← Chapters

ရွှီချင်းက မင်းရဲ့ညီ မဟုတ်လား

Vol. 74 Ch. 1142

ရွှီချင်းက မင်းရဲ့ညီ မဟုတ်လား

Vol. 74 Ch. 1142

အကယ်၍ တခြားအချိန်မှာသာဆိုလျှင် သန့်စင်ရေလှိုင်းအမတ်ချုပ်ကြီးသည် ဤကဲ့သို့ ထီးနန်းအရိုက်အရာတိုက်ပွဲမှာ သေချာပေါက် ပါဝင်လိမ့်မည် မဟုတ်ချေ။

မည်သည့်ခေတ်ကို ရောက်ရှိပါစေ သို့မဟုတ် မည်သည့်မျိုးနွယ်မှာမဆို ထီးနန်းအရိုက်အရာတိုက်ပွဲသည် ပြန်လမ်းမရှိသော အလောင်းအစားတစ်ခု ဖြစ်သည်။ အောင်မြင်မှုသည် အဆုံးမရှိ‌သော ဂုဏ်ကျက်သရေကို ပိုင်ဆိုင်နိုင်စေလိမ့်မည်။ သို့သော်လည်း ကျရှုံးမှုသည် ပြန်မပြင်နိုင်သော ကပ်ဘေးကို ဖြစ်ပေါ်စေလိမ့်မည်။

ထို့ကြောင့် သန့်စင်ရေလှိုင်းအမတ်ချုပ်ကြီးအတွက် လွတ်လပ်စွာ ကြားနေခြင်းသည် အကောင်းဆုံး ရွေးချယ်မှုဖြစ်ပေသည်။

သို့သော်လည်း ယခု သူက ထိုသို့မလုပ်ဆောင်နိုင်ပေ။

ဖုန်းဟိုင်ဒေသငယ်သည် သန့်စင်ရေလှိုင်းဒေသကြီးကို ကိုယ်စားပြုပြီးပြီ ဖြစ်သည်။ သို့ဖြစ်၍ ယခုအချိန်ကျမှ သူက ဘေးထွက်နေရန် မဖြစ်နိုင်တော့ပေ။ ထို့ပြင် သန့်စင်ရေလှိုင်းဒေသကြီးသည် လပူဇော်ဒေသကြီးနှင့် နယ်နိမိတ်ထိစပ်နေသည်။

ထို့ကြောင့် ဖုန်းဟိုင်ဒေသငယ်နှင့် ပူးပေါင်းရုံမှလွဲပြီး သူ့မှာ တခြားရွေးချယ်စရာ မရှိပေ။

ဘုရင်ထျန်းလန်သည်ပင် ဤနေရာမှာ သေဆုံးသွားခဲ့ရသည်။

‘ ဒါကြောင့်လည်း ဖုန်းဟိုင်ဒေသငယ်က အရမ်းရဲတင်းလွန်းနေတာ… တကယ်လို့ တခြားအချိန်မှာသာ ကောင်းကင်ဘုရင်တစ်ပါး သေဆုံးသွားမယ်ဆိုရင် အဲ့ဒီကိစ္စက ကြီးမားတဲ့ ဂယက်ထမှုကို သေချာပေါက် ဖြစ်ပေါ်စေလိမ့်မယ်… ဒါပေမဲ့ လက်ရှိအချိန်မှာ လပူဇော်ဒေသကြီးရဲ့ ကိစ္စက ဘေးပတ်ပတ်လည်က မျိုးနွယ်စုကြီးတွေကို ထိတ်လန့်တုန်လှုပ်သွားစေဖို့ လုံလောက်တယ်… လူသားဧကရာဇ်တောင် အဲ့ဒီသတင်းကြားပြီးရင် မဆင်မခြင် ပြုလုပ်ရဲမှာ မဟုတ်ဘူး ’

‘ ပြီးတော့ ဒီကိစ္စကို ထီးနန်းအရိုက်အရာတိုက်ပွဲအတွက် တစ်စိတ်တစ်ပိုင်းဖြစ်တယ်ဆိုပြီး လူသားဧကရာဇ်နဲ့ နန်းမြို့တော်ဆီ လျှောက်တင်ချက်ပေးလို့ ရတယ်… အဲ့ဒါဆိုရင် ကောင်းကင်ဘုရင်ရဲ့ သေဆုံးမှုက ကြီးမားတဲ့ အရေးကိစ္စမဟုတ်တော့ဘူး ’

‘ အဲ့ဒါဆိုရင် ဖုန်းဟိုင်ဒေသငယ်နဲ့ ဘုရင်ထျန်းလန်ကြားက တိုက်ပွဲကနေ မင်းသားဆယ့်နှစ်နဲ့ သတ္တမမင်းသားကြားက တိုက်ပွဲအဖြစ် ပြောင်းသွားလိမ့်မယ်… မင်းသားတွေကြားက တိုက်ပွဲက တော်ဝင်မိသားစုရဲ့ အရေးကိစ္စဖြစ်လာလိမ့်မယ် ’

