← Chapters

နဂါးသွေးတိုက်ပွဲမြေဆီသို့

Vol. 81 Ch. 1206

နဂါးသွေးတိုက်ပွဲမြေဆီသို့

Vol. 81 Ch. 1206

ထိုရိုက်နှက်မှုတွင် လုံကျုံးသာလျှင် အံ့အားသင့် မှင်တက်သွားသည် မဟုတ်ပေ။ များစွာသော နဂါးများပင်လျှင် ကြောင်အ,မှင်တက်၍ ရုတ်ရုတ်သဲသဲ အသံများ ထွက်ပေါ်လာ၏။

မည်သို့ပင်ဆိုစေ.. လုံကျုံးသည် ဦးချိုနဂါးမျိုးရိုး၏ အကြီးအကဲများထဲမှ တစ်ယောက်ဖြစ်ပြီး မြင့်မြတ်သော အဆင့်အတန်းတစ်ခု ရှိလေသည်။

မျိုးရိုး ငါးခုမှ မဟာအကြီးအကဲများသည် ကလန်တွင် အလွတ်တရာ မြင့်မားသည့် အဆင့်အတန်းရှိပြီး လောကီအရေးကိစ္စများကို လျစ်လျူရှုထားကြ၏။ သူတို့သည် ဂျူနီယာတစ်ယောက်အတွက်နှင့် အကြီးအကဲတစ်ယောက်ကို ရိုက်နှက်အပြစ်ပေးရလောက်အောင် ဘယ်တုန်းကမှ စိတ်တိုဒေါသထွက်ခြင်း မရှိခဲ့ကြပေ။

သူတို့သည် လုံကျုံးအတွက် မည်သည့်ဂုဏ်သိက္ခာကိုမှ မချန်ခဲ့ပေ။

အပြာရောင်နဂါးမျိုးရိုးမှ သခင်လေးအနေဖြင့် လုံစန်းအတွက်ပင်လျှင် အပြာရောင်နဂါး အကြီးအကဲက ထိုကဲ့သို့ ထွက်၍ ရပ်တည်ပေးခဲ့ခြင်း မရှိပေ။

နဂါးများ ဒွိဟအဖြစ်ရဆုံးမှာ.. အစကတည်းက ဤကိစ္စသည် ကိစ္စကြီးတစ်ရပ် မဟုတ်ပေ။

လုံကျူးက သူ၏လက်တစ်ဖက်ကို ဆုံးရှုံးရသည်ဆိုလျှင်တောင် အဲဒါက အကြီးအကဲတစ်ယောက်ကို ဤကဲ့သို့ ဆိုးဆိုးဝါးဝါး ရိုက်နှက်စရာ မလိုပေ။

“မဟာအကြီးအကဲက အဲဒါကို ဘာသဘောနဲ့ ပြောတာပါလိမ့်”

“ဆံပင်မွေးတစ်ပင်တောင် အဆုံးရှုံးမခံနိုင်ဘူးတဲ့လား.. သူက လုံကျူးကို အရမ်းကာကွယ်ပေးလွန်းရာကျမနေဘူးလား”

“ငါလည်း အဲ့လိုထင်တာပဲ.. မဟာအကြီးအကဲနှစ်ယောက်က နည်းနည်းတော့ အကဲပိုနေကြသလိုပဲ”

နဂါးများက တိတ်တဆိတ် ဆွေးနွေးလိုက်ကြ၏။

လုံကျုံး၏ မျက်နှာက နီမြန်းလာခဲ့၏။ အဲဒါက ရိုက်နှက်ခံရသောကြောင့်လား.. ရှက်ရွံ့သောကြောင့်လား.. မပြောတတ်ပေ။ သို့သော်လည်း သူ၏သွေးက ဆူပွက်လာပြီး သူ၏ခါးကို မတ်ကာ အော်ပြောလိုက်၏။

“ခင်ဗျားကို အပြာရောင်နဂါး မဟာအကြီးအကဲအနေနဲ့ ကျုပ်က လေးစားမှုရှိတယ်.. ဒါပေမဲ့ ခင်ဗျားက ကျုပ်ကို ရိုက်နှက်ရအောင် ဘာအကြောင်းပြချက်ရှိလို့လဲ ကျုပ်သိချင်တယ်”

