တိုက်ပွဲစတင်ခြင်း
Vol. 81 Ch. 1207
နဂါးသွေးတိုက်ပွဲမြေတွင် ဆူဇီမိုနှင့်လုံစန်းသည် မျက်နှာချင်းဆိုင်ရပ်နေကြပြီဖြစ်၏။
အပြာရောင်နဂါးမဟာအကြီးကဲက ထုတ်ဖော်ကြေညာလိုက်၏။
“နဂါးသွေးတိုက်ပွဲမြေမှာ ဘာကိုမှမထိန်ချန်ဘဲ အသေအကြေတိုက်ခိုက်နိုင်တယ်ဆိုပေမယ့် မင်းတို့နှစ်ယောက်က ငါတို့မျိုးနွယ်ရဲ့ ပြိုင်စံရှားတွေပဲ... မင်းတို့ထဲက တစ်ယောက်ယောက်သေသွားမယ်ဆိုရင် ငါတို့အတွက် ကြီးမားစွာနစ်နာဆုံးရှုံးရတာပဲ...”
များစွာသောနဂါးအကြီးအကဲများက သဘောတူစွာခေါင်းညိတ်လိုက်၏။
အပြာရောင်နဂါးမဟာအကြီးကဲက ဆက်ပြောလိုက်၏။
“မင်းတို့က... ဒီတိုက်ပွဲမှာ မင်းတို့ စိတ်ကျေနပ်အားရတဲ့အထိ တိုက်ခိုက်နိုင်တယ်... ဒါပေမယ့် မင်းတို့ရဲ့ အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်တွေကိုတော့ မထုတ်ဖော်ရဘူး...”
အမြုတေစိတ်ဝိညာဥ်များကြား တိုက်ခိုက်ခြင်းက အန္တရာယ်များဆုံးဖြစ်ပြီး တစ်ယောက်ယောက်က အချိန်မရွေးသေဆုံးသွားနိုင်၏။
ထိုအချိန်ကျလျှင် သူတို့က အချိန်မီဝင်တားနိုင်ဖို့ မဖြစ်နိုင်သလောက်ပင်။
နဂါးမျိုးနွယ်၏ မျိုးဆက်သွေးရှိ ပြန်လည်ကုသနိုင်စွမ်းနှင့်ဆိုပါက သူတို့က ဒဏ်ရာရရှိသွားလျှင်တောင် အချိန်တိုအတွင်း ပြန်လည်ကုသနိုင်ကြ၏။
အဆိုးဆုံးအခြေအနေသို့ရောက်ရှိသွားလျှင်တောင် အဲ့ဒီမှာ ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းကဲ့သို့ အဆုံးစွန်ရတနာတစ်ခုရှိနေသေး၏။
“ဟုတ်တာပေါ့... “
လုံစန်းကခေါင်းညိတ်လိုက်၏။
“လုံကျူးနဲ့ ကျုပ်ရဲ့တိုက်ပွဲက အနိုင်အရှုံးကိုပဲ ဆုံးဖြတ်မှာ... သေခြင်းရှင်ခြင်းတိုက်ပွဲမဟုတ်ဘူး...”
ဆူဇီမိုကလည်း ပြုံး၍ခေါင်းညိတ်လိုက်၏။
မီးပဒေသာနဂါးအကြီးအကဲ-၄ နှင့် တခြားသူများကလည်း စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။
အပြာရောင်နဂါးမဟာအကြီးကဲက အဲ့ဒါကို ထုတ်ဖော်ပြောဆိုခြင်းမရှိလျှင်တောင် သူတို့က ဝင်ရောက်ပြောဆိုတော့မည်ဖြစ်၏။
အပြာရောင်နဂါးမဟာအကြီးကဲနှင့် အခြားသူများက အဲ့ဒါကိုမသိရှိသော်လည်း သူတို့သည် ဘက်ပြန်ကြေးခွံ၏စွမ်းအားကို ကိုယ်တိုင်တွေ့မြင်ဖူးခဲ့ကြ၏။
စုန်းမျိုးနွယ်မှသခင်လေးပင်လျှင် အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်၏ သတ်ဖြတ်ခြင်းကိုခံခဲ့ရ၏။ လုံစန်းသည် လက်သည်းငါးဖက်နတ်နဂါးဖြစ်သော်လည်း သူက အဲ့ဒါကို ခုခံနိုင်ပါ့မလားဆိုတာ မသေချာပေ။
ရုတ်တရက် လုံကျုံးက ပြောလိုက်၏။
“လုံးကျူးမသုံးရမယ့် နောက်ထပ်ဓမ္မပညာရပ်တစ်ခုရှိသေးတယ်...”
