မရဏလမ်းကိုရွေးချယ်မိသည့် တိုက်ရိုက်ထုတ်လွှင့်သူ
Vol. 46 Ch. 680
သူတို့ပြောတာ အမှန်ပဲ ဖြစ်သည်။
ဒုက္ခက မရှာလျှင် တွေ့မည်မဟုတ်ပေ။
အချို့က အသက်ရှင်ရန် မွေးဖွားလာကြပြီး အချို့မှာ သေရန်မွေးဖွားလာကြသည်။
ဤတိုက်ရိုက်ထုတ်လွှင့်သူသည် သီချင်းများကို ခိုးယူခြင်းနှင့် နှုတ်ခမ်းဟန်ပြ လှုပ်ကာ ကိုယ်တိုင် သီဆိုသယောင် မှတ်တမ်းလည်းရှိခဲ့ဖူး၏။
ယခုအခါတွင် ၎င်းသည် ပရိသတ်များကို ထပ်မံလှည့်ဖြားရန် ကြံစည်နေပြန်သည်။
သူ့ဆီသို့ ထောက်ပံ့ရေး လက်ဆောင်များ ဆက်တိုက်ပေးပို့ကြသည့် ကြည့်ရှုသူ အများအပြား ရှိခဲ့သည်။
လှည့်စားခံရတာတောင် တစ်ဖက်လူ၏ ငွေကို ရေတွက်ဖို့ ကူညီမယ့်သူတွေ ဤကမ္ဘာ၌ အမှန်တကယ်ရှိခဲ့သည်။
၎င်းတို့က အယုံကြည်လွယ်သဖြင့် ဤလူယုတ်မာ တိုက်ရိုက်ထုတ်လွှင့်သူ၏ လှည့်စားမှုကို ခံခဲ့ရခြင်းပင်။
တကယ်တမ်းတွင် ဖေဖေဝမ်သည် ပရိသတ်များ၏ အပြုအမူကို နားမလည်သည်တော့ မဟုတ်ပေ။
၎င်းတို့ထဲမှ အများစုသည် ၎င်းတို့၏ “အိုင်ဒေါလ်” များကို မသေမချင်း ထောက်ပံ့ပေးမည့်သူများ ဖြစ်သည်မှာ ထင်ရှားနေ၏။
ဆိုရလျှင် ၎င်းတို့သည် မှားယွင်းသော အိုင်ဒေါလ်များကို ထောက်ခံခဲ့မိခြင်းအား ဝန်ခံလိုစိတ်မရှိသည့် ခေါင်းမာသော သူများလည်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
( C Station)အဖွဲ့မှ အိုင်ဒေါလ်များသည် ပရိသတ်များ၏ အပြုအမူအတွက် နောက်ဆုံး တာဝန်ယူခဲ့သည့် အိုင်ဒေါလ်များ ဖြစ်သည်။
အထူးသဖြင့် အိုင်ဒေါလ်များသည် ၎င်းတို့၏ အမှားများကို ဝန်ခံရန် ဆန္ဒမရှိသောအခါ ပရိသတ်များ၏ ပြင်းထန်စွာ ခုခံကာကွယ်မှုသည် ပို၍ပင် ကြောက်စရာကောင်းသေးသည်။
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် “ကြယ်စင်ကောင်းကင်၏ အချစ်ဘာသာစကား”ကို နှုတ်ခမ်းလှုပ်ကာ ဟန်ပြသီဆိုခြင်းဖြင့် ဤတိုက်ရိုက်ထုတ်လွှင့်သူ၏ ပရိသတ်အရေအတွက်သည် သိသိသာသာပင် တိုးလာခဲ့သည်။
