← Chapters

နတ်ဘုရား၏ အကန့်အသတ်မဲ့ ဂုဏ်ကျက်သရေ

Vol. 74 Ch. 1143

နတ်ဘုရား၏ အကန့်အသတ်မဲ့ ဂုဏ်ကျက်သရေ

Vol. 74 Ch. 1143

မြူခိုး၏ အပြင်ဘက်တွင် သန့်စင်ရေလှိုင်းမျိုးနွယ်မှ စစ်တပ်သည် ပြွတ်သိပ်စွာ တည်ရှိနေကြသည်။ သူတို့၏ အရေအတွက်က ကောင်းကင်ကိုပင် ဖုံးလွှမ်းထားနိုင်စွမ်း ရှိသည်။

အလံတိုင်များသည် အထဲမှ ပျံ့လွင့်ထွက်လာကြပြီး သားရဲကြီးများ၏ အသက်ရှူသံ၊ ကျင့်ကြံသူများ၏ အရှိန်အဝါ အစရှိသော အရာများသည် အတူတကွ စုဝေးသွားပြီး ကောင်းကင်နှင့် မြေပြင်ကို ဆက်သွယ်ပေးမည့် မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာစေသည်။ မုန်တိုင်းသည် မြေပြင်တောက်လျှောက် ရိုက်ခတ်သွားသည်။

၎င်း၏ အရှိန်အဝါသည် အလွန်ထိတ်လန့်ဖွယ်ကောင်းပြီး ကောင်းကင်ကို တအိအိလှိုင်းထသွားစေကာ မြေပြင်ကို ဖိနှိပ်လိုက်သည်။

စစ်တပ်၏ အရှေ့မှာ လောကတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

အထူးသဖြင့် စစ်တပ်ထဲမှ ပညာရှင်ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့သည် ဂိုဏ်းတော်အသီးသီးနှင့် မျိုးနွယ်စုအသီးသီးမှ ရောက်ရှိလာကြခြင်း ဖြစ်သည်။ သန့်စင်ရေလှိုင်းအမတ်ချုပ်ကြီးနှင့် ဖုန်းဟိုင်ဒေသငယ်မှ ပညာရှင်ကျင့်ကြံသူများသည် လောကထဲမှာ မျောလွင့်နေကြပြီး သဏ္ဍာန်မဲ့သော ဖိအားကို ထုတ်လွှတ်နေကြသည်။

သူတို့ထဲမှာ သတ္တမသခင်ကြီး၊ အမတ်ယောင်နှင့် တခြားလူများ ပါဝင်ကြသည်။

စက်ဝိုင်းသဖွယ် လှည့်ပတ်နေသော သွေးအလင်းတန်းများလည်း ရှိသည်။ ယင်းတို့က အရပ်မျက်နှာအဘက်ဘက်မှာ လင်းလက်နေကြသည်။ နောက်ဆုံးမှာတော့ ယင်းတို့က သွေးပင်လယ်တစ်ခုသို့ ပြောင်းလဲသွားပြီး မြူခိုးကို ဝါးမျိုရန် ကြိုးစားလိုက်သည်။

ဤသည်မှာ အင်မော်တယ်အတတ်ပညာဖြစ်သည်။

စစ်တပ်၏ အရှေ့တွင် ရွှီချင်းက မတ်တတ်ရပ်နေပြီး ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားကြသော ကောင်းကင်နက်မျိုးနွယ်(၁၇)ပါးကို စိုက်ကြည့်လိုက်သည်။ နောက်ဆုံးမှာတော့ သူ၏ အကြည့်က သူ့အား အရိုအသေပေးနေသော အရှေ့ဆုံးမှ အဖိုးအိုထံသို့ ကျရောက်သွားသည်။

‘ ခရမ်းအရှင်သခင် ’ဟူသော စကားလုံးသည် ရွှီချင်းနှင့် စိမ်းကားသော စကားလုံးမဟုတ်ပေ။

ထိုဂုဏ်ပုဒ်က ကောင်းကင်နက်မျိုးနွယ်၏ နတ်ဆရာထံမှ ထွက်ပေါ်လာသောအခါ သူ့ကို အတွေးနက်သွားစေသည်။

ရွှီချင်း၏ အကြည့်သည် လေးနက်သည်။ သူက ကောင်းကင်နက်မျိုးနွယ် အဖိုးအိုထံမှ အကြည့်ရွှေ့ပြောင်းလိုက်ပြီး တစ်ဖက်လူ၏ အနောက်မှ မြူခိုးကို ကြည့်လိုက်သည်။ ဤနေရာမှာ ရပ်နေရင်း မြူခိုးထဲမှာ သူ၏ အခွင့်အာဏာက မြင့်တတ်လာနေကြောင်း ရှင်းလင်းစွာ သူအာရုံခံမိသည်။

