← Chapters

ချေမှုန်းခံရခြင်း

Vol. 46 Ch. 686

ချေမှုန်းခံရခြင်း

Vol. 46 Ch. 686

အကြီးအကဲကျီရှင်း သတိပြန်ရလာသောအခါတွင် တစ်ကိုယ်လုံးနာကျင်ကိုက်ခဲနေသလို ခံစားနေရပြီး မတ်တပ်ရပ်ရန်ပင် ခွန်အားမရှိခဲ့ပေ။

အဆုံးမဲ့အအေးဓာတ်က သူ၏ချဉ်ဆီများသို့ ထိုးဖောက်ဝင်ရောက်လာ၍ သူက ကြောက်ရွံ့ထိတ်လန့်နေခဲ့သည်။

“မနေ့က ဘာတွေဖြစ်ခဲ့တာလဲ”

အကြီးအကဲကျီရှင်းက ဘာမှမမှတ်မိသလိုခံစားနေရသည်။

ထို့ပြင် ယခုအခါ၌ သူ၏ခန္ဓာကိုယ်က အလွန်ပင်အားနည်းနေခဲ့သည်။

သူက ကိုယ်တစ်ခြမ်း သေသလိုဖြစ်နေပြီး လုံးဝ မထနိုင်တော့ပေ။

“ငါက အဆိပ်သင့်ခဲ့တာလား.. ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ”

အကြီးအကဲကျီရှင်းက မျက်လုံးများကို မှိတ်လိုက်ပြီး သူ၏ ဝိညာဉ်စွမ်းအားကို ဖြန့်ကျက်ကာ ပတ်ဝန်းကျင်ကိုအကဲခတ်ရန်ကြိုးစားလိုက်သော်လည်း သူ့ခန္ဓာကိုယ်၏ ရွှေရောင်အူတိုင်တွင် အဆိပ်အချို့ ကပ်နေခဲ့သည်။

မည်သို့ပင်ဖြစ်စေ ဝိညာဉ်စွမ်းအားကို အနည်းငယ်အသုံးပြု၍ ရသေးသောကြောင့်‌ တော်သေးသည်ဟု ဆိုရပေမည်။

အကယ်၍သာ အလွန်အစွမ်းထက်သော အဆိပ်ဖြစ်ခဲ့လျှင် သူ၏ သွေးကြောများကို တိုက်ရိုက်ပိတ်သွားမည် ဖြစ်ပြီး ဝိညာဉ်စွမ်းအင်ပင် လည်ပတ်နိုင်တော့မည် မဟုတ်ပေ။

အကြီးအကဲကျီရှင်းက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး သူ၏ရွှေအမြုတေရှိ အဆိပ်များကို သန့်စင်ရန် ဝိညာဉ်စွမ်းအားကို အသုံးပြု၍ ကြိုးစားခဲ့သည်။

ဤသို့လုပ်ဆောင်ခြင်းသည် အလုပ်ဖြစ်သည်ဖြစ်စေ အလုပ်မဖြစ်သည်ဖြစ်စေ ခန္ဓာကိုယ်အတွင်းရှိ စည်းတံဆိပ်ကို ဖြတ်ကျော်၍ ဝိညာဉ်စွမ်းအင်ကို အတင်းအကျပ် အသုံးပြုခြင်းဖြစ်သောကြောင့် အတွင်းဒဏ်ရာများကို ဖြစ်စေပြီး အလွန်အန္တရာယ်များသော လုပ်ငန်းစဉ်ဖြစ်သည်။

ထို့ပြင် အကြီးအကဲကျီရှင်းသည် ဒဏ်ရာရနေပြီးသား ဖြစ်သည်။

သို့သော် သူ့အတွက် ရွေးချယ်စရာမရှိခဲ့ပေ။

လက်ရှိအခြေအနေက ဘယ်လိုအခြေအနေလဲဆိုသည်ကို သူသိရန်လိုအပ်သည်။

ထိုသို့တွေးလိုက်ပြီးနောက် အကြီးအကဲကျီရှင်းက အံကြိတ်ကာ ပြင်းထန်သောနာကျင်မှုများကို တောင့်ခဲ၍ ရွှေအမြုတေမှအဆိပ်ကို စတင်တွန်းလှန်ခဲ့သည်။

