← Chapters

ဝမ်လင်း၏လူသတ်နည်းစနစ်သည်..

Vol. 47 Ch. 705

ဝမ်လင်း၏လူသတ်နည်းစနစ်သည်..

Vol. 47 Ch. 705

ယခုခေတ်တွင် အရှက်ကင်းမဲ့သူ အများအပြား ရှိသည်။

လွန်ခဲ့သောရက်အနည်းငယ်ခန့်က ဖေဖေဝမ်၏ သီချင်းကို ခိုးယူခဲ့သော အရိပ်လူ့ဗန္ဓဂိုဏ်းမှ အဆိုတော်ဒင်းသည်လည်း ထိုကဲ့သို့ အရှက်မရှိသော ခိုးယူမှုကို ကျင့်သုံးခဲ့သည်။

ထိုလူက သေခြင်းတရားသို့ ရောက်ရန် လမ်းတစ်ဝက်သို့ရောက်ရှိနေပြီဟု ဝမ်လင်း တွေးမိလိုက်သည်။

ဖေဖေဝမ်က သူ့ကို တိုက်ရိုက်နှိပ်စက်မည့်အစား ဖားကိုပြုတ်သကဲ့သို့ မျိုးဖြုတ်မည့် နည်းလမ်းအား ရွေးချယ်ခဲ့သည်ကို ဝမ်လင်း အကဲဖြတ်မိသည်။

မှော်နည်းစနစ်များကို ခိုးယူသော လုပ်ငန်းစဉ်သည် အမြဲလိုလိုအာရုံစိုက်ခြင်းခံရ‌သော လုပ်ငန်းတစ်ခု ဖြစ်သည်။

ဥပမာအားဖြင့် ဗုံးပစ်စီနီယာအင်မော်တယ် တည်ထောင်ထားသော ကျင့်ကြံခြင်းဖိုရမ်တွင် အချို့သော မှော်နည်းစနစ်များကို တူညီခြင်း ရှိမရှိစစ်ဆေးရန် အတွက် နေ့စဉ်တင်ထားသော ပိုစ့်အများအပြား ရှိသည်။

မှော်နည်းစနစ်အသစ်၏ အခက်ခဲဆုံးအပိုင်းမှာ သီအိုရီပိုင်းဖြစ်သည်။

သင့်အနေဖြင့် သီအိုရီကို ရရှိသည်နှင့် အဆင့်ဆင့် စမ်းသပ်မှုကို လုပ်ဆောင်ရမည် ဖြစ်သည်။

ကျင့်ကြံသူအတွက်‌ မှော်နည်းစနစ်တစ်ခု မွေးဖွားခြင်းသည် နှစ်ရာချီ သို့မဟုတ် ထောင်ပေါင်းများစွာပင် ကြာမြင့်နိုင်သည်။

၎င်းတို့၏ သုတေသနများကို ဆယ်စုနှစ်များ အတွင်း ပြီးမြောက်အောင် လုပ်ဆောင်နိုင်သည့် အရည်အချင်းရှိသူတချို့ ရှိခဲ့သည်။

သို့ရာတွင် အဆုံးသတ်၌ ၎င်းတို့မှာ လူနည်းစုသာ ဖြစ်သည်။

နည်းစနစ်အသစ်ကို တီထွင်ပြီးလျှင် သင်၏ အခွင့်အရေးနှင့်အကျိုးစီပွားများကို ကာကွယ်ရန်အတွက် ဟွာရှို့ မဟာမိတ်ဝဘ်ဆိုက်ရှိ ကျင့်ကြံခြင်းစွမ်းရည် စာကြည့်တိုက်တွင် မူရင်းမှော်နည်းစနစ် မူပိုင်ခွင့်အတွက် လျှောက်လွှာကို တင်သွင်းနိုင်မည် ဖြစ်သည်။

ဤအဆင့်ပြီးနောက်တွင် မှော်နည်းစနစ်အသစ်ကို ဖန်တီးသူသည် အွန်လိုင်းကျင့်ကြံခြင်း စကေးစတိုးဆိုင်များတွင် ရောင်းချ၍ ဝင်ငွေရှာနိုင်မည် ဖြစ်၏။

သင်၏ နည်းစနစ်အသစ်တွင် မူရင်းနည်းစနစ် သို့မဟုတ် ဆင့်ပွားနည်းစနစ် သီအိုရီပိုင်းနှင့် မည်သူက ဖန်တီးခဲ့ကြောင်း စသည့် အချက်အလက်များကို သေချာအောင်ပြုလုပ်ထားသမျှကာလပတ်လုံး မူပိုင်ခွင့် ချိုးဖောက်မှုရှိမည်မဟုတ်ပေ။

