အခန်း (၁၉)
Vol. 1 Ch. 19
လူတိုင်း လှုပ်ရှားနေသည်များ ရပ်လိုက်သည်ကို တွေ့လိုက်ရသည့်အခါ Caleb ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။ ဤဆေးများကို ရရှိနိုင်ရန်အတွက် သူ Asher ၏ အမည်ကို အသုံးမပြုခဲ့လျှင် သွေးထွက်သံယိုတိုက်ပွဲ ဖြစ်သွားနိုင်၏။ လူများက Caleb ၏ အမည်ကို သိကြမည်မဟုတ်သော်လည်း Asher ၏ အမည်ကိုတော့ သေချာပေါက် သိကြပေသည်။
“ဟားဟား၊ နောက်နေတာပါ သခင်လေး Caleb၊ ကျွန်တော်တို့က ဘယ်လိုလို့ သခင်လေး Asher ရဲ့ ပစ္စည်းကို ယူရဲပါ့မလဲ။ သခင်လေး Caleb က သခင်လေး Asher ရဲ့ ပစ္စည်းကို ပြန်ရှာတွေ့သွားတဲ့အတွက် ဂုဏ်ယူပါတယ်။ ကျွန်တော်သွားလိုက်ပါဦးမယ်။ နှုတ်ဆက်ပါတယ်။” အသိပညာကြွယ်ဝသူတစ်ဦးက Caleb ကို မှတ်မိသွားကာ ထိုဆေးလုံးများက အမှန်တစ်ကယ် Asher ၏ အပိုင်ဖြစ်မည်ဟု ကောက်ချက်ချလိုက်ကာ ထိုနေရာမှ လျင်မြန်စွာ ထွက်ခွာသွားတော့သည်။
“ဟုတ်တာပေါ့။ သခင်လေး Asher ရဲ့ အပိုင်ပစ္စည်းကို ကျွန်တော်တို့က ဘယ်လိုလို့ ယူရဲပါ့မလဲ။ သခင်လေး Asher ရဲ့ ဆေးလုံးတွေကို ပြန်ရှာတွေ့သွားတဲ့အတွက် ကျွန်တော်တို့ကလည်း ဂုဏ်ယူပါတယ်။ နှုတ်ဆက်ပါတယ် သခင်လေး Caleb” လူတိုင်းက ကိုယ်စီ စကားများပြောလိုက်ကာ ထိုနေရာမှ လျင်မြန်စွာ ထွက်ခွာသွားကြတော့သည်။
Ace သည်လည်း ထိုအရာကို အဝေးမှမြင်လိုက်ရကာ သူ့မျက်နှာ နက်မှောင်သွားသည်။ ‘သခင်လေး Asher ဆိုတဲ့သူကလည်း Kelby မိသားစုကပဲ ဖြစ်မယ်နဲ့တူတယ်။ သူတို့ကို ဖြေရှင်းရတာ လွယ်ကူမယ့်ပုံ မပေါ်ဘူး။ ဒီတာဝန်က ငါထင်ထားသလို ရိုးရှင်းမှာ မဟုတ်ဘူး။’ ထို့နောက် ဆူညံနေသော လူများကြားမှ သူပျောက်ကွယ်သွားတော့သည်။
လူတိုင်းထွက်ခွာသွားနေသည်ကို ကြည့်ပြီးနောက် အနီရောင်ဆေးပုလင်းဆီသို့ Caleb သွားလိုက်ကာ လှမ်းယူလိုက်သည်။ မည်သူမှ သူနှင့် လာမရှုပ်ရဲတော့သည်ကို မြင်ပြီးနောက် စိတ်လျော့လိုက်ကာ သူထပ်မံ၍ မောက်မာလာပြန်သည်။
အနီရောင်ဆေးနှစ်ပုလင်းလုံးကို သူ့လက်ထဲတွင် ဆုပ်ကိုင်ထားကာ ကလေးတစ်ယောက် အရုပ်ရသွားသလိုမျိုး နားရွက်တက်ချိတ်မတတ် ပြုံးနေတော့သည်။
“အဖိုးကြီး Matthew ၊ ဟိုကောင်လေးကို ရှာတွေ့လား” Caleb အပြုံးကြီးတစ်ခုဖြင့် Matthew ကို Ace အကြောင်း မေးလိုက်သည်။
