← Chapters

သာမန်မဟုတ်သည့်ဆက်ဆံရေး

Vol. 45 Ch. 675

သာမန်မဟုတ်သည့်ဆက်ဆံရေး

Vol. 45 Ch. 675

အမေကျွမ့်က အမှတ်၆၀ အထက်တန်းကျောင်းတွင် နှစ်ပေါင်းရာကျော် အလုပ်လုပ်လာခဲ့သူ ဖြစ်သည်။

ကျောင်းစတင် တည်ထောင်ချိန်မှစ၍ ပထမမျိုးဆက် ဆရာ ဆရာမများသည် သူမ၏ လက်ရာကို စားသောက်ခဲ့ကြသူများဖြစ်သည်။

ထို့ကြောင့် ဆရာ၊ ဆရာမအတော်များများက အမေကျွမ့်နှင့်အလွန်ရင်းနှီးကြသည်ဟု ဆိုရမည်။

သို့သော် သေချာစဉ်းစားကြည့်လိုက်လျှင် သူတို့အနေဖြင့် အမေကျွမ့် အကြောင်း ဂဃနဏ မသိကြသေးသည်မှာ ထင်ရှားသည်။

သူမ ဘယ်ကလာမှန်းပင် သူတို့မသိကြချေ။

ထို့ပြင် ဟင်းချက်လောကတွင် သူမ၏ တပည့်များက အများအပြား ရှိနေကြသည်။

ကျောင်းအုပ်ကြီးချန်း၏ စကားကိုကြားပြီးနောက်တွင် ဒါရိုက်တာရှီး၏ အမူအရာက အနည်းငယ် လေးနက်သွားခဲ့သည်။

သူမက အရာအားလုံးကို မသိသော်လည်း စဉ်းစားကြည့်၍ရပေသည်။

အစားအသောက် မြည်းစမ်းပွဲမှ ဟင်းလျာများက မိဘများအတွက် မဟုတ်ခဲ့လျှင်..

"နတ်ဆိုးမုဆိုးများအဖွဲ့အစည်းရဲ့ တိုက်ခိုက်မှုအတွက် အနေကျွမ့်က အစောကတည်းက ပြင်ဆင်ခဲ့တာများလား"

ဒါရိုက်တာရှီးက ဆက်မတွေးရဲတော့ပေ။

သူမက အမှတ်၆၀ အထက်တန်းကျောင်း၏ ပညာရေးဒါရိုက်တာ ဖြစ်သော်လည်း အမှတ်၆၀ အထက်တန်းကျောင်းတွင် သူမ နေထိုင်ခဲ့သည့်အချိန်သည် အမေကျွမ့် နေထိုင်ခဲ့သောအချိန်၏ ၅ပုံ၁ပုံထက်ပင် နည်းသည်။

အမေကျွမ့်က မီးဖိုချောင် အန်တီကြီးတစ်ဦးသာ ဖြစ်ပြီး ဝတ္ထုအသစ်အဆန်းများကို ဖတ်ရှုရန်နှစ်သက်သူ ဖြစ်ကြောင်း သူမတွေးမိခဲ့သည်။

"ငါပြောစရာမလိုပါဘူး ဒါရိုက်တာရှီး.. မင်းကိုယ်တိုင်စဉ်းစားကြည့်ရင် သိမှာပါလေ"

ကျောင်းအုပ်ကြီးချန်းက ပြုံးရွှင်စွာပြောလိုက်သည်။

"ငါတို့ကျောင်းက သေးငယ်တယ်ဆိုပေမဲ့ ဒီမှာ သင်ကြားနေတဲ့ ဆရာဆရာမတွေရဲ့ နောက်ခံက မရိုးရှင်းကြဘူး"

ဒါရိုက်တာရှီးက သူမ၏ ချွေးစေးများကို သုတ်လိုက်သည်။

"နားလည်ပါပြီ ကျောင်းအုပ်ကြီး"

ကျောင်းအုပ်ကြီးချန်း "ငါတို့ကျောင်းက ဆရာတွေရဲ့ အစွမ်းအစကို လျှော့မတွက်ပါနဲ့.. မိဘတွေရဲ့ ခံစားချက်ကိုလည်း လျစ်လျူမရှုပါနဲ့.. တချို့မိဘတွေက အခြေအနေကိုကြားမိပြီး သည်းသည်းလှုပ်ဖြစ်နေကြတယ်.. ကျောင်းသားတွေရဲ့ လုံခြုံရေးအတွက် ငါတာဝန်ယူမှာ ဖြစ်တဲ့အတွက် မင်းဘာမှစိတ်မပူနဲ့.. မိဘတွေရဲ့ စိတ်အခြေအနေနဲ့ ခံစားချက်တွေကို ကိုင်တွယ်ပေးဖို့ကိုတော့ ဒါရိုက်တာရှီးကိုပဲ တာဝန်ပေးရတော့မယ်"

