← Chapters

အကြီးအကဲအဆိပ်နဂါး၏ သံသယ

Vol. 45 Ch. 669

အကြီးအကဲအဆိပ်နဂါး၏ သံသယ

Vol. 45 Ch. 669

ဗုံးပစ်စီနီယာအင်မော်တယ် “….......”

လည်ပတ်ကို ၀တ်ဆင်ထားကတည်းကပင် ငွေရောင်ဆံပင်နှင့်လူငယ်လေးက ထူးဆန်းသည်ဟု သူခံစားမိခဲ့သည်။

ဤအိမ်ကြီးထဲမှ လူတွေအားလုံးသည် သူ့အတွက် အိပ်မက်ဆိုးများ ဖြစ်နိုင်ပါသလော။

ကျင့်ကြံသူ တစ်ဦးသည် သာမန်လူတစ်ဦးလို ဖယောင်းတိုင်လေးများနှင့် ကြာပွတ်ထံကနေ ပျော်ရွှင်မှုကို မည်သို့ရရှိနိုင်ပါမည်နည်း။

မှန်၏၊ သူက ခပ်ကြမ်းကြမ်းဆက်ဆံရသည်ကို နှစ်သက်သည့် သူတစ်ဦး မဟုတ်ခဲ့ပေ။

မည်သို့ပင်ဖြစ်စေ၊ သူက မစ်ရှင် အတွက် သူ့ကိုယ်သူ စတေးဖို့က လွဲပြီး ရွေးချယ်စရာမရှိသည့် သူတစ်ယောက်သာ ဖြစ်သည်။

ဗုံးပစ်စီနီယာအင်မော်တယ်၏ အတွေးက သူ့ထက်ပင် ပိုဆိုး၏။

[ညီနောင်ငွေရောင်လေးက ဒီလို ထူးဆန်းတဲ့ စိတ်ဆန္ဒတွေ ဘယ်အချိန်ကစပြီး နိုးထလာတာလဲ]

ဗုံးပစ်စီနီယာ အင်မော်တယ်က အလွန်ပင် ပဟေဠိ ဖြစ်နေခဲ့သည်။

ညီနောင်ငွေရောင်လေး တစ်ယောက် ဤထူးဆန်းသော စရိုက်လက္ခဏာကို ရှာဖွေတွေ့ရှိခြင်းသည် တာအို၏ လမ်းစဉ်နှင့် သက်ဆိုင်နေပါသလော။

အကြီးအကဲ အဆိပ်နဂါးက ယခု မစ်ရှင်တွင် ပါဝင်မိခြင်းအတွက် အမှန်တကယ်ပင် နောင်တရနေသည်။

သူက အရိုက်ခံရခြင်းကို နှစ်သက်သော “ဖြစ်ရိုးဖြစ်စဉ်ကို ဆန့်ကျင်သည့်သူ” နှစ်ဦးနှင့် တွေ့ဆုံခဲ့၏။

အခြေခံအားဖြင့် သူ မည်မျှပင်ရိုက်နှက်ပါစေ၊ ၎င်းတို့က မသေနိုင်သည်မှာ သေချာနေပြီ ဖြစ်သည်။

အဆုံးမဲ့ ရှင်ပြန်ထမြောက်နိုင်သည့် မဟာသေမင်းတမန် စီနီယာ မပြောနှင့်၊ သူ့ရှေ့ရှိ ငွေရောင်ဆံပင်နှင့် လူငယ်လေးပင် သူထင်ထားသည်ထက် ပိုသန်မာ၏။

အဆိပ်နဂါးက ယခုလှုပ်ရှားမှုတွင် သူ၏ စွမ်းအား အလုံးစုံကို အသုံးချခဲ့သော်လည်း အခြားသူ၏ခန္ဓာကိုယ်ကို မထိုးဖောက်နိုင်ခဲ့ပေ။

"ဒါဘယ်လိုဖြစ်နိုင်မှာလဲ"