ကောင်းကင်နက်မျိုးနွယ်က သူနှင့်သက်ဆိုင်သော ရိုးရာဓလေ့တစ်ခုကို မြူခိုး၏ အနက်ပိုင်းထဲမှာ ပြုလုပ်နေခြင်း ဖြစ်သည်။ ထို့ပြင် ရိုးရာဓလေ့က ပြီးမြောက်တော့မည် ဖြစ်သည်။

အချိန်အတော်ကြာပြီးနောက် နတ်ဆရာ(၁၇)ပါးက နှုတ်ဆိတ်နေကြစဉ် စစ်တပ်၏ စိတ်ဝင်စားမှုအောက်မှာ ရွှီချင်း၏ အသံက ဖြည်းညင်းစွာ ပျံ့လွင့်လာသည်။

“ ငါ့ရဲ့ ဂုဏ်သရေရှိနာမည်ကို မင်းဘယ်လိုလုပ် သိလဲ ”

ရွှီချင်းသည် ဝေ့လည်ကြောင်ပတ် လုပ်မနေပေ။ ဒဲ့ဒိုးမေးသည်။ လက်ရှိသူက ထိုသို့မေးမြန်းရန် အရည်အချင်းပြည့်မီသည်။ အကြောင်းအရင်းကို သူခန့်မှန်းနေရန် မလိုအပ်ပေ။

ရွှီချင်း၏ အမေးကို ကြားသည့်အခါ ကောင်းကင်နက်မျိုးနွယ်မှ နတ်ဆရာအဖိုးအို၏ ဇရာအိုနေသော မျက်နှာပေါ်မှာ ကိုးကွယ်ယုံကြည်သော အမူအရာ ထွက်ပေါ်လာသည်။ သူက နူးညံ့စွာ ပြောသည်။

“ နတ်ဘုရားတွေကြားက တိုက်ပွဲမှာ နီလာနတ်သမီးက ကျရှုံးသွားပါတယ်… အရှင်သခင်အသစ်က သူ့ရဲ့ နတ်ဘုရားအရိုးစုထဲကနေ မွေးဖွားလာခဲ့ပါတယ်… အဲ့ဒါက ပြန်လည်မွေးဖွားခြင်းနတ်ဘုရားပါ ”

“ ခရမ်းအရှင်သခင်က နီလာနတ်သမီးကနေ မွေးဖွားလာတဲ့ အရှင်သခင်အသစ်ပါ… အရှင်သခင်က အနီရောင်လရဲ့ အခွင့်အာဏာအားလုံးကို လွှဲပြောင်းယူပြီး သက်ရှိအားလုံးရဲ့ ကိုးကွယ်ဝတ်ပြုခြင်းကို ခံရလိမ့်မယ်… အခုချိန်ကစပြီး လစန္ဒာမှာ အနီရောင်မရှိတော့ပါဘူး… ခရမ်းလက ကောင်းကင်ပေါ်မှာ ရှိနေပြီး နောင်သားမျိုးဆက်အားလုံးနဲ့ နတ်ဘုရားအစေခံအားလုံးက တာဝန်အသစ်တစ်ခု ရရှိကြလိမ့်မယ် ”

“ အဲ့ဒါက လစန္ဒာကို အကြိမ်ပေါင်းများစွာ ဝတ်ပြုဆုတောင်းပြီးနောက် ကျုပ်တို့သိရှိလာတဲ့ အရာပါ ”

ထိုသို့ပြောပြီးနောက် ကောင်းကင်နက်မျိုးနွယ် နတ်ဆရာသည် ခေါင်းမော့လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ ရိုသေလေးစားမှုဖြင့် ပြည့်နှက်နေသည်။

“ ဘာတာဝန်လဲ ”

ရွှီချင်းက တည်ငြိမ်သော အမူအရာဖြင့် မေးသည်။

“ ခရမ်းအရှင်သခင် နတ်ဘုရားနယ်မြေဆီ ပြန်သွားနိုင်ဖို့နဲ့ သေမျိုးလောကဆီ ခရမ်းလရောက်ရှိလာဖို့အတွက် ကျုပ်တို့က ကူညီထောက်ပံ့ပေးရမယ်… အဲ့ဒီအတွက် လက်အောက်ငယ်သားအားလုံးက နတ်ဘုရားသစ်သီးကို ဆုလာဘ်အဖြစ် ရရှိကြလိမ့်မယ်… ကုသိုလ်ပြုနိုင်တဲ့ လူတွေက နတ်ဘုရားရှေ့မှောက်မှာ ရာထူးတစ်ခု ရရှိကြလိမ့်မယ် ”

ဤသည်ကို ရွှီချင်းကြားသောအခါ သူက အဖိုးအိုကို အဓိပ္ပာယ်ရှိစွာ စိုက်ကြည့်လိုက်သည်။

အဖိုးအို၏ အမူအရာသည် လုံးဝမပြောင်းလဲသွားပေ။ အရေးအကြောင်းများဖြင့် ပြည့်နှက်နေသော သူ၏ မျက်နှာပေါ်မှာ ကိုးကွယ်ယုံကြည်သော အမူအရာ ရှိနေဆဲပင်။

