← Chapters

ဗိုလ်ချုပ်ရီ၏ အကန့်အသတ်မဲ့တာအို

Vol. 47 Ch. 701

ဗိုလ်ချုပ်ရီ၏ အကန့်အသတ်မဲ့တာအို

Vol. 47 Ch. 701

“ရီရီလေးက စိတ်ဆိုးသွားတယ်ထင်ပါ့”

ဗိုလ်ချုပ်ရီ၏ ဖြစ်အင်ကိုကြည့်ရင်း နိုင်ငံခေါင်းဆောင်က ပြုံးလိုက်သည်။

ဤအမူအရာမျိုးဖြင့် ဗိုလ်ချုပ်ရီကို တွေ့ရခဲသည် မဟုတ်ပါလော။

သူမှတ်မိသလောက် ဆိုရလျှင် ထိုအချိန်က နတ်ဆိုး၇ပါးကို အစွမ်းကုန် တိုက်ခိုက်ခဲ့ချိန်ကလွဲ၍ ဗိုလ်ချုပ်ရီ အနေဖြင့် ဤမုဒ်အား အသက်သွင်းလိုက်သည်ကို သူ မတွေ့ဖူးခဲ့ချေ။

“ဒါက ဘာမုဒ်လဲ”

ဖေဖေဝမ်က စူးစမ်းလိုက်သည်။

“ဒါက အကန့်အသတ်မဲ့ ဓားချီနဲ့ ခန္ဓာကိုယ်ရဲ့ အလားအလာကိုလှုံ့ဆော်ပေးဖို့အတွက် သွေးကြောတွေကို အသက်ဝင်စေမယ့်နည်းလမ်းဖြစ်တယ်.. ဒီနည်းစနစ်က အကန့်အသတ်မဲ့ ဓားတာအိုကို တီထွင်ခဲ့တဲ့ ဓားအင်မော်တယ်ဖန်လွေရဲ့ နာမည်ကျော်ဓားနည်းစနစ်ပဲ.. ဒီနည်းစနစ်ကို အမွေခံတပည့်ဖြစ်တဲ့ ရီရီလေး တစ်ယောက်ကိုပဲ လက်ဆင့်ကမ်းခဲ့တယ်”

ထိုရှင်းပြချက်ကိုကြားလျှင် ဖေဖေဝမ်က မိစ္ဆာဓားနတ်ဘုရားနှင့် ပတ်သက်၍ အတွေးနယ်ချဲ့ခဲ့သည်။

သို့ဆိုလျှင် မိစ္ဆာဓားနတ်ဘုရားသည် ထိုအချိန်က သူ၏ဆရာကို မကျေမနပ်ဖြစ်မှုကြောင့် သတ်ပစ်နိုင်ဖွယ်ရှိသည်။

နိုင်ငံခေါင်းဆောင်၏ နောက်ထပ်စကားများက ဖေဖေဝမ်၏ ထင်ကြေးများကို အတည်ပြုပေးခဲ့သည်။

“ဖန်လွေမှာ တပည့်နှစ်ယောက်ရှိတယ်.. တစ်ယောက်က ရီရီလေးဖြစ်ပြီး နောက်တစ်ယောက်ကတော့ မိစ္ဆာဓားနတ်ဘုရားလို့ အများသိကြတဲ့ ချန်နန်ရွယ်ပဲ.. ဖန်လွေက အကန့်အသတ်မဲ့ဓားတာအိုရဲ့ အမွေဆက်ခံသူကို ရွေးချယ်ဖို့အတွက် ငါ့ဆီကိုလာပြီး အကြံဉာဏ်တောင်းခဲ့သေးတယ်”

“ခေါင်းဆောင်နဲ့ ဓားအင်မော်တယ် ဖန်လွေတို့က တစ်ယောက်နဲ့ တစ်ယောက် သိနေကြတာလား”

“ငါတို့နှစ်ယောက်က မိတ်ဆွေရင်းတွေပါ”