သို့သော် မူလမှော်နည်းစနစ် တီထွင်သူ ဆရာသခင်များ အဖြစ် မိမိကိုယ်ကို မြှောက်ပင့်ကာ လိမ်လည် လှည့်ဖျားနေသော လူတချို့လည်း အမှန်တကယ် ရှိခဲ့သည်။

ယခုခေတ်တွင် မူပိုင်ခွင့်နှင့် ပတ်သက်၍ အငြင်းပွားမှုများ ပိုမိုများပြားလာသည်ဟု ဝမ်လင်း ယုံကြည်သည်။

ဆိုရလျှင် ဤခေတ်တွင် ကျင့်ကြံသူများ နည်းပါးလာသလို မှော်နည်းစနစ်ကို တီထွင်ရန် မိမိကိုယ်ကို မြှုပ်နှံလိုစိတ်လည်းည်းပါးလာသည်။

ယနေ့ကျင့်ကြံခြင်းခေတ်က အလွန်အေးချမ်းပြီး လူမျိုးစုများကြား စစ်ပွဲများဖြစ်ပွားခြင်း၊ ဂိုဏ်းဂဏများကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခြင်းများ မရှိတော့၍ ကျင့်ကြံသူများသည် မှော်နည်းစနစ်များ တီထွင်ရန်ထက် ငွေရှာခြင်းကိုသာ ပို၍ စွဲလမ်းလာကြသည်။

လက်တလောတွင် မူရင်းမှော်နည်းစနစ်ကို ခိုးယူထားခြင်း ရှိမရှိ စုံစမ်းရန်မှာ ပြဿနာကြီးတစ်ခု ဖြစ်သည်။

အကြောင်းအရင်းမှာ ခိုးယူသူများက ကျွမ်းကျင်အဆင့် ဖြစ်နေသောကြောင့်ပင်။

၎င်းတို့ ဆီလျော်စွာပြုပြင်ထားသော နည်းစနစ်က ပြီးပြည့်စုံနေတာလည်း ဖြစ်နိုင်ပေသည်။

ဝမ်လင်းအနေဖြင့် ဤပြဿနာကို သတိထားမိနေသည်မှာ ကြာပြီဖြစ်သော်လည်း ယခုအချိန်ထိ ဖြေရှင်းရန် ထိရောက်သော နည်းလမ်းမရှိခဲ့ပေ။

မည်သို့ပင်ဆိုစေကာမူ မကြာသေးမီ နှစ်များကစပြီး ခိုးယူမှုများကို ဆန့်ကျင်သောလှုပ်ရှားမှုများသည် ကျင့်ကြံသူများကြားတွင် အရှိန်အဟုန်ဖြင့် စတင်လာခဲ့သည်။

ဆိုရလျှင် နည်းစနစ် အားလုံးသည် မဟာတာအို ၃၀၀၀မှ မြစ်ဖျားခံ၍ ပေါက်ဖွားလာခြင်း ဖြစ်၏။

ထိပ်တန်းအဆင့် မှော်နည်းစနစ်အချို့ပင် မဟာတာအို ၃၀၀၀၏ အကိုင်းအခတ်ငယ်မျှသာ ဖြစ်နိုင်ပေသည်။

သို့ရာတွင် ဝမ်လင်းက ထိုအချက်ကို ထုတ်ဖော်ပြောမည်မဟုတ်ပေ။

ကျောင်းဆင်းချိန် နေ့လည်ပိုင်းတွင် စာသင်ခန်းအတွင်းရှိယောက်ျားလေးများသည် ၎င်းတို့၏ ဆဲလ်ဖုန်းများကို ထုတ်ကာ သတ်ဖြတ်ခြင်း နည်းစနစ်များကို ဆွေးနွေးရန်အတွက် ဂရုတစ်ခုကို ထူထောင်ခဲ့ကြသည်။

သူတို့က ကျောင်းနေဖက်များ ဖြစ်ကြ၍ တစ်ယောက်အကြောင်းကို တစ်ယောက် သိကြသည်။

တစ်နည်းတစ်ဖုံအားဖြင့် ဆိုရလျှင် သင်က အထူးထက်မြက်သူတစ်ယောက် မဟုတ်ဘဲ အထက်တန်းအဆင့်တွင် မှော်နည်းစနစ်ကို တီထွင်ရမည် ဖြစ်သည်။

ထို့ကြောင့် အဖွဲ့ဖွဲ့၍ ဆွေးနွေးသည်က ပို၍ ယုတ္တိရှိပြီး ထိရောက်မည် ဖြစ်သည် မဟုတ်ပါလော။

ကော်ဟောက်၊ ချန်းချောင်နှင့် မြေပဲလေးတို့က ဂရုကို စတင်ဖွဲ့စည်းပြီးနောက်တွင် ကော်ဟောက်က ဝမ်လင်းကို လှည့်ကြည့်လိုက်သည်။

“ဝမ်လင်း မင်းက ဘာလုပ်နေတာလဲ.. ဂရုထဲကို လာဂျွိုင်းတော့လေ”

“……….”