‘ ဖုန်းဟိုင်ဒေသငယ်မှာ ပညာရှိတစ်ယောက်ရှိတယ် ’

အမတ်ချုပ်ကြီးသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး အညံ့ခံရန် ရွေးချယ်လိုက်သည်။

သူ၏ ပါဝင်လာမှုနှင့်အတူ သန့်စင်ရေလှိုင်းဒေသကြီးတစ်ခုလုံးသည် လုံးဝစည်းလုံးညီညွတ်သွားသည်။

ဤအခိုက်အတန့်မှာ ဖုန်းဟိုင်ဒေသငယ်သည် သန့်စင်ရေလှိုင်းဒေသကြီး၏ အဓိကအမြူတေ ဖြစ်လာသည်။ ဒေသကြီးအတွင်းမှ အင်အားစုအားလုံးနှင့် မျိုးနွယ်စုအားလုံးမှာ ခုခံတားဆီးနိုင်သော စွမ်းရည်မရှိကြတော့သလို သူတို့ဆီမှာ တော်လှန်ပုန်ကန်ချင်သော အတွေး နည်းနည်းလေးမှ မရှိကြတော့ပေ။

အကြွင်းမဲ့ခွန်အားဖြင့် ရင်ဆိုင်ရသည့်အခါ အညံ့ခံခြင်းသည် တစ်ခုတည်းသော ရွေးချယ်စရာဖြစ်သည်။

ထို့ပြင် ဖုန်းဟိုင်ဒေသငယ်သည် စစ်သည်တော်ဆယ်သန်းပါဝင်သော စစ်တပ်ကို ထိန်းချုပ်ထားနိုင်ပြီး သန့်စင်ရေလှိုင်းအမတ်ချုပ်ကြီး၏ ထောက်ခံမှုကို ရရှိထားသည်။ ထိုသို့အင်အားက ဖုန်းဟိုင်ဒေသငယ်ကို အထွတ်အထိပ်သို့ ရောက်ရှိသွားစေသည်။

ရွှီချင်းသည်တော့ သူ၏ အဆင့်အတန်းက မြင့်တတ်သွားပြီး သန့်စင်ရေလှိုင်းဒေသကြီး၏ အထွတ်အထိပ်မှာ ရပ်တည်နိုင်သွားသည်။

ချက်ချင်းဆိုသလို အမိန့်တော်တစ်ခုသည် ဖုန်းဟိုင်ဒေသငယ်မှ အစပြု၍ ဒေသကြီးတစ်ခုလုံးထံသို့ ပျံ့နှံ့သွားသည်။

“ မျိုးနွယ်စုအားလုံးနဲ့ ဂိုဏ်းတော်အားလုံး ဆင့်ခေါ်မိန့်ကို နာခံရမယ်… ကောင်းကင်နက်မျိုးနွယ်နဲ့ စစ်ပွဲက နောက်တစ်ကြိမ် ပြန်စတင်မယ် ”

ထိုအမိန့်တော်ကို ထုတ်ပြန်လိုက်သည်နှင့်ချက်ချင်း ဒေသကြီးအတွင်းမှ ဂိုဏ်းတော်အသီးသီးနှင့် မျိုးနွယ်စုအများပြားသည် ချက်ချင်း လိုက်နာဆောင်ရွက်ကြသည်။

အကယ်၍ တခြားအချိန်မှာသာဆိုလျှင် သန့်စင်ရေလှိုင်းအမတ်ချုပ်ကြီးသည် ထိုအမိန့်တော်ကို အထင်သေးရှုံ့ချလိမ့်မည်။ သို့သော်လည်း လပူဇော်ဒေသကြီးမှ ကိစ္စများနှင့် အဆင့်မြင့်နတ်ဘုရား နီလာနတ်သမီးက တိုက်ပွဲမှာ အမှန်တကယ် သေဆုံးသွားကြောင်း သူသိထားသည်။

ထို့ပြင် ရွှီချင်းသည် ထိုတိုက်ပွဲမှာ ပါဝင်ခဲ့သည်။

သို့ဖြစ်၍ ယခု သူက ရွှီချင်းကို မည်သို့ကြောင့် အထင်သေးဝံ့မည်နည်း။

သူက ရွှီချင်းကို အထင်မသေးသည့်အပြင် ရွှီချင်း၏ ပုံရိပ်သည် သူ၏ စိတ်ထဲမှာ လျှို့ဝှက်ဆန်းကြယ်မှုများနှင့် ပြည့်နှက်နေသည်။

အဘယ့်ကြောင့် ဝိညာဉ်သိုက်အဆင့် ကျင့်ကြံသူတစ်ယောက်က လူထောင်သောင်းချီ၏ ချီးကျူးလေးစားခြင်းခံရကြောင်း သူနားမလည်နိုင်ပေ။

