← Chapters

အသားကပ်ဝတ်စုံ

Vol. 45 Ch. 662

အသားကပ်ဝတ်စုံ

Vol. 45 Ch. 662

သူ့ဆရာထံ အကူအညီတောင်းသည့် မက်ဆေ့ပို့ခြင်းသည် ဤအချိန်တွင် ကျိုးရီ စဉ်းစားနိုင်သည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။

ဗင်ကားက ပေါ်ပေါ်ထင်ထင်ပင် သူတို့နောက်သို့ လိုက်လာခဲ့ခြင်းကြောင့် လုံးဝအားမနည်းမှန်း သက်သေပြနေသည်။

ဤကဲ့သို့ ရက်စက်ကြမ်းကြုတ်သူများနှင့် ညှိနှိုင်း၍ လုံးဝအဆင်ပြေမည် မဟုတ်ချေ။

ကျောင်းပေါင်း၁၀၀ အထွေထွေ အုပ်ချုပ်ရေးမှူးရာထူးကို စတင်ယူကတည်းကပင် ကျိုးရီသည် ဤကဲ့သို့သော အခြေအနေများကို အမြဲ သတိထားနေခဲ့သည်။

ယခင်က ဗိုလ်ချုပ်ရီနှင့် အတွင်းရေးမှူး တာခန်းတို့သည် သူ့အသက်ကို ကာကွယ်ရန်အတွက် သက်တော်စောင့်များကို စေလွှတ်ပေးရန် ပြင်ဆင်ခဲ့သော်လည်း ကျိုးရီသည် လိမ္မာပါးနပ်စွာ ငြင်းဆိုခဲ့သည်။

ဤသက်တော်စောင့်များသည် သူ့ကို ထောက်လှမ်းရန်အတွက် ထိပ်တန်းခေါင်းဆောင်များ၏ စစ်တုရင်အပိုင်းအစများသာ ဖြစ်လာလိမ့်မည် မဟုတ်ပါလား။

အကယ်၍ မတော်တဆ သူ့ဆရာဝမ်လင်းကို တွေ့ရှိသွားလျှင် အရာအားလုံး ပြီးဆုံးသွားလိမ့်မည် ဖြစ်သည်။

သူ့ဆရာက သိုသိုသိပ်သိပ်သာ နေထိုင်လိုသူ ဖြစ်ကြောင်းသိထားသောကြောင့် ကျိုးရီက အကြီးအကဲ တာခန်းနှင့် ဗိုလ်ချုပ်ရီတို့၏ အစီအမံများကို ငြင်းပယ်ခဲ့ခြင်း ဖြစ်၏။

အစပိုင်းတွင် ဗိုလ်ချုပ်ရီနှင့် အတွင်းရေးမှူး တာခန်းတို့သည် သူ၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြသည်။

အဆုံးသတ်တွင် ကျိုးရီသည် ဝမ်လင်းထံမှ အကူအညီကိုတောင်းရန်မှတစ်ပါး အခြား ရွေးချယ်စရာမရှိတော့ပေ။

ဝမ်လင်းအနေဖြင့် ဗိုလ်ချုပ်ရီနှင့် အတွင်းရေးမှူး တာခန်းကို တားမြစ်ရန် မည်သို့ လုပ်နိုင်ပါမည်နည်း။

ထို့ကြောင့် သူက ထိုကိစ္စအတွက် ဖေဖေဝမ်ကို အကူအညီတောင်းလိုက်သည်။

အဆုံးသတ်တွင် ဖေဖေဝမ်က ဗီအိုင်ပီပရိသတ်ထံ မက်ဆေ့ချ်တစ်စောင် ပေးပို့လိုက်ရုံဖြင့် ထိပ်တန်းခေါင်းဆောင် နှစ်ဦးထံမှ အသံများ ထပ်မံ ထွက်ပေါ်မလာတော့ပေ။