သူက ဝမ်းချုပ်နေသကဲ့သို့ အလွန် စိတ်မသက်မသာ ခံစားနေရပြီး မျက်နှာတစ်ခုလုံးနီရဲသွားရသည်။

အဆုံးသတ်တွင် သူ၏နှဖူးပေါ်မှ အပြာရောင် သွေးပြန်ကြောများက ပေါက်ထွက်လုနီးပါး ဖြစ်ခဲ့ရသည်။

နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းမှ လူတစ်ဦးသည် ဘယ်သောအခါမှ လက်လျှော့လေ့မရှိပေ။

မိနစ်အနည်းငယ်ကြာမှ အကြီးအကဲကျီရှင်းသည် သွေးပုပ်များကို ပါးစပ်မှ ဝေါခနဲအန်ချလိုက်သည်။

ယခုအခါတွင် သူ၏ ရွှေအမြုတေ၌ ကပ်နေသော အဆိပ်များကို ဖယ်ထုတ်ပြီးပြီဖြစ်၍ ဝိညာဉ်စွမ်းအင်ကို ပုံမှန်အတိုင်းလည်ပတ်နိုင်ပြီ ဖြစ်သည်။

သို့သော်လည်း အကြီးအကဲကျီရှင်းက ရလဒ်အနေဖြင့် အတွင်းဒဏ်ရာကို ခံစားခဲ့ရသည်။

လက်ရှိအချိန်တွင် သူက မလှုပ်ရှားနိုင်တော့၍ သူပြင်ဆင်ထားသည့် အရေးပေါ်ဆေးဝါးများကိုပင် မထုတ်ယူနိုင်တော့ပေ။

တစ်ခါတစ်ရံ ဘဝတွင် ဝမ်းနည်းစရာ အကောင်းဆုံးအရာမှာ လူတစ်ယောက်သည် မသေခင်က ပိုက်ဆံမဖြုန်းခဲ့ဘဲ သေခါနီးမှ ဆေးကို ဝယ်နိုင်သော်လည်း မသောက်နိုင်တော့သည့်အဖြစ်ပင်။

အကြီးအကဲကျီရှင်းက အသက်ကို ခပ်ပြင်းပြင်းရှူပြီး သွေးများကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းထားခဲ့သည်။

ယခုအချိန်သည် ၊ ိဒေါသထွက်ရမည့်အချိန်မဟုတ်သေးပေ။

သို့မဟုတ်လည်း ဒေါသသည် သူ့ဒဏ်ရာများကို ပို၍ဆိုးရွားစေသောကြောင့် ဖြစ်သည်။

ယခု သူ၏ ဝိညာဉ်စွမ်းအားများက ပုံမှန်အတိုင်း လည်ပတ်နိုင်နေပြီဖြစ်၍ အကြီးအကဲကျီရှင်းသည် စစ်တပ်တဲ အတွင်းမှအခြေအနေများကို စစ်ဆေးရန် သူ၏ဝိညာဉ်ဉစိတ်အာရုံကို အသုံးပြုလိုက်သည်။

ဟုတ်ပါသည်၊ လူတိုင်းက မြေပြင်ပေါ်တွင် လဲကျနေခဲ့သည်။

အကြီးအကဲအချို့က အသက်ရှူရပ်သွားပြီး ရုတ်တရက်သေဆုံးသွားကြသည်။

အသက်ရှိနေသေးသော အကြီးအကဲများ၏ အသက်ရှူသံများမှာလည်း အလွန်တရာပင် အားနည်းနေခဲ့သည်။

အကြီးအကဲကျီရှင်းက စိတ်ထဲတွင် လုံးဝ တုန်လှုပ်သွားခဲ့သည်။

“ဒီကမ္ဘာမြေပေါ်မှာ ဘာတွေဖြစ်နေတာလဲ.. ငါတို့တွေက ဘာကြောင့် ဒီလိုမျိုး ရုတ်တရက် လုပ်ကြံခံရတာလဲ”

