← Chapters

အခန်း (၄၆၅)

Vol. 38 Ch. 465

အခန်း (၄၆၅)

Vol. 38 Ch. 465

“ထွက်လာခဲ့!”

လီဟမ်ရှန်းက အော်ဟစ်လိုက်လေသည်။   

ထိုကဲ့သို့ ဟိန်းသံကြောင့် လီဟမ်ရှန်း၏နောက်ကွယ်မှ ထောင်နှင့်ချီသော စစ်သားများသည် သဲလွန်စမရှိဘဲ တစ်ခဏချင်း ပျောက်ကွယ်သွားခဲ့‌သည်။ ထိုအခိုက်တွင် လီဟမ်ရှန်း၏ပုံရိပ်သည် တစ်နေရာတည်းတွင်ပင် တစ်နာရီကျော်ကြာ လှည့်ပတ်နေသကဲ့သို့ ချောက်နက်အဝင်ဝတွင် ပြန်ပေါ်လာလေသည်။

“ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ ပုံရိပ်ယောင်ကြီးလဲ…..”

လီဟမ်ရှန်းက ထိတ်လန့်စွာ ပြောလိုက်သည်။ ဤကဲ့သို့ လှည့်စားမှုများသည် လီဟမ်ရှန်း ဖုန်းဖေးရွာကို စုံစမ်းရန် သွားသည့်အချိန်တွင် ဖြစ်ပျက်ခဲ့သည်များကို အမှတ်ရစေခဲ့ပြီး တူညီသောလူသာ ဖြစ်ပုံရလေသည်။

“ကျွန်မရဲ့ ပုံရိပ်ယောင်ကို ဖော်ထုတ်ဖို့ ရှင့်အတွက် တကယ်မလွယ်ဘူးပဲ….”

အမျိုးသမီးတစ်ဦး၏ အသံနှင့်အတူ အနီးနားတောင်ပေါ်မှ ပုံရိပ်များစွာ ဆင်းလာကာ လီဟမ်ရှန်း၏လမ်းကြောင်းကို ပိတ်ဆို့ခဲ့လေသည်။

ခေါင်းဆောင်သည် မိန်းကလေးငယ်တစ်ဦးဖြစ်ပြီး သူမ၏မျက်လုံးများသည် တဖြည်းဖြည်း မီးခိုရောင်သန်းလာကာ အလွန်ထူးဆန်းလေသည်။ ထိုမိန်းကလေး၏နောက်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးနှင့် အဘိုးအိုနှစ်ဦး လိုက်ပါလာခဲ့သည်။

အဘိုးအိုနှစ်ယောက်က လီဟမ်ရှန်းကို တစ်ကိုယ်လုံးဖောက်ထွက်မတတ် စူးစူးစိုက်စိုက်ကြည့်လိုက်သည်။

“မင်းရဲ့ လှည့်စားမှုပုံရိပ်ယောင်က တကယ်ကို အစွမ်းထက်ပါတယ်…. ဒါပေမယ့် သူ့ရဲ့ ချို့ယွင်းချက်တွေကလည်း သိသာတယ်လေ…”

လီဟမ်ရှန်းက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

“ဆိုလိုတာက မင်းဖန်တီးထားတဲ့ ပုံရိပ်ယောင်က ငါ့ရဲ့ ထောင်နဲ့ချီတဲ့လူတွေရဲ့ ခြေလှမ်းစည်းချက်အတိုင်းပဲ… စည်းမျဉ်းတွေအရသာ လည်ပတ်နေတာ…. သူတို့အတွက် အစကနေအဆုံးထိ စည်းချက်တစ်ခုကို အမြဲထိန်းထားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အဲဒါက လက်တွေ့မကျဘူးလေ…”

“ရှင့်ရဲ့အကဲခတ်မှုက တကယ်ကို စူးရှလိုက်တာ…. ဒါပေမယ့် အခု ရှင့်ရဲ့လက်အောက်ငယ်သား ထောင်ပေါင်းများစွာက ရှင်မရှိတော့တာကို သတိမထားမိကြဘူး….”

ကျိချန်းကျီက အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်။

“မင်းက ဘယ်သူလဲ…. မင်းငါ့ကို ဘာပြောချင်လို့လဲ….”

