အခန်း (၄၇၁)
Vol. 38 Ch. 471
လသည် ကောင်းကင်၌ တောက်ပနေချိန်ဖြစ်သည်။ ဝံပုလွေအူသံက လီဟမ်ရှန်းကို နိုးကြားစေခဲ့သည်။ အကြောင်းမှာ လီဟမ်ရှန်းသည် ဝံပုလွေအူသံကို ကြားသောအခါ သူသည် ပစ်မှတ်ထားခံနေရသကဲ့သို့ ခံစားလိုက်ရသည်။
သွေးစွန်းနေသော ဝံပုလွေတစ်ကောင်သည် ကောင်းကင်ထက်တွင် ပေါ်လာခဲ့သည်။ သွေးဝံပုလွေ၏ မျက်လုံးများက လီဟမ်ရှန်း၏ နံဘေးရှိ တောင်တန်းပေါ်သို့ စိုက်ကြည့်နေခဲ့သည်။ သူသည် လီဟမ်ရှန်း၏ရနံ့ကို အနံ့ခံပြီးဖြစ်သည်။
“ဟိုမှာ ရှာကြည့်ကြ!
စွမ်းအားကြီးသူ အများစုသည် ဤနေရာသို့ ပြေးလာနေကြသည်။ လီဟမ်ရှန်းသည် ယခုအချိန်တွင် ဂူထဲတွင် ပုန်းအောင်းနေခဲ့လေသည်။
ဂူထဲတွင် ဝက်ဝံနက်နှစ်ကောင်ရှိပြီး မူလက လီဟမ်ရှန်းသည် ဝက်ဝံများက သူဝင်ရောက်လာခြင်းကြောင့် ဆူညံလိမ့်မည်ကို စိုးရိမ်နေခဲ့သည်။ သို့သော် လီဟမ်ရှန်းသည် ဝက်ဝံနက်များက သူ့ကိုမမြင်နိုင် သို့မဟုတ် အာရုံမခံစားနိုင်သည်ကို တွေ့ရှိရသောအခါ လီဟမ်ရှန်း စိတ်သက်သာရာရသွားခဲ့သည်။
လီဟမ်ရှန်းသည်လည်း ဤနေရာတွင်ရှိသော စည်းမျဥ်းစည်းကမ်းများကို ရှာဖွေတွေ့ရှိခဲ့သည်။ သူသည် သက်ရှိအရာများနှင့် သက်ဆိုင်သည့် မည်သည့်အရာကိုမျှ မထိနိုင်သည့်အပြင် ၎င်းတို့ကလည်း သူ့ကိုမထိနိုင်ပေ။ သူနှင့် သူတို့၏ တည်ရှိမှုသည် အချိန်နှင့်နေရာ မတူညီသလိုပင်။
ယနေ့အတွင်း သူကြုံတွေ့ခဲ့ရသည့် ရထားလုံးကဲ့သို့သော လူလုပ်အရာများကို သူတို့ မထိတွေ့နိုင်ပုံရသည်။ သို့သော် ကျောက်တုံးနှင့် သစ်ပင်များကဲ့သို့ အရာများကိုတော့ ထိတွေ့နိုင်ပေသည်။
'ဒီနေရာက ဘယ်လိုတောင် ထူးဆန်းတဲ့ နေရာကြီးလဲ?’
