စာမေးပွဲများကို ရွှေ့ဆိုင်းထားသော်လည်း ဘယ်တော့မှ မဖျက်ပါ
Vol. 45 Ch. 661
ခန္ဓာကိုယ်အသွင်ပြောင်းမှော်စွမ်းရည်..
ဤမှော်စွမ်းရည်သည် ခန္ဓာကိုယ်အစိတ်အပိုင်းများကို အလိုအလျောက် ခွဲထုတ်နိုင်ပြီး သူ့ဘာသာသူ ပြန်လည် တည်ဆောက်နိုင်သည့် အင်မော်တယ် ခန္ဓာကိုယ်၏ လေးနက်သော လုပ်ဆောင်ချက်တစ်ခု ဖြစ်သည်။
ကျင့်ကြံမှုနယ်ပယ် အဆင့် မြင့်မားလေ ခန္ဓာကိုယ်အစိတ်အပိုင်းကို ပို၍ ကွဲထွက်အောင် လုပ်နိုင်လေ ဖြစ်သည်။
အဆုံးစွန်သောအဆင့်သို့ ရောက်လျှင် ခန္ဓာကိုယ်သည် အရည်အဖြစ်သို့ပင် လုံးဝ ပြောင်းလဲသွားနိုင်ပေသည်။
ယာရန်းက အကြီးအကဲကျီရှင်းကို စပရိုက်လုပ်ရန် စီစဥ်ခဲ့သော်လည်း ကံမကောင်းစွာဖြင့် အကြီးအကဲကျီရှင်းသည် တဲထဲသို့ လှမ်းဝင်လိုက်သည်နှင့် အသွင်ပြောင်းလဲထားသော ယာရန်း၏ ခန္ဓာကိုယ်တစ်ရှူးတချို့ကို သောက်ပစ်ခဲ့သည်။
ဤရလဒ်က တကယ်ကို ဆိုးရွားလှသည်။
ထို့အပြင် ခန္ဓာကိုယ်တစ်ရှူးတချို့သည် အကြီးအကဲကျီရှင်း၏ ဗိုက်ထဲသို့ ရောက်သွားသောကြောင့် အကြီးအကဲ ယာရန်း၏ ပြန်လည်ထူထောင်ရေး ကာလသည် ပုံမှန်ထက် ကြာမြင့်တော့မည် ဖြစ်သည်။
သူ့အနေဖြင့် ပြန်လည်ကောင်းမွန်လာရန်အတွက် တစ်ရက်ခန့် အချိန်ယူရတော့မည် ဖြစ်၏။
သို့သော် ကြေကွဲဝမ်းနည်းဖွယ် အကောင်းဆုံးလူမှာ အကြီးအကဲကျီရှင်း ဖြစ်နေခဲ့သည်။
ထိုညတွင် အကြီးအကဲကျီရှင်းသည် သူ၏ မိတ်ကပ်ဘူးကို လွှင့်ပစ်ခဲ့သည်အထိ ဝမ်းနည်းကြေကွဲနေခဲ့သည်။
တပ်ဖွဲ့ဝင်များ၏ လူအင်အားနည်းပါးမှုနှင့် အကြီးအကဲကျီရှင်း၏ မဆင်မခြင်လုပ်ရပ်ကြောင့် လာမည့် တနင်္လာနေ့အတွက် ကနဦးစီစဉ်ထားသည့် လက်စားချေမှု အစီအစဉ်ကို ယာယီရပ်ဆိုင်းလိုက်ရပြီး နောက်တစ်ရက်သို့ ရွှေ့ဆိုင်းရတော့မည် ဖြစ်သည်။
ယင်းက တိုက်ခိုက်ရေးအစီအစဥ် အတွက် ဂြိုဟ်ဆိုးဝင်သည်ဟုပင် ဆို၍ရသော်လည်း သူတို့က ဤကြမ်းတမ်းခက်ခဲသည့်လမ်းကို ဆက်လက် လျှောက်လှမ်းရမည်သာ။
ဇူလိုင်လ ၂၄ရက် တနင်္လာနေ့သည် စာသင်နှစ်၏ ၁၄ပတ်မြောက် ဖြစ်သည်။
ဝမ်လင်း နိုးလာသောအခါတွင် သူ၏မျက်ခုံးသည် အဆက်မပြတ် လှုပ်ခတ်နေခဲ့သည်။
နောက်ဆုံးအကြိမ် မျက်ခုံးလှုပ်သည့် အချိန်မှစ၍ ရေတွက်လျှင် မျက်ခုံးမလှုပ်သည်မှာ အချိန်အတော်ကြာနေပြီ ဖြစ်သည်။
ဤသည်က သူ့ပတ်ဝန်းကျင်တွင် ဆိုးရွားသည့်ကိစ္စတစ်ခု မကြာခင်ဖြစ်တော့မည်ဟု ညွှန်ပြနေခြင်းပင်။
တကယ်တမ်းတွင် သူ့မျက်ခွံက မနက် အစောကြီးကတည်းက လှုပ်ခပ်နေခြင်း ဖြစ်၏။
ကပ်ဘေးအဆင့်ကြယ် ၄ပွင့်..
