← Chapters

စိန်ခေါ်မှု

Vol. 80 Ch. 1194

စိန်ခေါ်မှု

Vol. 80 Ch. 1194

“ဒါကတော့....”

အပြာရောင်နဂါးအကြီးအကဲသည် သူ၏ခေါင်းကိုခါယမ်းလိုက်၏။

“ကျုပ်လည်းဘယ်သိပါ့မလဲ...”

သူတို့သည် ဆူဇီမိုနှင့် စုန်းမျိုးနွယ်၏သခင်လေးအကြား ပဋိပက္ခကို သိထားခဲ့ပြီဖြစ်သော်လည်း ထိုသူက သူ့ကိုတိုက်ခိုက်ရသည့် အကြောင်းရင်းကို သူတို့က မသိရှိကြပေ။

၎င်း၏ နောက်ကွယ်က အ​ကြောင်းရင်းကို ဆူဇီမိုတစ်ယောက်သာလျှင် သိနိုင်ကောင်းလေသည်။

လုံစန်းက ဆူဇီမိုကို လေးနက်စွာတစ်ချက်ကြည့်လိုက်၏။

ထိုစဥ်က တစ်စုံတစ်ရာလွဲမှားနေသည်ကို သူက သတိထားမိခဲ့ပြီး ယခု စုန်းမျိုးနွယ်၏ အကြီးအကဲက အဲ့ဒါကို တွေးမိလာသည်မှာ အံ့အားသင့်စရာမကောင်းပေ။

အကြီးအကဲကင်းမြီးကောက်က ပြောလိုက်၏။

“ဒါက နဂါးအရိုးတောင်ကြားပဲ... ဒီနေရာမှာ နဂါးတစ်ကောင်ကိုတိုက်ခိုက်ရင် ဘာဖြစ်မလဲဆိုတာ... အရူးတောင်မှသိတယ်... ငါတို့သခင်လေးက ရူးသွပ်သွားပြီးတော့ သက်သက်မဲ့သေချင်နေခဲ့တာလား”

“နဂါးမျိုးနွယ်က မေးခွန်းကိုရှောင်လွဲဖို့အတွက် ဒီလိုရယ်စရာကောင်းတဲ့ အကြောင်းပြချက်တစ်ခုကို သုံးလိုက်တာလား”

မီးပဒေသာနဂါးအကြီးအကဲလေးက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ပြောလိုက်၏။

“အဲ့ဒါက ကြားရတာ ရယ်စရာကောင်းနေပေမယ့်... အဲ့ဒီအချိန်တုန်းက နဂါးတွေ အများကြီးရှိခဲ့တာပဲ... အားလုံးက အဲ့ဒါကို ရှင်းလင်းစွာမြင်ခဲ့ရတယ်”

“အဲ့လိုစကားတွေကို ကျုပ်ကယုံကြည်ပေးရမှာလား”

အကြီးအကဲကင်းမြီးကောက်က လှောင်ရယ်လိုက်၏။

“ကျုပ်တို့သခင်လေးက သေကြောင်းကြံစည်ဖို့အတွက် နဂါးအရိုးတောင်ကြားကို ရောက်လာခဲ့တာလို့ ခင်ဗျားတို့က ပြောချင်နေတာလား”

“ကျုပ်တို့တွေက ကမ္ဘာဦးမျိုးနွယ် ၉ စု ဝင်တွေပဲ... ခင်ဗျားတို့လည်း အကျိုးအကြောင်းစဥ်းစားတတ်တဲ့သူတွေပဲ”

သူက မှင်သေသေဖြင့် ဆက်ပြောလိုက်၏။

“လူတိုင်းကို ကျုပ်မေးပါရစေ... နဂါးမျိုးနွယ်ရဲ့သခင်လေးက ကျုပ်တို့မျိုးနွယ်ရဲ့ တစ္ဆေကျိန်စာသင်္ချိုင်းကိုရောက်လာပြီး အကြောင်းအရင်းမယ်မယ်ရရမရှိဘဲ သေဆုံးသွားမယ်ဆိုရင် ခင်ဗျားတို့က အခုလိုမျိုးဖြေရှင်းချက်ကို လက်ခံကြမှာလား”