"ကောင်းပါပြီ.. ကျောင်းအုပ်ကြီး"

ဒါရိုက်တာရှီးက ခေါင်းငြိမ့်လိုက်သည်။

ထို့နောက် သူမက အစည်းအဝေးခေါ်၍ တာဝန်ခံဆရာများအားလုံးကို မိဘများနှင့် ညှိနှိုင်းရန် စီစဉ်ဆောင်ရွက်ခဲ့သည်။

အခြားတစ်ဖက်တွင်လည်း ကျိုးရီသည် အကြီးအကဲယာရန်း၏ အထောက်အထားကို အတည်ပြုခဲ့ပြီးဖြစ်သည်။

၎င်းက နတ်ဆိုးမုဆိုးများ အဖွဲ့အစည်း၏ နိုင်ငံခြားပြန်ထိပ်တန်းအဖွဲ့ဝင်တစ်ဦး ဖြစ်ရုံသာမက အဖွဲ့အစည်းအတွင်းတွင်လည်း ရာထူးကြီးသူတစ်ဦး ဖြစ်သည်။

သိမ်းဆည်းရမိခဲ့သည့် ဆက်သွယ်ရေးကိရိယာမှ တစ်ဆင့် ရဲများက အကြီးအကဲယာရန်း နှင့် အကြီးအကဲ ကျီရှင်းတို့၏ အထောက်အထား များစွာကို ရှာဖွေတွေ့ရှိခဲ့သည်။

..............

စုန့်ဟိုင်ထောင်..

ကျိုးရီကထိုနေရာကို ထပ်မံ သွားရောက်သောအခါ သူနှင့်ရင်းနှီးနေသော ဂိတ်စောင့်များက သူ၏ ကားလိုင်စင်နံပါတ်ပြားကို အဝေးမှ လှမ်းမြင်လိုက်ရသည်။

ကျိုးရီ၏ ကားမှန်းသိသည်နှင့် အကျဉ်းထောင်တံခါးက ကားရောက်ရှိလာချိန်တွင် တံခါးကို ဖွင့်ပေးလိုက်သည်။

ကျိုးရီက ရာဇဝတ်ကောင်ကြီးများကို ဖမ်းဆီးခြင်းနှင့်ပတ်သက်သည့် ကိစ္စများကို စုန့်ဟိုင်ထောင်နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့သည်။

သူက ပြစ်မှုကျူးလွန်သူများကို ထိန်းသိမ်းထားသည့်အပြင် နောက်ဆက်တွဲ စစ်ဆေးမေးမြန်းခြင်းများကိုလည်း ပြုလုပ်ခဲ့သည်။

အကြီးအကဲယာရန်းက အဆိပ်ပြင်း ကူးစက်ခံခဲ့ရပြီးနောက်တွင် သူ့ကိုယ်သူ ကုသရန် အပြင်းအထန် ကြိုးစားခဲ့သော်လည်း အကြီးအကဲယင်း၏ အဆိပ်ကို လုံးလုံးလျားလျား ဖယ်ရှားရန် နည်းလမ်းမရှိခဲ့ပေ။

သူ၏တစ်ခုတည်းသော ရည်ရွယ်ချက်မှာ အကြီးအကဲယင်း၏ အလောင်းကို ပြန်လည်ရယူရန် ဖြစ်သော်လည်း အဆုံးသတ်တွင် သူက အဆိပ်မိသွားခဲ့သည်။

ကားထဲမှ ကျိုးရီက သူ့မျက်နှာကို လက်ဝါးဖြင့် ခပ်ဆတ်ဆတ်ပုတ်လိုက်သည်။

ကျုံးလန် "ညီနောင်ကျိုး.. မင်းအဆင်ပြေရဲ့လား"

ကျိူးရီ "ငါနေကောင်းပါတယ်.. ခံစားချက်က သိပ်မကောင်းတာပါ"

ကျုံးလန် ".........."

