← Chapters

အခန်း (၄၇၀)

Vol. 38 Ch. 470

အခန်း (၄၇၀)

Vol. 38 Ch. 470

မဟာသူတော်စင်သည် သူ၏လူများကို ချိုင့်ဝှမ်းထဲသို့ ခေါ်ဆောင်သွားချိန်တွင် မြေပြင်ပေါ်တွင် လဲလျောင်းနေသည့် အလောင်းငါးလောင်းကို တွေ့လိုက်ရသောအခါ မဟာသူတော်စင်၏ မျက်နှာသည် ရုတ်တရက် အလွန်တရာ အေးစက်သွားခဲ့သည်။

အကြီးအကဲ နှစ်ယောက်သည် ထိုအတိုင်းပင် သေဆုံးသွားခဲ့လေသည်။ ၎င်းတို့သည် သူတို့၏ ထာဝရရှင်သန်ခြင်းဂိုဏ်း၏ ဆရာသခင်များ ဖြစ်ကြသည်။

မဟာဆရာသခင်လေးဦးနှင့် မူလအဆင့် ဆရာသခင်တစ်ဦးတို့၏ သေဆုံးမှုသည် ထာဝရရှင်သန်ခြင်းဂိုဏ်းအတွက် ကြီးစွာသော ဆုံးရှုံးမှုတစ်ခုလည်း ဖြစ်သည်။ သို့သော် သေဆုံးရသည့် အကြောင်းရင်းကို စစ်ဆေးကြည့်သည့်အခါတွင်တော့ ထိုသူတို့သည် တစ္ဆေပိုးအဆိပ်သင့်ခဲ့ကြောင်း တွေ့ရှိခဲ့ရလေသည်။

“ကျိုးကျွင်း ဘယ်မှာလဲ….”

မဟာသူတော်စင်က အေးစက်စွာ ပြောလိုက်သည်။

‘သူတို့က ခြောက်ယောက် မဖြစ်သင့်ဘူးလား? ကျိုးကျွင်း ဘယ်ပျောက်နေတာလဲ?’

ဤနေရာရှိ မဟာသူ‌တော်စင်နောက်သို့ လိုက်နေသော နောက်လိုက်များသည် နေရာတိုင်းကို ရှာဖွေပြီးနောက် ပြန်လည်တင်ပြခဲ့သည်။

“မဟာသူတော်စင်ထံ သတင်းပို့ပါတယ်…. ကျိုးကျွင်းရဲ့ ခြေရာကိုရှာမတွေ့ပါဘူး…”

ထိုစကားများ ပြောပြီးသည့်အချိန်တွင် မဟာသူတော်စင်သည် ဖြစ်ပျက်နေသည်များကို သဘောပေါက်သွားခဲ့လေသည်။

“သူ ဝေးဝေးကို မပြေးနိုင်သေးဘူး…. ငါ့အတွက် သူ့ကိုရှာခဲ့…. ကျိုးကျွင်း သေသေ၊ရှင်ရှင် ရှာ…. နောက်ပြီး လီဟမ်ရှန်းကိုလည်း အသက်ရှင်လျက် ပြန်ခေါ်လာခဲ့…”

“ဟုတ်ကဲ့!”

ထာဝရရှင်သန်ခြင်းဂိုဏ်းဝင် အများအပြားသည် တစ်ယောက်ပြီးတစ်ယောက် ခွဲထွက်သွားခဲ့ကြသည်။ ထိုသူတို့တွင် ထာဝရရှင်သန်ခြင်းဂိုဏ်း၏ ဆရာသခင်များစွာလည်း ပါဝင်ခဲ့ကြသည်။ ယနေ့သူတို့ ဤနေရာသို့ ရောက်လာရခြင်းသည် လီဟမ်ရှန်းကို ဖမ်းဆီးရန်အတွက်ဖြစ်သည်။ သို့သော်လည်း မဟာသူတော်စင် မမျှော်လင့်ထားသည်မှာ ကျိုးကျွင်းက သူ့အနီးရှိလူတိုင်းကို အဆိပ်ခတ်သတ်ပြီး လီဟမ်ရှန်းနှင့်အတူ ထွက်ပြေးသွားခဲ့ခြင်းပင်။