လီဟမ်ရှန်းသည် တမင်တကာ မေးလိုက်သည်။

“မင်းက လီဟမ်ရှန်း ဖြစ်ရမယ်… ဟုတ်တယ်မလား…”

အဘိုးအိုနှစ်ယောက်ထဲက အနက်ရောင်၀တ်စုံ ဝတ်ထားသည့် အဘိုးကြီးတစ်ယောက်သည် ရွှေရောင်နဂါးကြီးပေါ်မှ လျှောက်လှမ်းလာခဲ့သည်။ သူ့တွင် စွမ်းအားကြီးသော ရောင်ဝါများရှိပြီး မဟာအကြီးအကဲအဆင့်တွင် ရှိနေလေသည်။ သူသည် အရပ်ရှည်ပြီး သူ၏အသံကပင် အတော်လေးကို သက်ရောက်မှုရှိလှသည်။

“ကျွန်တော့်နာမည်က လီယွင်ပဲ…..”

လီဟမ်ရှန်းသည် သဘာဝအတိုင်း ဝန်ခံမည်မဟုတ်ပေ။

“လီယွင်?”

တခြားအဘိုးကြီးတစ်ယောက်သည် အနည်းငယ်ဝလေသည်။ သူသည် ပြုံးပြီး သူ့ဆီလှမ်းလာကာ ပြောလိုက်သည်။

“မင်းရဲ့ လူသိထင်ရှား နာမည်ကတော့ လီယွင်ပါဘဲ… ဒါပေမယ့် မင်းကတော့ စန်းယွမ်နယ်မြေအရှင် ရှာနေတဲ့ လီဟမ်ရှန်းပဲ ဖြစ်ရမယ်…. သူက ငါ့တို့ ကျိမိသားစုက ဖြစ်ပြီး သူမရဲ့နာမည်က ကျိချန်းကျီ ပါ…. သူမ အရင်က မင်းနဲ့တွေ့ဖူးတာ‌ကြောင့် မှားမှာတော့မဟုတ်ဘူး….”

လီဟမ်ရှန်း၏နှလုံးသား နစ်မြုပ်သွားလေသည်။ သူ၏အထောက်အထားကို အတည်ပြုရန် အရမ်းယုံကြည်မှု ရှိနေသည်မှာ အံ့သြစရာ မရှိတော့ပေ။

“အကြီးအကဲနှစ်ယောက်! ကျွန်မတို့ လီဟမ်ရှန်းကို ရပြီးရင် ယွဲ့ဟန်ကျွင်းကို လွှဲပေးသရွေ့တော့ ကျွန်မတို့ မိသားစုတွေက ထျန်းဟိုင်မြို့တော်နဲ့ ဆက်ဆံရေးတစ်ခု ထူထောင်နိုင်လိမ့်မယ်… အဲဒီအချိန်ကျရင် ကျွန်မတို့ ကျိမိသားစုက ကြီးပွားလာလိမ့်မယ်….”

ကျိချင်းကျီက အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။

“အဲဒီ့အချိန်ရောက်ရင် အကြီးအကဲနှစ်ယောက် ကျွန်မအပေါ် ပေးထားတဲ့ကတိကို ဖြည့်ဆည်းပေးနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်….”

“ကျိချင်းကျီ စိတ်မပူပါနဲ့… သူကတကယ်ပဲ လီဟမ်ရှန်း ဆိုရင် မင်းရဲ့တောင်းဆိုမှုကို ငါတို့ သေချာပေါက် သဘောတူမှာပါ…”

အနက်ရောင်ဝတ်ရုံနှင့် လူကြီးက ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။

“ကျုပ်ပြောနေတာ ကျုပ်က လီယွင်… လီဟမ်ရှန်း မဟုတ်ဘူးလို့….. မင်း သေချာပေါက် လူမှားနေတာဖြစ်မယ်…”

လီဟမ်ရှန်းသည် သူ၏အထောက်အထားကို ဝန်ခံရန် ရည်ရွယ်ချက် မရှိသေးချေ။ လီဟမ်ရှန်း အလွန်ခေါင်းမာနေသည်ကို မြင်ရုံဖြင့် လူအနည်းငယ်၏ အမူအရာက လုံးဝပြောင်းလဲမသွားပေ။

