အခန်း (၄၆၇)
Vol. 38 Ch. 467
အကြီးအကဲများအဖြစ် အမှုထမ်းနိုင်သူများသည် အနည်းဆုံး အဆင့်မြင့်ဆရာသခင်တစ်ဦး၏ ကျင့်ကြံခြင်းအဆင့်တွင် ရှိရမည်ဖြစ်ပြီး ၎င်းတို့သည် သာမာန်အဆင့်မြင့် ဆရာသခင်များဖြစ်ရုံသာမက နိယာမကို နားလည်သော ဆရာသခင်များဖြစ်ကြသည်။
သို့မှသာ ထိုသူသည် အကြီးအကဲ ဖြစ်လာနိုင်ပေလိမ့်မည်။ ထာဝရရှင်သန်ခြင်းဂိုဏ်းတွင် အကြီးအကဲ ခုနစ်ပါးသာရှိသည်။
“သတိထားပါ မဟာအကြီးအကဲ….. ရောက်လာတဲ့သူက အကြီးအကဲအဆင့် ကျွမ်းကျင်သူဖြစ်ပြီး အကြီးအကဲတစ်ဦးထက်မက ရှိနိုင်ပါတယ်…..”
ကျိချန်းကျီက အလျှင်အမြန် သတိပေးလိုက်သည်။
“ကျုပ် မြင်ပါတယ်….”
အနက်ရောင်ဝတ်ရုံ အကြီးအကဲနှင့် ခပ်ဝဝ အကြီးအကဲသည်လည်း ရောက်လာသူကို လေးနက်စွာ စိုက်ကြည့်နေလိုက်သည်။
ဆရာသခင်လေးပါးထဲတွင် အနည်းဆုံးနှစ်ယောက်က နိယာမသို့ ရောက်နေလေပြီဖြစ်သည်။ ကြည့်ရသည်မှာ အရာအားလုံး ရှုပ်ထွေးလာပုံရသည်။ တကယ့်တိုက်ပွဲများသာ ဖြစ်လာလျှင် သူတို့သာ နစ်နာပေလိမ့်မည်။
လီဟမ်ရှန်းသည် ယခုအချိန်တွင် အပြင်ဘက်ရှိ အဖြစ်အပျက်များကို မမြင်နိုင်သော်လည်း ရှင်းရှင်းလင်းလင်း ကြားနေရသည်။ အစကတည်းကပင် ကျိမိသားစု ရောက်လာလျှင် ဒုက္ခဖြစ်မည်ဟု သူထင်ခဲ့သော်လည်း ထာဝရရှင်သန်ခြင်းဂိုဏ်းကပါ ယခုချက်ချင်း ရောက်လာမည်ကို မမျှော်လင့်ခဲ့ပေ။
သို့သော် ထိုအခြေအနေက လီဟမ်ရှန်းကို အခွင့်အရေးပေးခဲ့သည်။ ထာဝရရှင်သန်ခြင်းဂိုဏ်း ရောက်လာပြီး သူတို့သာ အမှန်တကယ် တိုက်ပွဲများ စတင်ခဲ့မည်ဆိုလျှင် ရုန်းရင်းဆန်ခတ်ဖြစ်မှုကို အခွင့်ကောင်းယူပြီး သူလွတ်မြောက်နိုင်ပေသည်။
"လူကို ငါမင်းကိုပေးပါ့မယ်…. သွားကြရအောင်…."
ထိုအချိန်တွင် အနက်ရောင်ဝတ်ရုံနှင့် အကြီးအကဲသည် သူ့အတွက် သူတို့နှင့်မယှဉ်နိုင်မှန်း သိလေသည်။ ထို့ကြောင့် သူ့အသက်ကို ဦးစွာကယ်တင်ရန် ဆုံးဖြတ်ပြီး လီဟမ်ရှန်းကို လွှဲပြောင်းပေးခဲ့သည်။
ထိုသို့ပြောသည်ကို ကြားလိုက်ရသော လီဟမ်ရှန်းသည် ဒေါသကြောင့် သေလုမတတ်ပင် ဖြစ်သွားရသည်။
‘ခင်ဗျားတို့ ကျိမိသားစုထဲက လူတွေအားလုံး ဒီလောက်တောင် သူရဲဘောကြောင်ကြတာလား။ သူတို့ကို ပြန်တိုက်လေ! ငါလုပ်လိုက်ရ!’