“မတွေ့ဘူး။ သူက ပြေးတာ အရမ်းမြန်လွန်းတယ်။ သူ ဒီဆေးတွေကို စွန့်လွှတ်ဖို့ ရွေးချယ်လိုက်ပြီး သူ့ဘဝအတွက် လွှတ်မြောက်အောင် ထွက်ပြေးသွားတာပဲ ဖြစ်ရမယ်။” အဖိုးအို Matthew က ပြောလိုက်ကာ သူသည်လည်း ရွှင်မြူးနေ၏။ ‘ကောင်လေး မင်းထက်ကြီးတဲ့သူတွေရှေ့မှာ မောက်မာရဲဦးမလားလို့ ကြည့်ကြတာပေါ့။ ဟားဟား’ နောက်ဆုံးတွင် သူ၏ ‘လက်စားချေမှု’မှာ ပြီးသွားပြီ ဖြစ်သည်။
“ကောင်းပြီ၊ ငါတို့ ဒီဆေးတွေကို ရပြီးပြီဆိုတော့ အဲ့ကောင်လေးက အရေးမကြီးတော့ဘူး။ သွားပြီး သခင်လေး Asher ဆီကို ပြန်တင်ပြကြရအောင်။ ငါတို့ သူ့ကို စောင့်ခိုင်းနေလို့ မဖြစ်ဘူး။” Caleb က ပြောလိုက်ကာ Kelby ဆိုင်ဆီသို့ လျင်မြန်စွာ ပြန်ထွက်ခွာသွားတော့သည်။
လက်ရှိ Kelby ဆိုင်၏ ၁၅ထပ်တွင်
Caleb နှင့် Matthew သည် အရူးများလို ပြုံးကာ Asher ၏ရှေ့မှ ထိုင်ခုံပေါ်တွင် ထိုင်နေကြသည်။ သူတို့၏အလယ်တွင် အဖြူရောင်ကျောက်စိမ်းစားပွဲတစ်လုံးလည်း ရှိနေ၏။ စားပွဲပေါ်တွင် အနီရောင်ဆေးနှစ်ပုလင်း ရှိနေသည်။
Caleb နှင့် Matthew သည် သူတို့၏ လုပ်အားအတွက် ဆုလာဘ်ကြီးကြီးမားမားကို မျှော်လင့်နေကြသည်။ အထူးသဖြင့် Matthew သည် သူအလုပ်လုပ်နေသာ အထပ်၏ မန်နေဂျာတစ်ယောက်ဖြစ်လိုခဲ့သော်လည်း လုပ်နိုင်စွမ်း မရှိခဲ့ပေ။ ယခုတွင်တော့ ‘အဖြူရောင်အဆင့်ဆေး’ နှစ်ပုလင်းကို ရရှိရန် ကူညီပေးခဲ့တာကြောင့် အတွေးများက ကောင်းကင်ဘုံသို့ ရောက်ရှိနေ၏။
“မင်းက ငါ့နာမည်ကို အသုံးပြုပြီး မှန်တာကို လုပ်ခဲ့တယ်။ ဒီဆေးပုလင်းတွေကို မင်းဖွင့်ကြည့်ခဲ့လား?” Asher က အေးစက်စွာ မေးလိုက်သည်။ အပြင်ဘက်တွင် စိတ်တည်ငြိမ်နေပုံပေါ်နေသော်လည်း အတွင်းဘက်တွင် ဤ’အဖြူရောင်အဆင့်ဆေး’နှစ်ပုလင်းကို အားအများကြီး မစိုက်ထုတ်ခဲ့ရဘဲ ရရှိခဲ့တာကြောင့် အလွန်ပျော်ရွှင်နေ၏။
“သခင်လေးရဲ့ အပိုင်ပစ္စည်းကို ကျွန်တော်တို့ မထိရဲပါဘူး” သူတို့နှစ်ယောက်လုံး အတူတကွ ပြန်ဖြေလိုက်ကြသည်။
သူတို့၏ အပြုမူများကြောင့် Asher အလွန် ကျေနပ်သွားသည်။ သူ၏ ပစ္စည်းကို တစ်ယောက်ယောက်က ထိကိုင်သည်ကို မကြိုက်ပေ။
ထို့နောက် စားပွဲပေါ်မှ အနီရောင်ပုလင်းကို ယူလိုက်ကာ အထဲမှ ‘အဖြူရောင်အဆင့်ဆေး’ကို ကြည့်ရန်အတွက် အဖုံးဖွင့်လိုက်သည်။ အဖုံးဖွင့်လိုက်သည့်အခါ မည်သည့်ဆေးရနံ့မှ သူ့နှာခေါင်းဝဆီသို့ ဝင်မလာပေ။ ထိုအစား အလွန် အော်ဂလီဆန်စရာကောင်းသော ပုပ်သိုးနံ့ကိုသာ ရလိုက်သည်။ Asher ၏ မျက်နှာဖြူနေရာမှ ပြာနှမ်းသွားတော့သည်။ ထို့နောက် ထိုအနီရောင်ဆေးပုလင်းကို အလိုလို လွှတ်ပစ်လိုက်မိတော့သည်။
‘ခွမ်...’
