← Chapters

အရှက်မရှိသော စင်ဂါ အင်စတီကျု

Vol. 46 Ch. 681

အရှက်မရှိသော စင်ဂါ အင်စတီကျု

Vol. 46 Ch. 681

“ဘာတွေဖြစ်နေတာလဲ”

ယန်ကျုံးက တိုက်ရိုက်ထုတ်လွှင့်မှု စတင်လိုက်သည်နှင့် တိုက်ခိုက်ခံရလိမ့်မည်ဟု မမျှော်လင့်ထားပေ။

မေးစရာရှိသည်မှာ ဤတိုက်ခိုက်ရေးတပ်ဖွဲ့သည် မည်သည့်နေရာမှ လာပါသနည်း။

“ဂိုဏ်းတိုက်ပွဲတွေများ ပြန်စနေတာလား”

တိုက်ရိုက်ထုတ်လွှင့်သည့် ပလက်ဖောင်းများရှိ ဖျော်ဖြေရေးအသိုင်းအဝိုင်းတွင် ဂိုဏ်းတိုက်ပွဲများသည် အလွန် အဖြစ်များသည်။

အဖွဲ့များသည် ၎င်းတို့၏ခွန်အားကို တောင့်တင်းစေရန် အတွက် အဆိုတော်များစွာကို မကြာခဏ လက်မှတ်ရေးထိုးကြလေ့ ရှိသည်။

ထို့ကြောင့် အဆိုတော်များအတွက် နောက်ကွယ်တွင် အချင်းချင်း နပန်းလုံးနေကြသည်မှာ အဆန်းတော့မဟုတ်ပေ။

အရိပ်လူ့ဗန္ဓဂိုဏ်းတွင် ပြိုင်ဘက်ဂိုဏ်းများစွာ ရှိသောကြောင့် အခြားဂိုဏ်းများသည် သူယမန်နေ့က တိုက်ရိုက်ထုတ်လွှင့်မှုမှ ရရှိသည့် အမြတ်ကို မနာလို၍ သူ့ကိုတိုက်ခိုက်ရန် အွန်လိုင်း တိုက်ခိုက်ရေးတပ်ဖွဲ့ကို ငှားရမ်းခဲ့ခြင်း ဖြစ်နိုင်သည်။

“ဝမ်စစ်ထူလား.. ဝမ်စစ်ထူက ဘယ်သူလဲ.. ဒီလိုအဆိုတော်မျိုးရှိလို့လား.. ငါလည်းတစ်ခါမှ မကြားဖူးပါလား”

ယန်ကျုံးက အလွန်ပင် စိတ်ရှုပ်နေခဲ့သည်။

ဥက္ကဌလန်ပိုင်ကလည်း ချက်ဂရုတွင် သတင်းအချို့ ပေးပို့ခဲ့သည်။

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းရှိ ကိန်းဂဏန်းများက ထူးခြားစွာများပြားလာပြီး ထုတ်လွှင့်မှု မစတင်မီမှာပင် တိုက်ရိုက် ထုတ်လွှင့်မှုအခန်းကို ကြည့်ရှုနေကြသော ပရိတ်သတ်များသည် သောင်းချီ အရေအတွက်ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

အများအားဖြင့် အငှားတိုက်ခိုက်ရေးသမားများသည် လူရာချီဖြင့်သာ ဖွဲ့စည်းထားကြပြီး စခရင်ကို အနှောင့်ယှက်ပေးသူများသာ ဖြစ်ကြသည်။

၎င်းတို့ကို ပိတ်ဆို့ထားနိုင်သရွေ့ အရာအားလုံးက အဆင်ပြေသွားမည် ဖြစ်၏။

သို့သော် ယခုအခါတွင်မူ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို လူပေါင်းသောင်းချီက ဝန်းရံနေခဲ့သည်။

၎င်းက ဖျင်ကန်စီရင်စုကို တိုက်ခိုက်စဉ်က လီယွင်လုံ၏ တိုက်ပွဲနည်းဗျူဟာ အတိုင်းပင်။

မေးစရာရှိသည်မှာ ဤကမ္ဘာမြေပေါ်တွင် ဝမ်စစ်ထူ ဆိုသောသူမှာ မည်သူနည်း။

ချက်ဂရုတွင် လန်ပိုင်က စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

“ဘာတွေဖြစ်နေတာလဲ.. ဒီဝမ်စစ်ထူ ဆိုတဲ့လူက ဘယ်သူလဲ”

မျက်နှာဖုံးအောက်ကနေ ယန်ကျုံးက မျက်မှောင်ကြုတ်လိုက်သည်။

သူ့ပါးပြင်ထက်မှ အေးစက်စက် ချွေးစေးတစ်ပေါက် လိမ့်ဆင်းလာခဲ့သည်။

“ငါစခရင်ကို အခုပဲကြည့်လိုက်တော့ ငါတို့ကို တိုက်ခိုက်ဖို့လာတဲ့လူတွေက မူရင်းပိုင်ရှင်ရဲ့ ပရိတ်သတ်တွေဖြစ်နိုင်တယ်”

