ဗိုလ်ချုပ်ရီ၏သံသယ
Vol. 47 Ch. 696
နတ်ဆိုးမုဆိုးများအဖွဲ့အစည်းမှ ဥက္ကဌပိုင်တစ်ယောက် ခန္ဓာကိုယ်ပေါက်ကွဲ၍ သေဆုံးသွားသည် ဟူသောသတင်းသည် ဤသို့ဖြင့်ပင် ပြီးဆုံးသွားခဲ့သည်။
သို့သော် ဤကိစ္စတွင် ပါဝင်ပတ်သတ်သူတိုင်းသည် ဤသည်က အစသာရှိသေးကြောင်း သိထားကြသည်။
နိုင်ငံရပ်ခြားမှ ၎င်းတို့၏ခေါင်းဆောင်ကို မဖမ်းမိခင်အထိ ဤကိစ္စက ပြီးမြောက်မည်မဟုတ်ပေ။
နောက်တစ်နေ့သည် ဇူလိုင်၂၆ရက်နေ့ ဖြစ်ပြီး စာသင်နှစ်၏ ၁၄ပတ်မြောက် ဗုဒ္ဓဟူးနေ့ ဖြစ်၏။
နတ်ဆိုးမုဆိုးများအဖွဲ့အစည်းမှ ဥက္ကဌပိုင် ခန္ဓာကိုယ် ပေါက်ကွဲသွားသော သတင်းသည် အွန်လိုင်းတွင် တောမီးကဲ့သို့ ပျံ့နှံ့သွားခဲ့သည်။
ကျောင်းပေါင်းတစ်သောင်း မဟာမိတ်အဖွဲ့မှ အတွင်းရေးမှူးတာခန်း၏ ဖိအားအောက်တွင် မီဒီယာများသည် ဝမ်လင်း၏ သတင်းအချက်အလက်များကို ချန်ထားရစ်ပြီး ကျောင်းသား၏ အချက်အလက်ကို မထုတ်ပြန်ခဲ့ပေ။
ဆိုရလျှင် ကျောင်းသားများ၏ ကိုယ်ရေးကိုယ်တာကို ကာကွယ်ရန်မှာ ကျောင်းပေါင်းတစ်သောင်း မဟာမိတ်အဖွဲ့၏ တာဝန် ဖြစ်သည်။
ဟုတ်ပါသည်၊ ဤအရာကို ကျိုးရီက တောင်းဆိုခဲ့ခြင်းဖြစ်သည်။
သို့မဟုတ်လျှင် ကိစ္စအားလုံးသည် ဤမျှလောက် ချောချောမွေ့မွေ့ ဖြစ်လိမ့်မည် မဟုတ်ပေ။
နံနက်စောစောတွင် ဗိုလ်ချုပ်ရီနှင့် ထန်ချမ့်သည် လက်ဖက်ရည်ကို သောက်ရင်း သတင်းစာ ဖတ်နေသည်။
“ပြန်ပေးဆွဲမှုက ဒီလိုပဲပြီးသွားတာလား.. ဒီကျောင်းသားတကယ်ပဲ အဆင်ပြေရဲ့လား”
ထန်ချမ့်က သံသယများ ဝင်နေခဲ့သည်။
ဤကိစ္စနှင့်ပတ်သက်၍ တစ်စုံတစ်ရာ အကြောင်းရှိမည်ဟု သူခံစားခဲ့ရသည်။
စေ့စေ့စပ်စပ် တွေးကြည့်လျှင် ဤကိစ္စ၌ သံသယဖြစ်စရာ အချက်များစွာ ရှိနေ၏။
အဖြစ်အပျက်များစွာက အမှတ်၆၀ အထက်တန်းကျောင်းတွင် ဖြစ်ပျက်ခဲ့သော်လည်း အဆုံးသတ်တွင် ဤကျောင်းသည် ဘေးဥပဒ်အားလုံးကို ရှောင်ရှားနိုင်ခဲ့သည်။
ထို့ပြင် စုန့်ဟိုင်မြို့၏ အထွေထွေအုပ်ချုပ်ရေး ဒါရိုက်တာကျိုးရီသည်လည်း အဖြစ်အပျက်တိုင်းတွင် လက်တွေ့ကျကျ ပါဝင်ပတ်သက်နေခဲ့သည်။
ကျိုးရီက နတ်ဆိုးဘုရင်တစ်ပါးကို သတ်ပြီးနောက်တွင် နာမည်ကျော်ကြားခဲ့သော အမှတ်၆၀ အထက်တန်းကျောင်း၏ ကျောင်းသားဟောင်းတစ်ဦး ဖြစ်သည်။
