← Chapters

အခန်း (၄၆၆)

Vol. 38 Ch. 466

အခန်း (၄၆၆)

Vol. 38 Ch. 466

လီဟမ်ရှန်းပြောသည်ကို ကြားသည့်အချိန် ရှိနေကြသည့် လူတော်တော်များများက မရယ်ဘဲ မနေနိုင်ကြပေ။

အနက်ရောင်ဝတ်ရုံနှင့် လူအိုကြီးသည် အားပါးတရရယ်မောပြီး ပြောလိုက်သည်။

“မင်းဘာပြောလိုက်တာလဲ… စန်းယွမ်နယ်မြေအရှင် ယွဲ့ဟန်ကျွင်းက မင်းအဖေ ဟုတ်လား… မင်းဒီလို ယုတ်ညံ့တဲ့ အကြောင်းပြချက်မျိုး ပြောထွက်လာနိုင်မယ်လို့ ငါမမျှော်လင့်ထားဘူး… အဲဒါက လုပ်ကြံဇာတ်လမ်း သက်သက်ပဲ….”

“ယွဲ့ဟန်ကျွင်းက မင်းအဖေဆိုရင် ချီရှန်းတစ္ဆေအရှင်ကလည်း ငါ့အဖေပဲကွ….”

ခပ်ဝဝလူအိုကြီးက မကျေမနပ်နှင့် ပြောလိုက်သည်။ လီဟမ်ရှန်း ပြောသည်ကို မည်သူမျှ မယုံဘူးဆိုသည်မှာ ထင်ရှားလှသည်။ သို့သော် ထိုအချိန်တွင် အသံတစ်သံက ဖြည်းညှင်းစွာ ပြောလာခဲ့သည်။

“ဒီကလေးက မလိမ်ပါဘူး…. သူ အမှန်အတိုင်းပြော‌နေတာ…. ”

ထိုအသံကိုကြားသည့်အခါ လူတော်တော်များများ၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့ပြောလိုက်သူသည် သူတို့ ကျိမိသားစု၏ စာလိပ်တွင်ရှိသော ပန်းချီစိတ်ဝိဥာဉ်မှလွဲ၍ အခြားမရှိသောကြောင့်ပင် ဖြစ်သည်။

ဤအရာသည် တစ်စုံတစ်ယောက် လိမ်ညာနေခြင်း ရှိ၊မရှိကို ပြောပြရန် အသုံးပြုနိုင်သော ရတနာတစ်ခုဖြစ်သည်။ ထိုအရာပြောသမျှ မှန်ပေသည်။

ကျိမိသားစု အကြီးအကဲနှစ်ဦး၏ မျက်လုံးများသည် အနည်းငယ် ထိတ်လန့်သွားကြပြီး လီဟမ်ရှန်းကို ကြည့်လိုက်ကြသည်။ သူတို့ရှေ့ရှိ လီဟမ်ရှန်းသည် ယွဲ့ဟန်ကျွင်း၏ သားအရင်းဖြစ်နေလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့ကြဖူးပေ။

‘ဒါက ဘယ်လို လည်ပတ်မှုမျိုးကြီးလဲ။ ထျန်းဟိုင်မြို့တော်ရဲ့ သခင်ငယ်လေးက အိမ်ကနေ ထွက်ပြေးသွားတာလား။’

ထိုအချိန်တွင် အနက်ရောင်ဝတ်ရုံနှင့် လူအိုကြီးသည် လီဟမ်ရှန်းဆီမှ သူ၏လက်ကို ပြန်ရုတ်သိမ်းလိုက်လေသည်။ ယခုတစ်ကြိမ်တွင် သူတို့၏ ကျိမိသားစုသည် အသစ်ခန့်အပ်ခံရသော စန်းယွမ်နယ်မြေအရှင်နှင့် ကောင်းမွန်သည့် ဆက်ဆံရေးတစ်ရပ် ထူထောင်ရန် ထျန်းဟိုင်မြို့တော်သို့သွားချင်သည်။ ထျန်းဟိုင်မြို့တော်သို့ ပြောင်းရွှေ့ခွင့်ရမည်ဆိုလျှင် ပိုကောင်းပေလိမ့်မည်။

