← Chapters

လူသားဧကရာဇ်၏ အမိန့်တော်များ

Vol. 74 Ch. 1144

လူသားဧကရာဇ်၏ အမိန့်တော်များ

Vol. 74 Ch. 1144

ကောင်းကင်နက်မျိုးနွယ်တစ်ခုလုံးက ဆက်လက် စစ်ဖြစ်နေသော်လည်း ကောင်းကင်နက်မျိုးနွယ်မှ နတ်ဆရာများ၏ အညံ့ခံမှုကြောင့် ဘုရင်ထျန်းလန် ယခင်က မပြီးဆုံးခဲ့သော စစ်ပွဲသည် အဆုံးသတ်သွားသည်။

ဝိညာဉ်နက်ဒေသကြီး၏ တစ်ဝက်သည် သိမ်းပိုက်ခံလိုက်ရပြီး သန့်စင်ရေလှိုင်းဒေသကြီးဖြင့် ပေါင်းစပ်သွားသည်။

စစ်တပ်၏ တစ်စိတ်တစ်ပိုင်းသည် နေရပ်ဆီသို့ ပြန်သွားကြပြီး ကျန်တစ်စိတ်တစ်ပိုင်းသည် ကောင်းကင်နက်မျိုးနွယ်မှ နတ်ဆရာများကို လေ့လာစောင့်ကြည့်ရန် ဤနေရာမှာ ကျန်နေခဲ့ကြသည်။

ကောင်းကင်နက်မျိုးနွယ်မှ ရိုးရာနတ်ဆရာများ၏ ခေါင်းဆောင်ဖြစ်သော ယိုစန့်သည် ရွှီချင်း၏ သရုပ်ကို နတ်ဘုရားအဖြစ် သတ်မှတ်ပြီးနောက် တမန်တော်တစ်ပါး ဖြစ်လာသည်။

သူက ရွှီချင်းကို ကိုးကွယ်ယုံကြည်ပြီး သူ၏ တာဝန်ကို ရိုးသားစွာ ထုတ်ပြောသည်။

အနာဂတ်မှာ သူက ခရမ်းလကို ကိုးကွယ်ယုံကြည်သော ဘုရားကျောင်းများကို ဤဒေသကြီးတစ်ဝက်၏ ပြည်နယ်တိုင်းမှာ ဆောက်လုပ်ချင်သည်။ သူက ခရမ်းလနှင့်ဆက်စပ်သော နတ်ဘုရားကိုးကွယ်ခြင်း အယူဝါဒတစ်ခုကိုလည်း ဖြန့်ချင်သည်။

သူက သန့်စင်ရေလှိုင်းဒေသကြီး၊ လပူဇော်ဒေသကြီးနှင့် တခြားဒေသကြီးများထိပင် သွားရောက်ပြီး ထိုနေရာများမှာ ဘုရားကျောင်းများကို ဆောက်လုပ်ရန် စီစဉ်ထားသည်။ သို့မှသာ နတ်ဘုရားကိုးကွယ်သည့် အယူဝါဒက ကျယ်ပြောစွာ ပျံ့ပွားသွားမည်ဖြစ်ပြီး ခရမ်းအရှင်သခင်ကို ယုံကြည်ကိုးကွယ်သူများ တိုးပွားလာလိမ့်မည်။

သူ၏ သရုပ်သည်လည်း ပြောင်းလဲသွားသည်။ သူက ခရမ်းလနတ်ဘုရားအယူဝါဒ၏ ပထမဆုံး ပုပ်ရဟန်းမင်း ဖြစ်လာသည်။

သို့သော်လည်း ယင်းက အပေါ်ယံမျှသာ ရှိသေး၏။

ကောင်းကင်နက်မျိုးနွယ်မှ နတ်ဆရာများကြားတွင် ပညာရှင်ကျင့်ကြံသူအများအပြား ရှိကြသည်။ အတိတ်တုန်းက သူတို့ဆီမှာ ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံသူများပင် ရှိခဲ့ဖူးသည်။

သို့သော်လည်း သူတို့၏ လမ်းစဉ်သည် ကျင့်ကြံသူများနှင့် ခြားနားသည်။

သူတို့က တာအိုကို မကျင့်ကြံပေ။ နတ်ဘုရားကိုသာ သူတို့၏ ဘဝတစ်လျှောက်လုံး အမှုထမ်းပေသည်။ သူတို့၏ အစွမ်းသည် နတ်ဘုရား၏ ကောင်းချီးပေးမှုမှ ရရှိလာခြင်းဖြစ်သည်။

သို့ဖြစ်၍ နီလာနတ်သမီး၏ သေဆုံးမှုက သူတို့ကို အလွန်အားနည်းသွားစေခဲ့သည်။ သူတို့က သေအံ့ဆဲဆဲ အခြေအနေမှာ ရှိနေကြပြီး အသက်ဓာတ်ကို ထိန်းထားနိုင်ရုံမျှသာ တတ်စွမ်းကြသည်။