ထိုစကားကိုကြားလျှင် လန်ပိုင်က အံ့ဩသွားသည်။

“အဲဒီလောက်တောင် တိုက်ဆိုင်မှု ရှိတယ်လား”

သူတို့က တိုက်ရိုက်ထုတ်လွှင့်မှု မစတင်မီတွင် ထိုအသံအကြောင်းကိုသာ ပြောဆိုခဲ့ကြသည်။

ဖုန်းချပြီးနောက်တွင် လန်ပိုင်သည် ဤသီချင်းကို အွန်လိုင်းတွင် အကန့်အသတ်ဖြင့် ဖြန့်ချီနိုင်ရန်အတွက် ကုမ္ပဏီကိုပင် အထူးစီစဉ်ထားခဲ့ပြီ ဖြစ်သည်။

ထိုခဏမှာပင် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ အွန်လိုင်းအသုံးပြုသူ အရေအတွက်သည် ၅မိနစ်အတွင်း တစ်သန်းခွဲအထိ တိုးတက်လာခဲ့သောကြောင့် ယန်ကျုံးက ထိတ်လန့်သွားခဲ့၏။

“အခုငါဘာလုပ်သင့်လဲ”

သူက တိုက်ရိုက်ထုတ်လွှင့်သူလေး တစ်ဦးမျှသာဖြစ်သည်။

သီချင်းမဆိုနိုင်သောကြောင့် အခြားသူများထံမှ အကြမ်းထည်သွင်းထားသော အသံများကို ဝယ်ယူကာ နှုတ်ခမ်းဟန်ပြ လှုပ်ခြင်းကို အားကိုးအားထားပြု၍ ပရိသတ်များအား ဆွဲဆောင်ခဲ့သည်။

တစ်နေ့နေ့တွင် ထိုအကြောင်းက ပေါ်ပေါက်လိမ့်မည်ဟု ထင်ခဲ့သော်လည်း ထိုနေ့က မကြာမီမှာပင် ရောက်လာလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ထို့ကြောင့် ဤကဲ့သို့ အရှိန်အဟုန်ပြင်းစွာ ရိုက်ခက်လာသောအချိန်တွင် သူအနည်းငယ် တုန်လှုပ်သွားမိသည်။

“အခုအချိန်မှာတော့ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းမှာ ပြဿနာမတက်အောင်ပဲ မင်းဂရုစိုက်သင့်တယ်.. တားမြစ်သင့်တာတွေကိုလည်း တားမြစ်လိုက်.. သီချင်းကို တတ်နိုင်သမျှ အမြန်ဆုံး တရားဝင်ဖြစ်နိုင်အောင် ငါစီစဉ်ပေးမယ်.. ဒါက အွန်လိုင်းမှာတစ်ခါမှ မထုတ်ဖူးသေးတဲ့အတွက် ငါတို့က အရင်ထုတ်လိုက်တာနဲ့ ငါတို့ဘက်က အသာစီးရလိမ့်မယ်”

ဥက္ကဌလန်ပိုင်က တန်ပြန်တိုက်ခိုက်နိုင်မည့် နည်းလမ်းကို စဉ်းစားခဲ့သည်။

“အရင်က ငါတို့ကို အမြဲကူညီခဲ့တဲ့ အဆိုတော်တစ်ယောက်ရှိတယ် မဟုတ်လား.. သူ့ကိုဆက်သွယ်ပြီး ဒီသီချင်းကို အကြမ်းထည် ဆိုခိုင်းလိုက်ပါလား.. ပြီးရင် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှာ မင်းကသေချာလေး သရုပ်ဆောင်ပြလိုက်.. နည်းနည်းလေးမှ ပရိတ်သတ်တွေ သတိထားမိလို့ မဖြစ်ဘူး.. မင်းနားလည်လား”

ယန်ကျုံးက ခေါင်းငြိမ့်လိုက်သည်။

“ကောင်းပါပြီ”

ဥက္ကဌပိုင်က စကားပြောပြီးနောက်တွင် ယန်ကျုံးက သူ့ကို အကူအညီပေးခဲ့သော အဆိုတော်ကို ဆက်သွယ်လိုက်သည်။

သူက အစောပိုင်းတွင် စိတ်ရှုပ်နေ၍ ဤဝှက်ဖဲကို မေ့လုနီးပါးဖြစ်ခဲ့ခြင်း ဖြစ်၏။

ထိုအဆိုတော်မှာ ကျောင်းသားဟောင်းသီချင်းကို သီဆိုပြီးနောက် တစ်ဟုန်ထိုး ကျော်ကြားလာခဲ့သော အွန်လိုင်းနာမည်ကြီး အဆိုတော် ထန်ယိုနင်မှလွဲ၍ အခြားသူမဟုတ်ပေ။

ဆိုရလျှင် အဆိုတော်ထန်ယိုနင်သည် သူဌေးထန်၏ သန်းခေါင်ယံ ထမင်းစားခန်းမတွင် ဝမ်လင်း ကူညီပေးခဲ့သော အဆိုတော်ဖြစ်သည်။

“အစ်ကိုထန်ရေ.. ငါ့ကိုကူညီပါဦး.. ငါ့မှာ သီချင်းတစ်ပုဒ်ရှိတယ်.. ငါ့ကိုအကြမ်းထည်လေး ဆိုပေးလို့ရမလား”

