← Chapters

နွေရာသီတာဝန်

Vol. 47 Ch. 703

နွေရာသီတာဝန်

Vol. 47 Ch. 703

ဗိုလ်ချုပ်ရီ၏အဖြေက သူတို့ မမျှော်လင့်ထားသော အဖြေဟုဆိုနိုင်သော်လည်း အဓိပ္ပါယ်တော့ ရှိသည်။

ဤရှင်းပြချက်ကြောင့် ဗိုလ်ချုပ်ရီနှင့် ပတ်သက်သောအကြောင်းအရာ တော်တော်များများက ရှင်းလင်းသွားခဲ့သည်။

လက်တွဲဖော်ရှာရန် ဗိုလ်ချုပ်ရီကို (If you are the one) အစီအစဉ်တွင် ပါဝင်ရန် အကြံပြုခဲ့စဉ်က ငြင်းဆန်ခဲ့သည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။

ဗိုလ်ချုပ်ရီက အကန့်အသတ်မဲ့ ဓားတာအိုကို ပြီးပြည့်စုံသည့်အဆင့်ထိ ဆက်လက် ကျင့်ကြံသွားချင်ပုံရသည်။

သူ၏လျှို့ဝှက်ချက်ကို ဝန်ခံပြီးနောက်တွင် ဗိုလ်ချုပ်ရီသည်အိမ်ကလေး၏ ရှေ့တွင် ရယ်မောကာ အောင်ပွဲခံခဲ့သည်။

“စီနီယာ. အခုအပြင်ထွက်လာသင့်ပြီ ထင်တယ်.. ကတိအတိုင်း စီနီယာရဲ့ ဝိသေသလက္ခဏာကို ရှင်းရှင်းလင်းလင်း ပြသပေးပါ”

နိုင်ငံခေါင်းဆောင်က တံခါးကိုဖွင့်ရန် အသင့်ပြင်လိုက်သည်။

“……….”

ဗိုလ်ချုပ်ရီက သူ့အဝတ်အစားများကို သေချာဆန့်လိုက်ကာ တံခါးနောက်မှလူကို ကြည့်လိုက်သည်။

“နိုင်.. နိုင်ငံခေါင်းဆောင်”

သူနှင့် တိုက်ခိုက်နေသည့်လူက နိုင်ငံခေါင်းဆောင် အမှန်တကယ် ဖြစ်နေသည်။

ဗိုလ်ချုပ်ရီက ချက်ချင်းပင် သွေးအန်တော့မလို ခံစားလိုက်ရသည်။

“ခဏနေစမ်းပါဦး.. ငါတံခါးများ မှားဖွင့်မိတာလား”

ဗိုလ်ချုပ်ရီက တံခါးကိုပြန်ပိတ်လိုက်ပြီး နောက်တစ်ကြိမ်ပြန်ဖွင့်လိုက်သည်။

ဤတစ်ခေါက်တွင်မူ သူက နိုင်ငံခေါင်းဆောင်ကိုယ်တိုင်မှန်း သံသယကင်းစွာ အတည်ပြုနိုင်ခဲ့သည်။

နိုင်ငံခေါင်းဆောင်ကို အယောင်ဆောင်ရန်မှာ မဖြစ်နိုင်ပေ။

သူက နိုင်ငံခေါင်းဆောင်၏ အော်ရာနှင့် အလွန်ရင်းနှီးသည် မဟုတ်ပါလော။

“ခေါင်းဆောင်ကြီး ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ”

သူက ခေါင်းကိုကုပ်လိုက်ပြီး မျက်စိမျက်နှာ ပျက်နေသည်။

ဤမြင်ကွင်းကိုမြင်လျှင် မနီးမဝေးရှိ ကားပေါ်မှယာဉ်မောင်းနှင့် နောက်လိုက်များက အံ့ဩနေကြသည်။

