← Chapters

တိုင်အန်ဒေသငယ်၌ အလုပ်ကြီးတစ်ခု

Vol. 74 Ch. 1147

တိုင်အန်ဒေသငယ်၌ အလုပ်ကြီးတစ်ခု

Vol. 74 Ch. 1147

ဝမ်ကူးကုန်းမြေ၏ ဧရိယာသည် အလွန်အံ့ဖွယ်ကောင်းသည်။ ရှေးဘုရင်ရွှမ်ယုံ၏ ခေတ်အတွင်းမှာ ဒေသကြီးစုစုပေါင်း(၃၆၅)ခု ရှိသည်။

သို့သော်လည်း သဘာဝကပ်ဘေးများ၊ နယ်မြေခွဲထုတ်ခြင်း၊ ကမ္ဘာ့မြေထု၏ အပြောင်းအလဲများနှင့် မျိုးနွယ်စုများ၏ ပြန်လည်စုစည်းမှုကြောင့် ကျန်ရှိသော လက်ရှိအရေအတွက်ကို မည်သူမှ သေချာမသိကြပေ။

မျိုးနွယ်စုတချို့၏ သုံးသပ်မှုအရ ဝမ်ကူးကုန်းမြေမှ ဒေသကြီး(၃၀)ရာခိုင်နှုန်းသည် သေခြင်းနယ်မြေဖြစ်လာကြပြီး ထိုနေရာမှာ နေထိုင်ကြသော ဒေသခံမျိုးနွယ်စုများသည် မျိုးတုံးပျောက်ကွယ်သွားခဲ့ကြသည်။

ဝမ်ကူးကုန်းမြေ၏ မျက်နှာပြင်ပေါ်မှာ ထွက်ပေါ်လာသော နတ်ဘုရားနယ်မြေငါးခုမှာတော့ သုံးခုသည် သေခြင်းနယ်မြေဖြစ်လာကြသည်။

သို့တိုင်အောင် သေခြင်းနယ်မြေမဟုတ်ကြသော ထိုဒေသကြီးများကို ကျင့်ကြံသူအများစု သူတို့တစ်ဘဝလုံး ဖြတ်သန်းသွားမည်ဆိုလျှင်ပင် မလွယ်ကူပေ။

တာဝေးတည်နေရာပြောင်းရွှေ့ခြင်း အစီအရင်များ၏ အကူအညီဖြင့် လူအနည်းစုသာလျှင် ဒေသကြီးများကို ဖြတ်သန်းသွားလာနိုင်ကြသည်။

သို့သော်လည်း ထိုသို့တာဝေးတည်နေရာပြောင်းရွှေ့ခြင်း အစီအရင်များသည် ဒေသကြီးအမျိုးမျိုးမှာရှိသော မျိုးနွယ်စုအသီးသီး၏ အမြင်ကြောင့် ယင်းကို အသက်သွင်းရန် အလွန်ခက်ခဲပေသည်။ အမှန်မှာ ဒေသကြီးအများစုသည် အကြောင်းအမျိုးမျိုးကြောင့် ထိုသို့တာဝေးတည်နေရာပြောင်းရွှေ့ခြင်း အစီအရင်ကို တည်ဆောက်ရန် မစွမ်းဆောင်နိုင်ခဲ့ကြပေ။

တာဝေးတည်နေရာပြောင်းရွှေ့ခြင်း အစီအရင်များသည် မျိုးနွယ်စုတူသော ပိုင်နက်များထဲမှာသာ ချောမွေ့စွာ အလုပ်ဖြစ်သည်။

ထို့ကြောင့် မျိုးနွယ်တူသော လူများက သူတို့၏ ကိုယ်ပိုင်ဒေသကြီးများထဲမှာ တည်နေရာပြောင်းရွှေ့မည်ဆိုလျှင် လွယ်ကူချောမွေ့လိမ့်မည်။ သို့သော်လည်း မျိုးနွယ်မတူသော တခြားမျိုးနွယ်စုက တည်နေရာပြောင်းရွှေ့မည်ဆိုလျှင် အလွန်ခက်ခဲလိမ့်မည်။

လူသားမျိုးနွယ်သည်တော့ အတိတ်တုန်းက အားသာချက်များနှင့် သန့်စင်ရေလှိုင်းဒေသကြီးနှင့် နန်းမြို့တော်ကို ဆက်သွယ်ပေးထားသော ရှေးခေတ်လမ်းကြောင်းအပေါ်မှာ မှီခိုအားထားပေသည်။ ယခု သူတို့က ထိုတာဝေးတည်နေရာပြောင်းရွှေ့ခြင်း အစီအရင်ကို အသုံးပြုရန် အရည်အချင်းပြည့်မီသည်။