လီဟမ်ရှန်းသည် ကျိန်ဆဲပစ်ချင်မိသည်။
သို့သော် ထာဝရရှင်သန်ခြင်းဂိုဏ်း၏ ခေါင်းဆောင်မှ နောက်ထပ်စကားတစ်ခွန်းက ကျိမိသားစုကို ငရဲသို့ နစ်မြုပ်သွားစေခဲ့သလိုပင်။
“တောင်းပန်ပါတယ် မင်းထွက်သွားလို့မရဘူး… ကျိမိသားစုထဲက လူအားလုံး ဒီနေ့ဒီမှာပဲ သေကြရလိမ့်မယ်…. မင်း အပြစ်တင်ချင်ရင် ကျိချန်းကျီကိုသာ အပြစ်တင်လိုက်… ကာကွယ်သူ တစ်ယောက်အနေနဲ့ သူမက ဂိုဏ်းကို ပြောင်ပြောင်တင်းတင်း သစ္စာဖောက်ခဲ့တယ်…. ဒီလိုမျိုး ရာဇ၀တ်မှုတွေကို ကင်းစင်အောင် လုပ်သင့်တယ်….”
“ထာဝရရှင်သန်ခြင်းဂိုဏ်း! စည်းကျော်မလာနဲ့…. မင်းအသက်ကို စွန့်စားရဲရင်လည်း ဘာအကျိုးမှ ရမှာမဟုတ်ဘူး….”
ခပ်ဝဝ အကြီးအကဲက ဒေါသတကြီးနှင့် ပြောလိုက်သည်။ ထိုသူတို့ လိုချင်သည်ကို ပေးထားပြီးဖြစ်သော်လည်း ထာဝရရှင်သန်ခြင်းဂိုဏ်းက သူတို့ကို လွတ်မြောက်ခွင့် မပေးပေ။
‘ရက်စက်ရာကျတယ် ပြောရမယ်ဆိုရင် သူတို့ကို သေတဲ့အထိ တိုက်ခိုင်းနေသလိုမျိုး ဖြစ်မနေဘူးလား?’
“မင်းတို့ပဲလား?”
ထာဝရရှင်သန်ခြင်းဂိုဏ်းမှ ဆရာသခင် အများအပြားက ကဲ့ရဲ့၊ လှောင်ပြောင်လိုက်ကြသည်။ သူတို့သည် ကျိမိသားစုကို လုံးဝ အလေးအနက်မထားပေ။
“ဒါဆိုလည်း မင်းငရဲကို သွားလိုက်တော့….”
ဤအခြေအနေတွင် ဦးစွာ အရေးယူခြင်းမပြုပါက အနိုင်ရရန် အခွင့်အလမ်းမရှိဟု ခပ်ဝဝ အကြီးအကဲက သိလိုက်သည်။ ထို့ကြောင့် သူအရင်ဦးဆောင်ပြီး သတ်ပစ်လိုက်သည်။
သို့သော် အနက်ရောင်ဝတ်ရုံနှင့် အကြီးအကဲက လှည့်ပြီး ပြေးချင်နေသည်။
“ငါ မင်းကို မရိုက်နိုင်ဘူး…. အဲဒီတော့ ဘာလို့ထွက်မပြေးရမှာလဲ….”
သို့သော် သူလှည့်ပြီး ထွက်ပြေးချင်နေချိန်တွင် နှစ်ဖက်လုံးဆီမှ စူးရှသည့် အသံများကို ကြားလိုက်ရသည်။ အကြီးအကဲနှစ်ပါးက သူ့ကို
တားဆီးရန် ရောက်လာခြင်းဖြစ်သည်။
လူနှစ်ယောက်၏ ဖိအားက ပြင်းထန်လွန်းသဖြင့် သူလုံးဝ မလွတ်မြောက်နိုင်ပေ။
‘ငါတို့ မလွတ်မြောက်နိုင်မှတော့ တိုက်ကြတာပေါ့ကွာ။’
ထိုအချိန်၌ပင် တိုက်ပွဲ စတင်ခဲ့လေသည်။ ဝူဖေး သည်ပင်လျှင် စွမ်းအားကြီးမားလှသော မူလအဆင့် ဆရာသခင်နှစ်ယောက်၏ ဝိုင်းဝန်း၊ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။
ကျိချန်းကျီ တစ်ယောက်တည်းသာ လုံးဝထိတ်လန့်သွားပြီး မကူညီနိုင်တော့ပေ။ သူသည် မျက်လုံးကျင့်စဉ်ကို အသုံးပြုပြီးနောက် ဘာမှ မမြင်နိုင်တော့ချေ။