အကယ်၍သာ ကျိမိသားစုသည် စန်းယွမ်နယ်မြေ၏ အရှင်အသစ်နှင့်အတူ ‌တစ်လှေတည်းစီး ခရီးသွားဖော်အဖြစ် လိုက်ပါနိုင်ခဲ့ပါက ၎င်းတို့သည် အမှန်တကယ် အောင်မြင်သူဖြစ်လာလိမ့်မည်။ ထို့ကြောင့် ကျိမိသားစုသည် ကျိချန်းကျီထံမှ လီဟမ်ရှန်းကို တွေ့ရှိကြောင်း သတင်းရရှိသောအခါတွင် သူတို့လည်း အလွန်အမင်း စိတ်လှုပ်ရှားသွားခဲ့ကြသည်။

လီဟမ်ရှန်းကိုသာ ဖမ်းခေါ်လာခွင့်ရလျှင် အကောင်းဆုံးအခွင့်အရေး မဟုတ်ပါလား။ ရလဒ်အနေဖြင့် သူတို့ရှေ့ရှိ လီဟမ်ရှန်းသည် ယွဲ့ဟန်ကျွင်း၏ သားအရင်းမှန်း မည်သူထင်ထားမည်နည်း။

‘ဒီကိစ္စကို သူတို့ ဘယ်လိုတောင် လုပ်ရဲတော့မလဲလေ?’

ထျန်းဟိုင်မြို့တော်၏ မင်းသားကို သူတို့စော်ကားဖို့ရာ မတတ်နိုင်ပေ။

‘လီဟမ်ရှန်းကသာ သူတို့ကို သူ့ရဲ့အဖေရှေ့မှာ မျက်ရည်ကျပြလိုက်ရင် သူတို့ဘယ်လိုတောင် အဆုံးသတ်ကောင်း ရနိုင်ပါ့မလဲ။’

လီဟမ်ရှန်းသည် သူကိုယ်တိုင် သူတို့ကို ခြိမ်းခြောက်လိုက်နိုင်ပြီကို သိမြင်လိုက်ရပြီး ထိုသူတို့ကို ဤအခွင့်အရေးယူ၍ မြန်မြန် ထွက်သွားစေချင်မိသည်။ ယခုတော့ ကျိချန်းကျီသည် သူမည်သူ၊မည်ဝါဖြစ်သည်ကို သိသောကြောင့် တစ္ဆေမြို့တော်သို့ ပြန်သွားရန် မလုံခြုံတော့ပေ။

ယခုအချိန်တွင် သူ့ကို ဘယ်သူမှမသိဘဲ ပုန်းအောင်းနိုင်မည့်နေရာကို ရှာဖွေသင့်သည်။ ထို့နောက် အောင်မြင်ရန် အခွင့်အရေးကောင်းကို ခဏတာ စောင့်ဆိုင်းရမည်။

မမျှော်လင့်ဘဲ လီဟမ်ရှန်းက ခြေလှမ်းနှစ်လှမ်း နောက်ဆုတ်ပြီးချိန်တွင် အနက်ရောင်ဝတ်ရုံနှင့် အကြီးအကဲသည် လီဟမ်ရှန်း၏လမ်းကို ပိတ်ဆို့လိုက်ပြီး လှောင်ပြုံးနှင့် ပြောလိုက်သည်။

“သခင်လေးလီ! မင်းက စန်းယွမ်နယ်မြေအရှင်ရဲ့ သားတော်ပါ…. ငါတို့ မင်းကို ဘာမှမလုပ်ဘူး… ဒါပေမယ့် မင်း ငါတို့နဲ့အတူ ထျန်းဟိုင်မြို့တော်ကို သွားရမယ်…. ငါတို့ မင်းကို စန်းယွမ်နယ်မြေ အရှင်ဆီကို သေချာပေါက် လွှဲအပ်ရလိမ့်မယ်….”

လီဟမ်ရှန်းသည် ထိုစကားကိုကြားသောအခါ မျက်မှောင်တင်းတင်း ကြုတ်လိုက်ပြီး ငြင်းဆိုရန် ကြံရွယ်ထားသော်လည်း ခပ်ဝဝ လူအိုကြီးက သံကြိုးကိုထုတ်ကာ လီဟမ်ရှန်းကို ချည်နှောင်လိုက်လေသည်။

“သခင်လေးလီ ကျေးဇူးပြု၍ သည်းခံလိုက်ပါဦး…. ထျန်းဟိုင်မြို့တော်ကို ရောက်တဲ့အခါ ပုံမှန်အတိုင်း ပြန်လွှတ်ပေးမှာပါ….”

