အခန်း (၆၆၈)
Vol. 45 Ch. 668
တစ်ဖက်လူက စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူမျှသာ ဖြစ်သော်လည်း အကြီးအကဲ အဆိပ်နဂါးက အမှန်တကယ် ကူကယ်ရာမဲ့နေခဲ့သည်။
ဗုံးပစ်စီနီယာ အင်မော်တယ်၏ "မင်းဘာမှ မတတ်နိုင်ဘူး"ဟူသည့် စကားကြောင့် အကြီးအကဲအဆိပ်နဂါးက ဒေါသထွက်သွားသည်။
သူက အဆင့်မြှင့်တင်ထားသော အဆိပ်နဂါး နည်းစနစ်အားလုံးကို လက်တွေ့ကျကျ အသုံးပြုခဲ့ပြီးပြီ ဖြစ်သော်လည်း တစ်ဖက်လူက ဆက်လက် ရှင်သန်နေဆဲပင်။
[သူဘယ်လိုလုပ်ပြီး အသက်ရှင်နေတာလဲ]
အကြီးအကဲ အဆိပ်နဂါးက လုံးဝ တွေးမရခဲ့ပေ။
ဗုံးပစ်စီနီယာ အင်မော်တယ်အတွက် အကြီးအကဲ အဆိပ်နဂါးသည် အမှန်တကယ်ပင် အင်အားကြီးမားသော ရန်သူဖြစ်သည်။
အကယ်၍ သူသာ ဤရန်သူကို ယခင်က ကြုံတွေ့ခဲ့လျှင် သေဆုံးသွားလိမ့်မည်ဟု ခံစားမိသည်။
သို့သော် ယခုအခါတွင်သူ့ထံ၌ကမ္ဘာ့ဖီဆန်မှော်ရတနာတစ်ခု ရှိနေသောကြောင့် အခြေအနေက ကွာခြားသွားခဲ့ပြီ ဖြစ်သည်။
ကမ္ဘာဖီဆန်မှော်ရတနာသည် ပကတိ အင်မော်တယ် အဆင့်အောက်ရှိ မည်သည့်တိုက်ခိုက်မှုကြောင့်မျှ ပျက်စီးမည်မဟုတ်ပေ။
အဆိပ်နဂါးက ဤတစ်ကြိမ် သူကိုင်တွယ်ရမည့်သူမှာ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်တွင်သာ ရှိနေသည့် "မဟာသေမင်းတမန် စီနီယာ" ဖြစ်သည်ဟု သိရသောအခါ လေးလေးနက်နက် သိပ်မရှိခဲ့ပေ။
တကယ်တမ်းတွင် အကြီးအကဲ အဆိပ်နဂါးထက် လေးလေးနက်နက် မရှိသည့်သူမှာ ဗုံးပစ်စီနီယာအင်မော်တယ် ဖြစ်သည်။
ကျိုးရီ၏ ဖုန်းသတိပေးချက်ကို လက်ခံရရှိသည့် အချိန်မှစ၍ ဗုံးပစ်စီနီယာအင်မော်တယ်သည် နတ်ဆိုးမုဆိုးများအဖွဲ့အစည်းမှ မည်သူ့ကို စေလွှတ်လိုက်သည်ဖြစ်စေ၊ သူ့လက်စွပ်ကို ဖျက်ဆီးနိုင်သည့် နည်းလမ်းမရှိကြောင်း သိရှိခဲ့သည်။