လီဟမ်ရှန်းသည် ဝက်ဝံနက်၏ နောက်ကွယ်တွင်ပုန်းနေပြီး အပြင်ဘက်ရှိ အသံများကို နားထောင်ရန် နားစွင့်လိုက်လေသည်။ တဖြည်းဖြည်းနှင့် ခြေသံများ နီးကပ်လာခဲ့သည်။
လီဟမ်ရှန်း မျက်မှောင်တင်းတင်း ကြုတ်လိုက်သည်။ သူသည် ရန်သူများကို စိတ်မပူပေ။ သူတို့သည် မဟာဆရာသခင်အဆင့်တွင် မရှိသရွေ့ သူ့အသက်ကို စွန့်စားရလျှင်ပင် သူတို့ကို တိုက်ယူနိုင်ပေသည်။ သို့သော် သူ့ကိုယ်သူ စတင်လိုက်သည်နှင့် ဆူညံသွားမည်ကို စိုးရိမ်သောကြောင့် အခက်တွေ့နေခြင်းပင်။
တိုက်ပွဲ၌ သတိပြုမိသွားသည်နှင့် သူ့တွင် အခွင့်အလမ်း မရှိတော့ပေ။ ထို့ကြောင့် ဆက်တိုက်တိုက်ပွဲများတွင် မပါဝင်နိုင်ပေ။ တစ်ချက်တည်းနှင့် သတ်ပစ်ရမည်ဖြစ်သည်။
ထိုအချိန်တွင် ဂူထဲ၌ ခြေသံများ ကြားလိုက်ရသည်။ လီဟမ်ရှန်းသည် ဝက်ဝံနက်၏အနောက်တွင် ပုန်းနေပြီး ထွက်လာသည့်အသံကို နားထောင်လိုက်သည်။ ထိုလူ အနားရောက်လာသောအခါ လီဟမ်ရှန်းသည်လည်း ထိုသူ၏အသက်ရှုသံကို ခံစားလိုက်ရသည်။
‘မူလအဆင့်!'
၎င်းသည် မူလအဆင့်သာဖြစ်သောကြောင့် လီဟမ်ရှန်းသည် ပုံမှန်အတိုင်း ၎င်းကို အလေးအနက်မထားပေ။
“ဝက်ဝံ?”
ဧည့်သည်များသည် ဝက်ဝံနက်နှစ်ကောင်ကို တွေ့လိုက်ရသောအခါ အရေးယူခြင်းမပြုခဲ့ကြပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည်လည်း ဤထူးဆန်းသောကမ္ဘာနှင့် မတူသည့်အရာတစ်ခုကို တွေ့ရှိထားသောကြောင့်ဖြစ်သည်။
သူ ရှေ့တစ်လှမ်းတိုးလိုက်စဉ် လီဟမ်ရှန်းသည် ရုတ်တရက် တိုက်ခိုက်လိုက်သည်။
“နေနဲ့လဟာ တပြိုင်နက်တည်း ထွန်းလင်းတောက်ပနေတယ်…..”
နေလအင်မော်တယ်နတ်ဆိုးခန္ဓာကိုယ်ဖြင့် တိုက်ခိုက်လိုက်သည်။
’နောက်တစ်ကြိမ်.. နေနဲ့လဟာ တပြိုင်နက်တည်း ထွန်းလင်းတောက်ပနေတယ်။’
လီဟမ်ရှန်းသည် လက်နှစ်ဖက်စလုံးဖြင့် လက်တံဆိပ်စည်းများ ပြုလုပ်ခဲ့ပြီး ထိုလက်တံဆိပ်စည်းများအောက်တွင် မူလအဆင့် စွမ်းအားရှိသောလူသည် အလွန်တရာ ကြီးမားလှသော လက်ဖဝါးနှစ်ဖက်တွင် ပိတ်မိနေသည့် သူ့ကိုယ်သူကို မတွေ့မီအထိပင် တုံ့ပြန်ရန် အချိန်မရှိခဲ့ပေ။
“သေတော့!”
လီဟမ်ရှန်းက တိုးတိုးလေး အော်လိုက်သည်။ မူလအဆင့် စွမ်းအားရှိသောလူ၏ ရုပ်သွင်သည် ချက်ခြင်းပင် ပြာအဖြစ် ပြောင်းသွားခဲ့သည်။
ဆူညံသံမရှိသော်လည်း မကြာမီတွင်ပင် တစ်စုံတစ်ယောက်မှ သူ့ကိုတွေ့ရှိခဲ့ပြီး ခပ်မြန်မြန် ထွက်သွားသောကြောင့် လီဟမ်ရှန်းသည်လည်း ဂူထဲမှ ထွက်လာခဲ့ရသည်။
ကံမကောင်းစွာဖြင့် လီဟမ်ရှန်းတံခါးဝသို့ ရောက်သွားချိန်မှာပင် သူ၏ရှေ့တွင် ပုံရိပ်နှစ်ခု ပေါ်လာခဲ့လေသည်။ သူတို့၏ ရောင်ဝါအလင်းတန်းများသည် ကြီးမားကျယ်ပြန့်သော သမုဒ္ဒရာကဲ့သို့ ဖြတ်ကျော်သွားသည်။
တာအိုနယ်မြေ၏ ရောင်ဝါအလင်းတန်းသည် အလွန်အစွမ်းထက်လေသည်။ တစ်ခုသည် လေပြင်းမုန်တိုင်းကြီးကဲ့သို့နှင့် နောက်တစ်ခုသည် ပေါက်ကွဲနေသော မီးတောင်နှင့် ဆင်တူပေသည်။
လီဟမ်ရှန်းကို တွေ့လိုက်ရသည်နှင့် ထိုသူတို့လည်း ထိတ်လန့်သွားကြသည်။ ယခုလိုမျိုး သူနှင့်တွေ့ဆုံဖို့ရန် မမျှော်လင့်ထားကြပေ။
“ဒါ လီဟမ်ရှန်းပဲ……”
သူတို့ထဲမှ တစ်ယောက်က အော်လိုက်သည်။
“သိပြီ…..”