ဖေဖေဝမ်က ဤသီချင်းကို တရားဝင် လူသိရှင်ကြား မထုတ်ဖော်ဖူးပေ။
သူက သီချင်းကို တေးဂီတ ပလက်ဖောင်းပေါ်တွင်သာ လွှင့်တင်ထားပြီး MTVကို ဖန်တီးနေဆဲဖြစ်၏။
ဤအသံဖိုင်ကို ဤတိုက်ရိုက် ထုတ်လွှင့်သူက မျက်စိကျလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။
ယင်းလုပ်ရပ်ကပင် တိုက်ရိုက် ထုတ်လွှင့်သူကို ကံအဆိုးဆုံး ဖြစ်စေခဲ့၏။
အွန်လိုင်းရှာဖွေမှုမှ တစ်ဆင့် တော်ရုံ ရှာမတွေ့နိုင်သည့် ဤအွန်လိုင်းသီချင်းသည် သူ့ဇနီးအတွက် ရေးပေးခဲ့သည့် စာရေးဆရာ အသိုင်းအဝိုင်းမှ ဂုရုဆရာကြီးတစ်ဦး၏ လက်ရာဖြစ်မည်ဟု စင်ဂါအင်စတီကျု မထင်ခဲ့ပေ။
ယခုမူ ဤတိုက်ရိုက်ထုတ်လွှင့်သူသည် ဇနီးဖြစ်သူ အတွက် တိုက်ပွဲဝင်မည့် ဖေဖေဝမ် ထံကနေ ဗုံးကြဲတိုက်ခိုက်မှုကို ရင်ဆိုင်ရတော့မည် ဖြစ်သည်။
…...........
ညနေခြောက်နာရီတွင် တိုက်ရိုက်ထုတ်လွှင့်သူ "စင်ဂါအင်စတီကျု" သည် လန်ယာ တိုက်ရိုက် ထုတ်လွှင့်မှု ပလက်ဖောင်း၌ တိုက်ရိုက် ထုတ်လွှင့်မှုကို စတင်တော့မည် ဖြစ်သည်။
လန်ယာ တိုက်ရိုက် ထုတ်လွှင့်မှု ပလက်ဖောင်းသည် ပရိသတ်အများအပြား ရှိရုံသာမက နေ့စဉ် တိုက်ရိုက် အသုံးပြုသူ အများအပြား ရှိသော ပလက်ဖောင်းတစ်ခု ဖြစ်၏။
အမှန်တွင် ၎င်းသည် ဖန်းကွမ်း အသုံးပြုသည့် ကျင့်ကြံခြင်း တိုက်ရိုက် ထုတ်လွှင့်မှု နက်ဝေါ့ခ်ထက် နိမ့်ကျနေသေးသည်။
သို့သော် အင်တာနက်တစ်ခုလုံးတွင် အကောင်းဆုံး တိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်း အဖြစ် အသိအမှတ်ပြုခံထားရသော အဆင့်တစ်ခု ရှိသည်။
ကျင့်ကြံခြင်း တိုက်ရိုက်ထုတ်လွှင့်မှု နက်ဝေါ့ခ်တွင် အဓိကတွေ့ရသည်မှာ ဂိမ်းပရိုဂရမ်များ ဖြစ်သည်။
ဤတိုက်ရိုက်ထုတ်လွှင့်မှု နက်ဝေါ့ခ်တွင် သီချင်းဆိုပြလျှင် လုံးဝ အောင်မြင်နိုင်မည် မဟုတ်ပေ။
