← Chapters

ကောင်းကင်တာအို နှုတ်ဆိတ်ခြင်း

Vol. 46 Ch. 683

ကောင်းကင်တာအို နှုတ်ဆိတ်ခြင်း

Vol. 46 Ch. 683

တိုက်ရိုက်မှုစတင်ချိန်မှစ၍ တစ်နာရီ ပြည့်ပြီးနောက်တွင် လူထောင်ပေါင်းများစွာကို အဆိုတော်အဖွဲ့မှ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကနေ တားမြစ်လိုက်ပြီ ဖြစ်သည်။

မစ္စတာလေးနှင့် ကျန်းဖေးဟူသော အမည်ပြောင်ရှိသည့် အက်မင်နှစ်ဦးသည် နှုတ်ခမ်းလှုပ်ခြင်း သို့မဟုတ် Privacyဟူသော သော့ချက်စကားလုံးများကို မက်ဆေ့ပို့သူများအား ၇ရက်ကြာ ပိတ်ပင်ခဲ့သည်။

ထိုကိစ္စကို အမှန်တကယ်ဟုတ်မဟုတ် မက်ဆေ့ချ်တွင် မေးမြန်းသည့် ဒင်း၏ပရိတ်သတ်အချို့ပင် အလားတူအရေးယူမှုကို ခံခဲ့ရသည်။

ဖေဖေဝမ်က တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို စိုက်ကြည့်ရင်း မှတ်တမ်းတင်နေခဲ့သည်။

ဤတိုက်ရိုက်ထုတ်လွှင့်သူက လုံးဝ အရှက်တရားရှိပုံမရပေ။

၎င်းတပ်ဆင်ထားသည့် အနက်ရောက်maskက ၎င်း၏အမူအယာများကို လုံးဝသပ်ရပ်စွာ ဖုံးကွယ်ထားသည်။

ဖေဖေဝမ်က ယခုမှပင် ဒင်းတစ်ယောက် တိုက်ရိုက်ထုတ်လွှင့်မှုတွင် မျက်နှာဖုံးစွပ်ထားသည့်အကြောင်းအရင်းကို နားလည်သွားတော့သည်။

၎င်းမှာ မျက်နှာပြောင် ဖြစ်နေသောကြောင့် ဖြစ်သည်။(အရှက်မရှိဟုဆိုလိုသည်)

တစ်နာရီကျော်ကြာပြီးနောက်တွင် ဖေဖေဝမ်သည် တိုက်ရိုက်ထုတ်လွှင့်မှုအခန်း၌ ယန်ကျုံးနှင့် သူ့ပရိတ်သတ်များ အပြန်အလှန် ပြောဆိုနေသည်ကို တွေ့ခဲ့ရသည်။

"ဒီကြယ်စင်ကောင်းကင်ရဲ့အချစ်ဘာသာစကားသီချင်းမှာ ငါဆိုထားတဲ့အသံက အရမ်းကောင်းတယ်လို့ ပရိတ်သတ်တွေကထင်နေကြတာလား.. တကယ်တော့..."

စကားက ထိုနေရာတွင် ရပ်တန့်သွား၍ ထိုလူက နောက်ဆုံးတွင် အရှက်တရားရကာ တောင်းပန်တော့မည်ဟု ဖေဖေဝမ်ထင်လိုက်သည်။

သို့သော် ထိုလူက ရုတ်တရက် အခြားလမ်းကို ရွေးချယ်လိမ့်မည်ဟု မည်သူသိနိုင်မည်နည်း။

"တကယ်တော့ ငါက အဆိုကောင်းသလို အရေးလည်းကောင်းတယ်လေ.. ပြောရရင် ဒီသီချင်းရဲ့ မူရင်းအဆိုတော်တစ်ယောက်အနေနဲ့ ငါ့ရဲ့သီဆိုမှုနဲ့ အရေးအသားက တကယ်ကိုပြောင်မြောက်လွန်းတယ်"

ဖေဖေဝမ် ".........."

