← Chapters

ဘိုးဘေးနဂါးနိုးထလာခြင်း

Vol. 80 Ch. 1200

ဘိုးဘေးနဂါးနိုးထလာခြင်း

Vol. 80 Ch. 1200

“အား....”

ဆူဇီမိုသည် ကောင်းကင်ထက်သို့ ဟိန်းဟောက်ရင်း သူ၏မျက်လုံးနှစ်ဖက်က ကြောက်စရာကောင်းသော သွေးနီရောင်မီးတောက်များဖြင့် တောက်ပလာပြီး ထိုမီးတောက်များက ကောင်းကင်ထက်သို့ ပျံတက်ကာ တိမ်လွှာများကြားတိုးဝင်ပျောက်ကွယ်သွား၏။

ရွှစ်.....

ကောင်းကင်ထက်ရှိ တိမ်စိုင်များသည် လောင်ကျွမ်းလာသည်ဟု ထင်ရ၏။

တစ်ခဏအတွင်းမှာပင် သူတို့က မီးတောက်နီရောင်တိမ်လွှာများအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်တစ်ခွင် နီစွေးသွားစေ၏။

နဂါများက လှုပ်လှုပ်ရွရွ ဖြစ်လာကြ၏။

“ဘယ်လောက်တောင် သန်မာလိုက်တဲ့ နတ်ဘုရားစွမ်းအား အော်ရာလဲ....”

“သူ့ရဲ့ ပင်ကိုနတ်ဘုရားစွမ်းအားကို နိုးထစေပြီးတဲ့နောက် ဒီလောက်ထိရုတ်ရုတ်သဲသဲ ဖြစ်စေနိုင်တယ်ဆိုတော့.... လုံစန်း သူ့နတ်ဘုရားစွမ်းအားကို နိုးထစေတုန်းကတောင် ဒီအဆင့်လောက်ပဲရှိတယ်”

“မီးပဒေသာနဂါးမျိုးရိုးက ငြိမ်သက်နေခဲ့တာ အတော်ကြာခဲ့ပြီ... သူတို့ရဲ့ ပင်ကိုနတ်ဘုရားစွမ်းအားကို ဒီလိုပုံစံနဲ့ တစ်စုံတစ်ယောက်နိုးထစေခဲ့တာ ဘယ်လောက်ကြာသွားခဲ့ပြီလဲ”

နဂါးများက တုန်လှုပ်စွာဖြင့် ဆွေးနွေးလိုက်ကြ၏။

လုံစန်း၏ အမူအရာက မှင်သေသေဖြင့် ရှိနေ၏။

သူ၏ထင်မြင်ချက်အရ ဆူဇီမိုသည် ဤအဆင့်ထိမှ မရောက်နိုင်လျှင် သူ၏ပြိုင်ဘက် ဖြစ်ဖို့မထိုက်တန်ပေ။

ဆူဇီမို၏ မျက်လုံးထဲရှိ ဒေါသူပုန်ထနေသော မီးတောက်များက လောင်ကျွမ်းလာပြီး စွမ်းရည်စီးကြောင်းတစ်ခုက လျှံထွက်ကာ ချစ်ချစ်တောက်ပူလောင်သောချော်ရည်များကဲ့သို့ သူ၏ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွား၏။

နတ်ဘုရားစွမ်းအားများ၏ စွမ်းအားက သူ၏ခန္ဓာကိုယ်ကို မီးဆေးပေးနေ၏။

သူ၏ခန္ဓာကိုယ်နှင့် မျိုးဆက်သွေးသည် အသွင်ပြောင်းမှုတစ်ရပ်နှင့် ကြုံတွေ့နေရလေသည်။

မီးပဒေသာနဂါးတိုင်းသည် သူတို့၏ ပင်ကိုနတ်ဘုရားစွမ်းအားများကို နိုးထစေနိုင်၏။ သူတို့သည် နဂါးမျက်လုံးများကိုသာ နိုးထစေခြင်းဖြစ်သော်လည်း သူတို့ထဲမှအချို့က ပိုမိုသန်မာပြီး အချို့က အားနည်းကြ၏။

အဲ့ဒီမှာ ခွန်အားကွာဟချက်တစ်ခုလည်းရှိကြလေသည်။

“အဲ့ဒါအဆင်ပြေပါတယ်...”