ဆန့်ကျင်ဘက်အားဖြင့် လန်ယာဘက်တွင်မူ ဖျော်ဖြေရေးလုပ်ငန်းများ ထွန်းကားခဲ့သည်။
ပလက်ဖောင်း နှစ်ခုစလုံးတွင် ၎င်းတို့၏ ကိုယ်ပိုင်ထူးခြားသော အင်္ဂါရပ်များရှိကြပြီး ၎င်းတို့ကြား ပြိုင်ဆိုင်မှုများလည်း ရှိသည်။
ဖေဖေဝမ်က သူ့ကိုယ်သူ လှုံ့ဆော်မှုပေးရန် တိုက်ရိုက်ထုတ်လွှင့်မှုများကို ကြည့်ရှုလေ့ရှိသည်။
သူသဘောအကျဆုံး အမျိုးသမီး တိုက်ရိုက်ထုတ်လွှင့်သူ ရွှယ်လေးသည်လည်း ကျင့်ကြံခြင်း တိုက်ရိုက်ထုတ်လွှင့်မှု နက်ဝေါ့ခ်မှ ဖြစ်သည်။
ဖေဖေဝမ်က တိုက်ရိုက် ထုတ်လွှင့်သည့် ပလက်ဖောင်းအားလုံးနီးပါးတွင် ၎င်း၏ကိုယ်ပိုင် အကောင့်ရှိသော်လည်း ကျင့်ကြံခြင်း တိုက်ရိုက် ထုတ်လွှင့်မှုနက်ဝေါ့ခ်တွင်မူ အချိန်နှင့် လက်ဆောင်များကို အများဆုံး သုံးစွဲခဲ့သည်။
ဤတစ်ကြိမ်တိုက်ပွဲသည် လန်ယာ တိုက်ရိုက်ထုတ်လွှင့်မှုပလက်ဖောင်းတွင် ဖြစ်သည်။
ရိုးရိုးသားသားပြောရလျှင် ဖေဖေဝမ်သည် အစပထမတွင် ဘာလုပ်ရမည်မှန်း မသိခဲ့ပေ။
အဆုံးသတ်တွင် ရန်သူ၏ စစ်မြေပြင်က မတူပေ။
သို့သော် သူ့ပရိသတ်များသည် သူတို့၏ အသိပညာနှင့် ခွန်အားများကို ပေါင်းစပ်ပြီး ယုံကြည်မှု အများအပြား ပေးခဲ့ပါတယ်။
ထိုညတွင် တိုက်ရိုက်ထုတ်လွှင့်မှု မစတင်မီ စင်ဂါအင်စတီကျုသည် ၎င်း၏မျက်နှာ အပေါ်ပိုင်းတစ်ဝက်ကို ဖုံးအုပ်ရန် ခါတိုင်းကဲ့သို့ maskကို ၀တ်ဆင်ထားသည်။
၎င်းက သူ့ကို အနည်းငယ် လျှို့ဝှက်ဆန်းကြယ်ပုံ ပေါ်စေပြီး maskသည် သူ၏ မလှပသော နှာခေါင်းကို ဖုံးအုပ်ထားသည်။
mask တပိပြီးနောက် ယန်ကျုံးသည် သူ့ရှေ့ရှိ မှန်ထဲတွင် သူ့ကိုယ်သူ ကြည့်လိုက်သည်။
သူ့ခန္ဓာကိုယ်တစ်ခုလုံးရှိ သူ၏ စွမ်းအင်များပင် လုံးဝ ကွဲပြားသွားသလို ခံစားခဲ့ရသည်။
သူက ချက်ချင်းပင် တက်ကြွသော အားမာန်များ ဖြစ်ပေါ်လာသည်။
ဤmaskသည် သူ၏ စိတ်ပိုင်းဆိုင်ရာကို အလွန် အကျိုးသက်ရောက်မှုရှိသည်။