ဝမ်လင်းက ခဏလောက်စဉ်းစားလိုက်ပြီးမှ သူ့ဖုန်းကို ထုတ်ယူကာ ဂျွိုင်းလိုက်သည်။

သူက ဘာမှမတတ်နိုင်ခဲ့ပေ။

သူက အဖွဲ့ထဲမဝင်ဘဲ သူ့ဘာသူ မှော်နည်းစနစ်ကို တီထွင်ခဲ့လျှင် ပတ်ဝန်းကျင်၏ အာရုံစိုက်မှု ပြန်လည် ဖြစ်ပေါ်လာနိုင်ဖွယ် ရှိသည်။

သို့ရာတွင် ရိုးသားစွာဝန်ခံရလျှင် သူ့တွင် ရွေးချယ်စရာမှော်နည်းစနစ် အစုံအလင် ရှိသော်လည်း သူ့အနေဖြင့် ဘယ်နည်းစနစ်က ပိုသင့်တော်မည်ကို မသိခဲ့ပေ။

လက်တလော သူ့တွင် ဦးတည်ချက်တစ်ခုသာ ရှိသည်။

၎င်းမှာသတ္တုနည်းစနစ်ကို အခြေခံအဖြစ် အသုံးပြုရန်ဖြစ်၏။

ဝမ်လင်းက ဂရုထဲသို့ ဝင်လိုက်သည်။

ကော်ဟောက်တို့ အုပ်စု၏ အပြုသဘောဆောင်သည့် အကြံပြုချက်များကို သူအလွန် သိချင်နေခဲ့သည်။

ကော်ဟောက်၏ အတွေးက အလွန်ပင် ရှင်းလင်းပြတ်သားသည်။

သူက စတင် ပြောဆိုလိုက်သည်။

“ပထမဆုံး မင်းတို့ရဲ့ အသုံးပြုသူ အမည်ရှေ့မှာ မင်းတို့ရဲ့ဝိညာဉ်အရင်းအမြစ်က ဘာလဲဆိုတာကို အရင်ဆုံး ထည့်သွင်းထားပါ.. မင်းတို့ရဲ့ ဝိညာဉ်အရင်းအမြစ်က ဘာလဲဆိုတာ မသိသေးရင်လည်း ကိစ္စမရှိဘူး.. လာမယ့် ရက်အနည်းငယ်အတွင်းမှာ မင်းတို့ကို ကျောင်းက စမ်းသပ်ပေးမှာပဲ”

“ပြီးရင် ငါတို့က ဘာလုပ်ရမလဲ”

မြေပဲလေးက မေးလိုက်သည်။

ကော်ဟောက် “အားလုံးမဲနှိုက်ရမယ်”

ထိုစကားကိုကြားလျှင် ဝမ်လင်းက ကော်ဟောက်၏ ဆိုလိုရင်းကို သဘောပေါက်သွားခဲ့သည်။

၎င်းတို့က မှော်နည်းစနစ်တီထွင်သည့် အစီအစဉ်အတွက် မဲနှိုက်၍ ဆုံးဖြတ်ကြမည် ဖြစ်သည်။

ဆိုရလျှင် သူတို့က လူတစ်ဦးအား သတ်ဖြတ်ခြင်းနည်းစနစ်ကို ယေဘုယျဒီဇိုင်းပြီးမြောက်သည် အထိ ၎င်းတို့၏ အသိပညာများကို အတူတကွစုစည်း၍ ကူညီ ဆောင်ရွက်ပေးမည် ဖြစ်သည်။

မဲနံပါတ်ကို လိုက်၍ အစီအစဉ်အလိုက် ကူညီပေးသွားမည်ဖြစ်၏။

ယင်းက တကယ်ကို တရားမျှတသည့် နည်းလမ်းတစ်ခု ဖြစ်သည်။

စကားဆုံးသည်နှင့် ကော်ဟောက်က မဲနှိုက်သည့် အက်ပလီကေးရှင်းကို ဖွင့်လိုက်သည်။

ခလုတ်ကို ဖွင့်လိုက်သည်နှင့် သင့်အား ၁နှင့်၄ကြား ကျပန်းနံပါတ်တစ်ခုကို ပေးလိမ့်မည် ဖြစ်၏။

