← Chapters

ဒါအကုန်ပဲလား

Vol. 81 Ch. 1209

ဒါအကုန်ပဲလား

Vol. 81 Ch. 1209

သားရဲဘုရင် ၉ ပါး ဆင်းသက်လာပြီး သူတို့က မလှမ်းမကမ်းတွင် ရှိသော လက်သည်းငါးဖက်နတ်နဂါးကို ကြမ်းကြုတ်ခက်ထန်သောအော်ရာများနှင့်အတူ စိမ်းစိမ်းဝါးဝါးစိုက်ကြည့်နေကြ၏။

လုံစန်း၏ မျိုးဆက်သွေးနယ်မြေက အော်ရာချင်းယှဥ်ရာမှာ အပြတ်အသတ်အရေးနိမ့်သွား၏။

“ကောင်းပြီလေ... မင်းရဲ့ မျိုးဆက်သွေးနယ်မြေက ငါ့ရဲ့လက်သည်းငါးဖက်နတ်နဂါးကို ခုခံနိုင်မလားကြည့်ရသေးတာပေါ့...”

လုံစန်းသည် ဟိန်းဟောက်လိုက်ပြီး သူ၏နောက်ဘက်ရှိ လက်သည်းငါးဖက်နတ်နဂါးကလည်း ဟိန်းဟောက်လိုက်၏။ ၎င်းက လေထဲသို့ ပျံတက်ပြီး တုန်လှုပ်စရာကောင်းသော အော်ရာတစ်ခုနှင့်အတူ ဆူဇီမိုထံ ခုန်ဝင်လိုက်၏။

ဆူဇီမိုက မည်သည့်အမိန့်မှ မပေးခင်မှာပင်... သူ့ကိုဝန်းရံနေသော သားရဲဘုရင် ၉ ပါးက ရှေ့သို့ချီတက်သွားကြ၏။

ကြီးမားသည့်သားရဲတောကောင် ၁၀ ကောင်က လေထဲမှာ တိုက်ခိုက်လိုက်ကြ၏။ သူတို့သည် သွေးချီကနေဆင်းသက်လာသော နယ်မြေဖြစ်စဥ်များသာဖြစ်သော်လည်း တစ်ကြိမ်ထိတွေ့ရိုက်ခတ်တိုင်း ပေါက်ကွဲမှုများကို ဖြစ်ပေါ်စေကာ လေဟာနယ်ကို တုန်ခါ၍ ရာသီဥတုကိုပြောင်းလဲသွားစေ၏။

သူတို့ တိုက်လိုက်ဖလှယ်လိုက်သည့်ခဏမှာပင် လက်သည်းငါးဖက်နတ်နဂါးက အရေးနိမ့်လာခဲ့လေသည်။ လက်သားငါးဖက်နတ်နဂါးသည် သန်မာပြီး သားရဲဘုရင် သုံးပါး လေးပါးလောက်ကို အလွယ်တကူသတ်ဖြတ်နိုင်သော်လည်း သူ့ကို ဝန်းရံထားသော သားရဲဘုရင် ၉ ပါးရှိနေ၏။

ဒါ့အပြင် သားရဲဘုရင် ၉ ပါးကြားတွင် တည်ငြိမ်ပင်လယ်လိပ်၏ တိုက်ခိုက်ရည်ခွန်အားက လက်သည်းငါးဖက်နတ်နဂါးနှင့် ယှဥ်နိုင်လုနီးပါးဖြစ်၏။

ဖောင်း....

လက်သားငါးဖက်နတ်နဂါးသည် ဟိန်းဟောက်၍ သူ၏လက်သည်းကိုဆန့်ထုတ်ပြီး နွားရိုင်းသားရဲဘုရင်၏ ခန္ဓာကိုယ်ကို ဆုတ်ဖြဲလိုက်၏။

ချက်ချင်းပင် နယ်မြေဖြစ်စဥ်က ပျက်ပြယ်သွား၏။

သားရဲဘုရင် ၉ ပါးတွင် ၈ ပါးသာလျှင် ကျန်ရှိတော့၏။

လက်သားငါးဖက်နတ်နဂါး၏ နောက်ကျောကို တိမ်လွှာကျားသစ်သားရဲဘုရင်က ကုတ်ဆွဲလိုက်လေသည်။

မပျက်စီးနိုင်သော နဂါးကြေးခွံများ၏ ကာကွယ်မှုကြောင့်သာမဟုတ်လျှင် ထိုတိုက်ခိုက်မှုက လက်သည်းငါးဖက်နတ်နဂါးကို နှစ်ပိုင်းစုတ်ပြဲသွားစေနိုင်၏။