ထို့ပြင် ကျိုးရီ၏ ကျော်ကြားမှုသည် မကြာသေးမီကပင် ဒုံးပျံတစ်ခုလို မြန်ဆန်လာ၍ ဗိုလ်ချုပ်ရီကိုပင် မျက်စိကျစေခဲ့သည်။
ဗိုလ်ချုပ်ရီက သတင်းစာကို ချလိုက်ပြီးနောက် ထန်ချမ့်ကိုစိုက်ကြည့်ကာ မေးလိုက်သည်။
“မင်းဘယ်လိုမြင်လဲ”
ထန်ချမ့်က ခေါင်းငြိမ့်လိုက်သည်။
“ကျွန့်တော့်အမြင်အရတော့ နောက်ကွယ်မှာ တစ်စုံတစ်ယောက်ရှိနေပုံပဲ.. ဒီလူက အတော်လေး လက်တံရှည်ပုံလည်း ရတယ်”
“ငါထင်ထားတဲ့အတိုင်း ဖြစ်လာမှာကို ငါအစိုးရိမ်ဆုံးပဲ”
ထိုစကားကို ဗိုလ်ချုပ်ရီက ပြောလိုက်ပြီး သက်ပြင်းချလိုက်သည်။
ဤသည်က သူအကြောက်ဆုံးပင်။
လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးသည် အလွန်ကျယ်ပြန့်လာပြီး လက်တွေ့တွင် မည်သူမှ ရာဇဝတ်မှုကို ကျူးလွန်ခြင်း မရှိကြတော့ပေ။
အကယ်၍ ဗိုလ်ချုပ် ၁၀ယောက်ထဲမှ တစ်ယောက်ယောက်သာ အကျင့်ပျက်ခဲ့လျှင် ဤသည်က ဟွာရှို့နိုင်ငံအတွက် အကြီးအကျယ် အကျပ်ရိုက်စေလိမ့်မည် ဖြစ်သည်။
ထန်ချမ့် "ဗိုလ်ချုပ်ရီမှာ သံသယရှိတဲ့လူ ရှိလား"
"ဒါက ဒီအတိုင်းပြောလိုက်တာပါ.. ဒါပေမဲ့ ငါတို့မှာ အထောက်အထား မရှိတဲ့အတွက် ဘာမှတော့ မပြောနိုင်သေးဘူး"
တကယ်တမ်းတွင် ဗိုလ်ချုပ်ရီက သံသယဝင်နေသည်မှာ ကြာပြီဖြစ်သည်။
ယခုအခါတွင်မူ ပုံသဏ္ဍာန်တစ်ခုလုံး နီးပါးကို မြင်နိုင်ခဲ့ပြီဖြစ်၏။
စွန်းတာခန်းကို သူ့အနေဖြင့် တိုက်ရိုက် မေးခွန်းထုတ်လျှင် ဖုံးကွယ်နေမည်ကို သူကောင်းစွာသိသည်။
ထို့ကြောင့် သူစုံစမ်းလိုလျှင် အမှတ်၆၀ အထက်တန်းကျောင်းနှင့် ကျိုးရီတို့မှ စတင်ရမည် ဖြစ်၏။
နတ်ဆိုးမုဆိုးများအဖွဲ့အစည်း၏ အဖြစ်အပျက်မပြီးမီ သူကဤအကြောင်းကိုသာ စဉ်းစားနေခဲ့သည်။
အဆုံးသတ်တွင် သူသည် ဤအဖြစ်အပျက်၏ ဗဟိုချက် ဖြစ်သည့် ကျောင်းသား၏ နေအိမ်ကို သွားရောက် လည်ပတ်ရန် ဆုံးဖြတ်လိုက်သည်။
ဤဆုံးဖြတ်ချက်က မှန်ကန်သောဆုံးဖြတ်ချက်ဟု ဗိုလ်ချုပ်ရီခံစားမိသည်။
သူ၏ခရီးစဥ်တွင် ဒါရိုက်တာကျိုး၏ နောက်ကွယ်မှ အနန္တတန်ခိုးရှင်က မည်သို့သော ပုဂ္ဂိုလ်မျိုးလဲ ဆိုသည်ကို သိနိုင်လိမ့်မည်ဟု သူပြင်းပြင်းထန်ထန် ခံစားခဲ့ရသည်။
"ကြည့်ရတာ ဗိုလ်ချုပ်ရဲ့ စိတ်ထဲမှာ တွေးထားတာရှိနေသလိုပဲ"