လီဟမ်ရှန်းသည် အိတ်အတွင်းမှ အရာအားလုံးကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ အပြင်ဘက်တွင် တကယ့်တိုက်ပွဲဖြစ်ပွားခဲ့ပြီး လီဟမ်ရှန်း၏ နေနဲ့လ စစ်မှန်သည့်မီးလျှံသည် နောက်ဆုံးတွင် သံကြိုးကို ရှို့လိုက်ပြီး အိတ်ကို ခွဲပစ်လိုက်သည်။ လီဟမ်ရှန်းသည် ထိုအခွင့်အရေးကိုယူကာ ထွက်ပြေးရန် အဆင်သင့်ဖြစ်နေလေပြီ။
သို့သော်လည်း လီဟမ်ရှန်း အိတ်ကိုဆုတ်ဖြဲပြီး ခေါင်းကို ထုတ်လိုက်သည့်အချိန် သူ၏ရှေ့တွင် ခြေတစ်စုံကို တွေ့လိုက်ရသည်။
လီဟမ်ရှန်းက ထိတ်လန့်သွားပြီး ခေါင်းကို မော့ကြည့်လိုက်သောအခါ ထိုသူမှာ ထာဝရရှင်သန်ခြင်းဂိုဏ်းထဲရှိ တစ်စုံတစ်ယောက်ဖြစ်ကြောင်း တွေ့လိုက်ရသည်။
“ညီ၄! အလောတကြီးနဲ့ မင်းဘယ်သွားမလို့လဲ…”
သူနှင့်စကားပြောရန် ထွက်လာသူမှာ ကျိုးကျွင်းပင်။
တစ်ဖန် လှည့်ပတ်ကြည့်လိုက်သောအခါ လီဟမ်ရှန်းသည်လည်း အနည်းငယ် ထိတ်လန့်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် ကျိမိသားစုမှ လူအများအပြား သေဆုံးသွားသောကြောင့်ပင် ဖြစ်သည်။
ကျိမိသားစုမှ အကြီးအကဲနှစ်ဦးအပြင် ဝူဖေး နှင့် ကျိချန်းကျီ တို့အားလုံး သေဆုံးသွားခဲ့ကြသည်။ ကျိမိသားစု၏ စာလိပ်သည်ပင် သူ့ရှေ့ရှိ ထာဝရရှင်သန်ခြင်း ဂိုဏ်းခေါင်းဆောင်၏ လက်ထဲတွင် ရှိနေပြီဖြစ်သည်။
“အနားယူလိုက်ပါဦး….”
လီဟမ်ရှန်းသည် အားကိုးရာမဲ့စွာ ခံစားခဲ့ရသည်။ ကျိမိသားစု၏ သန်မာလှသောလူကို ထာဝရရှင်သန်ခြင်းဂိုဏ်း၏ ဆရာသခင်က အမွှေးတိုင်တစ်ဝက်စာမျှပင် မကုန်ဆုံးမီ သတ်ပစ်လိုက်လေသည်။ ထိုအရာသည် သေချာပေါက်ကို လက်ခံနိုင်ဖွယ်ရာမရှိပေ။
“ညီ၄! မင်းပြန်မလာတာ ငါတွေ့တော့ တစ်ခုခုဖြစ်နေပြီဆိုတာ ငါသိလိုက်တယ်လေ…. ဒါကြောင့် မင်းကိုကယ်ဆယ်ဖို့ လူတွေကို ငါအမြန်ခေါ်ခဲ့တာ…. မင်း ထိသွားသေးလား….”
ကျိုးကျွင်းက ပြုံးပြုံးလေး ပြောလိုက်သည်။
“အာ! ကျွန်တော် လှုပ်တောင် မလှုပ်ရဲဘူး….”
လီဟမ်ရှန်းသည် သူ့ရှေ့ရှိ လူခြောက်ယောက်ဖြစ်သော ဆရာသခင်လေးယောက်နှင့် အကြီးအကဲနှစ်ယောက်ကို ကြည့်လိုက်သည်။ အပြင်ဘက်မှ အရာအားလုံးကို သူကြားနေခဲ့ပြီးဖြစ်သည်။
ထိုကဲ့သို့သော စွမ်းအားကြီးသောလူထံမှ လွတ်မြောက်ရန် အခွင့်အလမ်းမရှိပေ။
“သူ့ကို ခေါ်သွားလိုက်တော့….”
အကြီးအကဲခေါင်းဆောင်က လီဟမ်ရှန်းကို ဖမ်းကိုင်လိုက်ပြီး ပြောလိုက်သည်။
“သူ့ကို မဟာသူတော်စင်ဆီ အရင်ခေါ်သွား….ပြီးရင် ဟိုမှာတွေ့ကြမယ်…..”