နယ်မြေဖြစ်စဥ်များကြားတိုက်ပွဲသည် အရမ်းကိုကြောက်စရာကောင်း၏။

အသက်ရှုချိန်အနည်းငယ်အတွင်း ဆူဇီမို၏ဘက်တွင် သားရဲဘုရင်သုံးပါး၏နယ်မြေဖြစ်စဥ်က ပျက်ပြယ်သွားခဲ့လေပြီ။

လက်သည်းငါးဖက်နတ်နဂါးအနေဖြင့်လည်း ဒဏ်ရာများစွာရရှိပြီး ဆိုးဆိုးဝါးဝါးအခြေအနေသို့ ရောက်ရှိလာ၏။

“ဒါက....”

“အဲ့ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ....”

“ငါတို့နဂါးမျိုးနွယ်က လက်သည်းငါးဖက်နတ်နဂါးက သာမန်မျိုးဆက်သွေးနဲ့ အဲ့ဒီသားရဲတောကောင်တွေကိုတောင် မနိုင်ဘူးလား...”

နဂါးများက ကြောင်အ,မှင်တက်သွားကြ၏။

မျိုးဆက်သွေးနယ်မြေများ၏ တိုက်ပွဲသည် ဤရလဒ်ထွက်ပေါ်လာလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ကြပေ။

သားရဲဘုရင် ၉ ပါးထဲတွင် သုံးပါးက သေဆုံးသွားသော်လည်း လက်သည်းငါးဖက်နတ်နဂါး၏ သက်လုံအားက ခမ်းခြောက်၍ ၎င်း၏အော်ရာက အားနည်းလာသည်ကို နဂါးများအားလုံးက ပြောနိုင်ကြ၏။ ၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ တောက်ပသော အရောင်အဝါကပင်လျှင် သိသိသာသာမှေးမှိန်ကျသွား၏။

ဤတိုင်းသာဆက်သွားလျှင် လက်သည်းငါးဖက်နတ်နဂါးက သေချာပေါက်ရှုံးနိမ့်ပေတော့မည်။

လုံစန်းသည် သုန်မှုန်နေသော အမူအရာတစ်ခုရှိလာပြီး သူ၏လက်ကောက်ဝတ်ကို ​ညင်သာစွာလှည့်၍ အရမ်းကိုသန့်စင်သည့် နဂါးသွေး တစ်မျှင်ကို ထွက်ပေါ်လာစေ၏။ သူက နဂါးမျိုးနွယ်ဘာသာစကားတစ်ခုကို ရွတ်ဆိုပြီး လက်ဟန်ချိပ်စည်းများကို လှုပ်ရှားကာ နဂါးသွေးတစ်မျှင်ကို လက်သည်းငါးဖက်နတ်နဂါး နယ်မြေဖြစ်စဥ်ဆီသို့ စေညွှန်လိုက်၏။

လက်သည်းငါးဖက်နတ်နဂါးက ဆတ်ခနဲတုန်ယင်သွားပြီး ၎င်း၏ အော်ရာက ထိုးတက်လာ၏။

“ဂါး.....”

လက်သည်းငါးဖက်နတ်နဂါးသည် ဟိန်းဟောက်၍ ၎င်း၏ နတ်ဘုရားစွမ်းအားများကို ပြန်လည်ရရှိလာ၏။ ၎င်းက တစ်ဖန်တိုက်ခိုက်လိုက်ပြီး ၎င်း၏ နတ်ဘုရားစွမ်းအားကိုထုတ်ဖော်ကာ တိမ်လွှာကျားသစ်သားရဲဘုရင်ကို အပိုင်းပိုင်းဆုတ်ဖြဲပစ်လိုက်၏။

အဲ့ဒါသည် မျိုးဆက်သွေးတစ်မျှင်မျှသာ ဖြစ်သော်လည်း ၎င်းက အလွန်တရာကြောက်စရာကောင်းသော စွမ်းအားတစ်ခုကို ပိုင်ဆိုင်ထား၏။

အဲ့ဒါသည် လက်သည်းငါးဖက်နတ်နဂါး၏ မျိုးဆက်သွေးဖြစ်၏။

လျှို့ဝှက်အတတ်တစ်ခုကို အသုံးပြု၍ သူ၏မျိုးဆက်သွေးကို သန့်စင်ပြီး လက်သားငါးဖက်နတ်နဂါးနှင့် ပေါင်းစည်းကာ လုံစန်းသည် သူ၏နယ်မြေဖြစ်စဥ်ကို ပြန်လည်မွေးဖွားပေါ်ထွက်လာစေ၏။