ဖန်ပုလင်းအစိတ်စိတ်အမွှာမွှာ ကွဲကြေသွားကာ အထဲမှ နက်မှောင်နေသော အနက်ရောင်ဆေးများသာ ထွက်လာ၏။
Caleb နှင့် Matthew တို့ သူ၏ အမူအယာကို မြင်လိုက်ရသည့်အချိန် ဘာဖြစ်နေသည်ကို နားမလည်သော်လည်း အနက်ရောင်ဆေးများကို မြင်လိုက်ရသည့်အချိန်တွင် စိုးထိတ်သွားကြကာ သူတို့ ခန္ဓာကိုယ်မှ လည်ပတ်နေသော သွေးများပင် ကြောက်ရွံ့မှုကြောင့် ရပ်တန့်သွားသည်။
Matthew သည် လျင်မြန်စွာ ဒူးထောက်ချလိုက်ကာ ပြာနှမ်းနေသော မျက်နှာနှင့် Asher ၏ ရှေ့တွင် ဦးတိုက်ချကာ တောင်းပန်တော့သည်။
“မ-မင်းက ဒီကြွက်-ျီးတွေကို အဖြူရောင်အဆင့်ဆေးလို့ ခေါ်တာလား!!???” အရှက်တကွဲဖြစ်ခြင်းကြောင့် Asher အော်ဟစ်လိုက်သည်။ သူ့တစ်ဘဝလုံးတွင် ညစ်ပတ်သော မည်သည့်အရာကိုမှ မကိုင်ခဲ့ဖူးပေ။
သူသည် ကြော့ရှင်းကာ သန့်ရှင်းသပ်ရပ်သော လူတစ်ယောက် ဖြစ်၏။ သို့သော်လည်း ယခု တစ်စုံတစ်ယောက်သည် သူ့ကို ကြွက်-ျီးများကို အနံ့ခံရန်အတွက် ပေးရဲ၏။
သူစိတ်လွတ်သွားကာ ဒေါသမထွက်ဘဲ မည်ကဲ့သို့ နေနိုင်မည်နည်း။ အဆိုးဆုံးမှာ သူ့ဘဝ၏ ဂုဏ်သိက္ခာကျဆင်းစေသော အရာပြုလုပ်သည်ကို တစ်ခြားသူများ မြင်သွားခြင်းပင်။ ထိုအရာက ခွင့်မလွှတ်နိုင်စရာပင်။
ထိုအရာကို မည်သူပြုလုပ်ခဲ့မှန်း Asher မသိပေ။ သို့သော် ဤကြွက်-ျီးများကို သူ့ကို မည်သူပေးခဲ့မှန်းတော့ သူသိပေသည်။
“နောက်ဘဝရောက်မှ မင်းခေါင်းကို အခုလို ဦးတိုက်ချပြီး တောင်းပန်လိုက်။ အခုတော့ သေလိုက်တော့!!” Matthew ကို အသနားခံရန် မည်သည့်အခွင့်အရေးမှ မပေးခဲ့ဘဲ သူ၏ အခြေခံကျင့်ကြံခြင်းစွမ်းအားအပြည့်ကို သုံးကာ Matthew ၏ ဦးခေါင်းကို ကန်လိုက်သည်။
‘ဘန်’
ကျင့်ကြံခြင်းမရှိသော Matthew လို လူသားတစ်ယောက်က ကျင့်ကြံသူတစ်ယောက်၏ ကန်ချက်ကို မည်ကဲ့သို့ ခံနိုင်ရည်ရှိမည်နည်း။ သူ့ခေါင်းသည် ဖရဲသီးလို ပေါက်ကွဲထွက်သွားကာ သူ၏လောဘကြောင့် သေဆုံးသွားရတော့သည်။
Matthew ၏ ဦးခေါင်းက ကြေမွနေသော အသားစလို ဖြစ်သွားသည်ကို Caleb မြင်လိုက်ရသည့်အခါ အန်ထွက်မိတော့မလို့ပင်။ သို့သော် နတ်ဆိုးက သူ့ကိုလည်း အေးစက်စွာ စိုက်ကြည့်နေသည်ကို မြင်လိုက်ရတာကြောင့် ပြန်ထိန်းချုပ်လိုက်သည်။ သူဖြူဖပ်ဖြူရော်မျက်နှာဖြင့် ချက်ချင်း ဒူးထောက်ချလိုက်တော့သည်။