“ ပုံမှန်မဟုတ်တဲ့ ဒီကိစ္စမှာ အကြောင်းအရင်းတစ်ခု သေချာပေါက် ရှိရမယ်… ဒီရွှီချင်းက… လုံးဝသာမန်မဟုတ်ဘူး ”

ထို့ကြောင့် သူ၏ တုံ့ပြန်မှုသည် အလွန်မြန်ဆန်သည်။ သူ့စစ်တပ်၏ (၈၀)ရာခိုင်နှုန်းသည် ဤစစ်ပွဲမှာ ပါဝင်ရန် ရွှေ့ပြောင်းသွားကြသည်။

ထိုသို့ဖြင့် အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ သန့်စင်ရေလှိုင်းဒေသကြီးက စည်းလုံးညီညွတ်သွားပြီးနောက် ဂိုဏ်းတော်အသီးသီးနှင့် မျိုးနွယ်စုအများအပြားမှ ကျင့်ကြံသူများသည် ရှေ့တန်းစစ်မြေပြင်ဆီသို့ ချီတတ်သွားကြသည်။ သတ္တမသခင်ကြီး၊ အမတ်ယောင်နှင့် တခြားလူများသည် သူတို့၏ မူလအစီအစဉ်အတိုင်း ဆက်လက် ဆောင်ရွက်ကြသည်။

နောက်တစ်ကြိမ် စစ်ပွဲစတင်သည့်အချိန်မှာ…

လပူဇော်ဒေသကြီးမှ သတင်းသည် အလျှင်အမြန် ပျံ့နှံ့သွားသည်။

ထိုသတင်း အလျှင်အမြန် ပျံ့နှံ့သွားရသည့် အကြောင်းအရင်းမှာ အနီရောင်လ၏ ပျောက်ကွယ်သွားမှုကို တခြားအင်အားစုများက တဖြည်းဖြည်း ရှာတွေ့သွားသောကြောင့် ဖြစ်သည်။ သို့သော်လည်း အဓိကအရေးကြီးဆုံးမှာ လပူဇော်ဒေသကြီးက အနယ်နယ်အရပ်ရပ်ဆီသို့ ပေးပို့လာခဲ့သော ကျောက်စိမ်းပြားများကြောင့် ဖြစ်သည်။

ထိုကျောက်စိမ်းပြားထဲမှ အချက်အလက်များကို ရေးသားသူသည် အိမ်ရှေ့စံမင်းသားဖြစ်သည်။ သူက လပူဇော်ဒေသကြီးမှ အခြေအနေကို ဝမ်ကူးကုန်းမြေတစ်ခုလုံးသို့ အသိပေးလိုက်သည်။

လူသားမျိုးနွယ်ဖြစ်စေ သို့မဟုတ် တခြားမျိုးနွယ်များဖြစ်စေ အများစုသည် အိမ်ရှေ့စံမင်းသား၏ ကျောက်စိမ်းပြားကို လက်ခံရရှိခဲ့ကြသည်။

ထိုကျောက်စိမ်းပြားထဲမှာ လပူဇော်ဒေသကြီး၏ အခြေအနေ၊ နီလာနတ်သမီး၏ သေဆုံးမှုနှင့် လပူဇော်အုပ်ချုပ်သူ၏ ပြန်လည်ရှင်သန်မှုတို့ ပါဝင်သည်။

ထိုကိစ္စသည် မျိုးနွယ်စုအများအပြားနှင့် ဝမ်ကူးကုန်းမြေတစ်ခုလုံးကို ချက်ချင်း ထိတ်လန့်သွားစေသည်။ ပုန်းကွယ်နေကြသော တချို့နတ်ဘုရားများသည်ပင် ဤကိစ္စကို သိရှိပြီးနောက် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။

ယင်းက အမှန်ဟုတ်မဟုတ်ကိုတော့ အလွယ်တကူ သိရှိနိုင်ပေသည်။ နတ်ဘုရားမျက်နှာပျက်ကြီး မျက်လုံးဖွင့်လှစ်ခြင်းနှင့် လပူဇော်ဒေသကြီးမှ အပြောင်းအလဲများကို သူတို့ပြန်စဉ်းစားလိုက်သည့်အခါ ယင်းက အမှန်ဖြစ်ကြောင်း သူတို့ပြောနိုင်သည်။

လူသားမျိုးနွယ်၏ မဟာနန်းမြို့တော်ဒေသကြီးသည် ထုံးစံအားဖြင့် ထိုကျောက်စိမ်းပြားကို လက်ခံရရှိခဲ့ပြီး ထိုအကြောင်းကို သိရှိသွားခဲ့သည်။

ဤအခိုက်အတန့်မှာ လူသားမျိုးနွယ်၏ နန်းမြို့တော်ထဲတွင် မြူခိုးဖြင့် လွှမ်းခြုံခံထားရပြီး ရှည်လျားစွာ တည်ရှိနေသော မျှော်စင်တစ်ခု ရှိသည်။ လေတဟူးဟူး တိုက်ခတ်နေစဉ် လူသားဧကရာဇ်သည် မျှော်စင်ထဲမှာ မတ်တတ်ရပ်နေပြီး အဝေးသို့ ကြည့်ရှုနေသည်။

