← Chapters

ကောင်းကင်တာအို တစ်ထောင့်ငါးရာ

Vol. 47 Ch. 692

ကောင်းကင်တာအို တစ်ထောင့်ငါးရာ

Vol. 47 Ch. 692

စည်းတံဆိပ် အဆောင်လက်ဖွဲ့၏ တစ်ဝက်ကို ဖယ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် တုန်လှုပ်ဖွယ်ကောင်းသောအော်ရာတစ်ခု ထွက်ပေါ်လာသည်။

ထိုအခိုက်တွင် ချာတိတ်လေး၏ စရိုက်နှင့် စိတ်နေစိတ်ထားက လုံးဝ ပြောင်းလဲသွားခဲ့သည်။

ယင်းက ဖော်ပြရခက်သည့် လေးနက်သော ခံစားမှုတစ်ခုပင်။

သူတို့နှစ်ဦးက မှော်ရတနာမှ ဖန်တီးထားသော ဤနေရာလေးတွင် အစက်လေးများလောက်သာ ဖြစ်သော်လည်း ချာတိတ်လေးကမူ မေ့ပျောက်ရခက်သော ခံစားချက်တစ်ခုကို ချန်ထားရစ်ခဲ့သည်။

ဝမ်လင်း၏ ဘုရင်မျက်လုံးက ပွင့်သွားပြီး ရွှေရောင်ပွင့်ချပ်သုံးခုက မျက်လုံးထဲတွင် ဖြစ်ပေါ်လာသည်။

ထိုစွမ်းအားက ကောင်းကင်တစ်ခုလုံးကို ထိုးဖောက်ဝင်ရောက်နိုင်သကဲ့သို့ အလွန်တရာ နက်နဲသိမ်မွေ့သည်။

ထိုစွမ်းအား၏ အော်ရာဖိအားက ဥက္ကဌပိုင်ကို ပြင်းထန်စွာ ထိမှန်သွားခဲ့သည်။

ယခုအချိန်ထိ ဝမ်လင်းက မတိုက်ခိုက်ရသေးသလို လှုပ်ပင်မလှုပ်ခဲ့ပေ။

သို့သော်လည်း ဥက္ကဌပိုင်သည် ဝမ်လင်း၏ အော်ရာဖိအားကြောင့် ပျံသန်းသွားခဲ့ရသည်။

တာအိုစည်းတံဆိပ် အဆောင်လက်ဖွဲ့သည် ဝမ်လင်း၏ မူလခွန်အားကို အချိန်တိုင်းလိုလို ဖိနှိပ်ထားခဲ့သည်။

သူက မဟာတာအို ၃၀၀၀ကို မွေးရာပါ အကြွင်းမဲ့ ဆုပ်ကိုင်ထားနိုင်သော်လည်း တာအို အဆောင်လက်ဖွဲ့၏ အထိန်းအကွပ်ကြောင့် ကောင်းကင်တာအို ၁၀၀ လောက်ကိုသာ အကန့်အသတ်ဖြင့် အသုံးပြုနိုင်ခဲ့သည်။

ဒါတောင်မှ သူက အလွန်အစွမ်းထက်နေပြီ ဖြစ်သည်။

ယခုအခါတွင် တာအိုစည်းတံဆိပ် တစ်ဝက်ကို ဖယ်ရှားလိုက်၍ မဟာတာအို၁၅၀၀ကို အသုံးပြုခွင့် ရသွားချေပြီ။

ကောင်းကင်တာအို ၁၀၀နှင့် ၁၅၀၀ကြားရှိ ကြီးမားသောကွာဟချက်သည် ဥက္ကဌပိုင်အတွက် ခါးသီးသောစည်းပင်ဖြစ်သည်။

အချိန်တိုင်းတွင် သူသည် ဤချာတိတ်လေး၏ ကျင့်ကြံခြင်းနယ်ပယ်အဆင့်ကို တိုင်းတာနေခဲ့သည်။