သန့်စင်ရေလှိုင်းဒေသကြီးပြီးနောက် နောက်ဒေသကြီးသည် အော်ဒွန်ဒေသကြီး ဖြစ်သည်။

ထိုနာမည်သည် ရှေးဘုရင်ရွှမ်ယုံခေတ်အတွင်းမှာ တည်ရှိနေခဲ့ခြင်းဖြစ်ပြီး မည်သည့်အခါမှ မပြောင်းလဲသွားခဲ့ပေ။ အမှန်မှာ ထိုဒေသကြီးသည် ထိုထက်ပင် ပိုပြီးကြာရှည်စွာ တည်ရှိနေခဲ့ခြင်းဖြစ်ဟန် ရသည်။ ထိုဒေသကြီး၏ ဇစ်မြစ်နှင့်ပတ်သက်ပြီး ကောလဟာလများစွာ ရှိ၏။

ထိုထဲမှာ လူသိအများဆုံး ကောလဟာလတစ်ခု ရှိသည်။

ထိုကောလဟာလအရ ယင်းသည် ဝမ်ကူးကုန်းမြေမှ ကောင်းကင်ဘုံတာအိုတစ်ခု၏ အမည်ဖြစ်သည်။ ၎င်းသည် အသက်ရှင်သန်ခဲ့ချိန်က တာအိုနှင့် ဝမ်ကူးကုန်းမြေကို ကာကွယ်ရန်အတွက် ကိုယ့်ကိုယ်ကို စတေးပစ်ခဲ့သော ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။

အော်ဒွန်သည် ထိုကျင့်ကြံသူ၏ နာမည်ဖြစ်သည်။ ဤဒေသကြီးသည် သူ၏ ဇာတိမြေဖြစ်သည်။

သို့သော်လည်း ယခု ထိုဒေသကြီးကို မျိုးနွယ်စုကြီးသုံးခုက ထိန်းချုပ်ထားသည်။ ထိုမျိုးနွယ်စုကြီးသုံးခုသည် သူတို့ကိုယ်သူတို့ အော်ဒွန်၏ နောင်သားမျိုးဆက်များဟု သတ်မှတ်ထားကြသည်။ သူတို့တစ်ခုစီမှာ အရေအတွက်များပြားသော မျိုးနွယ်စုငယ်များ ရှိကြပြီး သူတို့အားလုံးသည် တစ်နှစ်ပတ်လုံး တိုက်ခိုက်နေကြသည်။ သူတို့က တခြားမျိုးနွယ်စုများကို အပြင်လူများဟု သတ်မှတ်ထားကြသည်။

ထို့ကြောင့် ထိုနေရာမှာ အဆုံးမဲ့သော စစ်ပွဲက ဖြစ်ပျက်နေသည်။ သက်ရှိအားလုံး၏ နေထိုင်မှုဘဝသည် အလွန်ဆိုးဝါးပြီး သေကြေပျက်စီးမှုသည် နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေသည်။ မျိုးနွယ်စုအနည်းငယ်သာလျှင် ထိုသို့ဖိနှိပ်မှုအခြေအနေအောက်မှာ အသက်ရှင်သန်နိုင်ကြသည်။

ထို့ကြောင့် လူသားမျိုးနွယ်၏ တိုင်အန်ဒေသငယ်က လောလောဆယ် အသက်ရှူချောင်နေခြင်း ဖြစ်သည်။ သို့သော်လည်း သူတို့သည် မျိုးနွယ်စုကြီးသုံးခုထံသို့ နှစ်စဉ်နှစ်တိုင်း လက်ဆောင်ပဏ္ဍာများ ပေးအပ်ရသည်။

အဘယ့်ကြောင့်ဆိုသော် ထိုမျိုးနွယ်စုကြီးသုံးခုမှာ ဒေသစစ်လက်နက်ရှိသောကြောင့် ဖြစ်သည်။

ထိုဒေသစစ်လက်နက်မှာ ပြစ်ချက်များရှိပြီး ၎င်းကို သူတို့၏ သွေးစတေးမှုဖြင့်သာ အသက်သွင်းနိုင်သည်။ ထို့ပြင် ၎င်း၏ အခွင့်အာဏာကို သုံးပိုင်းခွဲခြားထားခဲ့သည်။ မျိုးနွယ်စုကြီးသုံးခုသည် အခွင့်အာဏာတစ်ခုစီကို ထိန်းချုပ်ထားကြသည်။

သို့သော်လည်း ထိုဒေသစစ်လက်နက်၏ အဓိကအကျိုးသက်ရောက်မှုသည် ခုခံကာကွယ်ရန် ဖြစ်သည်။ ၎င်းက အော်ဒွန်ဒေသကြီးထဲမှာရှိသည့် အရာအားလုံးကို ဖိနှိပ်နိုင်သော်လည်း တခြားဒေသကြီးများဆီသို့ ၎င်း၏ အစွမ်းသက်ရောက်မှုကို မဖြန့်ကြက်နိုင်ပေ။

