ကျောက်စိမ်းဆံထိုး
Vol. 80 Ch. 1186
“နင်....”
အကြီးအကဲအရိုးစိတ်ဝိညာဥ်နှင့် အခြားသူများက တုန်လှုပ်သွားရ၏။
ဤပြောင်းလဲမှုသည် သူတို့မျှော်လင့်ထားသည်ထက် အပြတ်အသတ်ကျော်လွန်နေ၏။
သူတို့သည် တစ်စုံတစ်ရာလွဲမှားနေသည်ကို ခံစားမိပြီးပြီဆိုလျှင်တောင် ချောမောလှပ၍ အားနည်းသည်ဟုထင်ရသော ဤအမျိုးသမီးက တိုက်ခိုက်လိုက်သည့် ခဏမှာပင် ဤမျှကြောက်စရာကောင်းနေလိမ့်မည်ဟု သူတို့က ဘယ်လိုမှ ထင်မှတ်မထားခဲ့ပေ။
အကြီးအကဲ ဟေးရှဲ့ပင်လျှင် ဤအမျိုးသမီးထံမှ လှုပ်ရှားကွက်နှစ်ကွက်ကိုပင် မခုခံနိုင်ခဲ့ပေ။
ဆူဇီမိုနှင့် အခြားသူများကလည်း တုန်လှုပ်သွားရ၏။
မြေခွေးလေးကလွဲလျှင် သူတို့ထဲ မည်သူကမှ နတ်မိမယ်အစစ်အမှန်ကျောက်စိမ်း၏ ခွန်အားကို မသိရှိကြပေ။
တစ်ဖက်မှာတော့ ဆူဇီမိုသည် နတ်မိမယ်အစစ်အမှန်ကျောက်စိမ်း၏ နောက်ခံကို ရှင်းလင်းစွာသိရှိထား၏။ သူမသည် နှစ်နှစ်ထောင်ကျင့်ကြံပြီးနောက် ပေါင်းစည်းခန္ဓာအဆင့်သို့ ဝင်ရောက်နိုင်ခဲ့သည်ဟု ကိုယ်တော်ယွမ်ပေထံမှတစ်ဆင့် သူကြားသိခဲ့ရလေသည်။ သူမ၏ ပါရမီအလားအလာက ကောင်းကင်ကိုဖီဆန်ပြီး အလွန်တရာ ကြောက်စရာကောင်းသည်ဟု သတ်မှတ်နိုင်လေသည်။
သို့သော်လည်း မဟာချွမ်အင်ပါယာသည် ကပ်ဘေးဖြင့်ဖျက်ဆီးခံရပြီးနောက်ပိုင်းတွင် ကြင်ရာတော်ယုကလည်း ပျောက်ကွယ်သွားခဲ့၏။
သူ၏ ကောက်ချက်ချမှုအရ သူမသည် အပျက်အစီးနယ်မြေကြားရှိ မီးတောင်ထဲမှာ အိပ်မောကျနေခဲ့ပြီး ဒီဘက်ခေတ်မှသာလျှင် နိုးထလာခဲ့လေသည်။ တစ်နည်းအားဖြင့်ပြောရလျှင် သူမကအနိမ့်ဆုံး ပေါင်းစည်းခန္ဓာအဆင့်မှာ ရှိလေသည်။
ဆူဇီမိုမှာ နောက်ထပ်အတွေးတစ်ခုရှိလေသည်။
နတ်မိမယ်အစစ်အမှန်ကျောက်စိမ်းက အကြီးအကဲဟေးရှဲ့ကို အလွယ်တကူသတ်ဖြတ်နိုင်သည်မှာ ယုတ္တိတန်လေသည်။
သူ၏ တွက်ချက်မှုအရ သူမသည် အသက် ၁၂၀၀၀ ဝန်းကျင်ရှိနေလောက်လေပြီ။ နှစ်နှစ်သောင်းဘဝသက်တမ်းရှိသော ပေါင်းစည်းခန္ဓာအဆင့် ကျင့်ကြံသူတစ်ယောက်အနေဖြင့် သူမသည် အထွတ်အထိပ်အရွယ်မှာပင်ရှိနေပြီး သန်မာသောသွေးချီကို ပိုင်ဆိုင်ထားလေသည်။
သို့သော်လည်း အကြီးအကဲ ဟေးရှဲ့သည် သူ့ဘဝ၏ နေဝင်ခါနီးအချိန်သို့ ရောက်ရှိနေပြီး သူ့မှာနေရဖို့ နှစ်ရာဂဏန်းအချို့သာ ကျန်ရှိတော့လေသည်။ သူ၏သွေးချီက ခမ်းခြောက်လာပြီး သူ၏တိုက်ခိုက်ရည်ခွန်အားကလည်း ဆုတ်ယုတ်လာခဲ့လေသည်။ သူက နတ်မိမယ်အစစ်အမှန်ကျောက်စိမ်းကို မယှဥ်နိုင်သည်မှာ သဘာဝကျလေသည်။
ဒါ့အပြင် အကြီးအကဲဟေးရှဲ့သည် သူ၏ပြိုင်ဘက်ကို အထင်သေးခဲ့မိလေသည်။
ဤအပျက်အစီးနယ်မြေတွင် ဤမျှကြောက်စရာကောင်းသည့် အလှည့်အပြောင်းကို ဖန်တီးနိုင်သည့် တစ်စုံတစ်ယောက်ရှိနေလိမ့်မည်ဟု သူက ဘယ်လိုမှထင်မှတ်ထားလိမ့်မည် မဟုတ်ပေ။
“အားလုံးပဲ... ဂရုစိုက်ကြဦး...”