သူ ပထမဆုံး စဥ်းစားမိသည်မှာ မော့အင်မော်တယ် ရဲတိုက်မှ ပံ့ပိုးပေးသော အချက်အလက်က မှားယွင်းနေသလား ဟူသည့် အချက်ဖြစ်သည်။

ယခုတစ်ကြိမ် နတ်ဆိုးမုဆိုးများ အဖွဲ့အစည်း၏ လုပ်ဆောင်ချက်အားလုံးသည် မော့အင်မော်တယ် ရဲတိုက်မှ အချက်အလက်များ အပေါ် အခြေခံထားသည် မဟုတ်လော။

ထိုအချက်အလက်များတွင် ငွေရောင်ဆံပင်နှင့် လူငယ်လေး၏ အချက်အလက် အပါအဝင် နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းမှ သိချင်သည့်အရာများ ပါ၀င်သည်။

ထိုအချက်အလက်ကိုအခြေခံလျှင် အကြီးအကဲ အဆိပ်နဂါးသည် ဤမစ်ရှစ်အတွက် အကောင်းဆုံးလူ ဖြစ်၏။

သို့သော်ပြဿနာမှာ အဆိပ်နဂါးတစ်ယောက် လက်ရှိတွင် အကျပ်အတည်း တွေ့နေသည်။

သူက ဤနှစ်ယောက်ကို လုံး၀ မတိုက်နိုင်ခဲ့ပေ။

အေးစက်သော ချွေးစက်အနည်းငယ်က သူ့နဖူးပေါ်ကနေ စီးကျလာသည်။

"ရွေးချယ်စရာမရှိတော့ဘူး.. ငါ့ရဲ့ဝှက်ဖဲကို သုံးရတော့မယ်"

ထိုအချိန်တွင် အဆိပ်နဂါး၏ မျက်နှာက ရုတ်တရက် မည်းမှောင်သွားသည်။

ဗုံးပစ်စီနီယာအင်မော်တယ်က ထို​မြင်ကွင်းကို မြင်သောအခါ မရိုးရှင်းဟု ခံစားမိခဲ့သည်။

"ညီနောင် ငွေရောင်လေး သတိထားပါ"

ငွေရောင်လေးက လက်ပိုက်ထားပြီး မျက်နှာပေါ်တွင် “လာပါ” ဟူသော အမူအရာရှိနေသည်။

အကြီးအကဲအဆိပ်နဂါး နှင့် ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့ပြီးသည့် နောက်တွင် အကြီးအကဲ အဆိပ်နဂါး၏ အလုံးစုံ အစွမ်းအစကို သူ ခန့်မှန်းနိုင်နေပြီ ဖြစ်သည်။

တကယ်တမ်းတွင် အကြီးအကဲ အဆိပ်နဂါးသည် မစ္စတာလု နှင့် အကြီးအကဲကျိုးဝူထက် အနည်းငယ်သာ ပိုသန်မာသည်။

ငွေရောင်လေးသည်လည်း ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။

သူက ဝတ္ထုရေးတာ ဝါသနာပါသော်လည်း နေ့စဥ် ကျင့်ကြံမှုကို လက်မလွှတ်ခဲ့ပေ။

သခင်လေးလင်းက သူ့ကို ခေါက်ဆွဲခြောက်ထုပ်တွေ အများကြီး ပေးခဲ့သော်လည်း အားလုံးကို မကြေညက်သေးပေ။

ထိုအရာအားလုံးကို ကြေညက်စွာ စုပ်ယူပြီးနောက်တွင် သူ၏ သန်မာမှုသည် ကြီးမားစွာ တိုးတက်မှုရှိလာမည် ဖြစ်သည်။

ဆိုရလျှင် သရေစာ ခေါက်ဆွဲခြောက်ထုပ် အကူအညီဖြင့် ငွေရောင်လေးသည် နေ့စဉ်နှင့်အမျှ တိုးတက်နေသည်။