မျိုးရိုးငါးခုမှ အကြီးအကဲများသည် မည်သည့်စကားမှမဆိုဘဲ အကြည့်ချင်းဖလှယ်လိုက်ကြ၏။

အပြာရောင်နဂါးအကြီးအကဲက ခဏမျှစဥ်းစားတွေးတောလိုက်၏။

“အကြီးအကဲကင်းမြီးကောက်... ကိစ္စက ဒီအ​ခြေအနေထိ ရောက်လာပြီဆိုမှတော့ ကျုပ်တို့က ဆက်ပြီးငြင်းခုန်နေလည်း အဖြေထွက်လာမှာမဟုတ်ဘူး... ခင်ဗျား ဘာလိုချင်လဲ... ဘယ်လိုလုပ်ချင်လဲ ပြောကြည့်ပါလား”

“ကျုပ်တို့မျိုးနွယ်ရဲ့ သခင်လေးက သေသွားခဲ့ပြီ... အဲ့ဒီတော့ ကျူးလွန်သူက သူ့ရဲ့အသက်နဲ့ ပြန်ပေးဆပ်ရမှာပေါ့...”

အကြီးအကဲကင်းမြီးကောက် ဖြည်းဖြည်းချင်း ပြောလိုက်၏။

“အဲ့ဒါက ​မဖြစ်နိုင်ဘူး”

မီးပဒေသာနဂါးအကြီးအကဲလေးက ခပ်ပြတ်ပြတ်ငြင်းဆန်လိုက်၏။

အကြီးအကဲကင်းမြီးကောက်က သူ၏ပါးစပ်ကို ဖွင့်ဟပြီး သူ၏ဝါကျင့်ကျင့်သွားများကို ထုတ်ဖော်လိုက်၏။

“ကျုပ်တို့ရဲ့ သခင်လေးသေဆုံးမှုအတွက် အသက်တစ်ချောင်းနဲ့ပြန်ပေးဆပ်ဖို့ နဂါးမျိုးနွယ်ဆီက တောင်းဆိုတာက ကျုပ်တို့က အများကြီး အလျှော့ပေးထားပြီပြီ”

“သခင်လေးက အပြင်ဘက်မှာသာသေသွားခဲ့မယ်ဆိုရင်.. အဲ့ဒီနေရာမှာရှိတဲ့ သက်ရှိပေါင်းသန်းနှင့်ချီပြီး သူနဲ့အတူ မြှုပ်နှံမယ်ဆိုရင်တောင် လုံလောက်မှာမဟုတ်ဘူး”

မီးပဒေသာနဂါးအကြီးအကဲလေးက သူ၏ခေါင်းကိုခါယမ်းလိုက်၏။

“အဲ့ဒီအကြောင်းကို ထပ်ပြီးမစဥ်းစားနဲ့တော့... လုံကျူးက မီးပ​ဒေသာ နဂါးမျိုးရိုးရဲ့ သခင်လေးပဲ... သူ့အသက်နဲ့ ပြန်ပေးဆပ်စရာအကြောင်းမရှိဘူး”

ဖြစ်စဥ်တစ်ခုလုံးတွင် ဆူဇီမိုက ဘေးကနေ အေးစက်စွာသာ စောင့်ကြည့်နေခဲ့၏။

နဂါးမျိုးနွယ်မှ ဂျူနီယာတစ်ယောက်အနေဖြင့် သူက စကားပြောဖို့အခွင့်လည်း မရပေ။

စတင်ချိန်ကတည်းက မီးပဒေသာနဂါးအကြီးအကဲလေးသည် သူ့ကိုကာကွယ်ပေးနေပြီး အရေးနိမ့်ခြင်းမရှိဘဲ အကြီးအကဲကင်းမြီးကောက်ကို ဆန့်ကျင်တိုက်ခိုက်နေ၏။

