ဖန်ဂရု၏ တိုက်ပွဲဝင်စွမ်းအား
Vol. 46 Ch. 682
ထန်ယိုနင်က လေလွင့်အဆိုတော်ဘဝမှ တက်လာသူဖြစ်၍ လောကဓံတရားကို ခံနိုင်ရည်ရှိနေပြီ ဖြစ်သည်။
သူက ယန်ကျုံးကို အမြဲလိုလို လိုက်လျောညီထွေစွာ နေခဲ့သော်လည်း အဆုံးသတ်တွင် တစ်ဖက်လူသည် သူ့အားအခွင့်ကောင်းယူလိမ့်မည်ဟု သူဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။
ဤသည်က ထန်ယိုနင် ဘယ်တော့မှလက်မခံနိုင်၊ ခွင့်မလွှတ်နိုင်သော အရာ ဖြစ်သည်။
သူက လယ်သမားနှင့်မြွေပုံပြင်ကို သူအကြိမ်ပေါင်းများစွာ ကြားသိခဲ့ရသော်လည်း တစ်နေ့နေ့တွင် ထိုပုံပြင်မျိုး အမှန်တကယ် ဖြစ်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ယန်ကျုံးက လွန်ခဲ့သည့်လအနည်းငယ်တွင် သူ့ကို ဒူးထောက်လူနီးပါး အကူအညီတောင်းခဲ့သည်။
ယန်ကျုံးက သူ့ကို ယခုလိုအကူအညီတောင်းသည်မှာ ပထမဦးဆုံးအကြိမ် မဟုတ်သော်လည်း ကြည့်ရှုသူများအား လှည့်စားသည့် လုပ်ရပ်ကို သူ မနှစ်မြို့ခဲ့ပေ။
ဤကဲ့သို့လူစားမျိုးကို ကူညီခဲ့မိသည့်အတွက် သူ့ကိုယ်သူအလွန်မိုက်မဲသည်ဟု ထန်ယိုနင် ခံစားမိသည်။
သူကွန်ပျူတာထိုင်ခုံမှ ထလိုက်ပြီး မှန်ကိုကြည့်လိုက်သည်။
မှန်ထဲတွင် သူ့မျက်နှာက ပင်ပန်းနွမ်းနယ်နေပုံရပြီး မုတ်ဆိတ်မွှေးပရဗွဖြင့် ညှင်းသိုးသိုးပုံစံ ပေါက်နေသည်။
သူက လေလွင့်အဆိုတော်အဖြစ် လမ်းမများပေါ်တွင် ဖြူစင်စွာ နေထိုင်ခဲ့သော ထန်ယိုနင်နှင့် အလွန် ကွာခြားနေပြီဖြစ်သည်။
ဤကဲ့သို့သောပုံစံက ထန်ယိုနင် လိုချင်သောအရာမဟုတ်ပေ။
ဤပုံစံက သူတစ်ချိန်က အမုန်းဆုံးသောပုံစံ ဖြစ်သည်။
ကျောင်းသားဟောင်းသီချင်း ရေပန်းစားလာပြီနောက်တွင် ထန်ယိုနင်သည် ယန်ကျုံး၏ဖိအားကြောင့် အဆက်မပြတ်ရုန်းကန်ခဲ့ရပြီး အိမ်မှအပြင်သို့ မထွက်သည်မှာ အတော်ကြာခဲ့ပြီ ဖြစ်သည်။
သို့သော် ယခုအခါ ထန်ယိုနင်က အဖြေကို ရှာတွေ့သွားခဲ့သည်။
သူက မုတ်ဆိတ်မွှေးကို သင်တုန်းဓားဖြင့် ရိတ်လိုက်ပြီး ဆံပင်ကို တစ်လက်မအရှည်ထိ ညှပ်လိုက်သည်။
ထို့နောက် သူ့မန်နေဂျာ၏ နံပါတ်ကို နှိပ်လိုက်သည်။
“အစ်ကိုထျန်းလား.. ငါအခုနားလည်သွားပြီ”
ထိုစကားကိုကြားလျှင် သူ့မန်နေဂျာက မင်တက်သွားပြီး အချိန်အတော်ကြာမှ သက်ပြင်းရှည်ကိုချလိုက်သည်။
“ဒါအရမ်းကောင်းတယ် ညီလေးထန်”
“ကျွန်တော် သူ့ကိုဖော်ထုတ်ဖို့ ဆုံးဖြတ်လိုက်ပြီ”
“ကောင်းတယ်ညီလေး.. ဒါအကောင်းဆုံးပဲ”
အစ်ကိုထျန်းက ခေါင်းငြိမ့်လိုက်သည်။
“အမှန်တိုင်းပြောရရင် ငါဒီအဆိုတော်အတုကောင်ကို ငါတစ်ခါမှ အထင်မကြီးဖူးဘူး.. သူ့ရဲ့ maskတပ်ပြီး သီချင်းဆိုပြနေတဲ့ပုံစံက စိတ္တဇပါဖောမန့်တွေနဲ့ ဖျော်ဖြေနေသလိုပဲ”
ထန်ယိုနင် “……….”