ပထမဆုံးမဲနှိုက်သူမှာ မြေပဲလေးဖြစ်ပြီး နံပါတ်၄ကို ရရှိခဲ့သည်။

ကော်ဟောက်က နံပါတ်၂ ချန်းချောင်က နံပါတ်၃ နံပါတ်၁ ကိုရရှိသူမှာ ဝမ်လင်း ဖြစ်သည်။

ဝမ်လင်း “……….”

“ဟုတ်ပြီ.. ဝမ်လင်းက နံပါတ်၁ပဲ.. ဝမ်လင်းအတွက် ငါတို့တွေ ဝိုင်းကူ စဉ်းစားပေးကြရအောင်”

ကော်ဟောက်က ပြောလိုက်သည်။

ထိုခဏဝယ် ချန်းချောင်က အနည်းငယ် အံ့ဩသွားမိသည်။

ဝမ်လင်း၏ ဝိညာဉ်အရင်းအမြစ်တွင် ရှေးရိုးဆန်သော သတ္တုအရင်းအမြစ် ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

မြေပဲလေးက ခေါင်းငုံ့၍ ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။

“အများအားဖြင့်တော့ သတ္တုအရင်းအမြစ် အတွက် ပိုသင့်လျော်တဲ့ နည်းစနစ်တွေက မီးဒြပ်စင်နဲ့ ပတ်သက်တဲ့နည်းစနစ်တွေပဲ.. အတန်းဖော်ဝမ်လင်းက သတ္တုနည်းစနစ်တွေကို အဓိကအရင်းအမြစ်အဖြစ် ရွေးချယ်နိုင်ပြီး မီးနည်းစနစ်တွေနဲ့ ပေါင်းစပ်နိုင်တယ်”

ကော်ဟောက် “ဒါပေမဲ့ ငါတို့က သတ္တုနည်းစနစ်ကို အဓိကရွေးချယ်မယ် ဆိုရင်တောင် ရွေးချယ်စရာ နည်းစနစ်တွေအများကြီးမရှိဘူး.. အဓိအကြောင်းအရင်းကတော့ ဝမ်လင်းက ဘယ်သတ္တုနည်းစနစ်ကိုမှ မကျွမ်းကျင်သေးလို့ပဲ”

“အဲဒါက ပြဿနာမဟုတ်ပါဘူး”

ချန်းချောင်က သူ့အမြင်ကို ရှင်းပြလိုက်သည်။

“ဝမ်လင်းက သတ္တုနည်းစနစ်ကို မတတ်သေးရင်တောင်မှ အခုကစပြီး သင်ယူလို့ရသေးတာပဲ.. ဒီဇိုင်းအဆင့်ကို ရောက်ရင်ရပါပြီ.. တရားဝင် အကဲဖြတ်တာက Grade 2မှာဆိုတော့ အချိန်တွေ ရှိပါသေးတယ်”

“မင်းပြောတာမှန်တယ်”

ကော်ဟောက်က ထောက်ခံလိုက်သည်။

“ဒါဆိုရင်လည်း ငါတို့တွေ စစ်ဆေးကြည့်လိုက်ရအောင်.. ငါ့ဦးလေးရဲ့ စကေးစာကြည့်တိုက် ကုမ္ပဏီကနေ မင်းတို့အတွက် အလိုက်ဖက်ဆုံး မှော်နည်းစနစ်တွေ ရှာဖွေပေးနိုင်တဲ့ အက်ပလီကေးရှင်း တစ်ခုကို တီထွင်ထားခဲ့တယ်”

ဝမ်လင်းက သူ့သူငယ်ချင်းများ၏ ခွဲခြမ်းစိတ်ဖြာချက်များကို အလွန် အလေးနက်ထား၍ နားထောင်နေခဲ့သည်။

ကော်ဟောက်က အက်ပလီကေးရှင်းကို ဖွင့်လိုက်သောအခါ ဝမ်လငိးက အနီးသို့ကပ်၍ ကြည့်ရှုလိုက်သည်။

ကော်ဟောက်က အရပ်၊ အလေးချိန်၊ ကျင့်ကြံခြင်းအဆင့်၊ဝိညာဉ်အရင်းအမြစ်၊ ဗီဇစရိုက် စသည်ဖြင့် အက်ပလီကေးရှင်း၏ မေးခွန်းလွှာတွင် ဖြည့်သွင်းပြီးနောက်၌ ဆော့ဝဲလ်သည် အောက်ပါနည်းစနစ်များကို အကြံပြုပေးခဲ့သည်။

အဆင့်၂ မှော်နည်းစနစ်၊ လွတ်မြောက်ခြင်း ရွှေရောင်မျောက်

သတ္တုမြှင့်တင်ခြင်းနည်းစနစ်..