သံကြိုးသည် စိတ်ဝိဉာဥ်သားရဲအချို့၏ အရွတ်များဖြင့် ပြုလုပ်ထားပြီး အလွန်မာကျောကာ ကျုံ့နိုင်၊ဆန့်နိုင်လေသည်။ လီဟမ်ရှန်းသည် သူရုန်းကန်လေလေ သံကြိုးက ပိုတင်းကြပ်လာလေလေဟု ခံစားလိုက်ရပြီး လွတ်မြောက်ရန် နည်းလမ်းမရှိပေ။

လီဟမ်ရှန်းသည် ထိုသူတို့ကို တစ်ခုခုပြောလျှင်လည်း ဘာမှ အသုံးမဝင်ဘူးဆိုသည်ကို သိထားလေသည်။ ထို့ကြောင့် သူရုန်းကန်ရန် ပျင်းလွန်းလှပြီး လမ်းတွင် လွတ်မြောက်ရန် အခွင့်အရေးကို စောင့်ဆိုင်းနေလေသည်။

“ဆက်လျှောက်!”

“နောက်ထပ် ပြဿနာတွေ ထပ်မဖြစ်အောင် ဒီကနေအမြန်ဆုံး ထွက်သွားရအောင်....”

ကျိမိသားစုမှ လူတိုင်းသည် လီဟမ်ရှန်းကို အလျှင်အမြန် ခေါ်သွားကြသည်။ ခပ်ဝဝ လူအိုကြီးသည် လီဟမ်ရှန်းကို အိတ်တစ်ခုထဲသို့ထည့်ကာ ချည်နှောင်ပြီးနောက် ပခုံးပေါ်တင်ကာ လီဟမ်ရှန်းနှင့်အတူ ဒုန်းစိုင်းပြေးသွားလေသည်။

လီဟမ်ရှန်းသည် အပြင်ဘက်ရှိ အခြေအနေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သော်လည်း ၎င်းတို့သည် တောင်တစ်ခုပေါ်သို့တက်ကာ ဦးတည်ရာတစ်ခုသို့ ပျံသန်းသွားသည်ကို သူ ခံစားမိလေသည်။

လီဟမ်ရှန်းက အနည်းငယ် စိတ်ပူသွားသည်။ ယခုအချိန်တွင် သူ့မှာ ရုန်းကန်ဖို့ နည်းလမ်းမရှိသော်လည်း သူ့ကိုသာ ယွဲ့ဟန်ကျွင်းဆီသို့ ဤကဲ့သို့ ခေါ်ဆောင်သွားခဲ့လျှင် သူသေရပေလိမ့်မည်။

‘အဲဒီအချိန်ကျရင် အရမ်းနောက်ကျသွားလိမ့်မယ်။ ဒီကနေလွတ်မြောက်ဖို့ သူဘယ်လိုနည်းလမ်းကို ရွေးချယ်သင့်လဲ?’

ကျိမိသားစုနှင့်အတူ တစ်ရက်နှင့်တစ်ည ပျံသန်းပြီးနောက် လီဟမ်ရှန်းသည် သူမည်မျှ အကွာအဝေးအထိ ခရီးတွင်နေခဲ့ပြီကို မသိခဲ့ပေ။ သူ့လက်ထဲက ချည်နှောင်ထားတဲ့ သံကြိုးများမှ လွတ်မြောက်ရန် ကြိုးစားသော်လည်း ဘယ်လောက်ပဲ သန်မာနေပါစေ လွတ်မြောက်အောင်တော့ မလုပ်နိုင်ချေ။

နောက်ဆုံးတွင်တော့ လီဟမ်ရှန်းသည် နည်းလမ်းတစ်ခုကို စဉ်းစားမိခဲ့သည်။ နေနှင့်လ၏ အစစ်အမှန်မီးလျှံသည် သံကြိုးကို လောင်ကျွမ်းစေရန် လက်ချောင်းထိပ်တွင် တောက်လောင်နေသည်။