“ကောင်လေး! မင်း လီဟမ်ရှန်း ဟုတ်၊မဟုတ် စမ်းကြည့်ရအောင်…”

ထိုအချိန်တွင် အနည်းငယ်ဆူဖြိုးသော လူအိုကြီးသည် သူ၏လက်ထဲမှ စာလိပ်တစ်လိပ်ကို ထုတ်ယူလိုက်သည်။ စာလိပ်ကို ဖွင့်လိုက်သောအခါတွင် အလွန်ထူးဆန်းသည့် အရာတစ်ခုကို ရေးဆွဲထားသည်ကို တွေ့လိုက်ရသည်။ ၎င်းသည် သက်ရှိတစ်‌ကောင်နှင့်တူသော်လည်း လီဟမ်ရှန်းသည် ယခင်က ထိုကဲ့သို့သော မည်သည့်အရာကိုမျှ မမြင်ဖူးချေ။

ထိုအရာသည် အပြာရောင်ဖြစ်ပြီး တိရစ္ဆာန်၏ ဦးခေါင်းနှင့်တူသည်။ သူ့မှာ မျက်လုံးနှင့် နှာခေါင်းပါရှိပြီး ဒီအချိန်တွင်တော့ ထိုသားရဲဦးခေါင်းသည် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်တော့သည်။

“ပန်းချီ ရတနာ?”

“ပန်းချီ စိတ်ဝိဉာဉ်?”

လီဟမ်ရှန်းသည် အချိန်ခဏတာလောက် ထိုအရာက ဘာလဲဆိုသည်ကို မသိတော့ပေ။

“ဒါက ကမ္ဘာပေါ်မှာ အလွန်ရှားပါးတဲ့ ဝိဉာဉ်သားရဲရဲ့ ဝိဉာဉ်ကို ပန်းချီဆွဲထားတာပဲ….”

ဆူဖြိုးသောလူကြီးက ပြုံးပြီး ပြောလိုက်သည်။

“ဒါက ငါတို့ ကျိမိသားစုရဲ့ ရတနာတစ်ခုပါ…. သူ့မှာ စွမ်းအားသိပ်မရှိဘူး… ဒါပေမယ့် လူတစ်ယောက်က လိမ်နေတာ ဟုတ်၊မဟုတ်ကို အဆုံးအဖြတ်ပေးနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်….”

ဒါကိုကြားသောအခါ လီဟမ်ရှန်း အံ့အားသင့်သွားလေသည်။ ‘ဒီလို အရာမျိုး ရှိ‌သေးတာလား။’

သူ့ဘေးနားရှိ အနက်ရောင်ဝတ်ရုံနှင့် လူအိုကြီးက ဆေးလုံးတစ်လုံး ထုတ်ယူနေသည်ကို တွေ့လိုက်ရသည်။ ဆေးလုံးသည် အံ့သြဖွယ်ရနံ့များဖြင့် ပြည့်နှက်နေပြီး ၎င်းသည် ထိပ်တန်းဆေးတစ်လက် ဖြစ်ပုံရသည်။ ထို့နောက် ပန်းချီကား၏ ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။

အနက်ရောင်ဝတ်ရုံနှင့် လူကြီးသည် သူ၏မျက်နှာထက်တွင် နာကျင်နေသည့် အရိပ်အယောင်များ ရှိနေသည်ကို သာမန်မျက်စိဖြင့်ပင် မြင်တွေ့ရပြီး ထိုအရာသည် အလွန်အဖိုးတန်ကြောင်း သိသာထင်ရှားလှသည်။

ထိုပန်းချီကား၏ စိတ်ဝိညာဉ်ကို ကျွေးရုံမှလွဲပြီး ရွေးချယ်စရာ မရှိတော့ပေ။

“အရသာရှိလိုက်တာ….”

ပန်းချီကားစိတ်ဝိဥာဉ်သည် အမှန်တကယ် ပြောနိုင်ပေသည်။

“မင်းမှာ မေးစရာရှိရင် မေးသာမေးလိုက်….”

