← Chapters

အိမ်အလည်သွားခြင်းအစီအစဥ်

Vol. 46 Ch. 678

အိမ်အလည်သွားခြင်းအစီအစဥ်

Vol. 46 Ch. 678

ဝမ်လင်းက ကျိုးရီ၏ အိမ်လည်ပတ်သည့် ရည်ရွယ်ချက်အကြောင်း မက်ဆေ့ချ်မှတစ်ဆင့် သိရှိထားပြီးပြီ ဖြစ်သည်။

ကျိုးရီက ဤတစ်ခေါက်ကိစ္စကို အလွန် လိမ္မာပါးနပ်စွာ ကိုင်တွယ်ခဲ့သည်ဟု သူ ခံစားရ၏။

သူ၏အိမ်သို့ ကျိုးရီလာမည်ဖြစ်၍ အမှတ်၆၀ အထက်တန်းကျောင်းက တခြားဆရာကို စေလွှတ်မည်မဟုတ်တော့ပေ။

ထိုသို့ မဟုတ်ဘဲ ဆရာမဖန်သာ ရောက်လာခဲ့လျှင် တကယ့်ကို အဆင်မပြေ ဖြစ်စေလိမ့်မည်။

ဝမ်လင်းက ရုတ်တရက် ကျိုးရီကို "အနီရောင်အိတ်" ပေးလိုစိတ်ရှိလာသည်။

ဟုတ်ပါသည်၊ ဒီအနီရောင်အိတ်မှာ ငွေကို ရည်ညွှန်းခြင်းမဟုတ်ပေ။

ဝမ်လင်းက မုန့်ဖိုးသာရ၍ ငွေများများစားစား မရှိချေ။

ထို့အပြင် ဖေဖေဝမ်က သူ့ကို မုန့်ဖိုးဖြတ်ရန် နည်းလမ်းရှာလေ့ရှိသည်။

ဤအနီရောင်အထုပ်ကို ရည်ညွှန်းသည့်အရာမှာ အမှန်တကယ်တွင် “ပစ္စည်းများ” ဖြစ်သည်။

အထူးကိစ္စရပ်များတွင် သူ့ကိုယ်စား ကြားဝင်ခံပေးသော ကျိုးရီအတွက် အသားကပ်ဝတ်စုံက မလုံလောက်ကြောင်း ဝမ်လင်း လေးနက်စွာ သိရှိစေခဲ့သည်။

"အသားကပ်က မဆိုးပေမယ့် အမှန်တကယ်အစွမ်းထက်တဲ့ ရန်သူနဲ့ရင်ဆိုင်ရရင် ခက်ခက်ခဲခဲ နေမှာပဲ"

အကယ်၍ ဤကဲ့သို့ ဖြစ်ပျက်လာလျှင် ကျိုးရီသည် တစ်နေ့နေ့တွင် ဒုက္ခရောက်သွားနိုင်သည်။

ထို့ကြောင့် ဝမ်လင်းသည် ဤပြဿနာက ဖြေရှင်းသင့်ပြီး သူ့၏ တပည့်ကို အဆင့်မြှင့်တင်ပေးသင့်သည်ဟု ခံစားခဲ့ရသည်။

ကျိုးရီ သူ့တပည့်ဖြစ်လာသည်မှာ လအနည်းငယ်သာ ကြာခဲ့သည်။

သို့သော်လည်း မည်သို့ပင်ဖြစ်စေ သူသည် ဝမ်လင်း အတွက် ကိစ္စများစွာကို နှစ်ပေါင်းများစွာ ထမ်းပိုးထားခဲ့သည်။

ထိုအတွက် ဆုလဒ် တစ်စုံတစ်ရာ မရှိခဲ့သော်ငြား ကြိုးကြိုးစားစား လုပ်ခဲ့သည်။

ဝမ်လင်းက ဤအဖြစ်အပျက်ကြောင့် ကျိုးရီနှင့် ပတ်သက်သည့် အပျက်သဘောဆောင်သည့် သတင်းများစွာကို အွန်လိုင်းတွင် မြင်တွေ့ခဲ့ရသည်။