သူ့ကိုယ်ပိုင် လုံခြုံရေးအတွက်မူ စိုးရိမ်စရာ လုံးဝမရှိဟု ကျိုးရီခံစားရသည်။

တကယ်တမ်းတွင် ကျိုးရီသည် ဤကဲ့သို့ အခြေအနေများအတွက် ကြိုတင် ပြင်ဆင်ထားခဲ့သည်။

သူက ပြဿနာရှာသူများသည် အကူအညီတောင်းရန် အချက်ပြမှုများအား ပိတ်ဆို့ရန်အတွက် အချက်ပြပိတ်ဆို့သည့် ကိရိယာများကို သယ်ဆောင်လာနိုင်သည့် ဖြစ်နိုင်ခြေများကိုပင် ထည့်တွက်ထားခဲ့သည်။

ထို့ကြောင့် ကျိုးရီသည် အချက်ပြထုတ်လွှင့်ရုံ အသေးစားလေး တစ်ခုကိုပင် ပြင်ဆင်ထားခဲ့သည်။

သူက ၎င်းကို ဝန်ထမ်းတိုက်ခန်းတစ်ခုတွင် သီးခြား အခြေစိုက်စခန်းတစ်ခု အဖြစ် တည်ထောင်ထားပြီး အဝေးထိန်းစနစ် တစ်ခုဖြင့် ထိန်းချုပ်ထားသည်။

သို့သော် ယခုအခါတွင် ပုံမှန်အတိုင်း မက်ဆေ့ပေးပို့နိုင်သဖြင့် ထိုအချက်ပြအသံလွှင့်ရုံကို အသုံးပြုရန် မလိုအပ်ပေ။

ယာဉ်မောင်းက ကားကိုနေရာတစ်ခုတွင် ရပ်လိုက်သည်။

ထိုနေရာမှာ မဖွံ့ဖြိုးသေးသော လူသူဆိတ်ငြိမ်သည့် ဆင်ခြေဖုံး ပန်းခြံတစ်ခုအနားတွင် ဖြစ်သည်။

ကျိုးရီနှင့် ကျုံးလန်က ကားပေါ်မှ ဆင်းလာသောအချိန်တွင် သတ်ဖြတ်လိုသော အော်ရာများ လွှမ်းခြုံနေသော လူတစ်ယောက်သည် ဗင်ကားပေါ်မှ ဆင်းလာခဲ့သည်။

ဟုတ်ပါသည်၊ ဤလူထံ၌ ကောင်းမွန်သော ရည်ရွယ်ချက်ရှိပုံမရပေ။

ထိုလူက ပုံမှန်ကျင့်ကြံသူများနှင့် ကွဲပြားစွာ ဝတ်ဆင်ထားသည်။

သူ၏ ဝတ်စားဆင်ယင်ပုံမှာ နေကျွန်းတွင် နေထိုင်သူများနှင့် ခပ်ဆင်ဆင်တူသည်။

ဤလူက နေကျွန်းတွင် နင်ဂျစ်ဆုပညာ သင်ယူပြီး ပြန်လာသည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်နိုင်သည်ဟု ကျိုးရီကောက်ချက်ချခဲ့သည်။

နင်ဂျစ်ဆုနှင့် ကျင့်ကြံခြင်းနည်းစနစ် နှစ်မျိုးစလုံးကို လေ့ကျင့်ခြင်းသည် ယနေ့ခေတ်၏ ခေတ်ရေစီးကြောင်း တစ်ခုဖြစ်၏။

ကျင့်ကြံသူများသည် အခြေခံအုပ်မြစ်အဖြစ် နင်ဂျစ်ဆုပညာများကို လေ့လာခဲ့ကြသည်။

ကျောင်းပေါင်း၁၀၀ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတွင် နတ်ဆိုးမုဆိုးများအဖွဲ့အစည်းသည် နိုင်ငံခြားမှ အမှောင်အင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်သည့်အထောက်အထား များစွာ ရှိနေပြီဖြစ်သောကြောင့် နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းတွင် နိုင်ငံခြားမှ ကျင့်ကြံသူများရှိနေသည်မှာ အထူးအဆန်းဟု ကျိုးရီ မထင်ခဲ့ပေ။