ဗိုလ်ချုပ်ရီ၏ ပြတ်သားသောအကြည့်ကို မြင်လိုက်ရလျှင် ထန်ချမ့်က ရယ်မောလိုက်သည်။
"ဒီကိစ္စရဲ့ရလဒ်က အရမ်းကြီး ဆိုးရွားမနေဖို့ ငါမျှော်လင့်တယ်.. တာခန်းက ငါနဲ့ နှစ်ထောင်ပေါင်းများစွာ အတူအလုပ်လုပ်လာတဲ့သူပဲ.. ယုတ္တိဗေဒအရ ပြောရမယ်ဆိုရင် သူက အဲလောက်ထိ မိုက်မဲတဲ့သူ မဟုတ်ဘူး.. ဒါပေမဲ့ ဒီကိစ္စမှာ ပါဝင်ပတ်သက်နေရင်တော့ သူ့ကို ငါဖမ်းရလိမ့်မယ်.. ငါတို့ကအများပြည်သူကိစ္စနဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စကို ခွဲခြားထားရမယ်.. ဒါမှပဲ ကိုင်တွယ်ဖြေရှင်းလို့ အဆင်ပြေလိမ့်မယ်"
"ဗိုလ်ချုပ်အနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဖို့အတွက် ကျွန်တော့ကို လိုအပ်သေးလား"
ထန်ချမ့်က မေးလိုက်၏။
ဗိုလ်ချုပ်ရီက သူ့လက်ကို ဝှေ့ရမ်းလိုက်သည်။
"လောလောဆယ်တော့ မလိုသေးဘူး.. စုန့်ဟိုင်မြို့က သူတော်စင်သားရဲဘုရင်ရဲ့ အကြွင်းအကျန်နယ်မြေမှာ နွေရာသီစခန်းသွင်း လေ့လာမှုအစီအစဉ် စတင်တော့မှာဖြစ်လို့ ငါစုန့်ဟိုင်မြို့ကို သွားရဦးမယ်.. ငါစုန့်ဟိုင်ကို ရောက်နေတဲ့အချိန်မှာ ငါ့ရဲ့မိုက်မဲလွန်းတဲ့ ဂျူနီယာညီလေးကို သွားတွေ့ရဦးမယ်.. ဒါပေမဲ့ ဒီမတိုင်ခင်မှာတော့ ငါ့ရဲ့အစီအစဉ်ဖြစ်တဲ့ ဒီကောင်လေးရဲ့ အကြောင်းကို စုံစမ်းရဦးမယ်"
တစ်ဖက်တွင်လည်း အမှတ်၆၀ အထက်တန်းကျောင်းသည် ယနေ့တွင် အထူးသဖြင့် ဆူညံနေခဲ့သည်။
အားလုံး၏ အာရုံက Grade 1အခန်း ၃ ရှိ ဝမ်လင်းဆီသို့သာ ရောက်ရှိနေခဲ့သည်။
ယနေ့တွင် ဝမ်လင်းသည် ကျောင်းသို့စောစီးစွာ ရောက်လာခဲ့သည်။
သူရောက်လာသော အခိုက်တွင် ကျောင်းသန့်ရှင်းရေး လုပ်နေသော ကျောင်းသားအနည်းငယ်သာ ရှိသည်။
ထိုခဏမှာပင် မြေပဲလေးက ပန်းခွေများစွာကို ကိုင်ဆောင်ကာအခန်းအပြင်သို့ ထွက်လာခဲ့သည်။
ထိုပန်းခွေများသည် အာကာပြင်အက်ကွဲကြောင်းထဲသို့ ဝမ်လင်း စုပ်ယူခံရကြောင်း သတင်းရရှိပြီးနောက်တွင် အခြားအတန်းမှ ကျောင်းသားများ၏ ဝမ်းနည်းခြင်း ပန်းခွေများ ဖြစ်သည်။
ပန်းခွေများပေါ်တွင် "အတန်းဖော်ဝမ်လင်း အတွက် လေးနက်စွာဝမ်းနည်းခြင်း" ဟူသော စာတမ်းများပင် ပါနေသည်။
ဝမ်လင်း ".........."