"ငါဒီသီချင်းကို ဂီတပလက်ဖောင်းတွေမှာ တင်တော့မယ်.. ဒီသီချင်း ထွက်လာရင် လူတွေက ဒေါင်းလုဒ် လုပ်ကြမယ်လို့ မျှော်လင့်ပါတယ်.. လောလောဆယ်တော့ ငါ့အနေနဲ့ အပ်လုတ်မလုပ်ရသေးတဲ့ အတွက် ဒီသီချင်းရဲ့ ဗားရှင်းက အင်တာနက်ပေါ်မှာတော့ မရှိသေးဘူး.. နောက်ပိုင်း ငါအပ်လုဒ် လုပ်ပြီးတဲ့အခါ လူတိုင်းက ဒေါင်းလော့လုပ်ကြမယ်လို့ မျှော်လင့်ပါတယ်.. ကြိုက်နှစ်သက်ရင် ဖော်လို ဒါမှမဟုတ် ဖေးဘရိတ် ကိုနှိပ်ပြီး ကွန်မန့်လည်း ပေးလို့ရပါတယ်.. အဲဒီသီချင်းကို 'NetEase cloud' ဂီတ ပလက်ဖောင်းမှာ တင်မှာပါ.. သင့်အနေနဲ့ကြယ်စင်ကောင်းကင်ရဲ့အချစ်ဘာသာစကား စာလုံးကို ရိုက်နှိပ်ပြီး ရှာဖွေဖို့ပဲလိုပါတယ်"

ထိုစကားကိုကြားပြီးနောက် ဖေဖေဝမ်က သူ၏ကီးဘုတ်ကို ပထမဆုံးအကြိမ် ရိုက်ချိုးချင်စိတ် ပေါက်လာသည်။

သူ၏ စာရေးဆရာ အသိုင်းအဝိုင်းမှာပင် ဤကဲ့သို့ မခံစားခဲ့ရဖူးပေ။

တိုက်ရိုက်ထုတ်လွှင့်သူက ပရိသတ်ကို အရှက်မဲ့စွာ လိမ်ညာနေသည်ကို ကြားရလျှင် ဖေဖေဝမ်က တကယ်ကို ဒေါသထွက်နေခဲ့သည်။

လူတစ်ယောက်က ဤမျှလောက် အရေထူသည်ကို သူနားမလည်နိုင်ခဲ့ပေ။

အရေးကြီးဆုံးမှာ ဤကောင်လေးက သူ၏သီချင်းကို ပေါ်တင်ခိုးယူနေခဲ့ခြင်း ဖြစ်သည်။

ထိုသူက ပြစ်မှုကို လုံးလုံးလျားလျား ကျူးလွန်နေခြင်းဖြစ်၏ါ

ဖေဖေဝမ်၏ နံဘေးရှိ လဲ့မုန့်မုန့်လည်း ထိုအရာကိုမြင်လျှင် အံ့အားသင့်သွားခဲ့သည်။

“ဒီကောင် တော်တော်အတင့်ရဲနေပြီ.. ငါတို့ သူ့ကိုတရားစွဲမှဖြစ်တော့မယ်”

ဖေဖေဝမ် “ဒီသီချင်းရဲ့မူပိုင်ခွင့်ကို ဒီကောင်က ခိုးယူချင်နေတာပဲ.. ပိုဆိုးတာက ဒီသီချင်းကို ဒီကောင်က စီးပွားဖြစ်အသုံးပြုနေတာပဲ.. ဒါပေမဲ့ သူ့ဘာသူဆို ဒီလောက်လုပ်ရဲတဲ့သတ္တိမရှိဘူးလို့ငါထင်တယ်.. သူ့နောက်ကွယ်မှာ ဂိုဏ်းချုပ်တစ်ယောက်ယောက်က သူ့ကိုကူညီပေးနေတာလို့ ငါထင်တယ်”

လဲ့မုန့်မုန့်ခေါင်းငြိမ့်လိုက်သည်။

“ငါလည်းအဲလိုပဲထင်တယ်.. ဒီကောင်က ငယ်ငယ်လေးပဲရှိသေးတာလေ.. ဒီလောက် သတ္တိမရှိလောက်ပါဘူး.. ဒါ့ပြင်တိုက်ရိုက် ထုတ်လွှင့်မှုအခန်းမှာ လူတော်တော်များများက တားမြစ်ခံခဲ့ရတာကို ငါသတိထားမိတယ်”

