ရှုံးနိမ့်မှုဖြင့် နောက်ပြန်ဆုတ်ရခြင်း
Vol. 82 Ch. 1221
“ဂျူနီယာချန်....”
နောက်ထပ်မူလနတ္ထိတစ်ယောက်သည် ဒေါသူပုန်ထသွားပြီး သူ၏သိုလှောင်အိတ်ထဲကနေ ဓမ္မလက်နက်တစ်ခုကို ချက်ချင်းပင် ဆွဲထုတ်လိုက်၏။ သူက သူ၏ ဧရာမပုဆိန်ကို လက်နှစ်ဖက်ဖြင့်ကိုင်မြှောက်ပြီး ထောင်ယောင်၏ဦးခေါင်းကို မညှာမတာ ခုတ်ပိုင်းချဖို့လုပ်လိုက်၏။
ထောင်ယောင်က ယိမ်းနွဲ့သွားပြီး ထိုမူလနတ္ထိ၏ရှေ့သို့ ချက်ချင်းပင်ရောက်ရှိသွား၏။
အဲ့ဒါက အရမ်းကိုမြန်ဆန်၏။
ထိုအခိုက်အတန့်တွင် မူလနတ္ထိသည် သူ၏ဧရာမပုဆိန်ကို ကိုင်မြှောက်လိုက်ခါစ ဖြစ်ပြီး အဲ့ဒါကို မခုတ်ပိုင်းရသေးပေ။
ထောင်ယောင်က သူ၏လက်ကိုဆန့်ထုတ်ပြီး နုနယ်သည်ဟုထင်ရသော လက်ဖဝါးဖြင့် ထိုသူ၏ ရင်ဘတ်ကိုပုတ်လိုက်၏။
ဂျွတ်....
ထိုသူ၏ရင်ဘတ်က အနည်းငယ်ချိုင့်ဝင်သွားပြီး အနည်းဆုံး အရိုး ၈ ချောင်းလောက်က ကျိုးသွားခဲ့၏။
ဖွီး....
မူလနတ္ထိက သွေးတစ်လုတ်ကို ထွေးထုတ်ပြီး နောက်သို့လှန်ကျသွား၏။
“အားလုံးပဲ... အတူပူးပေါင်းကြ.. ဒီမိစ္ဆာသားရဲက အစွမ်းအစတစ်ချို့ရှိတယ်”
ထျန်ကျဲ့သည် သူ့မျက်လုံးထဲရှိ အထင်အမြင်သေးမှုကိုရုတ်သိမ်းပြီး တည်ကြည်လေးနက်သောအမူအရာဖြင့် အော်ပြောလိုက်၏။ သူ၏ မူပိုင်ဓမ္မလက်နက်ဖြစ်သော မကောင်းဆိုးဝါးဆန်ဆန် ဓားရှည်တစ်လက်ကို ဆင့်ခေါ်ပြီး ထောင်ယောင်ဆီသို့ ခုတ်ပိုင်းချလိုက်၏။
သူ၏ဓားသည် သားရဲတောကောင်တစ်သောင်း၏သွေးဖြင့် ဖန်တီးထားခြင်းဖြစ်ပြီး အသင်္ချေတောကောင်သွေးဓားဟု ကျော်ကြားလေသည်။ အဲ့ဒါက မူလတာအိုသက်ရှိ ဓမ္မလက်နက်တစ်ခုလည်းဖြစ်၏။
ခုတ်ချက်တစ်ခုသည် သားရဲတောကောင်တစ်သောင်း၏ ပုံရိပ်ယောင်ကိုပင် ဆင့်ခေါ်နိုင်ပြီး အဲ့ဒါက အရမ်းကိုသန်မာလေသည်။
ဒါ့အပြင် ဓားသည် အလွန်တရာ မကောင်းဆိုးဝါးဆန်ပြီး တောကောင်များအားလုံး၏ မကျေမချမ်းမှုများနှင့် ဆိုးယုတ်အော်ရာများပါဝင်လေသည်။ နမော်နမဲ့နိုင်သော မည်သည့်ကျင့်ကြံသူမဆို သူတို့၏ စိတ်ပိုင်းဆိုင်ရာက သက်ရောက်ခြင်းခံရပေလိမ့်မည်။
ဤဓားသည် သူ့ကို ကျားနဂါးဂိုဏ်းမှာ နံပါတ်တစ်မူလနတ္ထိဖြစ်လာဖို့ အရေးကြီးသောနေရာကနေ ပါဝင်ပေးခဲ့၏။
တစ်ချိန်တည်းမှာပင် ကျန်ရှိနေသော ကျားနဂါးဂိုဏ်း ကျင့်ကြံသူ ၈ ယောက်ကလည်း တိုက်ခိုက်လိုက်ကြ၏။
အချို့က လက်ဟန်ချိပ်စည်းများကို ထုတ်ဖော်လိုက်ကြ၏။
အချို့ကဓမ္မလက်နက်များကို ဆင့်ခေါ်ပြီး ထူးဆန်းသောခြေလှမ်းများနှင့်အတူ ထောင်ယောင်ဆီသို့ ချဉ်းကပ်ကာ အနီးကပ်ဝင်လုံးတိုက်ခိုက်ဖို့ပြင်ဆင်လိုက်ကြ၏။
သူတို့သည် တစ်ဂိုဏ်းတည်းသားများဖြစ်သောကြောင့် သူတို့၏အချိတ်အဆက်က လွန်စွာမိနေ၏။
ထောင်ယောင်၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိဘဲ သူ၏ ရင်ဘတ်ကိုပွတ်သပ်လိုက်၏။
မက်မွန်သစ်သားဖြင့် ပြုလုပ်ထားသော ပါးလွှာသေးငယ်သည့် ဓားငယ်လေးတစ်လက်က ပေါ်ထွက်လာ၏။
မက်မွန်ဓားသည် အစက သူ၏လည်ပင်းမှာ ချိတ်ဆွဲထားခြင်းဖြစ်၏။
“သွား....”
