← Chapters

အားအကိုးရဆုံးမဟာမိတ်

Vol. 45 Ch. 674

အားအကိုးရဆုံးမဟာမိတ်

Vol. 45 Ch. 674

"ဘာတွေဖြစ်ကုန်တာလဲ"

တောင်ပေါ်သစ်တောဝိုင်းထဲရှိ စစ်တပ်တဲထဲမှ လူတိုင်းက ထိတ်လန့်သွားကြသည်။

ဤစိတ်ဝိညာဉ် ခရစ်စတယ်ဖန်လုံးက လွန်ခဲ့သည့်ရက်အနည်းငယ်ကမှ ဥက္ကဌပိုင် ပေးခဲ့သော အသစ် ဖြစ်သောကြောင့် ပြဿနာရှိမည် မဟုတ်ပေ။

ထို့ပြင် ၎င်းကို စတင်အသုံးပြုသည့် အချိန်ကတည်းက မည်သည့်ပြဿနာမှ မရှိခဲ့ပေ။

ဝိညာဉ်အမှတ်အသားက မှိတ်တုတ်မှိတ်တုတ် ဖြစ်ရအောင်လည်း ယခုအချိန်က Twinkle Twinkle Little Star သီချင်းဆိုရမည့်အချိန် မဟုတ်ပေ။

"အကြီးအကဲယာရန်း.. ယာရန်း.. မင်းငါ့စကားကို ကြားရင် ကျေးဇူးပြုပြီး ပြန်ဖြေပါဦး"

အကြီးအကဲကျီရှင်းက အထပ်ထပ် အခါခါ ပြောနေသော်လည်း ရုတ်တရက်ဆိုသလို ကြောက်လန့်သွားခဲ့သည်။

သူတို့အဖွဲ့၏ အကြီးအကဲ၂ယောက်က သေဆုံးသွားခဲ့ပြီဖြစ်သည်။

ထို့ပြင် အကြီးအကဲယာရန်းသည် ဤလူစုတွင် အရေးပါသော တိုက်ခိုက်ရေးသမားတစ်ယောက် ဖြစ်သည်။

သူသာ တစ်ခုခုဖြစ်သွားခဲ့လျှင် သူတို့၏ တိုက်ခိုက်ရေးအင်အားက သိသိသာသာပင် ကျဆင်းသွားပေလိမ့်မည်။

သူတို့က အမှတ်၆၀ အထက်တန်းကျောင်းတွင် အဆင့်လွန် ကျင့်ကြံသူ အများအပြားရှိနေနိုင်သည်ဟု ယူဆထားခဲ့သည်။

သူ၏မူလအစ အစီအစဉ်အရ မော်ကွန်းဝင်အဆင့်လူသတ်သမားဖြစ်သည့် လေလွင့် ကိုယ်လူချောကို အကြီးအကဲယာရန်းအား ရင်ဆိုင်ခိုင်းရန် ဖြစ်သည်။

အကြီးအကဲကျီရှင်း ကိုယ်တိုင်ကမူ အမှတ်၆၀ အထက်တန်းကျောင်း၏ ကျောင်းအုပ်ကြီးချန်းကို ကိုင်တွယ်မည် ဖြစ်၏။

ယခုအခါတွင် အရာရာကို အမြဲသတိထား၍ လုပ်ဆောင်တတ်သည့် အကြီးအကဲယာရန်းသည် တစ်ခုခု ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

ဤသည်က တဲထဲရှိ မည်သူမှ မမျှော်လင့်ထားသော အရာဖြစ်သည်။

"ဘယ်လိုဖြစ်ရတာလဲ"

အကြီးအကဲကျီရှင်း၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့သည်။

အခြားတစ်ဖက်တွင်လည်း လက်အိတ်ပြန်တပ်ရန် မေ့လျော့သွား၍ အကြီးအကဲယင်းကို ထိကိုင်မိသော အကြီးအကဲယာရန်းသည် ဓာတုကာကွယ်ရေးဝတ်စုံ ဝတ်ထားလျက်ပင် မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။

ကျိုးရီ ".........."