ယန်ကျုံးက ထန်ယိုနင်ထံ မက်ဆေ့ပို့လိုက်သည်။

အခြားတစ်ဖက်တွင်လည်း ယန်ကျုံး၏ သတင်းစကားကို ထပ်မံရရှိသောအခါ ထန်ယိုနင်က တိတ်ဆိတ်သွားခဲ့သည်။

ခဏအကြာတွင် သူက ပြောလိုက်သည်။

“နောက်ထပ်တစ်ကြိမ်လား”

ယန်ကျုံး “အစ်ကိုထန်.. ဒါနောက်ဆုံးးတစ်ကြိမ်ပါပဲ.. ငါ့ကိုကူညီပါ.. ဒါပြီးရင် ငါသီချင်းမဆိုတော့ဘူး.. တခြားဟာတွေကိုပဲ တိုက်ရိုက်ထုတ်လွှင့်တော့မယ်.. မင်းလည်းငါ့မိသားစုအခြေအနေ ဘယ်လိုလဲဆိုတာ သိတာပဲမဟုတ်လား.. ငါ့အဖေက အိပ်ရာထဲ လဲနေတာလေ.. ငါ့အမေကလည်း ငါ့ကိုမွေးပြီး မကြာခင်မှာပဲ ဆုံးသွားခဲ့တာ.. အိမ်မှာလည်း အစ်ကိုတစ်ယောက်ရှိသေးတယ်.. သူ့ကျောင်းစရိတ်ကိုလည်း ငါပေးရဦးမယ်.. ငါတို့တွေ တစ်ယောက်နဲ့တစ်ယောက် သိလာတာကြာပြီ.. နောက်ဆုံးအနေနဲ့ မင်းငါ့ကို ကူညီပေးနိုင်မလား”

ထန်ယိုနင်က နှုတ်ဆိတ်နေခဲ့သည်။

“ဒါပေမဲ့ မင်းအရင်တစ်ခါတုန်းက ပရိတ်သတ်တွေ အားလုံးကို မင်းဒီလိုနှုတ်ခမ်းလှုပ်ပြီးတော့ ဟန်မဆောင်တော့ဘူးလို့ ကတိပေးထားတယ် မဟုတ်လား.. ဒီကတိတွေက အတုတွေလား”

“အစ်ကိုထန်.. မင်းရဲ့အသံက ငါမကြာသေးခင်က တွေ့ထားတဲ့သီချင်းက အဆိုတော်ရဲ့အသံနဲ့ အရမ်းတူတယ်.. ငါတို့တွေ ဘာမှမပြောရင် ဘယ်သူမှ ရိပ်မိမှာမဟုတ်ပါဘူး.. ဒါကနောက်ဆုံးအကြိမ်ပါပဲ”

ဤတစ်ခေါက်က အလွန်အရေးကြီးကြောင်း ယန်ကျုံး ကောင်းစွာသိသည်။

ထန်ယိုနင်သာ ယခုအချိန်တွင် သူ့ကို မကူညီခဲ့လျှင် ဖျော်ဖြေရေး အသိုင်းအဝိုင်းမှ သူ၏ အသက်မွေးဝမ်းကျောင်းသည် ပြီးဆုံးသွားမည် ဖြစ်သည်။

“ထပ်ပြီးတော့ တောင်းပန်ရမှာလား.. ဒါက မဖြစ်နိုင်ဘူးလေ”

ယခင်က အဖြစ်အပျက်တွင် သူကတစ်ကြိမ် တောင်းပန်ခဲ့ပြီးပြီ ဖြစ်သည်။

ထိုအချိန်က သူ၏ပရိတ်သတ်ကို ကတိပေးခဲ့သည်အား သူရှင်းရှင်းလင်းလင်း သတိရမိသည်။

သူ၏ တိုက်ရိုက်ထုတ်လွှင့်မှုတွင် ဖျော်ဖြေမည့် သီချင်းအားလုံးကို သူတစ်ပါး ဖန်တီးထားသည်ကို မသုံးတော့ဘဲ သူ့ကိုယ်ပိုင်သီချင်းများကိုသာ သုံးမည်ဟု ကတိပေးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် သူ့ကို နှစ်သက်သူများကို မလှည့်စားတော့ဘဲ လူကောင်းတစ်ယောက် ဖြစ်အောင် လုပ်မည်ဟုပါ ကတိပေးခဲ့သေးသည်။

အကယ်၍သာ ယနေ့ထပ်ပြီး တောင်းပန်ရဦးမည်ဆိုလျှင် သူ၏ အနာဂတ်လမ်းကြောင်းက ပျက်စီးသွားလိမ့်မည်သာ။

ယခင်က ထန်ယိုနင်ကို ဆက်သွယ်ပြီး နောက်ထပ် မနှောင့်ယှက်တော့ပါဟု ပြောခဲ့သော်လည်း ထန်ယိုနင်ကသာလျှင် သူ့ကိုကူညီနိုင်မှန်း သူသိနေသည်။

“အစ်ကိုထန်.. မင်းငါ့ကို ကျိန်းသေကူညီပေးမှဖြစ်မယ်”