ရွှီချင်းသည် အကြည့်ပြန်ရုပ်လိုက်သည်။ တစ်ဖက်လူ၏ ပေါက်ကရစကားများက တခြားလူများကို အရူးလုပ်လျှင် လုပ်နိုင်လိမ့်မည်။ သို့သော်လည်း ယင်းက သူ့ကို အရူးမလုပ်နိုင်ပေ။

ရွှီချင်းက ယင်းကို လုံးဝမယုံကြည်ပေ။

သူက တခြားအဖြေတစ်ခုကိုသာ ယုံကြည်သည်။

ကောင်းကင်နက်မျိုးနွယ်၏ နတ်ဆရာများသည် စစ်ပွဲဖြင့် ရင်ဆိုင်ရပြီးနောက် သူတို့မျိုးနွယ်တစ်ခုလုံး အမြစ်ဖြတ်သုတ်သင်ခံရနိုင်သည်ဟူသော အမှန်တရားကို နားလည်သွားကြသည်။ အထူးသဖြင့် လပူဇော်ဒေသကြီးမှာ ဖြစ်ပျက်ခဲ့သော ကိစ္စများကို သူတို့သိရှိသွားပြီးနောက် ရွှီချင်း၏ နောက်ခံနှင့် လက်ရှိအခြေအနေကို နားလည်သွားကြသည်။

ထို့ကြောင့် သူတို့၏ အရှေ့မှာ ရွေးချယ်စရာတစ်ခုတည်း ကျန်ရှိတော့သည်။ ယင်းက အညံ့ခံရန် ဖြစ်သည်။

သို့သော်လည်း အညံ့ခံရန် စည်းမျဉ်းစည်းကမ်းများ ရှိသေးသည်။ ရွှီချင်းသည် အနီရောင်လပေါ်တွင် ဝတ်ပြုဆုတောင်းသူများ၏ ကျမ်းစာကို အမှန်တကယ် ပြောင်းလဲပစ်ခဲ့ပြီး သူ၏ အခွင့်အာဏာကို ဖြန့်ကြက်ခဲ့သည်။ ယင်းက အဆုံးမှာ ကျရှုံးသွားခဲ့သော်လည်း သူ၏ တည်ရှိမှုနှင့်ပတ်သက်သော သဲလွန်စတချို့က သေချာပေါက် ကျန်ရှိနေနိုင်သည်။

သို့ဖြစ်၍ အနီရောင်လကို မျိုးဆက်ပေါင်းများစွာ ကိုးကွယ်ယုံကြည်လာခဲ့သော ကောင်းကင်နက်မျိုးနွယ်က သူ၏ တည်ရှိမှုကို အာရုံခံနိုင်ခဲ့သည်မှာ ဖြစ်နိုင်ခြေရှိသော ကိစ္စတစ်ခု ဖြစ်သည်။

ထို့ကြောင့် သူတို့က ခရမ်းအရှင်သခင်အကြောင်းကို သိခဲ့ကြခြင်း ဖြစ်သည်။

ကောင်းကင်နက်မျိုးနွယ်မှ နတ်ဆရာများ၏ နှလုံးသားထဲမှာ ထိုသို့နည်းလမ်းဖြင့် အညံ့ခံခြင်းသည် အညံ့ခံခြင်းမမည်တော့ပေ။ အဘယ့်ကြောင့်ဆိုသော် အစမှအဆုံးအထိ သူတို့အားလုံးက နတ်ဘုရားအစေခံများ ဖြစ်ကြသည်။

တာဝန်ဟူသည်မှာ သူတို့၏ ကိုယ်ကျိုးအတွက် သူတို့ဘာသာ သတ်မှတ်ထားသော အရာဖြစ်သည်။

ယင်းက ဤနတ်ဆရာအုပ်စု၏ ဉာဏ်များမှုဖြစ်သည်။

အမှန်မှာ ဤနတ်ဆရာအုပ်စုသည် သူက ခရမ်းအရှင်သခင် ဟုတ်မဟုတ်ကိုပင် သေချာမသိကြပေ။

သို့သော်လည်း ယင်းက အရေးမကြီးပေ။

နီလာနတ်သမီးသည် သေဆုံးသွားပြီ ဖြစ်သည်။ အသက်ရှင်သန်ခြင်းသည် လက်ရှိအချိန်မှာ အရေးကြီးသော အရာဖြစ်သည်။

ဂုဏ်သိက္ခာရှိစွာ အသက်ရှင်နိုင်ခြင်းသည် အရေးကြီးဆုံး ဖြစ်သည်။

သို့ဖြစ်၍ သူက ထိုခရမ်းအရှင်သခင်မဟုတ်ကြောင်း ကောင်းကင်နက်မျိုးနွယ်မှ နတ်ဆရာများက တွေးထင်ထားကြလျှင်ပင် ယင်းက အရေးမကြီးပေ။ သူတို့က သူတို့၏ ပုံမှန်ဝတ်ပြုဆုတောင်းခြင်းကို ပြောင်းလဲပစ်ပြီး သူ့ကို ခရမ်းအရှင်သခင်အဖြစ် ဆက်လက် သတ်မှတ်ကြလိမ့်မည်။