ထိုသို့ပြောပြီးနောက်တွင် အားလုံးက လီဟမ်ရှန်းကို ခေါ်သွားကြသည်။ လီဟမ်ရှန်းသည် တစ်နေ့တွင် သူသည် ဤမျှကျော်ကြားလာပြီး စွမ်းအားရှင်များစွာတို့က သူ့ကြောင့် ရူးသွပ်နေလိမ့်မည်ဟု မထင်ခဲ့မိပေ။
ထိုလူခြောက်ယောက်ထဲတွင် လီဟမ်ရှန်းသည် ကျိုးကျွင်းကို မုန်းတီးစွာ ကြည့်လိုက်ပြီး သူ့သွားများပင် ယားယံလေစေခဲ့သည်။
“ငါ့ကို မုန်းလား?”
ကျိုးကျွင်းသည် လီဟမ်ရှန်းကို မကြည့်ဘဲ ရုတ်တရက် မေးလိုက်သည်။
“မုန်းတယ်…..”
လီဟမ်ရှန်းကလည်း ပြတ်ပြတ်သားသား ပြန်ဖြေလိုက်သည်။
“ငါ့ကိုမုန်းတာ ပုံမှန်ပါပဲ…. မင်းငါ့ကိုဘာလို့မုန်းတာလဲ ငါနားလည်ပါတယ်…. ဒါပေမယ့် တစ်ခါတစ်လေမှာ အရာတော်တော်များများကို ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်းမရှိဘူး…. လူတိုင်းက ဘဝရဲ့ရည်မှန်းချက်နဲ့ ယုံကြည်ချက်တစ်ခု ရှိကိုရှိရမယ်….. ဒီယုံကြည်ချက်ကပဲ မင်းကို အသက်ရှင်ဖို့နဲ့ မင်းရဲ့မျှော်လင့်ချက်ကို အထောက်အပံ့ဖြစ်စေတဲ့ ထွက်သက်ပဲလေ…”
ကျိုးကျွင်းသည် ပြုံးလျှက် ပြန်ပြောလိုက်သည်။
“ငါ့ညီကို ဆုံးရှုံးလိုက်ရပေမယ့် အခုထိ အဲ့တာကို ငါလက်မခံနိုင်သေးဘူး… အဲဒါကြောင့် ပန်းတိုင်တစ်ခုအတွက်နဲ့ ကမ္ဘာကြီးရဲ့အမြင်မှာ မှားနေတဲ့အရာတစ်ခုကို ငါလုပ်ရလည်း ဂရုမစိုက်ဘူး….”
ထိုအချိန်တွင် ကျိုးကျွင်းသည် သူ့ခေါင်းကိုလှည့်ပြီး လီဟမ်ရှန်းကို ကြည့်လိုက်ကာ
“ညီ၄! ငါ မင်းကို ခွင့်လွှတ်ဖို့ မတောင်းဆိုဘူး… ဒါပေမယ့် မင်းငါ့ကို နားလည်ပေးဖို့တော့ မျှော်လင့်ပါတယ်…..”
“ဟား…….”
လီဟမ်ရှန်း က တစ်ချက်ရယ်မောလိုက်ပြီး ဘာမှ ဆက်မပြောတော့ပေ။
သူနှင့် ကျိုးကျွင်း တစ်ယောက်နှင့်တစ်ယောက် ဘာမှ ပြောစရာမရှိတော့ဘူးလို့တောင် ခံစားလိုက်ရသည်။
သူ့ကို ထာဝရရှင်သန်ခြင်းဂိုဏ်းမှ လူများက ချိုင့်ဝှမ်းတစ်ခုဆီသို့ ခေါ်ဆောင်သွားပြီး မိုင်ထောင်ပေါင်းများစွာ ပြေးလွှားပြီးနောက် နောက်ဆုံးတွင်တော့ ဆိတ်ငြိမ်သည့်နေရာကို ရှာတွေ့ခဲ့လေသည်။
“မဟာသူတော်စင်က မနက်ဖြန် မနက်လာလိမ့်မယ်….ဒီည ဒီမှာအိပ်ကြစို့….”