အကြီးအကဲ အရိုးစိတ်ဝိညာဥ်က အလောတကြီးအော်ဟစ်သတိပေးလိုက်၏။
ကျန်ရှိနေသော ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်ငါးယောက်သည် အလွန်တရာလျင်မြန်စွာ တုံ့ပြန်ပြီး မဆိုင်းမတွ ဆုံးဖြတ်ချက်တစ်ခုကိုချကာ နတ်မိမယ်အစစ်အမှန်ကျောက်စိမ်းကို တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြ၏။
ရုတ်တရက်.... အကြီးအကဲ အရိုးစိတ်ဝိညာဥ်၏ လက်ထဲတွင် ဧရာမအရိုးဆေဘာတစ်လက်က ပေါ်ထွက်လာခဲ့၏။ ၎င်းက အဖြူရောင်မီးတောက်များဖြင့် လောင်ကျွမ်းနေပြီး ကြောက်စရာကောင်းသည့် အော်ရာတစ်ခုကို ဖြာထုတ်ပေးနေ၏။
ရွှစ်....
အကြီးအကဲအရိုးစိတ်ဝိညာဥ်သည် သူ၏ဆေဘာကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ပြီး နတ်မိမယ်အစစ်အမှန်ကျောက်စိမ်းဆီသို့ ခုန်ဝင်သွားလေသည်။
ကျားနဂါးဂိုဏ်းသည် ခန္ဓာမီးဆေးခြင်းမှာ အထူးပြုလေသည်။ သူက နှောင်းပိုင်းအရွယ်သို့ ရောက်ရှိနေပြီဆိုလျှင်တောင် သူကျွမ်းကျင်ပိုင်နိုင်ရာသည် အနီးကပ်တိုက်ခိုက်ခြင်းဖြစ်နေဆဲပင်။
ယုဝမ်ရှုံးသည် သူ၏သိုလှောင်အိတ်ထဲကနေ ကြီးမားလေးလံသည့် သံမဏိလှံတစ်စင်းကို ထုတ်ယူပြီး လေထဲမှာတရွတ်ဆွဲကာ နောက်တွင် ဒဏ်ချက်များကို ကျန်ရစ်ခဲ့စေ၏။ သူသည်လည်းပဲ ရှေ့သို့လှမ်းဝင်ပြီး နတ်မိမယ်အစစ်အမှန်ကျောက်စိမ်းထံသို့ ချည်းကပ်လိုက်လေသည်။
ခုနှစ်မျိုးသတ်ဖြတ်ခြင်းဂိုဏ်းမှ အကြီးအကဲ ကြမ်းကြုတ်နေမင်း ၊ သွေးမြူဂိုဏ်းမှ အကြီးအကဲ ရမ္မက်မိစ္ဆာနှင့် ဆန်းကြယ်ကောင်းကင်ဂမ္ဘီရကျင့်ထုံးဂိုဏ်းမှ အဆင့်မြင့်သခင်လန်ယွဲ့တို့သည် မလှမ်းမကမ်းကနေ စွမ်းအားကြီးသော ဓမ္မပညာရပ်များကို ထုတ်ဖော်လိုက်ကြ၏။
“သွေးမြူဝါးမျိုခြင်း....”