ခေါက်ဆွဲခြောက်ထုပ်တစ်ထုပ်သည် ငွေရောင်လေးကို "ကြွယ်ဝသော ဝိညာဉ်စွမ်းအင်" ချက်ချင်းပေးနိုင်သည်။

ဤအခြေအနေတွင် သူတော်စင်သားရဲ၏ ကျင့်ကြံခြင်း အမြန်နှုန်းသည် အဖိုးတန် ဖုန်းရွှေ မြေနေရာတစ်ခုတွင် ကျင့်ကြံသူထက် အဆငါးဆယ် ပိုမြန်သည်။

ယခုအခါတွင် ငွေရောင်လေးသည် မစ္စတာလုကို ဖမ်းမိသည့်အချိန်ထက်ပင် အားကောင်းလာပြီ ဖြစ်သည်။

ထို့ကြောင့် ငွေရောင်လေးသည် သူ၏ ခွန်အားကို စမ်းသပ်ရန်အတွက် လိုက်ဖက်သော ပြိုင်ဘက်ကို ရှာဖွေရန် အရေးတကြီး လိုအပ်နေခဲ့သည်။

အဆုံးသတ်တွင် ဤအဆိပ်နဂါးက သူ့ကို တိုက်ခိုက်လာခဲ့သည်။

နှောက်ယှက်ခံရခြင်းအတွက် သူအနည်းငယ် မပျော်ရွှင်သော်လည်း မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ သူ့အတွက် ရှားရှားပါးပါး အခွင့်အရေးတစ်ခုလည်း ဖြစ်သည်။

ထို့ကြောင့် ယေဘုယျအားဖြင့် သူ မဖြုန်းတီးနိုင်ပေ။

"မင်းမှာ ပိုအားကောင်းတဲ့ တိုက်ခိုက်မှုတွေ ရှိသေးတယ် မဟုတ်လား...အခုက နည်းနည်း အားပျော့နေသလိုပဲ.. ပျင်းစရာကြီး"

ငွေရောင်လေးက အဆိပ်နဂါးကို ဆွပေးလိုက်သည်။

အဆိပ်နဂါး၏ နှုတ်ခမ်းများသည် ပြင်းထန်စွာ လှုပ်ယမ်းသွားသည်။

“…..........”

"မငေိုး"

အစောပိုင်းက သူ့ခွန်အားကို အကုန်သုံးပြီးသွားပြီ ဖြစ်၏။

"မင်းက လူတောင်မှ ဟုတ်ရဲ့လား"

နောက်ထပ် အခိုက်အတန့်တွင် အဆိပ်နဂါးသည် အသက်ခပ်ပြင်းပြင်းရှူလိုက်သည်။

ထိုခဏတွင် စီနီယာအင်မော်တယ် နှင့် ငွေရောင်လေး တို့သည် အဆိပ်နဂါး၏ လက်ထဲတွင် ခရမ်းရောင် နှင့် အပြာရောင် ဝိညာဉ်အလင်းတန်း နှစ်ခုကို တွေ့လိုက်ရသည်။

"စွမ်းအင်နှစ်ခုလား"

ဤခရမ်းရောင် အလင်းတန်းသည် အမှန်အားဖြင့် ဝိညာဉ်စွမ်းအင်ဖြစ်သည်။

သို့သော် ၎င်းတွင် ပေါင်းစပ်ထားသော အပြာရောင်အလင်းတန်းတစ်ခု ရှိနေသည်။

ငွေရောင်လေးက ဤအရာကို ပထမဆုံးအကြိမ် မြင်ဖူးခဲ့ပြီး အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရသည်။

သို့သော် သူ၏ ယေဘုယျ အသိပညာကို အားကိုးခြင်းဖြင့် ဤအပြာရောင်အလင်းသည် ဝိညာဉ်စွမ်းအင်နှင့် ကမ္ဘာဦးချီ ကဲ့သို့ စွမ်းအင် အရင်းအမြစ် အမျိုးအစားတစ်ခု ဖြစ်ကြောင်း အခြေခံအားဖြင့် ဆုံးဖြတ်နိုင်သည်။

