← Chapters

အကြီးအကဲအဆိပ်နဂါး

Vol. 45 Ch. 666

အကြီးအကဲအဆိပ်နဂါး

Vol. 45 Ch. 666

[ငါက ဝတ္ထုဇာတ်သိမ်းကို ဒီလောက်ကောင်းအောင် ဆက်တင်ချနိုင်တယ်ဆိုတော့ ပါရမီများ ပါနေတာလား]

သူ၏ဇာတ်ဆောင်က အိမ်သာထိုင်ခုံကို မိသားစု အမွေအနှစ်အဖြစ် ဆက်ခံရမည် ဖြစ်သည်။

ထို့ကြောင့် မျိုးဆက်တိုင်းမှ ဆက်ခံသူများသည် အိမ်သာထိုင်ခုံမှတစ်ဆင့် ကောင်းကင်တာအိုကို ရရှိမည်ဖြစ်၏။

ကောင်းကင်တာအိုကို ဆက်ခံရရှိသူ အနေဖြင့် ဇာတ်ဆောင်သည် ကောင်းကင်တာအို ၃၀၀၀ကို တိုက်ရိုက် ဆုပ်ကိုင်နိုင်မည် ဖြစ်သည်။

ဤသည်က ကောင်းကင်ကို အံတုမည့် ဇာတ်ဆောင် တစ်ကောင်ကို မွေးထုတ်နိုင်လိမ့်မည် မဟုတ်ပါလော။

"အိုး.. ညီနောင်ဗုံးပစ်ရေ.. ငါစိတ်ကူးအသစ်တွေ ထပ်ရလာပြီ.. ငါချက်ချင်း စာရေးမှဖြစ်တော့မယ်"

ငွေရောင်လေးက ဘရိုကိုလီကို ပါးစပ်ထဲ အတင်းမျိုချလိုက်ပြီး မတ်တပ် ထရပ်လိုက်သည်။

ဘရိုကိုလီစများက သူ၏ နှုတ်ခမ်းထောင့်တွင် ကပ်နေခဲ့သည်။

".........."

ဗုံးပစ်စီနီယာ အင်မော်တယ်က တစ်ရှူးတစ်စကို ယူပြီး ငွေရောင်လေး၏ ပါးစပ်ကို သန့်ရှင်းအောင် သုတ်ပေးလိုက်သည်။

စာရေးချင်စိတ်က တစ်ခါတစ်လေ ဤကဲ့သို့ပင်။

စာရေးဆရာ အများစုတွင် ထိုကဲ့သို့ ဈာန်ဝင်စားမှုများ ရှိကြသည်။

ထိုမှသာ သာလွန်ကောင်းမွန်သော လက်ရာများ ဖြစ်လာလိမ့်မည် မဟုတ်ပါလော။

လှုံ့ဆော်မှု သို့မဟုတ် စိတ်အားထက်သန်မှု မရှိဘဲ ရေးသားထားသော မည်သည့်ဝတ္ထုမဆို ကောင်းမွန်လိမ့်မည် မဟုတ်ပေ။

"ငါစာရေးတော့မယ် ညီနောင်ဗုံးပစ်"

ငွေရောင်လေးက တကယ်ကို ထိန်းချုပ်မရတော့ပေ။

သူက ဘရိုကိုလီသုပ်ကို စား၍ မပြီးခင်မှာပင် ဒုတိယထပ်သို့ ခုန်တက်ရန် ပြင်လိုက်သည်။

ထိုမြင်ကွင်းကိုမြင်လျှင် ဗုံးပစ်စီနီယာ အင်မော်တယ်က ငွေရောင်လေး၏ ပုခုံးကို ချက်ချင်းပင် ဆုပ်ကိုင်ထားလိုက်သည်။

"လှေကားထစ်ကနေ တက်ပါ"

ငွေရောင်လေး၏ တက်လိုက်ဆင်းလိုက် လုပ်မှုကြောင့် ဇိမ်ခံအိမ်အတွင်းရှိ ကြမ်းပြင်များက အပေါက်များစွာ ဖြစ်ခဲ့ပြီးပြီဖြစ်သည်။

ငွေရောင်လေး ".........."