ထိုသတင်းများက သူ၏ ဆရာဖြစ်သော ဝမ်လင်းကိုယ်တိုင်ပင် ခံနိုင်ရည်ရှိဖို့ ခက်ခဲသလို ခံစားရသည်။

တစ်ချို့လူတွေက ကျိုးရီ၏ နိမ့်ကျသော ကျင့်ကြံခြင်းအဆင့်ကို ဦးတည်ဖောင်းထုတတ်ကြသည်။

ဝမ်လင်းက ထိုမှတ်ချက်ကိုမြင်သောအခါ အသက်ခပ်ပြင်းပြင်း ရှူလိုက်ရသည်။

ထို့နောက်တွင် ကျိုးရီ အတွက် အံဝင်ခွင်ကျဖြစ်သော နည်းစနစ်ကို ဖန်တီးပြီး ကျင့်ကြံခြင်းတွင် လျင်မြန်စွာ တိုးတက်အောင် ကူညီပေးရန် စိတ်ထဲ၌ ကြံရွယ်ခဲ့သည်။

ကျိုးရီ၏ ပင်ကိုယ်စွမ်းရည်သည် အမှန်တကယ်တွင် အတော်လေး ကောင်းမွန်သည်။

အနည်းဆုံးတော့ သူသည် ဝမ်လင်း မြင်ဖူးသော လူများထက် ကျင့်ကြံခြင်းပါရမီတွင် ပိုထူးချွန်၏။

ကျိုးရီက ဝမ်လင်း၏ လုပ်ဆောင်ချက်ကိုအမှီပြု၍ လက်ရှိရာထူးသို့ ရောက်ရှိခဲ့သော်လည်း တက္ကသိုလ်မ၀င်မီကပင် ရွှေအမြူတေ အဆင့်အထိ ကျင့်ကြံနိုင်ခဲ့သည်။

ဤအရာများအားလုံးသည် သူ့အစွမ်းအစကြောင့်သာ ဖြစ်သည်။

အရေးအကြီးဆုံးမှာ ကျိုးရီသည် တန်ဖိုးမြင့်ဆေးဝါးများကို မမှီဝဲနိုင်ခဲ့ခြင်း ဖြစ်၏။

သူက ချမ်းသာသောမိသားစုများမှ ကလေးများ နှင့် လုံး၀ ခြားနားသည်။

ကျိုးရီတွင် သူ့ကိုယ်ပိုင် အရည်အချင်းများ ရှိ၏။

ဝမ်လင်းက ထိုအရာကို တစ်ခါမှ မငြင်းဖူးပေ။

တစ်နည်းအားဖြင့် သူ့တပည့်သည် ထူးချွန်သူတစ်ဦး ဖြစ်သည်ဟု သူခံစားရသည်။

…...............

ကျိုးရီ ဝင်လာချိန်တွင် ဝမ်မိသားစု အိမ်ငယ်လေးသည် အနည်းငယ်မျှပင် ရှုပ်ပွမနေခဲ့ပေ။

အမှတ်၆၀ အထက်တန်းကျောင်းသည် ဖေဖေဝမ် နှင့် မေမေဝမ်တို့ဆီ ဆရာတစ်ဦး စေလွှတ်မည်ဟု အကြောင်းကြားခဲ့သည်။