ထိုနှစ်ယောက်က တိုက်ခိုက်ရန် ကြံရွယ်ထားသော်လည်း လီဟမ်ရှန်းသည် သူတို့ကို စိုက်ကြည့်လိုက်ကာ ပါးစပ်ကိုဖွင့်၍ မီးတောက်ကို မှုတ်ထုတ်ပစ်လိုက်လေသည်။
ယင်နှင့်ယန် တစ်ဝက်စီပါသော မီးတောက်များသည် အမှန်တကယ်ပင် ၎င်းတို့အရှေ့ရှိ မူလအဆင့် ပြီးပြည့်စုံခြင်းအဆင့်ရှိသော စွမ်းအားရှင်နှစ်ဦးကို ချက်ခြင်း ဝါးမျိုလိုက်လေသည်။ မူလက ထိုသူတို့သည် ပြန်လည်တိုက်ခိုက်လိုသော်လည်း နေနှင့်လ၏ အစစ်အမှန်မီးတောက်ကို ရင်ဆိုင်ရချိန်တွင် ၎င်းတို့၏ ကျင့်ကြံမှုသည် ဤမီးတောက်ရှေ့တွင် ဟာသတစ်ခုလို ဖြစ်သွားပုံရသည်။
မည်သည့် အကျိုးသက်ရောက်မှုမှ မရှိပေ။ လီဟမ်ရှန်းသည် သူ့ခန္ဓာကိုယ်ထဲတွင် မွေးမြူထားသည့် အစစ်အမှန်မီးအားလုံးကို ဖြုန်းတီးလုနီးပါး ဖြစ်ခဲ့သည်။ သူသည် မူလအဆင့် ပြီးပြည့်စုံခြင်းအဆင့်ရှိသော လူနှစ်ယောက်ကို ချက်ခြင်း သတ်ခဲ့သည်။
သို့သော် သူ၏ကိုယ်ပိုင် နေနှင့်လ အစစ်အမှန်မီးတောက်၏ အသွင်အပြင်သည် လူတိုင်း၏အာရုံကို ဆွဲဆောင်ခဲ့လေသည်။
“ဟိုမှာ…..”
အသံတစ်သံကို ကြားလိုက်ရသည်။
ထို့နောက် ချက်ခြင်းပင် လီဟမ်ရှန်းသည် လေထုကွဲအက်သံကို ကြားလိုက်ရသည်။
“ကြောက်စရာကောင်းလိုက်တာ….”