သူတို့၏ ရှုထောင့်မှနေ၍ တံခါး၏နောက်ကွယ်တွင် မည်သူရပ်နေသည်ကို အတိအကျ မမြင်နိုင်ပေ။

သို့သော် ပုံမှန်အားဖြင့် မြေပြင်ကိုခြေထောက်နှင့်မထိဘဲ လေထဲ၌သာ လွင့်ပျံနေသော ဗိုလ်ချုပ်ရီကို မြေပြင်နှင့် ခြေထောက်ကို ထိစေပြီး စကားပြောအောင်လုပ်နိုင်သူ အများကြီး မရှိခဲ့ပေ။

နိုင်ငံခေါင်းဆောင်က အားရပါးရ ရယ်မောလိုက်သည်။

“ဇာတ်လမ်းက ပြောရရင် အရှည်ကြီးပဲ.. အထဲမှာ ဝင်ပြောရအောင်”

ဗိုလ်ချုပ်ရီက နာခံမှုရှိစွာဖြင့် ခေါင်းညိမ့်လိုက်သည်။

“ကောင်းပါပြီ ခေါင်းဆောင်”

“စိတ်မပူပါနဲ့.. ဒီအိမ်က ငါ့ရဲ့အိမ်လိုပဲ ဘာပြဿနာမှမရှိဘူး.. နောက်ပြီး ငါမင်းကိုတောင်းပန်ရဦးမယ်.. ဒီတစ်ခေါက် ငါမင်းကို အခွင့်အရေး ယူလိုက်မိတယ်..ဘာလို့လဲဆိုတော့ ဒီမတိုင်ခင်က ငါမင်းကို သံသယရှိခဲ့လို့ပဲ”

“ခေါင်းဆောင်ကြီးက ဘယ်လိုမျိုး သံသယတွေရှိနေလို့လဲ”

နိုင်ငံခေါင်းဆောင်၏ စကားကိုကြားလျှင် ဗိုလ်ချုပ်ရီက အေးစက်သော ချွေးစေးများ ထွက်လာသည်။

“အရင်က ချောမောလှပတဲ့အပျိုကြီးတွေနဲ့ မင်းကိုမိတ်ဆက်ပေးဖူးပေမဲ့ မင်းက တစ်ယောက်မှ မကြိုက်ခဲ့ဘူးလေ.. ဒါကြောင့် မင်းက လိင်တူချစ်ကြိုက်သူလားလို့ ငါအမြဲ တွေးနေခဲ့တယ်”

“……….”

“ဒါပေမဲ့ အခုတော့ မင်းက မင်းဆရာရဲ့အမွေကို ဆက်ခံဖို့အတွက် အနစ်နာခံလိုက်တယ်ဆိုတာ ငါသိခဲ့ရပြီ”

ထိုသို့ပြောပြီးနောက် နိုင်ငံခေါင်းဆောင်က ဗိုလ်ချုပ်ရီ၏ ပုခုံးကိုပုတ်ကာ သက်ပြင်းချလိုက်သည်။

“ရီရီလေး.. ဒီနှစ်တွေမှာ မင်းရဲ့ ဆန္ဒတွေကို ထိန်းချုပ်ထားရတာ မင်းအတွက် အရမ်းခက်ခဲမှာပဲ”

ထိုစကားကိုကြားလျှင် ဗိုလ်ချုပ်ရီ၏ မျက်လုံးများမှ မျက်ရည်များ စီးကျလာသည်။

နေ့ခင်းဘက်အချိန်သည် ဆရာမဖန်၏ ဓာတုဗေဒ အတန်းချိန်ဖြစ်သည်။

သို့ရာတွင် ယနေ့ ဆရာမဖန်က ခွင့်ယူထားသည့် အတွက် ရှေးဟောင်း စာအုပ်ကြီးက အတန်းချိန်ကို အစားဝင်ခဲ့သည်။

ရှေးဟောင်း စာအုပ်ကြီးက ဤအတန်းချိန်ကို သူ၏သမိုင်းသင်ခန်းစာအတွက် အသုံးမပြုခဲ့ပေ။

ဆိုရလျှင် သူသည် တစ်နှစ်ပတ်လုံး သင်ကြားမည့် သမိုင်းအတန်းချိန် ဇယားကို ရေးဆွဲထားပြီးပြီ ဖြစ်သည်။