“ဒီလအတွက် အဖြူရောင်တစ်ဝက်အဆင့်ဆေးလုံး 500 လိုချင်တယ်။ အကယ်၍ မင်းမလုပ်နိုင်ရင် ဒီအဖိုးကြီးကို ငရဲမှာ မင်းသွားတွေ့လို့ရတယ်။ အခု ဒီမှာ ဖြစ်ပျက်ခဲ့တဲ့အရာတွေ နည်းနည်းလေးပဲ ပေါက်ကြားခဲ့ရင်တောင် ငါတစ်စုံတစ်ယောက်ကို မနှိပ်စက်ရတာကြာပြီဆိုတာ မင်းမှတ်ထား။ အခုသွားတော့။” Asher ၏ တစ်ကိုယ်လုံးမှ လူသတ်ချင်သော ရည်ရွယ်ချက်များ ထုတ်လွှတ်နေကာ Caleb ကို သတိပေးလိုက်သည်။
Asher မည်မျှပင် ဒေါသထွက်နေပါစေ Caleb ကို သတ်၍ မဖြစ်ပေ။ Caleb လို ရွှေဥများ ဥပေးသော ဘဲငန်းကို သူသတ်ပစ်မည်မဟုတ်ဘဲ ပြီးမြောက်ရန် လွယ်ကူမည်မဟုတ်သော တာဝန်ကိုသာ ပေးခဲ့သည်။
‘အဖြူရောင်တစ်ဝက်အဆင့်ဆေးလုံး 500 က ဒီမောက်မာနေတဲ့ မျိုးမစစ်ကောင်ကို သင်ခန်းစာတစ်ခုတော့ ပေးနိုင်လိမ့်မယ်။ သူနေ့တိုင်း တစ်ခြားသူတွေနဲ့ လိုက်ရှုပ်နေတာက သူ့ကို ကန့်သတ်ချုပ်ချယ်နေလိမ့်မယ်။’ ထိုအတွေးသည် Asher ၏ လက်ရှိအတွေးပင် ဖြစ်သည်။
“ဟုတ်ကဲ့၊ သနားညှာတာမှုအတွက် ကျေးဇူးတင်ပါတယ် သခင်လေး။ ထပ်ပြီး သခင်လေးစိတ်မပျက်စေရပါဘူး။” Asher ၏ စူးစူးရှရှနှင့် အေးစက်သော မျက်လုံးများကို Caleb ကြည့်လိုက်ကာ လက်ခံရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။ သူ၏ ဘဝသည် ဂုဏ်သိက္ခာထက် ပို၍ အရေးကြီးပြီး ယခုတစ်ကြိမ်သည် သူ့အမှားပင် ဖြစ်သည်။
‘ဒီဆေးတွေကို ငါစစ်ဆေးကြည့်ခဲ့သင့်တယ်။ သောက်ကွာ။ သူက ငါ့ကို သေတဲ့အထိ အလုပ်လုပ်ခိုင်းနေတာပဲ။’ Asher ကို Caleb နှလုံးသားထဲမှနေ၍ ကြိမ်ဆဲလိုက်ပြီး ၁၅ထပ်မှ ထွက်ခွာလာခဲ့တော့သည်။ သူ Matthew လို အဆုံးမသတ်ချင်လျှင် ချက်ချင်း အလုပ်စမှ ဖြစ်မည်။
Caleb ကို ထွက်သွားခိုင်းပြီးနောက် စားပွဲပေါ်မှ ကျန်ရှိနေသေးသော အနီရောင်ဆေးတစ်ပုလင်းကို မြင်လိုက်ကာ ဒေါသများ ထပ်ထွက်လာခဲ့ပြီး “အနက်ရောင်မြေခွေး”ကို ခေါ်လိုက်သည်။
“ဟုတ်ကဲ့ သခင်လေး” အနက်ရောင်မြေခွေးသည် သရဲတစ်ကောင်လို ပေါ်လာခဲ့သည်။
“မင်းမြင်လိုက်တယ်မလား” Asher ဒေါသထွက်နေသော်လည်း သူမကို Caleb ကို မအော်ခဲ့ပေ။