ကျုံးလန် ".........."

"အစ်ကိုကျိုး.. ငါတို့အခု ဘယ်လိုလုပ်သင့်လဲ"

ကျုံးရီလည်း ထိတ်လန့်နေသည်။

ဖန်သားအကာအကွယ် အတွင်းရှိ အဆိပ်ဓာတ်ငွေ့များကလည်း ပိုမိုထူထပ်လာသည်။

အကာအကွယ်ပစ္စည်း မပါဘဲ အနားသို့ လုံးဝ ကပ်နိုင်မည်မဟုတ်ပေ။

"စိတ်မပူပါနဲ့ အခြေနေက ဒီလောက်မဆိုးသေးပါဘူး.. သခင်ကျင့်ခယ်.. ကျေးဇူးပြုပြီး ဒီလူကို ကယ်ပေးပါ"

ကျိုးရီက စိတ်ထဲကနေ ကျင့်ခယ်ကို ပြောလိုက်သည်။

ထိုအခိုက်အတန့်မှာပင် သူ့လက်ထဲမှ မက်မွန်သစ်သားဓားက အညိုရောင်အလင်းတန်းအဖြစ် ပြောင်းသွားပြီး ကျိုးရီ၏ ခန္ဓာကိုယ်နှင့် ပေါင်းစည်းသွားခဲ့သည်။

ကျုံးလန်က ဤမြင်ကွင်းမျိုးကို ဒုတိယအကြိမ် ထပ်မံမြင်တွေ့ခဲ့ရပြန်သည်။

သခင်ကျင့်ခယ်က နောက်တစ်ကြိမ် အစွမ်းပြတော့မည်ကို သူသိလိုက်သည်။

လူနှင့်ဓား တစ်သားတည်းဖြစ်ပြီး နောက်တွင် ပိုင်ရှင်ဖြစ်သူ၏ အော်ရာသည် မည်မျှပင် နိမ့်ကျသောနယ်ပယ် ဖြစ်စေကာမူ သိသိသာသာပင် တိုးတက်လာမည် ဖြစ်သည်။

အကြီးအကဲယင်း၏ အလောင်းမှ ထုတ်လွှတ်နေသော အနက်ရောင် အဆိပ်ဓာတ်ငွေ့သည် ဓားချီ အတားအဆီး၏ ဖန်သားအကာအကွယ် အတွင်း၌ အလွန်ပင် ထူထပ်နေပြီဖြစ်သည်။

ကျင့်ကြံသူတစ်ဦး အနေဖြင့် အကာအကွယ်မပါဘဲ ထိုနေရာသို့ သွားရောက်နိုင်မည်မဟုတ်ပေ။

သို့သော် လူနှင့်ဓားတစ်သားတည်း ဖြစ်တည်နေသော အခြေနေတွင် ကျိုးရီသည် ပင်လယ်ကို နှစ်ခြမ်းခွဲထုတ်လိုက်သော နတ်ဘုရားကဲ့သို့ အဆိပ်ဓာတ်ငွေ့များကို ဖယ်ထုတ်ကာ လမ်းကြောင်းတစ်ခု ဖန်တီး၍ အထဲသို့ ဝင်သွားခဲ့သည်။

ထို့နောက် ကျိုးရီက အဆိပ်ဓာတ်ငွေ့များ ပြည့်နှက်နေသော ဓားချီ ဖန်သားပြင်အတွင်းကနေ လဲကျနေသော အကြီးအကဲယာရန်းကို ဆွဲထုတ်လိုက်သည်။

ထို့နောက် ကျင့်ခယ်က ကျိုးရီ၏ ခန္ဓာကိုယ်မှ ပြန်ထွက်သွားခဲ့ရာ ကျုံးလန်က ကျင့်ခယ်၏ ရုပ်သွင်ကို ထပ်မံ မြင်တွေ့လိုက်ရသည်။