သူတို့က နတ်ဆိုးမုဆိုးများအဖွဲ့၏ အမှုဆောင် အဖွဲ့ဝင်များကို ယခင်က ခြေရာခံခဲ့ဖူးသည်။

ယခု သူတို့ရှေ့မှ ဤလူကိုကြည့်၍ ကျိုးရီ သဘောပေါက်သွားခဲ့သည်။

ကြည့်ရသည်မှာ.နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းသည် စီနီယာ အမှုဆောင်အဖွဲ့ဝင် အများအပြားကို နိုင်ငံခြားသို့ ပညာတော်သင် စေလွှတ်ထားပုံ ရသည်။

ထို့ကြောင့် ၎င်းတို့နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို သူတို့အနေဖြင့် တစ်ခါမှ စုံစမ်း၍မရခဲ့ခြင်း ဖြစ်နိုင်၏။

ထိုလူသည် နတ်ဆိုးမုဆိုးများအဖွဲ့အစည်း၏ ပင်မအမာခံ စီနီယာ အမှုဆောင်တစ်ယောက် ဖြစ်နိုင်ပေသည်။

အကြီးအကဲကျိုးဝူ အပါအဝင် ဟွာရှို့နိုင်ငံရှိ နတ်ဆိုးမုဆိုးများအဖွဲ့အစည်းမှ အမှုဆောင်များသည် ဥက္ကဌပိုင်၏ တကယ့် အင်အားစစ်စစ် ဘယ်သောအခါမှ မဟုတ်ခဲ့ပေ။

“နောက်ဆုံးတော့ ကားထဲက ထွက်လာကြပြီပေါ့”

သုန်မှုန်နေသောမျက်နှာနှင့် လူငယ်က သူတို့ကို စိုက်ကြည့်လိုက်သည်။

“ငါက နတ်ဆိုးမုဆိုးများအဖွဲ့အစည်းက အကြီးအကဲကျီရှင်းရဲ့အမိန့်နဲ့ မင်းတို့ကို လာခေါ်တာပဲ.. ကျေးဇူးပြုပြီး ငါနဲ့လိုက်လာပေးပါ”

“မင်းက နိုင်ငံခြားမှာ သင်ကြားခဲ့တာလား.. နတ်ဆိုးမုဆိုးများအဖွဲ့အစည်းမှာ မင်းတစ်ယောက်တည်း နိုင်ငံခြားမှာ ပညာသင်ခဲ့တာ မဖြစ်နိုင်ဘူး.. ခုနက ပြောတဲ့ အကြီးအကဲကျီရှင်း ဆိုတဲ့လူကလည်း နိုင်ငံခြားမှာ ပညာသင်လာခဲ့တဲ့လူပဲလား”

ကျိုးရီက မေးခွန်းထုတ်လိုက်သည်။

“မင်းတို့က အတော် အမေးအမြန်းထူတာပဲ.. မင်းတို့ကို ပြောပြလို့လည်း ငါတို့အတွက် ဘာထိခိုက်မှုမှ ရှိလာမှာမဟုတ်ဘူး.. ဘာဖြစ်လို့လဲဆိုတော့ မင်းတို့ နှစ်ယောက်စလုံးက မနက်ဖြန်ကျရင် သေလူတွေ ဖြစ်သွားမှာမို့လို့ပဲ”

လူငယ်က မဲ့ပြုံးပြုံး၍ ပြောလိုက်သည်။

“ဒီတစ်ခါတော့ အကြီးအကဲကျီရှင်းက ငါတို့်ကို နိုင်ငံခြားကနေ ဟွာရှို့မှာ စုဝေးဖို့ တောင်းဆိုထားတယ်.. ပုံမှန်ဆိုရင် ဒီနေ့က မင်းရဲ့သေနေ့ပဲ.. ဒါပေမဲ့ ငါတို့ရဲ့အဖွဲ့အစည်းမှာ ပြဿနာနည်းနည်းရှိနေတဲ့ အတွက် မနက်ဖြန်ကျမှပဲ ငါတို့လုပ်ငန်းကို တရားဝင် အကောင်အထည်ဖော်တော့မယ်”