လီဟမ်ရှန်းသည် သူ ဖော်ထုတ်ခံလိုက်ရပြီဆိုသည်ကို သိလိုက်ရသည်။ ထို့ကြောင့် သူသည် အံတင်းတင်း ကြိတ်လိုက်ပြီး ထွက်ပြေးသွားလေသည်။
မိုးကြိုးအလျင်ကို ပြီးပြည့်စုံစွာ ပုံဖော်ခဲ့ပြီးနောက် လီဟမ်ရှန်း၏ ပုံရိပ်သည် ချက်ချင်း ပျောက်ကွယ်သွားခဲ့လေသည်။ ထို့နောက် သူသည် ချောက်ကမ်းပါးမှ တိုက်ရိုက်ခုန်ချလိုက်သည်။
အောက်ဘက်တွင် လှိုင်းထန်နေသော မြစ်တစ်စင်း ရှိနေသဖြင့် လီဟမ်ရှန်းသည် မြစ်ကမ်းပါးပေါ်သို့ တိုက်ရိုက်ခုန်ဆင်းခဲ့သည်။ ထို့နောက် နက်နဲသည့် ဂူတစ်ခုကိုရှာတွေ့ပြီး ထိုထဲတွင် ပုန်းနေလိုက်သည်။
လီဟမ်ရှန်း ထွက်သွားသည်နှင့်တပြိုင်နက် စွမ်းအားကြီးသူ အများအပြားသည် ထိုနေရာသို့ ရောက်လာခဲ့ကြသည်။ ထိုနေရာ၌ နေနှင့်လ အစစ်အမှန်မီး၏ ကြွင်းကျန်ရစ်သော နွေးထွေးမှု ရှိနေသေးသဖြင့် ထိုနေရာသို့ ရောက်လာကြသော ထာဝရရှင်သန်ခြင်းဂိုဏ်းဝင်များကို ထိတ်လန့်သွားစေခဲ့သည်။
“ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ မီးလဲ…. အဲဒါက ဘယ်လိုအရာကြီးလဲ….”
နေနှင့်လ အစစ်အမှန်မီး၏ ကြောက်မက်ဖွယ်ကောင်းမှုကို မဟာဆရာသခင်တစ်ဦးပင် ခံစားမိလေသည်။
“သေချာရှာကြည့်! ငါတို့ သူ့ကိုဖမ်းကိုဖမ်းမိရမယ်…..”
လီဟမ်ရှန်းသည် သူ့ကိုရှာတွေ့ရန် အချိန်အနည်းငယ်သာ လိုတော့ကြောင်းသိ၍ ဤနက်နဲလှသော လှိုဏ်ဂူထဲတွင် ပုန်းနေခဲ့သည်။ သို့သော် ယခုအချိန်တွင် သူ့တွင် အခြားရွေးချယ်စရာမရှိပေ။ သူသာ ထွက်သွားခဲ့လျှင် ထောင်ချောက်ထဲသို့ လျှောက်သွားနေရလိမ့်မည်။ ထို့ထက် ပိုအရေးကြီးသည်မှာ နေနှင့်လ အစစ်အမှန်မီးသည် လောင်ကျွမ်းသွားခဲ့ပြီးနောက် သူ့တွင်ဝှက်ဖဲများ မရှိတော့ပေ။
သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ အရိုးနှင့် ကြွက်သားများပင် နာကျင်လာခဲ့သည်။ ယခုအချိန် ထွက်သွားခဲ့လျှင် သူသေရပေလိမ့်မည်။
“ဟူး……ဟူး…..”
လီဟမ်ရှန်းသည် ယခုအချိန်၌ အလွန်ဆိုးရွားသော အခြေအနေတွင် ရှိနေသည်ကို ခံစားခဲ့ရပြီး အထူးသဖြင့် သူသည် နှစ်ရက်ကျော်မျှ အစာမစားရသေးဘဲ အလွန်ဆာလောင်နေသောကြောင့် ဖြစ်သည်။
ဤအခိုက်အတန့်သည် သေဖို့ရန် အချိန်ရေတွက်နေရသည်ဟုပင် ထင်မြင်ရသည်။
‘ငါဒီမှာ သေဖို့ပဲ စောင့်ဆိုင်းရတော့မယ်။’
ထိုအချိန်တွင် လီဟမ်ရှန်းသည် ရုတ်တရက် တစ်စုံတစ်ခုကို သတိပြုမိလိုက်သည်။ သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး သူ၏လက်စွပ်အတွင်းမှ ကြာပန်းမီးအိမ်ရတနာကို ထုတ်ယူလိုက်သည်။
အဘယ်ကြောင့်ဆိုသော် လီဟမ်ရှန်းသည် ကြာပန်းမီးအိမ်ရတနာတွင် တစ်ခုခုမှားနေပြီဟု ခံစားမိသောကြောင့်ဖြစ်သည်။ ထိုအချိန်တွင် သူ့လက်ထဲရှိ ကြာပန်းမီးအိမ်ရတနာသည် အလင်းရောင်ဖျော့ဖျော့နှင့် မှိတ်တုတ်၊ မှိတ်တုတ် ဖြစ်နေသည်။
အလင်းရောင်က တဖျပ်ဖျပ်ခတ်နေပြီး အလွန်မှိန်သွားသော်လည်း ဤမှောင်မည်းနေသော ဂူထဲတွင် အလင်းရောင်အနည်းငယ်တော့ ရနိုင်သေးသည်။
“ဖေဖေ! အဲ့တာဖေဖေပဲလား….”