နိုင်ငံခေါင်းဆောင်က ခေါင်းငြိမ့်၍ ပြောလိုက်သည်။

“ဖန်လွေက အကန့်အသတ်မဲ့ ဓားတာအိုကို ရီရီလေးဆီလွှဲပြောင်းပေးလိုက်တဲ့ အတွက် ချန်နန်ရွယ်က မကျေမနပ်ဖြစ်ပြီး သူ့ရဲ့ဆရာကို လက်တုံ့ပြန်တဲ့အနေနဲ့ သတ်ဖြတ်ဖို့ ကြံစည်ခဲ့တယ်.. ဒါပေမဲ့ အမှန်တရားကတော့ ဖန်လွေက သူ့တပည့် လုပ်ကြံမှာကို ကြိုသိနေခဲ့တယ်.. သူက အမြဲလိုလို သတိကြီးတဲ့လူ ဖြစ်တဲ့အတွက် သတိမထားမိဘဲ ဘယ်နေပါ့မလဲ”

“ဒါဆို ဓားအင်မော်တယ်ဖန်လွေက အသက်ရှင်နေသေးတာလား”

ဖေဖေဝမ်က မိစ္ဆာဓားနတ်ဘုရားအကြောင်းနှင့် ပတ်သက်၍ အွန်လိုင်းတွင် ရှာဖွေခဲ့ပြီးနောက် မိစ္ဆာဓားနတ်ဘုရား၏ ဆရာဖြစ်သူ ဖန်လွေက အမှန်တကယ် မသေသေးဟု ဆိုထားသည့်အချက်များစွာ ရှိနေကြောင်း တွေ့ရှိခဲ့သည်။

သို့သော် အွန်လိုင်းမှ အချက်အလက်များသည် ထင်ကြေးပေးမှုများသာ ဖြစ်ပြီး တိကျသော သက်သေ အထောက်အထားများ မဟုတ်ခဲ့ပေ။

“ဖန်လွေက တကယ်ပဲ သေသွားပါပြီ”

ဤအချိန်တွင် နိုင်ငံခေါင်းဆောင်က ထိုစဉ်က ဖြစ်ပျက်ခဲ့သည့်အမှန်တရားများကို ထုတ်ဖော်ခဲ့သည်။

“ဒါပေမဲ့ ကောလာဟလတွေနဲ့ မတူတာက ချန်နန်ရွယ်ကို အနိုင်မရလို့ သေဆုံးခဲ့ရတာတော့ မဟုတ်ဘူး.. အမှန်တရားကတော့ အဲဒီတိုက်ပွဲမှာ ဖန်လွေက သူ့တပည့်ကို တမင်တကာ အလျှော့ပေးခဲ့တယ်.. ဒါကြောင့်လည်း ချန်နန်ရွယ် အနေနဲ့ ဖန်လွေကို အသေသတ်နိုင်ခဲ့တယ်.. အဲဒီနောက်မှာ သူ့ရဲ့ဓားစွမ်းရည်တွေက သူ့ဆရာထက်တောင် သာလွန်တယ်ဆိုပြီး ချန်နန်ရွယ် မထင်မှတ်ဘဲ တွေးမိသွားခဲ့တယ်”

ထိုစကားကိုကြားလျှင် ဖေဖေဝမ်က နားလည်သဘောပေါက်သွားသည်။

မိစ္ဆာဓားနတ်ဘုရား အနေဖြင့် ဤနှစ်များ တစ်လျှောက်လုံးတွင် မာနထောင်လွှားနေခဲ့ပြီး နေရာတိုင်းတွင် ပြဿနာရှာနေခဲ့သည်မှာ အံ့ဩစရာမဟုတ်ပေ။

သူ့ကိုယ်သူ ဓားအင်မော်တယ်ဖန်လွေထက် သန်မာသည်ဟု နားလည်မှု လွဲနေသည်မှာ ထင်ရှားသည်။

ထိုသို့ဆိုလျှင် လင်းလင်းအား သွားထိရဲသည်မှာ အံ့ဩစရာမဟုတ်တော့ပေ။

ဖေဖေဝမ်က သက်ပြင်းချလိုက်သည်။

“ဓားအင်မော်တယ်ဖန်လွေက သူ့ကိုလမ်းပြပေးဖို့ အတွက် တမင်တကာ အလျှော့ပေးခဲ့တာလား”

“ဟုတ်တယ်.. ညီနောင် စစ်ထူ ပြောတဲ့စကားက အမှန်ပဲ”