သို့သော် ယခုအခါတွင် ဤချာတိတ်လေး၏ အင်အားကို ကျင့်ကြံခြင်း နယ်ပယ်အဆင့်နှင့် လုံးဝ တိုင်းတာ၍ မရကြောင်း သူသိသွားခဲ့ပြီဖြစ်သည်။

မိစ္ဆာဓားနတ်ဘုရား ကောင်းကင်တာအိုကို စတင် နားလည်လာသောအခါတွင် ကမ္ဘာကို တုန်လှုပ်နိုင်သည်အထိ ကျော်ဇောခဲ့၏။

သို့သော် ဝမ်လင်းကမူ စွမ်းအား ကန့်သတ်ထားသော အခြေအနေမှာပင် ကောင်းကင်တာအို ၁၀၀ ရှိနေပြီဖြစ်သည်။

ယခုလို ကောင်းကင်တာအို ၁၅၀၀ကို အသုံးပြုနိုင်သော အခြေအနေတွင် ဝမ်လင်းအနေဖြင့် ကောင်းကင်ကို လှုပ်ကိုင်နိုင်ရုံမျှမက ကောင်းကင်ကို ဇောက်ထိုးမိုးမျှော် ပြောင်းလဲနိုင်ပေသည်။

ဆိုရလျှင် သူက ဥက္ကဌပိုင် အံတုနိုင်သောသူ လုံးဝ မဟုတ်တော့ပေ။

ဥက္ကဌပိုင်က အံကြိတ်ကာ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။

ဤအချိန်ထိ သူက နားမလည်ဘဲ ပြန်တိုက်ခိုက်နေလျှင် ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်နေပေလိမ့်မည်။

“ဝူကျီထီး”

သူက ထီးအမည်ကို လှမ်းခေါ်လိုက်သည်။

သူ့သခင်၏ခေါ်သံကို ကြားသည်နှင့် အနက်ရောင်ထီးငယ်လေးသည် ချက်ချင်းပင် ရောက်လာပြီး အနက်ရောင်အလင်းတန်းများဖြင့် ဥက္ကဌပိုင်ကို လွမ်းခြုံပေးလိုက်သည်။

ဥက္ကဌပိုင်က အလွန်ကြောက်ရွံ့ပြီး အာကာပြင်ကို ဖွင့်ဖောက်ထွက်ပြေးရန်ထက် ဝူကျီထီး၏ စွမ်းအားကို အသုံးပြုချင်ခဲ့ခြင်း ဖြစ်သည်။

“ဒီလောက် လွယ်မယ်လို့ထင်လား”

ဝမ်လင်းက အနက်ရောင်ထီးကို လှမ်းကြည့်လိုက်ပြီး မမြင်နိုင်သော ကောင်းကင်တာအို ဒါဇင်ပေါင်းများစွာ၏ ကြီးမားသောအင်အားကို ဘုရင်မျက်လုံးကနေ ထုတ်လွှတ်လိုက်သည်။

“ဝူကျီထီး”

ဥက္ကဌပိုင်က ထပ်ခေါ်လိုက်သည်။

သို့သော် ဝူကျီထီးထံမှ ဘာတုံ့ပြန်မှုမှ မရှိခဲ့ချေ။

“ဝူကျီထီး”

ဥက္ကဌပိုင်က ထပ်မံ ခေါ်လိုက်ပြန်သည်။

ထိုအခိုက်တွင် ဝူကျီထီး၏ လက်နက်ဝိညာဉ်သည် အလွန်စိတ်ဆိုးသောအသံဖြင့် ဥက္ကဌပိုင်ကို ပြန်ပြောလိုက်သည်။

“ဆူညံလွန်းတယ်.. မင်းသောက်ပါးစပ်ကို ပိတ်ထားစမ်း.. ဒီဖေဖေက မလှုပ်ရှားနိုင်ဘူးဆိုတာ မင်းမမြင်ဘူးလား”

ဥက္ကဌပိုင် “……….”