ရိုက်နှက်ခံရသော လုံကျုံးကို မပြောနှင့်.. ဆူဇီမိုပင်လျှင် တုန်လှုပ်သွားခဲ့ရ၏။

အပြာရောင်နဂါး မဟာအကြီးအကဲက အေးစက်စွာဖြင့် ပြောလိုက်၏။

“မင်းက ဒီကိစ္စကို ဖြေရှင်းဖို့ ငါတို့မျိုးနွယ်ရဲ့ သခင်လေးရဲ့ လက်ကို ဖြတ်စေချင်တယ်မလား.. ငါက မင်းကို ရိုက်နှက်သင့်တယ်လို့ မင်း မထင်ဘူးလား”

“ဟ..”

လုံကျုံးက ဒေါသထွက်ရမည့်အစား ရယ်မောလိုက်၏။

“မဟာအကြီးအကဲ.. ခင်ဗျားက တော်တော်နောက်တတ်တာပဲ.. နဂါးမျိုးနွယ်ရဲ့ မဟာအခမ်းအနားက အခုချိန်ထိ မကျင်းပရသေးဘူး.. လုံကျူးက မီးပဒေသာနဂါးမျိုးရိုးရဲ့ သခင်လေးပဲ ရှိသေးတယ်.. သူက မျိုးရိုးငါးခုရဲ့ သခင်လေး မဟုတ်ဘူး”

“သူ့ရဲ့ ခန္ဓာကိုယ်က ကျုပ်တို့ လုံးဝ ထိလို့မရလောက်အောင် အဖိုးတန်နေတာလား”

“သူက နဂါးမျိုးနွယ်ရဲ့ သခင်လေးလို့ ငါက ပြောရင်.. သူက နဂါးမျိုးနွယ်ရဲ့ သခင်လေးပေါ့”

အပြာရောင်နဂါး မဟာအကြီးအကဲက အမူအရာ ကင်းမဲ့စွာဖြင့် မေးလိုက်၏။

“ဘာလဲ.. မင်းက လက်မခံဘူးလား”

“အဲဒါက ကျုပ်တစ်ယောက်တည်း မဟုတ်ဘူး.. ဒီမှာရှိတဲ့ ကျုပ်တို့ ကလန်သားတွေ အားလုံးက အကုန်လုံးကို မြင်တွေ့ထားတယ်.. သူတို့ထဲ ဘယ်သူကများ လက်ခံမှာလဲ.. နဂါးမျိုးနွယ်ရဲ့ သခင်လေးဆိုတာ ပေါ့ပေါ့တန်တန်နဲ့ ဆုံးဖြတ်လို့ရတဲ့ ကိစ္စမဟုတ်ဘူး”

လုံကျုံးသည် အကြောက်အလန့် ကင်းမဲ့နေပြီး လေးနက်သော အသံဖြင့် ပြောလိုက်၏။

“လုံစန်းက လက်သည်းငါးဖက် နတ်နဂါးရဲ့ မျိုးဆက်သွေးကို ပိုင်ဆိုင်ထားတယ်.. သူတောင်မှ သခင်လေးဘွဲ့ကို ခံယူဖို့အတွက် နဂါးမျိုးနွယ်ရဲ့ မဟာအခမ်းအနားပွဲကို ရောက်တဲ့အထိ စောင့်ရမယ်.. လုံကျူးမှာက ဘာအခွင့်အာဏာ ရှိလို့လဲ”

လုံကျုံးပြောသည့်အတိုင်း.. တကယ်ပင် နဂါးအများစုက မကျေမချမ်းဖြစ်နေကြ၏။

ဆူဇီမိုက နဂါးမျိုးနွယ်သို့ ရောက်လာခဲ့တာ ဘယ်လောက်ကြာသေးလို့လဲ.. ။

အလွန်ဆုံး အဲဒါက ဆယ်နှစ်လောက်သာ ရှိသေးလေသည်။

စိတ်ခံစားချက်အရဆို.. နဂါးအများစုက လုံစန်းအပေါ်မှာ အလေးသာကြလေသည်။

ဆူဇီမိုသည် ဓမ္မဝိသေသအဆင့်သို့ ဝင်ရောက်ပြီးနောက်.. မျိုးရိုးငါးခုမှ နဂါးချီနှင့် နတ်ဘုရားစွမ်းအား သုံးခုကို နိုးထစေခဲ့သော်လည်း သူ၏ မျိုးဆက်သွေးက လုံးဝ သန့်စင်မှု မရှိပေ။

