← Chapters

သိုင်းတာအို၏ အသွင်ပြောင်းလဲခြင်း ၉ ရပ်

Vol. 81 Ch. 1215

သိုင်းတာအို၏ အသွင်ပြောင်းလဲခြင်း ၉ ရပ်

Vol. 81 Ch. 1215

ရွှေရောင်စာလုံး ၈၁ ခုသည် အလွန်တရာ လျှို့ဝှက်ဆန်းကြယ်သော်လည်း ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များနှင့် တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးပညာရှင်များပင်လျှင် သူတို့ထံမှ တစ်စုံတစ်ရာကို မဖော်ထုတ်နိုင်ကြပေ။

“စိတ်ဝိညာဥ်ရင်းမြစ်ရှိတဲ့သူတွေက ချီစုဖွဲ့အဆင့်နှင့် အခြေတည်အဆင့်တွေကို တက်လှမ်းဖို့အတွက် ကောင်းကင်နဲ့မြေကြီးရဲ့ စိတ်ဝိညာဥ်ချီကို အာရုံခံနိုင်ပြီး သူတို့ရဲ ရွှေအမြုတေကို ဖွဲ့တည်လာနိုင်ကြလိမ့်မယ်...”

ဆူဇီမို၏ အိုမင်းသောအသံက ထျန်ဟွမ်းကုန်းမြေတိုက်ကြီး၏ နေရာတစ်ဝှမ်း ဆက်လက်ထွက်ပေါ်လာခဲ့၏။

ထိုစကားလုံးများသည် ကျင့်​ကြံသူ များအတွက် အခြေခံအသိပညာများဖြစ်ကြ၏။

သို့သော်လည်း သူက အဲ့ဒါကို အများလူထုအတွက် ပြောဆိုပေးနေခြင်းဖြစ်၏။

“စိတ်ဝိညာဥ်ရင်းမြစ်မရှိတဲ့သူတွေက ကောင်းကင်နဲ့မြေကြီး ရဲ့ စိတ်ဝိညာဥ်ချီကို အာရုံမခံနိုင်တဲ့အတွက် တခြားနည်းလမ်းတွေကိုပဲ ရှာဖွေရလိမ့်မယ်... တကယ်တော့ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်က အကန့်အသတ်မဲ့တဲ့ ပါရမီအလားအလာတွေနဲ့ ပြည့်နှက်နေတဲ့ ကြီးမားတဲ့ ရတနာသိုက်တစ်ခုပဲ...”

“သိုင်းသုတ္တန်ရဲ့ အနှစ်သာရက လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို သန့်စင်ဖို့အတွက် လျှို့ဝှက်ပညာရပ်တစ်ခုကို သုံးပြီး အမြုတေတစ်ခု ဖွဲ့တည်ဖို့အတွက် သူ့ရဲ့ ပါရမီအလားအလာကို နှိုးဆွပေးဖို့ပဲ”

ဆူဇီမိုသည် မော်တယ်တစ်ယောက်ဖြစ်ခဲ့သော်လည်း သူသည် အန္တိမသားရဲနတ်ဆိုးကျင့်စဥ်ကို အသုံးပြုကာ သားရဲအတွင်းအမြုတေတစ်ခုကို စုဖွဲ့နိုင်ခဲ့၏။

အင်မော်တယ်ဖြစ်စေ ၊ သားရဲဖြစ်စေ ၊ ဗုဒ္ဓကျင့်ကြံသူဖြစ်စေ ၊ မိစ္ဆာကျင့်ကြံသူဖြစ်စေ အမြုတေဖွဲ့တည်ခြင်းသည် မကျော်လွှားနိုင်သော အဆင့်တစ်ခုဖြစ်ပြီး အရေးကြီးဆုံးအဆင့်များထဲမှ တစ်ခုလည်းဖြစ်၏။ အဲ့ဒါက အလွန်တရာအရေးပါသည့် အပြောင်းအလဲတစ်ရပ်နှင့်တူလေသည်။

အမြုတေတစ်ခုကို ဖွဲ့တည်ပြီးနောက် လူတစ်ယောက်၏ ဘဝသက်တမ်းက နှစ်ငါးရာထိ တိုးမြင့်သွားပေလိမ့်မည်။

