← Chapters

အခန်း (၄၆၈)

Vol. 38 Ch. 468

အခန်း (၄၆၈)

Vol. 38 Ch. 468

မီးရောင်သည် လူတိုင်း၏မျက်နှာပေါ်တွင် ရောင်ပြန်ဟပ်ကာ ၎င်းတို့၏ လျစ်လျူရှုမှုကို မီးမောင်းထိုးပြနေသည်။

ကျိုးကျွင်း ယူလာသည့်ဝိုင်သည် အလွန်တရာ ကောင်းလှပေသည်။ လူတိုင်း တစ်ခွက်ပြီးတစ်ခွက် သောက်ပြီးနောက်တွင် အလွန် ကျေနပ်သွားကြသည်။ ထို့အပြင် ကျိုးကျွင်း၏ ကြက်ကင်ခြင်းစွမ်းရည်သည် အလွန်ကောင်းမွန်သောကြောင့် ထိုအစားအသောက်ကို အလွန်နှစ်သက်ကြသည်။

ရနံ့များပျံ့လွင့်လာပြီးနောက် လူတိုင်းက ဝမ်းသာအားရ စားနေကြချိန်တွင် လီဟမ်ရှန်းသည် ကျိမိသားစုထံ၌ အဖမ်းခံလိုက်ရပြီး အစာမစားခဲ့ရသည်မှာ နှစ်ရက်နီးပါးရှိပြီဖြစ်သောကြောင့် အနည်းငယ် ဆာလောင်နေသကဲ့သို့ ခံစားလိုက်ရသည်။

“ကျွန်တော် မဟာသူတော်စင်ကို အကြောင်းကြားထားပြီးသားပါ…. သူနဲ့ သူ့လူတွေက မိုးသောက်‌ချိန် ဒီကိုရောက်သင့်တယ်…. အဲဒီအချိန် လီဟမ်ရှန်းကို အင်မော်တယ်ပန်းချီရတနာနဲ့ လဲလှယ်ဖို့ မဟာသူတော်စင်ဆီ အပ်လိုက်မယ်…. အဲဒါကငါတို့ ထာဝရရှင်သန်ခြင်းဂိုဏ်းရဲ့ စွမ်းအားကို တိုးစေလိမ့်မယ်…. ပိုအရေးကြီးတာက ငါတို့ လီဟမ်ရှန်းကိုဖမ်းမိရင် မဟာသူတော်စင်က ငါတို့ကို သေချာပေါက် ဆုချလိမ့်မယ်….”

အကြီးအကဲခေါင်းဆောင်သည် ပြုံးလျှက် ပြောလိုက်သည်။

“ဒါတင်မကသေးဘူး…. သစ္စာဖောက် ကျိချန်းကျီကိုလည်း ငါတို့ သေဒဏ်ပေးခဲ့သေးတယ်….”

အခြား အကြီးအကဲကလည်း ပြောလိုက်သည်။

“အကြီးအကဲခေါင်းဆောင်! အင်မော်တယ်အဆင့်ရှိတဲ့ ပန်းချီကားရတနာက တကယ်ပဲ စွမ်းအားကြီးတာလား….. ကျွန်တော် ကြားခဲ့ဖူးတာက အင်မော်တယ်အဆင့်ရှိတဲ့ ပန်းချီဆရာက အစွမ်းအထက်ဆုံး ပန်းချီသူတော်စင်ဖြစ်တယ်ဆိုတာပဲ…. နောက်ပြီး သူတို့ဖန်တီးထားတဲ့ ပန်းချီရတနာတွေကလည်း ပန်းချီသူတော်စင်အဆင့်ထက်တောင် ကျော်လွန်တယ်တဲ့…. သူတို့က ဘယ်လို စွမ်းအားအမျိုးအစားပါလဲ?”

မူလအဆင့် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ခဲ့ဖူးသော အခြားကျွမ်းကျင်သူတစ်ဦးကလည်း မေးလိုက်လေသည်။   အကြီးအကဲကြီးက အေးစက်သောလေသံဖြင့်

“မင်း ဘာသိလို့လဲ? ပန်းချီအင်မော်တယ်ဆိုတာက ခေါင်းစဉ်တစ်ခုသက်သက်ပဲ… ဒါပေမယ့် စွမ်းအားအကြီးဆုံး ပန်းချီသူတော်စင်ကို ပန်းချီအင်မော်တယ် လို့ခေါ်တယ်…. ပြီးတော့ သူတို့ကိုယ်တိုင် ကြေငြာရတာမဟုတ်ပဲ ဒီလောကကြီးတစ်ခုလုံးကနေ ထောက်ခံတော့မှ ပန်းချီအင်မော်တယ်အဖြစ် အသိအမှတ်ပြုခံရတာ….”