သူ့ရှေ့တွင် ငိုင်နေသော အဆိပ်နဂါးကို လျစ်လျူရှုရင်း ဗုံးပစ်စီနီယာအင်မော်တယ်က မှတ်စုစာအုပ်ငယ် တစ်ခုကို ထုတ်ကာ အကြီးအကဲ အဆိပ်နဂါး၏ အစောပိုင်း တိုက်ခိုက်မှုများကို စတင် မှတ်တမ်းတင်ခဲ့သည်။
အဆိပ်နဂါး၏ စွမ်းဆောင်ရည်ကို စမ်းသပ်ရန် အခွင့်အရေးမျိုးသည် သူအချိန်တိုင်းရနိုင်သည့် အခွင့်အရေးမျိုး မဟုတ်ပေ။
သူက ဤစမ်းသပ်မှုမှရရှိသော အချက်အလက်များကို ကျင့်ကြံခြင်း ဖိုရမ်၏ "စွယ်စုံစကေးလ်ကျမ်း”တွင် ထည့်သွင်းမည် ဖြစ်သည်။
ထိုကျမ်းတွင် ကျင့်ကြံခြင်းနှင့် ပတ်သက်သည့် မှော်စကေးလ်များကို ဖော်ပြထားခဲ့သည်။
၎င်းတို့ကို အလွန်အသေးစိတ်ကျစွာ အမျိုးအစားခွဲခဲ့ပြီး စကေးလ် တစ်ခုစီ၏ စွမ်းအား ပျက်စီးမှုအဆင့်ကိုပင် အထူးအကဲဖြတ်ခဲ့သည်။
ဗုံးပစ်စီနီယာအင်မော်တယ်က သူ၏ မှတ်စုစာအုပ်ငယ်တွင် အဆိပ်နဂါး၏ တိုက်ခိုက်ပုံကို အသေးစိတ် ရေးမှတ်ခဲ့သည်။
[အဆိပ်နဂါးသည် တိုက်ခိုက်နေစဥ် အတွင်း လက်တစ်ဖက်ကို ခန္ဓာကိုယ်ထိုးဖောက်သည့် ပျော့ပျောင်းသော သတ္တုဝက်အူအဖြစ် ပြောင်းလဲစေနိုင်သည်။
သူ၏ လက်သည် ကြီးမားသော အမြောက်ကဲ့သို့ အားကောင်းပြီး အလွန်သေစေနိုင်သည်။
ရမှတ်- ၇.၅ မှတ်]
အဆိပ်နဂါး “…..........”
စာရေးနေရင်း ဗုံးပစ်စီနီယာအင်မော်တယ်က ရုတ်တရက် အကြီးအကဲ အဆိပ်နဂါးကို လှည့်ကြည့်လိုက်သည်။
“အင်း ဒါနဲ့.. ညီနောင် အဆိပ်နဂါး… အခုလေးတင်သုံးခဲ့တဲ့ ဒုတိယတိုက်ကွက်ကို ဘယ်လိုခေါ်တာလဲ.. အရက်မူး ဘာဆိုလား.. ငါသေချာ မမှတ်မိလိုက်လို့”
“နှစ်ဆအရက်မူးတိုက်ကွက်” ဟု လေးနက်သော အသံဖြင့် ပြန်မဖြေမီတွင် အဆိပ်နဂါး၏ နှုတ်ခမ်းများက ရွဲ့သွားသည်။
သို့သော်ဤသည်က အဓိကအချက်မဟုတ်ပေ။
သူက ညီနောင် အဆိပ်နဂါး မည်သို့ဖြစ်လာရသနည်း။
ဗုံးပစ်စီနီယာ အင်မော်တယ်က အဆိပ်နဂါး၏ ညိုပုတ်နေသောမျက်နှာကို အာရုံစူးစိုက်မှုမရှိဘဲ မှတ်စုတွင်သာ စိတ်အားထက်သန်စွာ ရေးမှတ်နေခဲ့သည်။