ထို့နောက်တွင် ကျိုးရီက ကျုံးလန်ကို ကျောင်းပေါင်း၁၀၀ အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ လွှတ်လိုက်သည်။

နတ်ဆိုးမုဆိုးများအဖွဲ့အစည်း၏ အမှတ်၆၀ အထက်တန်းကျောင်းကို လက်စားချေမည့် အစီအစဉ်က ကောလာဟလအဖြစ် အချို့သော မိဘများထံ ပေါက်ကြားနေပြီ ဖြစ်သည်။

ကျောင်းပေါင်း၁၀၀ အထွေထွေအုပ်ချုပ်ရေးရုံး၏ ဟော့လိုင်းနံပါတ်သည် ယခုအခါတွင် အမှတ်၆၀ အထက်တန်းကျောင်းမှ မိဘများ၏ ဖုန်းခေါ်ဆိုမှုကြောင့် အဆက်မပြတ် မြည်နေခဲ့သည်။

ထို့ကြောင့် မိဘများကို နှစ်သိမ့်ပေးရန်အတွက် ကျုံးလန်ကို ဦးစွာ ပြန်လွှတ်လိုက်ခြင်း ဖြစ်သည်။

မိဘများကို စိတ်ချမ်းသာအောင် ထားရန်မှာလည်း အရေးကြီးသောကိစ္စပင် ဖြစ်သည် မဟုတ်ပါလော။

၎င်းတို့ ကြောက်ရွံ့သည်ကိုလည်း အဆိုးမဆိုသာပေ။

နတ်ဆိုးမုဆိုးများအဖွဲ့အစည်း၏ ခေါင်းဆောင် ဥက္ကဌပိုင်ကလည်း ယခုအချိန်ထိ ထွက်ပြေးနေဆဲ ဖြစ်သည်မဟုတ်လော။

ယခုအခါတွင် တစ်ဖက်လူသည် သူ့အမှုတွဲကို ဦးဆောင်နေသည့် ကျိုးရီ၏ အမှတ်၆၀အထက်တန်းကျောင်းကို လက်တုံ့ပြန်ရန် စီစဉ်ခဲ့သည်။

ဤကိစ္စက မိဘများကို အမှန်တကယ် ထိတ်လန့်စေခဲ့၏။

ကျောင်းပေါင်း၁၀၀၏ အထွေထွေအုပ်ချုပ်ရေး ဒါရိုက်တာတစ်ယောက် အနေဖြင့် ယခုအချိန်ထိ ဥက္ကဌပိုင်ကို မဖမ်းမိသေးသည်မှာ သူ၏ အပြစ်ဆိုလည်း မမှားပေ။

ကျိုးရီက အွန်လိုင်းသတင်းများကို ဂရုမစိုက်ခဲ့ပေ။

အနည်းငယ် ကဲ့ရဲ့ခံရလျှင်ပင် အရေးမကြီးဟု သူသတ်မှတ်ခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ သူသည် လုံလောက်သော ခံနိုင်ရည်ရှိသူတစ်ဦး ဖြစ်သည်။

လူသားတစ်ဦး အနေဖြင့် သင်ပြုသမျှ ကိစ္စတိုင်းတွင် သင်၏စိတ်က ဆင်ခြင်နေသရွေ့ လုံလောက်နေပြီ ဖြစ်သည်။

သူ့ဘဝတွင် သူလုပ်ခဲ့ဖူးသမျှ အမှန်ကန်ဆုံးအရာမှာ ဝမ်လင်းကို သူ့ဆရာအဖြစ် တောင်းဆိုခဲ့ခြင်းပင် ဖြစ်၏။

ထောင်အုပ်လျန့်က ထောင်ထဲရှိ ရုံးခန်းတွင် သူ့ကို အချိန်အတော်ကြာအောင် စောင့်ဆိုင်းနေခဲ့သည်။

ကျိုးရီ ဝင်ရောက်လာသည်ကို မြင်လျှင် ထောင်အုပ်လျန့်က သူ့ကို ယခင်အတိုင်းပင် ဖော်ရွေစွာ ပြုံးပြခဲ့သည်။

အချို့က စိတ်ပူနေချိန်တွင် အချို့က ပျော်ရွှင်နေသည်မှာ သဘာဝပင်။

တစ်ဖက်တွင် ကျိုးရီက မိဘများ၏ အပြစ်တင်ခံနေရချိန်တွင် တစ်ဖက်တွင် ထောင်အုပ်လျန့်က ပျော်ရွှင်မြူးတူးနေခဲ့သည်။

ဤနှစ်လသုံးလးအတွင် ယခင်နှစ်များထက် စုန့်ဟိုင်ထောင်ထဲတွင် အကျဉ်းကျခံရသော ရာဇဝတ်ကောင်ကြီးများ ပိုမိုများပြားလာခဲ့သည်။

ယခုခေတ်တွင် အကျဉ်းထောင်များရှိ အကျဉ်းသားများ၏ အရည်အသွေးပိုင်းကို အထူးအာရုံစိုက်လာကြသည်။

အရည်အသွေးမြင့် အကျဉ်းသားများရှိသည့် အကျဥ်းထောင်သည် အကျိုးကျေးဇူးများစွာကို ရရှိနိုင်မည်ဖြစ်သည်။