“သူတို့နှစ်ယောက်စလုံးက စွမ်းအားကြီးတဲ့ ပန်းချီသူတော်စင်တွေ ဖြစ်တယ်ဆိုရင်တောင်၊ သူတို့နှစ်ဦးစလုံးက မဟာလွတ်မြောက်ခြင်းအဆင့်ရဲ့ ဒဏ္ဍာရီလာအဆင့်ထဲကို ဝင်ခဲ့ကြတယ်ဆိုရင်တောင် သူတို့ဆွဲထားတဲ့ ပန်းချီကားရတနာတွေက ကွာခြားလွန်းတယ်…. ပန်းချီအင်မော်တယ်အဆင့်ရှိတဲ့ ပန်းချီကားရတနာတွေက ကောင်းကင်နဲ့မြေကြီးကိုတောင် ဖျက်ဆီးနိုင်တဲ့ စွမ်းအားတွေနဲ့ တကယ့်ကို ထိပ်တန်းရတနာတွေကွ…. သူတို့တွေက သာမာန်ပန်းချီကားရတနာတွေနဲ့ နှိုင်းယှဉ်လို့မရဘူး…. အဲ့တာကြောင့်မို့ သူတို့ကို အင်မော်တယ်ရတနာ လို့လည်း ခေါ်ကြတာပေါ့…. သူတို့က ဒဏ္ဍာရီလာအင်မော်တယ်နဲ့ အနီးကပ်ဆုံး အတူရှိနေကြတဲ့ ရတနာတွေပဲ….”

“ဒါပေမယ့် အဲ့ဒီလိုပဲ ပန်းချီအင်မော်တယ်တစ်ယောက် ဖြစ်လာပြီးတဲ့နောက်မှာ ပန်းချီကားရတနာတစ်ချပ်ကို ရေးဆွဲဖို့က အခက်အခဲ နှစ်ဆတောင် ပိုတိုးလာလိမ့်မယ်…. အဲ့သလိုမဟုတ်ဘူးဆိုရင် ဒီလောက်မရေမတွက်နိုင်တဲ့ နှစ်တွေကြာလာခဲ့တာတောင် စန်းယွမ်နယ် မြေတစ်ခုလုံးမှာ ဘာလို့ အင်မော်တယ်ရတနာ နည်းနည်းလေးပဲ ရှိနေတော့မှာလဲ…”

“အဲဒါက ကောင်းကင်နဲ့ မြေကြီးရဲ့အလိုကို ဖြည့်ဆည်းပေးတဲ့ တည်ရှိမှုပါပဲ….. စန်းယွမ်နယ်မြေတစ်ခုလုံးမှာ အင်မော်တယ်ရတနာ ကျန်တာဆိုလို့ အခုနှစ်ဆယ်ထက်တောင် မပိုဘူး…. ပျောက်နေတာတွေကို ငါတို့ ထည့်မရေတွက်ဘူးဆိုရင်ပေါ့…. ဆယ်ခုလောက်တောင် မရှိ‌တော့မှာကို ငါစိုးရိမ်မိတယ်…. ထျန်းဟိုင်မြို့တော်က လီဟမ်ရှန်းနဲ့ လဲလှယ်ဖို့ ပန်းချီအင်မော်တယ်ရဲ့ ပန်းချီကားရတနာတစ်ခုကို ထုတ်ယူလာခဲ့တယ်။ ဒါကိုကြည့်ရင် ဘာကြောင့်များ လူတော်တော်များများက လီဟမ်ရှန်းကို ဖမ်းချင်နေကြတာလဲဆိုတာ မင်းသိသင့်တယ်….”

အကြီးအကဲက လူတိုင်းကို ရှင်းပြလိုက်သည်။

ဤသည်ကို ကြားသောအခါ လူအတော်များများ အံ့အားသင့်သွားကြလေသည်။ ပန်းချီအင်မော်တယ် ဖန်တီးထားသော ပန်းချီကားရတနာသည် ကောင်းကင်နှင့်မြေကြီး၏ အလိုဆန္ဒကို အမွေဆက်ခံနိုင်သည့် ရတနာတစ်ခုဟု သူတို့ မမျှော်လင့်ခဲ့ကြပေ။

