← Chapters

အခန်း (၂၀)

Vol. 1 Ch. 20

အခန်း (၂၀)

Vol. 1 Ch. 20

တံခါးပွင့်လာသည်ကို မြင်လိုက်ရသည့်အခါ Ace လျင်မြန်စွာဖြင့် အခန်းထောင့်မှ သူ၏ ဓားများရှိရာဆီသို့ ခုန်သွားလိုက်သည်။ သူဓားနှစ်ချောင်းကို ဆုပ်ကိုင်လိုက်ကာ အခန်းထဲသို့ ကျူးကျော်ဝင်ရောက်လာသော ရန်သူကို တိုက်ခိုက်ရန် အဆင်သင့်ပြင်လိုက်သည်။

သို့သော်လည်း အချိန်အချို့ ကြာပြီးနောက်တွင်ပင် ပေါက်ကွဲမှုများ သို့မဟုတ် စစ်တပ်ကြီးများက ထွက်ပေါ်မလာခဲ့ပေ။ ‘သူတို့က ငါအရင်လှုပ်ရှားမှာကို စောင့်နေတာများလား။’ ‌သူလေးနက်စွာ တွေးလိုက်သည်။

ထို့နောက် သူပြတင်းပေါက်မှ ခုန်ချကာ အမှောင်ထဲသို့ ထွက်ပြေးသွားရန် ‌‌ရွေးချယ်လိုက်သည်။ ခြစ်ရာတစ်ရာပင် မထင်ဘဲ ထွက်ပြေးလွှတ်မြောက်နိုင်မည်ဟု သူ့ကိုယ်သူ ယုံကြည်ချက် ရှိပေသည်။ သို့သော်လည်း သူ့အခန်းတံခါးဆီမှ လူတစ်ယောက်သာ ထွက်ပေါ်လာသော ခြေသံကို ကြားလိုက်ရသည့်အချိန်တွင် လှုပ်ရှားနေသည်များကို ရပ်တန့်လိုက်၏။

ကြော့ရှင်းသည့်ပုံပန်းသွင်ပြင်နှင့် လူတစ်ယောက် သူ၏အခန်းထဲသို့ ဝင်လာသည်။

သူ၏အသွင်အပြင်ကို ကြည့်ရုံဖြင့်ပင် သူသည် မိန်းကလေးတစ်ယောက်ဖြစ်မှန်း ပြောနိုင်၏။ သူမသည် 1.8မီတာ အရပ်ရှည်ကာ အနက်ရောင်ရိုးရာဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏နှင်းလို ဖြူဖွေးနေသော ခြေတံများကို ဖော်ပြထား၏။ ထိုဝတ်စုံသည် သူမ၏ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်နှင့် ပြီးပြည့်စုံစွာ လိုက်ဖက်နေသည်။ အထူးသဖြင့် သူမ၏ရင်သားများ ဖြစ်သည်။ ထိုရင်သားများသည် အချိန်မရွေး သူမ၏ဝတ်စုံထဲမှ ထွက်ကျလာတော့မလိုပင်။

သူမ၏ ရှည်လျားသော အနက်ရောင်ဆံပင်များသည်လည်း ရေတံခွန်လိုပင်။ သူမက အနက်ရောင်မြေခွေးမျက်နှာဖုံးကို ဝတ်ဆင်ထားတာကြောင့် မည်သူမှ သူမ၏မျက်နှာကို မမြင်နိုင်ခြင်းမှာတော့ တစ်ကယ်ကို ဝမ်းနည်းစရာကောင်းလှ၏။ သို့သော်လည်း သူမ၏ နီညိုဖျော့ရောင် မြေခွေးလို မျက်လုံးများသည် ကြယ်များလို တောက်ပနေ၏။