မည်သို့ဖြစ်ပါစေ မည်သူမှ မငြင်းဆန်နိုင်ပေ။

ရွှီချင်း၏ အမူအရာသည် တည်ငြိမ်သည်။ ထိုအရာအားလုံးက သူ၏ ခန့်မှန်းမှု ဖြစ်သည်။ အမှန်မှာ သူက ထိုကိစ္စကို လုံးဝဂရုမစိုက်ပေ။ သို့သော်လည်း သွယ်ဝိုက်သော နည်းလမ်းဖြင့် အညံ့ခံချင်ကြသော ကောင်းကင်နက်မျိုးနွယ်မှ ထိုနတ်ဆရာများကို အတိုင်းအတာတစ်ခုထိ ခြိမ်းခြောက်သင့်သည်ဟု သူခံစားမိသည်။

ထိုခြိမ်းခြောက်ခြင်းသည် ရွှီချင်းအတွက် အလွန်လွယ်ကူသည်။

ကိုးကွယ်ယုံကြည်သူများအတွက် သူတို့အကြောက်ဆုံးအရာသည် နတ်ဘုရားဖြစ်သည်။

သို့ဖြစ်၍ အခွင့်အာဏာစွမ်းအားသည် ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ပျံ့နှံ့ထွက်လာပြီး မြူခိုးထဲမှ သူနှင့်သက်ဆိုင်သော ရိုးရာဓလေ့ဖြင့် ပေါင်းစပ်သွားသည်။ ယင်းက ရိုးရာဓလေ့၏ ပြီးမြောက်မှုကို ပိုပြီး အရှိန်မြှင့်တင်သွားစေသည်။

ရွှီချင်းထံမှ အခွင့်အာဏာ ထွက်ပေါ်လာသည်နှင့်ချက်ချင်း နတ်ဆရာ(၁၇)ပါးသည် တစ်ယောက်ပြီးတစ်ယောက် တုန်ယင်လာကြသည်။ အရှေ့ဆုံးမှ အဖိုးအိုသည် ဆတ်ခနဲ ခေါင်းမော့လိုက်ပြီး အံ့ဩသော အမူအရာကို ထုတ်ဖော်လိုက်သည်။ တစ်ချိန်တည်းမှာ ကျယ်လောင်သော ပေါက်ကွဲသံသည် မြူခိုးထဲမှ မြည်ဟိန်းထွက်လာသည်။

မြူခိုးသည် တအိအိလှုပ်ရှားထကြွလာပြီး အထဲမှာ ချိပ်ပိတ်ထားသော ကျမ်းစာရွတ်ဖတ်သံများက ပျံ့လွင့်ထွက်လာသည်။

“ လအသစ်ရဲ့ အရှင်သခင်… ဝမ်ကူးကုန်းမြေကို လမ်းပြပေးတော်မူပါ… သက်ရှိအားလုံးအတွက် ဝမ်းနည်းပူဆွေးပြီး နိဗ္ဗာန်ကို စံစားတော်မူပါ ”

“ ကျုပ်တို့ရဲ့ ခန္ဓာကိုယ်ကို အရှင်သခင်အတွက် စတေးပါတယ်… ဒီဘဝမှာ နာကျင်မှုမရှိပါဘူး… အာရုဏ်ဦးနဲ့ နေဝင်ချိန်က နိဂုံးချုပ်သွားတာနဲ့ ကျုပ်တို့ရဲ့ ခန္ဓာကိုယ်က ဘယ်တော့မှ မပျက်စီးနိုင်တော့ပါဘူး ”

…..

ထိုကျမ်းစာရွတ်ဖတ်သံ ပဲ့တင်ထပ်လာသည်နှင့် ခရမ်းရောင်အလင်းသည် မြူခိုးထဲမှ ပျံ့နှံ့ထွက်လာသည်။ ထိုအခိုက်အတန့်မှာ ကောင်းကင်သည် ဝုန်းခနဲ မြည်ဟိန်းသွားသည်။ ဤသည်မှာ သဏ္ဍာန်မဲ့သော ဧရာမလက်တစ်စုံက ကောင်းကင်ကို ဆုတ်ဖြဲလိုက်သည့်အလား နတ်ဘုရားစွမ်းအားသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