ထိုအခိုက်အတန့်တွင် လောကရှိ မော်တယ်များသာမဟုတ်ပေ။ ဂိုဏ်းများစွာမှ ကျင့်ကြံသူများပင်လျှင် သူတို့၏ ကျင့်ကြံမှုအဆင့်များကို ဂရုမထားဘဲ အထီးကျန်သိုင်းသခင်၏ တာအိုသင်ကြားပေးမှုကို နားထောင်နေကြ၏။

“သိုင်းတာအိုက လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကို သန့်စင်ဖို့အတွက် လျှို့ဝှက်အတတ်တွေကို အသုံးပြုရမယ်... အဲ့ဒီမှာစုစုပေါင်း အသွင်ပြောင်းလဲမှု ၉ ရပ်ရှိတယ်... အသွင်ပြောင်းလဲမှုတစ်ခုချင်းစီမှာ တစ်မူထူးခြားတဲ့ အသက်ရှုနည်းလမ်းတွေနဲ့ ခန္ဓာမီးဆေးနည်းစနစ်တွေပါရှိပြီးတော့ အဲ့ဒါက လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို အသွင်ပြောင်းလဲပြီး ပြန်လည်မွေးဖွားလာစေလိမ့်မယ်”

“ကျုပ်က... အဲ့ဒါကို သိုင်းတာအိုရဲ့ အသွင်ပြောင်းလဲခြင်း ၉ ရပ်လို့ နာမည်ပေးလိုက်တယ်”

တကယ်တော့... သိုင်းသုတ္တန်၏ ဤတစ်ဝက်တွင် အင်မော်တယ် ၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများ၏ အနှစ်သာရများနှင့်အတူ ဆူဇီမို၏ ထိုးထွင်းသိမြင်ဉာဏ်များမှတစ်ဆင့် လျှို့ဝှက်အတတ်များစွာပါဝင်လေသည်။

သို့သော်လည်း သူ၏ တီထွင်ကြံဆခြင်းက သူ၏ သားရဲကျင်ဲကြံခြင်းကို စံနမူနာထားခြင်းဖြစ်လေသည်။

ရှေးဟောင်းတိုက်ပွဲမြေမှာ အုတ်ဂူဂိုဏ်း၏ စွမ်းအားကြီးပုဂ္ဂိုလ်ပြောခဲ့သည့်အတိုင်းပင် ဆူဇီမို၏တည်ရှိမှုက တကယ့်ကိုမကြုံစဖူးအံ့မခန်းဖြစ်၏။

သူသည် သားရဲ ၊ အင်မော်တယ် ၊ ဗုဒ္ဓနှင့် မိစ္ဆာတာအိုများကို ကျင့်ကြံထားခဲ့၏။

ထို့ကြောင့်ပင်လျှင် သူက သူ့ကိုယ်ပိုင်တာအိုတစ်ခုကို ဖန်တီးနိုင်ခဲ့ခြင်းဖြစ်၏။

“သိုင်းတာအိုရဲ့ ပထမအသွင်ပြောင်းလဲခြင်း.... နွားရိုင်း ၉ ကောင် ၊ ကျား ၂ ကောင်...”

ထိုသို့သူပြောလိုက်သည့်ခဏမှာပင် ရွှေရောင်စာလုံး ၉ လုံးသည် ကောင်းကင်ထက်မှာ တဖြည်းဖြည်း ပေါ်ထွက်လာပြီး တဖျပ်ဖျပ်တလက်လက်အလင်းများဖြင့် တောက်ပနေ၏။

ရွှေရောင်စာလုံး ၉ ခုသည် သေးငယ်သောလူ ၉ ယောက်အဖြစ် ပြောင်းလဲသွားပြီး မတူညီသော လှုပ်ရှားမှုများကို လေထဲတွင်ထုတ်ဖော်ကာ ဖြည်းဖြည်းချင်း ရပ်တန့်သွား၏။

ထိုစာလုံး ၉ လုံးသည် ပထမအသွင်ပြောင်းလဲခြင်း၏ အသက်ရှုခြင်းလျှို့ဝှက်အတတ်များဖြစ်လေသည်။