သူမ၏ နူးညံ့ပြီး ဖြူဖွေးသောလက်များသည် Aceအတွက် ညစာလင်ဗန်းကို ကိုင်ဆောင်ထားသည်။

ထိုမြေခွေးမျက်နှာဖုံးဝတ်ဆင်ထားသော မိန်းကလေးသည် Asher ၏ ထိပ်တန်းအမှုထမ်း ‘အနက်ရောင်မြေခွေး’ပင် ဖြစ်သည်။ ယခုတွင် သူမ၏သံချပ်ကာဝတ်စုံကို ဝတ်ဆင်မထားတာကြောင့် ဆွဲဆောင်မှုရှိသော ပုံစံများ ပေါ်လွင်နေ၏။ Asher သာ သူမ၏ ယခုပုံစံကို မြင်ခဲ့လျှင် အလွန်အံ့ဩသွားပေလိမ့်မည်။ သူမ၏ ထိုသို့သောပုံစံကို သူတစ်ခါမှ မမြင်ခဲ့ဖူးပေ။

Asher အတွက် အနက်ရောင်မြေခွေးသည် သူ့အမေမှ လက်ဆောင်ပေးခဲ့သည့် ရိုးရှင်းသောအစေခံသာ ဖြစ်သည်။ သူ့အမေသည် Grant မိသားစုမှဖြစ်ပြီး အတွင်းပိုင်းဒေသ၏ ဒုတိယအဆင့်၌ရှိသော မိသားစုဖြစ်သည်။ ထို့ကြောင့် Asher ၏ နေရာသည် Kelby မိသားစုထဲတွင် မြင့်မားနေခြင်းဖြစ်ပြီး မည်သူမှ သူနှင့် သွားမရှုပ်ရဲခြင်းပင်။ ထို့အပြင် သူကိုယ်တိုင်သည်လည်းပဲ အရည်အချင်းရှိ၏။ လွန်ခဲ့သော နှစ်များစွာအကြာက ‘အနက်ရောင်မြေခွေး’ကို သူလက်ခံရရှိခဲ့သည့်အချိန်တွင်ပင် သူမသည် သံချပ်ကာဝတ်စုံနှင့် မြေခွေးမျက်နှာဖုံးကို ဝတ်ဆင်ထားခဲ့ပေသည်။ သူမသည် ခံစားချက်မရှိသော ရုပ်သေးရုပ်လိုပင် ဖြစ်သည်။

Asher ၏အမေသည် သူ့ကို တစ်ခုသာ ပြောခဲ့၏။ ‘သူမရဲ့ မျက်နှာဖုံးကို ချွတ်ဖို့ ဘယ်တော့မှမကြိုးစားနဲ့။’ ထို့ကြောင့် သူမ၏ မျက်နှာဖုံးကို သူဂရုမစိုက်ခဲ့ပေ။ အရည်အချင်းရှိပြီး ပေးသောအလုပ်များကို ပြီးမြောက်နိုင်ခြင်းသည်သာ အဓိကဖြစ်သည်။

အနက်ရောင်မြေခွေးသည် သူမ၏လက်ထဲတွင် ညစာလင်ဗန်းကို ကိုင်ထားရင်းဖြင့် Ace ၏အခန်းထဲသို့ ကြော့ရှင်းစွာ ဝင်လာခဲ့သည်။ ထို့နောက် မမြင်နိုင်သော စွမ်းအားတစ်ခုဖြင့် တံခါးကို ပိတ်လိုက်သည်။ လင်ဗန်းကို သစ်သားစားပွဲ‌ပေါ်သို့ တင်လိုက်ကာ အနားတွင်ရှိသော ထိုင်ခုံနှစ်လုံးထဲမှ တစ်ခုတွင် ဝင်ထိုင်လိုက်သည်။

“အရင်ဆုံးစားသင့်တယ်။ မဟုတ်ရင် အစားစာတွေ အေးသွားလိမ့်မယ်။” သူမ၏လေသံသည် အေးစက်နေသော ဆောင်းတွင်းထဲမှ နွေးထွေးသောလေပြေလေးလိုပင်။ အလွန်နှစ်လိုဖွယ်ကောင်း၏။