“ဘာလဲ...”
မဟာအကြီးအကဲများက အံအားသင့်သွားပြီး အလိုလိုမေးလိုက်၏။
လုံကျုံးကပြောလိုက်လေသည်။
“လုံကျူးက ဘဝသက်တမ်းကိုလျော့ကျစေနိုင်တဲ့ ဓမ္မပညာရပ်တစ်ခုကို တစ်နေရာရာကနေ တတ်မြောက်ထားတယ်”
ဦးချိုနဂါးမဟာအကြီးအကဲက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏
“လူတစ်ယောက်ရဲ့ဘဝသက်တမ်းကိုလျော့ကျစေတာက ဘာဖြစ်လို့လဲ.... အဲ့လိုဓမ္မပညာရပ်တွေက ရှားပါးတယ်ဆိုပေမယ့်လို့ အဲ့လောက်လည်း ကြောက်စရာမကောင်းပါဘူး...”
လုံကျုံးက ခေါင်းခါပြလိုက်၏။
“လုံကျူးရဲ့ ဓမ္မပညာရပ်က တခြားဟာတွေနဲ့မတူဘူး... အဲ့ဒီဓမ္မပညာရပ်ရဲ့ သက်ရောက်မှုက တစ်ဖက်လူရဲ့ကျင့်ကြံမှုအဆင့်ကို လျစ်လျူရှုနိုင်တယ်...”
“ဟမ်....”
မဟာအကြီးအကဲ ၅ ယောက်၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားကြ၏။
လူတစ်ယောက်ရဲ့ ကျင့်ကြံမှုအဆင့်ကို လျစ်လျူရှုနိုင်တယ်တဲ့လား...။
“သူက အဲ့ဒီဓမ္မပညာရပ်ကို ငါတို့အပေါ်ထုတ်ဖော်မယ်ဆိုရင် ငါတို့ရဲ့ ဘဝသက်တမ်းကပါ လျော့ကျသွားမယ်လို့ မင်းကဆိုလိုတာလား”
ဦးချိုနဂါးမဟာအကြီးအကဲ မယုံကြည်နိုင်ရှိနေဆဲ ဖြစ်ပြီး မေးလိုက်၏။
“အဲ့ဒါအမှန်ပါပဲ...”
လုံကျုံးက အလောတကြီးခေါင်းညိတ်ပြလိုက်၏။
“ဒါတင်မကသေးဘူး... အဲ့ဒီဓမ္မပညာရပ်ကြောင့်လျော့ကျသွားတဲ့ ဘဝသက်တမ်းက ပြန်အစားမရနိုင်ဘူး... အနာဂတ်မှာ ဘယ်လိုပဲပြန်ကုသပါစေ.. ဆုံးရှုံးသွားတဲ့ ဘဝသက်တမ်းကို ဘယ်လိုမှပြန်မရနိုင်ဘူး”
မဟာအကြီးအကဲ ၅ ယောက်က အကြည့်ချင်းဖလှယ်လိုက်ကြ၏။
အဲ့ဒါက နည်းနည်းတော့ ကြောက်စရာကောင်းလာလေပြီ...။
ဤကဲ့သို့လွှမ်းမိုးခြယ်လှယ်နိုင်သည့် ဓမ္မပညာရပ်တစ်ခုက ဤလောကမှာရှိနေတာလား...။
သို့သော်လည်း သူတို့ ၅ ယောက်သည် ဆူဇီမို၏ မျိုးဆက်သွေးကို တွေးမိချိန်တွင် စိတ်သက်သာရာရသွားကြ၏။
လုံကျုံးသည် အဲ့ဒါကိုသတိမထားမိဆဲ ဖြစ်ပြီး အခါအခွင့်သင့်တုန်း လွှတ်ချဖို့ ပြင်လိုက်၏။
သူက ထပ်မံ၍ သွေးထိုးလှုံ့ဆော်လိုက်၏။
“ကျုပ်တို့နဂါးမျိုးနွယ်ဝင်တွေက အဲ့လိုမျိုစွမ်းအားကြီးတဲ့ ဓမ္မပညာရပ်တစ်ခုကို ကျင့်ကြံနိုင်မယ်ဆိုရင်... ကျုပ်တို့မျိုးနွယ်ရဲ့ခွန်အားက သိသိသာသာ သေချာပေါက်တိုးလာမှာပဲ...”