ထိုပြုမူလှုပ်ရှားမှု ၉ မျိုးသည် ပထမအသွင်ပြောင်းလဲခြင်း၏ ခန္ဓာမီးဆေးလျှို့ဝှက်အတတ်ဖြစ်၏။

ပထမအသွင်ပြောင်းလဲခြင်းကို ကျွမ်းကျင်ပိုင်နိုင်သွားပြီးနောက် လူတစ်ယောက်သည် သိပ်သည်းကျစ်လျစ်သောခွန်အားကို ပိုင်ဆိုင်လာပေလိမ့်မည်။

“သိုင်းတာအိုရဲ့ ဒုတိယအသွင်ပြောင်းလဲခြင်း.... ချီ ၅ ခု အဆီအနှစ်...”

ဒုတိယအသွင်ပြောင်းလဲခြင်းသည် လူတစ်ယောက်၏ အင်္ဂါများကို သန့်စင်ဖို့ ရည်ရွယ်လေသည်။

လူတစ်ယောက်၏ ခန္ဓာကိုယ်မှ အဓိကအင်္ဂါ ၅ ခုကို မဟာရတနာ ၅ မျိုးဟုခေါ်ဆိုနိုင်ပြီး မမျှော်မှန်းနိုင်သော အလားအလာများကို ပိုင်ဆိုင်ထား၏။

အင်္ဂါ ၅ ခုကို သန့်စင်ခြင်းဖြင့် လူတစ်ယောက်သည် ရတနာ ၅ မျိုးနတ်ဘုရားချီကို စုဖွဲ့လာနိုင်ပြီး သူတို့၏ ဒွာရ ၇ ပေါက်ကို သန့်စင်ရှင်းလင်းလာနိုင်မည်ဖြစ်၏။

သူတို့သည် အံ့ဩစရာကောင်းသော လောကအာရုံ ၊ အမြင်အာရုံနှင့် အကြားအာရုံတို့ကိုပိုင်ဆိုင်လာပြီး သူတို့၏ ခွန်အားကလည်း ပိုမိုသိပ်သည်းကျစ်လျစ်လာပေလိမ့်မည်။

မြင်း ၅ ကောင်ပင်လျှင် သူတို့၏ခန္ဓာကိုယ်ကို ဆွဲယူဆုတ်ဖြဲနိုင်တော့မည် မဟုတ်ပေ။

အန္တိမသားရဲနတ်ဆိုးကျင့်စဥ်တွင် အင်္ဂါသန့်စင်ခြင်းအပိုင်းသည် ပဉ္စမမြောက်အပိုင်းမှသာ စတင်လေသည်။

သို့သော်လည်း ဆူဇီမိုက သိုင်းတာအိုတွင် အင်္ဂါသန့်စင်ခြင်းအပိုင်းကို ရှေ့သို့တိုးလိုက်၏။

သူပြောလိုက်သည့်အချိန်မှာပင် ကောင်းကင်ထက်၌ နောက်ထပ်ရွှေရောင်စာလုံး ၉လုံး ကို ပေါ်ထွက်လာစေပြီး အလင်းတန်းများဖြင့် တောက်ပကာ မတူညီသော လှုပ်ရှားကွက်များကို ထုတ်ဖော်လိုက်၏။

“သိုင်းတာအိုရဲ့ တတိယမြောက်အသွင်ပြောင်းလဲခြင်း.... ကြေးအရေပြား သံမဏိအရိုး....”

ဤအသွင်ပြောင်းလဲခြင်းက အရေပြားနှင့်အရိုးပေါ်မှာ အာရုံစိုက်ထားလေသည်။ အဲ့ဒါကို ကျွမ်းကျင်ပိုင်နိုင်ပြီးနောက် လူတစ်ယောက်သည် လက်နက်များ ၊ မီးနှင့် ရေတို့ကို မှုစရာမလိုတော့ပေ။

ကောင်းကင်ထက်တွင် ရွှေရောင်စာလုံး ၉ လုံးသည် တစ်ဖန်တောက်ပလာပြီး လူသားသွင်ပြင်ကိုယူကာ ခန္ဓာမီးဆေးလျှို့ဝှက်အတတ် ၉ ခုကို သရုပ်ဖော်ပြလိုက်၏။

“သိုင်းတာအိုရဲ့ စတုတ္ထမြောက်အသွင်ပြောင်းလဲခြင်း... အကျုံ့အဆန့် အရွတ်အရိုး...”