သို့သော် ထိုသို့လာမည့်သူက ကျိုးရီမှန်း သိလိုက်ရလျှင် အံ့သြသွားကြ၏။

ဝမ်လင်း ကျောင်းစတက်ကတည်းက သူတို့လင်မယားသည် မိဘဆရာ အစည်းအဝေးကိုပင် မတက်ခဲ့ကြပေ။

နောက်ဆုံးအကြိမ်က ဗုံးပစ်စီနီယာ အင်မော်တယ်သည် သူတို့ကိုယ်စား တက်ပေးခဲ့ရသည်။

ထို့ကြောင့် ဆရာတစ်ယောက် အိမ်လာမည်ဟု ကြားသောအခါတွင် အနည်းငယ် ထိတ်လန့်သွားသော်လည်း ကျိုးရီ ဖြစ်နေမှန်း သိလိုက်ရလျှင် နှစ်ယောက်သား ဆိုဖာပေါ်မှ ခုန်ဆင်းကြသည်။

မေမေဝမ် "ထမင်းချက်​လိုက်​ဦးမယ်​.."

ဖေဖေဝမ် "ငါ စာသွားရိုက်လိုက်ဦးမယ်"

ဝမ်လင်း “…........”

ကျိုးရီ “…........”

မေမေဝမ်က မီးဖိုချောင်ထဲသို့ ရောက်သောအခါတွင် ကျိုးရီအတွက် မမေ့ခဲ့ပေ။

"ကျိုးလေး... ညနေစာ စားသွားရမယ်နော်"

ရိုးရိုးသားသား ဝန်ခံရလျှင် ကျိုးရီသည် စိတ်ထဲတွင် အနည်းငယ် တုန်လှုပ်သွားခဲ့သည်။

ယင်းမှာ ၎င်းတို့၏ တစ်ဦးတည်းသောသားကဲ့သို့ သဘောထားခြင်းမျိုး ဖြစ်နေသည်။

ဝမ်လင်းက ကျိုးရီ အတွက် အထူးအံဝင်ခွင်ကျ ဖန်တီးထားသည့် နည်းစနစ်ကို သူ့အခန်းစားပွဲပေါ်တွင် တင်ထားခဲ့သည်။

ဤနည်းပညာ၏အမည်မှာ မဟာတာအို၏ အကိုင်းအခက်တစ်ခုမှ ဆင်းသက်လာသော အသေးစားနည်းစနစ်တစ်ခု ဖြစ်သည့် "လမ်းစဥ်သုံးဆယ်လှုံ့ဆော်ခြင်း" ဖြစ်သည်။

အမည်ကို​ကြားသည်နှင့် ဒီနည်းစနစ်က မည်မျှ တန်ဖိုးရှိမှန်း မပြောဘဲ သိနိုင်ပေသည်။

နည်းစနစ်ကို ကောင်းကင်၊မြေကမ္ဘာ၊အနက်ရောင်၊အဝါရောင်ဟူ၍ ခွဲခြားထားမည်ဆိုလျှင် ဤနည်းစနစ်သည် ကောင်းကင့တာအို နှင့် ချိတ်ဆက်ထားသောကြောင့် ကောင်းကင်အဆင့် နည်းစနစ်ဟု သေချာပေါက် သတ်မှတ်နိုင်မည် ဖြစ်သည်။

ထို့အပြင် ဤနည်းစနစ်ကို ပြင်ပကမ္ဘာတွင် ဝယ်ယူ၍မရပေ။

အဘယ်ကြောင့်ဆိုသော် ဝမ်လင်းက ကျိုးရီအတွက် ရည်ရွယ်ကာ ဖန်တီးပေးထားသည့် နည်းစနစ်အသစ် တစ်ခု ဖြစ်သောကြောင့်ပင်။

ဤ"လမ်းစဥ်သုံးဆယ်ဖြင့် လှုံ့ဆော်ခြင်း" နည်းစနစ်သည် ကျိုးရီ၏ ခန္ဓာကိုယ်အတွင်းမှ ဝိညာဉ်စွမ်းအင် လည်ပတ်မှုကို တိုးလာစေမည့် နည်းလမ်းတစ်ခုဖြစ်သောကြောင့် ကျင့်ကြံခြင်းတွင် အလွန်လျင်မြန်စွာ တိုးတက်လာမည် ဖြစ်သည်။