သူသည် အဲ့ဒါကို သူလိုချင်သည်ဟု ပြောဆိုခြင်းမရှိပေ။ ထိုအစားသူက နဂါးမျိုးနွယ်၏ ကောင်ကျိုးကိုရှေးရှု၍ ရယူလိုခြင်းဖြစ်သည်ဟု ဖော်ပြလိုက်၏။
လုံကျုံးက ဝမ်းနည်းသည့်လေသံဖြင့် ဆက်ပြောလိုက်၏။
“ကျုပ်က ကောင်းမွန်တဲ့ရည်ရွယ်ချက်နဲ့ လုံကျူးကို အဲ့ဒီဓမ္မပညာရပ်ထုတ်ပေးဖို့ ဖျောင်းဖျခဲ့သေးတယ်... ကံမကောင်းစွာနဲ့ပဲ သူက နဂါးမျိုးနွယ်ရဲ့ အကျိုးကျေးဇူးကိုဂရုမစိုက်ဘဲ တန်းပြီးငြင်းပယ်ခဲ့တယ်...”
နဂါးမျိုးနွယ်၏ မဟာအကြီးအကဲ ၅ ယောက်က သုန်မှုန်သောအမူအရာများ ရှိလာကြ၏။
လုံကျုံးသည် ထိုသည်ကိုမြင်သောအခါ တိတ်တဆိတ်ကျေနပ်နှစ်ခြိုက်သွား၏။
အကြီးအကဲ ၅ ယောက်သည် ဆူဇီမိုက တစ်စုံတစ်ရာကိုဖုံးကွယ်ထားသောကြောင့် ဒေါသထွက်လာသည်ဟု တွေးထင်လိုက်၏။
လုံကျုံးသည် တစ်ခါတည်းဆက်ပြောဖို့ ပြင်လိုက်လေသည်။
“ကျုပ်တို့မျိုးနွယ်က သူ့ကိုလက်ခံပေးခဲ့တာတောင် ဒီကောင်လေးက ကျေးဇူးလုံးဝမသိတတ်ဘူး... သူက ဓမ္မပညာရပ်တစ်ခုကိုတောင်မှ ထုတ်မပေးနိုင်ဘူး... သူက ကျုပ်တို့မျိုးနွယ်ကို သူ့ရဲ့ကလန်သားတွေလို့တောင် သတ်မှတ်ထားတာ မဟုတ်ဘူး”
အဲ့ဒါက ပြင်းထန်သည့်စွပ်စွဲချက်တစ်ခုဖြစ်၏။
များစွာသောနဂါးများသည် ထိုစကားတွင် ယိမ်းယိုင်သွားပြီး တစ်ယောက်နှင့်တစ်ယောက် တီးတိုးပြောဆိုလာကြ၏။
နဂါးသွေးတိုက်ပွဲမြေတွင် လုံစန်းက မျက်မှောင်ကြုတ်ပြီး လေးနက်သောအသံဖြင့်ပြောလိုက်၏။
“အဲ့ဒီဓမ္မပညာရပ်က လုံကျူးပိုင်ဆိုင်တာဆိုမှတော့ သူက ဆန္ဒရှိတယ်ဆိုရင် အဲ့ဒါကိုထုတ်ပေးပါစေပေါ့... သူဆန္ဒမရှိဘူးဆိုရင်လည်း ထားလိုက်ပေါ့... အကြီးအကဲ အဲ့လိုမျိုးတစ်စုံတစ်ရာအတွက် သူ့ကို စွပ်စွဲပြောဆိုနေစရာမလိုပါဘူး”
ဆူဇီမိုသည် တည်ငြိမ်နေသော အမူအရာရှိပြီး ထိုကိစ္စကို အရေးမစိုက်ပေ။
သူက မဟာအကြီးအကဲ ၅ ယောက်၏ စိတ်သဘောထားကိုသာ စောင့်ကြည့်နေ၏။
ဦးချိုနဂါးမဟာအကြီးအကဲက သုန်မှုန်နေသော အမူအရာတစ်ခုရှိလာပြီး လုံကျုံးကို ကြည့်ကာ ဖြည်းဖြည်းချင်း မေးလိုက်၏။
“မင်းက... အဲ့ဒီဓမ္မပညာရပ်ကို ထုတ်ပေးဖို့ သူ့ကိုပြောခဲ့တာလား...”