ဤအသွင်ပြောင်းလဲခြင်းကို ကျွမ်းကျင်ပိုင်နိုင်ချိန်၌ သူတို့သည် လူတစ်ယောက်၏ ကြွက်သားများကို လိုသလိုပြောင်းလဲလာနိုင်ပြီး သူတို့၏အရွတ်များနှင့်အရိုးများကို ကျုံ့နိုင်ဆန့်နိုင်လာမည်ဖြစ်၏။

သူတို့၏ သွင်ပြင်ကို ​ပြောင်းလဲလာနိုင်ပြီး သူတို့က အရပ်ရှည်နိုင် ၊ သန်မာလာနိုင် ၊ ပိန်းပါးလာနိုင်မည်ဖြစ်၏။

“သိုင်းတာအိုရဲ့ ပဉ္စမမြောက်အသွင်ပြောင်းလဲခြင်း.... ခဲပြဒါးစပ်သွေး...”

ပဉ္စမမြောက်အသွင်ပြောင်းလဲခြင်းသည် ခြင်ဆီကိုရှင်းလင်းပြီး သွေးကိုဖလှယ်ရခြင်းဖြစ်၏။

မျိုးဆက်သွေးသည် စွမ်းအားကြီးမားစွာ စုဖွဲ့လာပြီး လူတစ်ယောက်၏ ခန္ဓာကိုယ်ထဲတွင် ခဲသတ္တုစပ်ရည်ကဲ့သို့ တဖြည်းဖြည်းစီးဆင်းလာမည်ဖြစ်၏။

သူတို့၏ အရိုးများသည် နှင်းကဲ့သို့ဖြူစွတ်လာပြီး မည်သည့်အညစ်အကြေးမှမရှိဘဲ အပြစ်ဆိုစရာကင်းမဲ့လာမည်ဖြစ်၏။

ဤအသွင်ပြောင်းလဲခြင်းကို ကျွမ်းကျင်ပိုင်နိုင်ပြီးနောက် လူတစ်ယောက်သည် သတ္တုပြဒါးစပ်သွေးကို ပိုင်ဆိုင်လာပေလိမ့်မည်။ ၎င်း၏ ပကတိအဆင့်၌ ဆူနာမီသွေးဖြစ်ပေါ်လာပေလိမ့်မည်။

သို့သော်လည်း မော်တယ်များအတွက်သာမဟုတ်ပေ။ ကျင့်ကြံသူများအတွက်ပင်လျှင် ​ဆူနာမီသွေးအဆင့်ကို ကျင့်ကြံနိုင်ဖို့က အလွန်တရာ ခက်ခဲလေသည်။

ဒါ့အပြင် သိုင်းသုတ္တန်မှာ လူတစ်ယောက်သည် ခဲသတ္တုစပ်သွေးအဆင့်ကို ကျင့်ကြံပြီးမှသာလျှင် နောက်ထပ်အသွင်ပြောင်းလဲမှုသို့ ဆက်လက်တက်လှမ်းနိုင်မည်ဖြစ်၏။

“သိုင်းတာအိုရဲ့ ဆဋ္ဌမမြောက်အသွင်ပြောင်းလဲခြင်း သွေးချီရွှေအမြုတေ....”

သူတို့၏ အင်္ဂါများကို သန့်စင်၍ သူတို့၏ခြင်ဆီများမှတစ်ဆင့် သွေးများကိုဖလှယ်ပြီးနောက် လူတစ်ယောက်၏သွေးချီသည် ကြမ်းတမ်းခက်ထန်လာပြီး သူတို့၏ ဒါန်ထျန်ထဲတွင် သွေးချီရွှေအမြုတေတစ်ခုကို နောက်ဆုံးမှာ စုဆုံဖွဲ့တည်လာနိုင်မည်ဖြစ်၏။

ထိုအခါသူတို့က ရွှေအမြုတေအဆင့်သို့ တရားဝင်တက်လှမ်းသွားပေလိမ့်မည်။

ကောင်းကင်ထက်တွင် ရွှေရောင်ပုံရိပ် ၉ ခုက မတူညီသောကိုယ်ဟန်များဖြင့် သူတို့၏သွေးချီများကို ပွေ့ဖက်ထိန်းချုပ်ပြီး နောက်ဆုံးမှာ ရွှေအမြုတေတစ်ခုကို သိပ်သည်းစုဖွဲ့လာစေ၏။

. . . . .