အခြားတစ်ဖက်တွင်လည်း ဖေဖေဝမ်၏ ဖန်ဂရုမှ ပရိတ်သတ်များသည် ဖေဖေဝမ် မတရားလုပ်ခံရသည့် သတင်းကို ဖြန့်ဝေခဲ့ကြသည်။
ပရိသတ်များစွာက ဖေဖေဝမ်၏ ကြယ်စင်ကောင်းကင်၏အချစ်ဘာသာစကား သီချင်း ခိုးယူခံရကြောင်း ကြားသိခဲ့ရသည့်အချိန်တွင် အပြင်းအထန်ဒေါသထွက်ခဲ့ကြပြီး တိုက်ရိုက် ထုတ်လွှင့်မှုအခန်းကို ပြဿနာရှာရန်အတွက် အဖွဲ့များကို စည်းရုံးခဲ့ကြသည်။
ဖေဖေဝမ်၏ ပရိတ်သတ်များတွင် ထိုပလက်ဖောင်း၌ အကောင့်ဖွင့်ထားသူ များစွာရှိသည်။
အကယ်၍၎င်းတို့က တိုက်ရိုက်ထုတ်လွှင့်သူကို ရီပို့ထုပြီး တိုက်ရိုက်ထုတ်လွှင့်သူက သီချင်းများကို အမှန်တကယ် ခိုးယူခြင်းမရှိခဲ့လျှင် ရီပို့ထုသူ၏ အကောင့်ကို အက်မင်မှ ၇ရက်ကြာ တိုက်ရိုက်တားမြစ်နိုင်မည် ဖြစ်သည်။
ယခုအခါတွင် ယန်ကျုံး၏ ပရိသတ်အဖွဲ့သည် ရန်သူပရိတ်သတ်များက အလွန်ကြောက်မက်ဖွယ်ကောင်းသည်ဟု ငြီးတွားနေကြပြီ ဖြစ်သည်။
ပရိတ်သတ်များက လူတစ်ယောက်၏ ပရိတ်သတ်များနှင့် အတော်လေးတူသည်ဟု ၎င်းတို့က ဆိုခဲ့ကြသည်။
ဖေဖေဝမ်က တိုက်ရိုက်ထုတ်လွှင့်သူ၏ ပရိုဖိုင်ကို ကြည့်ရှုခဲ့သည်။
ထိုလူက ယမန်နှစ်ကလည်း နှုတ်ခမ်းလှုပ်၍ ဟန်ဆောင်ကာ ပရိတ်သတ်များကို လှည့်စားခဲ့သည်။
ကနဦးတွင် သူကဝန်ခံရန် ငြင်းဆိုခဲ့သော်လည်း အဆုံးသတ်တွင် အများပြည်သူ၏ ထင်မြင်ယူဆချက် ဖိအားများကို မခံနိုင်သဖြင့် လူတိုင်းကို တောင်းပန်ခဲ့ရသည်။
ထိုကဲ့သို့ အတွေ့အကြုံရှိသူအနေဖြင့် ဤအဆိုတော်၏ အရေပြားသည် မြို့ရိုးများထက်ပင် ပိုထူနေသည်ဟု ဆိုရပေမည်။
(အရှက်မရှိသည်ဟုဆိုလို)
ဖေဖေဝမ်က ယန်ကျုံး၏ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကိုဝင်ကြည့်ခဲ့သည်။
မနေ့က ယန်ကျိုးတွင် အွန်လိုင်းကြည့်ရှုသူပရိတ်သတ်၃၀၀လောက်သာရှိသော်လည်း ဖေဖေဝမ်ဖန်ဂရုတွင် ထိုသတင်းကိုဖြန့်ဝေပြီးနောက်၌ သိန်းချီရှိလာပြီဖြစ်သည်။
အဆုံးသတ်တွင် သူ့ပရိတ်သတ်များ၏ တိုက်ပွဲဝင်အင်အားက အလွန်ပင် ကြောက်စရာကောင်းလွန်နေသည်။