လီဟမ်ရှန်း စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ သို့သော် ကြာပန်းမီးအိမ်ရတနာသည် မှိတ်တုတ်မှိတ်တုတ်ဖြင့်သာ မှိန်မှိန်လေးလင်းနေပြီး ဘာအသံမျှ မကြားရပေ။
လီဟမ်ရှန်းသည် အနည်းငယ် စိတ်ပျက်သွားသော်လည်း လီချန်ချင်းတွင် ဝိညာဉ်တစ်ခုသာ ကျန်ရှိတော့သည်ကိုလည်း သူသိထားပြီး ရှင်သန်နိုင်သည်ကပင် အလွန်ကောင်းမွန်နေပြီဖြစ်သည်။ ဤအချိန်တွင် သူ့ကိုကယ်တင်ရန် မည်သည့်အံ့ဖွယ်အမှုတွေမှ ပေါ်လာဖို့ရန် မဖြစ်နိုင်တော့ပေ။
သို့သော် သူ့လက်ထဲတွင် ကြာပန်းမီးအိမ်ရတနာကို ကိုင်ထားရင်းပင် လီဟမ်ရှန်းသည် အနည်းငယ် စိတ်သက်သာရာရသွားသည်။
‘အခက်ခဲဆုံးအချိန်မှာ ဖေဖေက အပြင်ထွက်လာပြီး ကျွန်တော့်နဲ့အတူ ရှိပေးချင်နေတာ ဟုတ်တယ်မလား။’
လူတစ်ယောက်၊ မီးအိမ်တစ်ခုနှင့် ထိုနေရာတွင်ပဲ ထိုင်နေလိုက်သည်။ လီဟမ်ရှန်းသည် သူ၏ ကြွက်သားများ ကျိုးကြေသွားသကဲ့သို့သော နာကျင်မှုကို ခံစားခဲ့ရပြီး ထိုနာကျင်မှုကြောင့်ပင် မောပန်းနွမ်းနယ်နေပြီ ဖြစ်သည်။ ကြာပန်းမီးအိမ်ရတနာ၏ မှိတ်တုတ်မှိတ်တုတ် အလင်းရောင်သည် ပို၍ ပို၍ အရေးကြီးလာခဲ့သည်။
တစ်ချိန်တည်းမှာပင် သွေးဝံပုလွေတစ်ကောင်သည် အပြင်ဘက်မှ မလှမ်းမကမ်းတွင် အော်ဟစ်နေသည်။
“အိုး……”
ဧရာမဝံပုလွေအူသံတစ်ခု ထွက်ပေါ်လာပြီးနောက်တွင် လီဟမ်ရှန်းသည် ဂူပေါက်ဝတွင် ကြောက်မက်ဖွယ်ကောင်းသော မျက်လုံးတစ်စုံ ပေါ်လာသည်ကို တွေ့လိုက်ရသည်။
‘နှင်းဝံပုလွေက ငါတို့ကို ခြေရာခံနေတာပဲ။’
“နောက်ဆုံးတော့ တွေ့ပြီ…….”