ဤရလဒ်သည် မဟာသူတော်စင်ကို အလွန်အမင်း ဒေါသထွက်စေခဲ့သည်။ သူရောက်လာသောအခါတွင် သူသည် လီဟမ်ရှန်းကို ပြန်ခေါ်လာပြီး ထာဝရရှင်သန်ခြင်းဂိုဏ်းအတွက် အင်မော်တယ်ရတနာတစ်ခုနှင့် လဲလှယ်ပေးမည်ဟု ဂိုဏ်းချုပ်အကြီးအကဲထံ ကျိန်ဆိုခဲ့သည်။

‘ဒီလိုရလဒ်မျိုးနဲ့အတူ ပြန်သွားဖို့က ဘယ်လို အဆင်ပြေနိုင်တော့မလဲ?’

လူတိုင်းလူစုခွဲပြီးနောက်တွင် မဟာသူတော်စင်သည်လည်း လေဟာနယ်ထဲသို့ ဖြတ်သန်းဝင်ရောက်ခဲ့လေသည်။ သူကိုယ်တိုင်လည်း ရှာဖွေချင်သည်။ ဤနေရာသို့ သူသည် တစ်နာရီခန့်ကြိုပြီး ရောက်လာခဲ့ခြင်းပင် ဖြစ်သည်။ ဤနေရာရှိ မီးပုံမှကျန်နေသော အပူဒဏ်ကြောင့် လီဟမ်ရှန်းသည် ဝေးဝေး ပြေးနိုင်လိမ့်မည်မဟုတ်ဟု သူခန့်မှန်းမိသည်။

သူကိုယ်တိုင် လီဟမ်ရှန်းကို လိုက်ဖမ်းလျှင် သေချာပေါက် ဖမ်းမိပေလိမ့်မည်။ သို့သော် လီဟမ်ရှန်းက ဘယ်ဆီဘယ်ဝယ်သို့ ဦးတည်နေမှန်း သူမသိပေ။

“ဟွန့်!”

မဟာသူတော်စင်သည် ညည်းတွားပြီး သူ၏လက်စွပ်ထဲရှိ စာလိပ်တစ်လိပ်ကို ထုတ်ယူလိုက်သည်။ စာလိပ်ကို ဖွင့်လိုက်သောအခါတွင် သွေးနီရောင် အမွေးအမျှင်များပါရှိသော ဝံပုလွေပန်းချီကားတစ်ချပ်ကို သူမြင်လိုက်ရသည်။

“ထွက်လာခဲ့….”

အော်ဟစ်သံနှင့်အတူ စာလိပ်တွင် သွေးရောင်တဖျပ်ဖျပ် ပေါ်လာပြီး သွေးဝံပုလွေသည် စာလိပ်ထဲမှ အမှန်တကယ် ခုန်ထွက်လာခဲ့လေသည်။ တကယ်တော့ ထိုအရာသည် စိတ်ဝိညာဉ်သားရဲတစ်ကောင်ပင် ဖြစ်သည်။

သွေးဝံပုလွေသည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး မြေပြင်ပေါ်ရှိ သွေးများကို ရှူရှိုက်နေသည်။ ထိုသွေးသည် မတိုင်မီက ကျိုးကျွင်း အန်ထွက်ခဲ့သော သွေးများဖြစ်သည်။ သွေးဝံပုလွေသည် ချက်ချင်းပင် ဦးတည်ရာဆီသို့ မျက်နှာမူပြီးနောက် သွေးအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ အဝေးသို့ပြေးသွားခဲ့သည်။

မဟာသူတော်စင်သည် ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်ပြီးနောက် သူ၏ခြေဖဝါးအောက်၌ တိမ်တိုက်များပေါ်လာပြီး လျင်မြန်စွာ ဖမ်းဆုပ်လိုက်လေသည်။

ထိုအချိန်တွင် လီဟမ်ရှန်းသည် ဤမြေလွတ်မြေရိုင်းပေါ်တွင် ပြေးလွှားနေဆဲဖြစ်သည်။ သူသည် မိုးကြိုးအလျင်ကို အလွန်အမင်း အသုံးပြုခဲ့သည်။ လီဟမ်ရှန်း၏ အရှိန်သည် အလွန်မြန်သည်ဟု ဆိုနိုင်သော်လည်း ဤနေရာတွင် သူသည် မည်သည့်ဦးတည်ရာသို့ ပြေးရမည်မသိဘဲ သူ့ခံစားချက်အတိုင်းသာ လိုက်နိုင်ခဲ့သည်။

“မကြာခင် မိုးလင်းတော့မှာပဲ….”