“ဟုတ်ကဲ့” အနက်ရောင်မြေခွေး ခေါင်းငြိမ့်လိုက်သည်။ မည်သူမှ သူမ၏ မျက်နှာကို မမြင်နိုင်သော်လည်း သူမ၏ နီညိုဖျော့ရောင် မြေခွေးမျက်လုံးများထဲတွင် တစ်မူထူးခြားသော အလင်းရောင်များ လင်းလက်နေခဲ့သည်။
Asher ပို၍ပင် ဒေါသထွက်လာနေသော်လည်း သူမသည် သူ၏ အကောင်းဆုံးအမှူထမ်းဖြစ်တာကြောင့် သူမကို အပြစ်ပေး၍ မရပေ။ ထိုအရာသည် သူမ၏ အမှားလည်း မဟုတ်ပေ။
“ငါ့ကို အခုလိုလုပ်သွားတဲ့ လူလိမ်ကောင်ကို အသက်ရှင်လျက် လိုချင်တယ်။ ဘယ်လောက် ကုန်ကျကျ ကိစ္စမရှိဘူး။ သူ့ကိုရှာပြီး ငါ့ဆီ ခေါ်လာခဲ့။ သူ့ကို မီးနဲ့ကစားခဲ့တဲ့ အကျိုးဆက်ကို သိစေရမယ်။” Asher ဒေါသထွက်စွာ အံကြိတ်လိုက်ပြီး အေးစက်စွာ အမိန့်ပေးလိုက်သည်။
Asher သိပင်မသိသော ထိုလူလိမ်ကောင်ကို အရိုးထဲမှပင် မုန်းတီးနေပြီ ဖြစ်သည်။ ထိုအရာသည် သူ့အတွက် ပြုလုပ်ခဲ့ခြင်း မဟုတ်ခဲ့သော်လည်း ဂုဏ်သရေရှိသော Kelby မိသားစု၏ သူ့လို သခင်လေးသည် ကြွက်-ျီးနံ့ကို ရှူခဲ့ရသည်။ ထိုညစ်ပတ်သော မျိုးမစစ်ကောင်ကို မနှိပ်စက်ရမချင်း သူငြိမ်းချမ်းမှုကို ရှာတွေ့နိုင်မည်မဟုတ်ပေ။
“သခင်လေးအတွက် အခုပဲ သွားပြီး စုံစမ်းစစ်ဆေးပေးပါ့မယ်။” အနက်ရောင်မြေခွေးက ပြောလိုက်ကာ ထပ်မံ၍ ပျောက်ကွယ်သွားပြန်သည်။
သို့သော် ဤတစ်ကြိမ် သူမ၏အသံသည် ခံစားချက်မဲ့မနေတော့ပေ။ ထိုအသံထဲတွင် ဝမ်းမြောက်ပျော်ရွှင်နေသော သဲလွန်စများ ပါဝင်နေသော်လည်း Asher သည် ဒေါသထွက်နေတာကြောင့် သတိမထားမိခဲ့ပေ။
အဓိကစျေးရုံမှ အောင်မြင်စွာ လွှတ်မြောက်လာခဲ့ပြီးနောက် Ace သည် သူ၏ တည်းခိုခန်းဆီသို့ ပြန်ရောက်နေပြီ ဖြစ်သည်။ သူ၏ ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကို သူ၏ အခန်းဆီသို့ တရွတ်တိုက် ဆွဲလာကာ သူ့ကိုယ်သူ နူးညံ့သော အိပ်ယာပေါ်သို့ ပစ်တင်လိုက်တော့သည်။
‘ဒီနေ့ကတော့ ရူးသွပ်နေတဲ့ နေ့တစ်နေ့ပဲ။ ငါတာဝန်တစ်ခု ရခဲ့ပေမယ့်လည်း တော်တော်ကို ခက်ခဲ့တဲ့ပုံပဲ။ အဲ့ဒီသခင်လေး Asher ဆိုတဲ့သူ ဆေးပုလင်းကို ဖွင့်လိုက်ပြီးတဲ့နောက် အဖြူရောင်အဆင့်ဆေးမဟုတ်ဘဲ ငါ့ရဲ့ ‘အထူးလက်ဆောင်’ကို မြင်လိုက်ရတဲ့အချိန် ဖြစ်သွားမယ့် မျက်နှာကို ငါတစ်ကယ် မြင်ချင်တယ်။ ဟားဟားဟား အဲ့ဒီ သောက်ရူးအဖိုးကြီးလည်း အဲ့တာကြောင့် အပြစ်ပေးခံရလိမ့်မယ်။ အဲ့အဖိုးကြီးက Asher ဆီကို ဆေးအကြောင်းတွေ ပြောပြခဲ့တဲ့သူပဲ။’ Ace သည် သူပို့လိုက်သော လက်ဆောင်အကြောင်းကို တွေးကာ ရယ်မောလိုက်၏။
