← Chapters

နောက်ထပ်အရူးတစ်ယောက်လား

Vol. 45 Ch. 670

နောက်ထပ်အရူးတစ်ယောက်လား

Vol. 45 Ch. 670

အဆိပ်နဂါး၏ စိတ်ဓာတ်က ပြိုလဲနေပြီဖြစ်သည်။

ယခုလို ခက်ခဲသည့် အခြေအနေမျိုး သူတစ်ခါမှမကြုံဖူးပေ။

သူ၏ "လျှပ်စီးအဆိပ်နဂါးနည်းစနစ်သည် သူ အားအထားရဆုံး နည်းစနစ်ဖြစ်သည်။

နိုင်ငံရပ်ခြားမှ ပြန်လာသူဆယ့်ငါးဦးတွင် အကြီးအကဲ ကျီရှင်းသည် အသန်မာဆုံးဖြစ်ပြီး ခန္ဓာကိုယ်အသွင်ပြောင်း မှော်စွမ်းရည်ဖြင့် ကျော်ကြားသော အကြီးအကဲ ယာရန်းသည် ဒုတိယဖြစ်သည်။

အကြီးအကဲ အဆိပ်နဂါးက စတုတ္ထအဆင့်တွင် ရှိသည်။

တတိယအဆင့်မှလူမှာ အမြီးကိုးချောင်း ​မြေခွေးစွမ်းအားကို အသုံးချနိုင်သည့် အကြီးအကဲမင်ရန် ​ဖြစ်သည်။

အကြီးအကဲ အဆိပ်နဂါးက စတုတ္ထအဆင့်သာ ရှိသော်လည်းသူ၏ "လျှပ်စီးအဆိပ်နဂါးနည်းစနစ်သည် ယာရန်၏ ခန္ဓာကိုယ်အသွင်ပြောင်း မှော်စွမ်းရည်ကို တားဆီးနိုင်စွမ်းရှိသည်။

ဆိုလိုသည်မှာ အကြီးအကဲ ယာရန်သည် မိမိကိုယ်ကို ကုသနိုင်စွမ်းတွင် အားကောင်းသော်လည်း လျှပ်စီးအဆိပ်နဂါးနည်းစနစ် ရှေ့တွင် ချို့ယွင်းချက် ရှိနေသည်။

သူက ဤကဲ့သို့ သေရေးရှင်ရေး အခြေအနေတွင် လျှပ်စီးအဆိပ်နဂါး တိုက်ကွက်ကို အသုံးပြုရန်အတွက် လုံးဝကျွမ်းကျင်မှု မရှိသေးသော ဒုတိယစွမ်းအင် အရင်းအမြစ် ဖြစ်သည့် "ချက်ကရာ"ကို ဝိညာဉ်စွမ်းအင်နှင့် ပေါင်းစပ်အသုံးပြုရန်အတွက် တွန့်ဆုတ်မနေခဲ့ပေ။

ဝိညာဉ်စွမ်းအင်နှင့် ချက်ကရာသည် သဟဇာတ မဖြစ်သောကြောင့် ဤကဲ့သို့ အသုံးပြုသည့် အတွက် တန်ရာတန်ကြေးကို သေချာပေါက် ပြန်လည်ပေးဆပ်ရမည် ဖြစ်၏။

ဤသည်မှာ အစောပိုင်းက ဗုံးပစ်စီနီယာ အင်မော်တယ် တွေးထားသကဲ့သို့ အတိအကျပင်။

မယုံနိုင်လောက်အောင် အစွမ်းထက်သော တိုက်ခိုက်မှုအပြီးတွင် အဆိပ်နဂါးသည် အလွန်အမင်း ခွန်အားယုတ်လျော့သွားသည်။

သူက နဂိုထဲက အလွန်ပိန်လှီသော လူတစ်ယောက် ဖြစ်သည်။

ဤလှုပ်ရှားမှုကြောင့် သူ၏စွမ်းအင်များက ခြောက်သွေ့သွားကာ အရိုးနှင့်အရေပြား မှလွဲ၍ ကျန်အရာများက လျော့ကျသွားခဲ့သည်။

သူ၏ မျက်လုံးများက အတွင်းသို့ နက်ရှိုင်းစွာ နစ်ဝင်သွားပြီး တစ်ကိုယ်လုံးတွင် ချွေးများဖြင့် ရွှဲနေသည်။

သူ့ဆံပင်တွေက ချက်ခြင်းပင် မီးခိုးရောင်ဖြစ်သွားပြီး သူ့ကို ဆယ်စုနှစ်နှင့် ချီ၍ အိုစာသွားစေခဲ့၏။

