုပေးသည်ဆိုလျှင်...

ဆူဇီမိုဖွဲ့တည်လိုက်သော ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသခန္ဓာသည် လူတိုင်းကိုမနှိုင်းယှဥ်သာသော တုန်လှုပ်မှုတစ်ခုပေးနိုင်ခဲ့လေသည်။

အဲ့ဒါက လူတိုင်းမျှော်လင့်မထားသည့် တစ်စုံတစ်ရာ​ဖြစ်လေသည်။

အဲ့ဒါက လူတိုင်း၏ နားလည်နိုင်စွမ်းထက်ကျော်လွန်သွားခဲ့လေပြီ။

မူလနတ္ထိတစ်ယောက်က ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသခန္ဓာတစ်ခုကို ဘယ်လိုတောင်ဖွဲ့တည်နိုင်ရတာလဲ....။

ပို၍ကြောက်စရာကောင်းသည့်အချက်မှာ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသသည် ပေရှစ်ဆယ်မြင့်မားပြီး တာအိုအရှင်ရွှမ်ယွီ၏ သက်တံဖန်သားခန္ဓာနှင့် ယှဥ်နိုင်နေခြင်းပင်။

ပေရှစ်ဆယ်မြင့်မားသော ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသနှစ်ခုသည် လောကကို အထက်စီးကနေ ကြည့်နိုင်သော သိပ်သည်းပြင်းထန်သည့် အော်ရာများနှင့်အတူ အပျက်အစီးနယ်မြေမှာ မျက်နှာချင်းဆိုင်ရပ်နေကြ၏။

“အဲ့-အဲ့ဒါက...... ဘယ်-ဘယ်လို....ဖြစ်ရတာလဲ....”

ဆန်းကြယ်ကောင်းကင်ဂမ္ဘီရကျင့်ထုံးဂိုဏ်းမှ ဂိုဏ်းချုပ်သည် လျှာခလုတ်တိုက်ပြီး တုန်လှုပ်ချောက်ချားသွားသော အမူအရာဖြင့် စကားကိုဖြောင့်ဖြောင့်မပြောနိုင်တော့ပေ။

သူကျင့်ကြံထာသော ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသသည် ၆၉ ပေသာလျှင်ရှိပြီး ပေ ၇၀ ပင် မပြည့်ပေ။

သို့သော်လည်း သူ့ရှေ့မှ မူလနတ္ထိ၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသသည် ပေရှစ်ဆယ်ရှိနေခဲ့လေပြီ။

“အဲ့ဒါကတော့... အရမ်းကိုကြောက်ဖို့ကောင်းသွားပြီ”

ကြယ်တာရာလမင်းဂိုဏ်း၏ ဂိုဏ်းချုပ်က လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ဒီကောင်လေးက မူလနတ္ထိအဆင့်မှာပဲ ရှိသေးတယ်... သူက ဓမ္မဝိသေသအဆင့်ကိုဝင်ရောက်သွားမယ်ဆိုရင် သူ့ရဲ့ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသက ဘယ်လောက်ထိဆက်ပြီး ကြီးထွားလာနိုင်မလဲ...”

ပုံမှန်အားဖြင့် ကျင့်ကြံသူများသည် ဓမ္မဝိသေသအဆင့်သို့ ဝင်ရောက်ပြီးမှသာလျှင် ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသကို စုဖွဲ့နိုင်ကြလေသည်။ သို့သော်လည်း ထိုအချိန်မှာစုဖွဲ့သော​ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ၏ အမြင့်သည် နောက်ဆုံးအမြင့် မဟုတ်သေးပေ။

ကျင့်ကြံသူတစ်ယောက်၏ ကျင့်ကြံမှုအဆင့်က တိုးတက်လာသည်နှင့်အမျှ သူတို့၏ ဓမ္မဝိသေသကလည်း ဆက်လက်ကြီးထွားလာပေလိမ့်မည်။

တကယ်တော့ စစချင်း ဓမ္မဝိသေသများက ပိုမိုမြင့်မားလေလေ သူတို့၏ အလားအလာက ပိုမိုကြီးမားလေဖြစ်ပြီး ၎င်း၏ အထွတ်အထိပ်သို့ ရောက်ရှိလျှင် ပိုမိုသန်မာလာမည်ဖြစ်၏။