“ကောင်းတယ်ကွာ... ကောင်းတယ်... ကောင်းတယ်”

ပဟေဠိနန်းတော်တွင် ကွန်းဖြူးရှပ်သရဖူဆောင်းထားသော အဖိုးအိုတစ်ယောက်သည် တုန်လှုပ်နေ​သော အမူအရာဖြင့် ထပ်တလဲလဲ ခေါင်းညိတ်လိုက်၏။

သူ၏ အမြင်အာရုံနှင့်ပင်လျှင် ထိုပြုမူလှုပ်ရှားကွက်များ၏ နောက်ကွယ်မှ သိမ်မွေ့နက်နဲဆန်းကြယ်မှုကို အချိန်တိုအတွင်း နားလည်သဘောပေါက်နိုင်ဖို့ ခက်ခဲလေသည်။

သို့သော်လည်း လူတစ်ယောက်သည် ထိုနည်းစနစ်များကို ကျင့်ကြံပြီး လုံလောက်သည့် ပါရမီအလားအလာရှိလျှင် စိတ်ဝိညာဥ်ရင်းမြစ်မရှိသော ထိုမော်တယ်များသည် သိုင်းသုတ္တန်၏ ဤတစ်ပိုင်းကို အသုံးချပြီး အမြုတေတစ်ခုကို သေချာပေါက် ဖွဲ့တည်လာနိုင်မည်ဖြစ်ကြောင်း အဖိုးအိုက ရှင်းလင်းစွာပြောနိုင်၏။

အမြုတေတစ်ခုကို ဖွဲ့တည်ပြီးနောက် လမ်းကြောင်းများအားလုံးသည် တူညီသောအမှတ်တစ်ခုမှာ စုဆုံလာပေလိမ့်မည်။

ရွှေအမြုတေတစ်ခု ဖွဲ့တည်ထားသောသူကို မည်သည့်ဂိုဏ်းကမှ ငြင်းပယ်တော့မည် မဟုတ်ပေ။

အဲ့ဒီမှာ သိုင်းသုတ္တန်တစ်ပိုင်းသာရှိသေးသော်လည်း မည်သည့်မော်တယ်မဆို သိုင်းတာအို၏ ဆဋ္ဌမ​မြောက်အသွင်းပြောင်းလဲခြင်းကို ကျင့်ကြံပြီးနောက် သူတို့သည် စိတ်ဝိညာဥ်သန့်စင်နည်းစနစ်များကို ဆက်လက်ကျင့်ကြံဖို့အတွက် မည်သည့်ဂိုဏ်းကိုမဆို ဝင်ရောက်နိုင်ပေလိမ့်မည်။

အမြုတေတစ်ခု ဖွဲ့တည်ပြီးသည်နှင့် လူတစ်ယောက်သည် သူတို့၏ ကျင့်ကြံမှုအတွက် စိတ်ဝိညာဥ်ရင်းမြစ်အပေါ် မှီခိုအားထားစရာမလိုတော့ပေ။

ဆူဇီမို၏ ကျင့်ကြံခြင်းနည်းစနစ်သည် မူလနတ္ထိအဆင့်မှာသာဖြစ်၍ အမြုတေတစ်ခုဖွဲ့တည်ဖို့အတွက် လိုအပ်သော ကျင့်ကြံရေးနည်စနစ်များနှင့် လျှို့ဝှက်အတတ်များကို ကောက်ချတ်ချ အဖြေထုတ်နိုင်ခြင်းက သူ၏အကန့်အသတ်ဖြစ်နေခဲ့လေပြီ...။

အဲ့ဒါကြောင့် သိုင်းသုတ္တန်က တစ်ဝက်သာလျှင် ထွက်ပေါ်လာခဲ့ခြင်းဖြစ်၏။

“သိုင်းတာအိုရဲ့ သတ္တမမြောက်အသွင်ပြောင်းလဲခြင်း.... ကြယ်တာရာနင်းချေခြင်း....”