ထောင်ယောင်က ညင်သာစွာ အော်ငေါက်လိုက်၏။
မက်မွန်ဓားသည် လေထဲသို့ရောက်ရှိလာပြီး ချက်ချင်းပင်ပြန့်ကားကာ ၃ ပေအထိ ရောက်ရှိလာ၏။ ၎င်း၏ ကိုယ်ထည်က လျှပ်စီးရောင်ခပ်ဖျော့ဖျော့ဖြင့် တောက်ပနေပြီး အသင်္ချေတောကောင်သွေးဓားဖြင့် ထိတွေ့ရိုက်ခတ်လိုက်၏။
“ဟမ့်...”
ထျန်ကျဲ့က လှောင်ရယ်၍ အော်ငေါက်လိုက်၏။
“မင်းက... ကမြောက်ကခြောက် သစ်သားဓားလေးနဲ့များ ဘယ်လိုတောင်တိုက်ခိုက်ရဲတာလဲ... ကျိုးပျက်စမ်း....”
မရေမတွက်နိုင်သော ဓမ္မလက်နက်များသည် အသင်္ချေတောကောင်သွေးဓား၏ ဖျက်ဆီးခြင်းကို ခံခဲ့ရဖူးလေသည်။
မက်မွန်ဓားသည် ထင်ရှားပေါ်လွင်မှုမရှိဘဲ ၎င်းပေါ်တွင် မည်သည့်အင်းကွက်မှလည်း ရှိမနေပေ။ ၎င်း၏ စွမ်းအားက အကန့်အသတ်ရှိရပေမည်။
သစ်သားဓားတစ်လက်ကိုမပြောနှင့် လောကဆိုင်ရာပစ္စည်းများဖြင့် ပြုလုပ်ထားသော သတ္တုဓားတစ်လက်ပင်လျှင် အသင်္ချေတောကောင်ဓား၏ ထက်ရှမှုကို ခံနိုင်ရည်ရှိလိမ့်မည်မဟုတ်ပေ။
ချွမ်း....
အသင်္ချေတောကောင်သွေးဓားသည် မက်မွန်သစ်သားဓားဖြင့် ထိတွေ့ရိုက်ခတ်လိုက်၏။
အဲ့ဒီမှာ မည်သည့်မီးပွားမှ စင်ထွက်မလာခဲ့ပေ။
အဲ့ဒါက ထျန်ကျဲ့ တွေးထင်ထားသည်နှင့်လည်း တူမနေပေ။
ဆန့်ကျင်ဘက်အနေဖြင့် ၎င်းသည်ဒဏ်ရာအပြင်းအထန် ရရှိသွားသည့်အလား သားရဲတောကောင်များ၏ ပုံရိပ်ယောင်များသည် ပေါ်ထွက်လာသည့် ခဏမှာပင် ပြန်လည်ပျက်ပြယ်သွား၏။
ထိုမျှသာမက ဓားပေါ်ရှိ ဆိုးယုတ်သွေးချီကလည်း လုံးဝဖိနှိမ်ခြင်းခံလိုက်ရ၏။
“ဒါက....”