“အဲ့ဒါအမှန်ပါပဲ...”
လုံကျုံးက အလောတကြီးခေါင်းညိတ်ပြလိုက်၏။
ဖြောင်း....
ထိုသို့သူပြောလိုက်သည့်ခဏမှာပင် ကြွတ်ဆတ်ဆတ်အသံတစ်သံက ထွက်ပေါ်လာခဲ့၏။
လုံကျုံး၏ မျက်နှာပေါ်တွင် နီရဲသော လက်ဝါးရာတစ်ဖက်က ပေါ်ထွက်လာခဲ့လေသည်။
ဦးချိုနဂါးမဟာအကြီးအကဲက လုံကျုံး၏မျက်နှာကို ရက်ရက်စက်စက်ဖြတ်ရိုက်ချလိုက်ပြီး မုန်းတီးစွာဖြင့်ပြောလိုက်၏။
“မင်းကို... အဲ့ဒီအခွင့်အာဏာဘယ်သူပေးထားတာလဲ...”
ဖြောင်း....
အဲ့ဒီမှာ နောက်ထပ်ရိုက်ချက်တစ်ခုက ကျဆင်းလာခဲ့၏။
“အခြားတစ်စုံတစ်ယောက် ကျင့်ကြံထားတဲ့ ဓမ္မပညာရပ်ကိုတောင်းဆိုဖို့ မင်းကိုဘယ်သူခွင့်ပေးထားတာလဲ”
ဖြောင်း....
တတိယမြောက်ရိုက်ချက်....
“မင်းက မင်းရဲ့ မျိုးဆက်သွေးနဲ့ ပါရမီအလားအလာကို ဘာလို့ပြန်မကြည့်ရတာလဲ.... အဲ့ဒီဓမ္မပညာရပ်ကို မင်းကို ပေးလိုက်မယ်ဆိုရင်တောင် မင်းရဲ့သောက်အရည်အချင်းနဲ့ အဲ့ဒါကိုသင်ယူတတ်မြောက်နိုင်မယ် ထင်လို့လား....”
ဦးချိုနဂါးမဟာအကြီးအကဲက လုံကျုံး၏ပါးစပ်ကို ဖြတ်ရိုက်ရင်း ကျိန်ဆဲလိုက်၏။
နဂါးများသည် မျက်လုံးပြူးမျက်ဆံပြူးဖြင့် စောင့်ကြည့်နေကြ၏။
အကြီးအကဲလုံကျုံးက ဒီနေ့မှာ တော်တော်ကံမကောင်းလှပေ။ သူသည် စောစောကတင် အပြာရောင်နဂါးမဟာအကြီးကဲ၏ ရိုက်နှက်ခြင်းကိုခံခဲ့ရပြီး ယခုအခါသူက ထပ်မံ၍ ရိုက်နှက်ခံနေရပြန်သည်။
ဒါ့အပြင် နဂါးများက တွေဝေရှုပ်ထွေးနေပြီး လုံကျုံးက ဘာ့ကြောင့်ရိုက်နှက်ခံနေရသည်ကို နားမလည်နိုင်ကြပေ။
သူတို့ကို မပြောနှင့် လုံကျုံးကိုယ်တိုင်ပင်လျှင် ကြောင်အ,မှင်တက်နေ၏။
ဒီနေ့ဘာတွေဖြစ်နေတာလဲ...