အကြီးအကဲ ရမ္မက်မိစ္ဆာသည် လက်ဟန်ချိပ်စည်းများကို ဆင့်ခေါ်ပြီး ရှေ့သို့စေညွှန်လိုက်၏။
သွေးမြူတစ်ခုက သူ၏ခန္ဓာကိုယ်ပတ်လည်မှာ ဖြန့်ကြက်ပေါ်ထွက်လာပြီး မကောင်းဆိုးဝါးဆန်၍ ကြောက်စရာကောင်းသော ဦးခေါင်းတစ်ခုကို လျင်မြန်စွာဖွဲ့တည်၍ နတ်မိမယ်အစစ်အမှန်ကျောက်စိမ်းကို ဝါးမျိုဖို့အတွက် ပစ်ဝင်သွားလေသည်။
“ခုနှစ်မျိုးသတ်ဖြတ်ခြင်းဓား....”
အေးစက်စက်အမူအရာတစ်ခုနှင့်အတူ အကြီးအကဲ ကြမ်းကြုတ်နေမင်းသည် မာန်သွင်းဟိန်းဟောက်၍ သူ၏လက်ချောင်းဓားများနှင့်အတူ ရှေ့သို့ခုတ်ပိုင်းလိုက်၏။
ရုတ်တရက် အေးစက်စက်သတ်ဖြတ်လိုစိတ်နှင့်အတူ ဓားရှည်ခုနှစ်လက်သည် နတ်မိမယ်အစစ်အမှန်ကျောက်စိမ်း၏ အထက်မှာပေါ်ထွက်လာခဲ့ပြီး ရက်ရက်စက်စက်ခုတ်ပိုင်းချလာခဲ့လေသည်။
အဆင့်မြင့်သခင်လန်ယွဲ့၏ နှာရောင်သည် တောက်ပသွားပြီး ရှေးကျသော ကြေးမုံတစ်ချပ်က ပေါ်ထွက်လာခဲ့၏။
“ဆန်းကြယ်ကောင်းကင်ရတနာကြေးမုံ... ဝေဒနာပင်လယ်”
စွမ်းအားကြီးပုဂ္ဂိုလ်ဓမ္မလက်နက်တစ်ခုကို ကိုင်ဆွဲရင်း သူသည် ဓမ္မပညာရပ်တစ်ခုကို ဆင့်ခေါ်ကာ ရှေးဟောင်းကြေးမုံထဲသို့ ဓမ္မစွမ်းအားစီးကြောင်းတစ်ခုကို ပစ်ထုတ်လိုက်၏။
ရုတ်တရက် ရှေးဟောင်းကြေးမုံသည် အလင်းတန်းတစ်ခုနှင့်တောက်ပလာပြီး ထိုအလင်းများက လေဟာနယ်ထဲသို့ ပြန့်ကျဲကာ နတ်မိမယ်အစစ်အမှန်ကျောက်စိမ်းရှိရာသို့ ဆင်းသက်သွားလေသည်။
ဘန်း....ဘုန်း.. ဘုန်း...
တုန်လှုပ်စရာကောင်းသော မြင်ကွင်းတစ်ခုက ပေါ်ထွက်လာခဲ့၏။
ဆူဇီမိုနှင့် အခြားသူများသည် မော့ကြည့်လိုက်ပြီး လေထဲတွင် ကျယ်ပြောသောသမုဒ္ဒရာတစ်ခု ပေါ်ထွက်လာသည်ကိုမြင်လိုက်ရ၏။
၎င်းက ကောင်းကင်တစ်ခွင်အုပ်မိုး၍ သက်ရှိအားလုံးကို ဝါးမြိုနိုင်သည့်အလား လှိုင်းလုံးများဖြင့် တဝုန်းဝုန်းထနေ၏။
ဝေဒနာပင်လယ်ထဲရှိ ပင်လယ်ရေတစ်စက်ချင်းစီသည် အလွန်တရာသန့်စင်သော ဓမ္မစွမ်းအားများဖြင့် ဖွဲ့တည်ထားခြင်းဖြစ်ကြောင်း သူတို့အားလုံး ရှင်လင်းစွာခံစားမိနိုင်၏။
ပင်လယ်ရေတစ်စက်က တောင်တန်းများကိုပင် ပြိုကျစေနိုင်ပြီး ဓမ္မဝိသေသပညာရှင်တစ်ယောက်ကို အလွယ်တကူသတ်ဖြတ်နိုင်လေသည်။
လူတိုင်းက တုန်လှုပ်သွားရ၏။
ပေါင်းစည်းခန္ဓာစွမ်းအားကြီးပုဂ္ဂိုလ်များသည် ကောင်းကင်နှင့်မြေကြီးကို အမှန်တကယ်ကိုင်လှုပ်နိုင်သည့် စွမ်းအားများကို ပိုင်ဆိုင်ထားကြလေသည်။