လီဟမ်ရှန်းသည် အံတင်းတင်းကြိတ်ကာ ခက်ခက်ခဲခဲ ထရပ်လိုက်သည်။ ထို့နောက်တွင် သူ၏လက်စွပ်သည် တောက်ပလာပြီး သူ၏ အင်မော်တယ်ပုံဖော်ခြင်းလှံကို သူ့လက်ထဲတွင် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်သည်။
‘ယွဲ့ဟန်ကျွင်းရဲ့ လက်ထဲကျသွားတာထက် ဒီမှာပဲသေရတာ ပိုကောင်းတယ်။ သူသာ ယွဲ့ဟန်ကျွင်းရဲ့လက်ထဲရောက်သွားရင် သူ့အဖေက အသက်ရှင်သန်ဖို့ မျှော်လင့်ချက်မရှိတော့ဘူး။’
ထို့ကြောင့် လီဟမ်ရှန်းသည်လည်း သေသည်အထိ တိုက်ခိုက်ရန် စီစဉ်ခဲ့သည်။ အပြင်ဘက်တွင် ဘယ်လောက်ပင် အန္တရာယ်ရှိပါစေ အပြင်ထွက်ပြီး တိုက်ရပေလိမ့်မည်။
သို့သော် ထိုအချိန်တွင် သူ့လက်ထဲရှိ ကြာပန်းမီးအိမ်ရတနာ၏ အလင်းရောင်သည် တစ်ဖန်ထွက်သွားပြီးနောက် ၎င်း၏ ယခင်အခြေအနေသို့ ပြန်ရောက်သွားခဲ့သည်။
လီဟမ်ရှန်းသည် ကြာပန်းမီးအိမ်ရတနာ၏ အဓိပ္ပါယ်ကို နားမလည်သော်လည်း ၎င်းကို စဉ်းစားရန်အတွက် အချိန်မရှိတော့သောကြောင့် ကြာပန်းမီးအိမ်ရတနာကို အဝေးတွင် ဖယ်ထားလိုက်ပြန်သည်။
သွေးဝံပုလွေက ဟိန်းဟောက်သံပေးပြီးနောက် အသံလှိုင်းများသည် လှိုဏ်ဂူကို အမှန်တကယ် ပြိုကျသွားစေခဲ့သည်။ လီဟမ်ရှန်းသည်လည်း မိုးကြိုးအလျင်ကို အသုံးပြုပြီး အင်မော်တယ်စက်လုံးဖြင့် သွေးဝံပုလွေဆီသို့ ပြေးသွားခဲ့သည်။
ကြီးမားသော သွေးဝံပုလွေ၏ စွမ်းအားသည် မဟာဆရာသခင်အဆင့်သို့ မရောက်သေးသော်လည်း လီဟမ်ရှန်း၏ ပစ်ခတ်မှုကို မရှောင်လွှဲခဲ့ပေ။ ၎င်း၏ ဝံပုလွေခြေသည်းများသည် လီဟမ်ရှန်း၏စွမ်းအင်ကို တိုက်ရိုက်ကွဲကြေစေသည့် ပြင်းထန်သော စွမ်းအားဖြင့် ဖုံးလွှမ်းသွားသည်။ လီဟမ်ရှန်းသည် ယခုအချိန်တွင် တစ်ကိုယ်လုံးနာကျင်နေပြီး သူ၏စွမ်းအား 50% ကိုတောင် မစွမ်းဆောင်နိုင်ခဲ့ပေ။
သူသည် သွေးဝံပုလွေ၏ ရိုက်နှက်ခြင်းကို ခံလိုက်ရပြီး ဆယ်မီတာကျော်အကွာတွင် ပြုတ်ကျသွားခဲ့လေသည်။ သူ မတ်တပ်ထရပ်ခါနီးတွင် ပုံရိပ်များစွာ နီးကပ်လာသည်ကို တွေ့လိုက်ရသည်။
စွမ်းအားအလွန်ကြီးသော အဆင့်မြင့်ဆရာသခင်တစ်ဦးနှင့် မူလအဆင့် ပြီးပြည့်စုံခြင်း၏ အမြင့်ဆုံးအဆင့်ရှိ ဆရာသခင်ငါးဦးတို့က သူ့အား တိုက်ရိုက်ပင် ဝန်းရံထားလိုက်သည်။
“လီဟမ်ရှန်း! နောက်ဆုံးတော့ ငါ မင်းကို ရှာတွေ့ခဲ့ပြီ….”