လီဟမ်ရှန်းသည် တောင်၏တစ်ဖက်ခြမ်းတွင် ရွှေရောင်အလင်းဖျော့ဖျော့ ပေါ်လာသည်ကို ယောင်ဝါးဝါးမြင်လိုက်ရပြီးနောက် ကောင်းကင်သည် တောက်ပလာတော့မည်ဟု ဆိုလိုရင်းဖြစ်သည်။

လီဟမ်ရှန်းသည်လည်း ထိုအချိန်တွင် ပင်ပန်းလာသလို ခံစားမိလေသည်။ သူထွက်ပြေးလာချိန်မှ ယခုအချိန်အထိ မိုးကြိုးအလျင်ကို ဘယ်နှစ်ကြိမ်အထိ‌ အသုံးပြုခဲ့သည်ကို မမှတ်မိတော့ပေ။ တစ်ချိန်တည်းမှာပင် ဤကျယ်ပြောလှသော တိမ်ကန္တာရနယ်မြေသည် ဤမျှမငြိမ်းချမ်းခဲ့ပေ။ လမ်းခရီးတွင် လီဟမ်ရှန်းသည် စွမ်းအားကြီးသော သရဲတစ္ဆေများနှင့် နတ်သားရဲအချို့ကို ရှောင်ရှားခဲ့ရသည်။

လီဟမ်ရှန်းကဲ့သို့ သန်မာသူတစ်ယောက်ပင်လျှင် သူ၏ အတွင်းစွမ်းအင် အားလုံးနီးပါးကို အသုံးပြုလုနီးနီးပင်။ လီဟမ်ရှန်းသည် ယခုအချိန်တွင် မြစ်ကမ်းပါးအောက်တွင် ပုန်းအောင်းပြီး ခဏတာ အနားယူခဲ့သည်။

ထိုအချိန်တွင် လီဟမ်ရှန်းသည် သူကောက်ရထားသော ကျိုးကျွင်း၏ခန္ဓာကိုယ်မှ ပြုတ်ကျလာသည့် ပန်းချီကားကို သတိရမိလိုက်သည်။ သူဖွင့်ကြည့်လိုက်သောအခါ မတိုင်မီက ကျိမိသားစုဆီမှ ယူဆောင်လာခဲ့သော ထိုပန်းချီကားဖြစ်သည်ကို တွေ့လိုက်ရသည်။

‘လူတစ်ယောက်က အမှန်တရားကို ပြောနေတာလားဆိုတာ သိနိုင်တဲ့ ပန်းချီကားတစ်ချပ်? ဒီအရာက တကယ်ကိုရှားပါတာပဲ။’

သို့သော် လီဟမ်ရှန်းသည် ဤအရာအား အသုံးပြုလိုပါက အလွန်အဖိုးတန်သော ရတနာပစ္စည်းများကို ကျွေးမွေးရမည်ဟုလည်း သတိရမိလိုက်သည်။ နောက်တစ်ခုမှာ သူသည် မူလအဆင့် မဟာပြီးပြည့်စုံခြင်းအဆင့်သို့ မရောက်သေးသောကြောင့် ယခုလောလောဆယ်တွင် ထိုအရာကို မသုံးနိုင်သေးပေ။

သို့သော် ဤရတနာဖြင့် အနာဂတ်တွင် တစ်စုံတစ်ဦးသာ ထာဝရှင်သန်ခြင်းဂိုဏ်းမှဖြစ်သည်ဟု သူသံသယရှိပါက ၎င်းတို့ကို စစ်ဆေးမေးမြန်းရန်အတွက် ဤရတနာကို အသုံးပြုနိုင်သည်။

ထိုအချိန်တွင် လီဟမ်ရှန်းသည် ပြင်းထန်သော ဆာလောင်မှုကို ခံစားလိုက်ရသည်။ သူဘာတစ်ခုမျှ မစားရသေးသည်မှာ နှစ်ရက်ကျော်ပြီဖြစ်သည်။