ယန်ကျုံးက ထပ်ပြီး အပူကပ်လိုက်သည်။

“မင်းအခုနာမည်ကြီးနေပြီဆိုတာ ငါသိတယ်.. ဒါပေမဲ့ အစ်ကိုထန် မင်းလေလွင့် အဆိုတော်ဘဝက ငါမင်းကိုငွေရေးကြေးရေး ကူညီခဲ့တာကို ပြန်သတိရပေးပါ.. ဒါ့အပြင် ငါတို့ရဲ့ ယခင်အပေးအယူတွေနဲ့ ပတ်သက်တဲ့ စခရင်ရှော့အချို့ကိုလည်း ငါသိမ်းဆည်းထားတယ်”

ထိုစကားကိုကြားလျှင် ထန်ယိုနင်က ရယ်လိုက်သည်။

“မင်းငါ့ကိုချိန်းခြောက်နေတာလား”

ယန်ကျုံး “မဟုတ်ပါဘူး.. ငါမင်းကို မချိန်းခြောက်ပါဘူး.. တောင်းပန်နေတာပါ အစ်ကိုထန်”

ထန်ယိုနင် အံကြိတ်၍ ပြောလိုက်သည်။

“အဲဒီတုန်းက မင်းရဲ့ မိသားစုအခြေအနေက ခက်ခဲမှန်း ငါသိတယ်.. ငါ့မှာလည်း ပိုက်ဆံမရှိဘူး.. အဲဒါကြောင့် မင်းကိုကူညီဖို့ ငါရွေးချယ်ခဲ့တာပဲ.. မင်းရဲ့ပိုက်ဆံကိုသာ ငါတကယ်လိုချင်ခဲ့ရင် မင်းကို HNY ၅၀နဲ့ ရောင်းမယ့်အစား မင်းရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကနေ အမြတ်တစ်ဝက်ကို ငါတိုက်ရိုက် တောင်းဆိုမိလိမ့်မယ်”

ယန်ကျုံးက သူ့ကို ယခုကဲ့သို့ ချိန်းခြောက်မည်ဟု သူတစ်ခါမှမတွေးထားခဲ့သောကြောင့် ထန်ယိုနင်က အလွန်ဒေါသထွက်နေခဲ့သည်။

ယခုဆိုလျှင် ယန်ကျုံးက ထန်ယိုနင် မကူညီလျှင် သူတို့ ယခင်က အရောင်းအဝယ် မှတ်တမ်းများနှင့် ချိန်းခြောက်ရန် တွန့်ဆုတ်မနေတော့ပေ။

ဤကမ္ဘာတွင် ဤကဲ့သို့သော လူစားမျိုး အမှန်တကယ်ရှိနေပါသလော။

ထန်ယိုနင်က ဒေါသအလွန်ထွက်ပြီး ချက်တင်ဝင်းဒိုးကိုတိုက်ရိုက်ပိတ်ကာ ဖုန်းကိုပါ ပိတ်ပစ်လိုက်သည်။

သူ့တွင် ကျေးဇူးရှင် အများအပြားရှိသော်လည်း ယန်ကျုံးကထိုအထဲတွင်မပါဝင်ပေ။

သူ့အတွက် ကျေးဇူးရှင်များမှာ သန်းခေါင်ယံ ထမင်းစားခန်းမမှ သူဌေးထန်နှင့် သီချင်းတစ်ပုဒ်ကို ဈေးသက်သက်သာသာနှင့် ရောင်းချပေးခဲ့သည့် ချာတိတ်လေးနှင့် ထိုချာတိတ်၏ အဖေသာ ဖြစ်သည်။

သို့သော် ယခုအခါတွင် ထန်ယိုနင်က ယန်ကျုံးကြောင့် ရွှံထဲသို့ နစ်မြုပ်သွားရမည့်ကိန်း စိုက်နေပြီ ဖြစ်သည်။

ယန်ကျိုး၏ ချိန်းခြောက်မှုကိုခံရပြီးကတည်းက ငြိမ်နေ၍မဖြစ်မှန်း ထန်ယိုနင်သိလိုက်သည်။

ဤသူတော်ကောင်း မျက်နှာဖုံးကို ဆောင်းထားသော လူယုတ်မာ၏ အထောက်အထားကို ဖော်ထုတ်ရန် သူ့အနေဖြင့် ရှေ့သို့ လှမ်းတက်ရမည် ဖြစ်သည်။

သူတော်ကောင်း မျက်နှာဖုံးအောက်ရှိ ရွံ့ရှာဖွယ်ကောင်းသော ယန်ကျုံး၏ မျက်နှာကို လူအများမြင်လာအောင် သူလုပ်ရမည်။

အပိုင်း(၆၈၁) ပြီး၏

အပိုင်း(၆၈၂) ဖန်ဂရု၏ တိုက်ပွဲဝင်စွမ်းအား

ထန်ယိုနင်က လေလွင့်အဆိုတော်ဘဝမှ တက်လာသူဖြစ်၍ လောကဓံတရားကို ခံနိုင်ရည်ရှိနေပြီ ဖြစ်သည်။