ထို့ကြောင့် သူက ရုတ်တရက် ပိုလျှံနေသည့် အချိန်အတွက် ဤအတန်းချိန်တွင် အခြား အကြောင်းအရာများကို ပြောဆိုမည် ဖြစ်၏။

ရှေးဟောင်းစာအုပ်ကြီးက နွေရာသီတာဝန်နှင့် စာမေးပွဲများအကြောင်းကိုသာ ပြောဆိုခဲ့သည်။

သူတို့အနေဖြင့် Grade 2 သို့ရောက်လျှင် Grade 1 ထက်ပို၍ ပင်ပန်းလာမည်ဖြစ်သည်။

Grade 3တွင် အေးအေးဆေးဆေး ဖြတ်သန်းလိုလျှင် Grade 2 ၌ အုတ်မြစ်ကောင်း ချထားရန် အလွန် အရေးကြီး၏။

ထို့ပြင် အရေးအကြီးဆုံးမှာ နောက်ဆုံးစာမေးပွဲပေါ်တွင်မူတည်၍ ရလဒ်များအရ ကျောင်းသားများကို အခန်းခွဲမည်ဖြစ်သည်။

ရှေ့နှစ်တိုင်းလိုလိုပင် ရလဒ်များအရ အခန်းခွဲသည့်စနစ်သည် ကျောင်းများတွင် အစဥ်တစိုက် ရှိခဲ့သည်။

သို့သော် လက်ရွေးစင်အခန်းမှ အခြားအခန်းသို့ ပြောင်းရွှေ့ခံရလျှင် လုံးဝ ရှက်ဖွယ်ကောင်းပေလိမ့်မည်။

“ဆရာမဖန်က မင်းတို့အတန်းကို အဆိုးဆုံးလို့ ပြောပေမဲ့ ငါ့အမြင်မှာတော့ မင်းတို့က တော်တော်လေး တည်ငြိမ်မှုရှိတယ်.. အထူးသဖြင့် ညံ့တဲ့ကလေး တစ်ယောက်မှမရှိဘူး”

လူတိုင်း “……….”

“ဟုတ်တယ်.. ငါတို့အတန်းထဲမှာ အတည်ငြိမ်ဆုံးသူကတော့ ကျောင်းသားဝမ်လင်းပဲ.. သူ့ရဲ့ ရလဒ်တွေက အတော်လေးတည်ငြိမ်မှုရှိတယ်”

ထိုစကားကိုကြားလျှင် လူတော်တော်များများက ဝမ်လင်းကိုလှည့်မကြည့်ဘဲ မနေနိုင်တော့ချေ။

ဝမ်လင်း “……….”

ရှေးဟောင်းစာအုပ်ကြီး “ကျောင်းသားဝမ်လင်းရဲ့ အမှတ်တွေက အမြဲလိုလို အလယ်အလတ်မှာပဲရှိ‌နေတယ်.. လူ၁၅ယောက်ပဲရှိတဲ့ ဒီလက်ရွေးစင် အခန်းထဲမှာ သူ့အဆင့်တွေက အမြဲလိုလိုအဆင့်၇ မဟုတ်ရင် အဆင့်၈ပဲ.. ဒါကို စကားတစ်ခွန်းနဲ့ပြောရရင် အရမ်း တည်ငြိမ်တယ်လို့ပဲ ပြောနိုင်တော့တယ်.. ဆရာမဖန်က ကျောင်းသားဝမ်လင်းကို အလယ်အလတ်ဝမ်လို့တောင် နာမည်ပြောင်ပေးထားသေးတယ်”

ဝမ်လင်း “……….”