"ငါထင်ထားသလို.. သူက အဲဒီအတွက် ပြန်လည်ပေးဆပ်ခဲ့ရပုံပဲ"

ဗုံးပစ်စီနီယာအင်မော်တယ်က သူ့မှတ်စုစာအုပ်လေးကို ထုတ်ပြီး သူမြင်သမျှကို မှတ်တမ်းတင်လိုက်သည်။

၎င်းမှာ ဝိညာဉ်စွမ်းအင်နှင့် ချက်ကရာ တို့လို သဟဇာတ မဖြစ်သော စွမ်းအင် အရင်းအမြစ်နှစ်ခုကို ပေါင်းစပ်ပြီးနောက် ရရှိလာသည့် အကျိုးဆက် မှတ်တမ်း ဖြစ်သည်။

စီနီယာအင်မော်တယ်က အနီးကပ် စောင့်ကြည့်ရသည့် အခွင့်အရေးတစ်ရပ် ရခဲ့သည်။

သူ့မှတ်တမ်းအရ အွန်လိုင်းတွင် ပျံ့နှံ့နေသည့် နောက်ဆက်တွဲ အကျိုးဆက်များ ဆိုင်ရာ အချက်အလက်များသည် မှားယွင်းနေသည်။

စွမ်းအင် အရင်းအမြစ်နှစ်ခုကို ပေါင်းစပ်ထားခြင်းသည် ခန္ဓာကိုယ်ကို များစွာ ထိခိုက်စေနိုင်မည်ကို သူသိသော်လည်း လက္ခဏာရပ်များကိုမူ မသိခဲ့ချေ။

ငွေရောင်လေးက သူ့ထံသို့ ဖြည်းညှင်းစွာ ဝပ်တွား၍လာသော အကြီးအကဲ အဆိပ်နဂါးကို ငုံ့ကြည့်ရင်း လူရမ်းကား၏ ပစ်မှတ်ထားခြင်းကို ခံရသော အားနည်းသည့် မိန်းကလေးကဲ့သို့ ထိတ်လန့်နေခဲ့သည်။

"ပြန်ဆုတ်စမ်း.. မင်းဆက်တိုးလာရင် ငါ ရဲကို ခေါ်လိုက်မယ်"

အဆိပ်နဂါးက ခြေလှမ်းများစွာ နောက်ပြန်ဆုတ်ကာ နံရံ၏ ထောင့်တစ်နေရာသို့ ကပ်သွားခဲ့သည်။

သူက အားနည်းလွန်းသဖြင့် မတ်တပ်ပင် မရပ်နိုင်တော့ဘဲ လဲကျသွားခဲ့သည်။

အကျိုးဆက်သည် စီနီယာအင်မော်တယ် ထင်ထားသည်ထက်ပင် ပိုမိုဆိုးရွားနေသည်။

ငွေရောင်လေးက အဆိပ်နဂါး၏ အခြေအနေကို စစ်ဆေးကြည့်လိုက်သည်။

“ဒါက သူ့ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အဆီတွေကို စွမ်းအား အဖြစ် အသုံးပြုလိုက်တာကြောင့် ဖြစ်နိုင်တယ်.. ဒါကြောင့်ပိန်လှီသွားတာပဲ"

"ဒါဆို သူက အဆီတွေကို ချက်ကရာ အဖြစ် ပြောင်းလဲလိုက်တာပေါ့.. ချက်ကရာကို ဝိညာဉ်စွမ်းအင်နဲ့ ထိပ်တိုက်မဆုံမိအောင် အဆီကို လိုက်လျောညီထွေဖြစ်စေတဲ့ ကြားခံတစ်ခုအနေနဲ့ အသုံးပြုခဲ့တာကိုး"

ဗုံးပစ်စီနီယာအင်မော်တယ်က ချက်ခြင်းပင် နားလည်လိုက်သည်။

ဤသည်က အလွန်အရေးကြီးသာ့် ရှာဖွေတွေ့ရှိမှုဖြစ်တာကြောင့် သေချာ မှတ်တမ်းတင်ထားခဲ့သည်။

ငွေရောင်လေးက ထောင့်တစ်ခုတွင် လဲကျကာ တုန်တုန်ယင်ယင် ဖြစ်နေသော အဆိပ်နဂါး အဘိုးကြီးကို တို့ထိကြည့်လိုက်သည်။

အဆိပ်နဂါးက လဲကျနေပြီး အိပ်မက်ဆိုးမက်နေသကဲ့သို့ အဓိပ္ပါယ်မဲ့စွာ ရေရွတ်နေခဲ့သည်။

ငွေရောင်လေးက သက်ပြင်းချလိုက်သည်။

"နောက်ထပ် အရူးတစ်ယောက်တိုးလာပြန်ပါလား"

