စုန်းမျိုးနွယ် ရောက်ရှိလာမှု
Vol. 80 Ch. 1191
သုသာန်ထဲရှိ အမွေအနှစ်ကျောက်သားရုပ်တု ၃၂ ခုကို ကြည့်ပြီး ဆူဇီမိုက ညင်သာစွာ ပြုံး၍ တီးတိုးရေရွတ်လိုက်၏။
“ကျုပ် ပြန်ရောက်လာပြီဗျို့”
သူတို့သည် တစ်စုံတစ်ရာကို ခံစားမိသွားသည့်အလား.. အမွေအနှစ်ကျောက်သားရုပ်တုများသည် အလင်းတန်းများဖြင့် တောက်ပလာပြီး ကောင်းကင်ထက်သို့ ထိုးတက်ကာ ရင်သပ်ရှုမောဖွယ်ရာ ပုံစံဖြင့် တစ်ခုပြီးတစ်ခု ဝင်းထိန်တောက်ပလာခဲ့၏။
ဤသုသာန်ထဲတွင် သူတို့၏ အမွေအနှစ်များကို ချန်ထားခဲ့နိုင်သူများသည် ရှေးဟောင်းခေတ်တုန်းက လွှမ်းမိုးခြယ်လှယ်ခဲ့ကြသော ထိပ်သီးပညာရှင်များ ဖြစ်ကြလေသည်။
ဥပမာအားဖြင့်.. မိစ္ဆာဂိုဏ်းများမှ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး အင်ပါယာကောင်းကင်သည် သေဆုံးသွားခဲ့သော်လည်း သူသည် တာအိုနှလုံးသား မိစ္ဆာမျိုးစေ့သုတ္တန်ကို ချန်ထားရစ်ခဲ့ပြီး ဆူဇီမို၏ တာအိုနှလုံးသားကို အသုံးချကာ ဒုတိယအကြိမ်မြောက် ပြန်လည်မွေးဖွားပေါ်ထွက်လာလုနီးပါးပင်။
အဲဒါက ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ အစွမ်းအစတွေလဲ..။
ဒါ့အပြင်.. ဤသုသာန်ထဲတွင် အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများမှ အမွေအနှစ်များ ရှိနေ၏။
သူက အမွေအနှစ် သုံးဆယ်ကျော်စလုံးကို နားလည်ဆင်ခြင်နိုင်မည်ဆိုလျှင် အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာတာအိုများအပေါ် သူ၏ နားလည်သဘောပေါက်မှုက မမျှော်မှန်းနိုင်သော အဆင့်တစ်ခုအထိ ရောက်ရှိလာပေလိမ့်မည်။
ဆူဇီမိုသည် ဤသုသာန်ထဲတွင် သူ၏ သိုင်းတာအိုကို ကောက်ချက်ချဖို့ ပြင်ဆင်ထားသည့် အကြောင်းရင်းမှာ နောက်ထပ် အရေးကြီးသော အကြောင်းပြချက်တစ်ခု ရှိလေသည်။
သိပ်မကြာမီ သူက အမွေအနှစ်ကျောက်သားရုပ်တုတစ်ခု ရှေ့မှာ ရပ်တန့်လိုက်၏။
ထိုအမွေအနှစ်ကျောက်သားရုပ်တုကို ချန်ထားရစ်ခဲ့သော ကျင့်ကြံသူသည် တစ်ခေတ်တစ်ခါတုန်းက တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်ပင်ဖြစ်ပြီး သူ၏ တာအိုဘွဲ့က လျှပ်တစ်ပြက်ဖြစ်လေသည်။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး လျှပ်တစ်ပြက် ကျောက်သားရုပ်တု၏ ငါးပေပတ်လည်ရှိ အချိန်စီးဆင်းမှုက တစ်မူထူးခြားမှု ရှိလေသည်။ အပြင်ဘက်တွင် တစ်ရက်တာက ဤနေရာမှာ တစ်နှစ်ဖြစ်လေသည်။