ထိုဓားဝိညာဥ်လေးက ဆံပင်ဖြူတိုတိုလေးနှင့် အေးစက်စက်မျက်နှာထား ရှိသော်လည်း ချစ်စရာအလွန်ကောင်းသော ကလေးတစ်ယောက်် ဖြစ်သည်။

"မဟုတ်သေးဘူး.. ဒီလူက တစ်ခုခုတော့မှားနေပြီ"

ကျင့်ခယ်က သူကယ်ဆယ်လာသည့် အကြီးအကဲယာရန်းကို စိုက်ကြည့်ကာ ရေရွတ်လိုက်သည်။

အကြီးအကဲယာရန်းက သူ၏အော်ရာကို ဖုံးကွယ်ထားခဲ့သော်လည်း ကျင့်ခယ်၏ အာရုံမှ မလွတ်မြောက်နိုင်ခဲ့ပေ။

ဓာတုဗေဒကာကွယ်ရေး အဖွဲ့ဝင်တစ်ဦး အတွက် သူ၏ ကျင့်ကြံခြင်းနယ်ပယ်အဆင့်သည် ပုံမှန် မဟုတ်ဘဲ မြင့်မားနေခဲ့သည်။

ဤအချက်ကပင် ကျင့်ခယ်၏ မသင်္ကာမှုကို ခံခဲ့ရခြင်း ဖြစ်၏။

ကျင့်ခယ်က သူ့လက်ချောင်းထိပ်မှ မှော်စွမ်းအားဖြင့် အကြီးအကဲယာရန်၏ မျက်နှာပေါ်ရှိ ဓာတုအကာအကွယ်ကို ဖြတ်တောက်လိုက်သည်။

အဆုံးသတ်တွင် အကြီးအကဲယာရန်း၏ ပင်ကိုမျက်နှာက ထွက်ပေါ်လာခဲ့၏။

ကျုံးလန် "ညီနောင်ကျိုး.. ဒီလူက ဘယ်သူလဲ"

ကျိုးရီ ခေါင်းခါလိုက်သည်။

"ငါလည်းမသိဘူး"

ကျုံးလန် ".........."

ထိုအခါမှပင် ကျိုးရီသည် ဓာတုကာကွယ်ရေးအဖွဲ့က ကြားဖြတ် တိုက်ခိုက်ခံရဖွယ်ရှိကြောင်း သဘောပေါက်လိုက်သည်။

သူတို့က ဓာတုကာကွယ်ရေးအဖွဲ့မှ အဖွဲ့ဝင်များ၏ ကိုယ်ရေးအကျဉ်းများကို စစ်ဆေးခဲ့ဖူး၍ ထိုအဖွဲ့ဝင်များ၏ ဓာတ်ပုံများကို ယခင်က မြင်တွေ့ခဲ့ဖူးသည်။

ယခုတစ်ကြိမ်တွင် အကြီးအကဲယင်း၏ ရုပ်အလောင်းကိုပြန်လည်ရယူရန် ဓာတုကာကွယ်ရေးအဖွဲ့မှ ဝန်ထမ်းစုစုပေါင်း ၆ဦးကို စေလွှတ်ခဲ့သော်လည်း ဓာတုကာကွယ်ရေး ယာဉ် ရောက်ရှိသောအခါတွင် ယာဉ်မောင်း တစ်ဦးသာ ကားပေါ်မှဆင်းလာခဲ့သည်။

ကျိုးရီက ဆက်စပ်တွေးတောမိပြီး ခေါင်းငြိမ့်ပြလိုက်သည်။

"အစောကတည်းက ငါတို့တွေ သတိထားမိသင့်တယ်"

"ဒါဆို ငါတို့ဘာဆက်လုပ်သင့်လဲ"