သူ၏ ဘေးမှ စားပွဲခုံပေါ်တွင် ကျောက်စိမ်းပြားနှစ်ခု ရှိသည်။ တစ်ခုသည် လပူဇော်အိမ်ရှေ့စံမင်းသားထံမှဖြစ်ပြီး တခြားတစ်ခုသည် သတ္တမမင်းသားထံမှ ဖြစ်သည်။

သူ၏ အမူအရာသည် ခံစားချက်ကင်းမဲ့နေသည်။ သူကြည့်ရှုနေသော အရာသည် တအိအိလှုပ်ရှားထကြွနေသော တိမ်တိုက်ပင်လယ်ဖြစ်သည်။

အနီးကပ်သေချာကြည့်ရှုမည်ဆိုလျှင် တိမ်မြူခိုးများ စုဝေးနေသော ထိုတည်နေရာသည် အလွန်အမင်း ကြီးမားသော ကြယ်ဂြိုလ်တစ်လုံး ဖြစ်သည်။ ယင်းက အလွန်ကြီးမားသောကြောင့် မျက်စိဖြင့်ပင် အဆုံးသတ်ကို မမြင်နိုင်ပေ။

ထိုကြယ်ဂြိုလ်သည် တိမ်မြူခိုးများဖြင့် ဖွဲ့စည်းဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ယင်းပေါ်တွင် တိမ်တိုက်များသည် ဆေးပန်းချီကားတစ်ခုပမာ ရွေ့လျားနေကြသည်။ ယင်းက အလွန်တရာ ကျယ်ပြောပြီး အံ့ဖွယ်ကောင်းလှသည်။

အချိန်အတော်ကြာပြီးနောက် တည်ငြိမ်သော အသံသည် သူ့အနောက်မှ ထွက်ပေါ်လာသည်။

“ အရှင်မင်းကြီး… ဒီကျောက်စိမ်းပြားနှစ်ခုစလုံးကို ကျွန်တော်ဖတ်ပြီးပါပြီ ”

လူသားဧကရာဇ်သည် အကြည့်ပြန်ရုပ်လိုက်ပြီး တည်ငြိမ်စွာ မေးသည်။

“ ဒီဆို မင်းဘယ်လိုမြင်သလဲ ”

လူသားဧကရာဇ်က ထိုသို့ပြောလိုက်သည့်အခါ နောက်ထပ်ပုံရိပ်တစ်ခုသည် သူ့ဘေးမှ စားပွဲခုံနောက်မှာ ထွက်ပေါ်လာသည်။

ထိုလူသည် ကျောက်စိမ်းပမာ စင်ကြယ်သော မျက်နှာရှိပြီး ခရမ်းရောင်ဆံပင်ရှည်က သူ၏ ပခုံးပေါ်သို့ ညင်သာစွာ ကျဆင်းနေသည်။ သူက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ထိုင်ခုံပေါ်မှာ အေးဆေးတည်ငြိမ်သော အမူအရာဖြင့် ထိုင်နေသည်။ သူက ပရောဟိတ်ဆရာမှလွဲ၍ တခြားလူမဟုတ်ပေ။

“ တကယ်တော့ အဲ့ဒီနေ့က ကျွန်တော့်ရဲ့ အချိန် ငှားယူခံလိုက်ရတည်းက ဒီလိုဖြစ်လာမယ်လို့ ခံစားမိပြီးသားပါ ”

ပရောဟိတ်ဆရာသည် နူးညံ့စွာ ပြောပြီးနောက် ဘေးမှ လက်ဖက်ရည်ခွက်ကို ကောက်ယူလိုက်ကာ တစ်ငုံသောက်လိုက်သည်။

“ ဒါ့အပြင် အဲ့ဒါက အရှင်မင်းကြီး မြင်ချင်နေတဲ့အရာ မဟုတ်ဘူးလား ”

ပရောဟိတ်ဆရာသည် ခေါင်းမော့လိုက်ပြီး သူ့အရှေ့မှ လူသားဧကရာဇ်ကို ခပ်ဖျော့ဖျော့ အပြုံးဖြင့် ကြည့်လိုက်သည်။

လူသားဧကရာဇ်သည် နှုတ်ဆိတ်သွားသည်။ အချိန်အတော်ကြာပြီးနောက် နက်ရှိုင်းသော အသံက သူ့အနောက်မှ ပဲ့တင်ထပ်လာသည်။

“ မင်းဘယ်လောက် ယုံကြည်မှုရှိလဲ ”

“ အရှင်မင်းကြီးသာ ပြောထားတဲ့ အပေးအယူကို သဘောတူမယ်ဆိုရင် တစ်ရာရာခိုင်နှုန်းပါပဲ ”