အဓိကအားဖြင့် ခြေလက်လေးချောင်းလုံးကို သန်မာလာစေပြီး ရွှေရောင်မျောက်၏ ခြေလက်အင်္ဂါများကဲ့သို့ ဖြစ်လာစေမည် ဖြစ်သည်။

ဤမှော်နည်းစနစ်ကို အသုံးပြုသည့်အခါတွင် အရှိန်အဟုန်နှင့်သွက်လက်မှုတို့ တိုးမြင့်လာပြီး သင့်အတွက် ထွက်ပြေးရန် ပိုမိုလွယ်ကူစေမည် ဖြစ်သည်။

ထျန်းဖုန်း၏မှော်နည်းစနစ်..

ထျန်းဖုန်း၏သတ္တုကျိုးပြတ်အော်သံ..

{ထျန်းဖုန်းနတ်မင်း=ကျူးပါကျဲ ခေါ် ဝက်၏ ယခင်ဘဝ}

သတ္တုအသံလှိုင်းမှော်နည်းစနစ်..

အသံကြိုးများကို အားကောင်းစေပြီး သတ္တုနှင့် ကျောက်တုံးများကို ကွဲထွက်သွားစေနိုင်သည့် အားကောင်းသောအော်သံကို ထုတ်လွှတ်နိုင်စေသည်။

တစ်ဖက်လူကို ယာယီမူးဝေစေ၍ သင့်အတွက် ထွက်ပြေးရန် လွယ်ကူစေသည်။

ချန်းချောင်က ထိုမှော်နည်းစနစ်ကို ကြည့်ပြီးနောက်တွင် ခေါင်းခါယမ်းလိုက်သည်။

“အတန်းဖော်ဝမ်လင်းက စကားတောင် သိပ်မပြောဘူးဆိုတော့ ဒီနည်းစနစ်က အဆင်ပြေမှာမဟုတ်ဘူး”

ဝမ်လင်း “……….”

ကော်ဟောက် “စိတ်မပူပါနဲ့.. ဆက်ဖတ်စမ်းပါ.. ဒါက ဒုတိယမြောက် အကြံပြုထားတဲ့နည်းစနစ်ပဲ ရှိပါသေးတယ်”

ဝမ်လင်းကဆက်ဖတ်လိုက်သည်။

တတိယအကြံပြုထားသော မှော်နည်းစနစ်..

အဆင့်၁ မှော်နည်းစနစ်၊ မီးအချက်ပြကောင်းကင်၊ မီးအတားအဆီးမှော်နည်းစနစ်

ဝိညာဉ်စွမ်းအင်ကို ကြားခံအဖြစ်အသုံးပြု၍ လေထုကိုမီးတောက်အဖြစ် အသုံးပြုနိုင်သည်။

သင့်အနေဖြင့် မီးခိုးငွေ့အများအပြားကို ဖန်တီးပြီး ထွက်ပြေးရန်အသုံးပြုနိုင်သည်။

ဝမ်လင်း “……….”

မြေပဲလေး “နည်းစနစ်တွေ အားလုံးက ဘာလို့ထွက်ပြေးတဲ့နည်းစနစ်တွေပဲ ဖြစ်နေရတာလဲ”

“ဒါက သတ္တုနည်းစနစ်တွေရဲ့ အကန့်အသတ်ပဲ.. အများစုက ခုခံကာကွယ်ရေး နည်းစနစ်တွေပဲ”

ကော်ဟောက်က သက်ပြင်းချလိုက်သည်။

“ဟုတ်တယ်”

ချန်းချောင်ကလည်း ခေါင်းညိမ့်လိုက်သည်။

“ဒါပေမဲ့ အဲဒီနည်းစနစ်တွေကို ပေါင်းလိုက်ရင်တော့ နာမည်က တော်တော်လေးမိုက်သွားမယ်လို့ ငါထင်တယ်”

“ဘယ်လိုနာမည်မျိုးလဲ”

“ဝက်နှင့်မျောက်ကို လှည့်စားသော မီးအချက်ပြ”

အပိုင်း(၇၀၅) ပြီး၏

All Chapters