maskတပ်ထားသည့် ဤညီငယ်လေးက မည်သို့သော လူလဲဆိုသည်ကို မည်သူမှ မသိကြပေ။
maskနောက်ကွယ်မှ သူ၏ ရုပ်သွင်က မည်မျှ ရုပ်ဆိုးနေမှန်းလည်း မည်သူမှ မသိကြချေ။
တိုက်ရိုက်ထုတ်လွှင့်မှုကို တရားဝင်မစတင်မီတွင် ယန်ကျုံးသည် သူ၏ကိုယ်ပိုင် တိုက်ရိုက် ထုတ်လွှင့်မှုအကောင့် “စင်ဂါအင်စတီကျု”ကို အသုံးပြုပြီး အခြေအနေများကို စစ်ဆေးခဲ့သည်။
သူသည် မနေ့က ကင်မရာရှေ့တွင် “ကြယ်စင်ကောင်းကင်၏ အချစ်ဘာသာစကား” သီချင်းကို နှုတ်ခမ်းဟန်ပြ လှုပ်၍ သီဆိုပြခဲ့သည်။
ကိန်းဂဏာန်းများကို စစ်ဆေးကြည့်လိုက်ရာ သူမထင်မှတ်ထားသည်အထိ ပရိတ်သတ် အရေအတွက်က သုံးသောင်းလောက် တိုးလာခဲ့သည်။
အရေးကြီးဆုံးက တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ လက်ဆောင်များ ဖြစ်သည်။
ဤသီချင်းကို နှုတ်ခမ်းဟန်ပြ လုပ်ခြင်းကနေ ရရှိတဲ့ အကျိုးအမြတ်သည် သူ၏ တစ်လဝင်ငွေ ပမာဏထက်ပင် ပိုနေ၏။
ကိန်းဂဏာန်းများကို စိုက်ကြည့်ရင်း ယန်ကျုံးက ပီတိ ဖြာနေခဲ့သည်။
သူတိုက်ရိုက် ထုတ်လွှင့်မှု စတင်တော့မည့် အချိန်တွင် ဂိုဏ်းချုပ်ထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။
ဤသည်မှာ အရိပ်လူ့ဗန္ဓဂိုဏ်း၏ ခေါင်းဆောင် လန်ပိုင် ထံမှ ဖုန်းခေါ်ဆိုမှု ဖြစ်သည်။
ယန်ကျုံး ဖုန်းကို ကောက်ကိုင်လိုက်သည်နှင့် လန်ပိုင်က ပြုံး၍ ပြောလိုက်သည်။
"ယန်လေး.. မနေ့က မင်းရဲ့ ဖျော်ဖြေမှုအပြီးမှာ မင်းတကယ်ကို သုံးသိန်းရခဲ့တယ်..ဒါက မင်းရဲ့ ပုံမှန် တစ်လဝင်ငွေထက်တောင် ပိုများတယ်"
"ဟားဟား"
ယန်ကျုံး ရယ်လိုက်သည်။
"ဒီသီချင်းရဲ့ အသံက အရင်က နောက်ခံဆိုပေးတဲ့ အဆိုတော်နဲ့ တော်တော်လေး ဆင်တူတယ်.. အသံဖိုင်ကို 'ကြယ်စင်ကောင်းကင်ရဲ့ အချစ်ဘာသာစကား'လို့ ခေါင်းစဉ်တပ်ထားသော်လည်း အွန်လိုင်းက ရှာဖွေတဲ့အခါ ရှာတွေ့ဖို့မလွယ်ဘူး.."