ယင်းက ဝမ်လင်း ငယ်စဉ်ကတည်းက ရရှိခဲ့သည့် အပြင်းထန်ဆုံး သတိပေးချက်များထဲမှ တစ်ခုဖြစ်နိုင်သည်။
ကြယ်၅ပွင့် သတိပေးချက်ကို သူနောက်ဆုံးရရှိခဲ့သည်မှာ ၁၀နှစ်သားအရွယ်တွင် ကောင်းကင်မှ ထွင်ထျန်းဟာ ပြုတ်ကျလာပြီး သူ့ကို မနှောင့်ယှက်မီ ခေါက်ဆွဲကြွပ်ကြော်ဝယ်ရန် လမ်းလျှောက်လာစဉ်က ဖြစ်သည်။
လွန်ခဲ့သော၆နှစ်ခန့်က မြင်ကွင်းသည် ဝမ်လင်း၏ မှတ်ဉာဏ်ထဲတွင် ယခုအချိန်ထိ အသစ်အဆန်း ဖြစ်နေသေး၏။
ကြယ်၅ပွင့် သတိပေးချက်သည် မြို့တော်အဆင့်သတိပေးချက် ဖြစ်သည်။
ကြယ်၄ပွင့်သတိပေးချက်..
ထိုအကြောင်းကို တွေးမိပြီးနောက် ဝမ်လင်း ပထမဆုံးသတိရမိသည်မှာ အမှတ်၆၀ အထက်တန်းကျောင်း ဖြစ်သည်။
ဤအတိုင်းသာဆိုလျှင် အမှတ်၆၀ အထက်တန်းကျောင်းသည် အန္တရာယ် ရှိနိုင်ပေသည်။
ဤကဲ့သို့ သတိပေးချက် ထွက်ပေါ်လာသည်မှာ သူ့အတွက် မထူးဆန်းပေ။
ပထမအချက်မှာ ဥက္ကဌပိုင်သည် ယခုအချိန်ထိ အသက်ရှင်လျက်ရှိနေသောကြောင့် ဖြစ်သည်။
နောက်တစ်ချက်မှာ မကြာသေးမီကစပြီး ကျိုးရီသည်ဆက်တိုက် ဆိုသလို ထင်ရှား ကျော်ကြားလာခဲ့သည်။
ထို့ကြောင့် ထွင်ထျန်းဟာနှင့် ငွေရောင်လေးကို ရှာမတွေ့သည့်အခိုက်တွင် ကျိုးရီသည် နတ်ဆိုးမုဆိုးများ အဖွဲ့အစည်း၏ ပစ်မှတ်အသစ် ဖြစ်လာနိုင်သည်ဟု ဝမ်လင်းတွေးမိခဲ့သည်။
မည်သို့ပင်ဖြစ်စေ ကျိုးရီ တိုက်ခိုက်ခံရလျှင် သူ့အနေဖြင့် စိတ်ထိခိုက်စရာ ဖြစ်လာမည်မှာ သေချာသည်။
ဤတစ်ကြိမ် သတိပေးချက်တွင် အမှတ်၆၀ အထက်တန်းကျောင်းနှင့် ကျိုးရီကို ဝမ်လင်းက ချက်ချင်းပင် စဉ်းစားမိခဲ့သည်။
ဝမ်လင်းအနေဖြင့် ကျောင်းဖြစ်စေ သူ့တပည့်ဖြစ်စေ ၎င်းတို့ကို ကာကွယ်ပေးရမည်ဟု ခံစားမိသည်။
အမှတ်၆၀ အထက်တန်းကျောင်း၏ ပထမနှစ်ဝက် နောက်ဆုံးစာမေးပွဲသည် နီးကပ်နေပြီ ဖြစ်၏။