သို့သော် အနီးပတ်ဝန်းကျင်သို့ လှည့်ပတ်ကြည့်လိုက်သောအခါ စားသောက်ရန် မည်သည့်အရာမျှမရှိပေ။ လီဟမ်ရှန်းသည် သူဘယ်ကိုရောက်လာမှန်း မသိသည်ကို သတိပြုမိသော်လည်း ဤနေရာသည် အလွန်ထူးဆန်းလေသည်။ ငှက်များ၊ သားရဲတိရစ္ဆာန်များ၏ အော်သံကဲ့သို့ မည်သည့်အသံကိုမျှ မကြားနိုင်ပေ။ သူသည် ဘာမှမရှိသောနေရာသို့ ရောက်နေသလို ခံစားလိုက်ရသည်။

အချိန်အတော်ကြာအောင် စောင့်ပြီးနောက်တွင် နေမင်းကြီး ထွက်ပေါ်လာခဲ့လေပြီ။ နေရောင်ခြည်က အလွန်တောက်ပနေသည်ကို ခံစားမိသော လီဟမ်ရှန်းသည် ပိုပူလာသည်ဟု မခံစားရဘဲ ပို၍အေးလာသလိုပင် ခံစားလိုက်ရသည်။

နေထွက်လာပြီဖြစ်သောကြောင့် ထာဝရရှင်သန်ခြင်းဂိုဏ်း၏ မဟာသူတော်စင်သည် ဤနေရာတွင် ဖြစ်ပျက်နေသည်များကို သိသင့်နေပြီဖြစ်သည်။

လီဟမ်ရှန်း မသိသည်မှာ မဟာသူတော်စင်က ၎င်းကို ရှာဖွေတွေ့ရှိပြီးနောက် သူ့ကိုရှာဖွေရန် လူအများအပြား ခေါ်ဆောင်လာခဲ့ခြင်းပင်။

ခဏတာ အနားယူပြီးနောက်တွင် လီဟမ်ရှန်းသည် မြစ်ကမ်းနံ‌ဘေးရှိ တောင်ပေါ်သို့တက်ခဲ့ပြီး သူယခု ဘယ်နေရာတွင်ရှိနေပြီး ဘယ်လမ်းကြောင်းသို့သွားရမည်ကို သိလိုလှသည်။

သို့သော် လီဟမ်ရှန်း တက်လာသည့်အခါတွင် မိုင်ပေါင်းထောင်ချီဝေးသော လွင်ပြင်တစ်ခုကို တွေ့ရှိခဲ့ရပြီး အနီးနားတွင် မြင့်မားသော တောင်တစ်တောင်မျှ မရှိပေ။ အလွန့်အလွန် ဆိတ်ငြိမ်နေပြီး လူသူကင်းမဲ့နေခဲ့သည်။ ဤဆိတ်ငြိမ်သောနယ်မြေတွင် သေဆုံးပြီးသော သစ်ပင်အနည်းငယ်နှင့် ငြိမ်သက်နေသော ရှုခင်းများကိုသာ အပြည့်မြင်နေရသည်။

အကယ်၍ သူသာ ဤနေရာသို့ ပြေးလာခဲ့လျှင် တခြားသူများ သူ့ကိုရှာတွေ့သွားချိန်တွင် ပုန်းကွယ်ရန်နေရာ တစ်ခုမျှပင် ရှာတွေ့နိုင်လိမ့်မည်မဟုတ်ပေ။ လီဟမ်ရှန်းသည်လည်း သူ၏အမြန်နှုန်းသည် အချို့သော ဆရာသခင်များ၊ အဆင့်မြင့်ဆရာသခင်များနှင့်ပင် ယှဉ်နိုင်သည်ဟု မထင်ခဲ့ပေ။ မိနစ်ပိုင်းအတွင်း ရှာဖွေတွေ့ရှိ သွားပေလိမ့်မည်။

တစ်ဖက်တွင် လီဟမ်ရှန်းသည် ထိုအကွာအဝေးတွင် ခရမ်းရောင်မြူခိုးများ ထူထပ်နေသည်ကို တွေ့ရှိခဲ့ပြီး အလွန်ထူးဆန်းလှသည်။ ခရမ်းရောင်မြူခိုးများက မြင်ကွင်းကို ပိတ်ဆို့ထားသဖြင့် အတွင်းဘက်ရှိ အရာများကို မမြင်နိုင်ပေ။ သို့သော်လည်း လီဟမ်ရှန်းသည် အဝေးမှကြည့်ရုံဖြင့် ၎င်းတွင် အဆုံးမဲ့အန္တရာယ်ရှိနေကြောင်း ခံစားသိရှိနိုင်သည်။ ထိုခရမ်းရောင် အခိုးအငွေ့များသည် အလွန်အဆိပ်ပြင်းပုံရသည်။