ထိုသို့ဆိုလျှင်တောင် သူတို့ကြားကွာဟချက်က ရှိနေဆဲပင်။

ဆူဇီမို၏ ဘက်တွင် သားရဲဘုရင် ၅ ပါးရှိနေဆဲ ဖြစ်၏။

သိပ်မကြာမီ နောက်ထပ်သားရဲဘုရင်တစ်ပါးက ဖျက်ဆီးခံလိုက်ရ၏။

သို့သော်လည်း လက်သည်းငါးဖက်နတ်နဂါး၏ ကိုယ်ပေါ်တွင် အက်ကွဲကြောင်းများက စတင်ပေါ်ထွက်လာပြီး ပြိုကျပျက်စီးတော့မည့်ဆဲဆဲဖြစ်လာ၏။

နောက်ဆုံးမှာတော့ တည်ငြိမ်ပင်လယ်လိပ်သည် လက်သည်းငါးဖက်နတ်နဂါးကို ပြင်းထန်စွာပစ်ဆောင့်ချလိုက်၏။

နယ်မြေဖြစ်စဥ်နှစ်ခုလုံးက တစ်ချိန်တည်းမှာ ပျက်ပြယ်သွားကြ၏။

ဆူဇီမို၏ဘ​က်တွင် သားရဲဘုရင်သုံးပါးသာလျှင် ကျန်ရှိတော့၏။ မျှော်လင့်ချက်မျောက်ဝံသားရဲဘုရင် ၊ ငရဲကျားသားရဲဘုရင်နှင့် အထီးကျန်သမုဒ္ဒရာနဂါးဘုရင်တို့ဖြစ်၏။

နယ်မြေဖြစ်စဥ်သုံးခုသည် ရပ်တန့်ခြင်းမရှိဘဲ မလှမ်းမကမ်းတွင်ရှိသော လုံစန်းဆီသို့ ပြေးဝင်သွားကြ၏။

“ဟုတ်ပြီလေ...”

လုံစန်းက ကြောက်ရွံ့မှုကို နည်းနည်းလေးမှ ထုတ်ဖော်မပြသပေ။ ထိုအစားသူက တောက်ပသောအကြည့်နှင့်အတူ ချီးကျူး၍ ဝင်ရောက်လာသော ဧရာမသတ္တဝါသုံးကောင်ကို ရင်ဆိုင်ဖို့ခုန်တက်လိုက်၏။

ဘန်းဘန်းဘန်း.....

သူသည် ဆူဇီမို၏ မျိုးဆက်သွေးနယ်မြေဖြစ်စဥ်ကို တိုက်ခိုက်ဖို့အတွက် သူ၏ကိုယ်ကာယကို အသုံးပြုလိုက်၏။

နှစ်ဖက်စလုံးက ပြင်းထန်စွာ ထိတွေ့ရိုက်ခတ်လိုက်ကြ၏။

ခဏမျှရပ်တန့်ပြီးနောက် ပုံရိပ်တစ်ခုသည် ဥက္ကာခဲတစ်ခုကြွေကျသကဲ့သို့ မြေပြင်ထက်သို့ ကျဆင်းလာကာ လူပုံသဏ္ဌာန်တွင်းချိုင့်တစ်ခုကို ဖြစ်ပေါ်စေ၍ ဖုံများနှင့်ကျောက်စရစ်ခဲများက တထောင်းထောင်းထလာခဲ့၏။

သို့သော်လည်း သိပ်မကြာမီ ထိုပုံရိပ်က တစ်ဖန်ပြန်ခုန်ထလာ၏။ အဲ့ဒါက လုံစန်းဖြစ်၏။

သူသည် အနည်းငယ်ဆိုးဝါးသည့်ပုံပေါက်နေသော်လည်း သူက ဒဏ်ရာအပြင်းအထန် မရရှိထားသည်မှာ သိသာလေသည်။

လေထဲရှိ နယ်မြေဖြစ်စဥ်သုံးခုကလည်း အလင်းစက်များအသွင်ပြောင်းလဲပြီး လေဟာနယ်ထဲသို့ ပြန့်ကျဲသွားပြီဖြစ်၏။

လုံစန်းသည် ဆူဇီမို၏ နယ်မြေဖြစ်စဥ်သုံးခုကို သူ၏ကိုယ်ကာယဖြင့် ဖျက်ဆီးပစ်ခဲ့၏။

သူ၏ခွန်အားက ဘယ်လောက်တောင်ကြောက်စရာကောင်းလိုက်သလဲ...။

“လုံစန်းက ဒီလိုလွယ်လွယ်နဲ့ ရှုံးမသွားဘူးဆိုတာ ငါသိတာပေါ့...”