“ပြောရရင်လူတိုင်းက ဝမ်လင်းလို တည်ငြိမ်တဲ့အဆင့်ကို လုပ်နိုင်သရွေ့ တခြားအခန်းကို ရောက်တော့မှာမဟုတ်ဘူး”

ထိုစကားကို ပြောပြီးနောက် ရှေးဟောင်းစာအုပ်ကြီးက ကျီစယ်သောအနေဖြင့် ထပ်ပြောလိုက်သည်။

“ဒီကျောင်းသားက အလယ်အလတ်မှာ အမြဲရှိနေတဲ့အတွက် ငါ့ဆီမှာ မုန့်လာဝယ်စားမယ်ဆိုရင် ၅၀% လျှော့ပေးမယ်”

ထိုစကားကိုကြားလျှင် အတန်းထဲမှ ကျောင်းသားအားလုံးက ရယ်မောလိုက်ကြသည်။

သူတို့အနေဖြင့် ပထမနှစ်ဝက်တွင် စာမကြိုးစားခဲ့လျှင်ပင် ဒုတိယနှစ်ဝက်တွင် အကောင်းဆုံး ကြိုးစားခဲ့မည်ဆိုလျှင် သူတို့အားလုံးက Grade 2တွင် ပျော်ပျော်ရွှင်ရွှင် အတူနေနိုင်ပါသေးသည် မဟုတ်လော။

ထို့နောက်တွင် ရှေးဟောင်းစာအုပ်ကြီးသည် ခေါင်းစဉ်တစ်ခုကို မြန်မြန်ဆန်ဆန်ပင် ပြောင်းလဲလိုက်သည်။

နွေရာသီတာဝန်..

“ဒီနှစ်နွေရာသီတာဝန်က နည်းနည်းတော့ခက်ခဲတယ်.. ဒါပေမဲ့အားလုံးက ပြီးမြောက်အောင် လုပ်နိုင်မယ်လို့ ငါယုံကြည်တယ်”

ရှေးဟောင်းစာအုပ်ကြီးပြောသည့် နွေရာသီတာဝန်မှာ အိမ်စာလုပ်တာထက်ပင် ပို၍ခက်ခဲသည်။

အခြေခံတည်ထောင်ခြင်းအဆင့် အထက်တန်းကျောင်းများရှိနွေရာသီအိမ်စာများသည် ပုံမှန် အထက်တန်းကျောင်းများနှင့် မတူပေ။

ယခင်နှစ်များမှ အတွေ့အကြုံများကို အခြေခံ၍ပြောရလျှင် ကျောင်းသားများသည် ကျင့်ကြံခြင်းနှင့် လက်တွေ့စမ်းသပ်မှုများ လုပ်ဆောင်ရန်အတွက် အဖွဲ့ဝင်များဖွဲ့ကာ ပူးပေါင်းလုပ်ဆောင်ကြရသည်။

ထို့ကြောင့် ရှေးဟောင်းစာအုပ်ကြီးထံမှ ထိုစကားကိုကြားရလျှင် ကျောင်းသားတိုင်း၏ နှလုံးသားထဲ၌ အခြေခံအားဖြင့်အတွေးတစ်ခုစီရှိနေပြီးသား ဖြစ်၏။

ဤနှစ်နွေရာသီတာဝန်မှာ ရိုးရှင်းမည် မဟုတ်လောက်ပေ။

“မကြာသေးမီကစပြီး ရာဇဝတ်ကောင်များက အတော်လေးများပြားလာတယ်.. အဲဒီအကြောင်းကို တွေးမိပြီး ငါတို့အမှတ်၆၀ အထက်တန်းကျောင်းရဲ့ ဆရာတွေအားလုံးက ဒီနှစ်နွေရာသီတာဝန်ကို မဲပေးပြီး သတ်မှတ်ရွေးချယ်ခဲ့ကြတယ်.. ဒီနှစ်နွေရာသီတာဝန်က သတ်ဖြတ်ခြင်း နည်းစနစ်ကို တီထွင်ဖန်တီးဖို့ပဲ.. မင်းတို့ တစ်ဦးချင်းစီက သတ်ဖြတ်ခြင်းနည်းစနစ်ကို တီထွင် ဖန်တီးရမယ်”

ထိုစကားကို ပြောပြီးနောက် ရှေးဟောင်းစာအုပ်ကြီးက မျက်မှောင်ကြုတ်လိုက်သည်။

ဝမ်လင်းကမူ သူ့လက်ဖဝါးကို စိုက်ကြည့်ရင်း လေးလေးနက်နက် တွေးနေမိသည်။

အပိုင်း(၇၀၃) ပြီး၏

All Chapters