← Chapters

မျိုးရိုးငါးခုကို ဦးဆောင်ခြင်း

Vol. 81 Ch. 1212

မျိုးရိုးငါးခုကို ဦးဆောင်ခြင်း

Vol. 81 Ch. 1212

“ပဉ္စမမြောက်လက်သည်းလား”

ဆူဇီမိုက အာရုံစိုက်၍ တစ်ချက်ကြည့်လိုက်၏။

ကြောက်မက်ဖွယ်ရာလက်သည်းသည် ကြောက်စရာကောင်းသော အော်ရာတစ်ခုနှင့်အတူ ဖိချေကျဆင်းလာပြီး သူ့ကို ရင်တထိတ်ထိတ်ဖြစ်လာစေ၏

အဆင့်တူချင်းတွင် သူ့ကို တုန်လှုပ်ချောက်ချားစေနိုင်သော စွမ်းအားများများစားစား မရှိပေ။

သူ၏ကိုယ်ကာယနှင့်မျိုးဆက်သွေးက သန်မာလေသည်။ သူ၏နဂါးတစ်ပိုင်းသွင်ပြင်သို့ ပြောင်းလဲပြီးနောက် သူ၏ခန္ဓာကိုယ်ကို သွေးနီရောင်ကြေးခွံများက ဖုံးအုပ်ထားပြီး သူ၏ခံစစ်က အလွန်သန်မာလာ၏။

အဆင့်တူခြင်း၌ မူလဓမ္မလက်နက်များပင်လျှင် သူ့ကိုထိခိုက်အောင် မလုပ်နိုင်ပေ။

သို့သော်လည်း ထိုလက်သည်းက အလွန်တရာကြောက်စရာကောင်း၏။ အဲ့ဒါက သူ၏ခန္ဓာကိုယ်ကို ဆုတ်ဖြဲပစ်နိုင်ဖို့ လုံလောက်လေသည်။

ဆူဇီမိုသည် သူ၏ညာဘက်လက်ကို ဖြည်းဖြည်းချင်းဆန့်ထုတ်ပြီး ၎င်းပေါ်တွင် သွေးနီရောင်မီတောက်များကို ဖြည်းဖြည်းချင်း တောက်လောင်လာစေကာ အလွန်တရာကြောက်စရာကောင်းသော စွမ်းအားတစ်ခုက ​ဖြန့်ကြက်ထွက်ပေါ်လာခဲ့၏။

“နတ်ဖီးနစ်အရိုး”

အခြားသောနဂါးများသည် အဲ့ဒါကို ပုံဖော်နိုင်လိမ့်မည်မဟုတ်သော်လည်း နဂါးမျိုးနွယ်မှ မဟာအကြီးအကဲ ၅ ဦးက စိတ်ထဲကနေ အံ့အားတသင့်ရေရွတ်လိုက်ကြ၏။

ဓမ္မဝိသေသအဆင့်သို့ဝင်ရောက်ပြီးနောက် ဆူဇီမိုသည် နေရာပေါင်းစုံမှာ အသွင်ပြောင်းလဲလာခဲ့ပြီး သူ၏ အလုံးစုံတိုက်ခိုက်ရည်ခွန်းအားက တိုးလာခဲ့၏။

ပို၍အရေးကြီးသည်မှာ သူသည် ဓမ္မဝိသေသအဆင့်သို့ ဝင်ရောက်သည့်ခဏမှာပင် နတ်ဖီးနစ်အရိုး၏ စွမ်းအားကို ခံစားမိလာခဲ့၏။

နတ်ဖီးနစ်အရိုး၏စွမ်းအားက အရမ်းကိုကြောက်စရာကောင်း၏။

သို့သော်လည်း သည့်အရင်က ဆူဇီမိုသည် နတ်ဖီးနစ်အရိုးနှင့် ဆက်သွယ်မှုမရရှိခဲ့ပဲ ၎င်း၏စွမ်းအားက သူ့ကိုယ်ပိုင်စွမ်းအားအဖြစ် မရှိခဲ့ပေ။

နတ်ဖီးနစ်အရိုး အသက်ဝင်လာသည့်အကြိမ်တိုင်း အဲ့ဒါက ပြင်ပအကူအညီတစ်ခုကြောင့်သာ ဖြစ်လေသည်။

ဓမ္မဝိသေသအဆင့်သို့ ဝင်ရောက်ပြီးနောက် သူသည် နတ်ဖီးနစ်အရိုး၏စွမ်းအားကို သူ့သဘောနှင့်သူ ထိန်းချုပ်ထုတ်ဖော်လာနိုင်ပြီဖြစ်၏။

“နတ်ဖီးနစ်အရိုးကို အသက်သွင်းလိုက်ရမလား...”