ဤအရာက ပို၍ပင် အံ့ဩစရာကောင်းသောအပိုင်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော်အကြီးအကဲကျီရှင်းက မှတ်ဉာဏ်ဖျက်ဆီးခံလိုက်ရသကဲ့သို့ မနေ့ညကအဖြစ်အပျက်များကို လုံးဝမမှတ်မိနိုင်ခဲ့သောကြောင့်ဖြစ်၏။

ထိုခဏတွင် သူ၏ မျက်နှာက ဖြူဖျော့နေပြီး အေးစက်သောချွေးစေးများဖြင့် ဖုံးလွှမ်းနေခဲ့သည်။

သူတို့က မည်သည့်အနန္တ တန်ခိုးရှင်ကို စော်ကားခဲ့မိပါသနည်း။

ဤအတိုင်းအတာထိ စွမ်းဆောင်နိုင်သောသူကို သူအမှန်တကယ် မတွေးမိခဲ့ပေ။

ဆိုရလျှင် သူတို့အားလုံးသည် နိုင်ငံခြားတွင် ပညာသင်ကြားခဲ့သော နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းမှ ထိပ်တန်းကျင့်ကြံသူများ ဖြစ်ကြသည်။

သူတို့ထဲမှ အညံ့ဆုံးကျင့်ကြံသူပင် ခြေသလုံးအိမ်တိုင်အင်မော်တယ်အဆင့်တွင် ရှိသည်။

၎င်းတို့အားလုံးက မြေပြင်ထက်၌ လဲကျသွားပြီး တချို့တဝက်က သေဆုံးသွားကြသည်။

ကြောစရာအကောင်းဆုံးအရာမှာ မည်သည့်အရာများ ဖြစ်ပျက်သွားလဲဆိုသည်ကို သူဘာမှမမှတ်မိတော့ခြင်း ဖြစ်၏။

စတည်းချနေထိုင်ခဲ့သည့် တောင်ပေါ် သစ်တောဝိုင်းသည် တင်းကျပ်စွာ တားမြစ်ထားသော နေရာတစ်ခုဖြစ်သည်။

ထို့ပြင် တောင်ပေါ်သစ်တောဝင်း ဧရိယာအတွင်းအပြင်းကို အတားအဆီး အစီအရင်များဖြင့် ကာကွယ်ထားခဲ့သည်။

သို့ရာတွင် သူတို့က ဆူညံသံများကို မကြားရရုံသာမက အဆုံးသတ်တွင် မှတ်ဉာဏ်များပါ ပျောက်ကွယ်သွားခဲ့ရသည်။

“ဒါက အနန္တတန်ခိုးရှင်တစ်ပါးရဲ့ လက်ချက်ပဲဖြစ်ရမယ်”

အကြီးအကဲကျီရှင်းက ထိုအတွေးကိုတွေးမိလိုက်ပြီး အေးစက်သောလေကို ကူကယ်ရာမဲ့စွာ ရှူရှိုက်လိုက်သည်။

“ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်တဲ့ တိုက်ခိုက်မှုမျိုးလဲ”

သူကတကယ်ကို ဘာမှ မမှတ်မိတော့ပေ။

အားလုံးထဲတွင်ကြောက်စရာအကောင်းဆုံးမှာ အကြီးအကဲမင်ရန်က မြေပြင်ပေါ် လဲကျသေဆုံးနေခြင်းဖြစ်သည်။

“မနေ့ညကဘာတွေဖြစ်သွားတာလဲ”

အကြီးအကဲကျီရှင်း သတိမရမီ နာရီအနည်းငယ် အလိုတွင် အကြီးအကဲမင်ရန်သည် စစ်တပ်တဲထဲသို့ ရောက်ရှိလာခဲ့သည်။