ရိုးရှင်းစွာပြောရလျှင် ဝူကျီထီး၏ လက်နက်ဝိညာဉ်က တုံ့ပြန်မှုလုံးဝ မလုပ်နိုင်ခဲ့ပေ။

သူက ယခုအခါတွင် ဥက္ကဌပိုင်ကို ဒေါသများ ပုံချခဲ့သည်။

“မင်းမှာဒီကနေထွက်သွားဖို့နည်းလမ်းရှိလား”

ဥက္ကဌပိုင်က ဝူကျီထီးကို အကူအညီတောင်းလိုက်သည်။

ဝူကျီထီးက ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဝမ်လင်းထံ တိုက်ရိုက် တောင်းဆိုလိုက်သည်။

“သခင်ကြီး.. ကျေးဇူးပြုပြီး ကျွန်တော့်ကိုလွှတ်ပေးပါ.. စာချုပ်ချုပ်ထားတယ် ဆိုပေမဲ့ ပြဿနာမရှိပါဘူး.. ကျွန်တော်အဲဒါကို ဖျက်ဆီးနိုင်ပါတယ်.. သခင်ကြီး ကျွန်တော့်ကို မသတ်ပါနဲ့.. ဒီကောင်က အပြစ်တွေအများကြီး ကျူးလွန်ခဲ့တယ်.. ကျွန်တော့်အသက်ကို ချမ်းသာပေးရင် သက်သေအဖြစ် ပြုလုပ်ပေးပါမယ်.. ဟို.. ဟို.. လက်နက်ဝိညာဉ် သက်သေအဖြစ်နဲ့ပေါ့”

လက်နက်ဝိညာဉ်တစ်ခု ဖြစ်သည့် ဝူကျီထီးသည် ဒါဇင်ပေါင်းများစွာသော ကောင်းကင်တာအို၏ သိပ်သည်းသော အင်အားကြောင့် သိသိသာသာပင် ကြောက်ရွံ့နေခဲ့သည်။

ကောင်းကင်တာအို ဒါဇင်ပေါင်းများစွာသည် အဖိုးတန်ဓားရှည် ဒါဇင်ပေါင်းများစွာနှယ် သူ၏လည်ပင်းကို ချိန်ရွယ်ထားသလို ဝူကျီထီးက ခံစားနေရသည်။

စေ့စေ့စပ်စပ် စဉ်းစားပြီးနောက်တွင် ဝမ်လင်းထံ၌ ကရုဏာကို တောင်းခံခြင်းသည် အသင့်တော်ဆုံး ရွေးချယ်မှုဖြစ်သည်ဟု ဝူကျီထီးက ခံစားခဲ့ရသည်။

ဝမ်လင်း “……….”

ဝူကျီထီး၏ တောင်းပန်သံကိုကြားလျှင် ဥက္ကဌပိုင်က ချက်ချင်း ဝူကျီထီးအား ပြန်ပြောလိုက်သည်။

“ပေါက်ကရ ပြောနေတာတွေကို ချက်ချင်း ရပ်လိုက်စမ်း.. မြန်မြန်ဒူးထောက်ပြီး မင်းအမှားကိုဝန်ခံလိုက်.. ငါမင်းကို ခွင့်လွှတ်ပေးမယ်”

“???”

ဝူကျီထီးက သူ့ကို သစ္စာဖောက်ရန်ရွေးချယ်လိမ့်မည်ဟု ဥက္ကဌပိုင် တစ်ခါမှမမျှော်လင့်ခဲ့ပေ။

ဝမ်လင်းအနေဖြင့် ရိုးသားစွာဝန်ခံရလျှင် ဝူကျီထီးက ကရုဏာသက်ရန် မတောင်းဆိုခဲ့လျှင်ပင် အသက်ချမ်းသာပေးရန် စီစဉ်ထားပြီးသား ဖြစ်သည်။