ဤနည်းအားဖြင့် သူတို့တွင် အကြံအစည် အချို့ ရှိကောင်းရှိနိုင်သော်လည်း ၎င်းတို့ကိုယ်တိုင် မျက်လုံးဖြင့်မမြင်နိုင်ဘဲနှင့် နားလည်ရန်မှာ ခက်ခဲလွန်းလှသည်။ ထို့အပြင် အင်မော်တယ်ရတနာများကဲ့သို့ ရတနာများသည် အခြားသူများအား အလွယ်တကူ ပြသနိုင်မည်မဟုတ်ပေ။ အချို့သော အဖွဲ့အစည်းများသည် အင်မော်တယ်ရတနာများကို ထိန်းချုပ်ထားသော်လည်း ထိုသူတို့၏ သေ‌ရေးရှင်ရေး အခြေအနေသာမဟုတ်ပါက ၎င်းတို့ကို အလွယ်တကူ ထုတ်သုံးမည်မဟုတ်ပေ။

ထိုအခိုက်အတန့်တွင် ကျိုးကျွင်းသည် တုန်တုန်ယင်ယင်ဖြင့် မတ်တပ်ထရပ်လာပြီး လီဟမ်ရှန်းရှေ့သို့ လျှောက်သွားကာ လီဟမ်ရှန်းကို ငုံ့ကြည့်လိုက်သည်။

“ညီ၄! အဲဒါကို မင်းကြားသလား…. မင်းက အင်မော်တယ်ရတနာနဲ့ ထိုက်တန်တာပဲ…. အံ့သြစရာကောင်းလိုက်တာ စွမ်းအားကြီးတဲ့ မြေအင်မော်တယ်တွေတောင်မှ သူတို့ရဲ့တန်ဖိုးကို အင်မော်တယ်ရတနာ တစ်ခုနဲ့တောင် နှိုင်းယှဉ်လို့မရဘူး….”

ကျိုးကျွင်းသည် ပြုံးရယ်လျှက် ပြောလိုက်သည်။

“မင်းအခု နောင်တရနေပြီ မဟုတ်လား? မင်းငါ့ကို တစ္ဆေမြို့တော်မှာ တိတ်တဆိတ်ဖမ်းပြီး ထျန်းဟိုင်မြို့တော်ကိုသာပို့ခဲ့ရင် အခုအချိန် မင်း အင်မော်တယ်ရတနာတစ်ခု ပိုင်ဆိုင်နေမှာမဟုတ်လား….”

လီဟမ်ရှန်းသည် လှောင်ပြောင်ရယ်မော လိုက်‌လေသည်။

“လောင်ကျိုး! မင်းသူ့ကို ဘာအကြောင်းပြောနေတာလဲ?”

ကျိုးကျွင်းသည် ယခုအချိန်တွင် လီဟမ်ရှန်းနှင့် အမှန်တကယ် စကားပြောနေသည်ကို လူတိုင်းက မြင်‌တွေ့လိုက်သောအခါ သန်မာသောလူတစ်ဦးက ကျိုးကျွင်းကို မေးလိုက်‌သည်။

သို့သော် ကျိုးကျွင်းက ထိုသူအား လျစ်လျူရှုခဲ့လေသည်။ ထိုအစား သူသည် သူ့အရှေ့ရှိ လီဟမ်ရှန်းကိုသာ စိုက်ကြည့်နေလိုက်သည်။ ထိုအချိန်တွင် သူ၏မျက်လုံးထဲတွင် နူးညံ့မှုတစ်စုံတစ်ရာ ထွက်ပေါ်လာခဲ့ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။

“လူတွေက သူတို့ရဲ့ကိုယ်ပိုင်တန်ဖိုးကို ရှာဖွေရင်း တစ်သက်လုံး ကုန်ဆုံးသွားပေမယ့် လူတော်တော်များများက သူတို့သေတဲ့အထိတောင် ကိုယ့်တန်ဖိုးကိုယ် မသိကြဘူး….. ညီ၄! မင်းလိုလူအတွက်ကလေ အင်မော်တယ်ရတနာနဲ့ ထိုက်တန်တယ်ဆိုတာ မင်းငယ်ငယ်ကတည်းက သိတယ်… ဒါက ကောင်းချီးတစ်ခုပဲ…. အနည်းဆုံးတော့ မင်းဘဝက အဓိပ္ပါယ်အပြည့်နဲ့ တန်ဖိုးမမဲ့တော့ဘူးပေါ့…”