“လုံစန်းကြည့်ရတာ... အဆင်ပြေတဲ့ပုံပဲ နောက်ပြီး သူ့ရဲ့အော်ရာက ပိုပြီးတော့ သန်မာလာတဲ့ပုံပဲ”

“စောင့်ကြည့်ရသေးတာပေါ့... လုံစန်းရဲ့ တန်ပြန်တိုက်ခိုက်မှုက အခုမှစမှာ... သူ့ကျင့်ကြံမှုရဲ့ ဒီအဆင့်ထိ.. သူက ဒီလောက်ထိဆိုးဆိုးဝါးဝါးအခြေအနေနဲ့ ဘယ်တုန်းကမှ မကြုံတွေ့ခဲ့ဖူးဘူး... သူက ပြင်းထန်တဲ့ရိုက်ချက်ကို ခံစားရလေလေ သူ့ရဲ့ တန်ပြန်တိုက်ခိုက်မှုကလည်း ပိုပြီးတော့ ထက်ရှပြင်းထန်လာလိမ့်မယ်”

များစွာသောနဂါးအကြီးအကဲများက စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။

အခြားနဂါးများနှင့်မတူဘဲ အကြီးအကဲများက တည်ငြိမ်နေကြ၏။

လုံစန်းသည် ဆူဇီမို၏ နယ်မြေဖြစ်စဥ်သုံးခုကို ချေမွဖျက်ဆီးနိုင်ခဲ့သော်လည်း အကြောင်းအရင်းတစ်စိတ်တစ်ပိုင်းမှာ သူက လုံလောက်အောင်သန်မာသောကြောင့်ဖြစ်သည်။ အဲ့ဒါထက် သားရဲဘုရင်နယ်မြေဖြစ်စဥ်သုံးခုကလည်း အားနည်းနေပြီဖြစ်သောကြောင့်ပင်။

“ဟားဟားဟားဟား.... “

လုံစန်းက ဟားတိုက်ရယ်မောလိုက်၏။

“မင်းရဲ့မျိုးဆက်သွေးနယ်မြေမှာရှိတာ... ဒါအကုန်ပဲလား... အဲ့ဒီသားရဲ​တောကောင်တွေက များပြားပေမယ့် ငါ့အတွက်တော့ ယင်ကောင်တွေလိုပဲ”

“ဟုတ်ပါ့မလား...”

ဆူဇီမိုက ခွန်းတုံ့ပြန်ခြင်းမရှိဘဲ တည်ငြိမ်စွာပြုံးလိုက်၏။

လုံစန်းက တကယ့်ကိုသန်မာလေသည်။

မျိုးဆက်သွေးနယ်​မြေများကို သူ၏ ကိုယ်ကာယဖြင့်ခံယူနိုင်သော နောက်ဆုံးသူတွေ့မြင်ခဲ့သည့် တည်ရှိမှုမှာ အသင်္ချေနယ်မြေမြို့တော်တွင် သူတွေကြုံခဲ့ရသော နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်ဖြစ်လေသည်။

သို့သော်လည်း ဆူဇီမို၏ မျိုးဆက်သွေးနယ်မြေတွင် အစစ်အမှန်ကြောက်စရာကောင်းသည့်အရာမှာ သားရဲဘုရင် ၉ ပါး မဟုတ်ပေ။

ရုတ်တရက်ဆိုသလို... ဆူဇီမို၏နောက်တွင် သားရဲချီများက ရုန်းကြွလာပြီး သွေးနီရောင်လိပ်ပြာတစ်ကောင်က တဖြည်းဖြည်းပေါ်ထွက်လာ၏။

၎င်း၏ တောင်ပံများပေါ်မှာ မျက်လုံးတစ်စုံနှင့်ဆင်တူသော တောက်ပသော လပြည့်ဝန်းနှစ်ခုရှိနေ၏။

သွေးနီရောင်လိပ်ပြာက ဆယ်ပေဝန်းကျင်လောက်သာရှိပြီး စောစောက ပေါ်ထွက်ခဲ့သော သားရဲဘုရင် ၉ ပါးနှင့်ယှဥ်လျှင် အရမ်းကိုသေးငယ်နေ၏။

သို့သော်လည်း သွေးနီရောင်လိပ်ပြာဆင်းသက်လာပြီးနောက် နဂါးအရိုးတောင်ကြားတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်သွား၏။

ကြောက်စရာကောင်းသောအော်ရာတစ်ခုက ဖြန့်ကြက်လာ၏။ နဂါးများသည် ရင်ထဲမှာ တလှပ်လှပ်ဖြင့် ကြောက်ရွံမှုကို ခံစားလာရ၏။

