← Chapters

မင်းသတ်ချင်တဲ့လူက သေမင်းတမန် စီနီယာ

Vol. 45 Ch. 667

မင်းသတ်ချင်တဲ့လူက သေမင်းတမန် စီနီယာ

Vol. 45 Ch. 667

"ထင်ယောင်ထင်မှား ဖြစ်နေတာလား"

ထိုအချိန်တွင် အဆိပ်နဂါးသည် လုံးလုံးလျားလျား ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

လက်ပေါ်ရှိ သွေးကို လျှာဖြင့် လျက်ကြည့်ရာ ပူနွေးနေဆဲ ဖြစ်၏။

ယခုလေးတင် သူ၏ တိုက်ခိုက်မှုသည် ဤ "မဟာသေမင်းတမန်စီနီယာ"၏ နှလုံးသားကို အမှန်တကယ်ပင် အမှားအယွင်းမရှိ ထိုးဖောက်ခဲ့သည်။

တစ်ဖက်လူက အမြောက်ကြီးနှင့် ထိသွားသလိုမျိုး ရင်ဘတ်တွင် အပေါက်ကြီးတစ်ပေါက် ကျန်ရစ်ခဲ့၏။

သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်ဖက်သားက ဘာမှမဖြစ်သကဲ့သို့ အဘယ်ကြောင့် ထလာပါသနည်း။

"မင်းဘယ်လိုလုပ်လိုက်တာလဲ"

အကြီးအကဲ အဆိပ်နဂါး၏ မျက်နှာပေါ်တွင် အယုံအကြည်မရှိသည့် အမူအရာများ ဖြစ်ပေါ်နေသည်။

သူ၏ တိုက်ခိုက်မှုက ပစ်မှတ်ကို အမှန်တကယ် ထိမှန်သွားမှန်း သံသယကင်းကင်း သိထားသည်။

ထို့အပြင် ဤသည်က ပြင်းထန်တဲ့ ထိမှန်မှု တစ်ခုလည်းဖြစ်၏။

ဤ "လျှပ်စီးအဆိပ်နဂါး" နည်းစနစ်၏ ဒုတိယတိုက်ကွက်သည် လျှပ်စီးကြောင်းဖြင့် နှလုံးကို ဖျက်ဆီးရန် အဓိကဦးတည်သော တိုက်ကွက် ဖြစ်သည်။

ခရမ်းရောင်လျှပ်စီးကြောင်းက ခန္ဓာကိုယ်ကို ကျူးကျော်ဝင်ရောက်လာသည့် အခိုက်အတန့်တွင် အလွန်ပြင်းထန်သော အဖျက်စွမ်းအားကြီးသည့် အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေမည် ဖြစ်သည်။

လူတစ်ယောက်၏ ကုသနိုင်စွမ်း မည်မျှပင် အစွမ်းထက်နေပါစေ၊ ပြန်ကောင်းလာနိုင်မည် မဟုတ်ပေ။

အရေးကြီးဆုံးမှာ ဤမဟာသေမင်း စီနီယာသည် ကျင့်ကြံခြင်း အဆင့်တွင် သူ့ထက် နိမ့်ကျသည့် စိတ်ဝိညာဥ် ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်နေသည်မှာ ထင်ရှားသည်။

ဤတိုက်ကွက်ကနေ ရှင်သန်ရန် သူ့အတွက် လုံးဝ မဖြစ်နိုင်ပေ။

ကြည့်ရသည်မှာ ထိုလူက အစွမ်းအစကို ဖုံးကွယ်ထားခြင်း ဖြစ်ပုံရသည်။

"မင်းက စိတ်ဝိညာဥ်ဖွဲ့စည်းခြင်း အဆင့်ကျင့်ကြံသူပဲ.. ငါ့ရဲ့ တိုက်ခိုက်မှုကနေ အသက်ရှင်နိုင်တာ ဘယ်လိုမှမဖြစ်သင့်ဘူး"