သို့သော် ဤအရေးကြီးသော အခိုက်တန့်မှာပင် တစ်စုံတစ်ခုက မှားယွင်းနေခဲ့သည်။
အမှတ်၆၀ အထက်တန်းကျောင်းက စာမေးပွဲများကို ရွှေ့ဆိုင်းထားသော်လည်း ဘယ်သောအခါမှ ဖျက်လေ့မရှိပေ။
တကယ်တမ်းတွင် ဝမ်လင်းသည် နောက်ဆုံးစာမေးပွဲအတွက် လေ့ကျင့်ပြီးနေပြီ ဖြစ်သည်။
အကယ်၍ စာမေးပွဲကိုသာ ထပ်မံ ရွှေ့ဆိုင်းလိုက်လျှင် အမှတ်၆၀ အထက်တန်းကျောင်းမှ ဆရာများသည် စာမေးပွဲမေးခွန်းများကို ပြောင်းလဲနိုင်ဖွယ် ရှိသည်။
ထိုသို့ဖြစ်လာလျှင် သူ့အနေဖြင့် ပျမ်းမျှရမှတ်ကို ရရန် တတ်နိုင်မည် မဟုတ်တော့ပေ။
ဝမ်လင်းက ပျမ်းမျှရမှတ်ကို ရရှိရန်အတွက် စာမေးပွဲမေးခွန်းများကို အချိန်များစွာ အကုန်ခံ၍ ခွဲခြမ်းစိတ်ဖြာခဲ့ရသည်။
ထို့ကြောင့် သူက ဤနောက်ဆုံးစာမေးပွဲကို မည်သူ့ကိုမှဖျက်ဆီးခွင့်ပြုမည် မဟုတ်ပေ။
ဝမ်လင်းက ဤအချက်အပေါ် အထူး သတိထားခဲ့သည်။
ဝမ်လင်းက ကျိုးရီအန္တရာယ်ရှိနိုင်ခြေကို တွေးတောရင်း ကျင့်ခယ်ဆီ အတွေးတစ်ချက် ပို့လွှတ်လိုက်သည်။
ထိုခဏမှာပင် ကုတင်ဘေးမှကျင့်ခယ်သည် ရွှီးဟူသော အသံနှင့်အတူ အညိုရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့သည်။
ကျိုးရီကိုကာကွယ်ရန် ကျင့်ခယ်ကို စေလွှတ်လိုက်ခြင်းက ကောင်းမွန်သောဆုံးဖြတ်ချက်ဟု ဝမ်လင်း တွေးထင်ခဲ့သည်။
အဆုံးသတ်တွင် ဤရန်သူသည် အလွန်လိမ္မာပါးနပ်သည်။
အသားကပ်ဝတ်စုံ တစ်စုံသည် လုံလောက်သော အကာအကွယ် ဖြစ်လာမည် မဟုတ်ပေ။
ထိုနေ့မနက် ဝန်ထမ်းတိုက်ခန်းမှ ထွက်ခွာလာသောအခါတွင် ကျိုးရီသည် သူတို့ကားနောက်သို့ ကားတစ်စီး လိုက်လာနေကြောင်း သတိထားမိသည်။