ထို့အပြင် အလွန်အရေးကြီးသော အရာတစ်ခုကို သူသဘောပေါက်ခဲ့သည်။

ဗုံးပစ်စီနီယာအင်မော်တယ်၏ စံအိမ်မှာ ပြဿနာလာရှာသည့် မည်သူမဆို ဇာတ်သိမ်းကောင်းမည်မဟုတ်။

ငွေရောင်လေးက အဆိပ်နဂါး၏မျက်နှာကို ဆိတ်ကြည့်လိုက်ရာ တစ်ဖက်က လုံးဝ ရူးသွပ်သွားပြီ ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

ထို့နောက် သူက ဗုံးပစ်စီနီယာ အင်မော်တယ်ကို လှည့်ကြည့်လိုက်သည်။

"ရဲကို ခေါ်လိုက်ရမလား"

ဗုံးပစ်စီနီယာအင်မော်တယ် သက်ပြင်းတစ်ချက် ချလိုက်မိသည်။

ငွေရောင်လေးက ရဲစခန်းတွင် ဖောက်သည်ဖြစ်နေပြီဟုပင် ဆိုနိုင်နေပြီ မဟုတ်ပါလား။

…..........

အခြားတစ်ဖက်တွင်ကျိုးရီသည် ဗုံးပစ်စီနီယာအင်မော်တယ် ထံမှ ဖုန်းရသောအခါတွင် အကြီးအကဲယင်း၏ အဆိပ် ခန္ဓာကိုယ် နှင့် ရင်ဆိုင်နေရသည်။

အကြီးအကဲယင်းက အဆိပ်မိကာ မြေပေါ်လဲကျပြီး သေဆုံးသွားခြင်း ဖြစ်၏။

ကျိုးရီရော ကျုံးလန်ပါ သူ့အနားကို မသွားရဲပေ။

အကြီးအကဲယင်း၏ ခန္ဓာကိုယ်သည် အဆိပ်ရှိဆဲဖြစ်သောကြောင့် သူတို့အနေဖြင့် အလွန်သတိထား၍ ကိုင်တွယ်ရမည် ဖြစ်သည်။

ဤသည်မှာ ကန္တာရ မြွေပွေးနှင့် တူ၏။

သတ်ပြီးလျှင် ခေါင်းကို လုံးလုံးလျားလျား မြှုပ်နှံရမည်။

အဘယ်ကြောင့်ဆိုသော် သေဆုံးသွားသော်လည်း ၎င်း၏ ပါးစပ်တွင် အဆိပ်ရှိနေဆဲ ဖြစ်သောကြောင့်ပင်။

သင်က သတိမထားမိဘဲ သူ့အစွယ်နှင့် ခြစ်မိလျှင် သင်သေလိမ့်မည်။

အဆုံးသတ်တွင် အကြီးအကဲယင်း၏ အဆိပ်သည် အကြီးအကဲယင်းကိုပင် ပြန်သေစေခဲ့သည်။

အကြီးအကဲယင်း ကွယ်လွန်ပြီးနောက်တွင် ကျိုးရီ၏ ခန္ဓာကိုယ်ကို စိုးမိုးထားသော ကျင့်ခယ်သည် ဗင်ကားမောင်းသူကို တိုက်ရိုက် ဖမ်းဆီးလိုက်သည်။

ထို့နောက်တွင် ကျိုးရီ ကိုယ်ထဲမှ ခွဲထွက်ကာ မက်မွန်သစ်သားဓားတစ်လက် အဖြစ်သို့ ပြန်ပြောင်းသွားခဲ့သည်။

ကျိုးရီက အဖြူရောင်လက်အိတ် တစ်စုံကို ကျနစွာ မ၀တ်မီ ကျင့်ခယ်ကို တိုက်ရိုက်မထိဝံ့ပေ။

သူက ဤလက်အိတ်ဖြူများကို ဟိုးအရင်ကတည်းက ပြင်ဆင်ထားခဲ့သည်။

ယင်းမှာ သခင်ကျင့်ခယ် နှင့် အတူတကွ တိုက်ပွဲဝင်သောအခါတွင် လေးစားမှုပြသရန် ဖြစ်သည်။

“ကြည့်ရတာ ငါအတွေးမှန်သွားတဲ့ပုံပဲ.. တစ်စုံတစ်ယောက်က မင်းဆီကို တကယ်ပဲ ရောက်လာခဲ့တယ်"

ကျိုးရီက ဖုန်းဖြင့် ပြောလိုက်သည်။

“ကံကောင်းတာက ငါတို့ဘာမှ ကြီးကြီးမားမား မဖြစ်ပါဘူး...ဒီလူကို ငါတို့ ဖမ်းထားပြီးပြီ”