သို့သော်လည်း ထိုမျှက လုံလောက်ပေသည်။

လက်ဆောင်ပဏ္ဍာ ပေးဆောင်ရခြင်းနှင့်ပတ်သက်ပြီး မဟာနန်းမြို့တော်ဒေသကြီးက သူတို့၏ ဂုဏ်သိက္ခာကို ပြန်ဆည်ရန်အတွက် သတိပေးသော အမိန့်တော်တစ်ခုကို မထုတ်ပြန်ခဲ့ပေ။ သို့သော်လည်း တိုင်အန်ဒေသငယ်မှ ယခင်ဒေသအကြီးအကဲအားလုံးသည် အကယ်၍ သူတို့က အသက်ရှင်ချင်သည်ဆိုလျှင် ခေါင်းငုံ့ထားရမည်ဖြစ်ကြောင်း ရှင်းလင်းစွာ သိထားကြသည်။

သို့သော်လည်း ထိုကိစ္စသည် လူသားမျိုးနွယ်၏ အာရုဏ်ဦးနေမင်း ထွက်ပေါ်လာပြီးနောက် ပြောင်းလဲသွားသည်။

ဤတစ်ကြိမ်တွင် လူသားမျိုးနွယ်သည် သူတို့၏ ခေါင်းကို မြင့်မြင့်မော့နိုင်လာကြသည်။ ယင်းက သူတို့၏ ပိုင်နက်များထဲမှာ အလွန်သိသာသည်။ ဥပမာ တိုင်အန်ဒေသငယ်သည် လက်ဆောင်ပဏ္ဍာများ ပေးအပ်ရန် မလိုအပ်တော့ပေ။ မျိုးနွယ်စုကြီးသုံးခုသည် ဤကိစ္စနှင့်ပတ်သက်ပြီး တိတ်တဆိတ် သဘောတူခဲ့ကြသည်။

ဤအခိုက်အတန့်မှာ တိုင်အန်ဒေသငယ်၏ နိုင်းယန်ပြည်နယ်ထဲတွင် မူလက မည်းမှောင်နေသော ညကောင်းကင်ယံသည် စည်းချအစီအရင်ထံမှ ထွက်ပေါ်လာသော အလင်းရောင်ကြောင့် ချက်ချင်း လင်းထိန်သွားသည်။ တစ်လောကလုံး ထိန်ထိန်လင်းလာသည်။

တိုင်အန်ဒေသငယ်မှ ကျင့်ကြံသူများသည် သတိထားလာကြသည်။ သူတို့အားလုံးသည် တည်ကြည်လေးနက်သော အမူအရာဖြင့် စည်းချအစီအရင်ဆီသို့ စိုက်ကြည့်လိုက်ကြသည်။

သူတို့က ဖုန်းဟိုင်ဒေသငယ်နှင့် မရင်းနှီးခြင်းမဟုတ်ပေ။ သို့သော်လည်း သူတို့က လွန်စွာ ရင်းနှီးခြင်း မရှိကြပေ။ သို့သော်လည်း ဖုန်းဟိုင်ဒေသငယ်မှာ ဖြစ်ပျက်ခဲ့သော ကိစ္စများသည် ဝမ်ကူးကုန်းမြေတစ်လျှောက် တောမီးသဖွယ် ပျံ့နှံ့သွားခဲ့သည်။

သို့ဖြစ်၍ သူတို့သည် ဖုန်းဟိုင်ဒေသငယ်မှ တည်နေရာပြောင်းရွှေ့လာခြင်းနှင့်ပတ်သက်ပြီး အထူးအာရုံစိုက်ထားကြသည်။

ယခုအချိန်မှာ အလင်းရောင်က ပင်လယ်သဖွယ် ဆက်လက် ပြန့်ပွားလာသည့်အခါ လီယွင်ရှန်းသည် ဓားကိုင်သုံးသောင်းနှင့်အတူ စည်းချအစီအရင်ထဲမှာ ထွက်ပေါ်လာသည်။

သူတို့ထွက်ပေါ်လာသည်နှင့်ချက်ချင်း မနှစ်မြို့သော အကြည့်များက သူတို့ဆီသို့ စုပြုံရောက်ရှိလာကြသည်။ သို့သော်လည်း အများစုသည်တော့ သူတို့ကိုယ်သူတို့ ကောင်းမွန်စွာ ချုပ်ထိန်းထားနိုင်ကြသည်။ လီယွင်ရှန်း၏ စီစဉ်မှုအောက်မှာ ဓားကိုင်များသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားကြသည်။ သူတို့သည် ဘေးပတ်ဝန်းကျင်ကို စစ်ဆေးလေ့လာလိုက်ပြီး အရာအားလုံးအပေါ် သတိထားလိုက်ကြသည်။

မည်သည့်အန္တရာယ်မှမရှိကြောင်း အတည်ပြုပြီးနောက် နတ်မိမယ်ကျစ်ရွှမ်း၊ နင်ယန်နှင့် တခြားလူများက ဒုတိယအသုတ် တည်နေရာပြောင်းရွှေ့မှုအတွင်းမှာ ထွက်ပေါ်လာကြသည်။ နောက်ဆုံးရောက်ရှိလာသူက ရွှီချင်း ဖြစ်သည်။