လီဟမ်ရှန်းသည် ယခုအချိန်တွင် သေရာမှပြန်ရှင်လာကာ သွေးမျိုးဆက်ပြောင်းထားပြီး နေလအင်မော်တယ် နတ်ဆိုးခန္ဓာကိုယ်နှင့် နတ်ဖီးနစ်အရိုးတို့သည်လည်း သူ၏ခန္ဓာကိုယ်တွင် ရှိနေသောကြောင့် အန္တရာယ်က ထိုနေရာမှ လာမည်မဟုတ်ပေ။ သာမန်အဆိပ်များက သူ့အပေါ် သက်ရောက်မှုမရှိချေ။ လီဟမ်ရှန်း ကြောက်သည့်အရာက ခရမ်းရောင်မြူခိုးများ၏ နောက်ကွယ်တွင် ရှိနေပေလိမ့်မည်။

လီဟမ်ရှန်းက သူဘာလုပ်ရမည်ဆိုသည်ကို တွေးနေဆဲတွင် ရုတ်တရက် သူ၏နားရွက်များ လှုပ်ရှားသွားပြီး အဝေးမှ အသံတစ်ခုကို အမှန်တကယ် ကြားလိုက်ရပေသည်။

‘တစ်ယောက်ယောက် လာနေတယ်။ ပြီးတော့ သူတို့ထဲမှာ လူအနည်းစုရှိတယ်။ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? သူတို့က ထာဝရရှင်သန်ခြင်းဂိုဏ်းက လူတွေဖြစ်နိုင်လား။ မိုးသောက်ချိန်ကျမှ ချိုင့်ဝှမ်းကို ရောက်လာကြတာမဟုတ်ဘူးလား။ သူတို့ ဘယ်လိုတောင် ဒီလောက်မြန်မြန် လာဖမ်းနိုင်မှာလဲ။’

လီဟမ်ရှန်းသည် ယခုအချိန်တွင် သူ တုံ့ဆိုင်းမနေသင့်တော့သည်ကို သိလိုက်သည်။ သူသည် ထာဝရရှင်သန်ခြင်းဂိုဏ်း၏ လက်ထဲသို့ မည်သို့ပင်မဆို မကျရောက်ချင်ပေ။ ထို့ကြောင့် လီဟမ်ရှန်းသည် မြစ်ကမ်းနံဘေးမှလှိမ့်ကာ ခရမ်းရောင်မြူခိုးငွေ့များ ရှိရာနေရာသို့ ပြေးသွားခဲ့သည်။

သူ၏ပုံရိပ်သည် ခရမ်းရောင်မြုူခိုးငွေ့ထဲသို့ လျင်မြန်စွာ ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။

လီဟမ်ရှန်းသည် ခရမ်းရောင်မြူခိုးငွေ့အတွင်း ပျောက်ကွယ်သွားပြီးနောက်တွင် ထာဝရရှင်သန်ခြင်းဂိုဏ်းဝင် အများအပြားသည် အဝေးမှ မြစ်ကမ်းဆီသို့ ရောက်လာကြသည်။ ထိုသူတို့သည် အဝေးတ‌‌စ်နေရာရှိ လွင်တီးခေါင်ပြင်ကို လှမ်းကြည့်လိုက်ကြသည်။ သူတို့အထဲမှ ဆရာသခင်သုံးယောက်က ဦးဆောင်၍ ရပ်တန့်လိုက်ကာ ခရမ်းရောင်မြူခိုးငွေ့များဖြင့်ရှိနေသော ဧရိယာကို မြင်သည်အထိ လှည့်ပတ်ကြည့်ရှုကြသည်။

“လီဟမ်ရှန်း အဲ့ဒီထဲကို ဝင်သွားခဲ့တာ ဖြစ်နိုင်မလား?”

ဆရာသခင်တစ်ယောက်က မျက်မှောင်တင်းတင်းကြုတ်ပြီး ပြောလိုက်သည်။

“အဲဒီနေရာက ဘာလဲ?”