သူသည် နဂါးတစ်ကောင်အဖြစ် သူ၏ အစစ်အမှန်ပုံစံကိုပင် မဆင့်ခေါ်နိုင်ခဲ့ပေ။

စကားကို ကပ်ပြီးပြောရလျှင် သူ့ကို အစစ်အမှန်နဂါးတစ်ကောင်ဟုပင် မသတ်မှတ်နိုင်ပေ။

သူကဲ့သို့သော တစ်စုံတစ်ယောက်က ဘယ်လိုကြောင့် နဂါးမျိုးနွယ်၏ သခင်လေး ဖြစ်လာရမှာလဲ..။

လုံစန်းအနေဖြင့်တော့ သူသည် လက်သည်းငါးဖက် နတ်နဂါး၏ မျိုးဆက်သွေးကို ပိုင်ဆိုင်ထားပြီး နဂါးမျိုးနွယ်ကြားမှာ ဘုရင်တစ်ပါးဖြစ်၏။

ဘယ်သူက ပို၍ အဆင့်မီသလဲ သိသာနေ၏။

ထိုစဉ်မှာပင်.. လုံစန်းက ဖြည်းဖြည်းချင်း မတ်တတ်ထရပ်ပြီး တလိပ်လိပ်တက်လာသော တိုက်ပွဲဝင်စိတ်နှင့်အတူ ဆူဇီမိုကို ထက်ရှသော အကြည့်ဖြင့် စိုက်ကြည့်လိုက်၏။

“မင်းက ငါတို့ နဂါးမျိုးနွယ်ရဲ့ သခင်လေး ဖြစ်ချင်တယ်ဆိုရင်.. ငါ့ကိုအရင် အနိုင်ယူရလိမ့်မယ်”

ထိုအခိုက်အတန့်တွင် ဆူဇီမို၏ ခန္ဓာကိုယ်က တတိယမြောက် နတ်ဘုရားစွမ်းအား၏ မီးဆေးခြင်းကို ခံယူလို့ ပြီးစီးသွားပြီဖြစ်၏။

သူသည် နတ်ဘုရားစွမ်းအား သုံးမျိုးကို နိုးထစေပြီး အသွင်ပြောင်းလဲမှု လေးရပ်ကို ဖြတ်ကျော်ခဲ့၏။

ထိုအခိုက်အတန့်တွင် သူ၏ အသားတစ်မျှင်ချင်းစီသည် ကြောက်စရာကောင်းသော စွမ်းအားတစ်ခုဖြင့် ပြည့်နှက်လာပြီး လျှံထွက်ဖို့အတွက် ထွက်ပေါက်တစ်ခုကို ရှာနေသည်ဟု သူက ခံစားရ၏။

သူသည် သူ၏လက်ကို ဆုံးရှုံးရဖို့ အန္တရာယ်မရှိတော့ပြီဖြစ်သောကြောင့် သူသည် လုံစန်းနှင့် တိုက်ခိုက်ဖို့ အလောတကြီး လုပ်နေစရာ မလိုပေ။

သို့သော်လည်း သူသည် ယခုတင် အဆင့်ချိုးဖျက်တက်လှမ်းလာပြီး သူ စိတ်ကျေနပ်အားရအောင် တိုက်ခိုက်ဖို့အတွက် စစ်မှန်သော ပြိုင်ဘက်တစ်ယောက်ကို ရှာဖွေချင်နေ၏။

သူနှင့် အဆင့်တူကြားတွင် လုံစန်းတစ်ယောက်သာလျှင် သူနှင့်တိုက်ခိုက်ဖို့ အဆင့်မီပေလိမ့်မည်။