သူထွက်ပေါ်လာသည်နှင့်ချက်ချင်း ခြောက်သွေ့သော လေက တိုက်ခတ်လာသည်။

ရွှီချင်းအတွက်တော့ နန်းဟွမ်ကုန်းမြေဖြစ်စေ၊ ဖုန်းဟိုင်ဒေသငယ်ဖြစ်စေ သို့မဟုတ် သန့်စင်ရေလှိုင်းဒေသကြီးဖြစ်စေ ယင်းတို့အားလုံးက ကမ်းရိုးတမ်းဒေသကြီးများ ဖြစ်ကြသည်။ လပူဇော်ဒေသကြီးသည်ပင် ယေဘုယျအားဖြင့် အေးစက်သည်။

ထို့ကြောင့် စိုထိုင်းသော ရာသီဥတုကို ကျင့်သားရနေသော သူ့အတွက် တိုင်အန်ဒေသငယ်မှ ရာသီဥတုအပြောင်းအလဲသည် သတိပြုနိုင်ဖွယ်ရာ အချက်တစ်ချက် ဖြစ်သည်။

တာဝေးတည်နေရာပြောင်းရွှေ့ခြင်း အစီအရင်မှ ဖြစ်ပေါ်လာသော စိတ်မသက်မသာခံစားမှုကိုတော့ ရွှီချင်းက မခံစားရပေ။ သူ၏ နတ်ဘုရားခန္ဓာကိုယ်က ယင်းကို လျစ်လျူရှုထားနိုင်သည်။

“ တိုင်အန်ဒေသငယ် ”

ခေါင်းဆောင်သည် လက်နှစ်ဖက်ကို ဖြန့်ကားလိုက်ပြီး ရွှီချင်း၏ ဘေးမှ လေကို ပွေ့ဖက်လိုက်သည်။

“ ဘယ်လောက်မိုက်လိုက်တဲ့ နာမည်လဲ… ချင်းလေး… နောက်ကျရင် အဆုံးမဲ့ကောင်းကင်နွားတောင်ကုန်းကို တိုင်ညိုလို့ ပြောင်းလိုက်ရင် မင်းဘယ်လိုသဘောရလဲ… ‘ တိုင် ’က ပိုပြီးအံ့ဖွယ်ကောင်းတယ်လို့ ငါထင်တယ် ”

ခေါင်းဆောင်၏ စိတ်လှုပ်ရှားနေသော အမူအရာကို ကြည့်နေရင်း ရွှီချင်းက အလေးအနက် စဉ်းစားလိုက်သည်။

“ ငါတို့ကြိုးစားကြည့်သင့်တယ် ”

ဤသည်ကို ခေါင်းဆောင်ကြားသောအခါ ပျော်ရွှင်သော အပြုံးက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ ဘေးမှ နင်ယန်သည် အမြန်ခေါင်းညိတ်လိုက်ပြီး သူ၏ ရင်ဘက်ကို ပုတ်လိုက်သည်။

“ ခေါင်းဆောင်… အဲ့ဒါက ကိစ္စမရှိပါဘူး… တကယ်လို့ အနာဂတ်ကျရင် ငါ့လက်ထဲမှာ ပိုပြီးကြီးမားတဲ့ အခွင့်အာဏာရှိလာရင် ဒေသကြီးအားလုံးကို ‘ ညို ’ဆိုတဲ့ စကားလုံး ထပ်ပေါင်းထည့်ပေးမယ် ”

ခေါင်းဆောင်သည် မျက်လုံးဝင်းလက်သွားသည်။ သူက ထိုအကြံကို လွန်စွာ သဘောကျသည်။ သူက နင်ယန်ကို သူ့အနားသို့ ဆွဲခေါ်လိုက်ပြီး ထိုကိစ္စကို အသေးစိတ် ဆွေးနွေးသည်။

ရွှီချင်းသည် သူတို့ကြားမှာ ဝင်မပါပေ။ သူက ခေါင်းမော့လိုက်ပြီး ညကောင်းကင်ယံကို ကြည့်လိုက်သည်။ ဤဒေသငယ်မှ လစန္ဒာသည် သန့်စင်ရေလှိုင်းဒေသကြီးထဲမှ လစန္ဒာနှင့် ခြားနားသည်။

ဤလစန္ဒာသည် အလွန်ဝေးကွာသော နေရာမှာ တည်ရှိပြီး စက်ဝိုင်းပုံသဏ္ဍာန်မရှိပေ။ ယင်းက ကောင်းကင်ဘုံတောင်နှင့်ဆင်တူသော တြိဂံပုံသဏ္ဍာန် လစန္ဒာဖြစ်သည်။