“အဲဒီအချိန်က အကန့်အသတ်မဲ့ ဓားတာအိုရဲ့ တစ်ဦးတည်းသောဆက်ခံသူကို ရွေးချယ်ပြီးနောက်မှာ ချန်နန်ရွယ်က အတော်လေး ဒေါသထွက်နေခဲ့တယ်.. ဒါပေမဲ့ ချန်နန်ရွယ်က စိတ်ရင်းမဆိုးဘူးလို့ ဖန်လွေက အမြဲယုံကြည်ခဲ့တယ်.. သူ့ရဲ့သေခြင်းတရားကို သူ့တပည့် မှန်ကန်တဲ့လမ်းကို လျှောက်လှမ်းဖို့အတွက် အသုံပြုခဲ့ပေမဲ့ နှမျောဖို့ ကောင်းတာက ချန်နန်ရွယ်က သူထင်ထားသလို ဖြစ်မလာခဲ့ဘူး”

“ဒါဆို ဓားအင်‌မော်တယ်ဖန်လွေက ဗိုလ်ချုပ်ရီကို အကန့်အသတ်မဲ့ ဓားတာအိုရဲ့ ဆက်ခံသူအဖြစ် ဘာကြောင့်ရွေးချယ်ခဲ့တာလဲ ဆိုတာကိုရော ခေါင်းဆောင်သိလား”

“အဲဒါတော့ ငါတကယ်မသိဘူး”

နိုင်ငံခေါင်းဆောင်က ပြောလိုက်သည်။

ထိုကိစ္စကို အမှန်တကယ် သူရှင်းရှင်းလင်းလင်း မသိပေ။

ယခင်က ရီရီလေးကို ထိုကိစ္စနှင့် ပတ်သက်၍ သီးသန့်မေးခဲ့ဖူးသော်လည်း အကန့်အသတ်မဲ့ ဓားတာအို၏ လျှို့ဝှက်ချက်နှင့် သက်ဆိုင်သည်ဟု ရီရီလေးက ပြောသဖြင့် ဆက်မေးရန်အဆင်မပြေတော့ပေ။

သို့သော် သေချာသောအရာတစ်ခုမှာ ဖန်လွေသည်သူ၏ဆက်ခံသူကို ရွေးချယ်ရာတွင် ဓားကျွမ်းကျင်မှု သို့မဟုတ် အလုံးစုံ တိုက်ခိုက်ရေးစွမ်းရည်တို့နှင့် မသက်ဆိုင်ခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် ထိုစဉ်က ရီရီလေးနှင့် ချန်နန်ရွယ်တို့သည် ဓားကျွမ်းကျင်မှုတွင် လက်ရည်တူနီးပါး ဖြစ်ခဲ့သောကြောင့်ပင်။

နိုင်ငံခေါင်းဆောင်၏ စကားကိုနားထောင်ရင်း ပို၍ စိတ်ဝင်စားစရာ ကောင်းလာသည်ဟု ခံစားလိုက်ရသဖြင့် ဖေဖေဝမ်က မျက်ခုံးပင့်လိုက်သည်။

အကန့်အသတ်မဲ့ ဓားတာအိုကို အမွေဆက်ခံမှုက ဓားကျွမ်းကျင်မှု သို့မဟုတ် တိုက်ခိုက်ရေးစွမ်းရည်ကို အခြေခံထားခြင်းမဟုတ်လျှင် မည့်သည့်အရာကို အခြေခံထားပါသနည်း။

ထိုအချိန်တွင် ဗိုလ်ချုပ်ရီ၏ အော်ရာသည် အကန့်အသတ်မဲ့မုဒ်သို့ ဝင်ရောက်ပြီး ၁၈၀ဒီဂရီအထိ အလှည့်အပြောင်းကို ခံစားလိုက်ရသည်။

အကန့်အသတ်မဲ့ဓားချီ..