ခရမ်းရောင်ကြယ်ဂြိုလ်သည် ကောင်းကင်ပေါ်မှာ ရုတ်တရက် ထွက်ပေါ်လာသည်။

အစတွင် ကြယ်ဂြိုလ်သည် ဝေဝါးနေသည်။ သို့သော်လည်း ၎င်းက မြန်ဆန်စွာ ရှင်းလင်းလာပြီး နောက်ဆုံးမှာတော့ ကောင်းကင်နှင့် မြေပြင်ကြားမှာ ထီးထီးမားမား ထွက်ပေါ်လာသည်။ ကြယ်ဂြိုလ်၏ ထွက်ပေါ်လာမှုသည် သန့်စင်ရေလှိုင်းစစ်တပ်နှင့် မရေမတွက်နိုင်သော သားရဲများကို တုန်လှုပ်သွားစေသည်။

ဘုရင်ထျန်းလန်၏ အဖြစ်အပျက်ကို သူတို့သိထားကြပြီး ယင်းက အတုအယောင်ဖြစ်ကြောင်း နားလည်ထားကြသည့်တိုင် ခရမ်းလဂြိုလ်၏ ထွက်ပေါ်လာမှုက လူတိုင်း၏ နှလုံးသားကို ပရမ်းပတာ လှုပ်ခတ်သွားစေသည်။

နတ်ဆရာ(၁၇)ပါးသည်တော့ တိုက်ရိုက် ဒူးထောက်လိုက်ကြပြီး ကောင်းကင်ပေါ်မှ ခရမ်းလကို အရိုအသေပေးလိုက်ကြသည်။

တစ်ချိန်တည်းမှာ ဖိအားသည် ကောင်းကင်ပေါ်မှ ဆင်းသက်လာသည်။ လောကသည် ဝေဝါးလာပြီး ပုံပျက်တွန့်လိမ်လာသည်။ ခရမ်းရောင်အလင်းသည် ခရမ်းလထံမှ ဖြာဆင်းကျလာပြီး မြေပြင်ကို လွှမ်းခြုံသွားသည်။

မြူခိုးသည် ဤအခိုက်အတန့်မှာ မြန်ဆန်စွာ လွင့်ပြယ်သွားပြီး အထဲမှ အရာအားလုံးက ရှင်းလင်းစွာ ထွက်ပေါ်လာသည်။

မြူခိုးလွင့်ပြယ်သွားပြီးနောက် ထိုဧရိယာထဲမှာ ရှေးဟောင်းဘုရားကျောင်းတစ်ခုရှိကြောင်း မြင်နိုင်လိမ့်မည်။

ထိုဘုရားကျောင်းသည် အလွန်ကျယ်ပြောပြီး ရှေးခေတ်အငွေ့အသက်ဖြင့် ပြည့်နှက်နေသည်။

စစ်တပ်ထဲမှ လူအများစုသည် ထိုမျှကြီးကျယ်ခမ်းနားသော ဘုရားကျောင်းကို ပထမဆုံးအကြိမ် မြင်ဖူးကြခြင်း ဖြစ်သည်။

သို့သော်လည်း ရွှီချင်းနှင့် ခေါင်းဆောင်သည် ထိုဘုရားကျောင်းကို ယခင်က မြင်ခဲ့ဖူးကြသည်။

ဘုရားကျောင်း၏ အသွင်သဏ္ဍာန်သည် လနန်းတော်နှင့် တစ်ပုံစံတည်း တူညီသည်။

ဘုရားကျောင်း၏ ဂိတ်တံခါးမှ တိုတမ်သည်ပင် အတူတူဖြစ်သည်။

ဤသည်မှာ မြေပြင်ပေါ်တွင် တည်ဆောက်ထားသော လနန်းတော်ဖြစ်သည်။

ယင်းက ကောင်းကင်နက်မျိုးနွယ်မှ နတ်ဆရာများအတွက် မြင့်မြတ်ကုန်းမြေဖြစ်သည်။

ထိုနေရာတွင် မတ်တတ်ရပ်နေသော နီလာနတ်သမီး၏ ရုပ်တုတစ်ခုလည်း ရှိသည်။

ဤအခိုက်အတန့်မှာ ဘုရားကျောင်း၏ အရှေ့တွင် ကောင်းကင်နက်မျိုးနွယ်မှ နတ်ဆရာတစ်သန်းကျော်သည် ဒူးထောက်နေကြသည်။ သူတို့အားလုံးသည် ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားကြပြီး ကျမ်းစာရွတ်ဖတ်၍ ဝတ်ပြုဆုတောင်းနေကြသည်။

ကောင်းကင်ပေါ်တွင် ခရမ်းလဂြိုလ်သည် ဆက်လက် ဆင်းသက်လာပြီး ပိုပြီးရှင်းလင်းထင်ရှားလာသည်။ ယင်းက ခရမ်းလဂြိုလ်ပေါ်တွင် ဧရာမကျောက်တိုင်ကြီးတစ်ခုရှိကြောင်း လူတိုင်းကို မြင်နိုင်စေသည်။