လရောင်ခြည်သည် အပြာရောင်ဖြစ်ပြီး မြေပြင်သည်လည်း အပြာရောင်ဖြင့် စွန်းထင်ခံထားရသည်။

ဤသည်မှာ ရွှီချင်းမြင်ဖူးသော တတိယမြောက် လစန္ဒာဖြစ်သည်။ လစန္ဒာကို အချိန်တစ်ခုကြာ စိုက်ကြည့်ပြီးနောက် သူက အကြည့်ပြန်ရုပ်လိုက်ပြီး ဤနေရာသို့ အထူးအာရုံစိုက်နေကြသော တိုင်အန်ဒေသငယ်မှ လူသားကျင့်ကြံသူများကို ကြည့်လိုက်သည်။ တစ်ဖက်လူက သတိကြီးစွာထားရှိနေကြောင်း သူပြောနိုင်သည်။

လီယွင်ရှန်းက အရှေ့ထွက်သွားခဲ့ပြီး သူတို့နှင့် ပြောဆိုဆက်ဆံနေပြီ ဖြစ်သည်။

နတ်မိမယ်ကျစ်ရွှမ်းသည် ဤနေရာသို့ တည်နေရာပြောင်းရွှေ့လာပြီးနောက် လူတိုင်း၏ ခြေဖဝါးအောက်မှ စည်းချအစီအရင်ကို စစ်ဆေးကြည့်ရှုနေသည်။ သူ၏ အမူအရာက အနည်းငယ် ထူးဆန်းနေသည်။ သူက ရွှီချင်း၏ ဘေးသို့ လျှောက်သွားပြီး နူးညံ့စွာ ပြောသည်။

“ ရွှီချင်း… ဒီတည်နေရာပြောင်းရွှေ့အစီအရင်က တစ်ခုခု မှားယွင်းနေတယ် ”

ညအချိန် လရောင်ခြည်၏ ထွန်းလင်းတောက်ပမှုနှင့် စည်းချအစီအရင်၏ အလင်းရောင်အောက်မှာ အဖြူရောင်ဂါဝန်ကို ဝတ်ဆင်ထားသော နတ်မိမယ်ကျစ်ရွှမ်းသည် နတ်သမီးသမျှ လှပသည်။ သူ၏ အသားအရေသည် နှင်းကဲ့သို့ ဖြူဖွေးပြီး သူ၏ အသွင်ပုံစံသည် တုနှိုင်းမဲ့သည်။ သူ၏ အဝတ်အစားသည် လေတိုးဝှေ့မှုအောက်မှာ တဖျပ်ဖျပ်လှုပ်ခတ်နေသည်။

အထူးသဖြင့် သူ၏ ကြည်လင်တောက်ပသော မျက်လုံးနှင့် ကျောက်စိမ်းသဖွယ် ဖြူဖွေးသော အသားအရေသည် စည်းချအစီအရင်မှ အလင်းရောင်ကို ရောင်ပြန်နေသည်။ ယင်းက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို မှိန်ဖျော့ဖျော့ လင်းလက်သွားစေပြီး သူ့ကို လူအုပ်ကြားထဲမှာ ထင်းခနဲ မြင်သာစေသည်။

နတ်မိမယ်ကျစ်ရွှမ်း၏ စကားကို ကြားသောအခါ ရွှီချင်းသည် သူ၏ ခြေဖဝါးအောက်မှ စည်းချအစီအရင်ကို ကြည့်လိုက်သည်။ အရိပ်လေးသည် လရောင်အောက်မှာ ပျံ့ပွားထွက်လာပြီး စိတ်ခံစားချက်တချို့ကို ပို့လွှတ်လာသည်။

“ ကြီးမားတဲ့… အလုပ်… ”

အနက်ရောင်အလင်းသည် ရွှီချင်း၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ ထိုစဉ် လီယွင်ရှန်း၏ ပုံရိပ်သည် အဝေးမှ ပြန်ရောက်လာသည်။ သူက ရွှီချင်း၏ အရှေ့သို့ ရောက်ရှိသွားသည့်အခါ တည်ကြည်သော အမူအရာဖြင့် တိုးညင်းစွာ ပြောသည်။

“ ဒီနေရာမှာ ကျုပ်တို့တွေ အချိန်တစ်ခုကြာအောင် နေရလိမ့်မယ်လို့ ထင်ပါတယ် ”

“ အဲ့ဒါက ဒီနေရာက စည်းချအစီအရင်နဲ့ ဆက်စပ်နေတာလား ”

ရွှီချင်းက မေးသည်။

လီယွင်ရှန်းသည် ရွှီချင်းကို ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။

“ တိုင်အန်ဒေသငယ်နဲ့ပတ်သက်ပြီး ကျုပ်တို့ မသိထားတဲ့ ကိစ္စတချို့ ရှိပါတယ်… အဲ့ဒါက တိုင်အန်ဒေသငယ်ရဲ့ လျှို့ဝှက်ချက်ပါ… ဒီရှေးဟောင်းစည်းချအစီအရင်က အဲ့ဒီထဲက တစ်ခုပါ… တကယ်လို့ ကျုပ်တို့က ဒီနေရာက စည်းချအစီအရင်ကို အသက်သွင်းချင်တယ်ဆိုရင် ပြင်ဆင်မှုတချို့နဲ့ စီစဉ်မှုတချို့ကို လိုအပ်ပါလိမ့်မယ်… အဲ့ဒါက ခုနစ်ရက်လောက် ကြာမြင့်ပါလိမ့်မယ် ”