ဝမ်လင်းက သူ့လက်ကိုဆန့်ထုတ်လိုက်ရာ ဝူကျီထီးသည် သူ့လက်ပေါ်သို့ တိုက်ရိုက် ရောက်ရှိလာခဲ့သည်။

ထို့နောက်တွင် ဝမ်လင်းက ဝူကျီထီး၏ ကိုယ်ထည်ကို လက်ဖြင့် အသာအယာ ပွတ်သပ်လိုက်ပြီး ရွှေရောင်ကြိုး တစ်ချောင်းကို ဆွဲထုတ်လိုက်သည်။

ထိုရွှေရောင်ကြိုးကို မြင်လျှင် ဥက္ကဌပိုင်က မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။

ထိုရွှေရောင်ကြိုးသည် ဝူကျီထီးနှင့် သူစာချုပ်ချုပ်ထားသည့် လက်နက်ဝိညာဉ် စာချုပ်မှလွဲ၍ အခြားမဟုတ်ပေ။

“ဒီကောင်က ငါနဲ့ ဝူကျီထီး ချုပ်ဆိုထားတဲ့ ပဋိညာဥ်စာချုပ်ကို တိုက်ရိုက် ဆွဲထုတ်လိုက်တယ်တဲ့လား”

ထိုရွှေရောင်ကြိုးကို စိုက်ကြည့်ပြီးနောက် ဝမ်လင်းက အထဲမှ ပဋိညာဥ်စာချုပ်ကို ကြည့်ရန်ပင် စိတ်မဝင်စားတော့ဘဲ သူ့လက်ဖဝါးဖြင့် ဖျစ်ညှစ်လိုက်ရာ စာချုပ်တစ်ခုလုံးက ပေါက်ကွဲသွားပြီး ပြာမှုန်များအဖြစ် ပြောင်းလဲသွားခဲ့သည်။

ထို့ကြောင့် ဝူကျီထီးက စာချုပ်ကို ဖောက်ဖျက်ရန်မလိုအပ်တော့ဘဲ ဝမ်လင်းက ၎င်းကို စိတ်ကြိုက် မွမ်းမံနိုင်တော့မည်ဖြစ်၏။

ယခုအခါတွင် ဝူကျီထီး၌ သခင်မရှိတော့ပေ။

“မင်းကိုငါသတ်မယ်”

ဥက္ကဌပိုင်က အံကြိတ်ကာ ဒေါသတကြီး ရေရွတ်လိုက်သည်။

ချာတိတ်လေးက ဤကဲ့သို့သော နည်းလမ်းဖြင့် သူ့ကို အရှက်ရစေမည်ဟု သူဘယ်သောအခါမှ မမျှော်လင့်ခဲ့ပေ။

သူ၏ မှော်ရတနာကို သူ့မျက်စိရှေ့မှောက်မှာပင် ချက်ချင်းဆိုသလို လုယူသွားခြင်းသည် သူ့ဇနီးကို ခိုးယူခံရသည်ထက်ပင် ပို၍ ကြီးကျယ်သော အရှက်ရမှုကို ဖြစ်စေခဲ့သည်။

“ဆင့်ခေါ်မယ်.. ရှေးဟောင်းတံခါးကိုးခု လာခဲ့စမ်း”

ဥက္ကဌပိုင်က အော်ဟစ်လိုက်သည်။

သူက လက်ဟန်တစ်ခုကို ဖော်ထုတ်လိုက်ပြီး လက်ဖဝါးဖြင့် မြေပြင်ပေါ်သို့ ရိုက်ချလိုက်ကာ ဧရာမ ရှေးဟောင်းတံခါးကြီး ကိုးခုကို ချက်ချင်းဆင့်ခေါ်ခဲ့သည်။

ထိုရှေးဟောင်းတံခါးကြီး ကိုးခုသည် ရှေးခေတ်နတ်ကွန်းများ၏ တံခါးပေါက်များနှင့် ဆင်တူသည်။