ပရောဟိတ်ဆရာသည် ပြုံးလိုက်ပြီး ပြောသည်။

လေးနက်သော အကြည့်သည် လူသားဧကရာဇ်၏ မျက်လုံးထဲမှာ ထွက်ပေါ်လာပြီး အဝေးမှ တိမ်တိုက်များကို ဆက်လက် ကြည့်ရှုလိုက်သည်။

မျှော်စင်သည် တိတ်ဆိတ်ငြိမ်သက်သွားသည်။ အချိန်အတော်ကြာပြီးနောက် လူသားဧကရာဇ်သည် အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး မျှော်စင်ထဲမှ ပျောက်ကွယ်သွားသည်။

သူ၏ အေးစက်စက် စကားသံသည်သာ ကြီးကျယ်မြင့်မြတ်သော ဂုဏ်ကျက်သရေနှင့်အတူ ပဲ့တင်ထပ်သွားသည်။

“ အဲ့ဒီရွှီချင်းက မင်းရဲ့ ညီ မဟုတ်လား ”

ပရောဟိတ်ဆရာ၏ အမူအရာသည် တည်ငြိမ်နေဆဲပင်။ သူ၏ မျက်နှာပေါ်မှာ မည်သည့်အပြောင်းအလဲမှ ထွက်ပေါ်မလာပေ။ သူက လက်ဖက်ရည်ကို ကုန်စင်အောင် သောက်ပြီးနောက် ခွက်ကို အောက်ပြန်ချလိုက်သည်။ သူ၏ ပုံရိပ်က ပြုံးလိုက်ပြီး နေရာမှ ပျောက်ကွယ်သွားသည်။

လေကြမ်းများ တဟူးဟူး တိုက်ခတ်လာသည့်အခါ တိမ်မြူခိုးသည် တအိအိလှုပ်ရှားထကြွလာပြီး တိမ်တိုက်ပင်လယ်ထဲမှ မျှော်စင်ကို လွှမ်းခြုံသွားသည်။

တစ်ချိန်တည်းမှာ သန့်စင်ရေလှိုင်းဒေသကြီးထဲတွင် ဂိုဏ်းတော်အသီးသီးနှင့် မျိုးနွယ်စုအများအပြားမှ ကျင့်ကြံသူများက စုဝေးရောက်ရှိလာကြသည့်အခါ ကောင်းကင်နက်မျိုးနွယ်ကို ဆန့်ကျင်သည့် စစ်ပွဲသည် တဖန်ပြန်လည်စတင်လာသည်။

ဤတစ်ကြိမ်စစ်ပွဲသည် သတ္တမမင်းသားနှင့် ဘုရင်ထျန်းလန်ဖြင့် မသက်ဆိုင်တော့ပေ။

ဤတစ်ကြိမ်တွင် ကောင်းကင်နက်မျိုးနွယ်နှင့် မပြီးဆုံးသေးသော စစ်ပွဲကို ပြန်လည်စတင်သူသည် ရွှီချင်း ဖြစ်သည်။

စစ်ပွဲတွင် ပါဝင်ကြသော ကျင့်ကြံသူများ၏ အရေအတွက်သည် ယခင်ကထက် ပိုမိုများပြားလာသည်။ သန့်စင်ရေလှိုင်းအမတ်ချုပ်ကြီးသည် အဖွဲ့တစ်ဖွဲ့ကို ကိုယ်တိုင်ဦးဆောင်ပြီး စစ်တပ်ကို အဖွဲ့သုံးဖွဲ့ ခွဲခြားလိုက်သည်။ သူက အဖွဲ့နှစ်ဖွဲ့၏ ထိန်းချုပ်ခွင့်အာဏာကို သတ္တမသခင်ကြီး၊ အမတ်ယောင်နှင့် ဖုန်းဟိုင်ဒေသငယ်မှ တခြားလူများထံသို့ လွှဲပြောင်းပေးအပ်လိုက်သည်။ ထို့နောက် သူတို့သည် ဝိညာဉ်နက်ဒေသကြီးအတွင်းသို့ ခြေချလိုက်ကြသည်။

ဘုရင်ထျန်းလန်သည် ယခင်တစ်ခေါက်က ကြီးကြီးမားမား စစ်ရှုံးခဲ့သော်လည်း သူ၏ အခြေခံအုတ်မြစ်က ထိုနေရာမှာ ကျန်ရှိနေဆဲပင်။ သူတို့သည် အင်မော်တယ်အတတ်ပညာများကို ဆက်လက် ထုတ်လွှတ်နိုင်ဆဲပင်။ အထူးသဖြင့် သူက ကျယ်ပြောသော နယ်နိမိတ်များကို သိမ်းပိုက်ထားခဲ့ပြီးပြီ ဖြစ်၏။ အတိတ်မှာ သူက ကောင်းကင်နက်မျိုးနွယ်ကို အတိုင်းအတာတစ်ခုထိ ဖိအားပေးနိုင်ခဲ့သည်။