“စိတ်ဝင်စားစရာပဲ.... “

အကြီးအကဲကင်းမြီးကောက်က ဆူဇီမိုကို တစ်ချက်ကြည့်ပြီး နှာတစ်ချက်ရှုံ့ကာ မဲ့ပြုံးပြုံး၍ ပြောလိုက်၏။

“ငါထင်တာမမှားဘူးဆိုရင် လုံးကျူးရဲ့ခန္ဓာကိုယ်ထဲက နဂါးသွေးမျိုးဆက်က လုံးဝသန့်စင်မှု မရှိဘူး....”

နဂါးမျိုးရိုးငါးခုမှ အကြီးအကဲများ၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားကြ၏။

အဲ့ဒါက တကယ်ပင် အမှန်ဖြစ်လေသည်။

ယခုအချိန်ထိကို ဆူဇီမိုသည် ပြီးပြည့်စုံသော နဂါးသွင်ပြင်သို့ ပြောင်းလဲနိုင်ခြင်း မရှိသေးပေ။

အကြီးအကဲကင်းမြီးကောက်က ပြောလိုက်၏။

“နဂါးမျိုးနွယ်က ဒီလောက်တောင်အခြေအနေဆိုးသွားပြီလား... မသန့်စင်တဲ့မျိုးဆက်သွေးနဲ့ အဆက်အနွယ်တောကောင်တစ်ကောင်ကတောင် သခင်လေးတစ်ယောက်ဖြစ်လာတယ်ဆိုတော့...”

ထိုသို့သူပြောလိုက်သည့်ခဏတွင် မျိုးရိုးငါးခုမှ အကြီးအကဲများက မျက်စိမျက်နှာပျက်ယွင်းသွားကြ၏။

ဦးချိုနဂါးအကြီးအကဲ လုံကျုံးက အေးစက်စွာဖြင့် နှစ်တစ်ချက်မှုတ်လိုက်၏။

“အဲ့ဒါက မီးပဒေသာနဂါးမျိုးရိုးရဲ့ ကိစ္စပဲ... တခြားနဂါးမျိုးရိုးလေးခုမှာ အဲ့လိုအခြေအနေမရှိဘူး”

“အဲ့လိုဆိုမှတော့... ကျုပ်တို့သခင်လေးအတွက် မသန့်စင်တဲ့မျိုးဆက်သွေးနဲ့ အဆက်အနွယ်တောကောင်တစ်ယောက်ရဲ့ အသက်ကို ပေးဆပ်ခိုင်းတာက ​ဘာများမှားနေလို့လဲ...”

အကြီးအကဲကင်းမြီးကောက်က ပြောလိုက်၏။

“ဘာလို့လဲ... မီးပဒေသာနဂါးမျိုးရိုးက ဒီအဆက်အနွယ်တောကောင်တစ်ယောက်ကို မှီခိုနေရလောက်အောင် တခြားဘယ်သူမှ မရှိတော့ဘူးလား”

အပြာရောင်နဂါးမျိုး ၊ တောင်ပံနဂါးမျိုးရိုးနှင့် ၊ ဦးချိုမဲ့နဂါးမျိုးရိုးမှ အကြီးအကဲများက ဘာမှမပြောကြပေ။

ပုံမှန်အခြေအနေမှာဆိုလျှင် စုန်းမျိုးနွယ်နှင့် ချစ်ခင်ရင်းနှီးမှုကို ဆက်လက်ထားရှိပြီး ဤပဋိပက္ခကို အဆုံးသတ်ဖို့အတွက် နဂါးမျိုးနွယ်မှ အဆက်အနွယ်တောကောင်တစ်ကောင်ကို စတေးရခြင်းက မသင့်လျော်တာတော့ မဟုတ်ပေ။ အဲ့ဒါက သေချာပေါက် ထိုက်တန်မှုရှိလေသည်။