ဤရုတ်တရက်အဖြစ်အပျက်ကြောင့် Ace အံ့အားသင့်သွားပြီး မြေခွေးမျက်နှာဖုံးနှင့် မိန်းကလေးကို မှင်သက်စွာ ကြည့်နေမိသည်။ မှော်ဆန်သောစွမ်းအားများ ပါဝင်နေသည့် သူမ၏သာယာသောအသံကို ကြားရပြီးနောက်တွင် သူ၏ဓားများကို လွှတ်ချမိလုနီးပါးပင်။ သူမကို သူ၏ရန်သူဟု မထင်မိပေ။ သို့သော် သူ၏ စိတ်ဝိညာဉ်အာရုံခံစားမှုကြောင့် လျင်မြန်စွာ ငြိမ်သက်သွားခဲ့သည်။ ပို၍အရေးကြီးသည်မှာ အနက်ရောင်မြေခွေးမျက်နှာဖုံးသည် သူ၏စိတ်ဝိညာဥ်အာရုံခံစားမှုကို မကောင်းသော ခံစားချက်များ ပေးနေ၏။

“မင်းက ဘယ်သူလဲ။ ဘာလိုချင်တာလဲ။” သူ၏ဓားများကို သူမဆီသို့ ချိန်ရွယ်လိုက်ကာ မေးလိုက်သည်။ ‘သူမက အန္တရာယ်ရှိတယ်။’

သူမ၏ မျက်နှာဖုံးစွမ်းအားသည် Ace အပေါ်တွင် သက်ရောက်မှု မရှိသည်ကို မြင်လိုက်ရသည့်အခါ

အံဩမှုအရိပ်အယောင်များ သူမ၏မျက်လုံးထဲတွင် ဖြတ်သန်းသွားသည်။

“အရင် စားသောက်လိုက်။ ပြီးရင် ငါတို့စကားပြောလို့ရတယ်။” အနက်ရောင်မြေခွေးသည် သူမ၏အခန်းထဲတွင် ရှိနေသကဲ့သို့သော ပုံစံမျိုးဖြင့် သာမန်ဆန်စွာ ပြန်ပြောလိုက်သည်။ ထိုအချိန်တွင် သူမ၏ မျက်နှာဖုံးစွမ်းအားကို အသုံးမပြုခဲ့တော့ပေ။

“မင်းဘာလိုချင်တာလဲပဲ ပြော။ ပြီးရင်ထွက်သွား။ ကျုပ်ကို ဖိအားလာမပေးနဲ့။” Ace ခြိမ်းခြောက်လိုက်သည်။

“ဟမ် အပြင်ပိုင်းဒေသက နာမည်ဆိုးရှိတဲ့ အနက်ရောင်သရဲက ကိုင်တွယ်ဖို့မလွယ်ဘူးဆိုတာ ငါသိတယ်။ ပြီးတော့ ငါဒီကို ရန်ဖြစ်ဖို့ လာခဲ့တာမဟုတ်ဘူး။ တန်းတူညီတူ ပူးပေါင်းဆောင်ရွက်ဖို့အတွက် ဒီနေရာကို လာခဲ့တာ။” သူမ၏လက်ဖြင့် မေ့စေ့ကို ပွတ်သတ်ရင်း ရိုးသားစွာ ပြောလိုက်သည်။

‘အနက်ရောင်သရဲ’ဆိုသည့် အမည်ကို Ace ကြားပြီးနောက် သူ့ခန္ဓာကိုယ် တုန်လှုပ်သွားပြီး နှလုံးသားသည်လည်း အေးစက်သွားခဲ့သည်။

‘သူမ ဘယ်လိုသိသွားတာလဲ။’ ယခုအချိန်တွင် ဤမေးခွန်းသာ သူ၏ခေါင်းထဲတွင် ပေါ်လာခဲ့သည်။

သူသဲလွန်စများကို သေချာစွာ ဖုံးကွယ်ခဲ့ပြီး လမ်းကြောင်းရှင်းခဲ့တာ သေချာပေသည်။ သို့သော် ဤမျက်နှာဖုံးနှင့် မိန်းကလေးသည် သူအတွင်းပိုင်းဒေသသို့ရောက်ပြီး နှစ်ရက်အကြာတွင် သူ့ကို ဖော်ထုတ်နိုင်ခဲ့သည်။ ၎င်းသည် သူ၏ကိုယ်ပိုင်ယုံကြည်မှုကို အကြီးအကျယ်ထိခိုက်စေ၏။