ပန်းခွေများ ကိုင်ထားသည့် မြေပဲလေးသည် ဝမ်လင်းကိုမြင်လျှင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"အတန်းဖော်ဝမ်လင်း အသက်ရှင်နေတယ်ဟေ့"
".........."
ဝမ်လင်းက အသက်ရှင်နေသေးသည်ဟု သတင်းထွက်ခဲ့သော်လည်း မြေပဲလေးအနေဖြင့် ဝမ်လင်းကို အရှင်လတ်လတ် တွေ့လိုက်ရသောအခါတွင် အနည်းငယ် ထိတ်လန့်အံ့ဩသွားခဲ့သည်။
ဝမ်လင်းက အခန်းထဲသို့ဝင်လိုက်ရာ အခန်းတစ်ခုလုံးသည် ပန်းရနံ့များဖြင့် ပြည့်နှက်နေခဲ့သည်။
သူ့ထိုင်ခုံတွင် ပန်းခွေများ တစ်ပုံတစ်ပင်ရှိနေသည်ကို ဝမ်လင်း တွေ့လိုက်ရသည်။
"အတန်းဖော်ဝမ်လင်း ခဏနေပါဦး.. ငါအတည်ပြုပါရစေ"
မြေပဲလေးက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ကာ ဝမ်လင်း၏ မျက်နှာကို ဟိုစမ်းဒီစမ်း လုပ်လိုက်သည်။
"အင်း.. မျက်လုံးကတော့ အတန်းဖော်ဝမ်လင်းရဲ့ မျက်လုံးတွေနဲ့ အတူတူပဲ.. ဒီမျက်နှာကလည်း နွေးနွေးထွေးထွေးရှိတယ်.. ကြည့်ရတာ အတန်းဖော်ဝမ်လင်းက တကယ် အသက်ရှင်နေတာပဲ.. ဝမ်လင်း မင်းအသက်ရှင်နေတာ အရမ်းကောင်းတာပဲ.. အားလုံးက မင်းအတွက် အတော်လေး စိုးရိမ်နေကြတာ.. မနေ့ကဆိုရင် ကောင်မလေး တချို့က ငိုတောင်ငိုတယ်"
မြေပဲလေးက ပြောလိုက်သည်။
မနေ့က ဥက္ကဌပိုင်နှင့် တိုက်ခိုက်နေစဉ် သူ့အတန်းဖော်များ၏ တုံ့ပြန်မှုများကို ဝမ်လင်းက သူ၏မှော်စွမ်းရည်ဖြင့် နားထောင်ခဲ့သည်။
မိန်းကလေးများထဲတွင် စွန်းရုံနှင့် လင်းရှောင်ယုကသာ သူ့အတွက် ဝမ်းအနည်းဆုံး ဖြစ်သည်။
ယောက်ျားလေးများကမူ မိန်းကလေးများထက် ပို၍ စိတ်ကိုထိန်းချုပ်နိုင်စွမ်း ရှိကြသည်။
အများစုက ဝမ်းနည်းကာ နှုတ်ဆိတ်နေကြသော်လည်း ချန်းချောင် တစ်ယောက်သာလျှင် ဝမ်လင်း ဘာအန္တရာယ်မှမရှိဟု ခံစားမိ၍ ဘာမှမဖြစ်သလို ရှိနေခဲ့သည်။
ထို့ပြင် ချန်းချောင်သည် ဝမ်လင်း ဘာအန္တရာယ်မှမရှိဟုပင် သူ့အတန်းဖော်များကို ပြောဆိုခဲ့သေး၏။
မြေပဲလေးက ချန်းချောင်ကို သွေးအေးသည်ဟု ထင်ခဲ့သော်လည်း ယခုအခါတွင် ချန်းချောင်က အတော်လေး ပါးစပ်စီးသည်ကို သူတွေ့လိုက်ရသည်။
ထိုခဏမှာပင် ကော်ဟောက်နှင့် ချန်းချောင်တို့က အတန်းထဲသို့ ဝင်လာခဲ့သည်။
သူတို့က ဝမ်လင်းကိုတွေ့လိုက်သောအခါ အံ့အားသင့်သွားကြသည်။
ကော်ဟောက် "အိုး.. ဝမ်လင်း မင်းအသက်ရှင်နေသေးတာလား"
ဝမ်လင်း ".........."
