← Chapters

ဆင်းရဲသောကျောင်းသားဝမ်လင်း

Vol. 46 Ch. 689

ဆင်းရဲသောကျောင်းသားဝမ်လင်း

Vol. 46 Ch. 689

ဒါရိုက်တာရှီး အံသြသွားသည်။

ကမ္ဘာပေါ်တွင် ဤကဲ့သို့ မိဘမျိုး မည်သို့ ရှိနိုင်ပါမည်နည်း။

သူမက မယုံကြည်နိုင်စွာဖြင့် မိဘများကို ဆက်သွယ်ရန်လိပ်စာ စာအုပ်ရှိ ဖုန်းနံပါတ်ကို ကြည့်လိုက်သည်။

ထို့နောက်တွင် သူမ နံပါတ်မှားခေါ်ခြင်း မဟုတ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

သို့ရာတွင် သူမသည် ဝမ်လဲ့ကို အဖေအတုဟု ခံစားနေရ၏။

ကျောင်းတွင် ပြန့်နေသော သတင်းအရ ဝမ်လင်း၏ မိသားစု အခြေအနေက အလွန်ခက်ခဲပြီး အေးစက်စက် စရိုက်လက္ခဏာရှိမှန်း သိခဲ့ရသည်။

ယခု ဒါရိုက်တာရှီးက ထိုအကြောင်းကို တွေးကြည့်မိရာ ယင်းက ဝမ်လင်း ကြီးပြင်းလာသည့် ပတ်ဝန်းကျင်နှင့် မလွဲမသွေ ဆက်စပ်နေလောက်သည်ဟု ခံစားခဲ့ရ၏။

ကျောင်းသား ဝမ်လင်း၏ မိသားစု အခြေအနေမှာ အတော်လေး ဆိုးရွားပုံရသည်။

ဤအချိန်တွင် ပညာရေးဒါရိုက်တာ ဒါရိုက်တာရှီးထံတွင် မိခင်ဗီဇများ ပြည့်လျှံလာသည်။

ကျောင်းသား ဝမ်လင်းက လုံလောက်စွာ ဂရုစိုက်မခံရကြောင်း သူမ ရုတ်တရက် ခံစားလိုက်ရသည်။

လက်ရွေးစင် အတန်းထဲ ရောက်နေ၍ အရည်အချင်း မဆိုးလှသော်လည်း စိတ်ပိုင်းဆိုင်ရာ ရှုထောင့်ကိုလည်း အာရုံစိုက်ရပေမည်။

အမှတ်၆၀ အထက်တန်းကျောင်း၏ ပညာရေးစနစ်သည် ကျောင်းသားများ၏ ပညာပေးနှင့် သင်ကြားမှုဆိုင်ရာ အချက်နှစ်ချက်ကို အဓိက ထားသည်။

ကျောင်းသားများကို ပညာပေးခြင်းသည် သင်ကြားခြင်းထက် ပိုအရေးကြီး၏။

အတန်းများကိုသာ မျက်စိစုံမှိတ် လိုက်သင်နေသည့် ဆရာများ၏ လုပ်ရပ်သည် တကယ်တမ်း မမှန်ပေ။

ကျောင်းသားများကို စိတ်ပိုင်းဆိုင်ရာ ပညာပေးသော လုပ်ရပ် သည်လည်း အလားတူ အရေးကြီးသည်။

ကျောင်းအုပ်ကြီးချန်းသည် ဝန်ထမ်း အစည်းအဝေးများတွင် ဤအချက်ကို အကြိမ်များစွာ အလေးပေး ဖော်ပြခဲ့သည်။

ဒါရိုက်တာရှီးက ဖုန်းပြောနေရင်း စိတ်ထဲတွင် မကောင်းဖြစ်လာသည်။

ဝမ်လင်းက အသက်ရှင်နေသေးသလား မသိရပေ။

မည်သို့ပင်ဖြစ်စေ ဒါရိုက်တာရှီး နှင့် အခြား အမှတ် 60 အထက်တန်းကျောင်းမှ ဆရာများ အားလုံးသည် တူညီသည့် မရွှင်ပျသော ခံစားချက်ကို မျှဝေခဲ့ကြသည်။

ကျိုးရီသည် အတွင်းရေးမှူးစွန်း၏ ဖုန်းဖြင့် ချီးကျူးစကားပြောခြင်းကို ခံရပြီး သိပ်မကြာမီ ကျောင်းပေါင်း 100 အထွေထွေအုပ်ချုပ်ရေးရုံးကနေ ဝမ်လင်း၏ ဆိုးရွားသောသတင်းကို လက်ခံရရှိခဲ့သည်။

“….........”