သူက ပြဿနာကို ရှာဖွေတွေ့ရှိခဲ့သောကြောင့် အမြီးကိုးချောင်း နတ်ဆိုးမြေခွေး၏ စိတ်ပိုင်းဆိုင်ရာက ပြန်လည်ကောင်းမွန်သွားခဲ့သည်။

စိတ်ပညာရှင်က အမြီးကိုးချောင်း မြေခွေး၏အမြီးပေါ်တွင် ကြီးထွားစေသောအရည်ကို ဖြန်းပက်လိုက်ရာ အမွေးများ ထူထဲလာသဖြင့် အမြီးကိုးချောင်းမြေခွေးက မူလအတိုင်းယုံကြည်မှုများ ပြန်လည်ရရှိလာခဲ့သည်။

အကြီးအကဲမင်ရန်က စစ်တပ်တဲဆီသို့ ချဉ်းကပ်လာစဉ်တွင် တဲအတွင်းမှ အော်ရာနှင့်ပတ်သက်၍ တစ်စုံတစ်ရာ မှားယွင်းနေသလို ခံစားခဲ့ရသည်။

သူကလေးလေးနက်နက် မျက်မှောင်ကြုတ်လိုက်သည်။

“တစ်ခုခုဖြစ်ခဲ့တာလား”

သူက ဝိညာဉ်စိတ်အာရုံဖြင့် စစ်ဆေးလိုက်ရာ တဲအတွင်းမှအကြီးအကဲများ၏ အော်ရာက ဒဏ်ရာရရှိနေသကဲ့သို့ အားနည်းနေသည်ကို ရှင်းရှင်းလင်းလင်း သိခဲ့ရသည်။

သို့သော် ထူးဆန်းသည်မှာ အကြီးအကဲမယ်ရန်သည် အနီးနားတွင် ရန်သူ၏ အရိပ်အရောင်ကို မတွေ့ရှိခဲ့ရခြင်းပင်။

“အမြီးကိုးချောင်းနတ်ဆိုးမြေခွေး တိုက်ပွဲဝင်မုဒ်ကို ချက်ချင်းအသင့်ပြင်”

အကြီးအကဲမင်ရန်က ထိုသို့ ရေရွတ်လိုက်သည်နှင့် သူ၏ခန္ဓာကိုယ်တွင် ရွှေရောင်ဝိညာဉ်စွမ်းအင်များက ဖုံးလွှမ်းသွားခဲ့သည်။

သူက အမြီးကိုးချောင်းနတ်ဆိုးမြေခွေး၏ စွမ်းအားကို သူ၏ခန္ဓာကိုယ်တွင်းရှိ ဝိညာဉ်စွမ်းအင်များနှင့် ပေါင်းစပ်ပြီး သူ၏တိုက်ပွဲဝင် စွမ်းအားများကို နှစ်ဆတိုးအောင် ပြုလုပ်လိုက်ခြင်း ဖြစ်သည်။

သို့သော် ဤမုဒ်ကို ကြာရှည်ထိန်းသိမ်းထားနိုင်မည်တော့မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် ဝိညာဉ်စွမ်းအင် အများအပြားကိုသုံးစွဲရသောကြောင့် ဖြစ်သည်။

ဆိုရလျှင် သူက အကြီးအကဲအဆိပ်နဂါးကဲ့သို့ ချာကရာ စွမ်းအားကို အသုံးပြုနေခဲ့သည်။

ဤမုဒ်ကို ပြောင်းလဲထားသောအချိန်တွင် အကြီးအကဲမင်ရန်သည် ဥက္ကဌပိုင်ထက်ပင် ပို၍ ကြောက်စရာကောင်းသည်။

ဤမုဒ်က တစ်မိနစ်မျှသာ ကြာသော်လည်း ရန်သူကို ကိုင်တွယ်ရန် လုံလောက်သည်ဟု သူယူဆခဲ့သည်။