သို့သော်လည်း လီဟမ်ရှန်း မထင်မှတ်ထားသည့်အရာမှာ နေနှင့်လ အစစ်အမှန်မီးလျှံသည် သံကြိုးကို တစ်ချက်တည်းဖြင့် မလောင်ကျွမ်းစေနိုင်ခဲ့ပေ။ ပြင်းထန်လှသော နေနှင့်လ အစစ်အမှန်မီးလျှံသည် သံကြိုးကို အက်ကွဲစေရုံပင်။

မီး တောက်လောင်ရန် အချိန်မည်မျှကြာမည်ကို သူမခန့်မှန်းနိုင်ပေ။ သို့သော် အနည်းဆုံးတော့ မျှော်လင့်ချက်ရှိသေးသည်။

ကျိမိသားစုဝင်များက လီဟမ်ရှန်းကို သူတို့နှင့် သိပ်မဝေးသော အပြာရောင်ကျောက်တုံးကြီး၏ နံဘေးတွင် ထားခဲ့လေသည်။ ခပ်ဝဝ အကြီးအကဲ၊ အနက်ရောင်ဝတ်ရုံ အကြီးအကဲနှင့် ကျိချန်းကျီတို့ အတူထိုင်နေချိန်တွင် ဝူဖေးက လီဟမ်ရှန်းကို ကြည့်ရှုရန် တာဝန်ရှိသည်။

“မဟာအကြီးအကဲ! အားလုံးအဆင်ပြေရဲ့လား….”

ကျိခန်းကျီက စိုးရိမ်တကြီး မေးလိုက်သည်။

“စိတ်မပူပါနဲ့…. လီဟမ်ရှန်းကို ချည်နှောင်ထားတဲ့ ကြိုးက မဟာသိုင်းဂိုဏ်းအဆင့်ကို ရောက်ရှိသွားတဲ့ စိတ်ဝိဉာဉ်သားရဲရဲ့ အရွတ်တွေနဲ့ ပြုလုပ်ထားတာ…. ပြီးတော့ အဲ့တာက ရှေးဟောင်းနဂါးငါးမန်းရဲ့ အရွတ်တွေလေ…. အရမ်း ခိုင်ခံ့တယ်….. သူက မီးယပ်အထွတ်အထိပ်လို့ ပြောဖို့တောင် ခက်တယ်…. ဆရာသခင်အဆင့်တောင်မှ လွတ်မြောက်အောင် ရုန်းကန်ဖို့ မဖြစ်နိုင်ဘူး…..”

အနက်ရောင်ဝတ် အကြီးအကဲက ပြုံးလျက်ပြောလိုက်သည်။ အနက်ရောင်ဝတ် အကြီးအကဲသည် အလွန်ယုံကြည်မှုရှိနေပြီး ခပ်ဝဝအကြီးအကဲကလည်း ခေါင်းညိတ်လိုက်သည်။

“ဒါက ငါတို့ ကျိမိသားစုရဲ့ ရတနာပဲ…. လီဟမ်ရှန်း ဘယ်လောက်ပဲ ရုန်းကန်နေပါစေ အဲဒါက အသုံးမဝင်ဘူး…..”

“အမ်……….”

ထို့နောက် ကျိချန်းကျီက ခေါင်းညိတ်လိုက်သည်။

ဤခရီးက လုံခြုံမှုရှိလိမ့်မည်ဟု သူမျှော်လင့်မိသည်။ ထျန်းဟိုင်မြို့တော်သို့ တိုက်ရိုက်သွားနိုင်ကာ လီဟမ်ရှန်းကို ယွဲ့ဟန်ကျွင်းဆီသို့ လွှဲပေးပြီးနောက် အရာအားလုံး အဆင်ပြေသွားပေလိမ့်မည်။

သို့သော် သူတို့၏ရည်ရွယ်ချက် ဘယ်လောက်ပင် ကောင်းနေပါစေ သူတို့လုပ်သင့်သည့်အချိန်တွင် တစ်ခုမဟုတ်တစ်ခု ဖြစ်ပေါ်လာစမြဲပင်။

“ထွက်လာခဲ့!”