ကျိုးရီက သူ့နှလုံးသားထဲကနေ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"လခွမ်း.. ကိုယ့်ဒုက္ခကိုယ်ရှာပြီး ငါ့ဆရာကို ဖမ်းသွားသေးတယ်"

ထိုကိစ္စဖြစ်ပွားမီ နာရီဝက်အလိုတွင် ဝမ်လင်းသည် ကျောင်းတံခါးဝတွင် မူမမှန်သည့် အော်ရာကို ချက်ချင်း ခံစားမိခဲ့သည်။

ပုံမှန်အားဖြင့်တော့ ကျောင်းသားများသည် ကျောင်းဆင်း၍ စာသင်ခန်းထဲမှ မထွက်ခင် အိမ်စာများကို ဆွေးနွေးကြ၏။

ဝမ်လင်းက သူ၏ ဘုရင်မျက်လုံးဖြင့် ထောက်လှမ်းလိုက်ရာ အာကာပြင် ထောင်ချောက်တစ်ခုကို တွေ့ခဲ့ရသည်။

ကျောင်းသားများက ဂိတ်တံခါးပေါက်မှ ထွက်သွားသမျှ ကာလပတ်လုံး အာကာပြင်အက်ကြောင်းထဲ စုပ်ယူခံရမည်ဖြစ်သည်။

"ဒီဦးနှောက်မရှိတဲ့ကောင်က ထပ်လာသေးတယ်လား"

သူ့စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။

ဒီကမ္ဘာကြီးမှာ စကား နားမထောင်တဲ့သူတွေ အမြဲရှိသည် မဟုတ်လောါ

အက်ကွဲကြောင်းထဲ စုပ်ယူခံရသောအခါ ဝမ်လင်းက အေးအေးဆေးဆေးသာ ရှိနေခဲ့၏။

အက်ကွဲကြောင်းက သူ့ခန္ဓာကိုယ်ကို သက်ရောက်မှုမရှိခဲ့ပေ။

ထို့အပြင် အာကာပြင်ထဲသို့ စိမ့်ဝင်သွားသည်နှင့် တစ်ပြိုင်နက် ဝမ်လင်းသည် အာကာပြင် ထောင်ချောက်ကို ဖယ်ရှားရန် မှော်ပညာကို အသုံးချလိုက်သည်။

ဆင်းသက်ပြီးနောက်တွင် ဝမ်လင်းသည် သူ့ပတ်ဝန်းကျင်ကို ဂရုတစိုက် လေ့လာခဲ့သည်။

ဤသည်မှာ ပုံမှန်မဟုတ်သော နေရာလွတ်တစ်ခု ဖြစ်သည်။

ဝမ်လင်း၏ ယူဆချက်အရ ဤအရာက မှော်ရတနာတစ်ခုခု၏ အတွင်းပိုင်း ဖြစ်ကောင်းဖြစ်နိုင်၏။

အတွင်းပိုင်း ကမ္ဘာ တစ်ခုလုံးသည် အဆုံးမရှိသော နှင်းဖြူ ကမ္ဘာတစ်ခုလို ဖြစ်သည်။

ဥက္ကဌပိုင်က ဤနေရာလွတ်ကို ဖန်တီးရန် မှော်ရတနာကို အသုံးပြုခဲ့ပုံရ၏။

…..............

ဝမ်လင်းက သူ၏ ကျောင်းဝတ်စုံကို ဖုန်ခါလိုက်သည်။

ထိုဖုန်များသည် အက်ကွဲကြောင်းဝ အတွင်း ပြုတ်ကျခဲ့သော အာကာသ အပျက်အစီး အစအနများ ဖြစ်သည်။

အာကာသ အက်ကွဲကြောင်းသည် လွင့်မျောနေသော အရာဝတ္ထုများကို စုပ်ယူသွားပြီး အဆုံးသတ်တွင် မယုံနိုင်လောက်အောင် အမှုန်အမွှားများ အဖြစ်သို့ ပြိုကွဲသွားခဲ့သည်။

ဤဖုန်စများကို ဖယ်ရှားရန် ခက်ခဲသောကြောင့် ဝမ်လင်း အနည်းငယ် စိတ်ဆိုးသွားသည်။

အိုမို ဆပ်ပြာရည်သည် ညစ်ပတ်နေသော ကျောင်းဝတ်စုံကို သန့်စင်အောင် ဆေးကြောနိုင်မည်ဟု မည်သူသိနိုင်ပါမည်နည်း။

ဝမ်လင်းက ထိုအကြောင်းကို တွေးတောနေချိန်တွင် သူ့ရှေ့ရှိ လေထုက အနည်းငယ် ပုံပျက်သွားပြီး အနက်ရောင် ထီးကို. ကိုင်ဆောင်ထားတဲ့ လူငယ်တစ်ယောက် ထွက်လာခဲ့သည်။

ထိုလူငယ်က ဥက္ကဌပိုင် မှလွဲ၍ အခြားသူမဟုတ်ပေ။

ဥက္ကဌပိုင်၏ အသွင်အပြင်က ယခင်က ဝမ်လင်း တွေ့ဖူးသောပုံစံ ခံစားခဲ့ရသည့်အရာများနှင့် ကွဲပြားနေပြီဖြစ်သည်။

"ငါတို့ရဲ့ မကျေနပ်ချက်တွေကို ဒီနေ့ ဖြေရှင်းကြတာပေါ့"