“ ဒါပေမဲ့ ဒီသုံးရက်အတွင်းမှာ စည်းချအစီအရင်က တစ်ခုခုဖြစ်ပါလိမ့်မယ်… အဲ့ဒါက လဝက်ခန့်ကြာမြင့်ပြီးမှ ပြန်ကောင်းမွန်ပါလိမ့်မယ် ”

“ အဲ့ဒါက… အသက်ရှိနေတာလား ”

နတ်မိမယ်ကျစ်ရွှမ်းက ရုတ်တရက်‌ မေးသည်။

သူ၏ အသံက ဘေးပတ်ဝန်းကျင်မှ ခေါင်းဆောင်၊ နင်ယန်နှင့် ဝူကျန်းဝူ၏ စိတ်အာရုံကို ချက်ချင်း ဆွဲဆောင်သွားသည်။ ခုန်းရှန်းလုံသည်လည်း အံ့အားသင့်သွားသည်။ သူက ခေါင်းငုံ့လိုက်ပြီး သူ၏ ခြေဖဝါးအောက်မှ စည်းချအစီအရင်ကို သေချာစစ်ဆေးကြည့်ရှုလိုက်သည်။

သို့သော်လည်း မည်သို့ သူစစ်ဆေးကြည့်ရှုပါစေ ယင်းက စည်းချအစီအရင်တစ်ခုသာ ဖြစ်သည်။

သို့သော်လည်း ခေါင်းဆောင်၏ မျက်လုံးထဲတွင် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ သူက ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး စူးစမ်းလိုသော အမူအရာဖြင့် စည်းချအစီအရင်ကို ထိတွေ့လိုက်သည်။

လီယွင်ရှန်းသည်လည်း အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ထိုအကြောင်းကို တိုင်အန်ဒေသငယ်ထံမှ စောစောတုန်းက သူကြားသိခဲ့ရစဉ် ထိုသို့တူညီစွာ အံ့ဩသွားခဲ့ရသည်။ ဤအခိုက်အတန့်မှာ သူက တိုးညင်းစွာ ပြောသည်။

“ တိုင်အန်ဒေသငယ်ပြောတာတော့ ဒီရှေးဟောင်းစည်းချအစီအရင်က လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်တုန်းက နတ်ဘုရားမျက်နှာပျက်ကြီး မျက်လုံးဖွင့်လှစ်တာကို တွေ့ကြုံခဲ့ပါတယ်… ဒါပေမဲ့ ထူးဆန်းတာက ဒီနေရာက တားမြစ်ဇုန်ဖြစ်မလာပါဘူး ”

“ ဒါပေမဲ့ နတ်ဘုရားမျက်နှာပျက်ကြီးရဲ့ အကြည့် ကျရောက်လာပြီးနောက် ဒီရှေးဟောင်းစည်းချအစီအရင်က ကိုယ်ပိုင်အသိစိတ်ရှိလာပါတယ်… အတိအကျဆိုရရင် အဲ့ဒါက အသက်ဝင်လာပါတယ် ”

“ လဝက်ကြာမြင့်တဲ့အခါတိုင်း အဲ့ဒါက စည်းချအစီအရင်ကနေ သားရိုင်းတစ်ကောင်လို အသွင်ပြောင်းလဲသွားပြီး တိုင်အန်ဒေသငယ်ထဲမှာ လှည့်ပတ်ကစားပါလိမ့်မယ်… အဲ့ဒါဖြတ်သန်းသွားတဲ့နေရာတိုင်း လူတွေက ကြုံရာကျပန်း တည်နေရာပြောင်းရွှေ့ခံရပါလိမ့်မယ် ”

“ ဒါပေမဲ့ အဲ့ဒါရဲ့ အတိုင်းအတာက ဒီဒေသငယ်ကို ဘယ်တော့မှ မကျော်ပါဘူး… ဒါ့အပြင် ဒီစည်းချအစီအရင်မှာ ကလေးငယ်တစ်ယောက်ရဲ့ အမူအကျင့်ရှိပြီး အများကြီး မရက်စက်ကြမ်းကြုတ်ပါဘူး… ဒါကြောင့် ဒီနေရာက လူတွေက အဲ့ဒါကို ရာသီဥတုပြောင်းလဲသွားတယ်လို့ပဲ သဘောထားကြပါတယ် ”

“ တစ်ချိန်တည်းမှာ နောက်ထပ် သက်ရောက်မှုတစ်ခု ရှိပါသေးတယ်… ရှေးဟောင်းစည်းချအစီအရင်က အသက်ဝင်လာပြီးရင် လဝက်ကြာအောင် အိပ်မောကျသွားပါလိမ့်မယ်… အဲ့ဒီအချိန်ကျရင် ဘယ်လောက်ကြီးမားတဲ့ တန်ဖိုးပေးချေပါစေ စည်းချအစီအရင်ကို အသုံးပြုနိုင်မှာ မဟုတ်ပါဘူး… ဒေသငယ်က အဲ့ဒီအတွက် ဘာမှမတတ်နိုင်ပါဘူး ”