“ပေကိုးဆယ်.... အန္တိမအဆင့်”

ကျားနဂါးဂိုဏ်း၏ ဂိုဏ်းချုပ်က တုန်ရီနေသော စိတ်နှလုံးဖြင့် အသံကိုနှိမ့်၍ ပြောလိုက်၏။

“ဒီကောင်လေးက... မူလနတ္ထိအဆင့်မှာတင် ပေရှစ်ဆယ်မြင့်မားတဲ့ ဓမ္မဝိသေသတစ်ခုကို ဖွဲ့တည်နိုင်နေပြီ.... သူ့ရဲ့ ဓမ္မဝိသေသက အန္တိမဓမ္မဝိသေသအဆင့်ထိ သေချာပေါက်ရောက်ရှိသွားလိမ့်မယ်”

ပေကိုးဆယ် ဓမ္မဝိသေသသည် အန္တိမဓမ္မဝိသေသအဖြစ်ကျော်ကြားလေသည်။ ​မြောက်ပိုင်းဒေသ၏ အဆင့်မြင့်ဂိုဏ်းများနှင့် ရှေးတော်ဝင်မိသားစုများမှ မည်သည့်ဂိုဏ်းချုပ်မဆို အန္တိမဓမ္မဝိသေသတစ်ခုကို တွေ့မြင်ဖူးခြင်း မရှိကြပေ။

သူတို့အတွက်တော့ အန္တိမဓမ္မဝိသေသသည် ဒဏ္ဍာရီတစ်ခုမျှသာဖြစ်လေသည်။

အဲ့ဒါသည် အင်ပါယာများစွာပေါ်ထွက်ခဲ့ပြီး ပြန်ဝင်စားမွန်းစတားများကြီးစိုးခဲ့သော ရှေးဟောင်းခေတ်မှာသာ တွေ့မြင်ရနိုင်လေသည်။

သို့သော်လည်း ဤအခိုက်အတန့်တွင် ကျားနဂါးဂိုဏ်းချုပ်၏ ထင်မြင်ယူဆချက်ကို မည်သူကမှ မေးခွန်းမထုတ်ကြပေ။

အထီးကျန်သိုင်းသခင်က ဆက်လက်ကြီးထွားလာမည်ဆိုလျှင် သူသည် ပကတိဓမ္မဝိသေသအဆင့်သို့ ရောက်ရှိသည်နှင့် အန္တိမဓမ္မဝိသေသတစ်ခုကို သေချာပေါက်ကျင့်ကြံလာနိုင်လိမ့်မည်ဟု ဂိုဏ်းချုပ်များအားလုံးက ယုံကြည်လက်ခံလိုက်ကြ၏။

တကယ်တော့ ဆူဇီမိုသည် ပကတိမူလနတ္ထိအဆင့်သို့ တက်လှမ်းပြီးမှသာ ကောင်းကင်နှင့်မြေကြီးဓမ္မဝိသေသကို နားလည်ဆင်ခြင်နိုင်ခဲ့ခြင်းဖြစ်၏။ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသဟု ခေါ်သောအရာသည် ဓမ္မပညာရပ်များအားလုံးကိုပေါင်းစည်းထားခြင်းဖြစ်၏။

ကောင်းကင်နှင့်မြေကြီးကို ဆက်သွယ်ဖို့အတွက် လူတစ်ယောက်၏ အမြုတေစိတ်ဝိညာဥ်ကို အသုံးပြုခြင်းဖြင့် ထိုသူသည် တာအိုဓမ္မပညာရပ်များ၏ အဆီအနှစ်ကို စစ်ထုတ်ပြီး အသန်မာဆုံး ဓမ္မပညာရပ်ကို ဖန်တီးလာနိုင်ပေလိမ့်မည်။

ပုံမှန်အားဖြင့်ဆိုလျှင် ဓမ္မဝိသေသအဆင့်သို့ ဝင်ရောက်ပြီးမှသာလျှင် ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသကို စုဖွဲ့နိုင်ခြင်းမှာ အကြောင်းအရင်းနှစ်ရပ်ရှိလေသည်။