လုံစန်း၏ ဝင်ရောက်လာသော ပဉ္စမမြောက်လက်သည်းနှင့် ရင်ဆိုင်ရချိန်တွင် အတွေးတစ်ခုက ဆူဇီမို၏စိတ်ထဲမှာ ဖျပ်ခနဲ ဝင်ရောက်လာ၏။ သူက နတ်ဖီးနစ်လက်သည်းနှင့်အတူ ထိပ်တိုက်ရင်ဆိုင်တိုင်ခိုက်ဖို့ ပြင်ဆင်လိုက်၏။

သို့သော်လည်း အဲ့ဒီမှာ မမြင်နိုင်သော အန္တရာယ်တစ်ခုရှိနေ၏။

ဓမ္မဝိသေသအဆင့်သို့ဝင်ရောက်ပြီးနောက် ဆူဇီမိုသည် နတ်ဖီးနစ်လက်သည်းကို အမှန်တကယ်မထုတ်ဖော်ရသေးဘဲ သူ့အနေဖြင့် ၎င်း၏စွမ်းအားကို ပိုင်နိုင်စွာ ထိန်းချုပ်နိုင်ဖို့က အခက်အခဲရှိလေသည်။

လုံစန်းသည် ယခုအချိန်မှာ အလွန်တရာဆိုးဝါးသည့် အခြေအနေတစ်ခုမှာရှိနေ၏။ သူက မှားယွင်းစွာ တွက်ချက်မိ၍ ထိုသူကိုသတ်ဖြတ်မိသွားမည်ဆိုလျှင်....။

ဆူဇီမိုသည် ခဏမျှတွေဝေတုံ့ဆိုင်းပြီးနောက် နတ်ဖီးနစ်အရိုးအတွင်းရှိ စွမ်းအားကို ပြန်လည်ပျက်ပြယ်သွားစေ၏။

“အာ... လုံကျူးက ဘာလုပ်မလို့လဲ”

အပြာရောင်နဂါးမဟာအကြီးကဲက အချက်အလက်တစ်ခုချင်းစီကို သတိထားမိနေပြီး မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။

မီးပ​ဒေသာနဂါးမဟာအကြီးအကဲက လေးနက်သောအသံဖြင့် ပြောလိုက်၏။

“လုံကျူးက ပြန်လှန်တိုက်ခိုက်ဖို့ မလုပ်တော့ဘဲ အစွမ်းကုန်ရှိသမျှနဲ့ ခုခံဖို့ ပြင်ဆင်နေတာလား...”

“ဒါပေမယ့်... ပဉ္စမမြောက်လက်သည်းရဲ့စွမ်းအားက အရမ်းကိုထူးခြားတယ်... အဲ့ဒါက ခုခံဖို့တကယ့်ကို ခက်ခဲတယ်”

ဦးချိုနဂါးမဟာအကြီးအကဲက သူ၏ခေါင်းကိုခါယမ်းလိုက်၏။

နဂါးသွေးတိုက်ပွဲမြေတွင်....

သူ၏လက်နှစ်ဖက်ကို ဝေ့ယမ်းရင်း ဆူဇီမိုသည် သူ့ခန္ဓာကိုယ်၏ တစ်ဖက်တစ်ချက်စီတွင် စက်ဝန်းခြမ်းများကို ရေးဆွဲကာ သူ၏ရင်ဘတ်ရှေ့သို့ ပြီးပြည့်စုံသောစက်ဝိုင်းတစ်ခုအဖြစ် ဆွဲယူလိုက်၏။ သူ၏လက်ချောင်းများက ကခုန်နေပြီး လက်ဟန်ချိပ်စည်းများကို ဆင့်ခေါ်ကာ သူ၏ရှေ့တွင် တစ်ခုခုကို ရေးဆွဲလိုက်၏။

တစ်ချိန်တည်းမှာပင် သူ၏နှာရောင်က တောက်ပသွားပြီး နတ်ဘုရားအလင်းတစ်ခုက သူ၏လက်နှစ်ဖက်ဆီသို့ ပစ်ဝင်သွား၏။

“စုဖွဲ့စမ်း”

ဆူဇီမို၏အကြည့်က သိပ်သည်းစုဖွဲ့လာခဲ့၏။

ဇီ......