ငွေရောင်လေး ဒုတိယထပ်သို့ တက်သွားပြီး သိပ်မကြာမီမှာပင် ဗုံးပစ်စီနီယာအင်မော်တယ်သည် စားပွဲကို သန့်ရှင်းရေးလုပ်ရန် ပြင်လိုက်သည်။

ငွေရောင်လေးက အစားကြီးသောကြောင့် သူက ဘရိုကိုလီသုပ်ကို ဇလုံထဲတွင် ထည့်ထားပေးခဲ့သည်။

ငွေရောင်လေး၏ အစားသောင်းကျန်းမှုကို အမြဲတစေ မြင်တွေ့နေရသောကြောင့် ဗုံးပစ်စီနီယာ အင်မော်တယ်၏ အစားစားချင်စိတ်သည်လည်း မကြာသေးမီကမှ စ၍ အမှတ်မထင် တိုးတက်လာခဲ့သည်။

ဘရိုကိုလီသည် ဟင်းရွက်ကောင်းတစ်ခု ဖြစ်သည်။

အများအပြားစားလျှင်ပင် အဆီမတက်ပေ။

အရေးအကြီးဆုံးအချက်မှာ သူနှင့် ငွေရောင်လေးသည် အစားဘယ်လောက်စားစား အဆီမတက်သော ခန္ဓာကိုယ်ရှိခြင်းဖြစ်သည်။

သန့်ရှင်းရေးလုပ်ခြင်းသည် ဤခေတ်တွင် အထူးမခက်ခဲပေ။

သန့်စင်ခြင်းအဆောင်လက်ဖွဲ့ကို အသုံးပြုလိုက်ရုံလေးပင်။

သို့ရာတွင် လက်ဖြင့် ဆေးကြောရသည်ကို သဘောကျသည့်အချိန်များ သူ့တွင်ရှိခဲ့သည်။

ကျင့်ကြံသူအတွက် သန့်စင်ခြင်း အဆောင်လက်ဖွဲ့တစ်ခုသည် မည်သည့်အဝတ်အစား၊ မည်သည့်ပန်းကန်များကိုမဆို သန့်စင်အောင် ပြုလုပ်နိုင်ပေသည်။

သို့သော် ယနေ့တွင် အရေးကြီးအလုပ်တချို့ ရှိနေသောကြောင့် ဗုံးပစ်စီနီယာ အင်မော်တယ်သည် ပန်းကန်များကို သန့်ရှင်းရေး လုပ်ရန်အတွက် သန့်ရှင်းခြင်း အဆောင်လက်ဖွဲ့ကိုသာ အသုံးပြုရန် ရွေးချယ်ခဲ့သည်။

ဤသန့်ရှင်းခြင်း အဆောင်လက်ဖွဲ့သည် ဈေးမကြီးပေ။

အစုလိုက်အပြုံလိုက် ဝယ်ထားလျှင် ဆပ်ပြာဖိုးထက်ပင် တွက်ချေကိုက်ပေသည်။

အဘယ်ကြောင့်ဆိုသော် အဆောင်လက်ဖွဲ့ပေါ်ရှိကောက်ကြောင်းများသည် အတော်အတန် ရိုးရှင်း​သောကြောင့်ဖြစ်သည်။

၎င်းသည် လက်ရှိဈေးကွက်တွင် စက်ဖြင့် ထုတ်လုပ်နိုင်သည့် အနည်းငယ်သော အဆောင်လက်ဖွဲ့များထဲမှ တစ်ခုဖြစ်ပေသည်။

"ညီနောင်ထုန်ရာ ခေါ်သွားတဲ့ မီးခိုးရောင်မိန်းကလေးက ဘယ်လိုအခြေအနေရှိမလဲ မသိဘူး"

ပန်းကန်များကို သန့်ရှင်းပြီးသောအခါတွင် ဂန္ဓမာကျွန်းသို့ရောက်ရှိသွားသော မီးခိုးရောင် ဝတ်စုံဝတ် မိန်းကလေး အကြောင်းကို တွေးမိလိုက်သည်။

ချိုက်လျန်က ဂန္ဓမာကျွန်းသို့ လိုက်သွားခဲ့​ပြီ ဖြစ်သည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က မီးခိုးရောင်ဝတ်မိန်းကလေး၏ အထောက်အထားနှင့် ပတ်သက်၍ ရှာဖွေဖော်ထုတ်ရန် ကြိုးပမ်းနေခဲ့သည်။

သူတို့၏ တစ်ခုတည်းသော သဲလွန်စမှာ ထိုမိန်းကလေးဝတ်ဆင်ထားသော အလွန်ရိုးရှင်းသော ပုံစံရှိသည့် မီးခိုးရောင်ဝတ်စုံ ဖြစ်သည်။