ကျိုးရီက သက်ပြင်းချလိုက်သည်။

"ဓာတုကာကွယ်ရေးအဖွဲ့ရဲ့ အဖွဲ့ဝင်တွေ ဘာဖြစ်သွားလဲဆိုတာကို အမြန်ဆုံး သိရှိရဖို့အတွက် ရဲစခန်းကို အဖွဲ့တစ်ဖွဲ့ ချက်ချင်း စေလွှတ်ခိုင်းလိုက်.. ဒီလူက နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်ဖြစ်ပုံပဲ.. သူတို့လူရဲ့အလောင်းကို ပြန်ယူဖို့ ဒီကိုရောက်လာတာ ဖြစ်ရမယ်"

ကျိုးရီက မြေပြင်ပေါ်တွင် လဲကျနေသည့် အကြီးအကဲယာရန်းကို စိုက်ကြည့်ကာ ပြောလိုက်သည်။

အကြီးအကဲယာရန်က အမှန်တကယ်ကံမကောင်းခဲ့ပေ။

အကြီးအကဲယင်း၏ ခန္ဓာကိုယ်မှ စိမ့်ထွက်လာသော သေစေနိုင်သာအဆိပ်သည် အကြီးအကဲယာရန်း၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားပြီး ခန္ဓာကိုယ်တွင်းရှိ ဆဲလ်များကို ဖျက်ဆီးပစ်လိုက်သည်။

တစ်ချိန်တည်းမှာပင် ပြန်လည်ကုသနိုင်စွမ်းရှိသည့် အကြီးအကဲယာရန်း၏ ခန္ဓာကိုယ်အတွင်း၌ ဆဲလ်အသစ်များ ပြန်လည်ဖွဲ့စည်းနေသည်။

ဆိုရလျှင် ဆဲလ်များက ပျက်စီးလိုက် အသစ်ဖြစ်ပေါ်လိုက်ဖြင့် သံသရာလည်နေခဲ့သည်။

ယင်းက မြေပြင်ပေါ်တွင် အဆက်မပြတ် လူးလွန့်နေသောငါးများ ကဲ့သို့ အကြီးအကဲယာရန်း၏ ခန္ဓာကိုယ်ကို ဖြစ်စေခဲ့သည်။

နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းမှ စေလွှတ်လိုက်သောလူနှစ်ယောက်သည် သူတို့ကိုယ်သူတို့ ပြန်လည် လုပ်ကြံမိကာ ဤကဲ့သို့ပင် ချောချောမွေ့မွေ့ ပြီးမြောက်သွားလိမ့်မည်ဟု ကျိုးရီဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။

ဤအတောအတွင်း ကျောင်းအုပ်ကြီးချန်းသည် အမှတ်၆၀ အထက်တန်းကျောင်း၏ ကျောင်းအုပ်ကြီး ရုံးခန်းသို့ ရောက်လာခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ကျိုးရီထံမှ စောစောကတည်းကပင် သတင်းရရှိခဲ့သောကြောင့်ဖြစ်သည်။

နတ်ဆိုးမုဆိုးများအဖွဲ့အစည်းသည် အမှတ်၆၀ အထက်တန်းကျောင်းကို တိုက်ခိုက်ရန် လုပ်ဆောင်နေပြီး နိုင်ငံရပ်ခြားရှိ နေကျွန်းမှ ပညာသင်ကြားလာသော ထိပ်တန်းကျင့်ကြံသူ အများအပြားကို စည်းရုံးထားသည်ဟု သတင်းပို့ခဲ့သည်။

အမှတ်၆၀ အထက်တန်းကျောင်း၏ အန္တရာယ် အခြေအနေက ရုတ်ချည်းပင် တိုးမြင့်လာခဲ့သည်။

ထိုအချိန်က အရိပ်အဖွဲ့အစည်းမှ လူသတ်သမားများ ကျူးကျော်ဝင်ရောက်လာမှုသည် ယခုတစ်ကြိမ် ကြုံတွေ့ရမည့် တိုက်ခိုက်မှုနှင့်နှိုင်းယှဉ်လျှင် ဘာမှမဟုတ်ပေ။