ပထမတစ်ချက် အမြုတေစိတ်ဝိညာဥ်၏ ခွန်အားဖြစ်လေသည်။

လူတစ်ယောက်၏ အမြုတေစိတ်ဝိညာဥ်က လုံလောက်အောင် သန်မာမှုမရှိလျှင် ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသကို မစုဖွဲ့နိုင်ခင်မှာပင် ၎င်းက ကြေမွပျက်စီးသွားပေလိမ့်မည်။

သို့သော် ဆူဇီမိုသည် မူလနတ္ထိအဆင့်မှာရှိနေသော်လည်း သူ၏ အမြုတေစိတ်ဝိညာဥ်က ဓမ္မဝိသေသ တာအိုအရှင်အများစုထက် ပိုမိုသန်မာနေခဲ့ပြီးဖြစ်၏။

ထိုအချက်က သူ့အပေါ်မှာ သက်ရောက်စေနိုင်ခြင်းမရှိပေ။

ဒုတိယတစ်ချက်.... ဓမ္မဝိသေသအဆင့်သို့ ဝင်ရောက်ပြီးမှသာလျှင် ထိုသူသည် ကောင်းကင်နှင့်မြေကြီးကို ကောင်းမွန်စွာ နားလည်ဆင်ခြင်နိုင်ပြီး ၎င်းနှင့်ချိတ်ဆက်၍ သူသင်ယူထားခဲ့သော တာအိုနှင့် ဓမ္မပညာရပ်များကို အနှစ်ထုတ်ပြီး ဓမ္မပညာရပ်များအားလုံးကို ပေါင်းစည်းကာ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသတစ်ခုကို ဖွဲ့တည်လာနိုင်ပေလိမ့်မည်။

ဆူဇီမိုသည် ထိုလိုအပ်ချက်နှင့်ကိုက်ညီမှုတော့ မရှိပေ။ သို့သော်လည်း ကြောက်စရာကောင်းလောက်သော တိုက်ဆိုင်မှုနှင့်အတူ သူသည် တာအိုအမွေအနှစ်ကုန်းမြေမှာ မိစ္ဆာဂိုဏ်းများ၏ တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးတစ်ယောက်၏ မှတ်ဉာဏ်များနှင့် ပေါင်စည်းနိုင်ခဲ့လေသည်။

မိစ္ဆာဂိုဏ်းများ၏ တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးသည် ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသကို စုဖွဲ့နိုင်ခဲ့သည်မှာ ကြာခဲ့လေပြီ...။

ဆူဇီမိုသည် သူ၏မှတ်ဉာဏ်များမှတစ်ဆင့် ဓမ္မပညာရပ်များစုစည်းခြင်းကို တွေ့ကြုံခံစားခဲ့ပြီးဖြစ်ပြီး သူ့အနေဖြင့် အဲ့ဒါကိုဆက်လက်၍ နားလည်ဆင်ခြင်စရာ၊ ကောက်ချက်ချစရာ မလိုတော့ပေ။

အဲ့ဒါကြောင့် သူ၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသသည် မိစ္ဆာဂိုဏ်းများမှ တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေး၏ မှတ်ဉာဏ်များအပေါ်မှီခို၍ ဖွဲ့တည်လာခဲ့ခြင်းဖြစ်၏။

ဤကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသသည် မိစ္ဆာဂိုဏ်းများ၏ အနှစ်သာရကို စုစည်းထားခြင်းလည်းဖြစ်လေသည်။

မိစ္ဆာဂိုဏ်းများ၏ ဤဓမ္မဝိသေသည် ပေရှစ်ဆယ်မြင့်မားပြီး အနက်ရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားလေသည်။ ၎င်းက နတ်ဆိုးချီများ လွှမ်းခြုံနေပြီး အေးစက်စက်သတ်ဖြတ်လိုစိတ်နှင့်အတူ နက်မှောင်နေသော ဧရာမတံစဥ်တစ်လက်ကို ကိုင်ဆွဲထား၏။

“အဲ့ဒါက.... ဘာဓမ္မဝိသေသလဲ... ကြည့်ရတာတော့ အဲ့ဒါက သက်တံဖန်သားခန္ဓာနဲ့ ယှဥ်နိုင်တဲ့ပုံပဲ”

“ဘယ်လောက်တောင်သန်မာလိုက်တဲ့ မိစ္ဆာချီလဲ.... မိစ္ဆာတာအိုမှာ အထီးကျန်သိုင်းသခင်ရဲ့ ကျင့်ကြံမှုက ဒီအဆင့်ထိတောင်ရောက်နေခဲ့ပြီဆိုတော့.... သူက မိစ္ဆာဂိုဏ်းတွေရဲ့ မည်ကာမတ္တတပည့်တွေနဲ့တောင် ယှဥ်နိုင်နေလောက်ပြီ...”