ကျောက်တိုင်သည် ခရမ်းရောင်အလင်းကို ထုတ်လွှတ်နေပြီး ကျောဘက်ခြမ်းသည် ဗလာဖြစ်သည်။ အရှေ့ဘက်ခြမ်းတွင် စကားလုံးတချို့ကို ရေးသားထားသည်။ အနီးကပ်သေချာကြည့်မည်ဆိုလျှင် ထိုစကားလုံးများက ဝတ်ပြုဆုတောင်းသည့် ကျမ်းစာများဖြစ်ကြောင်း မည်သူမဆို ပြောနိုင်လိမ့်မည်။

ဤအခိုက်အတန့်မှာ သန့်စင်ရေလှိုင်းစစ်တပ်သော်လည်းကောင်း သို့မဟုတ် ကောင်းကင်နက်မျိုးနွယ်မှ နတ်ဆရာများသော်လည်းကောင်း သူတို့အားလုံးက ထိတ်လန့်တုန်လှုပ်နေကြသည်။ ခရမ်းလဂြိုလ်က ကြည်လင်ရှင်းလင်းလာပြီး အနိမ့်ဆုံးအပိုင်းသို့ ကျရောက်တော့မည့်အချိန် ရွှီချင်းက အရှေ့သို့ လျှောက်သွားသည်။

သူက ခရမ်းလကို ဒူးထောက်ပြီး အရိုအသေပေးနေကြသော နတ်ဆရာ(၁၇)ပါးဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားသည်။ ထို့နောက် သူက လေထဲသို့ ဆက်လက် လျှောက်လှမ်းသွားပြီး ခရမ်းလဆီသို့ ဦးတည်သွားသည်။

လူတိုင်း၏ အကြည့်အောက်နှင့် မရေမတွက်နိုင်သော ဆွံ့အမှုများကြားမှာ ရွှီချင်း၏ ပုံရိပ်သည် အရှေ့သို့ ဆက်လက် ရွေ့လျားသွားပြီး ခရမ်းလဂြိုလ်၏ အရှေ့သို့ ရောက်ရှိသွားသည်။

ခရမ်းလထံမှ ထုတ်လွှတ်နေသော ပုံပျက်တွန့်လိမ်မှုနှင့် ဝေဝါးမှုသည် ရွှီချင်းအပေါ် လုံးဝသက်ရောက်မှုမရှိဟန် ရသည်။ ယင်းက အစစ်အမှန်ဟု ထင်ရသော်လည်း အမှန်မှာ ပုံရိပ်ယောင်ဖြစ်သည်။ ယင်းက ရွှီချင်း၏ အရှေ့မှာ မည်သည့်အဓိပ္ပာယ်မှ မရှိပေ။

ထိုကြယ်ဂြိုလ်သည် သူ၏ တည်ရှိမှုမှ ဖွဲ့စည်းဖြစ်ပေါ်လာသော အရာဖြစ်သည်။

သို့ဖြစ်၍ ယင်းက အတုယောင်ဖြစ်စေ အစစ်အမှန်ဖြစ်စေ ရွှီချင်းအတွက်တော့ အတူတူသာ ဖြစ်သည်။

ထိုသို့ဖြင့် သူက တစ်လှမ်းချင်း တစ်လှမ်းချင်း လျှောက်သွားပြီး ခရမ်းလဂြိုလ်ပေါ်သို့ ခြေချလိုက်သည်။ ထို့နောက် သူက ကျောက်တိုင်၏ အရှေ့သို့ ရောက်ရှိသွားသည်။

ရွှီချင်းသည် ထိုနေရာမှာ ရပ်လိုက်ပြီး ခေါင်းငုံ့လိုက်ကာ မြေပြင်ကို ကြည့်လိုက်သည်။ နတ်ဘုရားအကြည့်နှင့် ဆင်တူသော သူ၏ အကြည့် ဖြတ်သန်းသွားသည့်အခါ မြေပြင်ပေါ်မှာ ဒူးထောက်နေကြသော ကောင်းကင်နက်မျိုးနွယ်မှ နတ်ဆရာများသည် တုန်ယင်လာကြသည်။ နတ်ဆရာ(၁၇)ပါးသည်လည်း ထို့အတူပင်။

နောက်ဆုံးမှာတော့ ရွှီချင်းက အသက်အကြီးဆုံး နတ်ဆရာအဖိုးအိုကို စိုက်ကြည့်လိုက်သည်။

“ မင်းရဲ့ နာမည်ပြောစမ်း ”

နတ်ဆရာအဖိုးအို၏ ခန္ဓာကိုယ်သည် တုန်ယင်လာပြီး စိတ်ထဲမှာ တဒင်္ဂကြာအောင် တုံ့ဆိုင်းသွားသည်။ သို့သော်လည်း သူက အချိန်ကြာကြာ မတုံ့ဆိုင်းဝံ့ပေ။ ထို့ကြောင့် သူက ရိုသေလေးစားစွာ ပြောသည်။

“ ကျွန်တော်က ကောင်းကင်နက်မျိုးနွယ်ရဲ့ လက်ရှိနတ်ဆရာ ယိုစန့်ပါ ”