“ ဒါကြောင့် ကျုပ်တို့က တည်နေရာပြောင်းရွှေ့ချင်တယ်ဆိုရင် ဒီနေရာမှာ လဝက်ကြာအောင် စောင့်ဆိုင်းရပါမယ် ”

လိယွင်ရှန်းသည် စကားဆုံး‌အောင် ပြောပြီးနောက် ရွှီချင်းကို ကြည့်လိုက်သည်။

ရွှီချင်းသည် နှုတ်ဆိတ်သွားပြီး ထိုကိစ္စကို နတ်မိမယ်ကျစ်ရွှမ်း၊ ခေါင်းဆောင်နှင့် လီယွင်ရှန်းကဲ့သို့ အရေးကြီးသော တခြားလူများဖြင့် ဆွေးနွေးတိုင်ပင်လိုက်သည်။ အဆုံးမှာတော့ သူက တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်ကို အသုံးမပြုခင် ဤနေရာမှာ တစ်ခဏကြာအောင် နေထိုင်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။

သူတို့သည် အဝေးကြီးသို့ မသွားကြပေ။ ရှေးဟောင်းစည်းချအစီအရင်နှင့် ကီလိုမီတာငါးဆယ်အကွာမှာ တပ်စခန်းချလိုက်ကြသည်။

တိုင်အန်ဒေသငယ်မှ ကျင့်ကြံသူများသည် သူတို့အနားသို့ ရောက်မလာကြချေ။ သူတို့က ရွှီချင်းနှင့် တခြားလူများဖြင့် အကွာအဝေးတစ်ခု ခြားထားပြီး အမြဲတမ်း သတိထားရှိနေကြသည်။

အမှန်မှာ ဤနေရာကို စောင့်ကြပ်နေကြသော တိုင်အန်ဒေသငယ်မှ ကျင့်ကြံသူများသာ သတိထားနေကြခြင်း မဟုတ်ပေ။ အဝေးမှာ တည်ရှိနေကြသော လူများသာမက တိုင်အန်ဒေသငယ်ထဲမှ မျိုးနွယ်စုများနှင့် အင်အားစုများသည်ပင် အလွန်အမင်း သတိထားနေကြသည်။

ဤအတောအတွင်း နိုင်းယန်ပြည်နယ်နားသို့ မချဉ်းကပ်သွားရန် သူတို့၏ မျိုးနွယ်ဝင်များကို သတိပေးထားကြသည်။

ရွှီချင်းနှင့် တခြားလူများသည် ဤဒေသငယ်ကို မနှောင့်ယှက်ကြပေ။ တပ်စခန်းချပြီးနောက် ရွှီချင်းသည် မျက်လုံးမှိတ်လိုက်ပြီး တရားထိုင်လိုက်သည်။ အများစုသည် သူ့အတိုင်း ပြုမူကြသည်။ ခေါင်းဆောင်တစ်ယောက်တည်းသာ အငြိမ်မထိုင်နိုင်ပေ။ သူက ရံဖန်ရံခါ စခန်းအပြင်ဘက်သို့ ထွက်သွားပြီး အဝေးမှ တည်နေရာပြောင်းရွှေ့ခြင်း အစီအရင်ကို စူးစမ်းလိုစွာ ကြည့်လိုက်သည်။

သုံးရက်ကြာပြီးနောက် ညအချိန်တွင် ကမ္ဘာတုန်ဟီးစေမည့် ပေါက်ကွဲသံသည် ရှေးဟောင်းစည်းချအစီအရင်ထံမှ ထွက်ပေါ်လာသည်။ ရွှီချင်းသည် မျက်လုံးဖွင့်လိုက်ပြီး ရွက်ဖျင်တဲထဲမှ ထွက်လာသည်။

နတ်မိမယ်ကျစ်ရွှမ်း၊ နင်ယန်၊ လီယွင်ရှန်းနှင့် တခြားလူများသည်လည်း သူတို့၏ ကိုယ်ပိုင်ရွက်ဖျင်တဲထဲမှ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။ သူတို့အားလုံးသည် ရှေးဟောင်းစည်းချအစီအရင်ကို စိုက်ကြည့်လိုက်ကြသည်။

တဖြည်းဖြည်း ထူးဆန်းသော အမူအရာက သူတို့၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

ဧရာမစည်းချအစီအရင်သည် နက်ပြာရောင်အလင်းတန်းကို ထုတ်လွှတ်လာသည်။ ဤအခိုက်အတန့်မှာ ကောင်းကင်ပေါ်မှ လသည် မှေးမှိန်လာသည်။ ဤသည်မှာ လရောင်ခြည်အားလုံးက စည်းချအစီအရင်၏ စုပ်ယူခံလိုက်ရသည့်အလားပင်။