ဆရာသခင်က လီဟမ်ရှန်းကိုကြည့်ကာ အပြုံးဖြင့် ပြောလိုက်သည်။ လီဟမ်ရှန်းသည် ပတ်ပတ်လည်ကိုကြည့်ကာ သူအမှန်တကယ်ကိုပင် ဒုက္ခတွင်းထဲ ကျရောက်နေပြီဆိုသည်ကို သိလိုက်ရသည်။
သို့သော်လည်း လီဟမ်ရှန်း စိတ်ပျက်၊အားငယ်သွားသော အချိန်တွင် ရုတ်တရက် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ သွေးဝံပုလွေသည် အမှန်တကယ်ပင် နာကျင်စွာအော်သံကို ထုတ်လွှတ်လိုက်ပြီး နေရာအနှံ့တွင် မှင်စက်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
သွေးဝံပုလွေသည် ချက်ချင်းပင် အသတ်ခံလိုက်ရပြီး အခြားလူတိုင်းကလည်း အံ့အားသင့်သွားခဲ့ကြသည်။
ဥက္ကာပျံကဲ့သို့ ကြွေကျနေသော ရွှေရောင်အလင်းတန်းကို သူမြင်လိုက်ရပြီး သွေးဝံပုလွေကို အပိုင်းပိုင်းခွဲပစ်လိုက်သည်။ ထိုရွှေရောင်အလင်းတန်းသည် စွမ်းအားကြီးလွန်းလှသော ရောင်ဝါဖြင့် ပြည့်နှက်နေသည်။
လီဟမ်ရှန်းသည် ရွှေရောင်အလင်းတန်းကို ဗလာအကြည့်ဖြင့် စိုက်ကြည့်နေလိုက်သည်။ ရွှေရောင်အလင်းတန်းတွင် အမှန်တကယ်ပင် ကြီးမားသော အတောင်ပံနှစ်ခုရှိသည်။ အတောင်များကို ဖြန့်ကျက်လိုက်သည့်အခါတွင် ရွှေလင်းလန်သားရဲတစ်ကောင်က သူတို့ရှေ့တွင် ရုတ်တရက် ပေါ်လာခဲ့လေသည်။
ရွှေလင်းလန်သားရဲသည် ထာဝရရှင်သန်ခြင်းဂိုဏ်းမှ လူများကို သတ်ဖြတ်ရန် အကြည့်ဖြင့် ကြည့်နေခဲ့သည်။ ၎င်း၏ ပြင်းထန်သော အရှိန်အဟုန်သည် အရပ်ရပ်သို့ ပျံ့လွင့်သွားကာ ဤအခိုက်အတန့်တွင် ဘုရင်တစ်ပါး ဆင်းသက်လာသကဲ့သို့ ဖြစ်နေသည်။
“အဲ့တာ မဟုတ်လား…..”
လီဟမ်ရှန်း မှင်တက်မိသွားလေသည်။
‘အဖေ မွေးထားတဲ့ ခွေးလေး မဟုတ်ဘူးလား။’
(နောက်ဆုံးတော့ ပျောက်နေတဲ့ ဖေး ပြန်ပေါ်လာပါပြီ)
ထိုအရာသည် ရွှေလင်းလန်သားရဲ ဖြစ်သွားလေသည်။
“အဲ့တာကို သတ်ပစ်….”
စွမ်းအားကြီးသော အဆင့်မြင့်ဆရာသခင်သည် ဒေါသတကြီးဖြစ်ကာ ရွှေလင်းလန်သားရဲကြီးကိုလည်း ထိုနေရာတွင် တိုက်ခိုက်ခဲ့သည်။ အခြားသော စွမ်းအားကြီး မူလအဆင့် ပြီးပြည့်စုံခြင်းအဆင့်ရှိ ဆရာသခင်များကလည်း လိုက်ပါတိုက်ခိုက်ခဲ့သည်။ ထိုသူတို့ထဲတွင် အဝေးမှ ရောက်လာသော ဆရာသခင်တစ်ဦးလည်း ပါဝင်လေသည်။
ဖေး က ဟိန်းဟောက်လိုက်ပြီး သူ၏လက်သည်းကြီးများနှင့် ရိုက်ခတ်လိုက်ကာ လေဟာနယ်ကို ချက်ချင်း စုတ်ဖြဲပစ်လိုက်သည်။ ထာဝရရှင်သန်ခြင်းဂိုဏ်းဝင်များစွာကို တိုက်ခိုက်သောအခါတွင် သူသည် သူ၏အမြီးကို ရိုက်ခတ်လိုက်ပြီး အံအားသင့်စရာကောင်းစွာပင် လီဟမ်ရှန်းကိုလည်း မြစ်ထဲသို့ ပြုတ်ကျသွားစေခဲ့သည်။ တသွင်သွင် စီးဆင်းနေသော မြစ်ရေသည် လီဟမ်ရှန်းကို တိုက်ရိုက်မျောပါသွားစေခဲ့သည်။