ကောင်းကင်နက်မျိုးနွယ်၏ တခြားဦးတည်ရာများတွင်လည်း စစ်ပွဲဖြစ်နေသောကြောင့် သူတို့က စစ်ကူစေလွှတ်ပေးနိုင်ခြင်း မရှိပေ။ သူတို့က နေရာအမျိုးမျိုးကို ခုခံကာကွယ်ရန် သူတို့ဘာသာ ရုန်းကန်ပြီး တိုက်ခိုက်နေကြရသည်။

သို့သော်လည်း အမှန်မှာ အကယ်၍ ဝိညာဉ်နက်ဒေသကြီးထဲမှ ကောင်းကင်နက်မျိုးနွယ်ဝင်အားလုံးက ခုခံတားဆီးမည်ဆိုလျှင်ပင် စစ်ပွဲသည် သေကြေပျက်စီးမှုများဖြင့် များပြားနေဦးလိမ့်မည်။

သို့သော်လည်း ထူးဆန်းသည့် ကိစ္စမှာ ဤတစ်ကြိမ် သန့်စင်ရေလှိုင်းဒေသကြီး၏ ကျူးကျော်ဝင်ရောက်လာမှုဖြင့် ရင်ဆိုင်ရသောအခါ ကောင်းကင်နက်မျိုးနွယ်သည် လုံးဝပြန်မတိုက်ခိုက်ပေ။ ယင်းက ဘုရင်ထျန်းလန်ဖြင့် သူတို့ရင်ဆိုင်ခဲ့စဉ်ကနှင့် လုံးဝခြားနားနေသည်။

ရွှီချင်းသည်တော့ စစ်မြေပြင်သို့ မသွားရောက်ခဲ့ပေ။ သူက ဝိညာဉ်နက်ဒေသကြီးနှင့် သန့်စင်ရေလှိုင်းဒေသကြီးကြားထဲမှ နယ်စပ်မှာသာ နေထိုင်ပြီး အနယ်နယ်အရပ်ရပ်မှ ပေးပို့လာသော သတင်းအချက်အလက်များကို စုစည်းခဲ့သည်။

အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးလာပြီး စစ်တပ်က အောင်မြင်စွာ ထွက်ခွာသွားပြီးနောက် ရွှီချင်းသည် ကောင်းကင်နက်မျိုးနွယ်တစ်ခုလုံး၏ တိုက်ပွဲအင်အားကို အကြမ်းဖျဉ်း နားလည်သွားသည်။

ကောင်းကင်နက်မျိုးနွယ်မှာ ကောင်းကင်နက်နှင့် ဝိညာဉ်နက်ဟူသော ဒေသကြီးနှစ်ခု ရှိသည်။

မျိုးနွယ်ဧကရာဇ်နှင့် အထွတ်အထိပ် ပညာရှင်ကျင့်ကြံသူတချို့သည် စစ်ပွဲနောက်တစ်ကြိမ် မစတင်မီ ထူးဆန်းသော ပုဂ္ဂိုလ်တစ်ယောက်ကြောင့် အပြင်းအထန် ဒဏ်ရာရရှိသွားကြသည်။ ယင်းက ကောင်းကင်နက်မျိုးနွယ်ကို ဦးဆောင်မည့်သူ ကင်းမဲ့သွားစေသည်။ ထို့ကြောင့် သူတို့သည် လူသားမျိုးနွယ်စစ်တပ်၏ ကျူးကျော်ဝင်ရောက်မှုဖြင့် ရင်ဆိုင်ရကတည်းက တစ်လှမ်းပြီး တစ်လှမ်း အနောက်ဆုတ်ပေးခဲ့ရခြင်း ဖြစ်သည်။

ဦးဆောင်သူကင်းမဲ့ပြီး မျိုးနွယ်တစ်ခုလုံး အမြစ်ဖြတ်သုတ်သင်ခံရမည့် အန္တရာယ်ဖြင့် ရင်ဆိုင်ရလာသည့်အခါ ကောင်းကင်နက်မျိုးနွယ်သည် အကြောင်းအမျိုးမျိုးကြောင့် အဖွဲ့သုံးဖွဲ့ ခွဲထုတ်လိုက်ကြသည်။

ကောင်းကင်နက်ဒေသကြီးတွင် ကောင်းကင်နက်တော်ဝင်မိသားစု ဦးဆောင်သော စစ်တပ်က လူသားမျိုးနွယ်ကို ဆန့်ကျင်တိုက်ခိုက်သည့် အဓိက အင်အားစုဖြစ်သည်။

ကောင်းကင်နက်ဒေသကြီးနှင့် ဝိညာဉ်နက်ဒေသကြီးကြားမှ ဧရိယာကို ဂုဏ်သတင်းကျော်ကြားသော ပညာရှင်ကျင့်ကြံသူတချို့က ဦးဆောင်ကြသည်။ သူတို့သည် အများကြီး အကူအညီပေးနိုင်ခြင်း မရှိပေ။ သူတို့အများစုသည် အုပ်စုများထဲမှာ ပုန်းအောင်းနေရန် ရွေးချယ်ကြပြီး လူသားမျိုးနွယ်နှင့် ဆွေးနွေးညှိနှိုင်းချင်ကြသည်။