ထောင်မှူးသည် ဝိညာဉ် အချုပ်အနှောင်၏ ဝိညာဉ်စွမ်းအင်ကန့်သတ်ချက်ကို ကိုယ်တိုင်ကိုယ်ကျ ချိန်ညှိနိုင်သည့် အခွင့်အာဏာရှိသည်။

သူက မိစ္ဆာအင်ပါယာကွာဖီ၊ အင်မော်တယ်စံအိမ်သခင် ချန်ယွီနှင့် မိစ္ဆာဓားနတ်ဘုရားတို့ကို ဝိညာဉ်စွမ်းအင် ၅% အသုံးပြုခွင့်ပေးခဲ့ပြီး ၎င်းတို့ကို ထောင်တွင်းရှိ တည်ဆောက်ရေးလုပ်ငန်းများတွင် ကူညီစေခဲ့သည်။

ဆိုရလျှင် သူက ၎င်းတို့ကို ဝိညာဥ်စွမ်းအင် ၅%အသုံးပြုခွင့်ပေးပြီး ထောင်တွင်းရှိ အလုပ်များတွင် စေခိုင်းခဲ့ခြင်းဖြစ်သည်။

၎င်းတို့က အချိန်အများစုတွင် ဖဲရိုက်နေသော်လည်း အမှန်တရားမှာ အတော်လေး အလုပ်ရှုပ်နေ၍ စိတ်ထွက်ပေါက် အဖြင့် ဖဲရိုက်နေကြခြင်း ဖြစ်သည်။

အကြီးအကဲယာရန်းက လောလောဆယ်တွင် အဆိပ်သင့်နေသော်လည်း ထောင်အုပ်လျန့်သည် အကြီးအကဲယာရန်းတွင် မသေနိုင်သောစွမ်းရည်မျိုး ရှိကြောင်း လေးနက်စွာ သိရှိခဲ့သည်။

"မစ္စတာကျိုး.. ထိုင်ပါဦး"

ထောင်အုပ်လျန့်က ကျိုးရီကို ထိုင်ခုံတစ်လုံးသို့ ညွှန်ပြလိုက်ပြီး ရုံးခန်းအတွင်းမှ အတွင်းရေးမှူးကို ပြောလိုက်သည်။

"ဘာကြောင်ကြည့်နေတာလဲ.. ဒါရိုက်တာကျိုး အတွက် မြန်မြန်လေး လက်ဘက်ရည် သွားဖျော်လေ"

ထိုသို့ပြောပြီးနောက်မှ ထောင်အုပ်လျန့်သည် လက်ဘက်ရည်နှင့် မသင့်တော်ဟု ခံစားလိုက်ရပြီး ကျိုးရီကို ပြောလိုက်သည်။

"ကျိုးရီ.. ငါ့မှာ အနံ့အရသာထူးခြားတဲ့ အရက်ပုလင်း တစ်လုံးရှိတယ်.. အဲဒီအရက်က နှစ်၈၀၀ သက်တမ်းတောင် ရှိနေလောက်ပြီ.. စမ်းသောက်ကြည့်မလား"

ကျိုးရီ "နောက်မှပဲ သောက်တော့မယ်.. အခြေအနေ ငါ့ကိုပြောပြပါဦး"

"ကောင်းပါပြီ"

ထောင်အုပ်လျန့်က ခေါင်းညိမ့်လိုက်ပြီး ကျိုးရီကို ကြည့်လိုက်သည်။

"အရက်သောက်ချင်ရင် ငါ့ကို အချိန်မရွေးလာရှာနော်.. ငါ့ကို မင်းအားနာနေဖို့မလိုဘူး"

ကျိုးရီက သက်ပြင်းချလိုက်သည်။

"ငါတို့ စစ်ဆေးမှုအရတော့ အကြီးအကဲယာရန်း ယူလာတဲ့ ကိရိယာကနေ တစ်ဆင့် အချက်အလက် အချို့ကို စစ်ဆေးခဲ့တယ်.. ဒီအကြီးအကဲယာရန်း နဲ့ အကြီးအကဲကျီရှင်းတို့က သာမန်ဆက်ဆံရေးမျိုး မဟုတ်ဘူး.. ငါတို့ စစ်ဆေးမှုအရတော့ အကြီးအကဲ ကျီရှင်းက အကြီးအကဲ ယာရန်းကို ယာယာလေးလို့ ခေါ်လေ့ရှိတယ်.. အကြီးအကဲယာရန်ကလည်း အကြီးအကဲကျီရှင်းကို ဘယ်လိုခေါ်လဲ မင်းသိလား"

ကျိုးရီ အံ့ဩသွားသည်။

".........."

"ကျီကျီလေးလို့ ခေါ်တာလား"

အပိုင်း(၆၇၅) ပြီး၏

All Chapters