ဝိညာဉ်စွမ်းအင်များ လည်ပတ်မှုသည် လူတစ်ဦး၏ ဇီဝဖြစ်ပျက်မှုနှင့် တူသည်။

ဝိညာဉ်စွမ်းအင်များ လည်ပတ်မှုမြန်လေ ကျင့်ကြံခြင်း နယ်ပယ်အဆင့်က တိုးတက်မှု မြန်ဆန်လေ ဖြစ်သည်။

ကျိုးရီက ယနေ့တွင် သူ့ဆရာဆီ လာလည်ခဲ့သော်လည်း.ဤမျှလောက် ကြီးမားသော လက်ဆောင်ကို ရလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။

ဝမ်လင်းထံမှ နည်းစနစ်စာအုပ်ကို လက်ခံသောအချိန်တွင် သူ့လက်များက တုန်ရီနေခဲ့သည်။

ဤနည်းစနစ်ကို ရေးသားထားသည့်စာအုပ်မှာ အနည်းငယ်ရိုးရှင်းပြီး စာရွက်ကြမ်းသည်။

ဆိုရလျှင် ဤစာအုပ်သည် ကျောင်းသားများအသုံးပြုလေ့ရှိသော လေ့ကျင့်ခန်းစာအုပ် အမျိုးအစားဖြစ်၏။

နည်းစနစ်၏အမည်ကိုလည်း လေ့ကျင့်ခန်းစာအုပ်၏ မျက်နှာဖုံးတွင် မှတ်သားဖွယ်ကောင်းလောက်အောင် မှတ်သားထားသည်။

ကျိုးရီက ဗလာစာအုပ်ကို ဖွင့်လိုက်သောအခါတွင် ဤနည်းစနစ်ကို ကျင့်ကြံရာ၌ မှတ်သားထားရမည့် အချက်များအပြင် ကဏ္ဍအသီးသီးအတွက် အသေးစိတ် ရှင်းပြချက်များကိုပါ ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲရသည်။

အရေးအကြီးဆုံးမှာ ဤအရာအားလုံးကို ဝမ်လင်းက လက်ဖြင့် ရေးခဲ့ခြင်း ဖြစ်၏။

စာအုပ်ရော နည်းစနစ်ပါ အလွန်အဖိုးတန်သောကြောင့် ကျိုးရီက စိတ်လှုပ်ရှားမှုနှင့်အတူ တစ်ကိုယ်လုံး တုန်ယင်သွားပြီး လျှာကိုက်လုနီးပါးပင် ဖြစ်ခဲ့သည်။

ထိုအချိန်တွင် ကျိုးရီသည် ဤနှစ်များ တစ်လျှောက်လုံး ဝမ်လင်း၏ ဝန်ကိုထမ်းထားရခြင်းသည် အချည်းနှီးမဟုတ်ကြောင်း လေးနက်စွာ ခံစားခဲ့ရသည်။

သေချာသည်မှာ သူ့ဆရာ ဝမ်လင်းနောက်ကို လိုက်လျှင် သူ့အတွက် စားစရာအသား မရှိမှာပူစရာ မလိုပေ။

စာအုပ်ကို လက်ခံရရှိပြီးနောက်တွင် ကျိုးရီသည် အမျိုးမျိုးသော မှော်ရတနာများနှင့် ပတ်သက်သည့် အရေးအသားများဖြင့် ပြည့်နှက်နေသော ဒုတိယဗလာစာအုပ်ကို ဖွင့်လိုက်သည့် ဝမ်လင်းကို ချက်ချင်း သတိပြုမိလိုက်သည်။

ကျိုးရီက အံ့အားသင့်သွားခဲ့သည်။

"ဒါက ဘာကို ဆိုလိုတာများလဲ.. မှော်ရတနာအမြောက်အမြား ရှိတဲ့အထဲကမှ စိတ်ကြိုက် တစ်ခုကို ရွေးခွင့်ရှိမဲ့အဓိပ္ပါယ်လား"

…...............