“တရားဝင် အကောင်အထည်ဖော်မယ် ဟုတ်လား”

ကျိုးရီက မျက်မှောင်ကြုတ်သွားသည်။

လူငယ်၏လေသံအရ သူ့ကိုချက်ချင်းသတ်ရန်ရည်ရွယ်ထားပုံမရပေ။

သူ့ကို မနက်ဖြန်သတ်ရန်အတွက် ဦးစွာ ဖမ်းဆီးထားခြင်း ဖြစ်နိုင်သည်။

ကျိုးရီက တစ်ဖက်လူ၏ ရည်မှန်းချက်ပန်းတိုင်ကို တွေးမိသလို ခံစားလိုက်ရသည်။

နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းက သူနှင့် ကျုံးလန်ကို အရင်ဖမ်းထားပြီး လူထုရှေ့တွင် ကွပ်မျက်ရန်အတွက် သင့်တော်သည့်နေရာကို ရှာလိုခြင်း ဖြစ်နိုင်သည်။

၎င်းတို့၏ ပစ်မှတ်တည်နေရာနှင့်ပတ်သက်၍ ကျိုးရီတွင် သူ့ကိုယ်ပိုင် ထင်မြင်ချက်ရှိသည်။

ထိုနေရာက ကျောင်းပေါင်း၁၀၀ အထွေထွေအုပ်ချုပ်ရေးမှူးရုံး မဟုတ်လျှင် အမှတ်၆၀အထက်တန်းကျောင်း ဖြစ်ဖို့များ၏။

ကျိုးရီက စိတ်နှလုံးအနည်းငယ် မသာမယာ ဖြစ်သွားသည်။

နတ်ဆိုးမုဆိုးများအဖွဲ့က နိုင်ငံခြားမှ အမှောင်အင်အားစု ဖြစ်သည့် ညဦးစီးမှူး အဖွဲ့လက်အောက်ရှိ အဖွဲ့အစည်းငယ် တစ်ခုသာ ဖြစ်သော်လည်း ၎င်းတို့ထံတွင် အမှန်တကယ် သန်မာသော တိုက်ခိုက်ရေးသမားများစွာ ရှိနေပုံရသည်။

ထိုကြောင့် ညဦးစီးမှူးအဖွဲ့သာဆိုလျှင် မည်မျှ ကြောက်စရာကောင်းလိမ့်မည်နည်း။

သူတို့ရှေ့မှာ ရပ်နေသော ဤလူငယ်လေးသည် စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

ဤလူငယ်ရှေ့တွင် ရှိနေစဥ် ကျိုးရီသည် ဗုံးပစ်စီနီယာအင်မော်တယ်၏ ရှေ့တွင်ရှိနေစဥ်ကထက် ပို၍ ဖိအားကို ခံစားခဲ့ရသည်။

သေချာသည့်အချက်မှာ ဤလူငယ်၏ အဆင့်က ခြေသလုံးအိမ်တိုင် အင်မော်တယ်အဆင့်ကို မရောက်ရှိသေးခြင်းဖြစ်သည်။

အင်မော်တယ်စံအိမ်၏အရှင်သခင်ချန်ယွီသည် ခြေသလုံးအိမ်တိုင် အင်မော်တယ် နှောင်းပိုင်းအဆင့်တွင် ရှိသည်။

ထိုအဆင့်ကို ခြေလှမ်းတစ်ဝက် ပကတိအင်မော်တယ် အဆင့်ဟုလည်း ခေါ်ကြသည်။

အင်မော်တယ်စံအိမ် အရှင်သခင်ချန်ယွီနှင့် နှိုင်းယှဉ်လျှင် ဤလူငယ်၏ ခွန်အားသည် အလွန်နိမ့်သေးသည်ဟု ဆိုရမည်။

ထို့ပြင် ချန်ယွီထံ၌ ပကတိအင်မော်တယ်နှင့် ယှဉ်နိုင်သောအဆင့်ထိ သူ၏ တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်ပေးနိုင်သည့် မူလစိတ်ဝိညာဉ် နယ်ပယ်လည်း ရှိပါသေးသည်။