အရင်တုန်းက ဆူဇီမိုသည် ဤနေရာမှာ ၁၅ နှစ် ကျင့်ကြံပြီး မူလနတ္ထိအဆင့်သို့ တက်လှမ်းကာ မည်ကာမတ္တ တပည့်များနှင့် သီယင်းကို သတ်ဖြတ်နိုင်ခဲ့လေသည်။
ဤသုသာန်ထဲရှိ အမွေအနှစ် ၃၀ ကျော်ကို လက်ခံယူဖို့အတွက် အဲဒါက အနည်းဆုံး နှစ်ပေါင်းတစ်ထောင်လောက် ကြာမြင့်နိုင်လေသည်။
ဒါ့အပြင် သူ၏ သိုင်းတာအိုကို ကောက်ချက်ချဖို့အတွက် သူ၏ စွမ်းအင်အမြောက်အများကိုလည်း သုံးစွဲရပေဦးမည်။
အဲဒါက အလွန်တရာ ကြာမြင့်စွာ အချိန်ယူရပေလိမ့်မည်။
ထိုကဲ့သို့သော အချိန်က သူ့အပေါ်မှာ သက်ရောက်မှုများစွာ ရှိချင်မှ ရှိပေလိမ့်မည်။
သို့သော်လည်း ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ ကြီးမားသည့် ပြောင်းလဲမှုများ ဖြစ်ပေါ်လာနိုင်လေသည်။
နှစ်တစ်ထောင်ကို မပြောနှင့်.. ပြီးခဲ့သည့် နှစ်တစ်ရာအတွင်းမှာပင် ကျင့်ကြံရေးလောက၌ ကြီးကြီးမားမား ကိစ္စများစွာ ဖြစ်ပျက်ခဲ့လေသည်။
သွေးရောင်တစ္ဆေမျက်နှာက ပြန်လည်ပေါ်ထွက်လာခဲ့၏။
နတ်ဘုရားမျိုးနွယ်၊ ယက္ခမျိုးနွယ်နှင့် စုန်းမျိုးနွယ်ပင်လျှင် ပေါ်ထွက်လာခဲ့လေသည်။
ထိုဖြစ်ရပ်များ အားလုံးသည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ မုန်တိုင်းတစ်ခု ဆင်းသက်လာတော့မည်ဆိုတာကို ရည်ညွှန်းနေပြီး လူတိုင်း အန္တရာယ်နှင့် ကြုံတွေ့ရသည့် ရှေးဟောင်းခေတ်က ဖရိုဖရဲ အခြေအနေတစ်ခုသို့ ပြန်လည်ရောက်ရှိသွားနိုင်လေသည်။
ထိုအချိန်ကျလျှင် ကျင့်ကြံသူအများစုသည် အားနည်းသော မော်တယ်များကို ကယ်တင်ဖို့နေနေသာ.. သူတို့ကိုယ်သူတို့ပင် အနိုင်နိုင် ကာကွယ်ရပေလိမ့်မည်။
သူက ဤနေရာမှာ နှစ်ပေါင်းထောင်နှင့်ချီ၍ ကုန်ဆုံးစေမည်ဆိုလျှင် သူက သိုင်းတာအိုကို အဖြေထုတ်နိုင်ပြီး ပြန်လည်ရောက်ရှိလာမည်ဆိုလျှင်တောင် လောကက ပြောင်းလဲသွားပေလိမ့်မည်။
အဲဒါကြောင့် ဆူဇီမိုသည် ငါးပေပတ်လည် ဤနေရာကို အသုံးချကာ သူ၏ သိုင်းတာအိုကို ကောက်ချက်ချဖို့ ရည်ရွယ်ထားလေသည်။
ဤနေရာမှာ နှစ်တစ်ထောင် ကုန်ဆုံးသွားခဲ့မည်ဆိုလျှင်တောင်..
ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ သုံးနှစ်သာလျှင် ကြာမြင့်ပေလိမ့်မည်။
အဲဒါသည် ကောင်းကင်၏ လျှို့ဝှက်ချက်ကို ခိုးယူခြင်းနှင့် တူညီလေသည်။
တကယ်တော့.. ဆူဇီမိုက ဤနေရာမှာ ရှိနေသည်ဆိုလျှင်တောင် အချိန်ကာလက သူ့အပေါ်မှာ သေချာပေါက် တိုက်စားမှု ရှိပေလိမ့်မည်။
တစ်နည်းအားဖြင့်ဆိုလျှင်.. ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ သုံးနှစ်သာ ကုန်ဆုံးသွားသော်လည်း ဆူဇီမို၏ ဘဝသက်တမ်းက နှစ်တစ်ထောင် လျော့ကျသွားမည် ဖြစ်လေသည်။
အဲဒါက ကောင်းကင်၏ လျှို့ဝှက်ချက်ကို ခိုးယူချင်သည့်အတွက် သူပြန်ပေးဆပ်ရမည့် တန်ဖိုးဖြစ်လေသည်။
“စလိုက်တာပေါ့”
ဆူဇီမိုက တင်ပျဉ်ခွေထိုင်ချလိုက်ပြီး တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး လျှပ်တစ်ပြက်၏ ကျောက်သားရုပ်တုနှင့် အကြည့်ချင်း ဖလှယ်လိုက်၏။
ကျောက်သားရုပ်တု၏ မျက်လုံးမှ နတ်ဘုရားအလင်းနှစ်ခုသည် ဆူဇီမို၏ မျက်လုံးထဲသို့ ဝင်ရောက်သွားပြီး အချိန်ကာလကြာမြင့်စွာ ပျောက်ဆုံးနေခဲ့သော ကျင့်ကြံရေးနည်းစနစ်တစ်ခုက သူ၏စိတ်ထဲသို့ ဝင်ရောက်လာခဲ့လေသည်။
. . . . . .
ညနက်ပိုင်းတွင်..
မြောက်ပိုင်းဒေသနှင့် အလယ်ပိုင်းတိုက်ဆုံသော နေရာတွင်.. ကျယ်ပြန့်သော တောအုပ်တစ်ခုရှိပြီး ကြမ်းကြုတ်တောကောင်များက ကျင်လည်ကျက်စား၍ ငှက်များက ကောင်းကင်ထက်မှာ ပျံသန်းနေကြ၏။ မရေမတွက်နိုင်သော ကြမ်းကြုတ်တောကောင်များသည် တိုက်ခိုက်၍ ကျယ်လောင်သော ဟိန်းဟောက်သံများကို ထွက်ပေါ်လာစေ၏။
ထိုစဉ်မှာပင် ပုံရိပ် ၁၃ ခုက တောအုပ်ထဲသို့ ဆင်းသက်လာခဲ့ကြ၏။
တောအုပ်ထဲရှိ အော်ဟစ်သံများက တဖြည်းဖြည်း စဲသွားလေသည်။
သိပ်မကြာမီ တိတ်ဆိတ်မှုက ကြီးစိုးသွားခဲ့၏။
မြေပြင်ပေါ်ရှိ ကြမ်းကြုတ်တောကောင်များ အားလုံးသည် မကောင်းဆိုးရွားဆန်သော အော်ရာတစ်ခုမှာ မှင်တက်သွားပုံရပြီး မည်သည့်အသံမှ မထွက်ရဲတော့ပေ။
မည်သည့် သားရဲတောကောင်မဆို ကျင့်ကြံမှုအဆင့်တစ်ခုသို့ ရောက်ရှိပြီးလျှင် အန္တရာယ်အပေါ် အာရုံခံစိတ် အလွန်တရာ ထက်ရှလာခဲ့၏။