အဆိပ်နဂါး၏ မျက်နှာက မကျေနပ်ချက်များနှင့် ပြည့်နှက်နေသည်။

သူ၏ တိုက်ခိုက်မှုက ထင်ထားသလို မဟုတ်သည်ကို မြင်လိုက်ရသဖြင့် အနည်းငယ် တုန်လှုပ်သွားမိသည်။

ထိုထက်ဆိုးသည်မှာ သူက ဤတစ်ကြိမ်တွင် လူနှစ်ယောက်ကို ကိုင်တွယ်ရမည် ဖြစ်သည်။

ဒုတိယထပ်တွင် ငွေရောင်ဆံပင်နှင့် လူငယ်လေးတစ်ယောက် ရှိနေသေးသည်။

ထိုလူငယ်က ဤမဟာသေမင်းတမန် စီနီယာထက်ပင် အနည်းငယ်ပို၍ ဒုက္ခပေးနိုင်သည်။

မစ္စတာလု နှင့် အ​ကြီးအကဲ ကျိုးဝူတို့ နှစ်ဦးစလုံးသည် ဤလူငယ်၏ လုပ်ကြံခြင်းကို ခံခဲ့ရသည်ဟု ဆိုနိုင်သည်။

ထို့ကြောင့် အကြီးအကဲကျီရှင်းသည် ယခုအကြိမ်တွင် အကြီးအကဲ အဆိပ်နဂါးကို စေလွှတ်လိုက်ခြင်း ဖြစ်သည်။

သူက မစ္စတာလု နှင့် အကြီးအကဲ ကျိုးဝူထက် သန်မာ၏။

အရေးအကြီးဆုံးမှာ သူသည် ကိစ္စများကို ပြီးမြောက်အောင် ဆောင်ရွက်ရာတွင် အနည်းငယ်မျှပင် ပေါ့ဆတတ်သူ မဟုတ်ပေ။

အကြီးအကဲ အဆိပ်နဂါးက လက်မခံနိုင်ဘဲ သူ့သွားများကို အံကြိတ်ကာ ညာလက်ကို မြှောက်လိုက်သည်။

ဗုံးပစ်စီနီယာအင်မော်တယ်က အဆိပ်နဂါး၏ လက်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။

အဆိပ်နဂါးက ခန္ဓာကိုယ် အသွင်ပြောင်း မှော်စွမ်းရည်ကို အသုံးပြုပြီး သူ၏လက်ကို လက်နက်တစ်ခု အဖြစ် ပြောင်းလဲကာ လျှပ်စီးအဆိပ်နဂါး နည်းစနစ်ကို အသုံးချရန် ပြင်လိုက်သည်။

သူ၏ လက်နှစ်ဖက်စလုံးက ပြဒါးရည်နှင့် ဆင်တူသော်လည်း အလွန်မာကျောပြီး သူတော်စင် လက်နက်အဆင့် နီးပါးရှိသည်။

ယခုအချိန်တွင် အကြီးအကဲ အဆိပ်နဂါး၏ လက်နှစ်ဖက်စလုံးသည် ခရမ်းရောင် လျှပ်စီးကြောင်းများနှင့်အတူ ကြောက်မက်ဖွယ် ကောင်းနေ၏။

အကြီးအကဲ အဆိပ်နဂါးက ခန္ဓာကိုယ် အသွင်ပြောင်း မှော်စွမ်းရည်ကြောင့် သူ၏လက်များကို ရော်ဘာလူသား၏ လက်များကဲ့သို့ ဆန့်ထုတ်လာနိုင်သည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က ဤနည်းစနစ်ကို ယခင်က တစ်ခါမျှ မမြင်ဖူးပေ။

သို့သော်လည်း သီအိုရီအရ ဤ အသွင်ပြောင်းမှော်စွမ်းရည်သည် မှော်ပညာတစ်ခုတည်းဖြင့် မအောင်မြင်နိုင်ပေ။

ထို့ကြောင့် ဗုံးပစ်စီနီယာအင်မော်တယ်က အခြားဖြစ်နိုင်ချေကို စဉ်းစားမိခဲ့သည်။

အသက်မှော်ရတနာ..