မနှိုင်းယှဥ်သာအောင် စွမ်းအားကြီးမားသော နတ်ဘုရားစွမ်းအားတစ်ခုက ဆင်းသက်လာခဲ့လေပြီ... ။

ကောင်းကင်နှင့်မြေကြီးက ဗြောင်းဆန်လာခဲ့၏။

ဆူဇီမို၏ လက်နှစ်ဖက်သည် သူ၏ရှေ့မှာ လှုပ်ရှားနေပြီး ကြီးမားသည့် ကျောက်သားဒိုင်းကာတစ်ခုကို ဖြစ်ပေါ်လာစေ၏။ အဲ့ဒါက မာကြော၍ ရှေးကျပြီး ၎င်းပေါ်တွင် အခုံးသဏ္ဌာန် အင်းကွက်များနှင့် ကနုတ်များကို လျှို့ဝှက်ဆန်းကြယ်သည့်ပုံစံဖြင့် ခတ်နှိပ်ထား၏။

ကျောက်သားဒိုင်းကာက နတ်လိပ်တစ်ကောင်၏ ကျောခွံနှင့်ဆင်တူနေ၏။

“ဒါက....”

နဂါးများက မျက်လုံးမျက်ဆန်ပြူးလာကြ၏။

မဟာအကြီးအကဲ ၅ ယောက်ပင်လျှင် တုန်လှုပ်သွားကြ၏။

သူတို့သည် ဤကဲ့သို့သော ဓမ္မစွမ်းအားတစ်ခုကို အရင်က တစ်ခါမှ မတွေ့မြင်ဖူးခဲ့ပေ။

ဒါ့အပြင် ထိုဓမ္မစွမ်းအားသည် နဂါးမျိုးနွယ်နှင့် ဘာမှမပတ်သက်ပုံရလေသည်။

“အဲ့ဒါက... လုံကျူးနားလည်ဆင်ခြင်ခဲ့တဲ့ တတိယမြောက်နတ်ဘုရားစွမ်းအားများလား”

အပြာရောင်နဂါးမဟာအကြီးကဲက တိုးတိတ်စွာ မေးလိုက်၏။

“အဲ့လိုပဲ ဖြစ်မှာပေါ့...”

အခြားသော မဟာအကြီးအကဲ ၄ ယောက်က ခေါင်းညိတ်လိုက်၏။

မဟာအကြီးအကဲ ၅ ယောက်၏ ထင်မြင်ချက်မှာမှန်လေသည်။ ထိုနတ်ဘုရားစွမ်းအားသည် အန္တိမသားရဲနတ်ဆိုးကျင့်စဥ်မှ ပထမဆုံး နတ်ဘုရားစွမ်းအားဖြစ်၏။

၎င်းသည် တည်ငြိမ်ပင်လယ်လိပ်ထံမှလာပြီး စိတ်ဝိညာဥ်လိပ်ဒိုင်းကာဟုကျော်ကြားလေသည်။

နတ်ဘုရားစွမ်းအားအပိုင်းအရ သူသည် ဤနတ်ဘုရားစွမ်းအားကို ပြီးပြည့်စုံစွာ နားလည်ဆင်ခြင်နိုင်မည်ဆိုလျှင် ၎င်း၏ခံစစ်အားက အထွတ်အထိပ်သို့ရောက်ရှိလာပေလိမ့်မည်။

သူက နတ်လိပ်ဒိုင်းကာကို ပြီးပြည့်စုံစွာ နားလည်သဘောပေါက်ချင်သည်ဆိုလျှင် သူက အကန့်အသတ်မဲ့သော လျှို့ဝှက်ချက်များပါဝင်သည့် ၎င်း၏မျက်နှာပြင်မှ အင်းကွက်များကို နားလည်ဆင်ခြင်နိုင်ရပေမည်။