ရွှီချင်းသည် ညာလက်ကို မြှောက်လိုက်ပြီး ဝှေ့ယမ်းလိုက်ကာ ယိုစန့်ဟူသော စကားလုံးကို ကျောက်တိုင်၏ နောက်ဘက်ခြမ်းပေါ်တွင် ရေးထွင်းလိုက်သည်။ ယင်းက အလွန်သေးငယ်သည်။ ကျောက်တိုင်တစ်ခုလုံးနှင့် နှိုင်းယှဉ်လျှင် ယင်းက နေရာလွတ်၏ အပုံတစ်ထောင်ပုံ ဆယ်ပုံပင် မရှိပေ။

သို့သော်လည်း ထိုအဓိပ္ပာယ်သည် ထူးခြားသည်။

ယိုစန့်ဟူသော စကားလုံးက ကျောက်တိုင်၏ နောက်ဘက်ခြမ်းပေါ်တွင် ထွက်‌ပေါ်လာသောအခါ ကျောက်တိုင်တစ်ခုလုံး တုန်ယင်သွားပြီး ခရမ်းလဂြိုလ်က လှုပ်ယမ်းသွားသည်။ မြေပြင်ပေါ်မှ နတ်ဆရာအားလုံး၏ အသိစိတ်သည် တုန်လှုပ်သွားကြသည်။

ခရမ်းလဂြိုလ်ကို အရိုအသေပေးနေကြသော နတ်ဆရာတစ်သန်းသည်လည်း ဤအခိုက်အတန့်မှာ အသက်ရှူမြန်လာကြသည်။ ကြည်ညိုလေးစားမှုက သူတို့၏ မျက်လုံးထဲမှာ တစ်ခါမှမဖြစ်စဖူး ထွက်ပေါ်လာကြပြီး နှလုံးတုန်သွားကြသည်။ သူတို့က ရွှီချင်းကို တစ်ညီတစ်ညာတည်း ကြည့်လိုက်ကြသည်။ ထို့နောက် သူတို့၏ အကြည့်က ကျောက်တိုင်ပေါ်မှ စာလုံးပေါ်သို့ ရွှေ့ပြောင်းသွားကြသည်။ ကြီးမားသော လှိုင်းလုံးများက သူတို့၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။

ထိုမြင်ကွင်းသည် လူတိုင်း၏ မျှော်လင့်ထားမှုထက် ကျော်လွန်သွားသည်။

နတ်ဘုရားအစေခံအတွက်တော့ သူ၏ နာမည်က နတ်ဘုရားတည်ရှိသော နေရာမှာ မှတ်ကျောက်တင်ခြင်းခံလိုက်ရသည်။ ဤသည်မှာ ဖော်မပြနိုင်အောင် ကြီးမားလှသော ဂုဏ်ကျက်သရေဖြစ်သည်။

နတ်ဆရာ(၁၇)ပါးဖြစ်စေ မြူခိုးထဲမှ ပေါ်ထွက်လာသော နတ်ဆရာများဖြစ်စေ ဤအခိုက်အတန့်မှာ အပြင်းအထန် နှလုံးခုန်မြန်လာကြသည်။ သူတို့အားလုံးသည် တုန်ယင်နေကြပြီး အသက်ရှူမြန်လာကြသည်။

သူတို့၏ အသိစိတ်က ဟာလာဟင်းလင်းဖြစ်သွားကြသည်။

ယခုအချိန်မှာ အပြင်းထန်ဆုံး နှလုံးခုန်မြန်နေသူသည် ယိုစန့်မှလွဲ၍ တခြားလူမဟုတ်ပေ။ သူ၏ ဇရာအိုနေသော မျက်နှာသည် နီမြန်းလာပြီး ခန္ဓာကိုယ်က တုန်ယင်လာသည်။ ဤသည်မှာ သန်းပေါင်းများစွာသော မိုးကြိုးသွားများက သူ၏ နှလုံးသားထဲမှာ မြည်ဟိန်းနေဟန် ရသည်။

ရွှီချင်းက ထိုသို့လုပ်ဆောင်လိမ့်မည်ဟု တစ်ခါမှ သူမျှော်လင့်မထားပေ။

ကျောက်တိုင်ပေါ်မှ သူ၏ နာမည်ကို ကြည့်နေရင်း အတိတ်မှာ နီလာနတ်သမီးကို ပထမဆုံးအကြိမ် သူကိုးကွယ်ယုံကြည်ခဲ့စဉ်က အချိန်ကို ပြန်အောက်မေ့သတိရသွားသည်။ သူက ထိတ်လန့်သွားပြီး ပိုပြီးရိုသေလေးစားလာကာ ပိုပြီးစိတ်လှုပ်ရှားလာသည်။

ရွှီချင်း၏ အစောနက သုံးသပ်မှုက မမှားယွင်းပေ။ အမှန်မှာ ကောင်းကင်နက်မျိုးနွယ်၏ နတ်ဆရာများက ရွှီချင်းအကြောင်းကို ပိုပြီးတွေးထားခဲ့ကြသည်။ သူက အညံ့ခံရန် အကြောင်းပြချက်တစ်ခုမျှသာ ဖြစ်သည်။