ခပ်ခှမ်းလှမ်းလိုဏ်ဂူထဲတွင် အပြာရောင်နဂါးအကြီးအကဲက အနည်းငယ်ခေါင်းညိတ်လိုက်၏။

“ဒီကောင်လေးက လက်သည်းငါးဖက်နတ်နဂါး မဟုတ်ဘူးဆိုရင်တောင် သူ့ရဲ့ ပင်ကိုနတ်ဘုရားစွမ်းအားက အဲ့ဒါရဲ့ အကန့်အသတ်ထိရောက်အောင် နိုးထလာခဲ့ပြီပဲ...”

ဆူဇီမို၏ မျက်လုံးထဲတွင် မီးပဒေသာကျောက်တုံးရှိလေသည်။

သူ၏ မျက်လုံးများကို နိုးထစေနိုင်သော ပင်ကိုနတ်ဘုရားစွမ်းအားသည် သူတို့၏ အကန့်အသတ်သို့ ရောက်ရှိလာခြင်း သို့မဟုတ် ပိုမိုသန်မာလာသည်မှာ ဖြစ်သင့်လေသည်။

သို့သော်လည်း မီးပဒေသာနဂါးမဟာအကြီးအကဲသည် ဘာမှပြောဆိုခြင်းမရှိပေ။ သူက မျက်မှောင်အနည်းငယ်ကြုတ်၍ အဟန့်အတားများကို ဖြတ်ကျော်ပြီး ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်ပေါ်သို့ သူ၏အကြည့်က ဆင်းသက်သွား၏။

“ဘာလဲ.... ဘာများဖြစ်လို့လဲ”

အပြာရောင်နဂါးမဟာအကြီးကဲက သူ၏ တစ်မူထူးခြားသည့် အမူအရာကိုမြင်သောအခါ မနေနိုင်ဘဲ မေးလိုက်၏။

မီးပ​ဒေသာနဂါးမဟာအကြီးအကဲက လေးနက်လေသံဖြင့်ပြောလိုက်၏။

“ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်အောက်မှာ ဆေးကြောသန့်စင်မှုကို ခံယူတာက သေးငယ်တဲ့ကိစ္စမဟုတ်ဘူး....သမိုင်းတစ်လျှောက်မှာ နဂါးတိုင်းက သူတို့ရဲ့ အစစ်အမှန်ပုံစံကို ထုတ်ဖော်ရတယ်.. အဲ့ဒါက ဘိုးဘေးနဂါးအပေါ် လေးစားမှုထားရှိရတဲ့ ပုံစံပဲ...”

ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်သည် နဂါးမျိုးနွယ်၏ အဆုံးစွန်ရတနာဖြစ်ပြီး သူတို့မျိုးနွယ်၏ ကံကြမ္မာအခွင့်အလမ်းကို ထိန်းညှိပေးဖို့အတွက် ဤနေရာမှာ ချန်ထားရစ်ခဲ့ခြင်းဖြစ်၏။

မီးပဒေသာနဂါးမဟာအကြီးအကဲက ဆက်ပြောလိုက်၏။

“မင်းက ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်ရဲ့ ဆေးကြောသန့်စင်မှုကို မင်းရဲ့ အစစ်အမှန်ပုံစံကို မထုတ်ဖော်ဘဲ ခံယူမယ်ဆိုရင် ဘိုးဘေးနဂါးရဲ့ အပစ်ပေးမှုခံရနိုင်တဲ့ တစ်စုံတစ်ရာဖြစ်လာနိုင်တယ်...”

“အဲ့ဒါက အမှန်ဆိုတာ... ခင်ဗျားသေချာလား”

အပြာရောင်နဂါးမဟာအကြီးကဲက မေးလိုက်၏။

မီးပဒေသာနဂါးမဟာအကြီးအကဲက ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်ရှိရာသို့ လက်ညိုးထိုးပြီး သူ၏မျက်လုံးကိုမှေးကျဥ်းလိုက်၏။

“ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်ပေါ်မှာ တစ်ခုခုပြောင်းလဲလာတာ ခင်ဗျားသတိမထားမိဘူးလား...”