ဖေဖေဝမ်က အလွန်အမင်းအူမြူးနေသော အချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှုအခန်း၏ အမှတ်စီနီယာတွင် ယန်ကျုံးကို ကာကွယ်သောမက်ဆေ့ချ်များက တက်လာခဲ့သည်။
ဒင်းဟူသော စာတမ်းပါသည့်ပရိတ်သတ်များက တစ်ယောက်ပြီးတစ်ယောက် ယန်ကျုံးကို အကာအကွယ်ပေးခဲ့ကြသည်။
“ငါတို့အိုင်ဒေါက ဘာလို့နှုတ်ခမ်းလှုပ်ပြီး ဟန်ဆောင်ရမှာလဲ.. ဒါဆို သူအကြမ်းဆိုထားတဲ့ အသံကိုရော ဘယ်လိုမျိုး ရှင်းပြနိုင်မလဲ”
“အဲဒါကို နှုတ်ခမ်းလှုပ်တယ်လို့ မပြောပါနဲ့လား.. ကြည့်ရှုသူအသစ်တွေကို မလှည့်စားပါနဲ့ရှင်”
ဖေဖေဝမ် “……….”
“သူက တကယ်နှုတ်ခမ်းလှုပ်ပြီး ဟန်ဆောင်နေတယ်ဆိုရင်ရော ဘယ်လိုလုပ်မလဲ”
“ငါဒင်းကို ကြိုက်ရတဲ့အကြောင်းအရင်းက သူ့ရဲံတော်ကီတွေကပြောင်မြောက်လို့ပဲ.. သူသီချင်းဆိုတာကို ငါစိတ်လည်းမဝင်စားဘူး.. သူ့သူနှုတ်ခမ်းပဲလှုပ်လှုပ် ဘာပဲခိုးခိုး ငါနဲ့ဘာမှမသက်ဆိုင်ဘူး”
“ငါ့ကို ဘာမှလာမပြောနဲ့.. ဒင်းနဲ့ ပတ်သက်ပြီး မကောင်းတဲ့စကားတွေ ငါဘာမှမကြားချင်ဘူး”
ဖေဖေဝမ် “……….”
“ဒီလိုချာတိတ်မှာတောင် ဒီလိုအမာခံပရိတ်သတ်တွေ ရှိနေသေးတယ်”
“ဒါနဲ့ အဲဒီဝမ်စစ်ထူဆိုတာ ဘယ်သူလဲ.. ဒီအဆိုတော်နာမည်ကို ငါတစ်ခါမှလည်း မကြားဖူးဘူး.. သူက ငါတို့ဒင်းရဲ့ အောင်မြင်ကျော်ကြားမှုကို မနာလိုနေတာများလား”
ထိုမက်ဆေ့ချ်ကို ဖတ်မိလျှင် ဖေဖေဝမ်၏ နှုတ်ခမ်းထောင့်စွန်းက တလှုပ်လှုပ် ဖြစ်သွားခဲ့သည်။
ဒါက အတော်လေးများသွားပြီ ဖြစ်သည်။
သူ့လို ကျင့်ကြံခြင်းနက်ဝေါ့ခ်မှ ကြီးကျယ်ခမ်းနားသောဂုရုဆရာကြီးတစ်ဦးသည် အဆိုတော်လေးများ၏ ကျော်ကြားမှုကို မနာလိုဖြစ်စရာရှဖသလော။
ထိုအချိန်မှာပင် အက်မင်က အများသူငှာ မျက်နှာပြင်ပေါ်တွင် စာရိုက်ခဲ့သည်။
“ဒီနေ့ဒင်းရဲ့လည်ချောင်းက နည်းနည်း အဆင်မပြေတဲ့အတွက် တိုက်ရိုက်ထုတ်လွှင့်မှုမှာ သီချင်းဆိုပြမှာ မဟုတ်ဘူး.. ဒါပေမဲ့ သူက လူတွေနဲ့ နည်းနည်းပါးပါးတော့ စကားပြောမှာပါ.. ပရိတ်သတ်တွေအနေနဲ့ နားထောင်လိုတဲ့ သီချင်းတွေရှိရင် စခရင်ပေါ်မှာ မက်ဆေ့ချန်ထားခဲ့နိုင်ပါတယ်.. အဲဒါတွေကိုသေချာမှတ်သားထားပြီး နောက်ပိုင်းကျရင် ဒင်းကတိုက်ရိုက်ထုတ်လွှင့်မှုမှာ တင်ဆက်ပေးပါမယ်”