ထိုမိန်းကလေး၏ အထောက်အထား အစစ်အမှန်ကို ရှာဖွေတွေ့ရှိရန် ဤအဝတ်အစားဖြင့်သာ စတင်စုံစမ်းနိုင်မည် မဟုတ်ပါလော။

သို့မှသာ မိန်းကလေး၏ အသက်နှင့် မူလဇစ်မြစ်ကို သိရှိနိုင်ပြီး ဤမိန်းကလေးက မည်သူမည်ဝါ ဆိုသည်ကို ဆုံးဖြတ်နိုင်မည်ဖြစ်သည်။

သို့သော် ဤသည်က လွယ်ကူသောကိစ္စတော့ မဟုတ်ပေ။

မနေ့ညက အကူအညီတောင်းသည့်အနေဖြင့် ကျင့်ကြံခြင်းဖိုရမ်တွင် ထိုမိန်းကလေး ဝတ်ဆင်ထားသည့် မီးခိုးရောင်ရိုးရာ အဝတ်အစားကို သူ့အ​ကောင့်ဖြင့် တင်ခဲ့သည်။

သို့သော် မိန်းကလေး၏ ဓာတ်ပုံတော့ မပါဝင်ခဲ့ပေ။

သူက အဝတ်အထည်၏ ပုံများကို ကြည်လင်ပြတ်သားသောမြင်ကွင်း သို့မဟုတ် အပြည့်အဝမြင်ကွင်းအဖြစ် မရိုက်ခဲ့ပေ။

ဗုံးပစ်စီနီယာအင်မော်တယ်သည် ကျင့်ကြံခြင်းဖိုရမ်တွင် မေးစမ်းကြည့်ရုံသာ ဖြစ်သည်။

မည်သူသိနိုင်မည်နည်း။

ဖြတ်သွားဖြတ်လာ ပုဂ္ဂိုလ်ကြီးတချို့က ဤအဝတ်အစားကိုမှတ်မိကောင်း မှတ်မိနေလောက်သည် မဟုတ်ပါလော။

ဤအချိန်လောက်ဆိုလျှင် ဖိုရမ်၌ တုံ့ပြန်မှုများစွာ ရနေပြီဟု သူက ခန့်မှန်းထားခဲ့သည်။

ထိုခဏမှာပင် ကျိုးရီဆီမှ ရုတ်တရက် ဖုန်းဝင်လာခဲ့သည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က ဖုန်းကို ချက်ချင်းပင် ပြန်ဖြေလိုက်သည်။

"ညီနောင်ကျိုး ဘာတွေထူးလို့လဲ"

"ကျွန်တော် အလုပ်သွားတဲ့လမ်းမှာ တိုက်ခိုက်ခံရတယ်.. ကျွန်တော့ကို တိုက်ခိုက်တဲ့အဖွဲ့က နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းကပဲ"

ကျိုးရီက ပြောလိုက်သည်။

"အခြေနေရော ဘယ်လိုလဲ"

ဗုံးပစ်စီနီယာ အင်မော်တယ်က လေးလေးနက်နက် မေးလိုက်သည်။

သို့ရာတွင် ယခုလို ဖုန်းဆက်နိုင်ပုံထောက်လျှင် ကျိုးရီတစ်ယောက် ထိုကိစ္စကို ဖြေရှင်းပြီးပြီမှန်း သူတွေးဆမိခဲ့သည်။

"ကံကောင်းထောက်မစွာပဲ ဆရာက သခင်ကျင့်ခယ်ကို အချိန်မီ စေလွှတ်ခဲ့တယ်လေ.. မဟုတ်ရင်တော့ နောက်ဆက်တွဲ ဆိုးကျိုးတွေက မှန်းဆလို့တောင် မရဘူး"

ကျိုးရီက သက်ပြင်းချလိုက်ပြီး သူသိထားသမျှပြောပြလိုက်သည်။

"လုပ်ကြံသူတွေက နေကျွန်းမှာ နင်ဂျစ်ဆုပညာကို သင်ယူပြီးပြန်လာတဲ့ ကျင့်ကြံသူတွေပဲ.. သူတို့တွေက မနက်ဖြန်မှာ အမှတ်၆၀အထက်တန်းကျောင်းကို တိုက်ခိုက်ဖို့စီစဉ်ခဲ့တယ်"

"ဒါနဲ့ သူတို့က မင်းနောက်ကို ဘာလို့လိုက်နေတာလဲ"