စိတ်ဝိညာဥ်လိပ်ဒိုင်းကာပေါ်ရှိ အင်းကွက်များက သိပ်သည်းအနုစိတ်စွာ ယှက်ဖြာနေ၏။

ထိုအခိုက်အတန့်တွင် ၎င်းပေါ်ရှိ အစိတ်အပိုင်းငယ်တစ်ခုကသာလျှင် ခပ်ဖျော့ဖျော့ ဝင်းလက်လာခဲ့၏။

မျက်နှာပြင်ပေါ်ရှိ အင်းကွက်များအားလုံး ဝင်းလက်တောက်ပလာမည်ဆိုလျှင် ထိုနတ်ဘုရားစွမ်းအားသည် ၎င်း၏ပကတိအဆင့်သို့ ရောက်ရှိသွားပြီဟု ဆိုလိုရပေမည်။

စိတ်ဝိညာဥ်လိပ်ဒိုင်းကာ ​ဖြစ်ပေါ်လာသည့်ခဏမှာပင် လုံစန်း၏ ပဉ္စမမြောက်လက်သည်းက ကျောက်သားဒိုင်းကာကို ထိခတ်ပြီး စူးစူးရှရှ မြည်သံတစ်သံကို ထွက်ပေါ်လာစေ၏။

မီးပွားများက အဘက်ဘက်သို့ လွင့်စင်ထွက်သွား၏။

သူတို့နှစ်ယောက်က မလှုပ်မယှက် ​ရှိနေကြ၏။

လောကတစ်ခုလုံးက ရပ်တန့်သွားသည်ဟုထင်ရလေသည်။ နဂါးများက အသက်ကိုအောင့်ထားကြလေသည်။

ထိုအခိုက်အတန့်တွင် တိုက်ပွဲ၏ရလဒ်ကို ကောင်းကောင်းဆုံးဖြတ်သွားနိုင်မည်ဖြစ်ကြောင်း သူတို့အားလုံးက သိထားကြ၏။

“ဂါး.....”

နောက်ဆုံးမှာတော့ လုံစန်း၏ မျက်နှာပေါ်တွင် နာကျင်သော အမူအရာတစ်ခုထွက်ပေါ်လာပြီး သူက စူးစူးဝါးဝါးအော်ဟစ်လိုက်၏။ သူ၏လက်သည်းများမှ သွေးများက စီးကျလာပြီး သူက နောက်သို့ လှန်ကျသွားလေသည်။

ဘန်း....

သူ၏ခန္ဓာကိုယ်သည် ပေအတော်အတန် လွင့်စင်ပြီးမှ တိုက်ပွဲမြေပေါ်သို့ ပြင်းထန်စွာ ပစ်ကျသွား၏။ ဖုန်များက တထောင်းထောင်းထသွားခဲ့လေသည်။

အခြားတစ်ဘက်တွင် ဆူဇီမိုက သူ၏ဒိုင်းကာကို လက်နှစ်ဖက်ဖြင့်ကိုင်ထားပြီး ​ခြေတစ်လှမ်းမှ နောက်ဆုတ်ခြင်းမရှိပေ။

အနိုင်ရရှိသူကို ဆုံးဖြတ်ပြီးသွားလေပြီ။

“လုံ ကျူး က သ ခင် လေး ဖြစ် လာ လိမ့် မယ်...”

လုံစန်းသည် သံရှည်ဆွဲ၍ အော်ဟစ်လိုက်၏။ ထိုစကားကိုပြောပြီးနောက် သူက ဆက်လက်၍ တောင့်မခံနိုင်တော့ဘဲ နေရာမှာပင် သတိလစ်ကျသွား၏။

သူသည် ဒဏ်ရာအပြင်းအထန်ဆက်တိုက်ရရှိထားပြီး ဤအချိန်ထိ တောင့်ခံထားနိုင်ခြင်းမှာ သူ၏အကန့်အသတ်ဖြစ်နေခဲ့လေပြီ။

နဂါးများသည် မလှုပ်မယှက် ရှိနေကြပြီး တိုက်ပွဲမြေအလယ်ရှိ မတ်တတ်ရပ်နေသော ပုံရိပ်ကို အတန်ကြာသည့်အထိ ငေးကြည့်နေကြ၏။

နဂါးမျိုးနွယ်မှ အကြီးအကဲအချို့ပင်လျှင် မယုံကြည်နိုင်ဖြစ်နေကြ၏။

“မင်းတို့က ဘာတွေကို စောင့်နေတာလဲ....”