အဲ့ဒီနောက် ကျင့်ကြံခြင်း၏ ခက်ခဲမှုက အဆများစွာတိုးလာပြီး လူတစ်သောင်းမှာပင်လျှင် တစ်ယောက်အောင်မြင်အောင်ကျင့်ကြံဖို့ လွယ်ကူတော့မည်မဟုတ်ပေ။

တကယ်တော့... ထိုကျင့်ကြံခြင်းမှာ အောင်မြင်သွားလျှင် သူတို့၏ တိုက်ခိုက်ရေးခွန်အားကလည်း အဆများစွာတိုးလာပေလိမ့်မည်။

“သိုင်းတာအိုရဲ့ အဋ္ဌမမြောက်အသွင်ပြောင်းလဲခြင်း... မဖျက်ဆီးနိုင်သောစိန်...”

ဤအသွင်ပြောင်းလဲခြင်းက ပို၍ပင်ကြောက်စရာကောင်း၏။

အဲ့ဒါသည် အမြုတေဖွဲ့တည်ခြင်းအဆင့်ကို မကျော်လွန်သေးသော်လည်း လူတစ်ယောက်၏ ခန္ဓာကိုယ်သည် စိန်ကဲ့သို့ မဖျက်ဆီးနိုင်တော့ဘဲ သိပ်သည်းပြင်းထန်သော မျိုးဆက်သွေးနှင့်အတူ တုန်လှုပ်စရာကောင်းသော ပြန်လည်ကုသနိုင်စွမ်းကို ပိုင်ဆိုင်လာမည်ဖြစ်၏။

“သိုင်းတာအိုရဲ့ နဝမမြောက်အသွင်ပြောင်းလဲခြင်း.... နဂါးဆင်ခွန်အား...”

အဲ့ဒါသည် သိုင်းတာအို၏ နောက်ဆုံးအသွင်ပြောင်းလဲခြင်းဖြစ်၏။

၎င်း၏ အထွတ်အထိပ်၌ လူတစ်ယောက်၏ ခွန်အားသည် နတ်နဂါးတစ်ကောင် ၊ ဆင်တစ်ကောင်တို့နှင့် ယှဥ်နိုင်လာပေလိမ့်မည်။

သိုင်းတာအို၏ အသွင်ပြောင်းလဲမှု ၉ ရပ်စလုံးမှာပင်လျှင် အဲ့ဒါက အမြုတေဖွဲ့တည်ခြင်း သို့မဟုတ် ရွှေအမြုတေအဆင့်ကို မကျော်လွန်သေးပေ။

ကျင့်ကြံသူတစ်ယောက်အတွက် ရွှေအမြုတေအဆင့်မှာပင် နတ်နဂါးတစ်ကောင်နှင့် ဆင်တစ်ကောင်တို့၏ စွမ်းအားကိုပိုင်ဆိုင်လာမည်မှာ ဘယ်လောက်တောင်ကြောက်စရာကောင်းလိုက်သလဲ...။

လေထဲတွင် ပြသခဲ့သော နောက်ဆုံးရွှေရောင်စာလုံး ၉ ခုသည် တဖြည်းဖြည်းချင်း ရပ်တန့်သွား၏။

ရွှေရောင်စာလုံး ၉ လုံးသည် သေးငယ်သောရွှေရောင်ပုံရိပ် ၉ ခုအဖြစ် အသွင်ပြောင်းလဲသွားပြီး လေထဲမှာ မတ်တတ်ရပ်နေကြ၏။

သူတို့က ထာဝရတည်တံ့သည်ဟုထင်ရသော အရောင်အဝါဖြင့် တောက်ပနေကြ၏။

ထိုနေရာအရောက်တွင် ဆူဇီမိုက ရပ်တန့်ပြီး အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ ဆက်ပြောလိုက်၏။