သူတို့က တောင်တန်းများနှင့် သမုဒ္ဒရာများကိုပင် ရွေ့ပြောင်းနိုင်ကြလေသည်။
အနီးအဝေးတိုက်ခိုက်မှုများက တစ်ပြိုင်နက်တည်းလိုလို ဆင်းသက်လာကြ၏။
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်ငါးယောက်သည် ပထမဆုံးအကြိမ်ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်လျှင်တောင် သူတို့သည် အတွေ့အကြုံကြွယ်ဝပြီး အလွန်တရာ အချိတ်အဆက်မိနေကြ၏။ သူတို့ငါးယောက်၏ တိုက်ခိုက်မှုများသည် ကြောက်စရာကောင်းပြီး နတ်မိမယ်အစစ်အမှန်ကျောက်စိမ်းကို ဆွဲယူနှစ်မြှုပ်လုနီးပါးပင်။
နတ်မိမယ်အစစ်အမှန်ကျောက်စိမ်း၏ အစွမ်းအစများကို သူတို့တွေ့မြင်ထားခဲ့သော်လည်း ဆူဇီမိုနှင့်အခြားသူများက စိုးရိမ်ပူပန်နေဆဲပင်။
ထက်ရှသောဓားများက ဝေဒနာပင်လယ်အောက်မှာ ရစ်ဝဲနေပြီး သွေးမြူတစ်ခုသည် အရိုးဆေဘာနှင့် သံမဏိလှံတံမှထွက်ပေါ်လာသော တိုက်ခိုက်မှုများနှင့်အတူ ဝင်ရောက်လာလေသည်။
ထိုကဲ့သို့ ပြင်းထန်အားကောင်းသော တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရလျှင်တောင် နတ်မိမယ်အစစ်အမှန်ကျောက်စိမ်း၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိပေ။
ပေါ့ပါးသောခြေလှမ်းများနှင့်အတူ သူမသည် ဘေးဘက်ရှိ ယုဝမ်ရှုံးဆီသို့ တိုးဝင်သွားပြီး ကြော့ရှင်းတင့်တယ်သော နောက်ချန်ပုံရိပ်များကို ကျန်ရစ်ခဲ့စေ၏။ သူမသည် အမှန်တကယ်ပင် ကြော့ရှင်းတင့်တယ်ပြီး အထက်တန်းကျနေလေသည်။
တိုက်ပွဲအတွင်းမှာပင် နတ်မိမယ်အစစ်အမှန်ကျောက်စိမ်း၏ ပုံရိပ်သည် ထိတ်ထိတ်ပျာပျာဖြစ်ခြင်း တစ်စုံတစ်ရာမရှိဘဲ အလွန်တရာ လှပသိမ်မွေ့နေ၏။
သူမသည် လှပစွာလှုပ်ရှားခြင်းဖြင့်ပင် တိုက်ခိုက်မှုအများစုကို ရှောင်တိမ်းနိုင်ခဲ့သည်မှာ ပို၍ပင် ရှားရှားပါးပါးမြင်ကွင်းဖြစ်လေသည်။
ခုနှစ်မျိုးသတ်ဖြတ်ခြင်းဓားက လုံးဝလွဲချော်သွားခဲ့၏။
သူမ၏ ကျောက်စိမ်းကဲ့သို့ လက်တစ်ဖက်ကိုဆန့်ထုတ်ပြီး သူမ၏ဆံထုံးပေါ်ရှိ လက်ညိုးအရွယ် ကျောက်စိမ်းဆံထိုးတစ်ခုကို ဆွဲထုတ်ယူလိုက်၏။
သူမ၏ အနက်ရောင်ဆံကေသာသည် လေနှင့်အတူ ပြေကျသွားပြီး သူမကို ပို၍ပင် ကြော့ရှင်းသွားစေ၏။
နတ်မိမယ်အစစ်အမှန်ကျောက်စိမ်းက သူမ၏လက်ကို မြှောက်လိုက်လေသည်။
ဝှစ်...