အကြီးအကဲ အဆိပ်နဂါး၏ အသက်နှင့် ဆက်စပ်နေသော မှော်ရတနာသည် ခန္ဓာကိုယ်အား အမျိုးမျိုးသော အရာဝတ္ထုများအဖြစ် လွတ်လပ်စွာ ပြောင်းလဲနိုင်စွမ်း ရှိနိုင်သည်။

ထိုမှော်ရတနာကို အသုံးပြုရာတွင် လွယ်ကူစေရန် အတွက် အကြီးအကဲ အဆိပ်နဂါးသည် ခန္ဓာကိုယ်အတွင်း၌ ထည့်သွင်းထားနိုင်သည်မှာ အလွန်ဖြစ်နိုင်ချေရှိသည်။

"ငရဲကိုသွားစမ်း"

အဆိပ်နဂါးက ကြုံးဝါးလိုက်သည်။

သူ၏ အဆိပ်ပြင်းသော လက်များက ဗုံးပစ်စီနီယာအင်မော်တယ်၏ နှလုံးသားနှင့် ဦးခေါင်းကို ထိုးဖောက်သွားခဲ့သည်။

“အရက်နှစ်ဆမူး တိုက်ကွက်”

ဤတိုက်ကွက်က ပိုရက်စက်ပြီး ပိုမြန်သည်။

အကြီးအကဲ အဆိပ်နဂါး သူ့လက်ကို ရုတ်သိမ်းလိုက်သောအခါတွင် သွေးစွန်းထင်းမှု လုံးဝမရှိခဲ့ပေ။

အဆိပ်နဂါး၏ ကိုယ်တွင်းမှ ထွက်ပေါ်လာသော စွမ်းအင်သည် အလွန်ပြင်းထန်သည်။

ထို့ကြောင့် ဦးခေါင်းနှင့် ခန္ဓာကိုယ်ကို တိုက်ရိုက် ကွဲကြေသွားစေပြီး သွေးများကို အငွေ့ပျံစေကာ ခန္ဓာကိုယ်ကို ဆိုးရွားစွာ ဖျက်ဆီးပစ်လိုက်သည်။

အဆိပ်နဂါးက သူ့လက်ကို ရုပ်သိမ်းလိုက်ပြီးနောက်တွင် ဤ “မဟာသေမင်းသမန် စီနီယာ”တစ်ယောက် သူ၏ ဒုတိယအကြိမ် တိုက်ခိုက်မှုကြောင့် လုံးဝ သေဆုံးသွားကြောင်း အတည်ပြုခဲ့သည်။

ထို့နောက်တွင် သူက သက်ပြင်းချလိုက်သည်။

သူက ဤ “မဟာသေမင်းတမန်စီနီယာ”၏ ခန္ဓာကိုယ်အပေါ်ပိုင်းကို လုံးလုံးလျားလျား ဖျက်ဆီးခဲ့၏။

မဟာသေမင်းသမန် စီနီယာသာ ဤအခြေအနေကို ရှင်သန်နိုင်ခဲ့လျှင် တကယ်ကို ထူးဆန်းပေလိမ့်မည်။

ရှင်ပြန်ထမြောက်ခြင်း မှော်စွမ်းရည်တိုင်းတွင် အချက်အချာကျသည့် အူတိုင်ပါရှိသည်။

ထိုအူတိုင်သည် ဦးခေါင်း မဟုတ်လျှင် များသောအားဖြင့် နှလုံးသား ဖြစ်နေတတ်သည်။

ဤမဟာသေမင်းတမန် စီနီယာက ကြိုတင်ကာကွယ်မှုအဖြစ် ခန္ဓာကိုယ်တွင် "ရှင်ပြန်ထမြောက်ခြင်း"မှော်စွမ်းရည်ကိုအသက်သွင်းထားသော်လည်း အကြီးအကဲ အဆိပ်နဂါးသည် ရင်ဘတ်နှင့် ဦးခေါင်းခွံကို တိုက်ရိုက် ဖျက်ဆီးပစ်ခဲ့သည်။