အပြာရောင်နဂါးမဟာအကြီးကဲက လေးနက်သောအသံဖြင့်ပြောလိုက်၏။

“လုံစန်းကို ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းဆီ ခေါ်သွားပြီး သူ့ကိုမြန်မြန်ကုပေးလိုက်လေ”

လုံစန်းက ရှုံးနိမ့်သွားလျှင်တောင် သူက နဂါးမျိုးနွယ်၏ လက်သည်းငါးဖက်နတ်နဂါးတစ်ကောင်ဖြစ်နေဆဲပင်။

ဆူဇီမိုတစ်ယောက်သာလျှင် သူ၏အထက်မှာရှိပြီး သူ့ကိုဘာမှအဖြစ်မခံနိုင်ပေ။

အပြာရောင်နဂါးအကြီးအကဲအချို့က တစ်ယောက်ပြီးတစ်ယောက် လှုပ်ရှားလာပြီး လုံစန်းကိုသယ်ပိုးကာ ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းဆီသို့ ဦးတည်လိုက်ကြ၏။

“ဒီတိုက်ပွဲနဲ့ပတ်သက်ပြီး ဘာမှသံသယရှိစရာမလိုတော့ဘူး...”

ဦးချိုနဂါးမဟာအကြီးအကဲက ရေရွတ်ပြောဆိုလိုက်၏။

“မမေ့လိုက်နဲ့.... သခင်လေးရဲ့ စွမ်းအားကြီးမားတဲ့ ဓမ္မပညာရပ်နှစ်ခုကို အခုချိန်ထိတောင် မသုံးရသေးဘူး”

အပြာရောင်နဂါးမဟာအကြီးကဲက ပြောလိုက်၏။

“ငါ့အထင်တော့.... အဲ့ဒီဓမ္မပညာရပ်နှစ်ခုအပြင် သူ့မှာ နောက်ထပ်ဝှက်ဖဲတွေရှိနေသေးတယ်.... အနည်းဆုံးတော့ သူက သူ့ရဲ့နတ်ဖီးနစ်အရိုးကို မထုတ်ဖော်ခဲ့ဘူး”

“ခင်ဗျားတို့တွေ... ဘာလို့အဲ့လောက်ထိ စကားတွေများနေကြတာလဲ... ခင်ဗျားတို့လုပ်စရာရှိတာ လုပ်ရဦးမယ်လေ”

ဦးချိုနဂါးမဟာအကြီးအကဲက လောဆော်လိုက်၏။

မဟာအကြီးအကဲ ၅ ယောက်သည် စိတ်အားမာန်တက်ကြွနေပြီး အပြုံးများနှင့်အတူ အကြည့်ချင်းဖလှယ်လိုက်ကြ၏။

အပြာရောင်နဂါးမဟာအကြီးကဲက ကြေညာလိုက်လေသည်။

“အားလုံးပဲ.... အခမ်းအနားပွဲကို ဆက်လက်ပြီးကျင်းပကြမယ်... ဒါပေမယ့် ငါတို့ရဲ့သခင်လေးကိုတော့ ဆုံးဖြတ်ပြီးသွားခဲ့ပြီ... ကန့်ကွက်ချင်တဲ့သူ ဘယ်သူရှိသေးလဲ”

“မရှိပါဘူး.....”

ခဏမျှရပ်တန့်ပြီးနောက် နဂါးများက အော်ဟစ်အားပေးလိုက်ကြ၏။

သူတို့ကြားတွင် မီးပဒေသာနဂါးမျိုးရိုး၏ အော်ဟစ်သံက အကျယ်ဆုံးဖြစ်ပြီး သူတို့၏ အမူအရာများက စိတ်လှုပ်ရှားတက်ကြွနေကြ၏။

နဂါးများသည် ခွန်အားကသာအရာရာဟု ယုံကြည်ကြ၏။

ဆူဖီမိုက လုံစန်းကို အနိုင်ယူနိုင်သည်ဆိုလျှင် သူသည် နဂါးမျိုးနွယ်၏ သခင်လေးဖြစ်လာမည်ဖြစ်ပြီး ဘယ်သူကမှ သူ့ကိုမေးခွန်းထုတ်ကြတော့မည် မဟုတ်ပေ။

“ဟုတ်ပြီလေ....”