လက်ရှိကျင့်ကြံသူများထဲ မည်သူကမှ ထိုဓမ္မဝိသေသ၏ ဇာစ်မြစ်ကို မမှတ်မိနိုင်ကြပေ။

အဖြူရောင်ဝတ်အမျိုးသမီး၏ အမူအရာကသာလျှင် ပြောင်းလဲသွားပြီး တီးတိုးရေရွတ်လိုက်၏။

“အဲ့ဒီကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာက ပျေက်ဆုံးသွားခဲ့တာ ကြာခဲ့ပြီမဟုတ်ဘူးလား... နောက်ပြီး အဲ့ဒါကအခု ကောင်းကင်ဘုံမိစ္ဆာတံစဥ်နဲ့အတူ ပေါ်ထွက်လာခဲ့တာပဲ...”

“ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာက တော်တော်စွမ်းအားကြီးတာလား”

မြေခွေးလေးက မနေနိုင်ဘဲ မေးလိုက်၏။

အဖြူရောင်ဝတ်အမျိုးသမီးက ပြောလိုက်လေသည်။

“အဲ့ဒါက မိစ္ဆာဂိုဏ်းတွေရဲ့ အသန်မာဆုံး ကောင်ကင်နဲ့မြေကြီး ဓမ္မဝိသေသတွေထဲက တစ်ခုပဲ... သက်တံဖန်သားခန္ဓာက ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာကို ယှဥ်နိုင်မှာ မဟုတ်လောက်ဘူး”

.........

“မင်း.....”

တိုက်ပွဲနယ်မြေတွင် တာအိုအရှင်ရွှမ်ယွီသည် သူ၏အရှေ့တွင် ရပ်တည်နေသော ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာကို သူ့မျက်လုံးထဲရှိ စိုးရွံ့ထိတ်လန့်လာသော အရိပ်အယောင်နှင့်အတူ ကြည့်လိုက်လေသည်။

အခြေအနေက သူ၏ ထိန်းချုပ်မှုကနေ လွတ်ထွက်လာပြီဖြစ်ကြောင်း သူက နားလည်လိုက်၏။

“ရွှမ်ယွီ....မင်းအသက်နဲ့... ပေးဆပ်ဖို့ ပြင်ထား”

ဆူဇီမိုက ဖြည်းဖြည်းချင်း ပြောလိုက်၏။

“မင်းရဲ့ ကောင်းကင်နဲ့မြေကြီး ဓမ္မဝိသေသကတောင် မင်းကိုမကယ်တင်နိုင်စေရဘူး...”

“သတ်!....”

တစ်ချိန်တည်းနီးပါးမှာပင် ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ နှစ်ခုက လှုပ်ရှားလိုက်ကြ၏။

သူတို့၏ လှုပ်ရှားမှုသည် ရာသီဥတုကို ပြောင်းလဲစေပြီး တောင်တန်းများကို လှုပ်ခါသွားစေ၏။

ပေရှစ်ဆယ်မြင့်မားသော ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသနှစ်ခု ထိတွေ့ရိုက်ခတ်မည့်မြင်ကွင်းကို စဥ်းစားကြည့်နိုင်လေသည်။

ဘန်း..... ဘန်း.. ဘန်း....

ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသနှစ်ခုက အဆက်မပြတ် ထိတွေ့ရိုက်ခတ်လိုက်ကြ၏။

ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာသည် မင်ကဲ့သို့နက်မှောင်နေသော ထူးပိန်းသည့်မိစ္ဆာချီများကို ထုတ်ဖော်ပြီး သက်တံဖန်သားခန္ဓာမှ နတ်ဘုရားအလင်းများကို တရှဲရှဲမြည်သံနှင့်အတူ တိုက်စားလိုက်၏။

တကယ်တော့ ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာတွင် ကြောက်စရာအကောင်းဆုံးအရာမှာ သူ့ကိုင်ဆွဲထားသည့် ကောင်းကင်ဘုံမိစ္ဆာတံစဥ်ပင် ဖြစ်လေသည်။

နက်မှောင်နေသော တံစဥ်က အလွန်တရာထက်ရှပြီး တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် လေဟာနယ်ကို အပိုင်းပိုင်းလှီးဖြတ်နိုင်လေသည်။

တစ်ခဏအတွင်းမှာပင် ဓမ္မဝိသေသခန္ဓာနှစ်ခုသည် သူတို့၏ အကန့်အသတ်အထိ တိုက်ခိုက်လိုက်ကြရင်း ဒဏ်ရာများဗရပွနှင့် စကာပေါက်ဖြစ်လာကြ၏။

နောက်ဆုံးမှာတော့ သက်တံဖန်သားခန္ဓာသည် အရင်ဆုံးလဲပြိုသွားပြီး ဓမ္မစွမ်းအားများအဖြစ် ပျက်ပြယ်ကာ လေထဲသို့ ​ပြန့်ကျဲသွားခဲ့လေသည်။

တကယ်တော့... ကျန်ရှိနေသော ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာကလည်း အလွန်တရာပျက်စီးထိခိုက်နေပြီး အချိန်မရွေးပြိုလဲသွားနိုင်လေသည်။

ထိုသို့ဆိုလျှင်တောင် ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာသည် ဆူဇီမို၏ ထိန်းချုပ်မှုအောက်မှာရှိနေဆဲပင်။ သူ၏ ပျက်စီးနေသော တံစဥ်ကိုဝေ့ယမ်းရင်း ၎င်းက တာအိုအရှင်ရွှမ်ယွီထံသို့ ရက်ရက်စက်စက်ခုတ်ပိုင်းချလိုက်၏။

“မင်းက... ငါ့ကို ထိုးနှက်ခဲ့မှတော့ အခုငါ့ရဲ့ခုတ်ချက်ကို မင်းပြန်လက်ခံဖို့အလှည့်ပဲ...”

ဆူဇီမိုက မျက်လုံးပြူး၍ ဟိန်းဟောက်လိုက်၏။

ဝှစ်...ဝှစ်...

တံစဥ်သည် အနက်ရောင်အလင်းတစ်ချက်နှင််အတူ လေထုကိုဆုတ်ဖြဲ၍ ချက်ချင်းပင်ရောက်ရှိလာခဲ့၏။

အဲ့ဒါသည် စောစောက ဆူဇီမိုတွေ့ကြုံခံစားခဲ့ရပုံနှင့် အတူတူပင်ဖြစ်လေသည်။

သူသည် သက်တံဖန်သားခန္ဓာ၏ ထိုးချက်ကို မရှောင်နိုင်ခဲ့ပေ။

တာအိုအရှင်ရွှမ်ယွီသည်လည်း ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာ၏ တံစဥ်ခုတ်ချက်ကို ရှောင်တိမ်းနိုင်ခြင်း မရှိပေ။

သူသည် ဒိုင်းကာတစ်လက်ကိုထုတ်ယူပြီး သူ၏သွေးချီကို အကန့်အသတ်ထိလှည့်ပတ်ကာ ကောင်းကင်ဘုံမိစ္ဆာတံစဥ်ကို ခုခံလိုက်ရ၏။

ဘုန်း....

အဲ့ဒီမှာကျယ်လောင်သောမြည်သံက ထွက်ပေါ်လာခဲ့၏။

ဒိုင်းကာက ချက်ချင်းပင် ပေါက်ကွဲထွက်သွားလေသည်။

တာအိုအရှင်ရွှမ်ယွီ၏ လက်တံတစ်လျှောက်အသားများက အလွှာလိုက်ကွာကျသွားပြီး မိစ္ဆာချီ၏ တိုက်စားခြင်းကိုခံရကာ အရိုးဖြူဖြူက ထွက်ပေါ်လာခဲ့၏။

“အား.....”