သူ့အနေဖြင့် ရှင်သန်ဖို့ အလားအလာ မရှိနိုင်တော့ပေ။

အရာအားလုံး ပြီးသွားသောအခါတွင် အဆိပ်နဂါးသည် သူ့လက်ကို ပြန်ရုတ်သိမ်းလိုက်ပြီး နဖူးမှချွေးများကို ကူကယ်ရာမဲ့စွာဖြင့် သုတ်လိုက်သည်။

ယနေ့ကဲ့သို့ အခက်အခဲကို သူ မမျှော်လင့်ထားချေ။

စိတ်ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်ကျင့်ကြံသူကို ကိုင်တွယ်ရန် စွမ်းအင်များစွာကို သူအသုံးပြုခဲ့ပြီ ဖြစ်သည်။

ဗုံးပစ်စီနီယာအင်မော်တယ်၏ လက်ကျန်ခန္ဓာကိုယ် တစ်ဝက်ကို စိုက်ကြည့်ရင်း အေးစက်စွာ ရေရွတ်လိုက်သည်။

"ဟက်.. ဒီအရှင်ရဲ့ တိုက်ခိုက်မှုကနေ ရှင်သန်နိုင်ဖို့မလွယ်ဘူးဆိုတာ သိသွားပြီ မဟုတ်လား"

ထိုစကားကိုပြောပြီး ဒုတိယထပ်ကို သွားဖို့ ရည်ရွယ်ချက်ဖြင့် တစ်ဖက်လှည့်လိုက်သောအချိန်မှာပင် လက်တစ်ဖက်သည် သူ့ပုခုံးပေါ်သို့ နောက်တစ်ကြိမ် ပြုတ်ကျလာခဲ့သည်။

သူက ခြေတစ်လှမ်းသာ လှမ်းရသေး၏။

"ငလူး.. မင်း လက်ဆကို နည်းနည်းလောက် လျော့လို့ မရဘူးလား.. နာကျင်လိုက်တာကွ"

အဆိပ်နဂါး "???"

[ဒီလူက မသေနိုင်တော့ဘူးလား]

ဤလူက သူသတ်ပစ်ရမည့် မဟာသေမင်းတမန် စီနီယာမှ ဟုတ်ပါလေစ။

ဗုံးပစ်စီနီယာ အင်မော်တယ်က သူ့ခေါင်းကို ထိကိုင်ကြည့်လိုက်ရာ ပုံမှန်အတိုင်းပင် ဖြစ်ကြောင်း တွေ့လိုက်ရသည်။

သူဝတ်ထားသည့် တာအို၀တ်စုံက အလွန်ဈေးကြီး၏။

စိတ်ဝိညာဥ် ဖိနှိပ်ခြင်း လက်စွပ်သည် အဝတ်များကိုပင် ပြန်ယူနိုင်သည်။

ရှင်ပြန်ထမြောက်ပြီးနောက်တွင် တာအိုဝတ်စုံသည် အသစ်စက်စက် ပြန်ဖြစ်သွားခဲ့သည်။

တွန့်ကြေရာများ မရှိတော့ဘဲ တောက်ပသော အလင်းများပင် ထုတ်လွှတ်နေသည်။

ဤသို့ဖြင့် တာအိုဝတ်ရုံဟောင်းများကို ပြန်လည်ပြုပြင်၍ ရမည့် နည်းလမ်းသစ်ကို သူ ရုတ်တရက် ရှာဖွေတွေ့ရှိခဲ့သည်။

သို့ရာတွင် ဈေးနည်းနည်းကြီးသည်။

အရေးအကြီးဆုံးမှာ အသတ်ခံရသည့်အချိန်တွင် တကယ်ကို နာကျင်လွန်းခြင်း ဖြစ်၏။

သို့သော် ဗုံးပစ်စီနီယာ အင်မော်တယ်သည် အသတ်ခံရခြင်းကို တဖြည်းဖြည်း ခံနိုင်ရည်ရှိပုံ ရလာကြောင်း သူ့ကိုယ်သူ သတိထားမိခဲ့သည်။