ကျောက်စိမ်းအလင်းတစ်ချက် ဖြာလက်သွားပြီး ၎င်းက ဝင်ရောက်လာသော သွေးရောင်ဦးခေါင်းကို ထိုးနှက်လိုက်၏။ သွေးရောင်ဦးခေါင်းသည် လေထဲမှာ ခဏမျှရပ်တန့်သွားပြီးနောက် ပေါက်ကွဲထွက်သွားလေသည်။
ဖျပ်ခနဲအလင်းရောင်တစ်ချက်နှင့်အတူ ကျောက်စိမ်းဆံထိုးသည် အကြီးအကဲ ရမ္မက်မိစ္ဆာ၏ နှာရောင်ရှိရာသို့ တိုးဝင်လာခဲ့၏။
“အား.....”
အကြီးအကဲ ရမ္မက်မိစ္ဆာက တုန်လှုပ်သွားရ၏။
နတ်မိမယ်အစစ်အမှန်ကျောက်စိမ်းသည် ဝန်းရံတိုက်ခိုက်ခြင်းခံနေရစဥ်မှာပင် ပြန်လှန်တိုက်ခိုက်ဖို့အတွက် ခွန်အားကျန်ရှိနေလိမ့်မည်ဟု သူကထင်မှတ်မထားခဲ့ပေ။
ဒါ့အပြင် သူက ခပ်လှမ်းလှမ်းကနေ တိုက်ခိုက်နေခြင်းဖြစ်ပြီး သူမသည် သူ့ကိုအရင်ဆုံးပစ်မှတ်ထားတိုက်ခိုက်လာလိမ့်မည်ဟု သူကထင်မှတ်မထားခဲ့ပေ။
ကျောက်စိမ်းဆံထိုးက ချက်ချင်းပင်ရောက်ရှိလာခဲ့၏။
ဖျပ်ခနဲဆို အကြီးအကဲ ရမ္မက်မိစ္ဆာသည် သူ၏ သိုလှောင်အိတ်ထဲကနေ ကြီးမားသည့် လိပ်ကျောခွံတစ်ခုကိုထုတ်ယူပြီး ကျောက်စိမ်းဆံထိုးကို ပိတ်ဆို့တားဆီးလိုက်၏။
လိပ်ကျောခွံက စွမ်းအားကြီးသော ဇာစ်မြစ်တစ်ခုရှိလေသည်။
အဲ့ဒါသည် အရှေ့ပင်လယ်ရှိ မူလသွေးမျိုးဆက် မဟာသားရဲ မဟူရာလိပ်တစ်ကောင်ကို သတ်ဖြတ်ခြင်းဖြင့် ရရှိလာခဲ့ခြင်းဖြစ်၏။
မဟူရာလိပ်၏ ခန္ဓာကိုယ်တွင် ဖျက်ဆီး၍မရနိုင်သောအပိုင်းမှာ ၎င်း၏ ကျောခွံဖြစ်လေသည်။ အဲ့ဒါက ပကတိအဆင့်စွမ်းအားကြီးပုဂ္ဂိုလ်ဓမ္မလက်နက်များထက်ပင် ပို၍မာကျောလေသည်။
ချွမ်း....
ကျောက်စိမ်းဆံထိုးသည် လျှို့ဝှက်ဆန်းကြယ်သော လိပ်ကျောခွံနှင့်ထိတွေ့ရိုက်ခတ်ပြီးနောက် ကြွတ်ဆတ်ဆတ်အသံတစ်သံကို ထွက်ပေါ်လာစေ၏။
ထို့နောက် ချက်ချင်းပင် အကြီးအကဲ ရမ္မက်မိစ္ဆာသည် အက်ကွဲသံတစ်သံကို ကြားလိုက်ရ၏။
အဲ့ဒါသည် သူ့ရှေ့တွင် တစ်စုံတစ်ရာ ကြေမွသွားသည့်အလားပင်။
“အဲ့ဒါက....”
အကြီးအကဲ ရမ္မက်မိစ္ဆာ၏ စိတ်ထဲတွင် အတွေးတစ်ခုက ဝင်ရောက်လာ၏။
အဲ့ဒါက မဖြစ်နိုင်ပေ။
ထိုသေးငယ်သော ကျောက်စိမ်းဆံထိုးက မနှိုင်းယှဥ်သာအောင် နူးညံပျော့ပြောင်းလေသည်။ အဲ့ဒါက မဟာသားရဲ မဟူရာလိပ်၏ ကျောခွံကို ဘယ်လိုလုပ်ပြီးထိုးဖောက်နိုင်ပါ့မလဲ...။
“အဲ့ဒီကျောက်စိမ်းဆံထိုးက ဓမ္မရတနာတစ်ခုမဖြစ်သရွေ့....”