သူက ယန်ကျုံးကို အမြဲလိုလို လိုက်လျောညီထွေစွာ နေခဲ့သော်လည်း အဆုံးသတ်တွင် တစ်ဖက်လူသည် သူ့အားအခွင့်ကောင်းယူလိမ့်မည်ဟု သူဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။

ဤသည်က ထန်ယိုနင် ဘယ်တော့မှလက်မခံနိုင်၊ ခွင့်မလွှတ်နိုင်သော အရာ ဖြစ်သည်။

သူက လယ်သမားနှင့်မြွေပုံပြင်ကို သူအကြိမ်ပေါင်းများစွာ ကြားသိခဲ့ရသော်လည်း တစ်နေ့နေ့တွင် ထိုပုံပြင်မျိုး အမှန်တကယ် ဖြစ်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ယန်ကျုံးက လွန်ခဲ့သည့်လအနည်းငယ်တွင် သူ့ကို ဒူးထောက်လူနီးပါး အကူအညီတောင်းခဲ့သည်။

ယန်ကျုံးက သူ့ကို ယခုလိုအကူအညီတောင်းသည်မှာ ပထမဦးဆုံးအကြိမ် မဟုတ်သော်လည်း ကြည့်ရှုသူများအား လှည့်စားသည့် လုပ်ရပ်ကို သူ မနှစ်မြို့ခဲ့ပေ။

ဤကဲ့သို့လူစားမျိုးကို ကူညီခဲ့မိသည့်အတွက် သူ့ကိုယ်သူအလွန်မိုက်မဲသည်ဟု ထန်ယိုနင် ခံစားမိသည်။

သူကွန်ပျူတာထိုင်ခုံမှ ထလိုက်ပြီး မှန်ကိုကြည့်လိုက်သည်။

မှန်ထဲတွင် သူ့မျက်နှာက ပင်ပန်းနွမ်းနယ်နေပုံရပြီး မုတ်ဆိတ်မွှေးပရဗွဖြင့် ညှင်းသိုးသိုးပုံစံ ပေါက်နေသည်။

သူက လေလွင့်အဆိုတော်အဖြစ် လမ်းမများပေါ်တွင် ဖြူစင်စွာ နေထိုင်ခဲ့သော ထန်ယိုနင်နှင့် အလွန် ကွာခြားနေပြီဖြစ်သည်။

ဤကဲ့သို့သောပုံစံက ထန်ယိုနင် လိုချင်သောအရာမဟုတ်ပေ။

ဤပုံစံက သူတစ်ချိန်က အမုန်းဆုံးသောပုံစံ ဖြစ်သည်။

ကျောင်းသားဟောင်းသီချင်း ရေပန်းစားလာပြီနောက်တွင် ထန်ယိုနင်သည် ယန်ကျုံး၏ဖိအားကြောင့် အဆက်မပြတ်ရုန်းကန်ခဲ့ရပြီး အိမ်မှအပြင်သို့ မထွက်သည်မှာ အတော်ကြာခဲ့ပြီ ဖြစ်သည်။

သို့သော် ယခုအခါ ထန်ယိုနင်က အဖြေကို ရှာတွေ့သွားခဲ့သည်။

သူက မုတ်ဆိတ်မွှေးကို သင်တုန်းဓားဖြင့် ရိတ်လိုက်ပြီး ဆံပင်ကို တစ်လက်မအရှည်ထိ ညှပ်လိုက်သည်။

ထို့နောက် သူ့မန်နေဂျာ၏ နံပါတ်ကို နှိပ်လိုက်သည်။

“အစ်ကိုထျန်းလား.. ငါအခုနားလည်သွားပြီ”

ထိုစကားကိုကြားလျှင် သူ့မန်နေဂျာက မင်တက်သွားပြီး အချိန်အတော်ကြာမှ သက်ပြင်းရှည်ကိုချလိုက်သည်။

“ဒါအရမ်းကောင်းတယ် ညီလေးထန်”

“ကျွန်တော် သူ့ကိုဖော်ထုတ်ဖို့ ဆုံးဖြတ်လိုက်ပြီ”

“ကောင်းတယ်ညီလေး.. ဒါအကောင်းဆုံးပဲ”

အစ်ကိုထျန်းက ခေါင်းငြိမ့်လိုက်သည်။

“အမှန်တိုင်းပြောရရင် ငါဒီအဆိုတော်အတုကောင်ကို ငါတစ်ခါမှ အထင်မကြီးဖူးဘူး.. သူ့ရဲ့ maskတပ်ပြီး သီချင်းဆိုပြနေတဲ့ပုံစံက စိတ္တဇပါဖောမန့်တွေနဲ့ ဖျော်ဖြေနေသလိုပဲ”

ထန်ယိုနင် “……….”