အဆင့်နိမ့်လူများက ယင်းကို နားမလည်နိုင်ကြပေ။ သို့သော်လည်း ရိုးရာနတ်ဆရာများအနေဖြင့် မည်သို့လုပ်ဆောင်ရမည်ဖြစ်ကြောင်း သူတို့နားလည်ကြသည်။ ဤသည်မှာ သူတို့၏ မျှော်လင့်မှုသာ ဖြစ်သည်။

ရိုးရာနတ်ဆရာများအနေဖြင့် နတ်ဘုရားတစ်ပါးကို မဖြစ်မနေ သူတို့လိုအပ်သည်။

ရွှီချင်းသည် ထိုလိုအပ်ချက်အတွက် အထူးသင့်တော်သည်။

ရွှီချင်းက ခရမ်းအရှင်သခင် တကယ်ဟုတ်မဟုတ်ကိုတော့ သူတို့က ဇဝေဇဝါဖြစ်နေကြပြီး တုံ့ဆိုင်းနေကြဆဲပင်။ မည်သို့ဖြစ်ပါစေ ရွှီချင်း၏ ကျင့်ကြံခြင်းအဆင့်သည် အလွန်နိမ့်ကျသည်။

သို့သော်လည်း ယင်းက အရေးမကြီးပေ။ လက်ရှိအခြေအနေမှာ ယင်းက ပိုပြီးကောင်းမွန်သေးသည်။

ရွှီချင်း၏ ကျင့်ကြံခြင်းအဆင့် နိမ့်ကျမှုကြောင့် သူတို့က အဓိပ္ပာယ်မရှိသော တာဝန်တစ်ရပ်ကို ဖန်တီးနိုင်ပေသည်။

အဓိကအရေးကြီးဆုံးမှာ ရေစီးကြောင်းအတိုင်း လိုက်ရန် ဖြစ်သည်။

သို့သော်လည်း မည်သို့ဖြစ်ပါစေ ရွှီချင်းက သူ၏ နာမည်ကိုမေးပြီး ကျောက်တိုင်ပေါ်မှာ မှတ်ကျောက်တင်လိမ့်မည်ဟု လုံးဝမျှော်လင့်မထားခဲ့ပေ။

ထိုအပြုအမူသည် သူတို့အားလုံး၏ သံသယဖြစ်မှုကို ဖျက်ဆီးပစ်လိုက်သည်။ သူက အစစ်အမှန် ခရမ်းအရှင်သခင်ဖြစ်ကြောင်း ထိုနည်းလမ်းဖြင့် အားလုံးကို အသိပေးလိုက်ခြင်း ဖြစ်သည်။

နင်ယန်သည် စစ်တပ်ထဲမှ ထွက်လျှောက်လာပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“ ခရမ်းအရှင်သခင် နတ်ဘုရားနယ်မြေဆီ ပြန်သွားနိုင်ဖို့နဲ့ သေမျိုးလောကဆီ ခရမ်းလရောက်ရှိလာဖို့အတွက် မင်းတို့က ကူညီထောက်ပံ့ပေးရမယ်… အဲ့ဒီအတွက် လက်အောက်ငယ်သားအားလုံးက နတ်ဘုရားသစ်သီးကို ဆုလာဘ်အဖြစ် ရရှိကြလိမ့်မယ်… ကုသိုလ်ပြုနိုင်တဲ့ လူတွေက နတ်ဘုရားရှေ့မှောက်မှာ ရာထူးတစ်ခု ရရှိကြလိမ့်မယ် ”

မြေပြင်ပေါ်မှ နတ်ဆရာအားလုံးသည် တစ်ပြိုင်နက် ဝမ်းလျားမှောက်လိုက်ကြသည်။ သူတို့၏ ကျယ်လောင်သော အော်သံက ကောင်းကင်ကို လှုပ်ခါသွားသည်။

“ ခရမ်းအရှင်သခင်ကို နှုတ်ဆက်ပါတယ် ”

နတ်ဆရာအဖိုးအို၏ ဦးဆောင်မှုအောက်မှာ နတ်ဆရာ(၁၇)ပါး၏ နှလုံးသည် ပင်လယ်ကြီးတစ်စင်းနှယ် ဘောင်ဘင်ခတ်နေကြသည်။ သူတို့က မြေပြင်ပေါ်မှာ ဝမ်းလျားမှောက်နေကြစဉ် ခန္ဓာကိုယ်က တသိမ့်သိမ့်တုန်ယင်နေကြသည်။

“ ခရမ်းအရှင်သခင်ကို နှုတ်ဆက်ပါတယ် ”

ထိုအသံက ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသည့်အခါ ဘုရားကျောင်းရှေ့မှ နီလာနတ်သမီး၏ ရုပ်တုသည် အပိုင်းပိုင်းအစစ အက်ကွဲသွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

All Chapters