သူ၏ဓားများကို ကိုင်ထားရင်းနှင့်ပင် အံကြိတ်လိုက်မိသည်။ ထိုမျက်နှာဖုံးနှင့်မိန်းကလေးသည် သူမ၏လက်ကို လေထဲသို့ မြောက်လိုက်သည့်အချိန်တွင် သူ၏အရိပ်ကိုယ်ပွားဓားသိုင်းနှင့် တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။ သို့သော် သူမကပြောလိုက်၏။ “ငါ့မှာ ဘာလက်နက်မှ မရှိဘူး။ ငါ့လို ဘာအန္တရာယ်မှမရှိတဲ့ မိန်းကလေးတစ်ယောက်ကို မတိုက်ခိုက်ဘူးမလား။ ပြီးတော့ နင့်ရဲ့လျှို့ဝှက်ချက်အကြောင်းကို စိတ်မပူနဲ့။ ငါတစ်ယောက်ပဲ သိတယ်။”

ထိုစကားကို Ace ကြားလိုက်ရသည့်အခါ သူ့ကိုယ်သူတည်ငြိမ်နေစေရန် ဖိအားပေးလိုက်သည်။ ပြီးနောက် တင်းကြပ်စွာဆုပ်ကိုင်ထားခဲ့သည့် ဓားရိုးများကို ဖြေလျော့လိုက်သည်။ သို့သော် သူ့ဓားများကို မလွှတ်ချလိုက်ပေ။

“မင်းဘာအကြောင်းပြောနေတာလဲ ငါမသိဘူး။ အဲ့နာမည်ကို တစ်ခါမှ မကြားခဲ့ဖူးဘူး။” Ace တည်ငြိမ်စွာ ပြန်တုံ့ပြန်လိုက်သော်လည်း သူ့နှလုံးသည် ရူးသွပ်စွာ ခုန်နေခဲ့သည်။

ယခုမိန်းကလေးက ဤသုံးသပ်ချက်ကို ဘယ်လိုရလာသည် မသိသော်လည်း သူက အနက်ရောင်သရဲဖြစ်ကြောင်း မည်သည့်သက်သေမှ မရှိပေ။ အခြေနေများ ဆိုးဝါးသွားခဲ့လျှင်ပင် သူ၏ ထွက်ပြေးလွှတ်မြောက်နိုင်သော စွမ်းရည်အပေါ် ယုံကြည်ချက်ရှိပေသည်။ ယခုသူထွက်မပြေးသေးဘဲ သူမနှင့် ဆက်စကားပြောနေသည်မှာ သူမဆီမှ မကောင်းသောရည်ရွယ်ချက် သို့မဟုတ် ဖုံးကွယ်ထားသော ရည်ရွယ်ချက်များကို မခံစားမိ၍ ဖြစ်သည်။

“ဟီးဟီးဟီး နင်က နင့်ရဲ့သဲလွန်စတွေကို ကောင်းကောင်းလေး ဖုံးကွယ်ထားနိုင်ခဲ့တယ်။ ငါတောင် အစက ဘာသတင်းအချက်အလက်မှ ရှာမတွေ့ခဲ့ဘူး။ နင်က အတွင်းပိုင်းဒေသထဲကိုတောင် ဘယ်သူမှ သတိမပြုမိဘဲနဲ့ ခိုးဝင်လာနိုင်ခဲ့တယ်။ နင့်ရဲ့စွမ်းရည်တွေက တော်တော်လေး အံ့ဩစရာကောင်းတယ်လို့ ပြောရမယ်။ ဒါပေမယ့် ကြီးမားတဲ့အမှားတစ်ခုကို နင်လုပ်ခဲ့တယ်။ အဲ့တာက နင့်ရဲ့ဆေးတွေကို Kelby ဆိုင်ဆီကို ရောင်းခဲ့တာပဲ။ ဆိုလိုတာက နင့်ကို စုံစမ်းစစ်ဆေးနေတဲ့သူဆီကို နင်သွားခဲ့တာပဲ။” Ace ၏ အမှားကို ထောက်ပြရင်း သူမရယ်မောလိုက်သည်။