"ကျောင်းအုပ်ကြီး.. ဒီကိစ္စကို ဘယ်လိုဖြေရှင်းမှာလဲ"

နံဘေးရှိ ဒါရိုက်တာရှီးက မေးခွန်းထုတ်လိုက်သည်။

လွန်ခဲ့သည့်နှစ်ရက်က သူမသည် ဒင်းအမည်ရှိ အဆိုတော်တစ်ဦး၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေခဲ့သည်။

ထိုအဆိုတော်က နှုတ်ခမ်းကို သံစဉ်အလိုက် လှုပ်ရှားခဲ့ပြီး သူကိုယ်တိုင် သီဆိုသယောင် ဟန်ဆောင်ခဲ့သည်။

အဆုံးသတ်တွင် ထိုအွန်လိုင်း အဆိုတော်သည် လူမှုကွန်ရက်တွင် အကြီးအကျယ် ဝေဖန်ခံခဲ့ရ၏။

ယခုအခါတွင် ဒါရိုက်တာရှီးသည် ကျိုးရီထံမှ သတင်းရရှိ၍ ကျောင်းသို့ ချက်ချင်းရောက်ရှိလာခြင်း ဖြစ်သည်။

"ငါတို့ရဲ့ လက်ရှိအင်အားနဲ့ဆိုရင် ကျောင်းသားအားလုံးကို ကာကွယ်နိုင်မှာမဟုတ်ဘူး.. အထက်ကနေ ကျင့်ကြံသူတွေစေလွှတ်ပေးမှပဲ ဖြစ်နိုင်လိမ့်မယ်"

"ကျောင်းအုပ်ကြီး ဆိုလိုချင်တဲ့အဓိပ္ပါယ်က..."

"အဓိကအကြောင်းရင်းကတော့ မိဘတွေနဲ့ ညှိနှိုင်းဖို့ ဆရာတွေကို စေလွှတ်ဖို့ပဲ.. တချို့မိဘတွေက အဖြစ်သည်းကြတယ်.. မင်းအနေနဲ့ သူတို့ကို စိတ်တည်ငြိမ်အောင် လုပ်ဖို့ နည်းလမ်းရှာရမယ်"

ကျောင်းအုပ်ကြီးချန်း၏ စကားများက နက်နဲသော်လည်း မျက်နှာကမူ ယခင်အတိုင်း မတုန်မလှုပ် ဖြစ်နေသည်။

"ဒါပေမဲ့လည်း ဒီကိစ္စကို အရမ်းကြီး စိုးရိမ်နေဖို့ မလိုပါဘူး.. လူသတ်သမားတွေ အနေနဲ့ ဒီနေရာကို လူသတ်ကွင်းအဖြစ် ပြောင်းလဲနိုင်မလား ဆိုတာ မနက်ဖြန်အဖြေ ပေါ်လာမှာပါလေ"

ကျောင်းအုပ်ကြီးချန်း ဆိုလိုသည့်အဓိပ္ပါယ်ကို နားမလည်၍ ဒါရိုက်တာရှီးက ခေါင်းကုပ်လိုက်သည်။

"မနေ့က ကျင်းပသွားတဲ့ အမေကျွမ့်ရဲ့ အစားအသောက်မြည်းစမ်းပွဲကို မင်းသိတယ်မဟုတ်လား"

ကျောင်းအုပ်ကြီးချန်းက ရယ်မော၍ ပြောလိုက်သည်။

"တကယ်တော့ အဲဒီ အစားအသောက် မြည်းစမ်းပွဲက မိဘတွေအတွက်မဟုတ်ဘူး"

အပိုင်း(၆၇၄) ပြီး၏

All Chapters