တောအုပ်ထဲသို့ မမျှော်မှန်းနိုင်အောင် ကြောက်စရာကောင်းသည့် တည်ရှိမှုတစ်ခု ရောက်ရှိနေသည်ကို သူတို့က သိလိုက်ကြ၏။
အဲဒါသည် သူတို့၏ မျိုးဆက်သွေးအနက်ပိုင်းထဲရှိ အကြောက်တရားနှင့် ဖိနှိမ်မှု ဖြစ်လေသည်။
လရောင်က ပုံရိပ် ၁၃ ခုအပေါ်သို့ ဖြာကျနေပြီး ခပ်ဖျော့ဖျော့ အစိမ်းရောင်အလင်းနှင့်အတူ တောက်ပ၍ ညအမှောင်မှာ လမ်းလျှောက်နေသော တစ္ဆေများနှင့် ဆင်တူနေ၏။
ပုံရိပ် ၁၃ ခုသည် အစိမ်းရောင်ဝတ်ရုံများကို ဝတ်ဆင်ထားပြီး သူတို့၏ မျက်နှာကို ကြီးမားသော ခေါင်းခြုံများဖြင့် ဖုံးအုပ်ထား၏။ တစ်စုံတစ်ယောက်က ဤနေရာမှာ ရှိနေလျှင်တောင် သူတို့၏ ပုံပန်းသွင်ပြင်ကို ထုတ်ဖော်နိုင်လိမ့်မည် မဟုတ်ပေ။
သူတို့၏ ခေါင်းဆောင်က အဖြူရောင် တစ္ဆေဆန်ဆန် တောင်ဝှေးတစ်လက်ပေါ် သူ၏ ခန္ဓာကိုယ်ကို မှီထား၏။ ခေါင်းခြုံအောက်မှာ နက်မှောင်နေပြီး ခပ်ဖျော့ဖျော့ အစိမ်းရောင် အလင်းနှစ်ခုက တောက်ပနေ၏။ အဲဒါက ရင်သပ်ရှုမောဖွယ်ရာဖြစ်ပြီး သုသာန်ထဲမှာ လောင်ကျွမ်းနေသော သရဲမီးနှင့် တူလေသည်။
“အကြီးအကဲ ကင်းမြီးကောက်.. ကျုပ်တို့က မြောက်ပိုင်းဒေသကို ရောက်လာခဲ့ပြီပဲ.. ကျုပ်တို့က နဂါးအရိုးတောင်ကြားကို တန်းပြီးသွားသင့်လား”
ပုံရိပ်တစ်ခုက တိုးတိတ်စွာ မေးလိုက်၏။
“အလောတကြီးလုပ်စရာ မလိုပါဘူး”
အကြီးအကဲ ကင်းမြီးကောက်ဟု အမည်ရသော ကျင့်ကြံသူက ခြောက်ကပ်အက်ကွဲသော လေသံဖြင့် ဖြည်းဖြည်းချင်း ပြောလိုက်၏။
“သခင်လေးက နဂါးအရိုးတောင်ကြားမှာ သေသွားခဲ့တာဆိုတော့.. ငါတို့က အဲဒီကို သေချာပေါက် သွားရမှာပဲ.. နဂါးမျိုးနွယ်က အဲဒါအတွက် တာဝန်ယူပေးရလိမ့်မယ်”
ခဏမျှ ရပ်တန့်ပြီးနောက်.. အကြီးအကဲ ကင်းမြီးကောက်က ပြောလိုက်၏။
“အခုလောလောဆယ်တော့ ငါတို့က တခြားနေရာကို အရင်သွားရမယ်”
“ဘယ်နေရာလဲ”
“ဂူတစ်သောင်း ရွှံ့ညွန်တော”
အကြီးအကဲ ကင်းမြီးကောက်က ပြောလိုက်၏။
“သခင်လေးက ဂူဂိုဏ်းက စုန်းမျိုးနွယ် ကပြားတစ်ယောက်နဲ့ လိုက်ပါသွားခဲ့တာ.. အခု သခင်လေးက သေပြီဆိုတော့ ဂူဂိုဏ်းက လူတိုင်းက သူနဲ့အတူ သေရလိမ့်မယ်”