ကျင့်ကြံခြင်းဖိုရမ်၏ ပိုင်ရှင်အနေဖြင့် ဖိုရမ်၏ အရင်းအမြစ်များကို အချိန်နှင့် တစ်ပြေးညီ ဖြည့်တင်းရန်မှာ သူ၏ တာဝန် ဖြစ်သည်။
ထိုအချိန်တွင် အဆိပ်နဂါး၏ အတွေးအမြင်က ပြိုလဲသွားခဲ့သည်။
ရိုးသားစွာ ဝန်ခံရလျှင် ဤမစ်ရှင်ကို လက်ခံမိခြင်း အတွက် နောင်တရနေခဲ့၏။
ဤမဟာသေမင်း တမန်စီနီယာသည် တရားမျှတမှုကို မြတ်နိုးသောလူတစ်ဦးဟု သူအရင်က ကြားသိခဲ့ရသည်။
သူ့အမြင် ထိုလူက ကြောက်စရာကောင်းသူ တစ်ယောက်ဖြစ်၏။
သူက တစ်ဖက်လူ၏ အသက်ကို လိုချင်သော်လည်း တစ်ဖက်လူက သူ့ကို လုံးဝ လျစ်လျူရှုကာ စိတ်အားထက်သန်စွာ မှတ်သားနေခဲ့သည်။
အဆိပ်နဂါး "မင်း ဘာလုပ်နေတာလဲ"
“ဖိုရမ်ရဲ့ ဒေတာဘေ့စ်ကို အပ်ဒိတ်လုပ်ဖို့ အတွက် ဒေတာတွေ စုဆောင်းနေတာပါ”
ဗုံးပစ်စီနီယာအင်မော်တယ်က သူ့ရှေ့မှ အဆိပ်နဂါးကို ပြုံး၍ ကြည့်ကာ အမှန်အတိုင်း ဖြေလိုက်သည်။
“ကျေးဇူးအများကြီးတင်ပါတယ် ညီနောင် အဆိပ်နဂါး.. ဖိုရမ်ရဲ့ စွယ်စုံကျမ်း အတွက် အဖိုးမဖြတ်နိုင်တဲ့ အချက်အလက်တွေ ပေးလို့ ကျေးဇူးတင်ပါတယ်”
"မင်း ငါ့ကို သောက်ခွက်ပြောင်နေတာလား.. ဒါမှမဟုတ် လေးလေးနက်နက် ပြောနေတာလားတော့ ငါမသိဘူး.. ဒါပေမဲ့ ငါကတော့ မင်းကိုသတ်ဖို့ ရောက်လာတာပဲ"
အဆိပ်နဂါးက သည်းမခံနိုင်တော့ပေ။
နောက်ထပ် အခိုက်အတန့်တွင် ပြင်းထန်သည့် စွမ်းအားများ သူ့ခန္ဓာကိုယ်ထဲကနေ ထွက်လာသည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က မှင်တက်သွားပြီး သူ၏ မှတ်စုစာအုပ်ငယ်ကို အလျင်အမြန် ပြန်သိမ်းလိုက်သည်။
"ငါသိတယ်"
အဆိပ်နဂါး “........…”
ဗုံးပစ်စီနီယာအင်မော်တယ်
"ဒါပေမယ့် မင်းငါ့ကို သတ်လို့မရဘူးမလား.. မင်းဒီမှာ အချိန်ဖြုန်းနေမဲ့အစား အပေါ်ထပ်ကလူကို ဘာလို့ မတိုက်ခိုက်သေးတာလဲ"
အဆိပ်နဂါးက သွားများကို အံကြိတ်လိုက်သည်။
“…..........”