ထာဝရရှင်သန်ခြင်းဂိုဏ်းမှ စွမ်းအားကြီးသောပုဂ္ဂိုလ်က ပြောလိုက်သည်။ အခြားသူများလည်း ကန့်ကွက်စရာ မရှိပေ။
လီဟမ်ရှန်းသည် သစ်ပင်တစ်ပင်ကို အမှီပြုရန် ဖယ်ထုတ်ခံလိုက်ရပြီး သူသည် ထပ်မံ ချည်နှောင်ခြင်းလည်းမခံရပေ။ ထာဝရရှင်သန်ခြင်းဂိုဏ်း၏ အဆင့်မြင့်ဆရာသခင်သည် လီဟမ်ရှန်းကို လုံးဝကို ဂရုမစိုက်ဘဲ ပြောလိုက်သည်။
“မကောင်းတဲ့ အကြံအစည်တွေ မထားဖို့ ငါမင်းကို အကြံပေးလိုက်မယ်…”
လီဟမ်ရှန်းသည် မကောင်းသော အကြံအစည်များ တွေးနေခြင်းသည် အသုံးမဝင်ကြောင်း သူသိပေသည်။ ဤမျှလောက်သောလူများကို သူကိုယ်တိုင် မည်သို့တိုက်နိုင်မည်နည်း။
“ညီ၄! အဆင်ပြေအောင်သာနေ… ဘာမှဖြစ်လာမှာ မဟုတ်ဘူး….”
ကျိုးကျွင်းသည် ရှေ့တက်လာပြီး လီဟမ်ရှန်းကို ပြောလိုက်သည်။
လီဟမ်ရှန်းသည် သူ့မျက်လုံးများကို တိတ်တဆိတ်မှိတ်လိုက်ပြီး သူ့ကိုယ်ပိုင် စွမ်းအင်အစစ်ကို ဆက်လက် ပြောင်းလဲနေလိုက်သည်။
တခဏအကြာ လေထဲတွင် လွင့်ပျံနေသော အသားနံ့များ ထွက်ပေါ်လာသည်။ လီဟမ်ရှန်း မျှော်ကြည့်လိုက်သောအခါ မီးပုံမှ အလင်းအနည်းငယ်ကို တွေ့လိုက်ရသည်။ ထို့နောက် ကျိုးကျွင်းသည် တစ်နေရာမှ ကြက်တစ်ကောင်ယူလာသည်ကို သူမြင်လိုက်ရသည်။
ယခုအချိန်တွင် ကျိုးကျွင်းသည် ကြက်ကင်လုပ်နေပြီး ဝိုင်တချို့လည်း ယူဆောင်လာခဲ့သည်။
“အကြီးအကဲ! စီနီယာတို့! ကျွန်တော်လုပ်ထားတဲ့ ကြက်ကင်ကို လာစမ်းကြည့်ပါဦး… ကျွန်တော် ကြွားလုံးထုတ်တာတော့ မဟုတ်ဘူး…. ဒါပေမယ့် ရှေးဟောင်းတာအို တောင်တန်းနယ်မြေမှာရှိတုန်းက ကျွန်တော်လုပ်ထားတဲ့ ကြက်ကင်က အကောင်းဆုံးပဲ….”
ကျိုးကျွင်းက အားလုံးကို ဖိတ်ခေါ်လိုက်သည်။ ထို့နောက် လူတိုင်းအတွက် ဝိုင်များငှဲ့ပေးလိုက်လေသည်။
သို့သော် အကြီးအကဲက ကျိုးကျွင်းကို အေးစက်စွာ ကြည့်နေဆဲပင်။ ထို့နောက် သူ့ရှေ့ရှိ ဝိုင်ပန်းကန်ကို ကောက်ယူကာ တစ်ချက်ဝေ့ကြည့်လိုက်ပြီး ကျိုးကျွင်းရှေ့တွင် ချလိုက်လေသည်။
“မင်းအရင်သောက်……”
အခြားသူများကလည်း မသောက်ကြသေးဘဲ ကျိုးကျွင်းသောက်မည့် ဝိုင်ခွက်ကိုသာ စောင့်ကြည့်ရန် အဆင်သင့်ဖြစ်နေကြသည်။
ကျိုးကျွင်းက စိတ်ထဲမထားပေ။ ထာဝရရှင်သန်ခြင်းဂိုဏ်းတွင် ထိုသို့သော အခြေအနေများစွာ ရှိခဲ့ပေသည်။ သူသည် တည်ငြိမ်စွာဖြင့်သာ ဝိုင်ခွက်ကိုကောက်ယူပြီး တစ်ကျိုက်တည်း မော့သောက်လိုက်သည်။ သူသည် အခြားသူများ၏ ဝိုင်ကိုပင် တစ်ငုံစီ သောက်ပြလိုက်ပြီး ကြက်သားတစ်ပိုင်းစားရန် အစပြုခဲ့လေသည်။
ကျိုးကျွင်း အဆင်ပြေနေသည်ကို မြင်လိုက်ရချိန်မှ အားလုံးက ကြက်သားနှင့် ဝိုင်ကို စတင်သုံးဆောင်ကြလေသည်။