တစ်စုံတစ်ယောက်သည် ထိုနေရာသို့ လှမ်းကြည့်လိုက်ပြီး အန္တရာယ်ကို ချက်ချင်းခံစားလိုက်ရသည်။

“သူဘယ်မှာပဲ ရှိနေပါစေ ငါတို့ လီဟမ်ရှန်းကို ပြန်ခေါ်လာရမယ်... ဒါက မဟာသူတော်စင်ရဲ့အမိန့်ပဲ....”

ဆရာသခင်ခေါင်းဆောင်သည် ဒေါသတကြီးအော်လိုက်ကာ သူ၏ဝတ်ရုံလက်များကို လှုပ်ရှားလိုက်ပြီးနောက် ပြင်းထန်သော မုန်တိုင်းတစ်ခုရောက်ရှိလာပြီး ခရမ်းရောင်မြူခိုးငွေ့များကို တိုက်ရိုက်တိုက်ခတ်သွားကာ လူတစ်ကိုယ်လုံးသည် အထဲသို့ တိုးဝင်သွားတော့သည်။ အခြားစွမ်းအားကြီးသော ယောက်ျားများသည်လည်း ဝင်လာကြသည်။

လီဟမ်ရှန်းသည် ဤနေရာအတွင်း လျှောက်သွားသောအခါတွင် ၎င်းသည် သူထင်ထားသကဲ့သို့ အန္တရာယ်မရှိကြောင်း တွေ့ရှိခဲ့ရသော်လည်း အလွန်ထူးဆန်းနေလေသည်။ ဤနေရာတွင် ဝှက်ထားသော ကမ္ဘာကြီးတစ်ခု ရှိနေပုံရသည်။

အလွန်သပ်ရပ်ပုံပေါ်သော ကျောက်အုတ်များခင်းကျင်းထားသည့် ဖြောင့်တန်းသောလမ်းပေါ်တွင် လျှောက်လာရင်းနှင့် လီဟမ်ရှန်းသည် ဤကျောက်တုံးလမ်းသည် ဘယ်ဆီသို့ ဦးတည်သွားသည်ကို တွေးမိနေသည်။ ထိုအချိန်တွင် အနောက်မှ ခေါင်းလောင်းသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ လီဟမ်ရှန်း နောက်ပြန်လှည့်ကြည့်လိုက်ချိန် ရထားလုံးတစ်စီးက အနောက်မှ ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။

ရထားလုံးပေါ်၌ ပိုးထည်နှင့် ဖဲသားအ၀တ်အစားများ ဝတ်ဆင်ထားသည့် ယာဉ်မောင်းတစ်ဦးရှိပြီး ကုန်သည်တစ်ဦးနှင့်တူပြီး ရထားလုံး နောက်ကျောတွင် သေတ္တာကြီးများစွာ တင်ဆောင်ထားလေသည်။

“ဘယ်လိုတောင် ထူးဆန်းလိုက်လဲ....”

လီဟမ်ရှန်းသည် ထိုလူကို သာမန်မျက်စိဖြင့်သာ မြင်နိုင်သော်လည်း သူ၏အသက်ရှုသံကိုမူ လုံးဝမခံစားရပေ။ ခဏတာ စဉ်းစားပြီးနောက် လီဟမ်ရှန်းသည် ရှေ့သို့ လျှောက်လာခဲ့ပြီး ဤနေရာရှိ အခြေအနေကို မေးမြန်းချင်ခဲ့သည်။

“အဘိုး ခင်ဗျာ...”

လီဟမ်ရှန်းသည် ရထားလုံးနံဘေးသို့ လျှောက်သွားပြီး လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ ရထားလုံးပေါ်ရှိလူအား ပြောလိုက်သည်။

သို့သော် ရထားလုံးမောင်းသူသည် လီဟမ်ရှန်းကို လုံးဝလျစ်လျူရှုခဲ့လေသည်။ လီဟမ်ရှန်းသည် လေထဲတွင် ရှိနေသလိုဖြစ်နေသောကြောင့် ထိုသူသည် လုံးဝမမြင်ရပေ။ လီဟမ်ရှန်းသည် ထိုအချိန်တွင် အနည်းငယ်ရှက်ရွံ့သွားသလို ခံစားလိုက်ရသည်။ ထို့နောက် သူသည် အလျှင်အမြန် တားဆီးလိုက်ပြီး ထပ်မံမေးလိုက်ပြန်သည်။

“အဘိုး! ဒီနေရာက ဘယ်နေရာပါလဲ”