ဥက္ကဌပိုင်က အနက်ရောင် ထီးလေးကို လက်လွှတ်လိုက်ရာ သူ့မျက်နှာ အသွင်အပြင်က ထင်ရှားစွာ ထွက်ပေါ်လာသည်။

ထိုအချိန်တွင် ဝမ်လင်းသည် ဥက္ကဌပိုင်၏ မျက်ခုံးကြားမှ အနက်ရောင် အစက်တစ်စက်ကို တွေ့လိုက်ရသည်။

ဤသည်မှာ ဝိညာဉ်ဖလှယ်ခြင်း၏ အမှတ်အသား ဖြစ်သည်။

ကမ္ဘာပေါ်ရှိ အရာခပ်သိမ်းတွင် မျှတမှုရှိသည်။

ထို့အတူ အညီအမျှ လဲလှယ်ခြင်းနိယာမသည် ချိုးဖောက်၍မရသော ထာဝရ စည်းမျဉ်းတစ်ခု ဖြစ်သည်။

ဥက္ကဌပိုင်က သူ၏စွမ်းအားကို မြှင့်တင်ရန်အတွက် သူ၏ ဝိညာဉ်ကို ရောင်းချပြီး သူ့ကိုယ်သူ သန်မာလာစေခဲ့ပုံရ၏။

ဥက္ကဌပိုင်က သူ၏ ခွန်အားကို ယုံကြည်မှုအပြည့်ဖြင့် ဝမ်လင်းအား စိုက်ကြည့်လိုက်သည်။

“မင်းရဲ့ အစွမ်းအစကို ငါ သေချာလေ့လာပြီးပြီ.. မင်းက ပကတိ အင်မော်တယ် တစ်ယောက် မဟုတ်လား"

ဝမ်လင်း “…............”

"မင်းက ငါ့ရဲ့ အစီအစဉ်တွေကို အကြိမ်ကြိမ် ပျက်ပြားစေခဲ့တယ်.. မင်းကို လွယ်လွယ်နဲ့ ငါ ခွင့်မလွှတ်ဘူး"

ဥက္ကဌပိုင်၏ လေသံက ကြမ်းသည်။

သူက ဒေါသတကြီးဖြင့် သွားများကို အံကြိတ်ရင်း ဝမ်လင်းကို မယိမ်းယိုင် စိုက်ကြည့်လိုက်သည်။

“မင်းနဲ့ရင်ဆိုင်ဖို့အတွက် ငါ့ရဲ့ခွန်အားကို မြှင့်တင်ဖို့ လိုအပ်တာငါသိတယ်.. ဒီအတွက် ငါက သက်တမ်း အနှစ်တစ်ထောင်ကို စွန့်လွှတ်ခဲ့ရတယ်”

ဝမ်လင်း မျက်ခုံးပင့်လိုက်သည်။

ဥက္ကဌပိုင်တွင် အလွန်အစွမ်းထက်သော ပြန်လည်ထူထောင်နိုင်စွမ်းရှိကြောင်းနှင့် ၎င်း၏ ကိုယ်တိုင် ပြန်လည် ကုသနိုင်စွမ်းသည် အကြီးအကဲယာရန်း ထက် ပို၍ သာသည်ဟု မစ္စတာလု ဆီကနေ သူကြားသိခဲ့ရသည်။

ယင်းမှာ တိုက်ခိုက်နေရင်းမှာပင် ချက်ချင်း ပြန်လည်ကောင်းမွန်အောင် ကုသနိုင်သည့် မိမိကိုယ်ကို ကုသခြင်းတစ်မျိုး ဖြစ်သည်။

ဥက္ကဌပိုင်က ပိုမို အားကောင်းလာ၍ မိမိကိုယ်ကို ကုသနိုင်စွမ်းသည်လည်း ယခင်ကထက် ပိုမိုအားကောင်းလာနိုင်သည်ဟု ဝမ်လင်း တွေးမိခဲ့သည်။

ဝမ်လင်းက ကွာဖီကိုကိုင်တွယ်ရန် ပါးတစ်ချက် ရိုက်ခဲ့ကြောင်း သတိရမိသည်။

မိစ္ဆာဓားနတ်ဘုရားတုန်းက နှစ်ချက်ဖြစ်၏။

ယခု မေးစရာရှိလာသည်။

ဥက္ကဌပိုင်ဆိုလျှင် သူဘယ်နှစ်ချက် ရိုက်ရမည်နည်း။

ယခုအချိန်တွင် ဝမ်လင်းသည် ဘယ်နှစ်ချက် ရိုက်ရမည်မှန်း မသေချာသေးပေ။

ဖိုင်နယ် စာမေးပွဲ ဖြေဖို့ အချိန်ကလည်း နီးကပ်လာပြီ ဖြစ်သည်။

ထို့ကြောင့် သူက အိမ်အမြန်ပြန်၍ စာလုပ်ရပေမည်။

"ဒုက္ခပါပဲကွာ"

All Chapters