“ငါနားမလည်ဘူး။” Ace သက်ပြင်းချလိုက်ကာ ဟန်ဆောင်နေသည်ကို ရပ်လိုက်သည်။ ဤမိန်းကလေးဆီတွင် ခိုင်မာသော သက်သေအချို့ရှိသည်ဟု ခံစားရသည်။ ထို့အပြင် သူမတွင် ရန်လိုနေမှုများလည်း မရှိပေ။ ထို့ကြောင့် ရှင်းရှင်းလင်းလင်းဖြစ်စေရန် ရှင်းပြဖို့ မေးလိုက်၏။

သူအခု အလွန်စိတ်ရှုပ်ထွေးနေပြီ ဖြစ်သည်။ သူ Kelby ဆိုင်ဆီသို့ သွားခဲ့လျှင်ပင် လူများစွာက နေ့စဥ် အရောင်းအဝယ်လုပ်ရန် လာရောက်နေကြတာကြောင့် ထိုအရာက မည်သည့်သဲလွန်စကိုမှ မဆိုလိုပေ။

“အဲ့တာက ဒီလိုလေ။ နင်ဖက်တီး Billy ဆီက ခိုးယူခဲ့တဲ့အချိန်တုန်းကတည်းက Asher က နင့်ကို သတိထားမိပြီးသား။ သူက တော်တော်ကို လောဘကြီးပြီး ရည်မှန်းချက်ကြီးတဲ့ သူတစ်ယောက်ပဲ။ နင်ကြယ်တစ်ပွင့်ဘဏ္ဍာတိုက်ကို မိနစ်ပိုင်းအတွင်း ဘယ်သူမှ သတိမထားမိဘဲ ဖွင့်ခဲ့တယ် ပြီးတော့ ပုံရိပ်ရောင်အစီအရင်ကိုလည်း ဖွင့်နိုင်ခဲ့တယ်ဆိုတာကို သူကြားတော့ နင့်မှာ ရတနာတစ်မျိုးမျိုး ဒါမှမဟုတ် လျှို့ဝှက်စွမ်းရည်တစ်ခုခု ရှိရမယ်လို့ သူယုံကြည်ခဲ့တယ်။ ပြီးတော့ အဲ့စွမ်းရည်ကို သူ့အတွက်သူ လိုချင်ခဲ့တယ်လေ။ အဲ့တာကြောင့် နင့်ကို ရှာဖို့ ငါ့ကိုအမိန့်ပေးခဲ့တယ်။ ဒါပေမယ့် နင်က နင့်ရဲ့လမ်းကြောင်းကို ဖုံးကွယ်တဲ့နေရာမှာ တော်တော်လေး တော်တော့ ငါ့လို လူရှာတဲ့နေရာမှာ ကျွမ်းကျင်တဲ့သူတောင် ဘာသဲလွန်စကိုမှ ရှာမတွေ့ခဲ့ဘူး။ ဒါပေမယ့် နင်ဖက်တီးဆိုင်ဆီကနေ ခိုးယူခဲ့တဲ့ ပစ္စည်းတွေကို ငါစစ်ဆေးခဲ့တယ်။” အနက်ရောင်မြေခွေးက ပြောလိုက်ကာ ကြီးမားသော လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုကို ဖြေရှင်းနိုင်ခဲ့သည့် ကလေးတစ်ယောက်လို ရယ်မောတော့သည်။

“အဲ့တော့ မင်းဒီကို ရောက်လာတာရတဲ့ သုံးသပ်ချက်က ငါခိုးယူခဲ့တဲ့ ဆေးအရေအတွက်ကြောင့်လို့ ပြောနေတာလား။ မဟုတ်ဘူး။ အဲ့လို မဟုတ်ဘူး။ ငါဆေးလာမ‌ရောင်းခင်က ဆေးတစ်လုံးကို စားခဲ့တယ်။ အဲ့တာကြောင့် ဆေးအရေအတွက်က မတူဘူး။ ဆေးတွေရဲ့ သဘာဝကြောင့် သိသွားတာလား?” Ace သည် အလွန်ဉာဏ်‌ကောင်းတာကြောင့် သူမ၏ ရှင်းပြချက်ထဲမှ လွဲချော်မှုများစွာကို ချက်ချင်းရှာတွေ့ခဲ့သည်။ ထိုအကြောင်းပြချက်လောက်နှင့် သူက အနက်ရောင်သရဲဖြစ်ကြောင်း ဖော်ပြရန် မလုံလောက်ပေ။