အကယ်၍ ရန်သူကို အနိုင်မရနိုင်လျှင်ပင် ထွက်ပြေးမည်မဟုတ်လော။

အကြီးအကဲ မင်ရန်က အသက်ကို ခပ်ပြင်းပြင်းရှူရင်း စစ်တပ်တဲအတွင်းသို့ ဝင်ရောက်လာခဲ့သည်။

ထိုခဏဝယ် သူ့တစ်သက်တွင် ဘယ်တော့မှ မမေ့နိုင်မည့်မြင်ကွင်းကို မြင်တွေ့လိုက်ရသည်။

အကြီးအကဲများအားလုံးက မြေပြင်ထက်တွင် လဲကျနေကြသည်။

ဤစစ်ဆင်ရေး၏ ခေါင်းဆောင်ဖြစ်သည့် အကြီးအကဲ ကျီရှင်းသည်လည်း ချွင်းချက်မဟုတ်ပေ။

ထိုအထဲမှ အကြီးအကဲ အချို့ဆိုလျှင် အသံတစ်သံပင် မကြားရဘဲ သေဆုံးသွားခဲ့ကြသည်။

“ဥက္ကဌပိုင်ကို ချက်ချင်း ဆက်သွယ်ရမယ်”

အကြီးအကဲမင်ရန်က ထိုသို့ တွေးမိလိုက်ပြီး အမြီးကိုးချောင်းနတ်ဆိုးမြေခွေးမုဒ်ကို ပယ်ဖျက်လိုက်သည်။

ထို့နောက် သူက ဆဲလ်ဖုန်းကိုထုတ်ကာ ဥက္ကဌပိုင်ဆီ ဖုန်းခေါ်ဆိုခဲ့သည်။

တစ်ဖက်က ဖုန်းကိုင်မည့်အချိန်ကို စောင့်ဆိုင်းနေစဉ်တွင် အကြီးအကဲ မင်ရန်သည် သူ၏ပတ်ဝန်းကျင်ကို ဂရုတစိုက်ကြည့်ရှုလေ့လာခဲ့သည်။

စားပွဲပေါ်တွင် အကောင်းစား အရက်များနှင့် အသားလုံးကြော်များကို သူမြင်ခဲ့ရသည်။

အကြီးအကဲကျီရှင်းနှင့် အခြားလူများက သောက်ပွဲစားပွဲကျင်းပထားသည်မှာ ထင်ရှားသည်။

၎င်းတို့က မနက်ဖြန်ပြုလုပ်မည့် အစီအစဉ်ကို အောင်မြင်စေရန်အတွက် ချီးယားလုပ်ထားကြပုံရသည်။

အကြီးအကဲမင်ရန်က WeChatမှ အကြီးအကဲကျီရှင်း ပို့ထားသည့်မက်ဆေ့ချ်ကို မှတ်မိလိုက်သည်။

မကြာသေးမီကပင် ကျီရှင်းက မက်ဆေ့တွင် သူ့ကိုလက်မထောင်ပြခဲ့သေး၏။

သို့သော် ယခုအခါတွင် အကြီးအကဲကျီရှင်းက မြေပေါ်၌ လဲကျနေမည်ဟု မည်သူက ထင်မည်နည်း။

အကြီးအကဲမင်ရန်က လေးလေးနက်နက် သက်ပြင်းချလိုက်သည်။

ထို့နောက် သူက စားပွဲပေါ်မှ အသားလုံးကြော်ကို နှိုက်ယူကာ ပါးစပ်ထဲသို့ထည့်လိုက်ပြီး အရက်ကိုပါ မော့သောက်လိုက်သည်။

သူက ဤအသားလုံးကြော်နှင့် အရက်ကို စားသောက်ခြင်းသည် အကြီးအကဲ ကျီရှင်းနှင့် အခြားသော အကြီးအကဲများအတွက် သူ၏ဝမ်းနည်းပူဆွေးမှုကို ကိုယ်စားပြုခြင်းဖြစ်သည်။

ထို့နောက်တွင် အကြီးအကဲမင်ရန်က ကွယ်လွန်သွားခဲ့သည်။

All Chapters