ဟွားဟွင်းက သူဌေးကြီးတစ်ယောက်လို ပျင်းရိစွာပြောလိုက်သည်။

လီဟမ်ရှန်းသည် သူ၏နှလုံးသားထဲတွင် ဆိုးရွားသော ခံစားချက်တစ်ခု ရှိနေလေသည်။ ထိုအရာသည် ဤကဲ့သို့သော စွမ်းရည်မျိုး အမှန်တကယ်ရှိခြင်းမှာ ဖြစ်နိုင်ပါသလား။

“ကောင်လေး! မင်းက လီဟမ်ရှန်း လား…”

ထိုအချိန်တွင် ဆူဖြိုးသောလူကြီးက လီဟမ်ရှန်းကို မေးလိုက်သည်။

လီဟမ်ရှန်းသည် ခဏတုံ့ဆိုင်းသွားပြီး ပြောလိုက်သည်။

“ကျွန်တော်က လီဟမ်ရှန်း မဟုတ်ဘူး…. ကျွန်တော့်နာမည်က လီယွင် လို့ခေါ်ပြီး တောင်ပိုင်းဆိတ်ငြိမ်ခြင်းနယ်မြေ ကပါ….”

“ကျွတ်စ်…. ကျွတ်စ်… ကျွတ်စ်…”

စကားလုံးများ ထွက်ကျလာသည်နှင့် ပန်းချီစိတ်ဝိညာဉ်သည် တတူးတူးတူးအသံကို ပြုလုပ်လိုက်ပြီး စိတ်မရှည်စွာ ပြောလိုက်သည်။

“ကောင်လေး! ဒီသားရဲအရှင်သခင်ရှေ့မှာ လိမ်လည်နေတာက ကောင်းတဲ့အကျင့်တော့ မဟုတ်ဘူး….”

ထိုစကားများထွက်လာသည်နှင့် တပြိုင်နက် လီဟမ်ရှင်း၏ နှလုံးခုန်သံ မြန်‌လာလေသည်။ ထိုအရာက သူလိမ်နေတာလို့ ပြောသည်မဟုတ်ပါလား။

“ဒါက လီဟမ်ရှန်း အသေအချာပဲ….”

သူတို့လေးယောက်စလုံး ဝမ်းသာအားရ ကြည့်လိုက်ကြသည်။

လီဟမ်ရှန်းသည် ထိုအခိုက်အတန့်တွင် သူ၏ လက်သီးများကို တင်းတင်းဆုပ်ထားလိုက်သည်။ ဤအချိန်တွင် သူလွတ်မြောက်ချင်သော်လည်း ကျိမိသားစု၏ အကြီးအကဲ နှစ်ယောက်နှင့် မူလအဆင့် ပြီးပြည့်စုံခြင်းအဆင့်ရှိ သက်လတ်ပိုင်း အမျိုးသားတစ်ဦးအပါအဝင် ဆရာသခင်နှစ်ယောက်ကို တွေ့လိုက်ရသောအခါ သူ၏ လွတ်မြောက်နိုင်ခြေက နည်းပါးလွန်းသည် မဟုတ်ပါလား။

နေနှင့်လ၏ စစ်မှန်သောမီးကို အသုံးပြုခဲ့လျှင်တောင် ဆရာသခင်တစ်ဦးကိုသာ ဆန့်ကျင်နိုင်မည်ဖြစ်ပြီး ထိရောက်မှု ရှိ၊မရှိကိုမူ မသိပေ။

“ကောင်လေး! ငါတို့ ကျိမိသားစုရဲ့ အနာဂတ်အတွက် မင်းကို လဲလှယ်ရမယ်….”