ဤသည်က အချိန်ဆွဲသည့် နည်းပညာတစ်ခု ဆိုသည်မှာ ထင်ရှားနေသည်။
ယခုတိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် ကြည့်ရှုသူအလွန်များပြားနေသောကြောင့် လူအများအပြားရှေ့တွင် သီချင်းဆိုပြခဲ့လျှင် တစ်စုံတစ်ရာ မှားယွင်းသွားမည်ကို တစ်ဖက်လူကစိုးရိမ်နေပုံရသည်။
လှည့်ကွက်သာ ထပ်မံ ဖော်ထုတ်ခံရလျှင် ဤဒင်းအမည်ရှိအဆိုတော်သည် ဤလောက၌ သူ့ကိုယ်သူ ကာကွယ်နိုင်တော့မည်မဟုတ်ပေ။
ထို့ကြောင့် တစ်ဖက်လူက အချိန်ဆွဲသည့် နည်းလမ်းကို သေချာ အသုံးပြုနေကြောင်း ဖေဖေဝမ်က ကောင်းစွာ ကောက်ချက်ချနိုင်ခဲ့သည်။
သို့သော် လကြောက်စရာကောင်းသည်မှာ တိုက်ရီုက်ထုတ်လွှင့်မှုအခန်းမှ ဒင်း၏ပရိတ်သတ်များက ဤစကားကိုအမှန်တကယ်ယုံကြည်နေကြခြင်းပင်။
“ကြီးမြတ်တဲ့ဒင်း.. ကောင်းကောင်းအနားယူပါ.. မင်းသီချင်းဆိုတဲ့အသံကို ငါအရမ်းသဘောကျတယ်”
“လည်ချောင်းမကောင်းရင် သီချင်းမဆိုပါနဲ့.. ငါတို့တွေနားလည်ပါတယ်”
“ဘုရားသခင်ရေ.. ကြီးမြတ်တဲ့ ဒင်းရဲ့လည်ချောင်းကို နတ်သမီးတစ်ပါးအား နမ်းခိုင်းလိုက်ပါ.. ဒါမှသေချာပေါက်အဆင်ပြေပြီး သက်သာသွားပါလိမ့်မယ်”
“ဒင်းရေ.. ရေလေးများများသောက်ပါနော်”
စခရင်မှမက်ဆေ့ချ်များကိုကြည့်ရင်း ဖေဖေဝမ်က သွေးအန်လုမတတ် ဖြစ်သွားခဲ့သည်။
ပရိတ်သတ်များစွာက အလှည့်စားခံလိုက်ရ၏။
အကယ်၍ သူ့သီချင်းအခိုးမခံရလျှင်ပင် ဤကဲ့သို့ ပြဿနာကို ဖြေရှင်းရန်လိုအပ်သည်ဟု ဖေဖေဝမ်ခံစားခဲ့ရသည်။
ဤကဲ့သို့လှည့်စား၍ လုပ်ချင်သလိုလုပ်နေသည်ကို သူလုံးဝခွင့်မပြုနိုင်ပေ။
ဖေဖေဝမ်က သူ၏ဖန်ဂရုတွင် မက်ဆေ့ချ်ပို့လိုက်သည်။
“ဒီတိုက်ရိုက်ထုတ်လွှင့်သူရဲ့ ဇစ်မြစ်အစစ်အမှန်ကို သိတဲ့လူရှိလား.. သူ့ရဲ့အမည်နဲ့ ဖုန်းနံပါတ်ရရင် လုံလောက်ပြီ.. ဒီအတွက်ငါမင်းကို အခန်းအပ်ဒိတ်၁၀ခုနဲ့ လဲလှယ်ပေးပါမယ်”