“ဒါရိုက်တာကျိုး.. ဘာတွေတွေးနေတာလဲ.. မနက်ဖြန် မင်းရဲ့ခန္ဓာကိုယ် အကြွင်းအကျန်တွေကို ဘယ်လိုလုပ်ရမလဲလို့ တွေးနေတာလား”

နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းမှ လူငယ်က ကဲ့ရဲ့လှောင်ပြောင်လိုက်သည်။

ကြည့်ရသည်မှာ သူနှင့် ကျုံးလန်တို့က ရွှေအမြုတေအဆင့်မှာသာရှိ၍ နတ်ဆိုးမုဆိုးများအဖွဲ့မှ ကျင့်ကြံသူက သူတို့၏ ခွန်အားကို လုံးဝ လျော့တွက်ထားပုံရသည်။

ကျိုးရီက လူငယ်ကို စိုက်ကြည့်ကာ ကြင်နာစွာ သတိပေးလိုက်သည်။

"မင်းအနေနဲ့ အခုထွက်သွားမယ်ဆိုရင် အသက်ရှင်ဖို့အခွင့်အရေး ရှိနိုင်သေးတယ်.. နောက်မှ ထွက်သွားမယ်ဆိုရင်တော့ မဖြစ်နိုင်တော့ဘူး”

နတ်ဆိုးမုဆိုးများအဖွဲ့အစည်းမှလူငယ် “???”

ကျိုးရီ “မင်းလို ကြက်ခွန်အားလောက်ပဲရှိတဲ့ အားနည်းတဲ့ကျင့်ကြံသူက အဖမ်းခံရရင်တောင် အထူးအကျဉ်းခန်းထဲမှာအချုပ်ခံရမှာ မဟုတ်ဘူး.. ဘာလို့လဲဆိုတော့ မင်းက အဆင့်မမီလို့ပဲ”

ထိုစကားကိုကြားလျှင် နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းမှ လူငယ်က ကျိုးရီကို အေးစက်စွာကြည့်ကာ သွားများကို အံကြိတ်လိုက်သည်။

“မင်းသေချင်နေပြီလား”

သူက ဒေါသနှင့်အတူ သူ၏အော်ရာများကို ထုတ်လွှတ်လိုက်ရာ ကြီးမားသော ဝိညာဉ်ရေးဖိအားများက ကျဆင်းလာပြီး ကျိုးရီနှင့် ကျုံးလန်တို့ နှစ်ဦးစလုံး၏ ခြေထောက်များက မြေကြီးထဲသို့ တစ်ဝက်ခန့် နစ်ဝင်သွားခဲ့သည်။

“ငါအရမ်းစိတ်လှုပ်ရှားနေတယ် ညီနောင်ကျိုး”

ထိုစကားကို ရေရွတ်ပြီးနောက် ကျုံးလန်က မျက်မှောင်ကြုတ်လိုက်သည်။

“ညီနောင်ကျိုး.. ဒီအသားကပ်တွေက တကယ်ပဲ အသုံးဝင်လို့လား.. တစ်ဖက်က ဖိအားတွေက အရမ်းပြင်းထန်တယ်လို့ ငါဘာကြောင့် ခံစားနေရတာလဲ.. အသက်ရှူတောင် မဝသလိုပဲ”

“ဒီဖိအားက ဘာမှမဟုတ်သေးပါဘူး”

ထို့နောက် ကျိုးရီက မျက်ခုံးပင့်လိုက်ပြီး ကျုံးလန်၏ ကော်လာကို ဆုပ်ကိုင်ကာ တအံ့တဩ ကြည့်လိုက်သည်။

ကျိုးရီ “လခွမ်း.. မင်းက အသားကပ်ဝတ်စုံကို အပြင်ကနေ ထပ်ဝတ်ထားတာကိုး”

ကျုံးလန် “..........”

အပိုင်း(၆၆၂) ပြီး၏

All Chapters