ဝိညာဉ်နက်ဒေသကြီးတွင်တော့ စစ်တပ်ကို ကောင်းကင်နက်မျိုးနွယ်မှ နတ်ဆရာများက ဦးဆောင်ကြသည်။ သူတို့သည် ယခင်က ဘုရင်ထျန်းလန်ဖြင့် ရင်ဆိုင်ခဲ့ကြသူများ ဖြစ်သည်။

ကောင်းကင်နက်မျိုးနွယ်၏ ရိုးရာဓလေ့သည် နတ်ဘုရားအခွင့်အာဏာတစ်ခု ဖြစ်သည်။ သို့ဖြစ်၍ အစက နတ်ဆရာများ၏ အခွင့်အာဏာသည် တော်ဝင်မျိုးနွယ်ထက် သာလွန်ပေသည်။ သို့သော်လည်း နောက်ပိုင်းတွင် နတ်ဘုရားအတတ်ပညာ၏ ကျရှုံးမှု၊ မျိုးနွယ်စု၏ စစ်ရှုံးမှုနှင့် နတ်ဘုရား၏ လျစ်လျူရှုထားမှုတို့ ဆက်တိုက် ဖြစ်ပေါ်လာခဲ့သည်။ နတ်ဘုရားက နှစ်ချိုက်စွာ အိပ်မောကျနေသည်ဟုပင် ကောလဟာလများ ထွက်ပေါ်လာခဲ့သည်။

ထိုအချက်များက နတ်ဆရာများ၏ အဆင့်အတန်းကို ယခင်ကထက် များစွာ နိမ့်ကျသွားစေသည်။ ယခု လူသားမျိုးနွယ်နှင့် စစ်ဖြစ်နေချိန်မှာ သူတို့က ပိုပြီးအားနည်းလာကြပြီး မျိုးနွယ်ဝင်များ၏ အလေးထားမှုကို မခံရကြတော့ပေ။

သို့ဖြစ်၍ သူတို့သည် ဝိညာဉ်နက်ဒေသကြီးထဲမှ သူတို့၏ ဘုရားကျောင်းကို ခုခံကာကွယ်ရန်သာ ရွေးချယ်လိုက်ကြသည်။

ထို့ကြောင့် အခြေခံအားဖြင့် ဝိညာဉ်နက်ဒေသကြီးထဲမှာ နတ်ဆရာများနှင့် နတ်ဘုရားအစောင့်အကြပ်များသာ ရှိကြသည်။ သူတို့သည် နတ်ဘုရားကို ဆင့်ခေါ်ရန် မရပ်မနား ကြိုးစားခဲ့ကြပြီး နေ့စဉ် ဝတ်ပြုဆုတောင်းခဲ့ကြသည်။

ထုံးစံအားဖြင့် သူတို့က နီလာနတ်သမီး၏ သေဆုံးမှုကို ပထမဆုံး အာရုံခံမိသူများ ဖြစ်ကြသည်။

ရွှီချင်း၏ စစ်တပ်က ကျူးကျော်ဝင်ရောက်လာသည့်အခါ သူတို့က အမိန့်တော်တစ်ခု ထုတ်ပြန်ခဲ့ကြသည်။ သူတို့က ခုခံရန် မကြိုးစားသလို တန်ပြန်တိုက်ခိုက်ရန်လည်း မကြိုးစားကြချေ။ သူတို့က လူသားမျိုးနွယ်စစ်တပ်ကို သူတို့၏ ဘုရားကျောင်းတည်ရှိသော မြူခိုးအပြင်ဘက်သို့ ချောချောမွေ့မွေ့ ရောက်ရှိသွားစေရန် ခွင့်ပြုခဲ့ကြသည်။

ထိုနေရာသည် ဘုရင်ထျန်းလန်၏ စစ်တပ် ကြီးမားသော ဆုံးရှုံးမှုကို ခံစားခဲ့ရသော နေရာဖြစ်သည်။

ယခင်သင်ခန်းစာများကြောင့် စစ်တပ်ကို ဦးဆောင်သူများဖြစ်ကြသော သတ္တမသခင်ကြီး၊ အမတ်ယောင်နှင့် တခြားလူများသည် မြူခိုးထဲသို့ တိုက်ရိုက် မဝင်ရောက်သွားကြပေ။ ယင်းအစား သူတို့က အင်မော်တယ်အတတ်ပညာကို ဖြန့်ကြက်ခိုင်းလိုက်ပြီး လူတချို့ကို စစ်ဆေးထောက်လှမ်းရန် စေလွှတ်လိုက်ကြသည်။