သူထိုသို့ပြောပြီး ဆယ်စက္ကန့်မကြာမီမှာပင် သောကကြက်ဥဟု ခေါ်သော ပရိတ်သတ်တစ်ဦးက ပြန်ဖြေလိုက်သည်။
“ယန်ကျုံး၊ အမျိုးသား၊ ၁၇၆စင်တီမီတာ၊ မိုဘိုင်းနံပါတ် 139188xxxxx၊ လိပ်စာ-လမ်းသွယ်872၊ ရွေမန်အနောက်လမ်း၊ စုန့်ဟိုင်မြို့”
“အံ့ဩစရာပဲ ညီနောင်သောကကြက်ဥ.. မင်းက သူ့ကိုသိနေတာလား”
ဂရုထဲမှ ပရိတ်သတ်တော်တော်များများက အံ့ဩတကြီးအော်ဟစ်လိုက်ကြသည်။
ထိုအခိုက်အတန့်မှာပင် ဖေဖေဝမ်က သူ့ပရိတ်သတ်ထဲ၌ သိုသိုသိပ်သိပ်နေထိုင်နေသော ဆရာကြီးများရှိသည်ကို သဘောပေါက်လိုက်သည်။
သိပ်မကြာလိုက်သောအချိန်မှာပင် တစ်ဖက်လူ၏လိပ်စာကိုပါ ရရှိခဲ့သည်မဟုတ်ပါလော။
ပရိတ်သတ်များက သောကကြက်ဥ၏သတင်းပေးမှုကြောင့် စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်ကြ၏။
သောကကြက်ဥ “ဒါက ငါလုပ်နိုင်တဲ့အကန့်အသတ်ပါပဲ.. တကယ်တော့ ငါက သူနဲ့ဘာမှ မပတ်သတ်ပါဘူး.. အဲဒီအချက်အလက်တွေ ထုတ်ပေးရတာ တကယ်တော့ ငါ့အတွက် မကောင်းဘူး.. သူ့ကို အနှောင့်အယှက်ပေးဖို့ အတွက်နဲ့တော့ အဲဒီနံပါတ်ကိုဖုန်းမခေါ်ကြပါနဲ့.. ငါတို့ဂုရုကြီးကိုယ်တိုင်ဆက်သွယ်တာ ပိုပြီးသင့်တော်မယ်လို့ ငါထင်တယ်”
“ကောင်းပြီလေ.. ပြဿနာမရှိပါဘူး”
ထိုအခိုက်အတန့်တွင် ပရိတ်သတ်အများအပြားက တုံ့ပြန်ခဲ့ကြသည်။
ထိုအချိန်မှာပင် လူတစ်ယောက်က မေးခွန်းထုတ်လိုက်သည်။
“ဒါပေမဲ့ ညီနောင်သောကကြက်ဥ.. ဒီသတင်းကို မင်းဘယ်လိုရှာတွေ့သွားတာလဲ.. မင်းမှာသီးခြား သတင်းရင်းမြစ် တစ်ခုရှိနေတာလား”
ထိုစကားကိုကြားလျှင် ညီနောင်သောကကြက်ဥက ပြုံးလိုက်သည်။
“ငါဘာလို့သိနေရလဲဆိုရင် ငါကသူ့ကိုစုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ဖူးတယ်.. ငါ့ဆီမှာ သတင်းအမျိုးမျိုးကိုလာမေးတတ်တဲ့တူလေးတစ်ယောက်ရှိတယ်.. တစ်ခါတလေသူကငါ့ကို သူသိချင်တဲ့အကြောင်းအရာတွေစုံစမ်းခိုင်းတယ်”
“တူလေးလား”
“ဟုတ်တယ်.. သူ့မျိုးရိုးနာမည်က ကော်.. သူကအခုမှ အထက်တန်းကျောင်းသားပဲရှိပါသေးတယ်”
“……….”