သူနှင့်လက်ထောက်ညွှန်မှူး ကျုံးလန်တို့က ကားထဲတွင် ရှိနေကြပြီး သူတို့ကား၏ နောက်ဘက်မှ ပုံမှန်မဟုတ်သောအခြေအနေများကို ကောင်းစွာ သိရှိခဲ့ကြသည်။
စတီယာရင်ကို ဆုပ်ကိုင်ထားသည့် ယာဥ်မောင်းသည် ကျိုးရီ၏ ညွှန်ကြားချက်အတိုင်း တမင်တကာ လမ်းလွှဲပေးခဲ့သော်လည်း မီးခိုးရောင်ဗင်ကားသည် ၎င်းတို့နောက်ကနေ တည်ငြိမ်စွာပင် ကပ်ပါလာခဲ့သည်။
"ဒါရိုက်တာနဲ့ ဒုညွှန်မှူး.. ကျွန်တော် ဘာဆက်လုပ်ရမလဲ"
ယာဥ်မောင်းက ကူကယ်ရာမဲ့စွာ မေးလိုက်သည်။
ကျိုးရီက မျက်မှောင်ကြုတ်လိုက်၏။
"ငါတို့ပုံမှန်လမ်းကြောင်းအတိုင်း မသွားတာတောင် သူတို့က ငါတို့ကို သတိပြုမိတယ် ဆိုတော့ ငါတို့သဘောပေါက်သင့်ပြီ.. ဒီကောင်တွေနဲ့ ပုန်းလျှိုးကွယ်လျှိုး ကစားနေရတာ အဓိပ္ပါယ်မရှိဘူး"
ကျိုးရီက အခြေအနေကို တည်ငြိမ်စွာပင် ခွဲခြမ်းစိတ်ဖြာလိုက်သည်။
တစ်ဖက်မှလူများသည် သူတို့နှင့် ပတ်သက်သည့် အချက်အလက်များစွာကို သိထားနိုင်ဖွယ်ရှိသည်။
သူ၏ ကားက ဆားဗစ်ရုံသို့ ရောက်ရှိနေသဖြင့် ကျုံးလန် ၏ကားနှင့်အတူ ကျောင်းပေါင်း၁၀၀ အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ လိုက်ပါလာခြင်းဖြစ်သည်။
တစ်ဖက်မှကားသည် ကျုံးလန်၏ကား၌ ကျိုးရီပါလာသည်ကို သိနေပုံရသည်။
ယင်းက တစ်ဖက်သားအနေဖြင့် သူ့ကို အချိန်အတော်ကြာ စောင့်ကြည့်ခဲ့သည်ဟု ဆိုလိုသည် မဟုတ်ပါလော။
"ငါထင်တာမမှားရင် ငါကသူတို့ရဲ့ ပစ်မှတ်ဖြစ်မယ်"
ကျိုးရီက သက်ပြင်းချလိုက်သည်။
"အကိုကျိုး.. အခုငါတို့ဘာလုပ်သင့်လဲ"
ကျုံးလန်က မေးလိုက်သည်။
ကျိုးရီက သူဆောင်ထားသော အသားကပ်တစ်စုံကို သိုလှောင်အိတ်ထဲမှ ထုတ်ယူလိုက်သည်။
"ဒါကိုဝတ်ပြီး ငါနဲ့အတူ ကားပေါ်က ဆင်းဖို့ပြင်ထားလိုက်"
ထိုစကားကြောင့် ကျုံးလန်.ထိတ်လန့်သွားခဲ့သည်။
".........."