"ကျွန်တော်က နတ်ဆိုးမုဆိုးများအဖွဲ့အစည်းရဲ့ ကိစ္စနဲ့ပတ်သက်ပြီး တာဝန်ခံခေါင်းဆောင်လေ.. ဒါကြောင့်ကျွန်တော့နောက်ကိုလိုက်နေတာပဲ.. ဒါ့ပြင် ကျွန်တော်က အမှတ်၆၀ အထက်တန်းကျောင်းရဲ့ ကျောင်းသားဟောင်းတစ်ယောက်လည်းဖြစ်တယ်.. တိုက်ခိုက်သူတွေရဲ့ ရည်ရွယ်ချက်က ကျွန်တော့ကို အရှင်ဖမ်းဆီးဖို့ပဲ.. သူတို့က ကျွန်တော့ကို မနက်ဖြန်မှာ လူသိရှင်ကြား ကွပ်မျက်ဖို့အတွက် အမှတ်၆၀ အထက်တန်းကျောင်းကို ခေါ်သွားဖို့ ရည်ရွယ်ထားပုံရတယ်"

ကျိုးရီက ပြောပြလိုက်သည်။

".........."

ထိုစကားကိုကြားလျှင် ဗုံးပစ်စီနီယာအင်မော်တယ်က ချွေးစေးများ တဒီးဒီး ကျလာခဲ့သည်။

ထိုအရာက တကယ်ကို ရက်စက်လွန်းသည်ဟု သူထင်ခဲ့သည်။

၎င်းတို့က တရားဥပဒေ စိုးမိုးမှုအောက်မှာပင် ဤကဲ့သို့လုပ်ရက်မျိုးကို လုပ်ဆောင်ရန် စီစဉ်ခဲ့သည်။

ကျိုးရီ "အခု ကျွန်တော် ဖုန်းခေါ်လိုက်တာက စီနီယာအင်မော်တယ်အနေနဲ့ သတိထားလို့ရအောင်ပါ.. သူတို့က ကျွန်တော့ကိုပစ်မှတ်ထားတဲ့အတွက် သူတို့ရဲ့အစီအစဉ်မှာ စီနီယာအင်မော်တယ်လည်း ပါဝင်လာနိုင်တယ်လို့ ကျွန်တော်ထင်တယ်"

"ကောင်းပါပြီ.. ကျေးဇူးတင်ပါတယ် ညီနောင်ကျိုးရီ.. ငါသတိထားပါ့မယ်"

ဗုံးပစ်စီနီယာ အင်မော်တယ်က ခေါင်းငြိမ့်ပြီး ဖုန်းကိုချလိုက်သည်။

ဖုန်းကိုချလိုက်သည်နှင့် တစ်ပြိုင်နက် သတ်ဖြတ်လိုသော အေးစက်စက် အော်ရာတစ်ခုကို သူခံစားလိုက်ရသည်။

ဗုံးပစ်စီနီယာအင်မော်တယ် ".........."

"ဒါက အရမ်း မမြန်လွန်းဘူးလား"

သူက လှမ်းကြည့်လိုက်ရာ ပထမထပ် ခြံဝန်းထဲတွင် လူတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရသည်။

ထိုလူက အလွန်သေးသွယ်သော အသွင်အပြင်ရှိသည်။

သူ့မျက်လုံးများက ရွက်တိုင် တဝက်လောက်ရှိပြီး သတ်ဖြတ်လိုသောရည်ရွယ်ချက်ကို ထင်ရှားစေသည်။

ကြောက်စရာအကောင်းဆုံးအရာမှာ ထိုလူ၏ နှုတ်ခမ်းထောင့်များက နားရွက်နားသို့ ရောက်လုနီးပါးအထိ ဆန့်သွားခြင်းပင်။

အကြီးအကဲ အဆိပ်နဂါးက ကြောက်မက်ဖွယ် အပြုံးမျိုးဖြင့် ပြုံးလိုက်သည်။

"ကျေးဇူးပြုပြီး မေးပါရစေ.. မင်းက သေမင်းတမန်စီနီယာလား"

ဗုံးပစ်စီနီယာအင်မော်တယ် "မင်းကဘယ်သူလဲ"