ထို့နောက်တွင် ဗိုလ်ချုပ်ရီထံမှ ထွက်ပေါ်လာသော ရွှေရောင်အလင်းတန်းများသည် အေးခဲနှင်းဓားကို စွမ်းအားများတိုးလာစေသကဲ့သို့ တောက်ပ၍ အေးစက်သော အပြာရောင်အလင်းတန်းများကို ထုတ်ဖော်လိုက်သည်။

ဓားပေါ်ရှိ ရေစက်များက လုံးဝ ပျောက်ကွယ်သွားချေပြီ။

ဓား၏အစွမ်းသတ္တိ ဖြစ်သည့် နှင်းခဲများက ထိုအချိန်တွင် တဖန် ထွက်ပေါ်လာပြန်သည်။

“စီနီယာ.. မင်းရဲ့ မူလစိတ်ဝိညာဉ်နယ်ပယ်က အရမ်းသန်မာပါတယ်.. ဒါပေမဲ့ ငါ့ရဲ့ အကန့်အသတ်မဲ့ဓားချီက ဘယ်လောက် ကြောက်စရာကောင်းတယ် ဆိုတာ မင်းမသိသေးပါဘူး”

ဗိုလ်ချုပ်ရီ၏ အကန့်အသတ်မဲ့ ဓားတာအိုက အေးခဲနှင်းဓားကို အားဖြည့်ပေးပြီး ပူလောင်နေသောပတ်ဝန်းကျင်မှ ကာကွယ်ပေးခဲ့သည်။

သို့သော် ဤအရာက အစပင် ရှိပါသေးသည်။

အဘယ်ကြောင့်ဆိုသော် ဗိုလ်ချုပ်ရီက သူ၏အစွမ်းအထက်ဆုံးဓားကို မထုတ်ရသေး၍ ဖြစ်သည်။

ဖေဖေဝမ်က လေထဲတွင် လွင့်မျောနေသောပုံရိပ်ကို စေ့စေ့စပ်စပ် ကြည့်ရှုလိုက်သည်။

စက္ကန့်များစွာအကြာတွင် ဗိုလ်ချုပ်ရီသည် သူ့လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။

အဆုံးမဲ့ ဓားသိုလှောင်ခန်း ဖြစ်သည့် ရွှေရောင်မှော်ကွင်းက လေထဲတွင် တဖန် ထွက်ပေါ်လာပြီးနောက် ဗိုလ်ချုပ်ရီက မမျှော်လင့်ထားသော အရာတစ်ခုကို ထုတ်ယူလိုက်သည်။

ဗိုလ်ချုပ်ရီ ထုတ်ယူလိုက်သောအရာက ပြီးပြည့်စုံသောမှော်ဓားတစ်လက် မဟုတ်ဘဲ ဓားရိုးတစ်ချောင်းသာ ဖြစ်သည်။

“ဓားရိုးတစ်ချောင်းလား”

ဖေဖေဝမ်က ဤမြင်ကွင်းကို စေ့စေ့စပ်စပ် ကြည့်ရှုနေခဲ့သည်။

သူ့ဘေးမှ နိုင်ငံခေါင်းဆောင်က ထိုဓားရိုးကို မြင်သောအခါတွင် လေးလေးနက်နက် အံ့သြတုန်လှုပ်သွားမိသည်။

နှစ်ပေါင်းများစွာကြာပြီးနောက်မှာ ရီရီလေးက ဒီမှော်ဓားကိုနောက်တစ်ကြိမ် ထုတ်ယူလိမ့်မယ်လို့ တကယ် မထင်ခဲ့မိဘူး.. ဒါက တကယ်ကို လွမ်းဆွတ်စရာပဲ”

“ဒါက ဘယ်လိုမှော်ဓားမျိုးလဲ”

ဖေဖေဝမ်က မေးမြန်းလိုက်သည်။

“ကောင်းကင်ပိုင်းဖြတ်ဓားနဲ့ မဟာအောင်ပွဲခံ ဓားတွေက ဓားအင်မော်တယ်ဖန်လွေရဲ့ အဓိကဓားတွေ ဖြစ်တယ်လို့ လူတွေက ထင်ကြပေမဲ့ တကယ်ကတော့ မဟုတ်ဘူး.. ဖန်လွေရဲ့အကြီးမားဆုံး မှော်ရတနာက ဒီဓားရိုးပဲ.. ဒီဓားရိုးကို အကန့်အသတ်မဲ့ဓားတာအိုရဲ့ အမွေဆက်ခံခြင်း သင်္ကေတအဖြစ် ရီရီလေးကို ပေးအပ်ခဲ့တယ်.. အကန့်အသတ်မဲ့ ဓားတာအိုကို နားလည်တဲ့လူတွေကပဲ ဒီဓားရိုးကို ကိုင်ဆောင် အသုံးပြုနိုင်မှာဖြစ်တယ်”