“အာ.... “

အပြာရောင်နဂါးမဟာအကြီးကဲ၏ အမူအရာသည် အနည်းငယ်ပြောင်းလဲသွားပြီး သူ၏မျက်လုံးကို မှေးကျဥ်းလိုက်၏။

မျိုးရိုးငါးခုမှ နဂါးချီကို နိုးထလာစေပြီး ကျောက်တိုင်ပေါ်ရှိ ဘိုးဘေးနဂါးတွင် သူ၏ဝမ်းဗိုက်အောက်၌ တဖျပ်ဖျပ်တလက်လက်လက်သည်းငါးဖက် ရှိလေသည်။

ထိုအခိုက်အတန့်တွင် ၎င်းသည် လက်သည်းငါးဖက်မျှသာမဟုတ်တော့ပေ။ ဘိုးဘေးနဂါး၏ ခန္ဓာကိုယ် ၊ အမြီးနှင့် ဦးချိုများသည် လျှို့ဝှက်ဆန်းကြယ်သော အော်ရာတစ်ခုနှင့်အတူ နဖူးမှခြေဖျားထိ တောက်ပလာ၏။

ထိုမြင်ကွင်းက သူတို့ကို ခံစားချက်တစ်ခု ထုတ်ပေးနေ၏။

ဘိုးဘေးနဂါးသည် နောက်ခဏ၌ အသက်ဝင်လာပြီး ကျောက်တိုင်ထက်ကနေ ကောင်းကင်ထက်သို့ ပျံတက်တော့မည်အလားပင်။

ရုတ်တရက်ဆိုသလို....

အစက နက်မှောင်နေသော ဘိုးဘေးနဂါး၏ မျက်လုံးနှစ်ဖက်သည် တဖျပ်ဖျပ်တလက်လက် အလင်းရောင်နှစ်ခုနှင့်အတူ တောက်ပလာခဲ့၏။

ဘန်း.. ဘုန်း.. ဘုန်း..

ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်ပေါ်ရှိ ဦးချိုတစ်စုံနှင့် လက်သည်းငါးဖက်နတ်နဂါးသည် ကျောက်တိုင်၏ဘေးပတ်လည်ကို လှည့်ပတ်ရွေ့လျားလာ၏။ ၎င်း၏ လက်သည်းငါးဖက်ဖြင့် ကျောက်တိုင်ကိုတူးဆွပြီး အပေါ်သို့နွယ်တက်ကာ များပြားလှစွာသော ကျောက်ခဲအပိုင်းအစများကို ပြုတ်ကျလာစေ၏။

ဘိုးဘေးနဂါးက အမှန်တကယ်ပင် နိုးထလာခဲ့လေပြီ...။

အို.....

လိုဏ်ဂူထဲတွင် အကြီးအကဲနှစ်ယောက်သည် ပင့်သက်ကိုရှိုက်ပြီး သူတို့၏ အမူအရာက ပြောင်းလဲသွားကြ၏။

ဘိုးဘေးနဂါးသည် အားကောင်းသော မီးတောက်များဖြင့် ပြည့်နှက်နေသော သူ၏ကြေးခေါင်းလောင်းအရွယ် နဂါးမျက်လုံးတစ်စုံဖြင့် အထက်ကနေ အောက်သို့ငုံ့ကြည့်နေ၏။ သူက အောက်ဘက်တွင် ရှိသော ​ဆူဇီမိုကို ငုံ့ကြည့်ရင်း အလွန်တရာကြောက်စရာကောင်းသည့် စွမ်းအားတစ်ခုကိုဖြာထုတ်ပေးကာ ရုတ်တရက်ဟိန်းဟောက်လိုက်၏။

“ဂါး....”

နဂါးဟိန်းသံက ထွက်ပေါ်လာပြီး မြေပြင်ကိုတုန်ခါသွားစေ၏။

မဟာအကြီးအကဲနှစ်ယောက်ပင် ထိုမျှအထိ တုတ်လှုပ်ရသည်ဆိုလျှင် ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင် ပတ်လည်တွင် ​ဘာတွေဖြစ်ပျက်သွးမလဲ စဥ်းစားကြည့်နိုင်လေ၏။

ထိုနဂါးဟိန်းဟောက်သံသည် လေထဲတွင် မတ်တတ်ရပ်နေသော နဂါးအကြီးအကဲများစွာကို လေထဲကနေ ပြုတ်ကျလုနီးပါးဖြစ်သွားစေ၏။