ငါက ဘယ်နေရာကိုရောက်နေတာလဲ...
ငါကဘယ်သူလဲ....
ဘာလို့ လူတိုင်းက ငါ့ကိုရိုက်နေကြတာလဲ...
လုံကျုံး၏ နားထဲတွင် ရိုက်နှက်ချက်များဖြင့် တဝီဝီမြည်နေပြီး သူ၏စိတ်က ရှုပ်ထွေးနောက်ကျိနေ၏။
ဆူဇီမိုက သူ၏အပြုအမူမှာ ရွံရှာစက်ဆုပ်သွားမည်ကို အကြီးအကဲ ၅ ယောက်က စိုးရိမ်ပူပန်နေကြောင်း လုံကျုံးက မသိနိုင်ရှာပေ။
ဆူဇီမိုသာ နဂါးမျိုးနွယ်ကနေ ထွက်ခွာသွားမည်ဆိုလျှင် အဲ့ဒါက နဂါးမျိုးနွယ်အတွက် ကြီးမားသည့် ဆုံးရှုံးမှုတစ်ရပ်ဖြစ်ပေလိမ့်မည်။
“ထွက်သွားစမ်း....”
ဦးချိုနဂါးမဟာအကြီးအကဲက အံကိုကြိတ်ပြီး ကြိမ်းမောင်းလိုက်၏။
“နံရံရှေ့မှာ မင်းကိုယ်မင်းသွားပြီးတော့ ဆင်ခြင်သုံးသပ်နေ... ငါ့ရဲ့အမိန့်မရဘဲ ထွက်မလာခဲ့နဲ့...”
“ဟုတ်ကဲ့...”
လုံကျုံးက အံကိုကြိတ်၍ လက်ခံလိုက်ရပြီး မကျေမချမ်းနှင့်ပင် လှည့်ထွက်သွားခဲ့၏။
နဂါးသွေးတိုက်ပွဲမြေတွင် လုံစန်းက ညင်သာစွာ ပြုံး၍ပြောလိုက်၏။
“လုံကျူး... မင်းက ဘာမှစိုးရိမ်နေစရာမလိုဘူး... မင်းက ဟိုဟာဒီဟာကို ထုတ်မသုံးရလို့ လွတ်လွတ်လပ်လပ်မတိုက်ခိုက်ရဘူးဆိုရင် ဒီတိုက်ပွဲက အဓိပ္ပါယ်မဲ့နေလိမ့်မယ်... ငါက မင်းကိုအနိုင်ရမယ်ဆိုရင်တောင် မျှတတဲ့ တိုက်ပွဲတစ်ပွဲဖြစ်လာမှာ မဟုတ်ဘူး”
“မပူပါနဲ့...”
ဆူဇီမိုက မှင်သေသေဖြင့်ပြောလိုက်၏။
“ကျက်တီးမြေမရှိရင်တောင် မင်းက ငါ့ကိုနိုင်မှာမဟုတ်ဘူး”
တကယ်တော့...လုံကျုံး၏ ပြောဆိုမှုမရှိလျှင်တောင် ဆူဇီမိုက ကျက်တီးမြေကို အသုံးပြုဖို့ရည်ရွယ်ချက်မရှိပေ။
ကျက်တီးမြေ၏ ဘဝသက်တမ်းလျော့ကျမှုက အရမ်းကိုလွှမ်းမိုးခြယ်လှယ်နိုင်လွန်း၏။
သူက သူ၏ရန်သူများနှင့် ရင်ဆိုင်ရမယ်ဆိုရင် ဘာမှစိုးရိမ်နေစရာမရှိပေ။
သို့သော်လည်း ဆူဇီမိုသည် လုံစန်းအပေါ် ကောင်းမွန်သော ထင်မြင်ချက်တစ်ခုရှိပြီး ဤတိုက်ပွဲအတွက်မျှနှင့် ဘာအကြောင်းမှမရှိဘဲ လုံစန်း၏ ဘဝသက်တမ်းကိုမလျော့ကျစေချင်ပေ။
မူလနတ္ထိအဆင့်တွင် သူသည် ကျက်တီးမြေကိုထုတ်ဖော်ပါက ၎င်းသည် အသက်တစ်ရှိုက်စာအတွင်း ဘဝသက်တမ်းနှစ်ငါးရာကို လျှော့ချနိုင်ခဲ့၏။
သို့သော် ယခုအခါသူက ဓမ္မဝိသေသအဆင့်သို့ရောက်ရှိလာပြီး ကျက်တီးမြေ၏ စွမ်းအားကနှစ်ဆဖြစ်လာခဲ့၏။
အသက်တစ်ရှိုက်စာမှာ နှစ်တစ်ထောင်...