သူ့ရှေ့ရှိ သေမင်းတမန်စီနီယာသည် အလွန်တရာ မူမမှန်သည်မှာ ရာနှုန်းပြည့် သေချာနေပြီဖြစ်သည်။
ထို့အပြင် သူက သေမင်းတမန် စီနီယာကို အကြောင်းတစ်ခုခုကြောင့် ကြောက်လန့်သလိုပင် ခံစားလိုက်ရသည်။
သူက ဤမဟာသေမင်းတမန် စီနီယာ၏ စစ်မှန်သောနယ်ပယ်အဆင့် နှင့် ပတ်သက်၍ပင် သံသယများ စတင်ဝင်နေပြီ ဖြစ်သည်။
မဟာသေမင်းတမန် စီနီယာက စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်ကျင့်ကြံသူဟု ကောလာဟလများ ထွက်ပေါ်ခဲ့သော်လည်းတစ်ဖက်လူက ကျင့်ကြံခြင်း နယ်ပယ်အဆင့်ကို ဖုံးကွယ်ထားနိုင်ဖွယ်ရှိသည်ဟု အကြီးအကဲ အဆိပ်နဂါး ယူဆခဲ့သည်။
တစ်ခုသိထားရမည်မှာ တကယ်ပဲ စိတ်ဝိညာဥ်ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူ ဖြစ်နေလျှင် မဟာ သေမင်းတမန် စီနီယာက အလွန်ပင် တည်ငြိမ်လွန်းသည်ဟု ဆိုရမည်။
ဟွာရှို့နိုင်ငံတွင် ခြေသလုံးအိမ်တိုင် အင်မော်တယ်တစ်ရာအောက်သာ ရှိသော်လည်း ပကတိအင်မော်တယ်ကမူ လက်ချိုး၍ပင် ရေတွက်၍ရသည်။
နတ်ဆိုး မုဆိုးများအဖွဲ့အစည်း၏ အထူးလေ့ကျင့်မှုကို ခံခဲ့ရသော သူတို့ကဲ့သို့ နိုင်ငံရပ်ခြားမှ ထိပ်တန်း ကျင့်ကြံသူများပြန်လည် ရောက်ရှိလာခြင်းသည် ခြေသလုံးအိမ်တိုင် အင်မော်တယ်များ ကြားတွင် ထင်ရှားပေါ်လွင်နေခဲ့သည်။
သို့သော် ထိပ်တိုက်တွေ့သည့် အချိန်တွင် ဤမဟာသေမင်းတမန် စီနီယာ၌ စိုးရိမ်ပူပန်သည့် အရိပ်အယောင်ကိုအနည်းငယ်မျှပင် မတွေ့ခဲ့ရပေ။
ယင်းက ဤပုဂ္ဂိုလ်သည် ထိပ်တန်းကျင့်ကြံသူ တစ်ယောက်ဖြစ်ကြောင်း သက်သေပြနေသလိုပင်။
အဘယ်ကြောင့်ဆိုသော် သူ၏ အော်ရာ နှင့် အတူ ပါလာသော ဖိနှိပ်မှုကို လျစ်လျူရှုနိုင်ခဲ့သောကြောင့် ဖြစ်၏။
ထိုအကြောင်းကိုတွေးရင်း အဆိပ်နဂါးက အေးစက်သော ချွေးများ ကူကယ်ရာမဲ့စွာ ထွက်လာသည်။
ဤမဟာ သေမင်းတမန်စီနီယာက တစ်ခုခုမှားနေပြီ ဖြစ်သည်။
အဆိပ်နဂါးက ဒုတိယထပ်ကို လှမ်းကြည့်ပြီးနောက် ဗုံးပစ်စီနီယာအင်မော်တယ်ကို ကြည့်လိုက်သည်။
“အဲဒီမှာပဲ ရပ်နေ မလှုပ်နဲ့.. ငါ မင်းကို အခု လွှတ်ထားလိုက်မယ်... ဒါပေမယ့် ဒုတိယထပ်က လူကိုတော့ သတ်ရမယ်"
ဗုံးပစ်စီနီယာအင်မော်တယ်က ခေါင်းညိတ်ပြီး ပြုံးလိုက်သည်။
"ဆက်လုပ်ပါ"
အကြီးအကဲ အဆိပ်နဂါးက ဒေါသထွက်နေသော်လည်း ချက်ချင်းပင် လှေကားပေါ်သို့ တက်လိုက်သည်။
အဆုံးသတ်တွင် နှင်းဖြူခြေထောက်က သူ့မျက်နှာကို ထိမှန်သွားခဲ့သည်။
..........