စောစောက သားရဲဘုရင် ၉ ပါးနှင့် လက်သည်းငါးဖက်နတ်နဂါး နယ်မြေဖြစ်စဥ်ဆင်းသက်လာစဥ်က သူတို့သည် တုန်လှုပ်မှုကိုသာ ခံစားခဲ့ရ၏။

သို့သော်လည်း သွေးနီရောင်လိပ်ပြာက သူတို့ကို ကြောက်ရွံ့မှုကို ခံစားလာရစေ၏။

အောက်ဘက်ရှိ နဂါးများကိုမဆိုထားနှင့် လေထဲကနေစောင့်ကြည့်နေသော နဂါးအကြီးအကဲများပင်လျှင် ပင့်သက်ကိုရှိုက်လိုက်ကြ၏။

“အဲ့-အဲ့ဒါက.... ဘာသားရဲတောကောင်လဲ...”

နဂါးအကြီးအကဲတစ်ယောက်၏ အသံက တုန်ယင်စွာထွက်ပေါ်လာခဲ့၏။

နဂါးမျိုးနွယ်၏ မဟာအကြီးအကဲ ၅ ယောက်သည် တည်ကြည်လေးနက်သော အမူအရာများရှိလာပြီး သူတို့၏အကြည့်များက သွေးနီရောင်လိပ်ပြာပေါ်သို့ မမှိတ်မသုန်ကျရောက်နေ၏။

သူတို့၏ အတွေ့အကြုံနှင့်ပင်လျှင် သွေးနီရောင်လိပ်ပြာ၏ ဇာစ်မြစ်ကို ခွဲခြားဖော်ထုတ်နိုင်ခြင်း မရှိကြပေ။

“အဲ့ဒါက နောက်ထပ်နယ်မြေဖြစ်စဥ်တစ်ခုလား...”

လုံစန်း၏ အမူအရာကလည်းပြောင်းလဲသွားပြီး သတိကြီးကြီးထားလိုက်၏။

လိပ်ပြာသည် အလွန်တရာအားနည်းသည့်ပုံပေါ်ပြီး အမှန်တကယ်ပင် စုဖွဲ့မလာနိုင်သေးပေ။ ၎င်းက တစ်ဝက်တစ်ပျက် ပုံရိပ်ယောင်အဆင့်သာရှိပြီး ယခင်သားရဲဘုရင် ၉ ပါးနှင့် နှိုင်းယှဥ်လျှင် လျစ်လျူရှု၍ရသလောက်နီးပါးပင်။

ထိုသို့ဆိုလျှင်တောင် လုံစန်းသည် ပြင်းထန်သော အန္တရာယ်အငွေ့အသက်တစ်ခုကို ခံစားနေရဆဲဖြစ်၏။

ဒါတောင်သူက သွေးနီရောင်လိပ်ပြာနှင့် ပေသုံးလေးဆယ် ကွာဝေးနေ၏။

“ငါ့ရဲ့မျိုးဆက်သွေးနယ်မြေမှာရှိတာက ဒါမှ အကုန်ပဲ”

ဆူဇီမိုက ပြုံးလိုက်၏။

ရုတ်တရက်ဆိုသလို...

သွေးနီရောင်လိပ်ပြာ၏ တောင်ပံများသည် ညင်သာစွာ လှုပ်ခတ်သွား၏။

ထိုလှုပ်ရှားမှုက သိသာထင်ရှားမှုမရှိဘဲ အမှတ်တမဲ့ကြည့်လျှင် သတိထားမိလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း သေးငယ်သော ထိုလှုပ်ရှားမှုက ကြောက်စရာကောင်းသော မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်လာစေ၏။

လုံစန်း၏ ဘေးပတ်လည်ရှိ လေဟာနယ်သည် တွန့်လိမ်သွားပြီး ပြောင်းလဲ၊ ပြိုကျကာ ချိုင့်ဝင်သွား၏။

လုံစန်း၏ မျက်လုံးနှစ်ဖက်က ပြူးကျယ်သွားပြီး အဲ့ဒါက ခဏမျှသာကြာလိုက်၏။ သူသည် မိုးကြိုးပစ်ချခံလိုက်ရသည့်အလား လွင့်ပျံထွက်သွားပြီး သွေးတစ်လုတ်ကိုထွေးထုတ်ကာ အောက်သို့တလိမ့်ခေါက်ကွေးကျဆင်းသွား၏။

နေရာတစ်ခုလုံးက အုန်းအုန်းကျက်ကျက် ဖြစ်လာခဲ့လေသည်။

All Chapters