အဆိပ်နဂါး၏ ဒုတိယအကြိမ် တိုက်ခိုက်မှုက ပထမအကြိမ်ထက် နာကျင်မှုနည်းပါးကြောင်း သူခံစားခဲ့ရသည်။

တကယ်တမ်းတွင် ဗုံးပစ်စီနီယာ အင်မော်တယ်သည် စိတ်ဝိညာဥ်ဖိနှိပ်ခြင်းလက်စွပ်၏ လက္ခဏာများကို စမ်းသပ်ရန်အတွက် သူ့ကို သတ်ပေးရန် ငွေရောင်လေးအား အကြိမ်ကြိမ် တောင်းဆိုခဲ့၏။

သို့သော် ငွေရောင်လေးက ထိုသို့လုပ်ဆောင်ရန် ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည်။

ယခု အကြီးအကဲ အဆိပ်နဂါး ရောက်ရှိလာခြင်းနှင့်အတူ ဗုံးပစ်စီနီယာ အင်မော်တယ်သည် ဤစမ်းသပ်မှုကို ပြုလုပ်ရန် အခွင့်ကောင်းတစ်ခု ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

တကယ်တမ်း ဤခေတ်တွင် စကားများများမပြောဘဲ တိုက်ခိုက်မည့် လူဆိုး အများအပြား မရှိခဲ့ပေ။

ဗုံးပစ်စီနီယာ အင်မော်တယ်က ဤအခွင့်အရေးကို အသုံးချရမည်ဟု ခံစားမိသည်။

အကြီးအကဲ အဆိပ်နဂါးက ချက်ချင်းဆိုသလို ရှင်ပြန်ထမြောက်လာသော ဗုံးပစ်စီနီယာ အင်မော်တယ်ကို မှင်တက်စွာ ကြည့်နေမိသည်။

“မင်း.."

"စကားတွေတောင် ထစ်ကုန်ပါလား အဆိပ်နဂါး"

ဗုံးပစ်စီနီယာအင်မော်တယ်က ခနဲ့လိုက်သည်။

အဆိပ်နဂါး “........…”

ဗုံးပစ်စီနီယာအင်မော်တယ် “မင်းမှာ တခြားနည်းစနစ်တွေရှိသေးလား.. လာပါ.. ကြိုက်သလောက် အသုံးပြုလိုက်”

“.........…”

သူ့ရှေ့မှ မဟာသေမင်းတမန်စီနီယာက ကိုင်တွယ်၍မလွယ်ကူကြောင်း အကြီးအကဲ အဆိပ်နဂါး ရုတ်တရက် ခံစားလိုက်ရသည်။

ဤအတိုင်းဆို သူ ရူးတော့မည်။

အကြီးအကဲအဆိပ်နဂါးက သူ၏တိုက်ခိုက်မှုတွင် စွမ်းအားမြှင့်တင်လိုက်ပြီး ဗုံးပစ်စီနီယာ အင်မော်တယ်ကို တိုက်ခိုက်လိုက်သည်။

…............

ငါးမိနစ်လောက်အကြာတွင် အဆိပ်နဂါးသည် အသက်ရှုမဝ၍ ဒူးပေါ်လက်တင်ကာ အသက်ဝအောင်ရှုနေရသည်။

သူက ဗုံးပစ်စီနီယာအင်မော်တယ်ကို စေ့စေ့ကြည့်ကာ မေးခွန်းထုတ်လိုက်၏။

"မဟာသေမင်းတမန် စီနီယာ.. ငါဘာလို့.. မင်းကို မသတ်​နိုင်​ရတာလဲ.."

စီနီယာအင်မော်တယ် “မင်းသတ်ချင်တဲ့လူက တခြားသူတစ်ယောက် ဆိုရင်တော့ မပြောတတ်ဘူး...ငါ သေမင်းတမန် စီနီယာ ဆိုရင်တော့ မင်းဘာမှတတ်နိုင်မှာမဟုတ်ဘူး"

အဆိပ်နဂါး “….........”

အပိုင်း(၆၆၇) ပြီး၏

All Chapters