သို့သော် Ace မသိသည်မှာ Matthew သည် သေသွားပြီ ဖြစ်သည်။ Asher သည် မည်သို့သောလူမျိုးဖြစ်သည်ကို သူသိခဲ့လျှင် ဤကဲ့သို့ သူတည်ငြိမ်နေမည် မဟုတ်ပေ။
“မနက်ဖြန်ကျရင် Kelby မိသားစုနဲ့ ပတ်သတ်တဲ့ သတင်းအချက်အလက်တွေကို ရှာရမယ်။ ပြီးရင် ငါ့အစီအစဉ်ကို သင့်တော်အောင်ပြုလုပ်ပြီး ဂရုတစိုက် အကောင်ထည်ဖော်ရမယ်။” ထိုသို့ တွေးလိုက်ပြီးနောက် တံခါးဆီမှ ညင်သာသော တံခါးခေါက်သံကို ကြားလိုက်ရသည်။
‘ဒေါက် ဒေါက်’
“ညစာလာပို့ပါတယ်။” သိမ်မွေ့ပြီး ဆွဲဆောင်မှုရှိသော အသံသည် အခန်းထဲတွင် ထွက်ပေါ်လာသည်။
Ace အများကြီး တွေးမနေဘဲ တံခါးသွားဖွင့်တော့မည့်အချိန်တွင် လှုပ်ရှားနေသည်များကို ရပ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် တစ်စုံတစ်ခု ဖြစ်ပျက်တော့မည်ဟူသော ထူးဆန်းသောခံစားချက်ကို ရနေတာကြောင့်ဖြစ်သည်။
မနေ့က သူပတ္တမြားဒင်္ဂါးပေးခဲ့သော အစေခံ၏ အသံကို သူသေချာပေါက် မှတ်မိပေသည်။
‘ဒီမနက်တုန်းက မနက်စာကို ပို့ပေးခဲ့တဲ့ အစေခံကလည်း မနေ့ကအစေခံပါပဲ။ ဘာလို့ အခုရောက်လာတဲ့သူက သူမ မဟုတ်ရတာလဲ? လူလဲလိုက်တာလား။’ Ace ၏ ဦးနှောက်သည် အရှိန်အပြည့်ဖြင့် အလုပ်လုပ်နေပြီ ဖြစ်သည်။ သူ၏ စိတ်ဝိဉာဏ်အာရုံခံစားမှုမှ ဆိုးဝါးသော ခံစားချက်များကို ရနေ၏။ သူ၏ စိတ်ဝိဉာဏ်အာရုံခံစားမှုကို ပေါ့ပေါ့ဆဆ သဘောမထားသင့်ပေ။
သူ၏ ကောင်းကင်ဘုံအာရုံခံစားမှုကို အသုံးပြုတော့မည့်အချိန်တွင် တံခါးသည် သော့မပါဘဲ ‘ကလစ်’ဟု မြည်ကာ ပွင့်သွားခဲ့သည်။ ထို့နောက် တံခါးသည် ဖြည်းညင်းစွာဖြင့် စတင်၍ ပွင့်လာတော့သည်။
စျေးရုံထဲမှ အောင်မြင်စွာ ထွက်ခွာလာခဲ့ပြီးနောက် ဂရုမစိုက်စွာဖြင့် သူ၏အစောင့်ကို လျော့ချထားခဲ့မိတာကြောင့် ယခု ရန်သူသည် သူ့ကို တစ်နည်းနည်းဖြင့် ရှာတွေ့ခဲ့ပြီဖြစ်သည်ကို Ace သိ၏။
ယခု ထိုဂရုမစိုက်ခဲ့မှု၏ တန်ဖိုးကို သူပေးရပေတော့မည်။