“အသွင်ပြောင်းလဲခြင်း ၉ ရပ်မှာ နောက်ဆုံး ၃ ပိုင်းက အရမ်းကိုခက်ခဲတဲ့အတွက် အတင်းအကျပ်ဖိအားပေးလို့မရဘူး... ခင်ဗျားတို့က ဆက်လက်ပြီးတော့ တခြားကျင့်ကြံခြင်းနည်းစနစ်တွေကို ကျင့်ကြံချင်တယ်ဆိုရင် ဆဋ္ဌမမြောက်အသွင်ပြောင်းလဲခြင်းကို ကျင့်ကြံပြီးတာနဲ့ အမြုတေစိတ်ဝိညာဥ်တစ်ခုကို စုဖွဲ့နိုင်ဖို့လုံလောက်တယ်...”

. . . . .

“တကယ့်ကို အံ့မခန်း.. မယုံကြည်နိုင်စရာပါပဲလား...”

အသွန်းတစ်ရာဂိုဏ်းတွင်.... စွမ်းအားကြီးပုဂ္ဂိုလ်အဆုံးစွန်မီးက တုန်လှုပ်နေပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။

“သိုင်းသုတ္တန်ရဲ့ ဒီတစ်ဝက်မှာပါဝင်တဲ့ သိုင်းစွမ်းအားတွေက တကယ့်ကို ဆန်းကြယ်နက်နဲတယ်လို့ ငါခံစားရတယ်... ငါတောင်မှ အဲ့ဒါကို မျှော်မှန်းတမ်းတမိတယ်... ငါသာ အသစ်တစ်ဖန်ထပ်ပြီး ကျင့်ကြံနိုင်မယ်ဆိုရင် ဒီသိုင်းတာအိုကို ကျင့်ကြံမှာပဲ...”

“ဒီလိုတာအိုတစ်ခုကို ဖန်တီးလိုက်တဲ့ အကျိုးဆောင်မှုက ထာဝရလူသားဧကရာဇ်နဲ့တောင် ယှဥ်နိုင်နေပြီ...”

နောက်ထပ်စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်က ရေရွတ်ပြောဆိုလိုက်၏။

စွမ်းအားကြီးပုဂ္ဂိုလ်အဆုံးစွန်မီးက ပြောလိုက်လေသည်။

“အထူးခြားဆုံးနဲ့ အရှားပါးဆုံးကတော့... ဇီမိုက အဲ့ဒါကို လုံးဝထိန်ချန်ခြင်းမရှိဘဲနဲ့ ဒီသိုင်းသုတ္တန်တစ်ဝက်ကို တစ်လောကလုံးကို ဖြန့်ဝေပေးခဲ့တာပဲ... ဒီလိုသဘောထားကြီးမြတ်မှုကို ကျုပ်တော့မယှဥ်နိုင်ဘူး”

ကျင့်ကြံရေးလောကတွင် မည်သူမဆို သူတို့မှာရှိသည့် ကျင့်ကြံရေးနည်းစနစ်များနှင့် ကျင့်ကြံခြင်းအမြင်များကို အလွယ်တကူမျှဝေသင်ကြားပေးလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ဆူဇီမိုသည် ဤသိုင်းသုတ္တန်တစ်ဝက်ကို မမောနိုင်မပန်းနိုင်ကောက်ချတ်ချအဖြေထုတ်နိုင်ဖို့အတွက် နှစ်ငါးထောင်ကြာအောင် အချိန်ယူခဲ့ရလေသည်။ ယခုသူက အဲ့ဒါကို လုံးဝခြွင်းချန်ခြင်းမရှိဘဲ တစ်လောကလုံးကို မျှဝေ၊ ဖြန့်ဝေပေးနေ၏။

‘အထီးကျန်သိုင်းသခင်က တာအိုတစ်ခုကို တည်ဆောက်ပြီး သက်ရှိအားလုံးကို သိုင်းတာအိုသင်ကြားပေးချင်တယ်...’

အထီးကျန်သိုင်းသခင်က သူ၏တာအိုကိုသင်ကြားပေးပြီး တစ်လောကလုံးအတွက် ကောင်းချီးများကို ဆောင်ကျဉ်းပေးလာခဲ့လေပြီ။

All Chapters