“ဟားးးးး ဟားးးးး ဟားးးးး”

အနက်ရောင်ဝတ်ရုံနှင့် လူကြီးသည် ရှေ့သို့လှမ်းတက်လာပြီး လီဟမ်ရှန်း၏ ပခုံးကို ဆုပ်ကိုင်လိုက်လေသည်။ ကြောက်မက်ဖွယ်ကောင်းသော အင်အားသည် တောင်ကြီးတစ်ခုကဲ့သို့ ကျဆင်းလာပြီး လီဟမ်ရှန်း၏ ခန္ဓာကိုယ်ရှိ အရိုးများအားလုံးနီးပါး ကြေမွသွားသလို ခံစားလိုက်ရသည်။

ဤမျှ ကြောက်စရာကောင်းသော စွမ်းအားကို မြင်လိုက်ရသဖြင့် ဤလူသည် သာမာန် ဆရာသခင်မဟုတ်မှန်း သိလိုက်ရသည်။အနိုင်ရဖို့ အခွင့်အလမ်းက နည်းပါလွန်းလှသည်။

“အရင်ဆုံး ဆုံးဖြတ်ရအောင်။”

“သူ့ရဲ့ ကျင့်ကြံဆင့်ကို ဖျက်ဆီးပြီးရင် သူအရှုပ်အထွေးတွေ လုပ်မရတော့အောင် သူ့ခြေထောက်တွေကို ရိုက်ချိုးထားလိုက်… ဘာပဲဖြစ်ဖြစ် စန်းယွမ်နယ်မြေအရှင်က အသက်ရှင်နေတဲ့ လီဟမ်ရှန်းကိုပဲ လိုချင်နေတာ….”

ခပ်ဝဝလူအိုကြီးက အကြံပြုလိုက်သည်။

“အဲဒါက အဓိပ္ပါယ်ရှိတယ်… ဒါဆို ဖျက်ဆီးလိုက်ကြရအောင်….”

အနက်ရောင်ဝတ်ရုံနှင့် လူအိုကြီးကလည်း ထိုကဲ့သို့ တွေးလိုက်သည်။

လီဟမ်ရှန်းသည် အလွန်တရာ ထိတ်လန့်သွားခဲ့ပြီး သူသည် ရှန်းထျန်းအဆင့်သို့ ရောက်ရှိတော့မည်ဖြစ်သည်။

‘ဒီအချိန် သူသာ ခြေလက်ကျိုးသွားခဲ့ရင် သူ့အဖေ ဘာဖြစ်သွားမလဲ။’

အနက်ရောင်ဝတ်ရုံနှင့် လူအိုကြီးသည် လီဟမ်ရှန်း ကို ရိုက်ချိုးတော့မည့်အချိန်တွင် လီဟမ်ရှန်း က ရုတ်တရက် ပြောလိုက်သည်။

“ခင်ဗျား! လုပ်ရဲသလား…..”

“ယွဲ့ဟန်ကျွင်း ကျုပ်ကို ဘာလို့ရှာနေတာလဲဆိုတာ ခင်ဗျားမသိဘူး ဖြစ်မယ်….”

ဒီစကားများ ပြောပြီးသည့်အချိန်တွင် လူတော်တော်များများသည် လီဟမ်ရှန်း ကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။

“ယွဲ့ဟန်ကျွင်း က မင်းကို သူ့ဆီ အသက်ရှင်လာစေချင်ရုံပဲ…. သူက မင်းကို ပြီးပြည့်စုံစေချင်တယ်လို့ မပြောခဲ့ဘူး…. ကောင်လေး! မင်း ငါတို့ကို လှည့်စားနေတာလား….”

ခပ်ဝဝ လူအိုကြီးက အေးစက်စွာ ဟစ်အော်လိုက်သည်။

“စလိုက်ရအောင်….”

“ယွဲ့ဟန်ကျွင်းက ကျွန်‌တော့်ရဲ့ သွေးသားအဖေအရင်း…. ကျွန်တော်က သူ့ရဲ့တစ်ဦးတည်းသောသားပါ….. မင်းတစ်ခုခုလုပ်ချင်ရင် လုပ်လိုက်လေ…. ခင်ဗျားရဲ့ ပန်းချီစိတ်ဝိဉာဥ်ကိုပဲ ပြန်ရနိုင်မလား ဒါမှမဟုတ် ထျန်းဟိုင်မြို့တော်မှာပဲ ခင်ဗျားအသက် ဆုံးရှုံးသွားမလားဆိုတာ ကျွန်တော်တို့ကြည့်မယ်လေ….”

ထိုအချိန်တွင် လီဟမ်ရှန်းသည် သူ့သွားများအား အံကြိတ်ကာ ရှိနေကြသည့်လူတိုင်းအား ပြောလိုက်လေသည်။

All Chapters