ဤစွမ်းအင်သည် ဝိညာဉ်စွမ်းအင်ထက် ပိုသိပ်သည်းသော်လည်း ကမ္ဘာဦးချီထက် အားနည်းသည်။

ဗုံးပစ်စီနီယာ အင်မော်တယ်သည် စောစောက ဖုန်းထဲတွင် ကျိုးရီ ပြောခဲ့သည့် စကားကို ပြန်အမှတ်ရမိသည်။

ဤ နတ်ဆိုးမုဆိုးများ အဖွဲ့ဝင်များသည် နေကျွန်းမှ ပညာသင်ကြား၍ ပြန်လည် ရောက်ရှိလာသူများ ဖြစ်သည်။

ထိုအချက်ကို ထောက်ရှုလျှင် ဤစွမ်းအင် အရင်းအမြစ်၏ ပကတိဇစ်မြစ်သည် အလွန်ရှင်းလင်းသည်။

ဗုံးပစ်စီနီယာ အင်မော်တယ် “ညီနောင် ငွေရောင်လေး သတိထားပါ.. ဒါချက်ကရာပဲ"

ငွေရောင်လေး ထိတ်လန့်သွားသည်။

"အဲဒါကဘာလဲ"

"ဒါဟာ နေကျွန်းက နင်ဂျာတွေ မှာပဲရှိတဲ့ စွမ်းအင်တစ်မျိုးပဲ"

ဗုံးပစ်စီနီယာ အင်မော်တယ်က ဆိုလိုက်သည်။

"ဒါပေမယ့် ဝိညာဉ်စွမ်းအင်နဲ့ နင်ဂျာတွေရဲ့ ချက်ကရာစွမ်းအားက တစ်ခုနဲ့တစ်ခု ဆိုးဆိုးရွားရွား တုံ့ပြန်မှုရှိတယ်.. ယေဘုယျအားဖြင့် ပြောရရင် ဒီစွမ်းအင် အရင်းအမြစ်နှစ်ခုကို တစ်ချိန်တည်းမှာ ထုတ်သုံးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး"

တစ်နည်းဆိုရသော် နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းမှကျင့်ကြံသူအုပ်စုသည် စွမ်းအင်အရင်းအမြစ် နှစ်ခုလုံးကို တစ်ပြိုင်နက်အသုံးပြုနိုင်မည့် နည်းလမ်းများ ရှာတွေ့ခဲ့ပုံရ၏။

ထိုအချိန်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်သည် အတွေးထဲတွင် ပျောက်ဆုံးသွားခဲ့သည်။

အဆိပ်နဂါးက ပြုံးပြီး အေးစက်စွာ ရေရွတ်လိုက်၏။

“ဒဏ္ဍာရီလာ ​သေမင်းတမန်စီနီယာက မျှော်လင့်ထားတဲ့အတိုင်းပဲ"

"ငါက ချက်ကရာစွမ်းအင်ကိုလည်း ကျင့်ကြံထားတယ်...ဒီစွမ်းအင်ကို ပျိုးထောင်ဖို့ အရင်းအမြစ်များစွာ ကုန်ကျခဲ့ရတယ်.. ဒီစွမ်းအားကို အပြည့်အဝ အသုံးချနိုင်ခြင်း မရှိသေးပေမဲ့လည်း ဒီစွမ်းအားက ငါ့ရဲ့ အင်အားကို အချိန်တခဏအတွင်း တိုးပွားအောင် လုပ်ပေးနိုင်တယ်”

သို့သော်လည်း ဗုံးပစ်စီနီယာ အင်မော်တယ်သည် တစ်ခုနှင့်တစ်ခု တွန်းလှန်နိုင်သည့် စွမ်းအင်အရင်းအမြစ် နှစ်မျိုးကို တစ်ပြိုင်နက်တည်း အသုံးပြုပါက ပြန်လည်ပေးဆပ်ရမည့် အဖိုးအခ လုံးဝမရှိဟု မယုံကြည်ခဲ့ပေ။