"အဲဒါအရမ်းကောင်းတယ်.. ဒီသီချင်းက အခြားပလက်ဖောင်းပေါ်မှာ အပ်လုဒ်မတင်ရသေးဘူး ဆိုတော့ ငါတို့သီချင်းဆိုပြီးပဲ ပြောကြတာပေါ့”
"ကောင်းသားပဲ"
"ဘာပဲဖြစ်ဖြစ် မူရင်းဘက်က ပြဿနာ ရှာခဲ့ရင်တောင် ငါတို့ကအရင်ဆုံး သီချင်းလွှင့်ခဲ့တဲ့အတွက် အားသာချက်ရှိတယ်"
“အခု ငါတို့ရဲ့ ဦးစားပေးက သီချင်းကို ထုတ်ပေးမဲ့ ကုမ္ပဏီကို ရှာဖို့ပဲ.. ဒီလိုဆို ငါတို့ကို ဘယ်သူကမှ တရားမစွဲနိုင်တော့ဘူး”
ယန်ကျုံးက နှလုံးသားထဲကနေ ကျေနပ်စွာ ပြုံးလိုက်သည်။
လက်ရှိခေတ်တွင် ပရိတ်သတ်ဆီကနေ အမြတ်အစွန်းရရန်မှာ လွယ်ကူလွန်းသောကြောင့် သူ့ကို နှိုင်းဆမရလောက်အောင် ပျော်ရွှင်စေခဲ့သည်။
ဤနှစ်ရက်အတွင်း သူသည် ဝင်ငွေများစွာ ရခဲ့သည်။
ထို့အပြင် သူသည် ရင်ပူသလို ပြင်းပြင်းထန်ထန် ခံစားခဲ့ရသည်။
သူက နှစ်ပေါင်းများစွာ တိုက်ရိုက်ထုတ်လွှင့်ခဲ့သော်လည်း ယနေ့ကဲ့သို့ ပြင်းထန်သော ကြိုတင်သတိပေးချက်မျိုး တစ်ခါမျှ မကြုံဖူးခဲ့ပေ။
ဖုန်းခေါ်ဆိုပြီးနောက် ယန်ကျုံးသည် ကင်မရာကိုဖွင့်၍ အလှ လုပ်ဆောင်ချက်ကို အမြင့်ဆုံးဆက်တင်အထိ တင်လိုက်သည်။
ထို့နောက် သူက ရှုထောင့်ကို ချိန်ညှိပြီး လည်စေ့ကို ပိတ်ဆို့လိုက်သည်။
သူနှုတ်ခမ်း ဟန်ပြ လှုပ်နေစဉ် သူ၏လည်ချောင်းက လှုပ်ရှားမှု မရှိလျှင် သံသယဝင်ရန် အလွန်လွယ်ကူသွားမည် မဟုတ်ပါလော။
"ဒီနေ့ ငါ ပိုက်ဆံဘယ်လောက်ရှာလို့ရမလဲ သိချင်လိုက်တာ"
ယန်ကျုံးက ခပ်ယဲ့ယဲ့ပြုံးရင်း “စတင်ထုတ်လွှင့်ခြင်း” ခလုတ်ကို နှိပ်လိုက်သည်။
မျှော်လင့်ထားသည့်အတိုင်းပင် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ အရေအတွက်များက တိုးလာသည်။
ထို့နောက် သူက စခရင်ကို ကြည့်လိုက်သည်။
အင်တာနက်မိတ်ဆွေ ဝမ်စစ်ထူ၏ ချစားမှုတိုက်ဖျက်ရေး တပ်ဖွဲ့ ကပ္ပတိန် "အရမ်းညစ်နွမ်းတယ် အော့အော့ပဲ...အမွှေးနံ့သာထွန်းကြ.."
အင်တာနက်မိတ်ဆွေ ဝမ်စစ်ထူ၏ ချစားမှုတိုက်ဖျက်ရေး တပ်ဖွဲ့၏ တပ်ကြပ်ကြီး "အရမ်းညစ်နွမ်းတယ် အော့အော့ပဲ...အမွှေးနံ့သာထွန်းကြ.. ဒီတိုက်ရိုက်ထုတ်လွှင့်သူက သူခိုးပဲ"
အင်တာနက်မိတ်ဆွေ ဝမ်စစ်ထူ၏ ချစားမှုတိုက်ဖျက်ရေးတပ်ဖွဲ့၏ တပ်မှူး "အရမ်းညစ်နွမ်းတယ် အော့အော့ပဲ...အမွှေးနံ့သာထွန်းကြ"
အင်တာနက်မိတ်ဆွေ ဝမ်စစ်ထူ၏ ချစားမှုတိုက်ဖျက်ရေးတပ်ဖွဲ့ ၏ တပ်ရင်းမှူး "ကွယ်လွန်သူ တိုက်ရိုက်ထုတ်လွှင့်သူရဲ့ ဝိညာဥ်ကို အရက်နဲ့ နှစ်သိမ့်စို့"
…...................
ယန်ကျုံး "???"