ထို့ကြောင့် ရွှီချင်း၏ ထွက်ပေါ်လာမှုက သူတို့အားလုံးကို မျှော်လင့်ချက်တစ်ခု ပြန်မြင်နိုင်စေခဲ့သည်။

အနာဂတ်မှာ ရွှီချင်း၏ အစွမ်းက တိုးပွားလာသည်နှင့်အမျှ ခရမ်းလသည် ပုံရိပ်ယောင်မှ အစစ်အမှန်သို့ ပြောင်းလဲသွားလိမ့်မည်။ ခရမ်းလက အပြည့်အဝ ဒြပ်ထည်ဖြစ်တည်လာသည့်အခိုက် ကောင်းကင်နက်မျိုးနွယ်မှ အားနည်းသော အဆင့်မြင့်နတ်ဆရာများသည် သူတို့၏ အထွတ်အထိပ်စွမ်းအားကို ပြန်လည်ပိုင်ဆိုင်နိုင်လိမ့်မည်။

ရွှီချင်းသည် ထိုကိစ္စကို သဘောတူခဲ့ပြီး ဝိညာဉ်နက်ဒေသကြီးမှ ပြန်ထွက်ခွာခဲ့သည်။

သို့သော်လည်း ဤနေရာမှာ ဖြန့်ကြက်နေသော အင်မော်တယ်အတတ်ပညာသည် မလွင့်ပြယ်သွားခဲ့ပေ။ ယင်းက ဝိညာဉ်နက်ဒေသကြီး၏ ကောင်းကင်ကို ဆက်လက် ဖုံးလွှမ်းထားပြီး သွေးတိမ်တိုက်များအဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုတိမ်တိုက်များသည် အာရုဏ်ဦးနေမင်းမှ ဖြစ်ပေါ်လာသော အပူနှင့် အလင်းရောင်ကို အတိုင်းအတာတစ်ခုထိ ဖုံးအုပ်ပေးလိုက်သည်။

ယင်းက ဤဒေသကြီးတစ်ဝက်မှ ကောင်းကင်နက်မျိုးနွယ်ကို ပြန်လည်နာလန်ထူနိုင်စေရန် ခွင့်ပြုပေးခဲ့သည်။

သို့သော်လည်း စစ်ပွဲက ဆက်လက် ဖြစ်ပွားနေဆဲပင်။ ဝိညာဉ်နက်ဒေသကြီး၏ ကျန်တစ်ဝက်နှင့် ကောင်းကင်နက်ဒေသကြီးတွင် သေခြင်းရှင်ခြင်း တိုက်ပွဲများသည် နေ့စဉ်နှင့်အမျှ ဆက်တိုက် ဖြစ်ပွားနေသည်။

သို့သော်လည်း ယင်းက ရွှီချင်းနှင့် ဘာမှမသက်ဆိုင်ပေ။

သန့်စင်ရေလှိုင်းဒေသကြီးသည် ကောင်းကင်နက်မျိုးနွယ်တစ်ခုလုံးနှင့် စစ်ပွဲဆင်နွှဲရန် တာဝန်ပေးအပ်ခြင်းမခံထားရပေ။ သူတို့က ဤဧရိယာကိုသာ တာဝန်ယူပေးရန် လိုအပ်သည်။

ဤသည်မှာ သတ္တမမင်းသား သန့်စင်ရေလှိုင်းဒေသကြီးကို ခြေကုပ်ယူနိုင်ရန်အတွက် ဘုရင်ထျန်းလန်ပြုလုပ်ခဲ့သော ကတိဖြစ်သည်။ သူက သေဆုံးသွားခဲ့သော်လည်း သန့်စင်ရေလှိုင်းဒေသကြီးက ထိုကတိကို ပြီးမြောက်အောင် ဆက်လက် ဆောင်ရွက်ခဲ့သည်။

ဤအခိုက်အတန့်မှာ သန့်စင်ရေလှိုင်းဒေသကြီး၏ နယ်နိမိတ်သည် ကြီးကြီးမားမား တိုးပွားလာသည်။ ဖုန်းဟိုင်ဒေသငယ်သည် သန့်စင်ရေလှိုင်းဒေသကြီးတစ်ခုလုံးနှင့် ဝိညာဉ်နက်ဒေသကြီးတစ်ဝက်၏ အစစ်အမှန် အချုပ်အခြာအာဏာကို ထိန်းချုပ်ထားသည်။ ထို့ကြောင့် ဖုန်းဟိုင်ဒေသငယ်၏ ဒေသအကြီးအကဲဖြစ်သော ရွှီချင်း၏ အခွင့်အာဏာသည် တခြားဒေသအကြီးအကဲအားလုံးထက် သာလွန်သွားသည်။

သူ့ကို ပဒေသရာဇ်အရှင်သခင်ဟု ခေါ်ဆိုလျှင်ပင် လွန်ကြူးသည်ဟု မဆိုနိုင်ပေ။

အရေးကြီးဆုံးမှာ ရွှီချင်း၏ ဘေးတွင် နင်ယန်ရှိသည်။

နင်ယန်၏ တည်ရှိမှုက ရွှီချင်း၏ ဖြောင့်မတ်မှန်ကန်မှုကို ဖော်ပြလိုက်ခြင်းဖြစ်ပြီး သူ၏ အခွင့်အာဏာက အတင်းအဓမ္မရယူထားခြင်းမဟုတ်ကြောင်း သက်သေပြပေးလိုက်သည်။