နောက်ထပ် အခိုက်အတန့်တွင် အဆိပ်နဂါး၏ ညာဘက်လက်သည် ရေခဲသေတ္တာအရွယ်အစားသို့ ပြောင်းလဲသွားသည်။

ဤတစ်ကြိမ် သူ၏ လှုပ်ရှားမှုတွင် ကြီးကျယ်ခမ်းနားသော အရှိန်အဟုန် ရှိသည်ဟု ဆိုရမည်။

“နင်ဂျစ်ဆု.. ချက်ကရာစွမ်းအား”

ထို့နောက်တွင် ကြီးမားသော စွမ်းအင်လှိုင်းသည် ငွေရောင်လေး ဆီသို့ တစ်ဟုန်ထိုး တိုးဝင်လာသည်။

ဤသည်က တကယ်ကို ပြင်းထန်သည့် တိုက်ခိုက်မှုတစ်ခု ဖြစ်၏။

ငွေရောင်လေးက တင်းတင်းကြပ်ကြပ် မျက်မှောင်ကြုတ်ကာ ရိုက်နှက်ခြင်းကို ခံယူရန် အသင့်ဖြစ်နေသည်။

ထို့နောက် သူက အကြီးအကဲ အဆိပ်နဂါး၏ တိုက်ခိုက်မှုများကို ခံယူလိုက်သည်။

"နောက်ထပ်တိုက်ပါဦး... နောက်ထပ်.. ကျေးဇူးပြု၍.."

ရိုက်နှက်သံများက အိမ်တစ်ခုလုံး ဆူညံသွားခဲ့သည်။

ဆယ်မိနစ်အကြာ…

အဆိပ်နဂါးသည် လုံးဝ လက်လျှော့လိုက်တော့သည်။

သူက လက်​​အရမ်းနာနေခဲ့ပြီ ဖြစ်၏။

ယင်းက သူ ဂွင်းထုတုန်းကထက်ပင် ပိုပင်ပန်းသည်။

…...........

အဆိပ်နဂါးသည် ဤတစ်ကြိမ်တွင် အနည်းငယ် ကြောက်လန့်နေခဲ့သည်။

စောစောက သူ၏ ရက်စက်ကြမ်းကြုတ်သော သဘောထားက တိုက်ရိုက် ပျောက်ကွယ်သွားသည်။

အဘယ်ကြောင့်ဆိုသော် ဤနှစ်ယောက်ကို အနိုင်ယူရန် နည်းလမ်းမရှိဟု သူသိသောကြောင့်ပင်။

အဆိပ်နဂါး."ဘာလဲ.. မင်းတို့ ဘာလိုချင်တာလဲ"

ငွေရောင်လေး “….......”

ဗုံးပစ်စီနီယာ အင်မော်တယ် “...........…”

ဗုံးပစ်စီနီယာ အင်မော်တယ်က ချက်ခြင်းပင် ထိတ်လန့်သွားသည်။

အခြားတစ်ယောက်၏အိမ်တွင် တစ်ကိုယ်ကောင်းဆန်စွာ သောင်းကျန်းခဲ့သော လူရမ်းကာက သူတို့ ဘာလိုချင်သည်ကို အမှန်တကယ် မေးနေပါသလော။

[မင်းရဲ့ မာနက ဘယ်မှာလဲ]

ဗုံးပစ်စီနီယာအင်မော်တယ်က အဆိပ်နဂါးကို ကြည့်ရင်း အနည်းငယ် ဒေါသထွက်သွားသည်။

"ဒါက ဘယ်လိုအညံ့ခံတာမျိုးလဲ.. ဒါက ယောက်ျားတစ်ယောက်ရဲ့ ရိုမန်းတစ်လား"

အပိုင်း(၆၆၉) ပြီး၏

All Chapters