ဗုံးပစ်စီနီယာအင်မော်တယ်က ပြန်ဖြေလိုက်သည်။

“ကျနော် အခုပဲ ဗင်ကားသမားကို စစ်မေးခဲ့တယ်.. မင်းဆီကို ရောက်လာတဲ့သူက နိုင်ငံခြားက ပြန်လာတဲ့ ဆယ့်ငါးယောက်ထဲမှာ စတုတ္ထအဆင့်ရှိတဲ့ အဆိပ်နဂါးလို့ ခေါ်တဲ့ အကြီးအကဲတစ်ယောက်ပဲ"

"စီနီယာအင်မော်တယ်က သူ့ကို ဘယ်လို ကိုင်တွယ်လိုက်တာလဲ"

ဗုံးပစ်စီနီယာအင်မော်တယ်က ရယ်လိုက်သည်။

"သူ ငါတို့ကို ဘာမှမတတ်နိုင်ဘူး.. ငါတို့က သူ့ကို သူ့ဘာသာသူ ပင်ပန်းနွမ်းနယ်အောင် လုပ်စေခဲ့တယ်”

ကျိုးရီ “…..........”

ဗုံးပစ်စီနီယာအင်မော်တယ် "ညီနောင်ကျိုး.. ဟိုမှာ ဘယ်လိုအခြေအနေရှိလဲ.. အကူအညီလိုသေးလား"

“လောလောဆယ်တော့ မလိုသေးဘူး”

ကျိုးရီ ခေါင်းခါယမ်းလိုက်သည်။

“ဒီအကြီးအကဲယင်းရဲ့ ခန္ဓာကိုယ်က အဆိပ်တွေ အရမ်းများတဲ့အတွက် ကျွန်တော်တို့ သူ့ဆီ တိုက်ရိုက် ချဉ်းကပ်လို့မရဘူး.. စည်ပင်ရုံးကို အခုပဲ ဖုန်းဆက်ပြီး ဖြတ်သွားဖြတ်လာတွေ အတွက် လမ်းခဏ ပိတ်ခိုင်းထားတယ်"

"ဓာတုကာကွယ်နှိမ်နင်းရေး အဖွဲ့က လမ်းတစ်ဝက်မှာ ရောက်နေပြီ.. သူတို့က အကြီးအကဲယင်းရဲ့ ခန္ဓာကိုယ်ကို ကိုင်တွယ်ဖြေရှင်းဖို့ တာဝန်ယူလိမ့်မယ်"

“ဒါဆို ကောင်းတယ်.. ငါတို့လည်း ဒီမှာ အကြီးအကဲအဆိပ်နဂါးကို ဖမ်းချုပ်ထားပြီးပြီ.. ညီနောင်ကျိုး ကိုင်တွယ်ဖို့ ငါတို့စောင့်နေမယ်”

ဗုံးပစ်စီနီယာအင်မော်တယ်က ပြောလိုက်သည်။

ကျိုးရီ "ကောင်းပြီ စီနီယာအင်မော်တယ်.. ဓာတုကာကွယ်နှိမ်နင်းရေးအဖွဲ့က ဒီကိုရောက်ပြီး အကြီးအကဲယင်းရဲ့ ခန္ဓာကိုယ်ကို အပ်ပြီးတာနဲ့ ကျွန်တော် အဲဒီကို လာခဲ့မယ်"

ထို့နောက် ဖုန်းခေါ်ဆိုမှု ပြီးသွားခဲ့သည်။

ကျိုးရီက လေးလေးနက်နက် သက်ပြင်းချလိုက်ပြီး ရုတ်တရက် အလုပ်များလွန်းသည်ဟု ခံစားလိုက်ရသည်။

အကြောင်းတစ်ခုခုကြောင့် သူ့တွင် ဆိုးရွားသော ခံစားချက်မျိုး ရှိနေခဲ့၏။

ဓာတုကာကွယ်ရေးအဖွဲ့ နောက်ကျမှ ရောက်လာမည်ကို စိုးရိမ်သဖြင့် လမ်းဆုံးကို ငေးကြည့်လိုက်သည်။

အရေးပေါ်အခြေအနေအတွက် ဓာတုကာကွယ်နှိမ်နင်းရေးအဖွဲ့ကို စေလွှတ်ဖို့ အနီးဆုံးရဲစခန်းကို အကြောင်းကြားခဲ့သော်လည်း အတော်လေးကြာနေသည်မှာ သိသာထင်ရှား၏။

ယုတ္တိဗေဒအရပြောရလျှင် ထိုအဖွဲ့က ဤမျှလောက် မနှေးသင့်ပေ။

အပိုင်း(၆၇၀) ပြီး၏

All Chapters