လဲ့မုန့်မုန့်၏အမြင်တွင် တိုက်ရိုက် ထုတ်လွှင့်မှု အခန်းရှိ အက်မင်နှစ်ဦးသည် အလွန်ပင်အရှက်မဲ့သည်။

အက်မင်နှစ်ဦးသည် ဤကိစ္စနှင့်ပတ်သက်သည့်အကြောင်းအရာများကို သင်တင်ပြသရွေ့ သင်၏အကောင့်ကို ပိတ်ပင်မည်သာဖြစ်သည်။

လဲ့မုန့်မုန့်က တိုက်ရိုက် ထုတ်လွှင့်မှုအခန်းတွင် မေးခွန်းအမှတ်အသား တစ်ခုကို ရိုက်နှိပ်လိုက်ရာ ချက်ချင်းပင် ၇ရက်ကြာ ပိတ်ပင်ခံလိုက်ရသည်။

“တကယ်ပါပဲ.. ဒီလိုအရှက်မဲ့တဲ့လူကို ငါတစ်ခါမှ မတွေ့ဖူးဘူး”

လဲ့မုန့်မုန့်က သက်ပြင်းချ၍ ရေရွတ်လိုက်သည်။

“ဟုတ်တယ်.. ဒီလို ဘန်းပစ်တဲ့ နည်းဗျူဟာမျိုးက တကယ်ကိုရှက်စရာကောင်းတယ်.. ငါက အပ်ဒိတ်နည်းတယ် ဆိုပေမဲ့ သူနဲ့ယှဉ်လိုက်ရင် ငါက ဖြူစင်တဲ့ကြာပန်းလေးပဲ”

လဲ့မုန့်မုန့် “……….”

ဤမူပိုင်ခွင့်ချိုးဖောက်သော ကိစ္စက မပြီးပြတ်သေးပေ။

ဤကိစ္စက ယခုထက်ပို၍ ပြင်းပြင်းထန်ထန် ကိုင်တွယ်ရမည်မှန်း ဖေဖေဝမ် ကောင်းစွာသိသည်။

အရေးအကြီးဆုံး အချက်မှာ တစ်ဖက်လူ၏ မူပိုင်ခွင့်ချိုးဖောက်မှုဆိုင်ရာ အထောက်အထားများကို စုဆောင်းပြီး ကြယ်စင်ကောင်းကင်၏ အချစ်ဘာသာစကား မူပိုင်ခွင့်အတွက် သက်ဆိုင်ရာ အသိအမှတ်ပြု လက်မှတ်ကို အမြန်ဆုံးရရန်အတွက် လုပ်ဆောင်ရမည် ဖြစ်သည်။

ဖေဖေဝမ်က သူ၏ နံပါတ်တစ် ပရိတ်သတ်အကူအညီကိုမယူရန် ဆုံးဖြတ်ထားသောကြောင့်ဤတိုက်ပွဲသည် ယခင်ထက်အနည်းငယ် ပိုရှည်သွားမည်မှာ သေချာသည်။

ဆိုရလျှင် ဤတိုက်ပွဲသည် အသိုင်းအဝိုင်းနှစ်ခုမှ ပရိတ်သတ်များဝန်းရံနေသော တိုက်ပွဲတစ်ခုဖြစ်လာမည်ဖြစ်သည်။

တိုက်ရိုက် ထုတ်လွှင့်မှုပရိတ်သတ်များနှင့် ဝတ္ထုပရိတ်သတ်များ…

ဖေဖေဝမ်က ဘယ်ဘက်က ပိုအားကောင်းလဲ သိရှိရန် စောင့်မျှော်နေခဲ့သည်။

အခြားတစ်ဖက်တွင်လည်း ကျိုးရီက သူလိုချင်သောမှော်ရတနာများကို ရွေးချယ်လိုက်သည်။

ဝမ်လင်း ပြသသည့်အထဲတွင် ဖိနပ်များ၊ အင်္ကျီများ၊ အတွင်းခံများနှင့် ခြေအိတ်များပင် ပါဝင်သည်။