လီဟမ်ရှန်းက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

“မင်းဘဝကလည်း တန်ဖိုးမဲ့မနေပါဘူး…. မင်းကိုယ်မင်း ပြောသလိုပဲ မင်းအသက်ကို မင်းညီအတွက် အပ်နှံခဲ့တယ်…. မင်းမှာ မင်းရဲ့ရည်မှန်းချက်တွေနဲ့ ယုံကြည်ချက်တွေလည်းရှိတယ်… မင်းရဲ့မျက်လုံးထဲမှာ မင်းရဲ့ဘဝက အရမ်းတန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိတယ် မဟုတ်ဘူးလား…. သေချာသလောက်ကတော့ မင်းနှလုံးသားထဲမှာရှိတဲ့ မင်းညီရဲ့တန်ဖိုးက အင်မော်တယ်ရတနာနဲ့တောင် နှိုင်းယှဥ်လို့မရဘူး… ဟုတ်တယ်မလား?”

ကျိုးကျွင်းက ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။

“မှန်ပါတယ်… အရင်က ငါ့မှာ ယုံကြည်မှုနဲ့ ရည်မှန်းချက်တွေ ရှိခဲ့ပေမယ့် အခုတော့ ငါဘာလုပ်နေမိမှန်းကို မသိတော့ဘူး….ငါ နည်းနည်းတော့ စိတ်ရှုပ်သွားခဲ့တယ်…”

ထိုစကားများ ပြောပြီးသည့်အချိန်တွင် လီဟမ်ရှန်းသည် ကျိုးကျွင်းကို အံ့အားသင့်စွာကြည့်လိုက်ရင်း ကျိုးကျွင်းဆိုလိုသည့် စကားအဓိပ္ပါယ်ကို နားမလည်နိုင်ခဲ့ချေ။

“ဘာလို့ စိတ်ရှုပ်နေရတာလဲ?”

လီဟမ်ရှန်းက အကူအညီမဲ့စွာဖြင့် မေးလိုက်သည်။ သို့သော် ကျိုးကျွင်းက ပြန်မဖြေခဲ့ပေ။

“ညီ၄! ကျေးဇူးပြုပြီး သွားပါတော့….”

ကျိုးကျွင်းသည် ရုတ်တရက် လီဟမ်ရှန်းကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး ပြောလိုက်သည်။ ထိုစကားများက လီဟမ်ရှန်းကို အသက်ရှူရပ်သွားစေခဲ့သည်။

‘မင်း ဘာကိုဆိုလိုတာလဲ? မင်းကိုယ်မင်း သွားခွင့်ပြုနေတာလား?’

“ရှေးဟောင်းတာအို တောင်တန်းဂိုဏ်းမှာ မင်းငါ့ကို တစ်ကြိမ်လွှတ်ပေးခဲ့တယ်… အခုအချိန် ဒီအကြွေး မင်းဆီပြန်ပေး ဖို့အချိန်တန်ပြီ….”

ကျိုးကျွင်းက ပြုံးလိုက်လေသည်။

“ကျိုးကျွင်း! မင်းသူ့ကို ဘာတွေပြောနေတာလဲ!”

အကြီးအကဲခေါင်းဆောင်သည် ကျိုးကျွင်းက သူတို့ကို လျစ်လျူရှုသည်ကို မြင်လိုက်ရသောအခါ တစ်ခုခုမှားနေပြီမှန်း ခံစားမိလိုက်သည်။ လူတော်တော်များများ မတ်တပ်ထရပ်ပြီး ကျိုးကျွင်းတွင် ဘာမှားနေသလဲဆိုသည်ကို ကြည့်ရန်လာချိန်တွင်တော့ သူတို့ ခြေလှမ်းနှစ်လှမ်းစာခန့် လှမ်းပြီးသွားပြီဆိုသည်ကို မည်သူသိမလဲလေ။

အားလုံး၏ မျက်နှာများသည် သိသိသာသာ ပြောင်းလဲသွားကြသည်။ အဘယ်ကြောင့်ဆိုသော် တစ်ခုခုမှားနေပြီမှန်း ခံစားမိသောကြောင့်ပင်။

သွေးကြောများကဲ့သို့ အနက်ရောင်သွေးလိုင်းများသည် သူတို့၏ ခန္ဓာကိုယ်ပေါ် မှ တက်လာခဲ့ကြသည်။ တက်လာသည့်အမြန်နှုန်းမှာ အလွန်တရာ နှေးကွေးလွန်းသော်လည်း သူတို့၏ လည်ပင်းထိပင် ရောက်နေပြီသည်။

ထိုအချိန်တွင်မှ သူတို့သည် သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ အတွင်းအားများကို စုစည်း‌လိုက်သောအခါ အဆိပ်သင့်နေခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။ အလွန်ပြင်းထန်လှသော အဆိပ်ပင် ဖြစ်သည်။