အခြားတစ်ဖက်တွင်လည်း ဖေဖေဝမ်၏ ဖန်ဂရုမှ ပရိတ်သတ်များသည် ဖေဖေဝမ် မတရားလုပ်ခံရသည့် သတင်းကို ဖြန့်ဝေခဲ့ကြသည်။

ပရိသတ်များစွာက ဖေဖေဝမ်၏ ကြယ်စင်ကောင်းကင်၏အချစ်ဘာသာစကား သီချင်း ခိုးယူခံရကြောင်း ကြားသိခဲ့ရသည့်အချိန်တွင် အပြင်းအထန်ဒေါသထွက်ခဲ့ကြပြီး တိုက်ရိုက် ထုတ်လွှင့်မှုအခန်းကို ပြဿနာရှာရန်အတွက် အဖွဲ့များကို စည်းရုံးခဲ့ကြသည်။

ဖေဖေဝမ်၏ ပရိတ်သတ်များတွင် ထိုပလက်ဖောင်း၌ အကောင့်ဖွင့်ထားသူ များစွာရှိသည်။

အကယ်၍၎င်းတို့က တိုက်ရိုက်ထုတ်လွှင့်သူကို ရီပို့ထုပြီး တိုက်ရိုက်ထုတ်လွှင့်သူက သီချင်းများကို အမှန်တကယ် ခိုးယူခြင်းမရှိခဲ့လျှင် ရီပို့ထုသူ၏ အကောင့်ကို အက်မင်မှ ၇ရက်ကြာ တိုက်ရိုက်တားမြစ်နိုင်မည် ဖြစ်သည်။

ယခုအခါတွင် ယန်ကျုံး၏ ပရိသတ်အဖွဲ့သည် ရန်သူပရိတ်သတ်များက အလွန်ကြောက်မက်ဖွယ်ကောင်းသည်ဟု ငြီးတွားနေကြပြီ ဖြစ်သည်။

ပရိတ်သတ်များက လူတစ်ယောက်၏ ပရိတ်သတ်များနှင့် အတော်လေးတူသည်ဟု ၎င်းတို့က ဆိုခဲ့ကြသည်။

ဖေဖေဝမ်က တိုက်ရိုက်ထုတ်လွှင့်သူ၏ ပရိုဖိုင်ကို ကြည့်ရှုခဲ့သည်။

ထိုလူက ယမန်နှစ်ကလည်း နှုတ်ခမ်းလှုပ်၍ ဟန်ဆောင်ကာ ပရိတ်သတ်များကို လှည့်စားခဲ့သည်။

ကနဦးတွင် သူကဝန်ခံရန် ငြင်းဆိုခဲ့သော်လည်း အဆုံးသတ်တွင် အများပြည်သူ၏ ထင်မြင်ယူဆချက် ဖိအားများကို မခံနိုင်သဖြင့် လူတိုင်းကို တောင်းပန်ခဲ့ရသည်။

ထိုကဲ့သို့ အတွေ့အကြုံရှိသူအနေဖြင့် ဤအဆိုတော်၏ အရေပြားသည် မြို့ရိုးများထက်ပင် ပိုထူနေသည်ဟု ဆိုရပေမည်။

(အရှက်မရှိသည်ဟုဆိုလို)

ဖေဖေဝမ်က ယန်ကျုံး၏ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကိုဝင်ကြည့်ခဲ့သည်။

မနေ့က ယန်ကျိုးတွင် အွန်လိုင်းကြည့်ရှုသူပရိတ်သတ်၃၀၀လောက်သာရှိသော်လည်း ဖေဖေဝမ်ဖန်ဂရုတွင် ထိုသတင်းကိုဖြန့်ဝေပြီးနောက်၌ သိန်းချီရှိလာပြီဖြစ်သည်။

အဆုံးသတ်တွင် သူ့ပရိတ်သတ်များ၏ တိုက်ပွဲဝင်အင်အားက အလွန်ပင် ကြောက်စရာကောင်းလွန်နေသည်။

ဖေဖေဝမ်က အလွန်အမင်းအူမြူးနေသော အချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှုအခန်း၏ အမှတ်စီနီယာတွင် ယန်ကျုံးကို ကာကွယ်သောမက်ဆေ့ချ်များက တက်လာခဲ့သည်။

ဒင်းဟူသော စာတမ်းပါသည့်ပရိတ်သတ်များက တစ်ယောက်ပြီးတစ်ယောက် ယန်ကျုံးကို အကာအကွယ်ပေးခဲ့ကြသည်။

“ငါတို့အိုင်ဒေါက ဘာလို့နှုတ်ခမ်းလှုပ်ပြီး ဟန်ဆောင်ရမှာလဲ.. ဒါဆို သူအကြမ်းဆိုထားတဲ့ အသံကိုရော ဘယ်လိုမျိုး ရှင်းပြနိုင်မလဲ”

“အဲဒါကို နှုတ်ခမ်းလှုပ်တယ်လို့ မပြောပါနဲ့လား.. ကြည့်ရှုသူအသစ်တွေကို မလှည့်စားပါနဲ့ရှင်”

ဖေဖေဝမ် “……….”

“သူက တကယ်နှုတ်ခမ်းလှုပ်ပြီး ဟန်ဆောင်နေတယ်ဆိုရင်ရော ဘယ်လိုလုပ်မလဲ”

“ငါဒင်းကို ကြိုက်ရတဲ့အကြောင်းအရင်းက သူ့ရဲံတော်ကီတွေကပြောင်မြောက်လို့ပဲ.. သူသီချင်းဆိုတာကို ငါစိတ်လည်းမဝင်စားဘူး.. သူ့သူနှုတ်ခမ်းပဲလှုပ်လှုပ် ဘာပဲခိုးခိုး ငါနဲ့ဘာမှမသက်ဆိုင်ဘူး”

“ငါ့ကို ဘာမှလာမပြောနဲ့.. ဒင်းနဲ့ ပတ်သက်ပြီး မကောင်းတဲ့စကားတွေ ငါဘာမှမကြားချင်ဘူး”

ဖေဖေဝမ် “……….”