“မင်း သဘောပဲလေ”

ဆူဇီမိုကလည်း အကြောက်အလန့် ကင်းမဲ့၏။

“ငါတို့.. နဂါးသွေးတိုက်ပွဲမြေကို သွားကြတာပေါ့|”

“ကောင်းပြီလေ”

လုံစန်း၏ အကြည့်က ဝင်းလက်တောက်ပလာပြီး တုံ့ဆိုင်းခြင်း မရှိဘဲ သဘောတူလိုက်၏။

“လုံကျူး.. မင်းက အခုမှ ဓမ္မဝိသေသအဆင့်ကို တက်လှမ်းလာတာ.. ဓမ္မဝိသေသအဆင့်ရဲ့ စွမ်းအားနဲ့ ရင်းနှီးကျွမ်းဝင်မှု မရှိသေးဘူး.. အဲဒီတော့ မင်းက နတ်ဘုရားစွမ်းအားတွေကို ကောင်းကောင်းအသုံးပြုတတ်မှာ မဟုတ်သေးဘူး”

မီးပဒေသာနဂါး မဟာအကြီးအကဲက ပြောလိုက်၏။

“မင်းတို့နှစ်ယောက်က အခမ်းအနားပွဲကို ရောက်မှပဲ.. မင်းတို့ စိတ်ကျေနပ်အားရတဲ့အထိ တိုက်ခိုက်ကြပေါ့.. ဘယ်လိုလဲ”

“အဲဒါ ဟုတ်သားပဲ”

ဆူဇီမို ပြန်မဖြေခင်မှာပင် လုံစန်းက ခေါင်းညိတ်လိုက်၏။

“မဟာအကြီးအကဲ.. ခင်ဗျားပြောတာ မှန်တယ်.. ကျုပ်က နည်းနည်းလောသွားတယ်”

လုံစန်း၏ ရိုးသားမှုက ဆူဇီမို၏ ကောင်းမွန်သော ထင်မြင်ချက်တစ်ခုကို ရရှိသွား၏။

ဆူဇီမိုက ညင်သာစွာ ပြုံး၍ လက်ကာပြလိုက်၏။

“မလိုတော့ပါဘူး.. ကျုပ်က ဒီတိုက်ပွဲကို အသုံးချပြီး ဓမ္မဝိသေသအဆင့်ရဲ့ စွမ်းအားတွေနဲ့ နတ်ဘုရားစွမ်းအားတွေကို ရင်းနှီးကျွမ်းဝင်အောင် လုပ်ရမယ်”

ယုံကြည်မှု၊ မာန်မာနနှင့် မောက်မာမှု.. ။

အဲဒါသည် လက်သည်းငါးဖက် နတ်နဂါးတစ်ကောင်ကို ဓားသွေးကျောက်တစ်ခုအဖြစ် အသုံးပြုလိုခြင်းနှင့် တူလေသည်။

“ဟုတ်ပြီလေ”

လုံစန်းက ဆက်လက်၍ တွန့်ဆုတ်မနေတော့ဘဲ နဂါးသွေးတိုက်ပွဲမြေပေါ်သို့ ခုန်ဝင်လိုက်၏။

မဟာအကြီးအကဲနှစ်ယောက်သည် အကြည့်ချင်း ဖလှယ်ပြီးနောက် သူတို့၏ ခေါင်းများကို ကူကယ်ရာမဲ့စွာ ခါလိုက်ကြ၏။ သို့သော်လည်း သူတို့နှစ်ယောက်စလုံးသည် ချက်ချင်းပင် ပြုံး၍ စိတ်ကျေနပ်အားရသွားကြ၏။

နဂါးမျိုးနွယ်တွင် ဤကဲ့သို့ ပြန်ဝင်စား မွန်းစတားနှစ်ယောက် ပေါ်ထွက်လာခြင်းက နဂါးမျိုးနွယ်အတွက် ကြီးမားသည့် ကောင်းချီးတစ်ခု ဖြစ်နေခဲ့လေပြီ။