ထိုအလင်းရောင်အောက်မှာ အပြာရောင်ဆံပင်သည် စည်းချအစီအရင်ထံမှ ရှည်ထွက်လာသည်။ တဖြည်ဖြည်း ဆံပင်သည် ထူထဲများပြားလာသည်။ နောက်ဆုံးမှာတော့ ဝုန်းခနဲမြည်သံ ပေါက်ကွဲထွက်လာသည့်အခါ ရှေးဟောင်းစည်းချအစီအရင်သည် မြေပြင်ပေါ်မှ မြှောက်တတ်သွားသည်။

မြေပြင်သည် ပိုပြီးပြင်းထန်စွာ တုန်ယင်လာပြီး ကောင်းကင်သည် နက်မှောင်သွားသည်။ ရှေးဟောင်းစည်းချအစီအရင်သည် လေထဲမှာ မျောလွင့်နေသည်။ ၎င်းက ပြားချပ်နေပြီး အပြာရောင် ဆံပင်က တဖျပ်ဖျပ်လွင့်မျောနေသည်။ ၎င်း၏ ထွက်ပေါ်လာမှုသည် ရက်စက်ကြမ်းကြုတ်မှုကို မဖြစ်ပေါ်စေပေ။ ၎င်းက အမွှေးအမျှင်ရှိသော ပန်ကိတ်တစ်ချပ်နှင့် ပိုပြီးဆင်တူသည်။

၎င်း၏ ဧရာမမျက်လုံးတစ်စုံကို ဖွင့်လှစ်လိုက်သည့်အခါ ချစ်စဖွယ်ကောင်းသော စိတ်ခံစားမှုကို ပေးသည်။

၎င်းက ဝမ်းမြောက်သော အသံကို ထုတ်ဖော်လိုက်ပြီး အဝေးသို့ တဝီဝီမြည်သံဖြင့် ပျံသန်းသွားသည်။ ကောင်းကင်ပေါ်မှ ငှက်များသည် ခွဲထွက်သွားရန် ပြင်လိုက်သည်။ သို့သော်လည်း ယင်းက အလွန်နောက်ကျသွားချေ၏။ ဤအမွှေးအပြားချပ်ဖြင့် ဖုံးလွှမ်းခံလိုက်ရသောအခါ ပျံသန်းနေကြသော ငှက်များသည် တည်နေရာပြောင်းရွှေ့ခြင်းခံလိုက်ရသည်။ ၎င်းတို့က မည်သည့်နေရာသို့ တည်နေရာပြောင်းရွှေ့ခံလိုက်ရကြောင်းကိုတော့ မသိရပေ။

၎င်းက ထိုသို့ကစားရသည်ကို ပိုပြီးပျော်ရွှင်ဟန် ရသည်။ ၎င်းသည် ဆက်လက် လှုပ်ယမ်းလိုက်ပြီး အဝေးသို့ ရွေ့လျားသွားသည်။

“ လောကကြီးက အရမ်းကျယ်ပြောသလို ထူးဆန်းတဲ့အရာတွေလည်း အများကြီး ရှိတယ်… ”

လီယွင်ရှန်းသည် စိတ်ခံစားချက်ဖြင့် သက်ပြင်းချလိုက်သည်။

နတ်မိမယ်ကျစ်ရွှမ်းသည်တော့ ပြန်လည်တွေးတောသော အရိပ်အယောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက အဝေးသို့ ထွက်ခွာသွားသော ပန်ကိတ်ကို ကြည့်နေရင်း အတွေးနက်သွားသည်။

ရွှီချင်း၏ နှလုံးသည် တုန်လှုပ်လာသည်။ သူသည် အရွယ်ရောက်လာသည်နှင့်အမျှ ဝမ်ကူးကုန်းမြေထဲမှ ထူးဆန်းသော အရာအများအပြားကို မြင်တွေ့ဖူးလာသည်။ အကြိမ်တိုင်းသည် ခြားနားသည်။

ဝမ်ကူးကုန်းမြေသည် သူ၏ အရှေ့မှာ ရေခဲတုံး၏ အစွန်အဖျားမျှသာ ထုတ်ပြရသေးဟန် ရ၏။

လူတိုင်းက ထိုမြင်ကွင်းကြောင့် အံ့ဩမင်သက်နေကြစဉ် ခေါင်းဆောင်သည် နှုတ်ခမ်းသပ်လိုက်သည်။ သူ၏ မျက်လုံးသည် လင်းလက်တောက်ပလာပြီး သူ၏ နှလုံးသည် လောင်ကျွမ်းလာသည်။

‘ အဲ့ဒါက ရတနာတစ်ခုနဲ့ တူတယ်… အဲ့ဒါကို ငါမြင်ပြီးပြီဆိုမှတော့ အဲ့ဒါက ငါနဲ့ ကံစပ်တာပဲ ’

All Chapters