ဘုရင်ထျန်းလန်သေဆုံးသွားခဲ့သည့်တိုင် ယင်းက မပြောင်းလဲသွားခဲ့ပေ။

နင်ယန်က အရှေ့ထွက်လာသည့်အခါ သူ၏ စကားများနှင့် လုပ်ရပ်များသည် ထီးနန်းအရိုက်အရာတိုက်ပွဲဆီသို့ ဦးတည်သွားနေသည်။

လူအများအပြားက ထိုအကြောင်းကို အစမှာ နားမလည်ထားကြသော်လည်း တစ်ခါတစ်ရံ အလိမ်အညာကို ဖုံးကွယ်ထားသော ဝတ်ရုံ၏ အရေးပါမှုသည် ဝတ်ရုံပေါ်မှာ မရှိပေ။ အဘယ့်ကြောင့်ဆိုသော် ဝတ်ရုံကို မဖွင့်လှစ်နိုင်သောကြောင့် ဖြစ်သည်။

အကယ်၍ ဝတ်ရုံကို မဖွင့်လှစ်နိုင်လျှင် ယင်းက မင်းသားနှစ်ပါးကြားမှ တိုက်ပွဲသာ ဖြစ်နေလိမ့်မည်။

သို့သော်လည်း အကယ်၍ ဝတ်ရုံက ဖွင့်လှစ်သွားလျှင် ယင်းက သန့်စင်ရေလှိုင်းဒေသကြီး၊ ဝိညာဉ်နက်ဒေသကြီးတစ်ဝက်နှင့် လပူဇော်ဒေသကြီးထဲမှာ လူသားမျိုးနွယ်နှင့် ကြီးမားသော ပဋိပက္ခဖြစ်လာလိမ့်မည်။

သို့ဖြစ်၍ ဝတ်ရုံကို ဖွင့်လှစ်ပြီး ပဋိပက္ခဖြစ်အောင် စတင်သူသည် ကြီးမားသော တန်ကြေးတစ်ခုကို ပေးဆပ်ရလိမ့်မည်။

လူသားဧကရာဇ်သည်တော့ ဝတ်ရုံကို မဖွင့်လှစ်ချင်ပေ။ ထို့အတူ တခြားလူများသည်လည်း ထိုသို့မလုပ်ဆောင်နိုင်ပေ။

အစမှအဆုံးအထိ အရာအားလုံးသည် ကစားပွဲတစ်ခုသာဖြစ်ပြီး နှစ်ဖက်အင်အားညီမျှမှုပေါ် အခြေခံသည်။ ယင်းက ကျင့်ကြံသူများကြားမှ တိုက်ပွဲနှင့် ပိုပြီးဆင်တူသည်။ ယင်းက တိုက်ပွဲဖြစ်ရန် ထိုက်တန်မှုရှိခြင်း မရှိခြင်းပေါ် အဓိကမူတည်သည်။

ထို့ကြောင့် ဝိညာဉ်နက်ဒေသကြီးမှ ကိစ္စများ အဆုံးသတ်သွားပြီး လဝက်အကြာမှာ မဟာနန်းမြို့တော်ဒေသကြီးသည် သန့်စင်ရေလှိုင်းဒေသကြီးထံသို့ တော်ဝင်အမိန့်တော်နှစ်ခု ထုတ်ပြန်လိုက်သည်။

ပထမအမိန့်တော်သည် ရွှီချင်းအတွက် ဖြစ်သည်။

“ ကောင်းကင်ဘုံအာဏာစက်နဲ့အတူ ဧကရာဇ်ရွှမ်ကျန်းက အမိန့်တော် ထုတ်ပြန်လိုက်တယ်… သမိုင်းတစ်လျှောက် လောကရဲ့ အုပ်ချုပ်ရေးပိုင်းဟာ ပညာရှိအမတ်တွေပေါ်မှာ မှီခိုရတယ်… ဧကရာဇ်ဒုံးရှန့်မှာ အမတ်ယန်ရှိတယ်… ဧကရာဇ်ကျင့်ယွင်မှာ နတ်ဆိုးတွေကို နှိမ်နင်းချင်တဲ့ ပုဂ္ဂိုလ်တွေရှိတယ်… တာအိုလောကက လင်းဝမ်ရှီကို ဆင့်ခေါ်ခဲ့တယ် ”