လူတော်တော်များများသည် သူတို့အရှေ့ရှိ မြင်ကွင်းကို တခဏချင်း သဲသဲကွဲကွဲမမြင်ရတော့ဘဲ မီးရောင်ကပင် မှုန်ဝါးလာခဲ့ပြီး ကျိုးကျွင်းနှင့် လီဟမ်ရှန်းတို့ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ဘူးဟု လူတိုင်းက ခံစားလိုက်ရသည်။ ထိုသူတို့၏ ခန္ဓာကိုယ်တွင် ခွန်အားများ မရှိတော့သောကြောင့် ချက်ချင်းပင် လဲကျသွားခဲ့ပြီး လူပေါင်းများစွာသည် မြေပြင်ပေါ်သို့ တိုက်ရိုက် ပြိုလဲကျသွားလေသည်။

“ဒါက……”

လီဟမ်ရှန်းကလည်း ရုတ်တရက် ထရပ်လိုက်ပြီး သူ့ရှေ့တွင်ရှိသော လူငါးယောက်ကို ကြည့်လိုက်သည်။

‘သူတို့ တကယ် အဆိပ်မိခဲ့တာလား? ကျိုးကျွင်းက သူတို့ကို အဆိပ်ခတ်ခဲ့တာလား?’

“ကျိုးကျွင်း! မင်း… မင်းကများ ငါတို့ကို အဆိပ်ခတ်ခဲ့တယ်…. မင်းလည်း သစ္စာဖောက်ချင်နေတာလား။”

အကြီးအကဲက သူသွားများကို အံတင်းတင်းကြိတ်လိုက်ပြီး ကျိုးကျွင်းကို ကြည့်လိုက်သည်။ ကျိုးကျွင်းက အေးဆေး တည်ငြိမ်စွာ ပြောလိုက်သည်။

“သစ္စာဖောက်တာကို ကျွန်တော် မလုပ်ချင်ပါဘူး…. ဒါပေမယ့် ခင်ဗျားသူ့ကို ထိခိုက်အောင်လုပ်ဖို့ ကျွန်တော်ခွင့်မပြုနိုင်ဘူး… ကျွန်တော်သူ့ကို ယွဲ့ဟန်ကျွင်း လက်ထဲမအပ်နိုင်ဘူး… မဟုတ်ရင် သူ ပြိုလဲပျက်စီးသွားလိမ့်မယ်….”

ထိုသို့ကြားသော် လီဟမ်ရှန်းသည် ကျိုးကျွင်းကို မယုံကြည်နိုင်စွာ ကြည့်လိုက်လေသည်။

“မင်း ငါတို့ကို ဘယ်အချိန်တုန်းက အဆိပ်ခတ်ခဲ့တာလဲ… ငါတို့တောင် သတိမထားမိဘူး….”

အခြားအကြီးအကဲကလည်း မယုံကြည်နိုင်စွာ ပြောလိုက်သည်။ သူတို့လေးဦး ဤနေရာတွင် ရှိနေသော်လည်း ကျိုးကျွင်းက သူတို့ကို အဆိပ်ခတ်ထားသည််ကိုတောင် သတိမထားမိလိုက်ပေ။

‘ဒါက မယုံနိုင်စရာပါပဲလား။’

ယခုအချိန်တွင် ကျိုးကျွင်းသည် အဖြေပြန်မပေးသော်လည်း အနည်းငယ် ပြုံးပြလိုက်လေသည်။ နောက်တစ်ခဏတွင် ကျိုးကျွင်း၏ ခန္ဓာကိုယ်သည် တုန်ခါသွားပြီး ပါးစပ်မှ အနက်ရောင်သွေးများ ပန်းထွက်လာခဲ့ကာ မြေပြင်ပေါ်၌ ထိုင်ချလိုက်လေသည်။

“မင်းလည်း အဆိပ်မိထားတာပဲ…..”

လီဟမ်ရှန်းသည် ထိတ်လန့်သွားပြီး ကျိုးကျွင်းကို ချက်ချင်းပင် လှမ်းတွဲလိုက်သည်။ သူသည် သူ၏လက်နှင့် ကျိုးကျွင်း၏ သွေးခုန်နှုန်းကို စမ်းကြည့်လိုက်သော်လည်း ကျိုးကျွင်း၏ သွေးခုန်နှုန်းမှာ အလွန်အားနည်းနေပြီဆိုသည်ကို သိရှိလိုက်ရသည်။

All Chapters