ပုံမှန်အားဖြင့်ပြောရလျှင် ဓမ္မဝိသေသတစ်ယောက်၏ လက်ကျန်ဘဝသက်တမ်းသည် နှစ်တစ်သောင်းထက်မပိုပေ။
တစ်နည်းအားဖြင့် ပြောရလျှင်သူက ထိုပညာရပ်ဖြင့် အသက်ဆယ်ရှိုက်စာအတွင်း ဓမ္မဝိသေသတာအိုအရှင်တစ်ယောက်ကို သတ်ဖြတ်နိုင်လေသည်။
လုံစန်းသည် လက်သားငါးဖက်နတ်နဂါး၏ မျိုးဆက်သွေးကိုပိုင်ဆိုင်ထား၏။ သူက ရှည်လျားသည့်ဘဝသက်တမ်းတစ်ခု ရှိသည်ဆိုလျှင်တောင် သူသည် ထိုကဲ့သို့သော ဘဝသက်တမ်းလျော့ကျမှုနှုန်းကို ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။
လုံစန်းသည် ဆူဇီမိုကို ထပ်မံ၍ဖျောင်းဖျမနေတော့ပေ။ သူ၏ထင်မြင်ချက်အရ ဆူဇီမိသည် မတတ်သာသည့်အဆုံး ထိုကျက်တီးမြေဓမ္မပညာရပ်ကို ထုတ်ဖော်လာပေလိမ့်မည်။
သူက ထိုဓမ္မပညာရပ်၏ စွမ်းအားကိုတွေ့မြင်ချင်လေသည်။
“တိုက်....”
လုံစန်းသည် ဟိန်းဟောက်၍ ရှေ့သို့တက်လှမ်းလိုက်၏။ သူက မြေပြင်ထက်ကနေ ခုန်တက်ပြီး အလွန်တရာအားကောင်းသည့် အော်ရာတစ်ခုနှင့်အတူ ဆူဇီမို၏ဦးခေါင်းထက်သို့ ချက်ချင်းပင်ရောက်ရှိသွား၏။
ဝေါ....
လုံစန်း၏ ခန္ဓာကိုယ်ထဲမှ ဆူနာမီအသံက ထွက်ပေါ်လာခဲ့၏။
ထိုဆူနာမီအသံက အတော်လေးကျယ်လောင်လေသည်။
လက်သည်းငါးဖက်နတ်နဂါးတစ်ကောင်အနေဖြင့် လုံစန်းသည် ဆူနာမီသွေးအဆင့်သို့ ကျင့်ကြံထားနိုင်သည်မှာ အံအားသင့်စရာမရှိပေ။
သူတိုက်ခိုက်လိုက်သည့်ခဏမှာပင် သူက ဘာကိုမှထိန်ချန်ခြင်းမရှိဘဲ သူ၏မျိုးဆက်သွေးစွမ်းအားကို အကန့်အသတ်ထိလှည့်ပတ်လိုက်၏။ သူက လက်တစ်ဖက်ကို ဆန့်ထုတ်ပြီး ဆူဇီမို၏ ဦးခေါင်းကို ပြင်းထန်စွာရိုက်ချလိုက်၏။