“နင်မှန်တယ်။ ဆေးတွေရဲ့ အရေအတွက်ကြောင့်ရော၊ သဘာဝကြောင့်ရော သိသွားတာ မဟုတ်ဘူး..။” အနက်‌ရောင်မြေခွေးသည် ဆက်မပြောခင်တွင် သူမ၏ မြေခွေးလိုမျက်လုံးများက လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် တစ်ဖျပ်ဖျပ်လက်သွားသည်။ “နင့်ရဲ့ Ace White ဆိုတဲ့ အထောက်အထားကို နင်ရှင်းပြပေးနိုင်လား။ အခုချိန် အပြင်ပိုင်းဒေသက ဆင်းရဲသားရပ်ကွက်မှာပဲ ရှိနေသင့်တဲ့သူအကြောင်းလေ။ ဒါပေမယ့် အခုတော့ ဘယ်သူမှမသိဘဲ အတွင်းပိုင်းဒေသထဲကို ဘယ်လို‌ရောက်လာနိုင်ရတာလဲ။” သူမ၏မေးခွန်းကို Ace ဆီသို့ မြှားတစ်ချောင်းလို ပစ်သွင်းလိုက်သည်။

‘ဟူး’

Ace ဝမ်းနည်းသွားသည်။ “သာမန်လူတစ်ယောက်က အနက်ရောင်သရဲဖြစ်လာတယ်လို့ မင်းကို ဘာကထင်စေခဲ့တာလဲ။”

သူ၏ဓားနှစ်ချောင်းလုံးကို အောက်သို့ချလိုက်ကာ အနက်ရောင်မြေခွေးနှင့် ဆန့်ကျင်ဘက်တွင် ဝင်ထိုင်လိုက်သည်။ ထို့နောက် စားသောက်တော့သည်။ ဤမျက်နှာဖုံးနှင့် မိန်းကလေးကို သူလုံးဝ အရှုံးပေးလိုက်ပြီ ဖြစ်သည်။ အကယ်၍ သူမသာ သူ့ကို အန္တရာယ်ပေးချင်လျှင် သို့မဟုတ် သူ၏လျှို့ဝှက်ချက်ကို လိုချင်ခဲ့လျှင် Asher ကို သူဒီမှာရှိနေကြောင်း ပြောပြလိုက်ရုံပင် ဖြစ်သည်။ သူ့ကို အနက်ရောင်သရဲဖြစ်ကြောင်း လာပြောပြနေစရာ မလိုပေ။ Asher သည် Ace ၏ လုပ်ရပ်ကြောင့် အရိုးများထဲမှပင် မုန်းတီးနေပြီဖြစ်တာကြောင့် စစ်တပ်ကြီးတစ်ခုဖြင့် ဤနေရာသို့ ရောက်လာလိမ့်မည် ဖြစ်သည်။

“ငါခန့်မှန်းခဲ့တာ။ နင့်ရဲ့ ဆင်းရဲသားရပ်ကွက်က တဲအိမ်လေးက လွတ်နေတယ်လေ။ နင့်ရဲ့ အိမ်နီးနားချင်းတွေကိုလည်း ငါလိုက်မေးခဲ့တယ်။ သူတို့ပြောတာ တစ်လလောက် နင်အိမ်ထဲမှာပဲ ထူးထူးဆန်းဆန်း နေနေခဲ့ပြီး အလုပ်လည်း မသွားဘူးတဲ့။ လွန်ခဲ့တဲ့တစ်လတုန်းက နင့်ရဲ့ ညီမလေးကလည်း ဆန်းကြယ်စွာနဲ့ ပျောက်သွားခဲ့ပြီး နင်လည်း ပျောက်သွားခဲ့တယ်တဲ့။ ပထမဆုံး ငါထင်ခဲ့တာက နင်က နင့်ရဲ့ပျောက်ဆုံးနေတဲ့ ညီမလေးကို လိုက်ရှာနေတဲ့ သနားစရာကလေးတစ်ယောက်ပဲ ဖြစ်ပြီး နင့်ကို သိပ်ဂရုမစိုက်ခဲ့ဘူး။”