ဝတ်ရုံနက်နှင့် အကြီးအကဲသည် ရုတ်တရက် အေးစက်စွာ ဟစ်အော်လိုက်ပြီး သူ၏ဓားကို ဆွဲထုတ်ကာ မတ်တပ်ထရပ်လိုက်ပြီး ဦးတည်ရာတစ်ခုသို့ စိုက်ကြည့်နေခဲ့သည်။

“ကျိဝူဟွေ့! မင်းရဲ့ ထိုးထွင်းဉာဏ်ကတော့ စူးရှထက်မြက်နေတုန်းပဲ….”

ဧည့်သည်၏အသံတွင် ရယ်မောသံများ ပါဝင်နေခဲ့သည်။ ခပ်ဝဝ အကြီးအကဲသည်လည်း အလျှင်အမြန် ထရပ်လိုက်သည်။ သူအဝေးသို့ လှမ်းကြည့်လိုက်သောအခါ ပုံရိပ်ခြောက်ခု မြင်လိုက်ရသည်။

ထိုအရိပ်ခြောက်ခုတွင် လေးဦးသည် ဆရာသခင်များဖြစ်ကြသည်။ ထို့အပြင် မူလအဆင့် ပြီးပြည့်စုံခြင်းရှိသော အရှင်နှစ်ဦးလည်း ပါဝင်လေသည်။

“ကျိချန်းကျီ! မင်းက ငါတို့ ထာဝရရှင်သန်ခြင်းဂိုဏ်းကို သစ္စာဖောက်ခဲ့တာပဲ… မင်းရဲ့လုပ်ရပ်တွေက ထာဝရရှင်သန်ခြင်းဂိုဏ်းထဲမှာ ငါတို့ကို တကယ်စိတ်ပျက်စေတယ်….”

စွမ်းအားကြီးသော ခေါင်းဆောင်သည် လှောင်ပြောင်ကာ ပြောလိုက်သည်။

“အကြီးအကဲ?”

ထိုအသံကိုကြားလိုက်သည်နှင့် ကျိချန်းကျီ၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

ကျိချန်းကျီသည် ထာဝရရှင်သန်ခြင်းဂိုဏ်း၏ တပည့်တစ်ဦးဖြစ်ကြောင်း ကျိမိသားစုက သိထားပြီးဖြစ်သော်လည်း ကျိချန်းကျီသည် ဂိုဏ်းမှ ထွက်ခွာရန် ဆန္ဒရှိနေပြီဖြစ်သည်။ ထို့ကြောင့် ယခုတစ်ကြိမ်တွင် သူမသည် လီဟမ်ရှန်းကို အခြေအနေတစ်ခုအဖြစ် အသုံးပြုခဲ့ခြင်းမှာ ကျိမိသားစုသည် သူမ၏အတိတ်ကို ဂရုမစိုက်ဘဲ သူမ၏ မျိုးနွယ်စုများအတွက် အခက်အခဲ မဖြစ်စေရန်အတွက် ဖြစ်သည်။

ကျိမိသားစုကလည်း သဘောတူခဲ့သည်။

သို့သော် ထာရဝရရှင်သန်ခြင်းဂိုဏ်းမှ လူများသည် ဤမျှမြန်မြန်ဆန်ဆန် လိုက်လာနိုင်မည်ဟု ကျိချန်းကျီ မထင်ထားခဲ့ပေ။ ထို့နောက် ထိုသူက အကြီးအကဲအဆင့်တွင် ရှိသူဖြစ်သည်။

ဥပမာအားဖြင့် သူမသည် ကာကွယ်သူဖြစ်သော်လည်း သူမသည် ဂိုဏ်း၏ သာမန်ကာကွယ်သူသာဖြစ်သည်။ သူမသည် သူမ၏ မျက်လုံးကျင့်စဉ်ကြောင့်သာ ကာကွယ်သူရာထူးကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ကာကွယ်သူများ၏ အထက်တွင် ဤကဲ့သို့‌သော အကြီးအကဲများ ရှိလေသည်။

အကြီးအကဲ၏ အထက်တွင် တမန်တော်လေးပါး ရှိသည်။ အားလုံး၏ အထက်တွင်ရှိ‌သော တမန်တော်လေးပါးသည် မဟာသူတော်စင်၏ ကွပ်ကဲမှုအောက်တွင် ရှိသည်။ ထိုနောက်ဆုံးသူသည် ထာဝရရှင်သန်ခြင်းဂိုဏ်း၏ ခေါင်းဆောင် ဖြစ်သည်။

All Chapters