သို့သော်လည်း သန့်စင်ရေလှိုင်းမျိုးနွယ်က မည်သည့်အစီအစဉ်မှ မပြုလုပ်နိုင်ခင် ကောင်းကင်နက်မျိုးနွယ်မှ တစ်စုံတစ်ယောက်သည် အပြင်သို့ ဦးစွာထွက်လျှောက်လာသည်။

ထိုလူမှာ ဆံပင်မရှိပေ။ သူက ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူက ထွက်ပေါ်လာပြီးနောက် သန့်စင်ရေလှိုင်းစစ်တပ်ဆီသို့ ဦးညွတ်လိုက်ပြီး တောင်းဆိုမှုတစ်ခု ပြုလုပ်သည်။

သူတို့က ရွှီချင်းကို ဘုရားကျောင်းထဲသို့ ကြွရန် ဖိတ်ကြားသည်။

သူတို့က ရွှီချင်းကို တွေ့ချင်ကြသည်။

ရွှီချင်းရောက်ရှိလာသရွေ့ အဆုံးသတ်မှာ မည်သို့ဖြစ်လာပါစေ သူတို့က အညံ့ခံရန် ရွေးချယ်ကြလိမ့်မည်။

သန့်စင်ရေလှိုင်းအမတ်ချုပ်ကြီးသည် ထိုတောင်းဆိုမှုနှင့်ပတ်သက်ပြီး အနည်းငယ် တုံ့ဆိုင်းနေသည်။ အကယ်၍ အတိတ်တုန်းကဆိုလျှင် ထိုတောင်းဆိုမှုက သူ့အတွက် အလွန်ရိုးရှင်းပေသည်။ ယင်းက သာမန်ဝိညာဉ်သိုက်အဆင့် ကျင့်ကြံသူတစ်ယောက်မျှသာ မဟုတ်ပါလော။

သို့သော်လည်း ယခု အခြေအနေက ထိုသို့မဟုတ်တော့ပေ။ ရွှီချင်းသည် ဖုန်းဟိုင်ဒေသငယ်၏ နောက်ဆုံး ပြောရေးဆိုခွင့်ရှိသူ ဖြစ်သည်။

ထို့ကြောင့် သူက သတ္တမသခင်ကြီးနှင့် အမတ်ယောင်ဆီသို့ အမှာစကား ပေးပို့လိုက်သည်။

မကြာမီ နယ်စစ်မှာ ကျန်ရှိနေခဲ့သော ရွှီချင်းသည် သတ္တမသခင်ကြီးထံမှ အသံပေးပို့မှုကို ရရှိသွားသည်။

ရွှီချင်းသည် အသံပို့လွှတ်ကျောက်စိမ်းပြားကို ဆုပ်ကိုင်ထားစဉ် တားမြစ်ပင်လယ်မှာ သူခံစားမိခဲ့သော ဆင့်ခေါ်ခံရမှုကို ပြန်တွေးလိုက်သည်။

သူက ဝိညာဉ်နက်ဒေသကြီး၏ အနက်ပိုင်းဆီသို့ စိုက်ကြည့်လိုက်ပြီး ထိုနေရာသို့သွားရန် ရွေးချယ်လိုက်သည်။

ခုနစ်ရက်ကြာပြီးနောက် ရွှီချင်း၏ ပုံရိပ်သည် သန့်စင်ရေလှိုင်းစစ်တပ်၏ အရှေ့မှာ ထွက်ပေါ်လာပြီး မြူခိုးအပြင်ဘက်မှာ ရပ်လိုက်သည်။ ထိုနေရာမှာ ရပ်နေစဉ် ထူးဆန်းသော ခံစားမှုတစ်ခုက ရွှီချင်း၏ နှလုံးသားထဲမှာ အလိုအလျောက် ထွက်ပေါ်လာသည်။

မြူခိုး၏ အနက်ပိုင်းထဲတွင် သူ့အခွင့်အာဏာ၏ စွမ်းအားကို သူအာရုံခံမိသည်။

သူ၏ ထွက်ပေါ်လာမှုက မြူခိုးကို တအိအိလှုပ်ရှားထကြွသွားစေသည်။ ကောင်းကင်နက်မျိုးနွယ်မှ နတ်ဆရာဆယ်ယောက်ကျော်သည် ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားကြပြီး မြူခိုးထဲမှ ထွက်လျှောက်လာကြသည်။

သူတို့က ရွှီချင်းကို မြင်လိုက်သည်နှင့်ချက်ချင်း စိတ်လှုပ်ရှားသွားကြသည်။ ထို့နောက် သူတို့က အမြန်ဦးညွတ်လိုက်ကြပြီး အရိုအသေပေးလိုက်ကြသည်။ အရှေ့ဆုံးမှ အဖိုးအိုသည် ရွှီချင်းကို ကြည့်လိုက်ပြီး အက်ရှရှအသံဖြင့် ပြောသည်။

“ ခရမ်းအရှင်သခင်… ကျေးဇူးပြုပြီး ကိုယ်ရာထူးကို ပြန်ယူပါ ”

All Chapters