လီဟမ်ရှန်း မည်သည့်အရာ ပြောဆိုနေသည်ဖြစ်စေ ရထားလုံးမောင်းသည့် အဘိုးအိုသည် လီဟမ်ရှန်းကိုအမှန်တကယ် မမြင်ရသကဲ့သို့ တုံ့ပြန်မှု လုံးဝမရှိခဲ့ပေ။ ထိုအရာက လီဟမ်ရှန်းကို အနည်းငယ် အံ့သြသွားစေခဲ့သည်။

ထိုအခိုက်အတန့်တွင် သူမျက်မှောင်ကြုတ်လိုက်ပြီး လက်ကိုဆန့်တန်းကာ ရထားလုံးကိုထိကိုင်လိုက်သော်လည်း သူ့လက်ကို ဆန့်လိုက်ချိန် သူ၏လက်ဖဝါးသည် ရထားလုံးပေါ်သို့ ဖြတ်သန်းသွားလေသည်။

ရထားလုံးသည် တည်ရှိမနေသည်ဟု ထင်ရသော်လည်း နောက်ဆက်တွဲ ပုံရိပ်တစ်ခုသာဖြစ်သည်။

“ဒါက…....”

လီဟမ်ရှန်း အနည်းငယ် အံ့သြသွားခဲ့သည်။

‘ဘာတွေဖြစ်နေတာလဲ?’

ဤနေရာလွတ်ရှိ ကမ္ဘာကြီးသည် အလွန်ထူးဆန်းသည်။ သို့သော် အလွန်အမင်း တွေးတောမနေတော့ဘဲ လီဟမ်ရှန်းသည် ကျည်ဆန်ကိုကိုက်၍သာ ရှေ့သို့ ဆက်သွားနိုင်ပေတော့သည်။

လီဟမ်ရှန်းသည် ပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ တောင်တန်းဟု ထင်မြင်ရ‌သောအရာကို တွေ့လိုက်ရလေသည်။ သူသည် လမ်းကြောင်းအတိုင်း ဆက်မလျှောက်တော့ဘဲ အနီးနားရှိ တောင်များဆီသို့ ရောက်လာပြီး ၎င်းတို့အတွင်း၌ ပုန်း‌အောင်းနေခဲ့သည်။

လီဟမ်ရှန်း အထဲသို့ ဝင်ပုန်းနေလိုက်သည်နှင့် အပြင်ဘက်တွင် ဖိတ်ခေါ်မထားသည့် ဧည့်သည်များ အများအပြားရှိနေသည်ကို သူတွေ့လိုက်ရသည်။

“ဒါဆို လီဟမ်ရှန်း ဒီမှာ သေချာပေါက်ရှိရမယ်… သူ့ကိုရှာ!”

“ဟုတ်ကဲ့!”

ခွန်အားကြီးသောလူများစွာသည် လီဟမ်ရှန်း၏တည်နေရာကို နေရာတိုင်းတွင် ရှာဖွေခဲ့ကြသည်။

“ဒီလောက် လူအများကြီး?”

လီဟမ်ရှန်းသည် ထာဝရရှင်သန်ခြင်းဂိုဏ်းတွင် ဤမျှသောအဖွဲ့ဝင်များ ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ လီဟမ်ရှန်းသည် လူနှစ်ဆယ်နီးပါးကို အဝေးမှ မြင်နေရသည်။

လေထဲတွင် ပျံသန်းနိုင်သော စွမ်းအားရှိသူသုံးယောက်တောင် ရှိနေသေးသည်။ တစ်နည်းဆိုရသော် ဤလူသုံးယောက်သည် အနည်းဆုံး မဟာဆရာသခင်အဆင့်တွင် ရှိနေသည်။

‘ဒီနေရာက ဘယ်နေရာမှန်းမသိဘူး။ ငါ့ကိုရှာတွေ့သွားရင် ဘယ်ကို ပြေးရမှန်းလည်းမသိဘူး။’

လီဟမ်ရှန်းသည် ညဥ့်နက်သည်အထိ တောင်များထဲတွင် ပုန်းနေခဲ့သည်။ စွမ်းအားကြီးသူများစွာတို့သည် အနီးနားရှိ လီဟမ်ရှန်းကို တစ်နေ့လုံး ရှာဖွေနေခဲ့ကြသည်။

All Chapters