ဓမ္မရတနာများသည် နတ်ဘုရားစွမ်းအားများဖြင့် ပေါင်းစည်းထားပြီး ဘိုးဘေးအဆင့် ပညာရှင်များသာလျှင် အဲ့ဒါကိုကိုင်ဆွဲနိုင်ကြလေသည်။
အကြီးအကဲ ရမ္မက်မိစ္ဆာသည် သူ့လက်ဖဝါးထဲရှိ လိပ်ကျောခွံကို ငေးကြည့်ရင်း သူ၏ သူငယ်အိမ်များက တင်းကျပ်လာခဲ့၏။
ဖြောက်....
လိပ်ကျောခွံ၏ အလယ်ဗဟိုသည် ကြေမွသွားပြီး အစိမ်းရောင်အလင်းတန်းတစ်ခုက မည်သည့်ခုခံမှုမှ မရှိဘဲ သူ၏လက်ဖဝါးကိုထိုးဖောက်လိုက်၏။
“အား....”
အကြီးအကဲ ရမ္မက်မိစ္ဆာက နာကျင်မှုဖြင့် စူးစူးဝါးဝါးအော်ဟစ်လိုက်၏။ သို့သော်လည်း ချက်ချင်းဆိုသလို သူ၏အော်သံက ယတိပြတ်ရပ်တန့်သွားခဲ့၏။
အကြီးအကဲ ရမ္မက်မိစ္ဆာ၏ နှာရောင်ပေါ်တွင် သွေးသံရဲရဲအပေါက်တစ်ပေါက်က ပေါ်ထွက်လာခဲ့၏။
သူ၏ဦးခေါင်းနောက်ဘက်တွင် ကျောက်စိမ်းဆံထိုးသည် သူ၏ဦးခေါင်းခွံကို ထိုးဖောက်၍ ထွက်လာခဲ့လေသည်။ အဲ့ဒီမှာ သွေးရောင်တစ်စွန်းတစ်စမှ ရှိမနေပေ။
အကြီးအကဲ ရမ္မက်မိစ္ဆာက နေရာမှာပင် သေဆုံးသွားခဲ့လေပြီ။
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်ငါးယောက်၏ ဝန်းရံတိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်တွင် နတ်မိမယ်အစစ်အမှန်ကျောက်စိမ်းသည် လွှမ်းမိုးခြယ်လှယ်စွာ ခုခံတိုက်ခိုက်ရင်း သူတို့ထဲမှတစ်ယောက်ကိုပင် ချက်ချင်းလက်ငင်း သတ်ဖြတ်ပစ်လိုက်၏။
သို့သော်လည်း သူမက ရပ်တန့်မသွားပေ။
ဝေဒနာပင်လယ်၏ ကျောက်စိမ်းရောင်လှိုင်းလုံးများပေါ်တက်လှမ်းရင်း သူမသည် အကြီးအကဲအရိုးစိတ်ဝိညာဥ်ထံကနေ သူမကိုယ်သူမ ခွာထုတ်လိုက်၏။ သူမက ခုနှစ်မျိုးသတ်ဖြတ်ခြင်းဓားကိုလည်း ရှောင်တိမ်းပြီး ယုဝမ်ရှုံးရှေ့သို့ ရောက်ရှိလာခဲ့လေသည်။
“ဟာ....”
ယုဝမ်ရှုံးသည် အလွန်တရာ သန်မာပြီး ခွန်အားဗလတောင့်တင်းလေသည်။ ဒေါသတကြီးဟိန်းဟောက်သံနှင့်အတူ သူ၏လက်နှစ်ဖက်ဖြင့် သံမဏိလှံတံကိုပင့်မြှောက်ကာ နတ်မိမယ်အစစ်အမှန်ကျောက်စိမ်းဆီသို့ ပစ်ထိုးလိုက်လေသည်။
လှံတံ၏ စွမ်းအားက သိပ်သည်းပြင်းထန်ပြီး အလွန်တရာမြန်ဆန်လေသည်။ လှံတံ၏ ဘေးပတ်လည်တွင် ဝဲဂယက်များပင် ပေါ်ထွက်လာခဲ့၏။
အဲ့ဒါက လေထုကို ဆုတ်ဖြဲပြီး နတ်မိမယ်အစစ်အမှန်ကျောက်စိမ်း၏ မျက်နှာထံသို့ တန်းတန်းမတ်မတ်ဝင်ရောက်လာ၏။