သို့သော်လည်း နဂါးမျိုးနွယ်၏ ဤအဆက်အနွယ်က ထူးခြားကွဲပြားလေသည်။

ပထမတစ်ချက်အနေဖြင့် သူသည် မီးပဒေသာနဂါးမျိုးရိုး၏ သခင်လေးဖြစ်လေသည်။ ဒုတိယတစ်ချက်အနေဖြင့် သူသည် သိုဝှက်နဂါးအဆင့်သတ်မှတ်ချက်၏ နံပါတ်တစ်ဖြစ်လေသည်။

ပို၍အရေးကြီးသည်မှာ မီးပဒေသာနဂါးမျိုးရိုးသည် ဤကလေးအပေါ် မြင့်မြင့်မားမားသတ်မှတ်ထားကြ၏။ ထိုတောင်းဆိုချက်ကို လက်ခံသည်လက်မခံသည်က မီးပဒေသာနဂါးမျိုးရိုးအပေါ် မူတည်နေလေသည်။

အဲ့ဒါကြောင့် မျိုးရိုးသုံးခုမှ အကြီးအကဲများက ဘာမှမပြောကြပေ။

သို့သော်လည်း ဦးချိုနဂါးအကြီးအကဲ လုံကျုံးက စိတ်ပါလာခဲ့၏။

“ငါ့အထင်တော့....”

“မရဘူး...”

မီးပ​ဒေသာနဂါးအကြီးအကဲက လုံကျုံး၏ စိတ်ကိုဖတ်မိနိုင်ပြီး ထိုသူစကားဆုံးအောင် မပြောရသေးခင်မှာပင် ငြင်းပယ်လိုက်၏။

“စုန်းမျိုးနွယ်က သူတို့လိုချင်တဲ့ အလျော်အစားနဲ့ ဘယ်အခြေအနေကိုမဆို ဆွေးနွေးလို့ရတယ်.. ဒါပေမယ့် သူက မီးပဒေသာနဂါးမျိုးရိုးရဲ့ သခင်လေးပဲ... သူ့ကိုစတေးဖို့က မဖြစ်နိုင်ဘူး”

မီးပဒေသာနဂါးအကြီးအကဲလေး၏ လေသံက ပြတ်သား၍ ပြန်လှန်မေးခွန်းမထုတ်ဝံ့ပေ။

အခြေအနေက တင်းမာခက်ထန်လာကြ၏။

အကြီးအကဲကင်းမြီးကောက်၏ အမူအရာက လုံးဝသုန်မှုန်လာခဲ့လေပြီ...။

လုံစန်းသည်တစ်ချိန်လုံး မည်သည့်အရာမှ ဝင်မပြောပေ။

အဲ့ဒါသည် သူက အဆင့်မမီသောကြောင့် မဟုတ်ပေ။

သူသည် လက်သည်းငါးဖက်နတ်နဂါး၏ မျိုးဆက်သွေးကိုပိုင်ဆိုင်ထားပြီး ဤခန်းမထဲတွင် သူ၏အဆင့်အတန်းသည် မျိုးရိုးငါးခုမှ အကြီးအကဲများနှင့် ယှဥ်နိုင်လုနီးပါးပင်။

သူသည် တစ်စုံတစ်ရာဝင်မပြောရသည့်အကြောင်းရင်းမှာ သူသည်လည်းပဲ အကြီးအကဲကင်းမြီးကောက်၏ အကြံပြုချက်ကို သဘောတူလက်ခံခြင်းမရှိသောကြောင့်ပင်။ စုန်းမျိုးနွယ်မှ သခင်လေး၏အသက်က တန်ဖိုးရှိလေသည်။ သို့သော်လည်း နဂါးမျိုးနွယ်မှသူများ၏ အသက်ကလည်း စျေးမပေါပေ။

အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်းပြန်ပေးဆပ်ဖို့က မဖြစ်နိုင်ပေ။

သူသည် ဆူဇီမိုကို ဖိနှိမ်ချင်သည်ဟု ကြေညာခဲ့သော်လည်း သူ၏နှလုံးသားအနက်ပိုင်းထဲတွင် ထိုသူကို မြင့်မြင့်မားမားသတ်မှတ်ထားလေသည်။

တကယ်ဆို သူက ဆူဇီမိုကိုနိုင်မယူခင် သူ့ကိုပို၍ပင် ရှင်သန်ကြီးထွားလာစေလိုလေသည်။

“ကျုပ်က ဝူကျဲ.. ကျုပ်မှာ သံသယတစ်ခုရှိတယ်...”