အပြာရောင်နဂါးမဟာအကြီးကဲက ခေါင်းညိတ်လိုက်၏။

“လုံကျူးက... သူ့ရဲ့ နဂိုနာမည် လုံမိုအဖြစ် ပြန်ပြောင်းသွားမယ်... သူက မျိုးရိုးငါးခုကို ဦးဆောင်ဖို့အတွက် ငါတို့မျိုးနွယ်ရဲ့ သခင်လေးဖြစ်လာမယ်”

“သခင်လေး..... သခင်လေး.... သခင်လေး....”

မျိုးရိုးငါးခုမှနဂါးများသည် သံပြိုင်အော်ဟစ်အားပေးလိုက်ကြ၏။

နဂါးသွေးတိုက်ပွဲမြေမှာ မတ်တတ်ရပ်ရင်း ဆူဇီမိုသည် သူ၏ဘေးပတ်လည်ကို ထောက်လှမ်းကြည့်ရှုကာ ထိုအခိုက်အတန့်၌ ပျော်ရွှင်ပီတိဖြာ၍ စိတ်လှုပ်ရှားလာခဲ့၏။

ဓမ္မဝိသေသအဆင့်သို့ ဝင်ရောက်ပြီးနောက် သူ၏တိုက်ခိုက်ရည်ခွန်အားက ဆပွားများစွာတိုးလာခဲ့ပြီး သူ၏ဝှက်ဖဲများစွာနှင့်အတူ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များကိုပင် သတ်ဖြတ်လာနိုင်၏။

တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးတစ်ယောက်နှင့် ရင်ဆိုင်ရလျှင်တောင် သူက သူ့ကိုယ်သူကာကွယ်နိုင်စွမ်းရှိလာခဲ့လေပြီ...။

သူသည် တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးတစ်ယောက်၏ တိုက်ခိုက်မှုဖြင့် သူ၏ခန္ဓာကိုယ် ပျက်စီးသွားပြီးနောက် သေလုမျောပါးပုံစံဖြင့် ရှင်သန်ခဲ့ရသော လွန်ခဲ့သည့်ဆယ်နှစ်ကနှင့် လုံးဝမတူတော့ပေ။ မသိလိုက်မသိဘာသာနှင့်ပင် သူက ဤနေရာအထိ ရောက်ရှိလာခဲ့လေပြီ...။

သူ့ကျင့်ကြံမှု၏ ဤအဆင့်အထိ သူသည် လမ်းခရီးတစ်လျှောက်တွင် မရေမတွက်နိုင်သော အန္တရာယ်ပေါင်းစုံကို တွေ့ကြုံခဲ့ရ၏။ သူလျှောက်သော လမ်းကြောင်းသည် အလွန်တရာအန္တရာယ်များ ချောက်ချားဖွယ်ရာကောင်းသော အဆုံးမဲ့သည့် ချောက်နက်တစ်ခုနှင့်တူလေသည်။

သူမကို မထိတွေ့နိုင်သေးသော်လည်း သူသည် သူ့မှတ်ဉာဏ်များထဲရှိ ထိုပုံရိပ်နှင့် ခြေတစ်လှမ်းပို၍ နီးလာပြီဟု ခံစားရ၏။

“အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်က ဘာတွေလုပ်နေမလဲ... သူက ဓမ္မဝိသေသအဆင့်ကို ဝင်ရောက်ဖို့အတွက် အခွင့်အလမ်းတစ်ခုခုကို ဖမ်းဆုပ်မိပြီလား ငါသိချင်တယ်”

ဆူဇီမိုက တီးတိုးရေရွတ်လိုက်၏။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်က တာအိုအမွေအနှစ်ကုန်းမြေသို့ ဝင်ရောက်သွားသည်ကို သူကမသိရှိသေးပေ။

ထိုအခိုက်အတန့်တွင် တိုက်ပွဲက ပြီးဆုံးသွားပြီဖြစ်ပြီး သူက အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်နှင့် စတင်ဆက်သွယ်ဖို့ ကြိုးစားလိုက်၏။

All Chapters