"ဒါက အသားကပ်ဝတ်စုံကြီးလေ.. နွေရာသီမှာ ဘာလို့အသားကပ်ဝတ်စုံကို ဝတ်ရမှာလဲ"
"မင်းကိုရှင်းပြနေဖို့ အချိန်မရှိဘူး.. ဒီအချိန်မှာ ဒီအရာကပဲ မင်းအသက်ကို ကယ်တင်နိုင်လိမ့်မယ်"
ကျိုးရီက ရှေ့မှယာဉ်မောင်းကို လှမ်းမကြည့်မီ တည်ငြိမ်စွာပြောလိုက်သည်။
"ယာဉ်မောင်း.. ကျေးဇူးပြုပြီး လူသူအဆောက်အဦး သိပ်မရှိတဲ့နေရာမှာ ငါတို့ကိုချပေးပါ.. ပြီးတာနဲ့ မင်း အရင်ပြန်နှင့်တော့.. သူတို့ရဲ့ပစ်မှတ်က ငါတို့ပဲ.. ငါတို့ကားပေါ်က ဆင်းသွားရင် မင်းအတွက် ဘေးကင်းသွားလိမ့်မယ်"
"ဒါရိုက်တာကျိုး...မင်း မင်း...အဆင်ပြေပါ့မလား"
ယာဉ်မောင်းက တုန်ယင်သောလေသံဖြင့် မေးလိုက်သည်။
တကယ်တမ်းတွင် သူက ပျော့ညံ့သူတစ်ယောက် မဟုတ်ပေ။
"ငါတို့တွေ အတူတူ လက်တွဲတိုက်ခိုက်ရင် ခုခံနိုင်မယ်လို့ ထင်ပါတယ်"
"အလုပ်မဖြစ်ဘူး.. သူတို့က ငါတို့အကြောင်းတွေကို ကြိုတင်စုံစမ်းထားတဲ့လူတွေပဲ.. ငါတို့ကားနောက်ကို ပေါ်ပေါ်တင်တင်လိုက်ရဲတယ် ဆိုတော့ သူတို့ အစွမ်းအစကို တော်တော်ယုံကြည်မှု ရှိပုံရတယ်"
ထိုစကားကိုပြောရင်း ကျိုးရီက ပြုံးလိုက်သည်။
"ငါ့မှာနည်းလမ်းရှိပါတယ်"
ကျိုးရီအတွက် ပထမဆုံးဦးစားပေးမှာ အပြစ်မရှိသော လူများနှင့် ပစ္စည်းဥစ္စာများကို ကာကွယ်ရန် ဖြစ်သည်။
ယာဉ်မောင်းက လူသူမရှိသော နေရာတွင် သူတို့ကို ချထားပေးသရွေ့ ထိခိုက်မှုအနည်းဆုံး ဖြစ်အောင် တတ်နိုင်သမျှ လျော့ချနိုင်မည် မဟုတ်လော။
ဒုတိယအနေဖြင့် ကျုံးလန်နှင့် ယာဉ်မောင်းတို့ ဘေးကင်းရေး ဖြစ်သည်။
ခေါင်းဆောင်တစ်ယောက် အနေဖြင့် ကျိုးရီက ၎င်းတို့အတွက် တာဝန်ယူရမည်ဟု ခံစားရသည်။
ထို့ပြင် သူ့ကိုယ်ပိုင် လုံခြုံရေးအတွက်လည်း ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။
ထို့ကြောင့် ကျုံးလန်နှင့် ယာဉ်မောင်း တို့ကို သတိပေးပြီးချိန်တွင် ကျိုးရီသည် ချက်ချင်းဆိုသလို သူ၏ဆဲလ်ဖုန်းကို ထုတ်ကာ သူ့ဆရာဝမ်လင်းထံ မက်ဆေ့တစ်စောင် ပေးလို့လိုက်သည်။
မက်ဆေ့၏အကြောင်းအရာ- "ဆရာ ကျွန်တော့်ကိုကူညီပါ"
ကျိုးရီက ဟွာရှို့နိုင်ငံ၏သမိုင်းတွင် အသက်အငယ်ဆုံး ကျောင်းပေါင်း၁၀၀ အထွေထွေ အုပ်ချုပ်ရေးမှူး ဖြစ်သည်။
သူက ထိုဂုဏ်သတင်းနှင့် ထိုက်တန်သည်ဟု ဆိုရမည်။
အကြောင်းရင်းမှာ ကျိုးရီသည် အန္တရာယ်ရှိသောအချိန်တွင် တုံ့ဆိုင်းမှု အနည်းငယ်မျှပင် မရှိဘဲ လုပ်ဆောင်မှုများကို အစီအစဥ်တကျ စီစဉ်နိုင်ခဲ့သောကြောင့် ဖြစ်သည်။
အပိုင်း(၆၆၁) ပြီး၏