“ဒီလိုချာတိတ်မှာတောင် ဒီလိုအမာခံပရိတ်သတ်တွေ ရှိနေသေးတယ်”

“ဒါနဲ့ အဲဒီဝမ်စစ်ထူဆိုတာ ဘယ်သူလဲ.. ဒီအဆိုတော်နာမည်ကို ငါတစ်ခါမှလည်း မကြားဖူးဘူး.. သူက ငါတို့ဒင်းရဲ့ အောင်မြင်ကျော်ကြားမှုကို မနာလိုနေတာများလား”

ထိုမက်ဆေ့ချ်ကို ဖတ်မိလျှင် ဖေဖေဝမ်၏ နှုတ်ခမ်းထောင့်စွန်းက တလှုပ်လှုပ် ဖြစ်သွားခဲ့သည်။

ဒါက အတော်လေးများသွားပြီ ဖြစ်သည်။

သူ့လို ကျင့်ကြံခြင်းနက်ဝေါ့ခ်မှ ကြီးကျယ်ခမ်းနားသောဂုရုဆရာကြီးတစ်ဦးသည် အဆိုတော်လေးများ၏ ကျော်ကြားမှုကို မနာလိုဖြစ်စရာရှဖသလော။

ထိုအချိန်မှာပင် အက်မင်က အများသူငှာ မျက်နှာပြင်ပေါ်တွင် စာရိုက်ခဲ့သည်။

“ဒီနေ့ဒင်းရဲ့လည်ချောင်းက နည်းနည်း အဆင်မပြေတဲ့အတွက် တိုက်ရိုက်ထုတ်လွှင့်မှုမှာ သီချင်းဆိုပြမှာ မဟုတ်ဘူး.. ဒါပေမဲ့ သူက လူတွေနဲ့ နည်းနည်းပါးပါးတော့ စကားပြောမှာပါ.. ပရိတ်သတ်တွေအနေနဲ့ နားထောင်လိုတဲ့ သီချင်းတွေရှိရင် စခရင်ပေါ်မှာ မက်ဆေ့ချန်ထားခဲ့နိုင်ပါတယ်.. အဲဒါတွေကိုသေချာမှတ်သားထားပြီး နောက်ပိုင်းကျရင် ဒင်းကတိုက်ရိုက်ထုတ်လွှင့်မှုမှာ တင်ဆက်ပေးပါမယ်”

ဤသည်က အချိန်ဆွဲသည့် နည်းပညာတစ်ခု ဆိုသည်မှာ ထင်ရှားနေသည်။

ယခုတိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် ကြည့်ရှုသူအလွန်များပြားနေသောကြောင့် လူအများအပြားရှေ့တွင် သီချင်းဆိုပြခဲ့လျှင် တစ်စုံတစ်ရာ မှားယွင်းသွားမည်ကို တစ်ဖက်လူကစိုးရိမ်နေပုံရသည်။

လှည့်ကွက်သာ ထပ်မံ ဖော်ထုတ်ခံရလျှင် ဤဒင်းအမည်ရှိအဆိုတော်သည် ဤလောက၌ သူ့ကိုယ်သူ ကာကွယ်နိုင်တော့မည်မဟုတ်ပေ။

ထို့ကြောင့် တစ်ဖက်လူက အချိန်ဆွဲသည့် နည်းလမ်းကို သေချာ အသုံးပြုနေကြောင်း ဖေဖေဝမ်က ကောင်းစွာ ကောက်ချက်ချနိုင်ခဲ့သည်။

သို့သော် လကြောက်စရာကောင်းသည်မှာ တိုက်ရီုက်ထုတ်လွှင့်မှုအခန်းမှ ဒင်း၏ပရိတ်သတ်များက ဤစကားကိုအမှန်တကယ်ယုံကြည်နေကြခြင်းပင်။

“ကြီးမြတ်တဲ့ဒင်း.. ကောင်းကောင်းအနားယူပါ.. မင်းသီချင်းဆိုတဲ့အသံကို ငါအရမ်းသဘောကျတယ်”

“လည်ချောင်းမကောင်းရင် သီချင်းမဆိုပါနဲ့.. ငါတို့တွေနားလည်ပါတယ်”

“ဘုရားသခင်ရေ.. ကြီးမြတ်တဲ့ ဒင်းရဲ့လည်ချောင်းကို နတ်သမီးတစ်ပါးအား နမ်းခိုင်းလိုက်ပါ.. ဒါမှသေချာပေါက်အဆင်ပြေပြီး သက်သာသွားပါလိမ့်မယ်”

“ဒင်းရေ.. ရေလေးများများသောက်ပါနော်”