အရေးအကြီးဆုံးမှာ ထိုမှော်ရတနာများအကြောင်းကို သူတစ်ခါမှမကြားဖူးခဲ့ခြင်း ဖြစ်သည်။

အဆုံးသတ်တွင် လင်းကျန်းရန်က လင်းကျန်းရန်သာဖြစ်သည်ဟု ဆိုရမည်။

သူသုံးသည့်မှော်ရတနာများကပင် ဈေးကွက်ထဲရှိပစ္စည်းများနှင့် လုံးဝမတူပေ။

သူက သက်ဆိုင်ရာမှော်ရတနာ အပလီကေးရှင်း တစ်ခုတွင် အခြေခံအားဖြင့် မှော်ရတနာများ၏အဆင့်ကို ရှာဖွေနိုင်သော်လည်း ဝမ်လင်းထံမှ မှော်လက်နက်များ အကြောင်းနှင့် ပတ်သက်သည့် အချက်အလက်များကမူ ထိုအပလီကေးရှင်းများတွင် လုံးဝရှိမည် မဟုတ်ပေ။

ဝမ်လင်း သူ့ကိုရွေးချယ်စေသည့် မှော်လက်နက်များမှာ ကောင်းကင်လက်နက်ကျမ်းမှ မှော်ရတနာများဖြစ်သည်။

ဈေးကွက်တွင် ရောင်းချသော ကောင်းကင်လက်နက်ကျမ်းသည် မပြည့်စုံသောဗားရှင်းတစ်ခုသာဖြစ်သည်။

ထို့ပြင် မူရင်းကောင်းကင်လက်နက်ကျမ်းမှ မှော်ရတနာများကို အွန်လိုင်းမှော်ရတနာဆော့ဝဲလ်များတွင် ရှာတွေ့နိုင်မည်မဟုတ်ပေ။

ကျိုးရီက လိုချင်သည့်မှော်ရတနာများကို ရွေးချယ်ပြီးသည့်အခါတွင် ဝမ်လင်းက ဗလာစာအုပ်တွင် ထိုမှော်ရတနာများကို ရေးမှတ်လိုက်သည်။

ထိုဗလာစာအုပ်ကို သူက မှော်ရတနာများ ပြုလုပ်ရန်အတွက် အခြေခံပစ္စည်းများနှင့်လဲလှယ်ရန် နောက်ပိုင်းတွင် ကောင်းကင်တာအိုအား ပေးရမည်ဖြစ်သည်။

ထို့ပြင် ပစ္စည်းပမာဏများစွာ လဲလှယ်နိုင်ရန်အတွက် ဗလာစာအုပ် အတွင်း၌ အလွန်သပ်ရပ်သော လက်ရေးများကို ဝမ်လင်းက တမင်တကာ အသုံးပြုခဲ့သည်။

ဝမ်လင်းက ဤတစ်ကြိမ် မှော်ရတနာများ ပြုလုပ်ရာတွင် ပစ္စည်း မလုံလောက်သေးဟု ခံစားရသည်။

ကောင်းကင်တာအိုက မိတ္တူတွေကိုရော လက်ခံမလားဟု သူအမှန်တကယ်သိချင်မိသည်။

ကောင်းကင်တာအို “……….”

စာသင်နှစ်၏ ၁၄ပတ်မြောက်သည် ဇူလိုင်လ၂၅ရက် အင်္ဂါနေ့ဖြစ်သည်။

ယနေ့က နိုင်ငံခြားမှပြန်ရောက်လာသော နတ်ဆိုးမုဆိုးများအဖွဲ့အစည်းမှ ထိပ်တန်းကျင့်ကြံသူများ အမှတ်၆၀ အထက်တန်းကျောင်းကို တိုက်ခိုက်မည့်နေ့ဖြစ်သည်။

သို့ရာတွင် ကျောင်းက ယခင်အတိုင်းပင် တည်တည်ငြိမ်ငြိမ်ရှိနေသည်။

ကျောင်းဂိတ်တံခါးဘေးရှိ ပန်ကိတ်ဆိုင်တွင် ဦးလေးကျိုးသည် ကျောင်းသားများကို မနက်စာများရောင်းချနေခဲ့သည်။

အမှတ်၆၀ အထက်တန်းကျောင်း၏ ကျောင်းရှေ့တွင် တစ်နှစ်ပတ်လုံး ပန်ကိတ်များရောင်းချလာသည့် အဘိုးအိုတစ်ယောက် အနေဖြင့် အမှတ်၆၀ကျောင်းနှင့်ပတ်သက်သည့်ကောလာဟလများကို သေချာပေါက်ကြားသိခဲ့ရသည်။