ထိုနဂါးများ၏ မျက်လုံးများထဲတွင် ကြည်ညိုလေးစားသည့် ပုံရိပ်တစ်ခုက ပေါ်ထွက်လာ၏။ သူတို့သည် အံ့မခန်းပုံစံဖြင့် ဒူးထောက်ချပြီး ဦးချလိုက်ကြ၏။

မီးပဒေသာနဂါးအကြီးအကဲလေးနှင့် လုံကျုံးအပါအဝင် ကျောက်သားစင်မြင့်၏ ထောင့်ငါးထောင့်တွင် မတ်တတ်ရပ်နေကြသော အကြီးအကဲ ငါ​ယောက်သည် ထိတ်လန့်တုန်လှုပ်သော အမူအရာများဖြင့် အလိုလိုဒူးထောက်ချလိုက်၏။

လက်ရှိနဂါးများအားလုံးသည် နဂါးဟိန်းဟောက်သံတွင်ပါဝင်သော အမျက်ဒေါသကို ခံစားမိနိုင်ကြ၏။

စုန်းမျိုးနွယ်များပင်လျှင် အကြီးအကဲကင်းမြီးကောက်၏ အချက်ပြမှုဖြင့် မြေပြင်ပေါ်မှာ ဒူးတစ်ဖက်ထောက်လိုက်ကြ၏။

အကြီးအကဲကင်းမြီးကောက်က လိမ္မာပါးနပ်ပြီး ဤနေရာမှာ မတ်တတ်ရပ်နေခြင်းဖြင့် ဘိုးဘေးနဂါး၏ စိတ်အာရုံကို မဆွဲဆောင်လိုပေ။

“အဲ့ဒါက ဘယ်လိုဖြစ်ရတာလဲ”

အပြာရောင်နဂါးမဟာအကြီးကဲ၏ လက်က အနည်းငယ်တုန်ယင်နေ၏။

သူသည် နှစ်ပေါင်းများစွာ ရှင်သန်နေထိုင်လာခဲ့သော်လည်း ဤကဲ့သို့သော အခြေအနေမျိုးနှင့် ဘယ်တုန်းကမှ မတွေ့ကြုံခဲ့ဖူးပေ။

ကျောက်တိုင်ပေါ်တွင် ထွင်းထုထားသော ဘိုးဘေးနဂါးက ဘယ်လိုကြောင့် နိုးထလာနိုင်ရတာလဲ...။

မီးပဒေသာနဂါးအကြီးအကဲသည်လည်း စိတ်ထဲမှာ တင်းကျပ်နေပြီး ခပ်လှမ်းလှမ်းတွင်ရှိသော ဘိုးဘေးနဂါးကို မမှိတ်မသုန်စိုက်ကြည့်နေ၏။

ဆူဇီမိုက အသက်အန္တရာယ်ရှိလာပြီဆိုတာကို သူတို့နှစ်ယောက်က ရှင်းလင်းစွာခံစားမိလိုက်ကြ၏။

သို့သော်လည်း သူတို့က ဆူဇီမိုကို ကယ်တင်ချင်သည်ဆိုလျှင်တောင် ထိုသို့ပြုလုပ်ဖို့သတ္တိ သူတို့မှာမရှိပေ။

အဲ့ဒါသည် ကမ္ဘာဦးခေတ်က ဘိုးဘေးနဂါးဖြစ်၏။

အဲ့ဒါသည် သူတို့၏ မျိုးနွယ်စုခေါင်းဆောင်ဟုဆိုလျှင် လွန်ရာကျမည်မဟုတ်ပေ။

သို့သော် ယခုအခါ မျိုးနွယ်စုခေါင်းဆောင်သည် ဒေါသူပုန်ထနေပြီး မသန့်စင်သော မျိုးဆက်သွေးနှင့် နဂါးတစ်ကောင်ကိုသတ်ဖြတ်ချင်နေ၏။ သူ့ကို ဘယ်သူက တားဆီးရဲပါမည်လဲ...။

“သွားပြီ.... သွားပါပြီ... ကြီးကြီးမားမားကိစ္စတစ်စုံတစ်ရာ ဖြစ်ပျက်တော့မယ်ဆိုတာ ငါသိနေခဲ့တယ်”