အကြီးအကဲ ကင်းမြီးကောက်၏ လေသံက တည်ငြိမ်နေသော်လည်း သူ၏ စကားလုံးများက သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေ၏။
ထိုပုံရိပ် ၁၃ ခုသည် ကမ္ဘာဦးမျိုးနွယ် ၉ စု၏ စုန်းမျိုးနွယ်မှ ဖြစ်လေသည်။
ထိုစုန်းများက ထွက်ခွာတော့မည့်ဆဲဆဲမှာပင်.. တောအုပ်ထဲမှ ပုရစ်အော်သံ တချို့ကို ကြားလိုက်ရ၏။
ခြုံထည်အောက်ရှိ အကြီးအကဲ ကင်းမြီးကောက်၏ မျက်နှာက မျက်မှောင်ကြုတ်လိုက်ပြီး ရုတ်တရက် ပြောလိုက်၏။
“မင်းတို့တွေက တစ္ဆေကျိန်စာသင်္ချိုင်းကနေ အရင်က တစ်ခါမှ ထွက်လာခဲ့ဖူးတာ မဟုတ်ဘူး.. အခု မင်းတို့ အဲဒါကို ချုပ်ထိန်းထားရတာ ခက်ခဲနေမှာပဲ.. ဟုတ်တယ်မလား”
“ဟုတ်တာပေါ့”
သူ၏နောက်ဘက်ရှိ စုန်းများက ပြန်ဖြေလိုက်၏။
အကြီးအကဲ ကင်းမြီးကောက်က မှင်သေသေဖြင့် ပြောလိုက်လေသည်။
“တောထဲမှာရှိတဲ့ ပုရစ်တွေက ငါတို့ကို အနှောင့်အယှက်ပေးနေတယ်.. ဒီတောအုပ်ထဲမှာရှိတဲ့ သက်ရှိတွေ အားလုံးကို သတ်ပစ်လိုက်ကြတာပေါ့”
“ကောင်းပါပြီ”
အကြီးအကဲ ကင်းမြီးကောက်၏ နောက်ဘက်ရှိ စုန်းများက စိတ်လှုပ်ရှားစွာဖြင့် ပြန်ဖြေလိုက်ကြ၏။
တစ်နာရီ ကြာပြီးနောက်..
စုန်း ၁၃ ယောက် ထွက်ခွာသွားပြီးနောက်.. သူတို့၏နောက်ဘက် တောအုပ်ထဲတွင် အလောင်းများက ပြန့်ကျဲနေပြီး ပြင်းထန်သော သွေးရနံ့နှင့်အတူ သွေးများက မြစ်များလို စီးဆင်းနေ၏။
လဝက်ကြာပြီးနောက်.. ဂူတစ်သောင်း ရွှံ့ညွန်တောသို့ စုန်း ၁၃ ယောက်က ရောက်ရှိလာခဲ့ကြ၏။
“ဟမ်..”
လူတိုင်းသည် သူတို့၏ အောက်ဘက်ရှိ တူးချစ်နေသော မြေပြင်ကို ငုံ့ကြည့်ပြီး အံ့အားတသင့် ရေရွတ်လိုက်ကြ၏။
ဤနေရာသည် ဂူဂိုဏ်း၏ တည်နေရာဖြစ်သော်လည်း အဲဒါက သက်ရှိများ အားလုံးသည် မီးလောင်တိုက်သွင်းခံလိုက်ရသည့်အလား တူးချစ်နေသော အပျက်အစီးပုံတစ်ခု ဖြစ်နေလေပြီ။
“အဲဒါက ဘယ်လိုဖြစ်ရတာလဲ”
“တစ်စုံတစ်ယောက်က ငါတို့ထက်အရင် ဂူဂိုဏ်းကို ဖျက်ဆီးသွားတာလား”
အကြီးအကဲ ကင်းမြီးကောက်က သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို ထုတ်ဖော်ပြီး အတန်ကြာသည်အထိ စစ်ဆေးကြည့်ရှုလိုက်၏။
ကီလိုမီတာ ၁၀၀ ပတ်လည်အတွင်း မည်သည့်အသက်ဓာတ်မှ မကျန်ရှိပေ။