ပို၍ပင် ကျေနပ်စရာကောင်းသည့် အချက်မှာ ဤပြန်ဝင်စား မွန်းစတားနှစ်ယောက်သည် စိတ်ရင်းဖြောင့်မတ်မှန်ကန်ပြီး တစ်ယောက်ကိုတစ်ယောက် အကောက်ကြံမှု မရှိကြပေ။

ဤတိုက်ပွဲတွင် မည်သူက နိုင်သည်ဖြစ်စေ.. နဂါးမျိုးနွယ်က မြင့်မားတိုးတက်လာဖို့ မလွဲဧကန်ပေ။

“ကြည့်ရတာတော့.. မဟာအခမ်းအနားပွဲကို ရှေ့တိုးပြီး ကျင်းပရတော့မယ့်ပုံပဲ”

မီးပဒေသာနဂါး မဟာအကြီးအကဲက အပြုံးတစ်ခုနှင့်အတူ ပြောလိုက်၏။

“ကျုပ်အထင်တော့.. အဲဒါကို ဆက်ပြီး အချိန်ဆွဲနေစရာ မလိုတော့ဘူး.. ဒီနေ့ပဲ ကျင်းပလိုက်ကြတာပေါ့”

အပြာရောင်နဂါး မဟာအကြီးအကဲက လေးနက်သော အသံဖြင့် ပြောလိုက်၏။

“ကလန်ရဲ့ မဟာအခမ်းအနားပွဲမှာ အရေးအကြီးဆုံး အချက်က နဂါးမျိုးနွယ်ရဲ့ သခင်လေးဘွဲ့ကို အပ်နှင်းဖို့ပဲ.. သူတို့ထဲက တစ်ယောက်က ဒီနေ့မှာ သေချာပေါက် နိုင်​ပြီး နဂါးမျိုးနွယ်ရဲ့ သခင်လေးဘွဲ့ကို ခံယူရလိမ့်မယ်”

“ဟုတ်ပြီလေ.. ဟိုအဘိုးကြီး သုံးယောက်ကိုပါ ဒီကို ခေါ်လိုက်ကြတာပေါ့”

မီးပဒေသာနဂါး မဟာအကြီးအကဲက သဘောတူစွာ ခေါင်းညိတ်လိုက်၏။

မဟာအကြီးအကဲနှစ်ယောက်သည် သူတို့၏ ခေါင်းကို မော့၍ ဟိန်းဟောက်လိုက်ကြ၏။

အသံနှုန်း​ မြင့်မားသော နဂါးဟိန်းသံက ထွက်ပေါ်လာပြီး သတ္တုနှင့် ကျောက်သားများကို ထိုးဖောက်ကာ နဂါးအရိုးတောင်ကြား၏ တစ်ထောင့်တစ်နေရာမကျန် ပျံ့နှံ့သွား၏။

“ဂါး…”

ခဏမျှ ရပ်တန့်ပြီးနောက်.. နဂါးအရိုးတောင်ကြား၏ ထောင့်သုံးထောင့်မှ အကြီးအကဲနှစ်ယောက်၏ ဟိန်းဟောက်သံနှင့် လိုက်ဖက်ညီသော နဂါးဟိန်းသံ သုံးသံက ထွက်ပေါ်လာခဲ့၏။

တစ်ခဏအတွင်းမှာပင်.. လေထဲတွင် နောက်ထပ် အဘိုးအိုသုံးယောက်က ပေါ်ထွက်လာ၏။ သူတို့က အစက တံခါးပိတ်ကျင့်ကြံနေကြသော ဦးချိုနဂါး၊ တောင်ပံနဂါးနှင့် ဦးချိုမဲ့နဂါးမျိုးရိုးမှ မဟာအကြီးအကဲများ ဖြစ်ကြ၏။

မျိုးရိုးငါးခုမှ မဟာအကြီးအကဲများက စုဝေးလာကြလေသည်။

“ဘာတွေဖြစ်နေကြတာလဲ”

တောင်ပံနဂါး မဟာအကြီးအကဲက အနည်းငယ် မျက်မှောင်ကြုတ်၍ နဂါးသွေးတိုက်ပွဲမြေရှိ ပုံရိပ်နှစ်ခုကို ကြည့်လိုက်၏။