“ဒါပေမယ့် နင်ဒီနေ့ Asher ကို လုပ်ခဲ့တဲ့ လုပ်ရပ်ပြီးတဲ့နောက် Caleb က နင့်ရဲ့ ပုံပန်းသွင်ပြင်ကို ပြောပြခဲ့လို့ ငါချက်ချင်း ဆက်စပ်စဥ်းစားမိသွားတာ။ အဲ့တာနဲ့ အခုဒီမှာ နင့်ဆီကို ရင်းရင်းနှီးနှီး လာလည်ပတ်တာ။ ဟီးဟီး” အနက်ရောင်မြေခွေး ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူမကို လွန်ခဲ့သည့် မိနစ်အနည်းငယ်က တိုက်ခိုက်ရန် ကြိုးစားခဲ့သည့် သူ မဟုတ်သလို ညစာစားသောက်နေသည့် Ace ကို သူမကြည့်နေ၏။

“ငါက အံ့ဩဖို့ကောင်းတယ်လို့ ပြောရမယ်။ ငါ့ရဲ့အတင်းအဖျင်းပြောတတ်တဲ့ အိမ်နီးနားချင်းတွေကိုတော့ နည်းနည်းစိတ်တိုမိတယ်။ မင်းဘာလို့ Asher ကို ဒီအကြောင်းတွေ မပြောခဲ့တာလဲဆိုတာ ငါ့ကို အခုပြောပြတော့။ မင်းသူ့အတွက် အလုပ်လုပ်ပေးနေတာ မဟုတ်ဘူးလား။” Ace စားသောက်နေရင်းဖြင့်ပင် မေးလိုက်သည်။ သူစကားပြောနေရင်းဖြင့် လျှို့ဝှက်စွာ ချီများကို စုပ်ယူနေပြီး သူ၏စိတ်ဝိညာဥ်အာရုံခံစားမှုသည် အနက်ရောင်မြေခွေးအပေါ်တွင်သာ အာရုံစိုက်နေလေသည်။ သူမဆီမှ အနည်းငယ်သော ရန်လိုမှုကိုပင် အာရုံခံရရှိခဲ့ပါက သူထွက်ပြေးသွားမည် ဖြစ်သည်။

“ဒီမနက်က နင့်ကို မတွေ့ရခင်ထိပဲ သူ့အတွက် အလုပ်လုပ်ပေးခဲ့တာ။ နောက်ဆုံးတော့ မျှော်လင့်ချက်ရောင်ခြည်ကို ငါတွေ့ခဲ့ပြီ။” အနက်ရောင်မြေခွေး၏ မျက်လုံးများသည် Ace ၏ ချောမောသောမျက်နှာကို ကြည့်ကာ စိတ်လှုပ်ရှားမှုများဖြင့် တောက်ပနေ၏။

“မျှော်လင့်ချက်ရောင်ခြည်ဆိုတာ ဘာကိုဆိုလိုတာလဲ။” Ace စိတ်ရှုပ်ထွေးသွားသည်။

“ငါက အမြဲတမ်းနင့်လို သူခိုးတစ်‌ယောက် ဖြစ်ချင်ခဲ့တာ။” အနက်ရောင်မြေခွေး၏ နီညိုဖျော့ရောင်မျက်လုံးများသည် ကြယ်များလို တောက်ပလာတော့သည်။

“ဘ..ဘ..ဘာ?!!” သူမ၏ စကားလုံးများကို ကြားလိုက်ရသည့်အခါ သူအစားစားရင်းနှင့်ပင် သီးလုနီးပါးဖြစ်သွားသည်။ “မ..မင်း မင်းရူးနေတာလား!?”

All Chapters