“လုံကျူးရဲ့ မျိုးဆက်သွေးက မသန့်စင်ဘူး... သူက ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်ရဲ့ ဆေးကြောသန့်စင်မှုကို အတင်းအကျပ်ခံယူပြီး ပြီးပြည့်စုံတဲ့ နဂါးသွင်ပြင်ကိုလဲ မပြောင်းလဲဘဲနဲ့ ဘိုးဘေးနဂါးကို စိန်ခေါ်သလိုဖြစ်သွားတယ်”

“ဘိုးဘေးနဂါးရဲ့ မျက်လုံးထဲမှာ လုံကျူးရဲ့အပြုအမူက ပြင်ပမျိုးနွယ်တစ်ယောက်က သူ့ရဲ့စွမ်းအားကိုလာရောက် ခိုးယူတာနဲ့အတူတူပဲ”

နဂါးအချို့က ကြောက်ရွံမှုဖြင့် တုန်ယင်နေကြ၏။

သူတို့သည် ဘေးကနေစောင့်ကြည့်နေရသည်ဆိုလျှင်တောင် ဘိုးဘေးနဂါး၏ စွမ်းအားနှင့် ရင်ဆိုင်ရချိန်တွင် သူတို့၏ စိတ်နှလုံးက ကြောက်ရွံ့မှုဖြင့် တုန်ယင်နေကြ၏။

အဲ့ဒါက မျိုးဆက်သွေးဖိနှိမ်မှုတစ်ခုဖြစ်၏။

ဘိုးဘေးနဂါး၏ စိုက်ကြည့်ခြင်းခံရသော ဆူဇီမိုသည် ဘယ်လိုတောင်ခံစားနေရမလဲ နဂါးများက စဥ်းစားမကြည့်နိုင်တော့ပေ။

ထိုအခိုက်အတန့်တွင် ဆူဇီမိုက ကျောက်တိုင်၏ အောက်မှာမိန်းမောနေဆဲ ဖြစ်၏။

သူသည် ဓမ္မဝိသေသအဆင့်သို့ ဝင်ရောက်ခါစဖြစ်ပြီး သူ၏ ပင်ကိုနတ်ဘုရားစွမ်းအားများကို နိုးထစေခဲ့၏။

နတ်ဘုရားစွမ်းအားများ၏ စွမ်းအားသည် သူ၏ခန္ဓာကိုယ်ကို မီးဆေးပေးပြီး ပူပြင်းသော ချော်ရည်များက သူ၏မျက်လုံးထဲကနေ လျှံကျကာ သူ၏ခန္ဓာကိုယ်ကို အဆက်မပြတ် ဆေးကြောပေးနေ၏။ အဲ့ဒါက မျိုးရိုးငါးခုမှနဂါးချီများ၏ ဆေးကြောခံရခြင်းထက် ပို၍ပင် မခံမရပ်နိုင်စရာကောင်းသော နာကျင်မှုဖြစ်၏။

သူ၏ အသိစိတ်က အနည်းငယ်မှုန်ဝါးလာပြီး သူသည် အံကိုတင်းတင်းကြိတ်ကာ သူ၏စိတ်ကိုလွတ်မသွားစေဖို့ မဆုတ်မနစ်ကြိုးစားနေရ၏။

ဘိုးဘေးနဂါးနတ်ဘုရား နိုးထလာခြင်းကို သူကလုံးဝမသိပေ။

သို့သော်လည်း သူသည် ငေးငိုင်နေရင်းမှာပင် ကြောက်စရာကောင်းသော ဖိအားတစ်ခုက သူ့အား ဆုတ်ဖြဲဖို့ခြိမ်းခြောက်လာသည်ကို သူက ခံစားမိလိုက်၏။

ထိုအခိုက်အတန့်တွင် သူက မခံမရပ်နိုင်အောင် နာကျင်ခံစားနေရလေသည်။

ယခု သူတွေ့ကြုံနေရသော ဖိအားနှင့်ပေါင်းစပ်လိုက်သည့်အခါ သူသည် စိတ်ထဲမှာ မကျေမချမ်းဖြစ်လာပြီး ဒေါသက တလိပ်လိပ်တက်လာ၏။

ဆူဇီမိုသည် ဘိုးဘေးနဂါးနတ်ဘုရားရှိရာဘက်သို့ သူ၏ခေါင်းကို မော့ပြီး သွေးနီရောင်အကြည့်တစ်ခုနှင့်အတူ အလိုလိုကြည့်လိုက်၏။