တံခါးပေါက်များတွင် ရှားပါးပြီး ထူးခြားသော သားရဲအမျိုးမျိုးတို့၏ ပုံများကို ထွင်းထုထားပြီး ရှုပ်ထွေးသော ကနုပ်များဖြင့် အလှဆင်ထားသည်။

တံခါးတစ်ခုစီ၏ အလယ်ဗဟိုရှိ နတ်ဆိုးဦးခေါင်းရုပ်သည် ရုတ်တရက်ပါးစပ်ကို ဟလိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ ကြီးမားသောစွမ်းအားများ ထွက်ပေါ်လာသည်။

ဝူကျီထီးကို ဆုံးရှုံးပြီးနောက်တွင် ဤအရာသည် ဥက္ကဌပိုင်၏ နောက်ဆုံးအားကိုးရာ မှော်ရတနာ ဖြစ်သည်။

ချာတိတ်လေး၏ အော်ရာက အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလွန်းသဖြင့် ဥက္ကဌပိုင်၏ ပထမအတွေးမှာ ထိုအော်ရာကို ကာကွယ်ရန် ဖြစ်သည်။

ထိုအော်ရာကိုသာ ကာကွယ်နိုင်ခဲ့လျှင် သူ့အနေဖြင့် တိုက်ပွဲဝင်ရန်အခွင့်အရေးရှိနေဆဲဟု ဆိုရပေမည်။

သို့ရာတွင် သူအတွေးလွန်နေမှန်း နောက်တစ်ခဏမှာပင် သိလိုက်သည်။

ဝမ်လင်းက ကောင်းကင်တာအို ၁၅၀၀ကို အသုံးပြု၍ ဥက္ကဌပိုင်ကို ခြိန်းခြောက်ခဲ့သော်လည်း ဥက္ကဌပိုင်က လက်လျှော့မည့်ပုံ မရ၍ စိတ်ပျက်သွားမိသည်။

သူက ဥက္ကဌပိုင်၏ ရှေးဟောင်းဧရာမတံခါးကြီး ကိုးခုကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

ထိုသက်ပြင်းချသည့် ငြီးတွားသံကပင် မထင်မှတ်ဘဲ အသံလှိုင်းတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

ဤအရာက ဘုရင်ကြီး၏ ငြီးတွားသံ ဖြစ်သည်။

တစ်ခဏအတွင်းမှာပင် ပထမတန်းစား သူတော်စင်မှော်ရတနာဖြစ်သည့် ဤဧရာမ ရှေးဟောင်းတံခါးကြီး ကိုးခုသည် ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထိုအမှုန့်များက လေတစ်ချက်အဝှေ့တွင် စကြဝဠာထဲသို့ လွင့်စင်သွားသော အမှုန့်များ ဖြစ်လာခဲ့သည်။

ကောင်းကင်တာအို ၁၅၀၀၏ဖိအားကို ခံနိုင်ရည်မရှိသော ပထမတန်းစား သူတော်စင်လက်နက်သည် နေရာမှာပင် ပျက်သုန်းသွားခဲ့ရသည်။

“ဒါကဘယ်လိုနည်းစနစ်မျိုးလဲ”

ဥက္ကဌပိုင်က မြေပြင်ပေါ်တွင် တုန်တုတ်ယင်ယင်ဖြင့် ဒူးထောက်ကာ မှုန်ကုပ်ကုပ် ဖြစ်နေသည်။

ဝမ်လင်း၏ လက်ထဲမှ ဝူကျီထီးပင် ထိုမြင်ကွင်းကို အံ့ဩကာ တုန်လှုပ်နေခဲ့သည်။

ဥက္ကဌပိုင်က သူ့ရှေ့မှချာတိတ်ကိုကြည့်ကာ အံ့ဩထိတ်လန့်လွန်း၍ အသံပင်မထွက်နိုင်တော့ပေ။

အပိုင်း(၆၉၂) ပြီး၏

All Chapters