တာအိုအရှင်ရွှမ်ယွီ၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး စူစူးဝါးဝါးအော်ဟစ်လိုက်၏။

သူ၏ အစစ်အမှန်ဖန်သားခန္ဓာကိုယ်နှင့်ပင်လျှင် သူက ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး သူ၏ ဘယ်ဘက်လက်က ပျက်စီးသွားခဲ့လေပြီ။ အဲ့ဒါက ကောင်းကင်ဘုံမိစ္ဆာတံစဥ်ခုတ်ချက်ဖြင့် ပြတ်ထွက်လုနီးပါးဖြစ်နေ၏။

တကယ်တော့ ဤခုတ်ချက်အပြီး၌ ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာသည်လည်း ဆက်လက်၍ တောင့်ခံနိုင်ခြင်းမရှိတော့ဘဲ မိစ္ဆာချီများအဖြစ် ပြောင်းလဲလာခဲ့​လေသည်။

ဆူဇီမိုက သူ၏ပါးစပ်ကို ဟပြီး စုပ်ယူလိုက်၏။

ရွှစ်...

မိစ္ဆာချီများသည် တစ်ခဏအတွင်းစုပ်ယူခံလိုက်ရပြီး သူ၏သက်လုံအားနှင့် သွေးချီက ချက်ချင်းပင် ပြည့်ဝလာခဲ့၏။

ဆူဇီမိုသည် တာအိုအရှင်ရွှမ်ယွီကို မည်သည့်အခွင့်အရေးမှ မပေးလိုတော့ဘဲ သူ၏သိုလှောင်အိတ်ကိုပုတ်၍ ဂမ္ဘီရသံလိုက်တောင်ကို တစ်ဖန်ထုတ်ယူလိုက်၏။

“ပစ်တိုက်စမ်း... “

သူက ရှေ့သို့စေညွန်လိုက်၏။

ဂမ္ဘီရသံလိုက်တောင်သည် လေကိုဆန်၍ ပျံ့ကားသွားပြီး ဧရာမတောင်ထွတ်တစ်ခုအသွင် ပြောင်းလဲကာ တာအိုအရှင်ရွှမ်ယွီထံသို့ ပစ်ဝင်သွားလေသည်။

​ကြီးမားသောအရိပ်တစ်ခုက လွှမ်းခြုံလာခဲ့၏။

ဂမ္ဘီရသံလိုက်တောင်က အရမ်းကို ကြီးမားလေသည်။

တာအိုအရှင်ရွှမ်ယွီက ရှောင်တိမ်းချင်သည်ဆိုလျှင်တောင် မရှောင်တိမ်းနိုင်တော့ပေ။

သူ၏ဘယ်ဘက်လက်က ပျက်စီးနေပြီး သူ၏ ညာဘက်လက်ကိုသာ ပင့်မြှောက်လိုက်ရလေသည်။ သူ၏ဒဏ်ရာများကို လျစ်လျူရှုပြီး သူ၏သွေးချီကို တစ်ဖန်လှည့်ပတ်ကာ ဂမ္ဘီရသံလိုက်တောင်ကို ပင့်မြှောက်၍ ခံယူလိုက်ရ၏။

ဖွီး...

တာအိုအရှင်ရွှမ်ယွီသည် ဂမ္ဘီရသံလိုက်တောင်နှင့် ထိတွေ့စဥ်မှာပင် သွေးတစ်လုတ်ကို ထွေးထုတ်လိုက်ရ၏။ သူ၏ ဖန်သားအစစ်အမှန်ခန္ဓာ ပျက်စီးသွားခြင်းနှင့်အတူ သူသည် ဂမ္ဘီရသံလိုက်တောင်၏ စွမ်းအားကို လက်တစ်ဖက်တည်းဖြင့် ခုခံနိုင်ခြင်း မရှိတော့ပေ။

ကျွိ.....ကျွိ...

ဂမ္ဘီရသံလိုက်တောင်၏ ဖိနှိမ်မှုအောက်တွင် သူ၏ အရိုးစုများမှ ထူးဆန်းသောအသံများက ထွက်ပေါ်လာပြီး ဖိအားကို ဆက်လက်တောင့်ခံနိုင်ခြင်း မရှိတော့ပေ။

သူ၏ကိုယ်တွင်းအင်္ဂါများက စတင်၍ နေရာရွေ့လာ​ပြီး သွေးများက စီးထွက်လာခဲ့၏။

All Chapters