“ ပညာရှိအမတ်တွေက ဖြောင့်မတ်တဲ့အခါ ဧကရာဇ်က လောကကို မင်းကျင့်တရားနဲ့အညီ အုပ်ချုပ်နိုင်တယ်… အခု သန့်စင်ရေလှိုင်းဒေသကြီးထဲမှာ သူတော်ကောင်းတရားနဲ့ ပြည့်စုံပြီး အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက် ထွက်ပေါ်လာတယ်လို့ ငါကိုယ်တော် သတင်းကြားမိတယ်… ရွှီချင်းက ဖုန်းဟိုင်ဒေသငယ်နဲ့ သန့်စင်ရေလှိုင်းဒေသကြီးကို ကောင်းမွန်စွာ စီမံအုပ်ချုပ်ပြီး ဝိညာဉ်နက်ဒေသကြီးတစ်ဝက်ကို သိမ်းပိုက်နိုင်ခဲ့တယ်… ဒါ့အပြင် ရွှီချင်းက လူသားမျိုးနွယ်ရဲ့ နယ်မြေကို ကာကွယ်စောင့်ကြပ်ပေးပြီး ကြီးကြီးမားမား အကျိုးဆောင်ပေးခဲ့တယ် ”

“ ရွှီချင်း… မောင်မင်းရဲ့ လုပ်ရပ်နှင့် စိတ်နှလုံးကို ငါကိုယ်တော် သဘောကျတယ်… သန့်စင်ရေလှိုင်းဒေသကြီးက ရှေးဘုရင်တွေ အခြေခံအုတ်မြစ်ချခဲ့တဲ့ နေရာဖြစ်ပြီး လူသားမျိုးနွယ်ရဲ့ အသက်သွေးကြောတစ်ခုလို့ ဆိုနိုင်တယ်… အဲ့ဒါကြောင့် သန့်စင်ရေလှိုင်းဒေသကြီးက လူသားမျိုးနွယ်အတွက် အလွန်အရေးကြီးပြီး ထူးခြားတယ်… ဒီအတွက်ကြောင့် ငါကိုယ်တော်က အရည်အချင်းရှိတဲ့ ရွှီချင်းကို မဟာနန်းမြို့တော်ဒေသကြီးဆီ အမြန်အခစားဝင်ရောက်ဖို့ ဆင့်ခေါ်လိုက်တယ်… ဒေသငယ်ရဲ့ အုပ်ချုပ်ရေးပိုင်းနဲ့ပတ်သက်ပြီး အင်ပါယာကျောင်းတော်မှာ ပညာလေ့လာဆည်းပူးနိုင်အောင် မောင်မင်းကို ငါကိုယ်တိုင် ခြံဝန်းတစ်ခု ချီးမြှင့်မြှောက်စားမယ် ”

ဒုတိယအမိန့်တော်သည် နင်ယန်အတွက် ဖြစ်သည်။ အမိန့်တော်ထဲတွင် ပါဝင်သော အကြောင်းအရာသည် ရိုးစင်းပြီး သူ့ကို သင်ခန်းစာတစ်ခုပေးချင်သော ရည်ရွယ်ချက်သာ ပါရှိသည်။

“ ဆယ့်နှစ်ယောက်မြောက်သားတော်… မင်းက ဆိုးသွမ်းပြီး စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ခဲ့တယ်… မင်းက မစဉ်းစားမဆင်ခြင်ဘဲ နန်းမြို့တော်ကနေ တိတ်တဆိတ် ခိုးထွက်သွားခဲ့တယ်… မင်းကို အကျယ်ချုပ် ချထားသင့်တယ်… ပြီးတော့ မင်းရဲ့ ဒီလုပ်ရပ်က ခွင့်လွှတ်လို့ရတဲ့အရာ မဟုတ်ဘူး ”

“ ဒါပေမဲ့ မင်းက ငယ်ရွယ်သေးတဲ့အပြင် မင်းရဲ့ မယ်တော်ကို စောစောစီးစီး ဆုံးရှုံးခဲ့ရတယ်… ပြီးတော့ ငါကိုယ်တော်လည်းပဲ မင်းကို သွန်သင်ဆုံးမဖို့ ပျက်ကွက်ခဲ့တယ် ”

“ ဒါ့အပြင် သန့်စင်ရေလှိုင်းဒေသကြီးမှာ မင်းရဲ့ အကူအညီပေးမှုနဲ့ အကျိုးဆောင်မှုတွေကို ထည့်သွင်းစဉ်းစားတဲ့အနေနဲ့ မင်းကို အပြစ်ဒဏ်ကနေ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်မယ် ”

“ ဒါကြောင့် အခုချက်ချင်း နန်းမြို့တော်ဆီ မနှောင့်နှေးဘဲ ပြန်လာပါ… တကယ်လို့ ပြန်လာတဲ့လမ်းခရီးမှာ မင်းက တခြားတစ်နေရာဆီ လမ်းကြောင်းပြောင်းသွားမယ်ဆိုရင် ဒီတစ်ကြိမ်တော့ ငါကိုယ်တော် သက်ညှာပေးတော့မှာ မဟုတ်ဘူး ”

ဖုန်းဟိုင်ဒေသငယ်၏ ဒေသအကြီးအကဲခြံဝန်းထဲမှ နေအိမ်ထဲဝယ် ရွှီချင်းသည် သူ့အရှေ့မှ တော်ဝင်အမိန့်တော်နှစ်ခုကို ကြည့်လိုက်ပြီး နက်နဲစွာ တွေးတောလိုက်သည်။