ပထမထပ်မှ ဆူညံမှုသည် ငွေရောင်လေးကို အလွန်စိတ်ပျက်သွားစေသည်။
သူက စာရေးနေဆဲ ဖြစ်၏။
ဆူညံသံက သူ၏ ဖန်တီးမှု လုပ်ငန်းစဉ်ကို အနှောင့်အယှက် ဖြစ်ခဲ့၍ ငွေရောင်လေး၏ နှလုံးသားထဲတွင် ဒေါသအစိုင်အခဲများ ဖြစ်ပေါ်လာခဲ့သည်။
"မင်းဘယ်သူလဲ.. ကျေးဇူးပြုပြီး ငြိမ်ငြိမ်မနေနိုင်ဘူးလား.. ငါဝတ္ထုရေးနေတာ မသိဘူးလား"
ငွေရောင်လေးက အော်ငေါက်လိုက်သည်။
အစောပိုင်းက စိတ်ကူးတွေပြည့်နှက်လာ၍ အပေါ်ထပ်ကို တက်လာခဲ့သော်လည်း အရာအားလုံးက သူ့ခေါင်းထဲမှာ ရှုပ်ပွနေခဲ့သည်။
အောက်ထပ်သို့ ဆင်းလာသောအခါတွင် လှေကားကနေ တစ်စုံတစ်ယောက် အပြေးအလွှား တက်လာသည်ကို တွေ့လိုက်ရသောကြောင့် ငွေရောင်လေးက မျက်နှာကို တိုက်ရိုက် ကန်ကျောက်ပစ်လိုက်သည်။
ယင်းက အလွန်ပြင်းထန်သော ကန်ချက်ဖြစ်သည်။
၎င်းက ငွေရောင်လေး၏ သာမာန်တိုက်ခိုက်မှုတစ်ခုသာ ဖြစ်သော်လည်း အဆိပ်နဂါးသည် နံရံသို့ တိုက်ရိုက် ကျွံဝင်သွားခဲ့သည်။
အဆိပ်နဂါးက မျက်နှာကို အကန်ခံရသည့်အတွက် ချက်ချင်းပင် ဒေါသအိုးပေါက်ကွဲသွားသည်။
"သေစမ်း"
သူက လျှပ်စီးအဆိပ်နဂါးနည်းစနစ်ကို ထပ်မံ အသုံးပြုခဲ့သည်။
ငွေရောင်ဆံပင် လူငယ်လေး၏ သန်မာသော ပြန်လည်နလန်ထူနိုင်စွမ်းကို ထည့်သွင်းစဉ်းစား၍ ငွေရောင်လေး၏ ရင်ဘတ်ကို ထိမှန်စေရန် လုံးလုံးလျားလျား အားစိုက်ထားခဲ့သည်။
"အား.. မကောင်းတော့ဘူး"
"မင်းအခုကြောက်နေပြီမလား"
အဆိပ်နဂါး၏ ပြင်းထန်သောတိုက်ခိုက်ပုံကို မြင်လိုက်ရသဖြင့် ငွေရောင်လေးက ထိုတိုက်ခိုက်မှုကို ရှောင်တိမ်းချင်သော်လည်း အခါနှောင်းသွားခဲ့သည်။
အဆိပ်နဂါး၏ တိုက်ကွက်သည် ငွေရောင်လေး၏ ခန္ဓာကိုယ်ကို တိုက်ရိုက်ထိမှန်ခဲ့သည်။
သို့သော် ကံမကောင်းစွာပဲ ငွေရောင်လေး၏ ခန္ဓာကိုယ်သည် အကြီးအကဲ အဆိပ်နဂါး ထင်ထားသည်ထက် ပို၍ ခံနိုင်ရည်ရှိပြီး ခြစ်ရာတစ်ခုမျှသာ ကျန်ရစ်ခဲ့သည်။
အဆိပ်နဂါးက သူ့လက်ကို ရုတ်သိမ်းလိုက်ပြီးနောက် မျက်နှာပေါ်တွင် ထိတ်လန့်တကြား အမူအရာဖြစ်ပေါ်လာ၏။
"ဒါက ဘယ်လိုဖြစ်ရတာလဲ"
ထိုခဏတွင် လည်ပင်းတစ်ဝိုက်၌ လည်ပတ်တစ်ခု တပ်ထားသည့် လူငယ်က သူ့ကို တောင့်တစွာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ငွေရောင်လေး "အရမ်း ခံလို့ကောင်းတာပဲ"
အဆိပ်နဂါး "???"
ငွေရောင်လေး “ငါ့ကို ထပ်ရိုက်ပေးပါဦး”
အပိုင်း(၆၆၈) ပြီး၏