ထိုစဥ်မှာပင်... အကြီးအကဲကင်းမြီးကောက်၏ နောက်မှစုန်းတစ်ယောက်က ရှေ့သို့ထွက်လာ၏။

ဝူကျဲဟုအမည်ရသော လူသည် ခက်ထန်သောအမူအရာနှင့် အေးစက်နေသော အကြည့်တစ်ခုရှိလေသည်။ သူက ဆူဇီမိုကိုကြည့်ပြီးမေးလိုက်၏။

“မင်းက... မသန့်စင်တဲ့မျိုးဆက်သွေးနဲ့ ကောင်စုတ်တစ်ကောင်ပဲ... မင်းရဲ့ကျင့်ကြံမှုအဆင့်ကလည်း မူလနတ္ထိအဆင့်မှာပဲ ရှိတယ်... ငါ့သခင်လေးနဲ့အတူတူပဲ”

“ငါသိချင်တာက.... မင်းလိုကောင်စုတ်တစ်ကောင်က ငါ့သခင်လေးကို လှုပ်ရှားကွက်တစ်ကွက်တည်းနဲ့ ဘယ်လိုသတ်လိုက်တာလဲ ဆိုတာပဲ....”

အခြေအနေနှင့်ပတ်သက်၍ တစ်စုံတစ်ယောက်က စုန်းမျိုးနွယ်သို့ အစီရင်ခံတင်ပြခဲ့ပြီးလေပြီ...။

ထို့ကြောင့်ပင်ဝူကျဲက ထိုသို့မေးလိုက်ခြင်းဖြစ်လေသည်။

အ​ကြီးအကဲကင်းမြီးကောက်က သူသည်လည်းပဲ အဖြေတစ်ခုကို လိုချင်နေသည့်အလား ထိုသူကိုတားဆီးခြင်းမရှိပေ။

သူ၏ထင်မြင်ချက်အရလည်း အဲ့ဒါကမဖြစ်နိုင်ပေ။

သူသိရသလောက်ဆိုရင် စုန်းမျိုးနွယ်မှသခင်လေးသည် ကာကွယ်ရေးအဆောင်များနှင့် အခြားရတနာများစွာကိုပိုင်ဆိုင်ထားခဲ့၏။ သူက လှုပ်ရှားကွက်တစ်ကွက်တည်းနဲ့ ဘယ်လိုကြောင့်သတ်ဖြတ်ခံရမှာလဲ။

ဒါ့အပြင် သူတို့နှစ်ယောက်စလုံးသည် မူလနတ္ထိအဆင့်မှာဖြစ်ကြ၏။ စုန်းမျိုးနွယ်မှ သခင်လေးသည် သခင်လေးတစ်ယောက်ဖြစ်လာရသည့်အကြောင်းရင်းမှာ သူသည် သူ၏အဆင့်တူများကြားမှာ ပြိုင်ဘက်ကင်းပြိး ကြောက်စရာကောင်းသော တိုက်ခိုက်ရည်ခွန်အားရှိသောကြောင့်ဖြစ်လေသည်။

သူက ဘယ်လိုကြောင့်အလွယ်တကူသတ်ဖြတ်ခံရပါ့မလဲ...။

“မင်းက ဘာကို ပြောချင်နေတာလဲ...”