ရုတ်တရက် သူ၏ပါးစပ်ကို ဖွင့်ဟပြီး ကျယ်လောင်သောဟိန်းဟောက်သံကို ထုတ်​ဖော်လိုက်၏။

ထိုသည်ကိုကြည့်ပြီး လိုဏ်ဂူထဲရှိအကြီးအကဲနှစ်ယောက်က ကြောက်ရွံမှုဖြင့် တဆတ်ဆတ်တုန်ယင်လာကြ၏။

လုံးကျူးက ဘာလုပ်နေတာလဲ...။

သူက မျိုးနွယ်စုခေါင်းဆောင်ကို တကယ်ပဲ အော်ဟစ်နေတာလား...။

သူက အသက်ရှင်ရတာတကယ်ပဲ ပင်ပန်းနေပြီလား။

အကြီးအကဲနှစ်ယောက်သည် ထိတ်ထိတ်ပျာပျာအမူအရာများရှိလာကြ၏။

အစကတော့ သူတို့သည် ဘိုးဘေးနဂါး၏ အမျက်ဒေါသကနေ ဆူဇီမိုကို ကယ်တင်ဖို့အတွက် မည်သို့မည်ပုံ အသနားခံတောင်းပန်ရမည်ကို စဥ်းစားတွေးတောနေခဲ့ကြ၏။

သို့သော် ယခုအခါမှာတော့ မည်သူကမှ မျှော်လင့်ချက်မရှိကြတော့ပေ။

ဘိုးဘေးနဂါးက ဆူဇီမိုကို ရိုက်သတ်လိုက်မည်ကို အကြီးအကဲနှစ်ယောက်က စောင့်ဆိုင်းနေကြ၏။

သို့သော်လည်း ထူးဆန်းသည့်အချက်မှာ ဘိုးဘေးနဂါးသည် ကျောက်တိုင်ထက်မှာ မလှုပ်မယှက်ရှိနေ၏။ ဒါ့အပြင် သူ၏မျက်လုံးထဲရှိ မီးတောက်များက လျော့ကျလာတော့မည့် လက္ခဏာပြလာ၏။

ဘိုးဘေးနဂါးသည် စဥ်းစားတွေးတောရင်း တစ်ခုခုကို ခံစားမိသွားသည့်အလား သူ၏မျက်လုံးနှစ်ဖက်က ဆူဇီမိုအပေါ် မမှိတ်မသုန်ကျရောက်နေ၏။

“ဘာတွေဖြစ်နေတာလဲ....”

အကြီးအကဲနှစ်ယောက်က တွေဝေရှုပ်ထွေးသွား၏။

ကျောက်တိုင်အောက်တွင် ဆူဇီမိုသည် လည်ပင်းကြောများထောင်ထ၍ ဒေါသထွက်နေဆဲဖြစ်ပုံရပြီး မောဟိုက်နေ၏။

“ဂါး.....”

သူက ဘိုးဘေးနဂါးဘက်သို့ နောက်တစ်ဖန်ဟိန်းဟောက်လိုက်၏။

နောက်ခဏ၌ အကြီးအကဲနှစ်ယောက်၏ သူငယ်အိမ်များသည် တင်းကျပ်သွားပြီး သူတို့၏ နှလုံးကတဒိန်းဒိန်းခုန်ဆောင့်လာ၏။

သူတို့သည် ပြောမပြတတ်အောင် တုန်လှုပ်စရာကောင်းသော မြင်ကွင်းတစ်ခုကို တွေ့မြင်လိုက်ရ၏။

ဆူဇီမို၏ ဟိန်းဟောက်သံအောက်တွင် ဘိုးဘေးနဂါးသည် တုန်လှုပ်သွားပုံရပြီး အမှန်တကယ်ပင် သူ၏ခန္ဓာကိုယ်က အနည်းငယ်နောက်တွန့်သွား၏။

ထိုအပြုအမူက ဘာကိုရည်ညွန်းဖော်ပြနေပါသလဲ....။

ဘိုးဘေးနဂါးနတ်ဘုရားက ကြောက်ရွံမှုကို ခံစားခဲ့ရတာလား...။

All Chapters