သတ္တမသခင်ကြီးနှင့် အမတ်ယောင်သည် ဤနေရာမှာ မရှိပေ။ ခေါင်းဆောင်နှင့် နင်ယန်သာ ရွှီချင်းနှင့်အတူ ရှိနေကြသည်။

ဤအခိုက်အတန့်မှာ ခေါင်းဆောင်သည် နေရာမှာ ထိုင်နေပြီး မက်မွန်သီးကို ကိုက်စားနေရင်း တော်ဝင်အမိန့်တော်နှစ်ခုကို ကြည့်ရှုနေသည်။ သူက နှုတ်ခမ်းသပ်လိုက်ပြီး နင်ယန်ကို ကြည့်လိုက်သည်။

“ နင်နင်လေး… မင်းရဲ့ ခမည်းတော်က မင်းအပေါ် ကောင်းကောင်းဆက်ဆံတာပဲ… အစက သူက မင်းကို ဆူပူကြိမ်းမောင်းတယ်… ပြီးတော့ အဲ့ဒါက မင်းကို သွန်သင်ဆုံးမဖို့ သူပျက်ကွက်ခဲ့တာကြောင့်လို့ ပြောတယ်… ”

“ အဲ့ဒါက ဘုရင်ထျန်းလန် သေဆုံးသွားတဲ့ကိစ္စကို မင်းရဲ့ ပခုံးအပေါ် မကျရောက်အောင် ကူညီပေးလိုက်တာပဲ ”

“ ဒါပေမဲ့ မင်းရဲ့ ခမည်းတော်က မင်းအပေါ် တကယ်အကြင်နာမဲ့တယ်… သူနောက်ဆုံး ပြောသွားခဲ့တဲ့စကားက အရမ်းပြင်းထန်လွန်းတယ်… တကယ်လို့ မင်းက နန်းမြို့တော်ဆီပြန်တဲ့ ခရီးမှာ နည်းနည်း လမ်းကြောင်းပြောင်းသွားတာနဲ့ သူက မင်းကို သတ်ပစ်လိမ့်မယ် ”

နင်ယန်သည် ခေါင်းဆောင်ကို မျက်နှာချိုသွေးသော အမူအရာဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူက ရွှီချင်းထံသို့ တိတ်တခိုး ကြည့်လိုက်ပြီး တိုးညင်းစွာ ပြောသည်။

“ စီနီယာအကိုအားညိုကလည်းဗျာ မနောက်ပါနဲ့… ခမည်းတော်က ငါ့အပေါ် မကောင်းပါဘူး… သူ ဒီလိုပြောတာ ဆရာရွှီနဲ့ပတ်သက်ပြီး ငါ့ကို ဘာမှမလုပ်နိုင်လို့ပါ ”

“ ငါ့နှလုံးသားထဲမှာ စီနီယာအကိုအားညိုနဲ့ ဆရာရွှီပဲ ရှိပါတယ်… တခြားလူတွေကို ငါဂရုမစိုက်ဘူး ”

“ နန်းမြို့တော်ဒေသကြီးဆီ ပြန်မသွားဖို့ ငါတွေးထားပြီးပြီ… ဒါပေမဲ့ စီနီယာအကိုအားညိုနဲ့ ဆရာရွှီသွားမယ်ဆိုရင်တော့ ဒီနင်နင်လေးက မင်းတို့နောက်ကို သေချာပေါက် လိုက်ခဲ့မယ် ”

ခေါင်းဆောင်သည် ရယ်မောလိုက်ပြီး နင်ယန်၏ လည်ပင်းကို သိုင်းဖက်လိုက်သည်။ သူက ပန်းသီးတစ်လုံးကို ထုတ်လိုက်ပြီး နင်ယန်၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

နင်ယန်သည် စိတ်လှုပ်ရှားသော အမူအရာကို ချက်ချင်း ထုတ်ဖော်လိုက်သည်။ သူက ပန်းသီးကို လက်ထဲမှာ ကိုင်ထားရင်း ခေါင်းဆောင်ကို ကျေးဇူးတင်စွာ ကြည့်လိုက်သည်။

သူတို့နှစ်ယောက်သည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။ ဤသည်မှာ သူတို့၏ နှလုံးသားများက အတူတကွ ပေါင်းစည်းသွားပြီး ညီအကိုကောင်းများ ဖြစ်လာကြဟန် ရသည်။

ရွှီချင်းသည် ထိုနှစ်ယောက်ကို ကြည့်လိုက်သည်။ သို့သော်လည်း သူက မည်သည့်စကားမှ မပြောပေ။

မည်သို့ဖြစ်ပါစေ လူသားဧကရာဇ်၏ ဆင့်ခေါ်မိန့်ကို ပြန်ဖြေကြားရလိမ့်မည်ဖြစ်ကြောင်း သူသိသည်။