ချန်းချောင်က ပန်ကိတ်တစ်လုံးကို ဝယ်ယူရန်အတွက် အဘိုးအို၏ လှည်းဘေးရှိ ငွေပုံးထဲသို့ 5 HNY ထည့်လိုက်သည်။

“ဦးလေး ပန်ကိတ်တစ်ခုပေးပါ”

“ရမယ် ခဏစောင့်”

ဦးလေးကျိုးက ခေါင်းငြိမ့်လိုက်သည်။

ထို့နောက် မုန့်အလွှာကို ကျွမ်းကျင်စွာ သွန်းလောင်းကာ အညီအမျှ ဖြန့်ကျက်၍ ကြက်ဥနှစ်လုံးကို ခွဲကာ ထည့်လိုက်သည်။

ချန်းချောင် “ဦးလေး ကျွန်တော်ဦးလေးကို ကြက်ဥတစ်လုံးစာပဲ ပိုက်ဆံပေးခဲ့တာလေ”

ဦးလေးကျိုး “အဆင်ပြေပါတယ်.. ဒီနေ့က ပရိုမိုးရှင်းရှိတယ်လေ.. တစ်လုံးဝယ်ရင် တစ်လုံးအခမဲ့ လက်ဆောင်ရမယ်”

ချန်းချောင် “ဪ အဲလိုလားဦးလေး.. ဒါနဲ့ဒီနေ့ကျွန်တော်တို့ကျောင်းကို တိုက်ခိုက်မယ်လို့ ရာဇဝတ်ကောင်တွေက ကြေညာထားတာ ဦးလေးသိလား”

ထိုစကားကိုကြားလျှင် ဦးလေးကျိုးက မျက်ခုံးပင့်လိုက်သည်။

“မင်းပြောတဲ့ ရာဇဝတ်ကောင်ဆိုတာ နတ်ဆိုးမုဆိုးများအဖွဲ့အစည်းကို ဆိုလိုတာလား”

“ဟုတ်တယ် သူတို့ပဲ.. ဦးလေးမကြောက်ဘူးလား.. ဦးလေးကကျောင်းနဲ့ နီးနီးကပ်ကပ်ရှိတယ်လေ.. အကယ်၍ဒုက္ခတွေ့ရင် ဘယ်လိုလုပ်မလဲ”

ဦးလေးကျိုး “ဘာမှကြောက်စရာမရှိပါဘူး.. ငါကျောင်းရှေ့မှာ ပန်ကိတ်ရောင်းနေတာ နှစ်တွေ အတော်ကြာနေပါပြီ.. ငါမမြင်ဖူးတဲ့ နတ်ဆိုးတွေ သရဲတစ္ဆေတွေ ဆိုတာ မရှိသလောက်ပဲ”

ချန်းချောင် “……….”

ဤသည်မှာ အမှန်တရားပင်။

ဦးလေးကျိုးသည် အမှတ်၆၀ အထက်တန်းကျောင်း၏ဂိတ်တံခါးရှေ့တွင် နှစ်ပေါင်းများစွာ ပန်ကိတ်ရောင်းချလာခဲ့ပြီး ယခင်နှစ်များမှအကြီးအကဲအားလုံးကို မြင်ဖူးသည်ဟုပင် ယူဆ၍ရသည်။

အရေးအကြီးဆုံးအချက်မှာ အမှတ်၆၀ အထက်တန်းကျောင်းမှ လူတိုင်းနီးပါးသည် ဦးလေးကျိုး၏ပန်ကိတ်များကို ယခင်ကဝယ်စားဖူးခဲ့ကြသည်။

ဦးလေးကျိုး “လွန်ခဲ့တဲ့ လအနည်းငယ်က မင်းတို့ကျောင်းကိုလာတိုက်ခိုက်တဲ့ အရိပ်အဖွဲ့ကို မှတ်မိသေးလား.. သူတို့သင်္ချိုင်းမှာပေါက်တဲ့ မြက်တွေက ငါ့ထက် ပိုသက်တမ်းရင့်တယ်လို့တော့ မင်းတို့တွေမထင်ဘူးမဟုတ်လား”

ချန်းချောင် “……….”

All Chapters