ဟိန်းဟောက်သံနှင့်အတူ ဖေး ၏ ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်အလင်းတန်းများသည် ပြင်းထန်စွာ တောက်ပလာခဲ့သည် ။
လီဟမ်ရှန်း ပျောက်ကွယ်သွားစဥ်တွင် ဖေး သည် လီချန်ချင်း၏ နောက်ဆုံးဆန္ဒကို လိုက်နာပြီး လီဟမ်ရှန်းကို ရှာဖွေရန် တိမ်ကန္တာရနယ်မြေသို့ ရောက်လာခဲ့သော်လည်း သူ့ကိုမတွေ့ခဲ့ရပေ။ ဖေး သည် ကြာပန်းမီးအိမ်ရတနာ၏ တည်ရှိနေမှုကို ခံစားနေရသည်မှာ အချိန်အတော်ကြာသည် အထိပင်။
သူတို့နှစ်ဦးစလုံးသည် တူညီသော သက်ရှည်သစ်သားနှင့် သက်ဆိုင်သောကြောင့် ၎င်းတို့သည် သဘာဝအားဖြင့် ဆက်စပ်မှုအချို့ ရှိကြသည်။ ကံမကောင်းစွာဖြင့် ကြာပန်းမီးအိမ်ရတနာသည် အချိန်တိုလေးအတွင်း ပေါ်ပေါက်လာပြီး ဖေးသည်လည်း နောက်ဆုံးတွင် လမ်းစပျောက်ဆုံးသွားခဲ့သည်။
ကြာပန်းမီးအိမ်ရတနာမှ ထပ်မံ အသက်ရှုထုတ်လိုက်သောအခါတွင်မှ ဖေး သည် ပြန်လည်ရောက်ရှိလာခဲ့သည်။
လီဟမ်ရှန်းသည် မြစ်ကမ်းတစ်လျှောက် မိုင်ပေါင်းမည်မျှဖြင့်ပင် မျောပါသွားခဲ့သည်ကို မသိပေ။ နောက်ဆုံးတွင်တော့ သစ်ကိုင်းတစ်ကိုင်းကို ဆွဲကိုင်ပြီး ကမ်းပေါ်သို့ တက်နိုင်ခဲ့သည်။
သူသည် သူ၏ခန္ဓာကိုယ်ရှိ ပြင်းထန်သော နာကျင်မှုဒဏ်ကို ကြံ့ကြံ့ခံကာ တောင်ပေါ်သို့ တက်ခဲ့သည်။ ဖေး အတွက် အနည်းငယ်စိုးရိမ်နေသော်လည်း ယခုအချိန်၌ သူ့တွင် အခြားရွေးချယ်စရာမရှိပေ။ ကိုယ့်အသက်ကို ကယ်တင်ခြင်းသည် ပထမ ဦးစားပေးဖြစ်သည်။
ရုတ်တရက် လီဟမ်ရှန်းသည် အဝေးမှ ဆူညံသော အသံတစ်သံကို ကြားလိုက်ရသည်။ အဝေးတစ်နေရာသို့ လှမ်းကြည့်သောအခါ အရှေ့တွင် မြို့တစ်မြို့ကို တွေ့လိုက်ရသည်။
“ဒီနေရာမှာ မြို့တစ်မြို့ရှိနေတာလား?”
လီဟမ်ရှန်းသည် အနည်းငယ် အံ့သြသွားခဲ့သည်။
‘ဒါပေမယ့် မြို့တစ်မြို့ရှိနေရင်တောင် မြို့ကလူတွေက သူ့ကို မမြင်နိုင်ကြဘူး မဟုတ်လား။ ဒါပေမယ့် သူ ဒီမြို့မှာ အရင်ဆုံး ပုန်းနေနိုင်တယ်လေ။’
လီဟမ်ရှန်းသည် ခက်ခက်ခဲခဲ လျှောက်လှမ်းခဲ့ကာ မြို့တည်ရှိရာရှေ့သို့ သူမရောက်မီ အချိန်အတော်ကြာခဲ့ပြီး မော့ကြည့်လိုက်လေသည်။ မြို့ပေါ်တွင် ခပ်ကြီးကြီးစာလုံးသုံးလုံး ရေးထားသည်ကို တွေ့လိုက်ရသည်။
“မေ့ပျောက်ခြင်း မြို့တော်”