အကြီးအကဲ ကင်းမြီးကောက်က အောက်သို့ ဆင်းသက်ပြီး တူးချစ်နေသော မြေပြင်ကို ဖြတ်ကျော်ကာ မြေအောက်ရှိ ခမ်းခြောက်နေသော ရေကန်တစ်ကန်ဆီသို့ ရောက်ရှိလာခဲ့၏။ သူက နှာခေါင်းတစ်ချက်ရှုံ့၍ သူ၏မျက်လုံးကို မှေးကျဉ်းလိုက်၏။
“ဒါက ဂမ္ဘီရစိမ့်စမ်းတစ်ခုရဲ့ အော်ရာပဲ”
“ကံဆိုးစွာနဲ့ပဲ.. အခြားတစ်ယောက်က ငါတို့အရင် လက်ဦးသွားပြီ”
စုန်းတစ်ယောက်က တိုးတိတ်စွာ ပြောလိုက်၏။
“ဒီနေရာမှာ ဘာတွေဖြစ်ခဲ့တာပါလိမ့်”
“ဒီနေရာမှာ လောင်ကျွမ်းခဲ့တဲ့ မီးက သခင်လေးနဲ့ ဘယ်လိုများ ပတ်သက်နေလဲ မသိဘူး”
စုန်းအချို့က မျက်မှောင်ကြုတ်၍ မေးလိုက်၏။
“ငါတို့ ကြည့်ကြည့်ရမှာပေါ့”
အကြီးအကဲ ကင်းမြီးကောက်က သူ၏ ပိန်လှီနေသော လက်ကို ဆန့်ထုတ်ပြီး လက်ဟန်ချိပ်စည်းများကို ထပ်တလဲလဲ လှုပ်ရှားလိုက်၏။ နောက်ဆုံးမှာတော့.. သူသည် နှာရောင်ကို လက်ဖြင့်ထိပြီး ထူးဆန်းသော လောကတစ်ခုကို ထွက်ပေါ်လာစေ၏။
မကောင်းဆိုးဝါးဆန်ဆန် စွမ်းအင် အတက်အကျတစ်ခုက ဖြန့်ကြက်လာခဲ့၏။
အကြီးအကဲ ကင်းမြီးကောက်၏ ရှေ့တွင် အချိန်ကာလက နောက်ပြန်စီးဆင်းသွားသည့်အလား ထင်ရ၏။
အပျက်အစီးပုံသည် ပျောက်ကွယ်သွားပြီး ဂူဂိုဏ်း၏ များပြားလှစွာသော အဆောက်အဦများက တစ်ဖန်ပြန်လည်ပေါ်ထွက်လာခဲ့လေသည်။
ထိုကဲ့သို့သော နည်းလမ်းများက တကယ့်ကို တုန်လှုပ်စရာကောင်းလေသည်။
သူသည် ကြီးမားသော မီးလုံးတစ်လုံးကို မြင်လိုက်ရ၏။ အစိမ်းရောင်ဝတ် ကျင့်ကြံသူတစ်ယောက်သည် လက်ဟန်ချိပ်စည်းများကို လှုပ်ရှားပြီး ကြောက်စရာကောင်းသည့် မီးတောက်များကို ထုတ်ဖော်ကာ ကီလိုမီတာ ၁၀၀ ပတ်လည်အတွင်း လောင်ကျွမ်းပြာချပစ်လိုက်၏။ ဂူတစ်သောင်း ရွှံ့ညွန်တောရှိ ဂူကောင်များ အားလုံးက သေသည့်တိုင်အောင် လောင်ကျွမ်းသွားရ၏။
သူသည် ထိုကျင့်ကြံသူကို ခဏမျှသာ ကြည့်လိုက်လေသည်။
အကြောင်းမှာ သူ့ကို နောက်ထပ် မြင်ကွင်းတစ်ခုက အပြည့်အဝ ဆွဲဆောင်သွားသောကြောင့်ပင်။
သူသည် ဤလောကမှာ မရှိသင့်သည့် အလွန်တရာ ကြောက်စရာကောင်းသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရ၏။