စခရင်မှမက်ဆေ့ချ်များကိုကြည့်ရင်း ဖေဖေဝမ်က သွေးအန်လုမတတ် ဖြစ်သွားခဲ့သည်။

ပရိတ်သတ်များစွာက အလှည့်စားခံလိုက်ရ၏။

အကယ်၍ သူ့သီချင်းအခိုးမခံရလျှင်ပင် ဤကဲ့သို့ ပြဿနာကို ဖြေရှင်းရန်လိုအပ်သည်ဟု ဖေဖေဝမ်ခံစားခဲ့ရသည်။

ဤကဲ့သို့လှည့်စား၍ လုပ်ချင်သလိုလုပ်နေသည်ကို သူလုံးဝခွင့်မပြုနိုင်ပေ။

ဖေဖေဝမ်က သူ၏ဖန်ဂရုတွင် မက်ဆေ့ချ်ပို့လိုက်သည်။

“ဒီတိုက်ရိုက်ထုတ်လွှင့်သူရဲ့ ဇစ်မြစ်အစစ်အမှန်ကို သိတဲ့လူရှိလား.. သူ့ရဲ့အမည်နဲ့ ဖုန်းနံပါတ်ရရင် လုံလောက်ပြီ.. ဒီအတွက်ငါမင်းကို အခန်းအပ်ဒိတ်၁၀ခုနဲ့ လဲလှယ်ပေးပါမယ်”

သူထိုသို့ပြောပြီး ဆယ်စက္ကန့်မကြာမီမှာပင် သောကကြက်ဥဟု‌ ခေါ်သော ပရိတ်သတ်တစ်ဦးက ပြန်ဖြေလိုက်သည်။

“ယန်ကျုံး၊ အမျိုးသား၊ ၁၇၆စင်တီမီတာ၊ မိုဘိုင်းနံပါတ် 139188xxxxx၊ လိပ်စာ-လမ်းသွယ်872၊ ရွေမန်အနောက်လမ်း၊ စုန့်ဟိုင်မြို့”

“အံ့ဩစရာပဲ ညီနောင်သောကကြက်ဥ.. မင်းက သူ့ကိုသိနေတာလား”

ဂရုထဲမှ ပရိတ်သတ်တော်တော်များများက အံ့ဩတကြီးအော်ဟစ်လိုက်ကြသည်။

ထိုအခိုက်အတန့်မှာပင် ဖေဖေဝမ်က သူ့ပရိတ်သတ်ထဲ၌ သိုသိုသိပ်သိပ်နေထိုင်နေသော ဆရာကြီးများရှိသည်ကို သဘောပေါက်လိုက်သည်။

သိပ်မကြာလိုက်သောအချိန်မှာပင် တစ်ဖက်လူ၏လိပ်စာကိုပါ ရရှိခဲ့သည်မဟုတ်ပါလော။

ပရိတ်သတ်များက သောကကြက်ဥ၏သတင်းပေးမှုကြောင့် စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်ကြ၏။

သောကကြက်ဥ “ဒါက ငါလုပ်နိုင်တဲ့အကန့်အသတ်ပါပဲ.. တကယ်တော့ ငါက သူနဲ့ဘာမှ မပတ်သတ်ပါဘူး.. အဲဒီအချက်အလက်တွေ ထုတ်ပေးရတာ တကယ်တော့ ငါ့အတွက် မကောင်းဘူး.. သူ့ကို အနှောင့်အယှက်ပေးဖို့ အတွက်နဲ့တော့ အဲဒီနံပါတ်ကိုဖုန်းမခေါ်ကြပါနဲ့.. ငါတို့ဂုရုကြီးကိုယ်တိုင်ဆက်သွယ်တာ ပိုပြီးသင့်တော်မယ်လို့ ငါထင်တယ်”

“ကောင်းပြီလေ.. ပြဿနာမရှိပါဘူး”

ထိုအခိုက်အတန့်တွင် ပရိတ်သတ်အများအပြားက တုံ့ပြန်ခဲ့ကြသည်။

ထိုအချိန်မှာပင် လူတစ်ယောက်က မေးခွန်းထုတ်လိုက်သည်။

“ဒါပေမဲ့ ညီနောင်သောကကြက်ဥ.. ဒီသတင်းကို မင်းဘယ်လိုရှာတွေ့သွားတာလဲ.. မင်းမှာသီးခြား သတင်းရင်းမြစ် တစ်ခုရှိနေတာလား”

ထိုစကားကိုကြားလျှင် ညီနောင်သောကကြက်ဥက ပြုံးလိုက်သည်။

“ငါဘာလို့သိနေရလဲဆိုရင် ငါကသူ့ကိုစုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ဖူးတယ်.. ငါ့ဆီမှာ သတင်းအမျိုးမျိုးကိုလာမေးတတ်တဲ့တူလေးတစ်ယောက်ရှိတယ်.. တစ်ခါတလေသူကငါ့ကို သူသိချင်တဲ့အကြောင်းအရာတွေစုံစမ်းခိုင်းတယ်”

“တူလေးလား”

“ဟုတ်တယ်.. သူ့မျိုးရိုးနာမည်က ကော်.. သူကအခုမှ အထက်တန်းကျောင်းသားပဲရှိပါသေးတယ်”

“……….”

All Chapters