အဆိပ်နဂါးက သူ့စကားကို ပြန်မဖြေခဲ့ပေ။

ထိုအခိုက်အတန့်မှာပင် သူက ရှေ့သို့ ဆတ်ခနဲတိုးကာ သူ၏ ညာလက်ကို လှုပ်ရှားလိုက်သည်။

ခရမ်းရောင်လျှပ်စီးကဲ့သို့ အလင်းတန်းက ဉယျာဉ်ကို ဖြတ်သန်းသွားပြီး ဗုံးပစ်စီနီယာ အင်မော်တယ်၏ ရင်ဘတ်ကို အပေါက်ကြီး တစ်ခုအဖြစ် ဖောက်ထုတ်လိုက်သည်။

အဆိပ်နဂါးက သူ့လက်ကို ရုတ်သိမ်းလိုက်သောအခါတွင် မျက်နှာပေါ်၌ ထူးဆန်းသော အပြုံးတစ်ခု ရှိနေခဲ့သည်။

သူ့လက်က နီညိုရောင်သွေးများဖြင့် ဖုံးလွှမ်းနေ၏။

သူက သူ့လက်ပေါ်ရှိ သွေးများကို လျက်လိုက်ပြီး ဗုံးပစ်စီနီယာအင်မော်တယ်၏ ရင်ဘတ်ရှိ အပေါက်ကြီးကို ကြည့်လိုက်သည်။

သူက ကောက်ကျစ်စွာ ရယ်မောလိုက်၏။

"စကားများလွန်းတဲ့ လူဆိုးတွေက မြန်မြန်သေကုန်တယ်လို့ပြောကြတယ်.. ငါကတော့ မတူဘူး.. မင်းရဲ့ အထောက်အထားကို အတည်ပြုပြီးတာနဲ့ ငါက တုန့်ဆိုင်းမနေဘဲ အလျင်အမြန်တိုက်ခိုက်လိုက်တာပဲ.. မင်းမသေခင် ငါ့ရဲ့နာမည်ကို သေချာမှတ်ထားလိုက်.. ငါ့နာမည်က အဆိပ်နဂါးလို့ ခေါ်တယ်"

ထို့နောက် အဆိပ်နဂါးက ဥယျာဥ်ထဲမှ အိမ်ထဲသို့ တိုက်ရိုက်ဝင်ကာ ဒုတိယထပ်ကို စိုက်ကြည့်လိုက်သည်။

ထိုနေရာတွင် သူရင်ဆိုင်ရမည့် လူတစ်ယောက် ရှိနေသည်မဟုတ်ပါလော။

သို့သော် သူလှုပ်ရှားကာနီးမှာပင် လက်တစ်ဖက်က သူ့ပုခုံးပေါ်သို့ ကျရောက်လာသည်။

ဤလက်ပိုင်ရှင်က ဗုံးပစ်စီနီယာ အင်မော်တယ်မှလွဲ၍ အခြားမဟုတ်ပေ။

အကြီးအကဲ အဆိပ်နဂါးက မိုးကြိုးပစ်ခံရသကဲ့သို့ တုန်လှုပ်သွားသည်။

"မင်း..."

ဗုံးပစ်စီနီယာအင်မော်တယ်က ပြုံးပြလိုက်သည်။

"တောင်းပန်ပါတယ်.. မင်းက စကားအများကြီး ပြောနေတာဆိုတော့ ငါလည်း မနှောင့်ယှက်ချင်တော့ဘူးလေ.. မြေပြင်ပေါ်မှာ ခဏလောက် သေပေးလိုက်တာပဲ.. ဒါနဲ့ မင်းနာမည်က အဆိပ်နဂါးဆိုတာ အမှန်ပဲလား"

"မင်း.. မင်းမဖြစ်နိုင်ဘူး.. မင်းဘယ်လိုဖြစ်ပြီး အသက်ရှင်နေရတာလဲ.. ငါကိုယ်တိုင် မင်းရင်ဘတ်ကို တိုက်ရိုက် ဖောက်ထုတ်လိုက်တာလေ.. အဲဒါကဘာလို့လဲ"

အဆိပ်နဂါးက ထိတ်လန့်အံ့ဩနေပြီး ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

ဗုံးပစ်စီနီယာအင်မော်တယ် "ချီးထုပ်နဂါး.. ဒါကနေ့ခင်းကြောင်တောင်ပဲ ရှိသေးတယ်လေ.. မင်းရဲ့အသံကို တိုးလိုက်စမ်း.. ငါက အဆင့်အတန်းရှိတဲ့ မိသားစုထဲက ထူးချွန်တဲ့လူငယ်တစ်ယောက်ပဲ"

အပိုင်း(၆၆၆) ပြီး၏။

All Chapters