"မင်းတို့ကို စိတ်ပျက်စေမိတာ တကယ်ကို တောင်းပန်ပါတယ်"
ကော်ဟောက် "မနေ့က ဝယ်ထားတဲ့ ပန်းခွေတွေအတွက် မင်းငါ့ကို ပိုက်ဆံပြန်ပေးလို့ရမလား"
ထိုစကားက နောက်ပြောင်မှန်း သိသောကြောင့် ဝမ်လင်း၏ အမူအရာက လုံးဝ ပြောင်းလဲသွားခြင်းမရှိပေ။
ချန်းချောင်က သူ့ပေါင်ကိုသူ ပြန်ပုတ်လိုက်သည်။
"ကြည့်စမ်း ငါမပြောဘူးလား.. အတန်းဖော်ဝမ်လင်းသေချာပေါက် အဆင်ပြေမယ်လို့ ငါပြောခဲ့တယ်လေ.. မင်းတို့မှတ်မိတယ် မဟုတ်လား.. ငါပြောပါတယ်.. သူက ငါတို့အတန်းရဲ့လာဘ်ကောင်လေးပါဆို.. သူလိုလူက တစ်ခုခု ဖြစ်စရာလား"
ဝမ်လင်း ".........."
"ဒီမနက်သတင်းကို ဖတ်ပြီးကြပြီလား.. သတင်းထဲမှာ ဥက္ကဌပိုင်က ခန္ဓာကိုယ်ပေါက်ကွဲပြီး သေဆုံးသွားတယ်လို့ ရေးထားတယ်"
ထိုစကားကို ပြောပြီးနောက် ချန်းချောင်က ပြုံးလိုက်သည်။
"ကြည့်လေ.. ဒီကောင်က ကပ်ဘေးကနေ လွတ်မြောက်လာရုံတင်မကဘူး.. နတ်ဆိုးမုဆိုးများအဖွဲ့အစည်းရဲ့ ဥက္ကဌပိုင်ကိုတောင် သူ့ကိုယ်သူ ပေါက်ကွဲသွားအောင် လုပ်နိုင်ခဲ့တယ်.. သူသာ ငါတို့နဲ့အတူ အထက်တန်းကျောင်းမှာ တက်နေတာမဟုတ်ရင် သူက အဓိကဇာတ်ဆောင်လို့တောင် ငါသံသယ ဖြစ်မိလိမ့်မယ်.. ပြောလို့မရဘူး ဒီကောင်က အဓိကဇာတ်ဆောင် တစ်ယောက် အမှန်တကယ်လည်း ဖြစ်ချင်ဖြစ်နေမှာ"
မြေပဲလေးက သံသယဝင်သော လေသံဖြင့် ပြောလိုက်သည်။
ထိုစကားကြောင့် ချန်းချောင်က ရယ်မောလိုက်သည်။
"လခွမ်း.. ဘယ်အဓိက ဇာတ်ဆောင်က သာမန်အထက်တန်းကျောင်းမှာ ကျောင်းတက်ဖို့ ရွေးချယ်မှာလဲ.. ဒီလိုမှမဟုတ်ရင်တော့ သူ့ရဲ့ဦးနှောက်က ချောင်နေတာပဲ ဖြစ်ရမယ်"
ဝမ်လင်း ".........."
အပိုင်း(၆၉၆) ပြီး၏