သို့မဟုတ်လျှင် သန့်စင်ရေလှိုင်းဒေသကြီး၏ ရပ်တည်မှုသည် မှားယွင်းသွားလိမ့်မည်။

ထို့ပြင် နတ်မိမယ်ကျစ်ရွှမ်း၏ ပြောစကားအရ ခရမ်းမီးအိမ်သည် လူသားမျိုးနွယ်၏ မဟာနန်းမြို့တော်ဒေသကြီးထဲမှာ တည်ရှိသည်။

ထို့ကြောင့် ယေဘုယျအားဖြင့်ဆိုရလျှင် မဟာနန်းမြို့တော်ဒေသကြီးဆီသို့ သူက မဖြစ်မနေ ခရီးထွက်ရလိမ့်မည်။

ထို့ပြင် လူသားမျိုးနွယ်၏ အဓိကအမြူတေဖြစ်သော နန်းမြို့တော်က မည်သို့မည်ပုံရှိပြီး မြို့တော်ထဲမှာ မည်သို့သော ကောင်းကင်အရွေးချယ်ခံများနှင့် သဘာဝရှုခင်းများက တည်ရှိနေကြောင်း သူစူးစမ်းသိချင်သည်။

ထပ်ပေါင်းဆိုရလျှင် သတ္တမမင်းသားက လွတ်မြောက်သွားကြောင်း ရွှီချင်း သိခဲ့သည်။ ယင်းက အနာဂတ်မှာ သူ့အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်သည်။

ယခင်ဓားကိုင်ရုံးတော်သခင်အတွက်ဖြစ်စေ သို့မဟုတ် သတ္တမမင်းသား၏ ယခင်က လုပ်ဆောင်မှုများကြောင့်ဖြစ်စေ ထိုအတွက် သူတို့ကြားမှာ မဖြစ်မနေ ဖြေရှင်းရမည့် ရန်ငြိုးရန်စများ ရှိသည်။

“ ပြီးတော့ မဟာဧကရာဇ်က အဲ့ဒီနေရာမှာ ရှိတယ်… ”

ရွှီချင်းသည် စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။ သူက ခေါင်းမော့လိုက်ပြီး ယင်ဟွမ်ပြည်နယ်မှ ဓားကိုင်ရုံးတော်ခွဲ၏ ဦးတည်ရာဆီသို့ လှမ်းကြည့်လိုက်သည်။ ဓားကိုင်များ၏ နှလုံးသားအလင်းစစ်ဆေးပွဲမှာ သူမြင်တွေ့ခဲ့ရသော ဧကရာဇ်၏ ကြီးကျယ်ခမ်းနားသော ပုံရိပ်ကို ယခုထိတိုင် သူမှတ်မိနေဆဲပင်။

“ နန်းမြို့တော်ဆီသွားပြီး မဟာဧကရာဇ်ကို နှုတ်ဆက်ရမယ် ”

ဆုံးဖြတ်ချက်ပြတ်သားမှုက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သို့သော်လည်း မဟာနန်းမြို့တော်ဒေသကြီးဆီသို့သွားမည့် ဤခရီးစဉ်သည် အလွန်ကြာရှည်လိမ့်မည်ဖြစ်ကြောင်း သူသိသည်။ ရှေ့ဆက်သွားရမည့် လမ်းကြောင်းက မသေချာသလို သူပြန်လာနိုင်ရန် အချိန်အတော်ကြာလိမ့်မည်။

ထို့ကြောင့် သူမထွက်သွားခင် နန်းဟွမ်ကုန်းမြေဆီသို့ ခရီးတစ်ခေါက်ထွက်ရန် ဆုံးဖြတ်လိုက်သည်။

သူက ဆရာသခင်ပိုင်နှင့် ခေါင်းဆောင်လဲ့၏ အုတ်ဂူများဆီသို့ သွားရောက်ဂါရဝပြုချင်သည်။

ဟွမ်ယုံလည်း ရှိသေးသည်။

ရွှီချင်း၏ နှလုံးသားထဲမှာ အဖြေတစ်ခုရှိပြီးသား ဖြစ်သည်။ ထို့ကြောင့် သူက ဖီးနစ်တားမြစ်ဒေသကြီးဆီ ခရီးထွက်ပြီး သူ၏ မိတ်ဆွေဟောင်းနှင့် စကားပြောချင်သေးသည်။ သူက ထိုသို့တွေးနေစဉ် အသံတစ်သံသည် သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။

“ သခင်… ဘာမှစိုးရိမ်နေစရာမလိုပါဘူး… ဒီတစ်ကြိမ် မဟာနန်းမြို့တော်ဒေသကြီးဆီ ငါတို့ခရီးထွက်တဲ့အခါ ငါယိုလင်းဇီက သခင်ကို အသက်နဲ့ရင်းပြီး ကာကွယ်စောင့်ကြပ်ပေးပါမယ်… သခင့်အပေါ် မကောင်းကြံရဲတဲ့ ဘယ်သူမဆို သူတို့ကို တစ္ဆေဘဝပြောင်းသွားအောင် ငါလုပ်ပစ်မယ် ”