“ဘာလို့လဲ.. နောက်ဆုံးမှာ လုံစန်းကို စိန်ခေါ်ရဲတဲ့ တစ်စုံတစ်ယောက် ထွက်လာခဲ့ပြီလား”

“အဖြေသိပြီးသား တိုက်ပွဲတစ်ခုအတွက် မင်းက ငါတို့ကို အထိတ်တလန့်လုပ်စရာ လိုလို့လား”

ဦးချိုနဂါး မဟာအကြီးအကဲက တွေဝေရှုပ်ထွေးသွား၏။

မဟာအကြီးအကဲ သုံးယောက်သည် ဆူဇီမိုကို သိရှိဖို့နေနေသာသာ.. တစ်ခါမှပင် မတွေ့မြင်ဖူးခဲ့ပေ။

“ဟားဟား.. အဖြေသိပြီးသားတဲ့လား”

မီးပဒေသာနဂါး မဟာအကြီးအကဲက သူ၏မျက်လုံးကို လှန်ကြည့်ပြီး ဆူဇီမို၏ နောက်ကျောကို လက်ညိုးထိုးပြလိုက်၏။

“အလောင်းအစားတစ်ခု လုပ်ကြမယ်လေ.. ဘယ်လိုလဲ.. ငါက သူ အနိုင်ရတဲ့ဘက်က လောင်းမယ်”

သူက အပြုံးတစ်ခုနှင့်အတူ ဆက်ပြောလိုက်၏။

“အဘိုးကြီးချိုး.. ကျုပ်နိုင်မယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်ငါးသောင်းက ခင်ဗျားရထားတဲ့ ဂမ္ဘီရမီးတောက်ပုလဲ ကျုပ်ကို ပေးရမယ်”

“ငါက မလောင်းပါဘူး”

ဦးချိုနဂါး မဟာအကြီးအကဲက ဆတ်ခနဲ တုန်ယင်သွားပြီး အလိုလို ခေါင်းခါပြလိုက်၏။

သူသည် ဆူဇီမို ဘယ်သူဖြစ်သည်ဆိုတာကို မသိရှိသော်လည်း သူတို့ငါးယောက်သည် တစ်ယောက်၏စရိုက်ကိုတစ်ယောက် ကောင်းကောင်းသိထားကြ၏။

မီးပဒေသာနဂါး မဟာအကြီးအကဲ၏ မျက်နှာပေါ်ရှိ စဉ်းလဲသော အပြုံးကို သူမြင်သောအခါ တစ်ခုခုတော့ မူမမှန်ဘူးဆိုတာ သူက သေချာပေါက် သိလိုက်၏။

ဦးချိုမဲ့နဂါး မဟာအကြီးအကဲက ပြုံး၍ မေးလိုက်၏။

“ကျုပ်ကို ပြောပါဦး.. ခင်ဗျားတို့က ဘာလို့ အထူးတဆန်းလို လုပ်နေကြတာလဲ”

အပြာရောင်နဂါး မဟာအကြီးအကဲက အသံတစ်ခုကို ထုတ်လွှင့်ပို့လွှတ်၍ အရာရာတိုင်းကို ရိုးရှင်းစွာ ပြန်ပြောပြလိုက်၏။

မီးပဒေသာနဂါး မဟာအကြီးအကဲနှင့် သူ၏ ထင်မြင်ယူဆချက်ကိုပါ ပြောပြလိုက်၏။

“အဲဒါ တကယ်လား”

မဟာအကြီးအကဲ သုံးယောက်သည် ထိုစကားကို ကြားသောအခါ သူတို့၏ စိတ်ခံစားချက်များကို မထိန်းနိုင်ဘဲ အလိုလို အံ့အားတသင့် ရေရွတ်လိုက်ကြ၏။

“ကြည့်ရတာပေါ့”

မီးပဒေသာနဂါး မဟာအကြီးအကဲက နဂါးသွေးတိုက်ပွဲမြေကို လက်ညိုးထိုးပြလိုက်၏။

“ဒီတိုက်ပွဲက ငါတို့ရဲ့ ခန့်မှန်းချက်ကို အတည်ပြုပေးလိမ့်မယ်”

All Chapters