နိုင်ငံခေါင်းဆောင်က ပုံရိပ်ထဲမှမြင်ကွင်းကို စိုက်ကြည့်ကာ ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

“ရီရီလေးသာ အစွမ်းကုန် တိုက်ခိုက်လာမယ်ဆိုရင် ငါ့ရဲ့အဆုံးမဲ့ မူလစိတ်ဝိညာဉ်နယ်ပယ်က သူ့ကို ထိန်းထားနိုင်တော့မှာမဟုတ်ဘူး”

နိုင်ငံခေါင်းဆောင်က ဤဓားရိုး၏ နောက်ခံကို အလွန်ပင်ရှင်းရှင်းလင်းလင်း သိထားခဲ့သည်။

ဆိုရလျှင် ဤအရာသည် ကမ္ဘာ့ဖီဆန် မှော်လက်နက်တစ်ခု ဖြစ်၏။

ထိုအချိန်မှာပင် ဗိုလ်ချုပ်ရီက နောက်တစ်ကြိမ် လှုပ်ရှားလိုက်ပြန်သည်။

သူက အေးခဲနှင်းဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ သူ၏ခေါင်းထက်သို့ ပင့်မြှောက်လိုက်သည်။

စက္ကန့်အနည်းငယ် အကြာတွင် ပတ်ဝန်းကျင်မှ ချီအများအပြားက ဓားရိုးထဲသို့ ဖြည်းဖြည်းချင်း စီးဝင်သွားသည်ကို ဖေဖေဝမ် တွေ့လိုက်ရသည်။

"ညီနောင် စစ်ထူ.. ဒါရီရီလေးရဲ့ အကန့်အသတ်မဲ့ ဓားတာအိုပဲ"

နိုင်ငံခေါင်းဆောင်က ပြုံး၍ ပြောလိုက်သည်။

“အကန့်အသတ်မဲ့ ဓားတာအိုက ကောင်းကင်အောက်မှာရှိတဲ့ ချီအားလုံးကို အသုံးပြုနိုင်တဲ့ နည်းစနစ်တစ်ခုပဲ.. ဓားချီကိုအခြေခံအဖြစ် အသုံးပြုပြီး အခြားမတူညီတဲ့ ချီအမျိုးအစားများစွာကို စုပ်ယူနိုင်တယ်.. အဲဒီနောက်မှာ ချီအားလုံးကို အတူတကွ ပေါင်းစည်းနိုင်တယ်.. ဒီထက်ပိုပြီး ပြောရရင် ငါတို့ရှူထုတ်တဲ့လေကိုတောင် ရီရီလေးက စွမ်းအားအဖြစ် ပြောင်းလဲအသုံးပြုနိုင်မှာ ဖြစ်တယ်.. အဆုံးသတ်မှာတော့ ရေစက်တွေကနေ စုစည်းလာပြီး ဖြစ်ပေါ်လာတဲ့ ပင်လယ်ကြီးလို ခမ်းနားတဲ့ အင်အားစုအဖြစ် ပေါင်းစည်းပြီး အကန့်အသတ်မဲ့ ဓားတာအိုအဖြစ်ကို ပြောင်းလဲသွားလိမ့်မယ်”

“ဒါကြောင့် ဒီဓားရဲ့နာမည်ကို အကန့်အသတ်မဲ့ဓားလို့ခေါ်တာလား”

ဖေဖေဝမ်က နိုင်ငံခေါင်းဆောင် စကားကို နားထောင်ရင်း ရေရွတ်လိုက်သည်။

“မဟုတ်သေးဘူး.. ဒီဓားရဲ့နာမည်က သက်သက်ရှိသေးတယ်”

နိုင်ငံခေါင်းဆောင်က ပြန်ဖြေလိုက်သည်။

“ဒီဓားရဲ့နာမည်က ချီမြှူဆွယ်ခြင်းဓားလို့ ခေါ်တယ်”

ဖေဖေဝမ် “……….”

အပိုင်း(၇၀၁) ပြီး၏

All Chapters