သူ၏ အသံသည် တည်ကြည်လေးနက်ပြီး မောက်မာထောင်လွှားမှုဖြင့် ပြည့်နှက်နေသည်။ ထိုသူသည် ကျင်းကန်းဂိုဏ်းဘိုးဘေးမှလွဲ၍ တခြားလူမဟုတ်ပေ။

သူ၏ အသံက ရွှီချင်း၏ စိတ်ထဲမှာ ပဲ့တင်ထပ်သွားစဉ် ကျင်းကန်းဂိုဏ်းဘိုးဘေးသည် ဘေးမှ ဟင်းလင်းပြင်ထဲမှ တဝီဝီဟူသော မြည်သံနှင့်အတူ ပျံသန်းထွက်လာသည်။ သူက ရွှီချင်း၏ ဘေးသို့ ရွေ့လျားသွားပြီး တောက်ပသော ရောင်ခြည်ရောင်ဝါကို ထုတ်လွှတ်လိုက်သည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူက သာမန်မဟုတ်ကြောင်း မည်သူမဆို ပြောနိုင်လိမ့်မည်။

ရွှီချင်း၏ အကြည့်သည် ကျင်းကန်းဂိုဏ်းဘိုးဘေးထံသို့ ကျရောက်သွားသည်။

လွန်ခဲ့သော ရက်အနည်းငယ်တုန်းက သတ္တမသခင်ကြီးသည် နတ်ငါးအရိုးကို သန့်စင်ပြီးနောက် ရွှီချင်းထံသို့ ပြန်ပေးအပ်ခဲ့သည်။

ယခင်ကနှင့် နှိုင်းယှဉ်လျှင် ၎င်း၏ စွမ်းအားသည် အသစ်တဖန် ပြန်မွေးဖွားလာသည့်အလား ခုန်ပျံကျော်လွှားသွားသည်။ ၎င်းက ရှေးဟောင်းအရှိန်အဝါကိုပင် ထုတ်လွှတ်လာသည်။

အစက သံချောင်းသည် သာမန်ပစ္စည်းတစ်ခုသာဖြစ်ပြီး ယင်းကို အများဆုံး သာမန်ရတနာတစ်ခုအဖြစ်သာ သတ်မှတ်နိုင်သည်။ ကျင်းကန်းဂိုဏ်းဘိုးဘေးက လက်နက်ဝိညာဉ်သို့ ပြောင်းလဲသွားပြီးနောက် ယင်းက အနည်းငယ် ဆင့်ကဲပြောင်းလဲသွားပြီး မိုးကြိုးကပ်ဘေးကို တွေ့ကြုံခဲ့သည်။ ထို့နောက် သံချောင်း၏ အစွမ်းသည် ကြီးမားစွာ တိုးမြှင့်သွားသည်။

သို့သော်လည်း သံချောင်းသည် သာမန်ဖြစ်နေဆဲပင်။

ထို့နောက် သံချောင်းကို အင်မော်တယ်တားမြစ်နယ်မြေနတ်ဘုရား၏ ငါးရိုးဖြင့် ပေါင်းစပ်လိုက်သည့်အခါ ယင်းက ကြီးကြီးမားမား ဆင့်ကဲပြောင်းလဲသွားသည်။ ယခု နီလာနတ်သမီး၏ ငှက်မွှေးကို ထပ်ပေါင်းထည့်လိုက်ပြီး သတ္တမသခင်ကြီး၏ ထူးခြားသော လက်နက်သန့်စင်ခြင်း ရှေးဟောင်းအတတ်ပညာဖြင့် သန့်စင်လိုက်သည့်အခါ ဤရတနာသည် အံ့ဖွယ်ကောင်းသော အဆင့်တစ်ခုသို့ ရောက်ရှိသွားသည်။

၎င်း၏ အသွင်သဏ္ဍာန်သည် သိသာစွာ ပြောင်းလဲသွားသည်။ ၎င်းက သေးငယ်သော တုတ်ချောင်းတစ်ချောင်း မဟုတ်တော့ပေ။ ၎င်းက မိစ္ဆာနှင်တောင်ဝှေးနှင့် ပိုပြီးဆင်တူလာသည်။ တောင်ဝှေး၏ အရင်းသည် သေးငယ်သော်လည်း အဖျားသည် ယခင်ကထက် အနည်းငယ် ပိုပြီးထူထဲလာသည်။ ၎င်းက တစ်ကိုယ်လုံး အနက်ရောင်ဖြစ်ပြီး အေးတိအေးစက် အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ၎င်းက ဘေးပတ်ဝန်းကျင်မှ ဟင်းလင်းပြင်ကို ချိပ်ပိတ်ထားစဉ် တောက်ပသော ရောင်ခြည်ရောင်ဝါကို ထုတ်လွှတ်နေသည်။

အထူးသဖြင့် အဖျားပိုင်းတွင် ဦးခေါင်းသုံးလုံးကို ထွင်းထုထားသည်။ ဦးခေါင်းတစ်လုံးသည် အင်မော်တယ်တားမြစ်နယ်မြေနတ်ဘုရားကို ကိုယ်စားပြုပြီး တခြားဦးခေါင်းတစ်လုံးသည် နီလာနတ်သမီးကို ကိုယ်စားပြုသည်။ နောက်ဆုံးဦးခေါင်းသည်တော့ ကျင်းကန်းဂိုဏ်းဘိုးဘေး၏ ဦးခေါင်းဖြစ်သည်။