တစ်ချိန်တည်းမှာပင် အခြားတစ်ဖက်တွင် စစ်တပ်တဲအတွင်းမှ လူအများအပြားသည် သက်ပြင်းချလိုက်ကြသည်။

ဤတစ်ကြိမ်တွင် သူတို့၏ နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းသည် နိုင်ငံရပ်ခြားမှ ပြန်ရောက်လာသည့် အကြီးအကဲ သုံးယောက်ကို မထင်မှတ်ဘဲ တစ်ယောက်ပြီး တစ်ယောက် ဆုံးရှုံးလိုက်ရသည်။

ဤလက်စားချေမှုအစီအစဥ်၏ ခေါင်းဆောင်ဖြစ်သည့် အကြီးအကဲ ကျီရှင်းသည် ယင်းအတွက် အပြစ်ကို အမှန်ပင် ဝန်ခံရမည်ဖြစ်သည်။

သို့သော် အဆုံးသတ်တွင် သူသည် ဥက္ကဌပိုင်ကို ရှာဖွေပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်ရန်အတွက် မနက်ဖြန် စစ်ဆင်ရေး ပြီးဆုံးတဲ့အထိ စောင့်ရပေလိမ့်မည်။

သူတို့၏ လက်ရှိ အဓိက စိုးရိမ်ပူပန်မှုမှာ မနက်ဖြန် ပြုလုပ်မည့် ပင်မအစီအစဉ်ဖြစ်သည်။

ထို့အပြင် အကြီးအကဲယာရန်းကို ပြန်ခေါ်ရန် မည်သို့စီစဥ်ရမလဲဆိုသည်ကို အဖြေရှာရဦးမည် ဖြစ်၏။

ယခုအချိန်တွင် အကြီးအကဲကျီရှင်းသည် တစ်ဝက်တစ်ပျက် အသက်ရှင်နေသည့် အခြေအနေတွင် ရှိနေသည်ဟု အကြီးအကဲ ကျီရှင်း ခန့်မှန်းခဲ့သည်။

ယခုအခါတွင် အမြီးကိုးချောင်း မြေခွေးက စိတ်ပိုင်းဆိုင်ရာ ကုသမှု ခံယူနေရဆဲဖြစ်၍ အကြီးအကဲမင်ရန်က ပါဝင်နိုင်ခြင်းမရှိခဲ့ပေ။

ထို့ကြောင့် တိုက်ပွဲဝင်ရန် အတွက် အကြီးအကဲ ကျီရှင်းထံတွင် စစ်တပ်တဲအတွင်းမှ အကြီးအကဲ ဆယ့်တစ်ဦးသာ ကျန်ရှိတော့သည်။

ထိုခဏတွင် ကျီရှင်းက သူ့နဖူးကို သူ့လက်ဖြင့် နှိပ်လိုက်သည်။

ဤသည်က သာမန်ခေါင်းခဲမှုမျိုး မဟုတ်ဟု သူခံစားလိုက်ရသည်။

“အရက်တစ်ခွက်က ပူပန်မှုတစ်ထောင်ကို ဖြေရှင်းပေးနိုင်တယ်.. ငါတို့အားလုံးက ဘာလို့မသောက်ရမှာလဲ"

ထိုအချိန်တွင် အကြီးအကဲ နန်ကိုက ပြောလိုက်သည်။

"ဆွန်းနစ်ကိုက အသားလုံးကြော် တချို့ကို ပြန်ယူလာခဲ့တယ် မဟုတ်လား.. အရက်နဲ့ တွဲမြည်းလိုက်ရင် ကွက်တိပဲ"

"အရက်ကို အဝသောက်ပြီး အကြီးအကဲ အဆိပ်နဂါးနဲ့အကြီးအကဲယင်းတို့ရဲ့ ဝိညာဉ်တွေကို နှစ်သိမ့်ကြစို့"

All Chapters