ဆူဇီမိုက တည်ငြိမ်နေသောအမူအရာဖြင့် မေးလိုက်၏။

ဝူကျဲက ​ကျယ်လောင်စွာကြေညာလိုက်၏။

“ငါပြောချင်တာကတော့ မင်းက အ​ဖြေတစ်ခုမပေးနိုင်ဘူးဆိုရင် နဂါးမျိုးနွယ်က ငါတို့သခင်လေးကို သတ်ဖြတ်ဖို့အတွက် တမင်သက်သက်ကြံစည်ခဲ့တာပဲ”

အဲ့ဒါက ကြီးမားသည့် စွပ်စွဲချက်တစ်ခုဖြစ်၏။

ထိုအကြောင်းအရာနှင့်ပတ်သက်၍ စုန်းမျိုးနွယ်သည် နဂါးမျိုးနွယ် အပေါ် စစ်ပွဲတစ်ခုစတင်လာနိုင်၏။

“မင်းက အဖြေတစ်ခုလိုချင်တာပေါ့လေ... အဲ့ဒါက ရိုးရိုးရှင်းရှင်းလေးပဲ”

ဆူဇီမိုက မှင်သေသေဖြင့် ပြန်ဖြေလိုက်၏။

“မင်းတို့သခင်လေးက... အားနည်းလွန်းလို့... လှုပ်ရှားကွက်တစ်ကွက်တည်းနဲ့ ငါ့ရဲ့ သတ်ဖြတ်ခြင်းကိုခံလိုက်ရတာပဲ”

“အဓိပ္ပါယ်မရှိတာကွာ”

ဝူကျဲက ဆူဇီမိုကိုလက်ညိုးထိုးပြီး အော်ငေါက်လိုက်၏။

“ကောင်စုတ်... မင်းက ငါ့သခင်လေးကို ထိခိုက်အောင်လုပ်နိုင်စရာအကြောင်းမရှိဘူး”

ဆူဇီမို၏ အမူအရာက အေးစက်လာခဲ့၏။

စောစောက သူ၏တာအိုနှလုံးသားအပေါ် အကြီးအကဲကင်းမြီးကောက်၏ ရုတ်တရက်တိုက်ခိုက်မှုသည် သူ၏သတ်ဖြတ်လိုစိတ်ကို နှိုးဆွခဲ့ပြီးသားဖြစ်လေသည်။

ယခု... ဝူကျဲသည် အကောင်းအဆိုးနားမလည်ဘဲ... သူ့ကို ကောင်စုတ်ဟု အော်ငေါက်လာသောအခါ သူ၏သတ်ဖြတ်လိုစိတ်က သိပ်သည်းစုဖွဲ့လာခဲ့လေပြီ....။

သူ၏တာအိုနှလုံးသားကို တည်ဆောက်ပြီးနောက် သူ့ကိုဤကဲ့သို့သော ပုံစံဖြင့် ပြောဆိုရဲသည့်သူ များများစားစားမရှိတော့ပေ။

ဝူကျဲသည် မတ်တတ်ထရပ်ပြီး ဆူဇီမိုကိုစိုက်ကြည့်ကာ ဖြည်းဖြည်းချင်းပြောလိုက်၏။

“ငါလည်း... မူလနတ္ထိအဆင့်ပဲ မင်းက အဲ့လောက်ထိစွမ်းအားကြီးနေတယ်ဆိုမှတော့ ငါတို့က အသေအကြေတိုက်ခိုက်ကြမယ်လေ... အဲ့ဒါက ပြဿနာမရှိဘူးမလား”

“ငါ့သခင်လေးကို လှုပ်ရှားကွက်တစ်ကွက်တည်းနဲ့သတ်ဖြတ်ဖို့ မင်းမှာ ဘာရှိသလဲ ကြည့်ရသေးတာပေါ့”

အကြီးအကဲကင်းမြီးကောက်သည် တိတ်ဆိတ်​ငြိမ်သက်နေပြီး တစ်စုံတစ်ရာဝင်ရောက်ပြောဆိုခြင်းမရှိပေ။ သူက ထိုကိစ္စကို အသာတကြည်ခွင့်ပြုပေးလိုက်သည်မှာ သိသာလေသည်။

All Chapters