ပထမဦးခေါင်းနှစ်လုံးသည် မျက်လုံးမှိတ်ထားကြပြီး ၎င်းတို့၏ နတ်ဘုရားစွမ်းအားကို ချုပ်ထိန်းထားကြသည်။ တတိယဦးခေါင်းသည်တော့ အခြေအနေနှင့် လုံးဝမလိုက်ဖက်စွာ ဖော်လံဖားသော အမူအရာကို ထုတ်ဖော်ထားသည်။

ရွှီချင်းသည် သူ့အရှေ့မှာ မျောလွင့်နေသော ကျင်းကန်းဂိုဏ်းဘိုးဘေးကို စိုက်ကြည့်လိုက်သည်။ ထိုအခါ လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ထိုရတနာကို သတ္တမသခင်ကြီးက သူ့အား မလွှဲပြောင်းပေးခင် ပြောခဲ့သော စကားကို သူပြန်သတိရသွားသည်။

“ စတုတ္ထတပည့်… ဒီရတနာထဲမှာ အင်မော်တယ်တားမြစ်နယ်မြေနတ်ဘုရားရဲ့ အရိုးကို လက်နက်ကိုယ်ထည်အဖြစ် အသုံးပြုထားပြီး နီလာနတ်သမီးရဲ့ အသွေးအသားကို ဝိညာဉ်အဖြစ် အသုံးပြုထားတယ်… လက်နက်ဝိညာဉ်ကပဲ နည်းနည်း အဆင့်နိမ့်နေတယ်… ဒါပေမဲ့ အဲ့ဒီကောင်က နည်းနည်းတုံးအတယ်… အဲ့ဒါက လက်ခံနိုင်ရုံလောက်ပါပဲ… အတိုင်းအတာတစ်ခုအရဆိုရင် ဒီဟာက အခြေခံအားဖြင့် နတ်ဘုရားသန္ဓေလောင်းတစ်ခုပဲ ”

“ အဲ့ဒါကို ရှေးဟောင်းစာအုပ်တွေထဲမှာ မှတ်တမ်းတင်ထားတဲ့ နွေဦးအင်မော်တယ်ရဲ့ နည်လမ်းနဲ့ သန့်စင်ထားခဲ့တာ ဖြစ်တယ်… အဲ့ဒါကြောင့် ဒီလက်နက်ကို အင်မော်တယ်လက်နက်လို့ ငါခေါ်တယ် ”

“ မင်းတစ်ခုမှတ်ထားရမယ်… ဒီအင်မော်တယ်လက်နက်ရဲ့ ကြောက်စရာအကောင်းဆုံးအပိုင်းက လက်နက်ကို ကိုယ့်ဘာသာ ဖောက်ခွဲပစ်တာပဲ… အဲ့ဒီအချိန်ကျရင် ပေါက်ကွဲမှုကနေ ကြောက်စရာကောင်းတဲ့ အဖျက်စွမ်းအား ထွက်ပေါ်လာလိမ့်မယ် ”

“ ပြီးတော့ ဒီလက်နက်ဝိညာဉ်က တုံးအပြီး လှည့်စားဖို့ အရမ်းလွယ်ကူတယ်… နောက်ကျရင် ဒီလက်နက်ကို မင်းအသုံးပြုတဲ့အခါ သူ့ကို ကောင်းကောင်းမွန်မွန် ထိန်းချုပ်နိုင်ဖို့ လိုတယ်… တကယ်လို့ မင်းက သူ့ဘာသာ ဖောက်ခွဲပစ်အောင် ပြုလုပ်နိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပဲ… အဲ့ဒါဆိုရင် စွမ်းအားက ပိုပြီးကြောက်စရာကောင်းလာလိမ့်မယ် ”

ကျင်းကန်းဂိုဏ်းဘိုးဘေးသည် ထိုစကားများကို မကြားနိုင်ပေ။

ဤအခိုက်အတန့်မှာ သူက ယင်းကို မသိထားသောကြောင့် မောက်မာထောင်လွှားစွာ ဆက်လက် ပြောသည်။

“ တကယ်လို့ အရိပ်လေးက သခင့်အပေါ် ပုန်ကန်ရဲတယ်ဆိုရင် သူ့ကို အပေါက်တစ်ထောင်ဖြစ်သွားအောင် ငါထိုးဖောက်ပစ်လိုက်မယ်… အဲ့ဒီအခါ ဘယ်သူက ဒုတိယခေါင်းဆောင်လဲဆိုတာ ဒင်းသိသွားလိမ့်မယ် ”

ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ တစ်ခဏကြာ တွေးတောပြီးနောက် သူက ချီးမွမ်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။

ကျင်းကန်းဂိုဏ်းဘိုးဘေးသည် ချက်ချင်း စိတ်လှုပ်ရှားသွားသည်။

All Chapters