ထျန်ကျဲ့က ကြောင်အ,မှင်တက်သွားခဲ့၏။
ဒဏ္ဍာရီများတွင် မက်မွန်သစ်သားသည် အင်မော်တယ်သစ်သားဖြစ်ပြီး တစ္ဆေသရဲများနှင့် မကောင်းဆိုးဝါးများကို နှိမ်နှင်းနိုင်သည်ဟု ဖော်ပြထားသည်ကို သူကမသိရှိပေ။ ၎င်းက သူ့ဓားကဲ့သို့ ကြမ်းကြုတ်ခက်ထန်သည့်လက်နက်များနှင့် ရင်ဆိုင်ရာမှာ ပို၍အကျိုးသက်ရောက်မှုရှိလေသည်။
သူတို့၏ ဓားနှစ်လက်က ထိတွေ့ရိုက်ခတ်လိုက်ကြ၏။
အသင်္ချေတောကောင်သွေးဓားက လုံးဝအရေးနိမ့်နေ၏။
တစ်ချိန်တည်းမှာပင် များစွာသော ဓမ္မပညာရပ်များက ဆင်းသက်လာခဲ့လေပြီ။
ထောင်ယောင်က တည်ငြိမ်နေ၏။ သူက တည်ကြည်လေးနက်သော အမူအရာတစ်ခုနှင့်အတူ သူ၏လက်နှစ်ဖက်ကို ဝေ့ယမ်းပြီးသူ၏လက်ချောင်းများကို လှုပ်ရှားကာ အလွန်တရာ လွမ်းမောဖွယ်ရာကောင်းသော ပွင်ဖက်ဖွင့်ချပ်များကို လွင့်မျောကျဆင်းလာစေ၏။
ပန်းရောင်ပွင့်ချပ်များသည် လေထဲမှာလွင့်မျော၍ ဓမ္မပညာရပ်များနှင့် ထိတွေ့သွား၏။
ကျားနဂါးဂိုဏ်း၏ ဓမ္မပညာရပ်များသည် ကြောက်စရာကောင်းသော်လည်း သူတို့သည် မက်မွန်ပွင့်ချပ်များ၏ ချေမွဖျက်ဆီးခြင်းကိုခံရပြီး သူတို့၏ ဓမ္မစွမ်းအားများက ပျက်ပြယ်သွား၏။
ဖြောင်း....
ထောင်ယောင်၏ပုံရိပ်က ဖျတ်ခနဲ လှုပ်ရှားသွားပြီး သူ၏လက်ဖဝါးကို ဆန့်ထုတ်ကာ မူလနတ္ထိတစ်ယောက်၏ ပါးပြင်ကိုရိုက်ချလိုက်၏။
ထိုရိုက်ချက်က ထိုသူ၏ပါးတစ်ခြမ်းကို ကြေမွသွားစေ၏။
“လူဆိုးကောင်....”
ထောင်ယောင်က အော်ငေါက်လိုက်၏။
ဘန်းဘန်းဘန်း....
သူ၏ပုံရိပ်က တဖျတ်ဖျတ် ဆက်တိုက်လှုပ်ရှားသွားပြီး ကျားနဂါးဂိုဏ်းမှ လူတိုင်း၏ဘေးကနေ ဖြတ်သန်းသွား၏။ သူက ပြတ်သားစွာတိုက်ခိုက်လိုက်ပြီး ပုံရိပ်များသည် ဆိုးဆိုးဝါးဝါးပုံစံဖြင့် တစ်ယောက်ပြီးတစ်ယောက် လွင့်စင်ထွက်ကုန်၏။
အရင်တုန်းက မျောက်နှင့်အခြားသူများပင်လျှင် ထောင်ယောင်ကို အရှုံးပေးခဲ့ရ၏။
ညဝိညာဥ်မှလွဲလျှင် မျောက်နှင့်အခြားသူများက ထောင်ယောင်၏ဖိနှိမ်ခြင်းကို ခံခဲ့ရလေသည်။
ကျားနဂါးဂိုဏ်းသည် ခန္ဓာမီးဆေးခြင်းမှာ အထူးပြုလေသည်။ ထိုမူလနတ္ထိများ၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးက သန်မာသော်လည်း သူတို့က ထောင်ယောင်ကိုယှဥ်နိုင်ဖို့ ဝေးကွာသေးလေသည်။
တစ်နာရီမပြည့်ခင်မှာပင် မူလနတ္ထိ ၁၀ ယောက်က ထောင်ယောင်ကို အရှုံးပေးလိုက်ကြရ၏။
သူတို့၏ အရိုးများက ကျိုးပဲ့အက်ကွဲကုန်ပြီး လူတိုင်းက ဆိုးဆိုးဝါးဝါး အော်ဟစ်နေရ၏။
တာအိုသက်ရှိ ထျန်ကျဲ့သည် အခြေအနေမဟန်တော့ဘူးဆိုတာ သတိထားမိပြီး အချိန်မီထွက်ပြေးနိင်ခဲ့ခြင်းကြောင့်သာမဟုတ်လျှင် သူသည်လည်းပဲ ထောင်ယောင်၏ဖိနှိမ်ခြင်းကို ခံရပေလိမ့်မည်။
“မင်းတို့တွေကို... အော်ခွင့်မပေးနိုင်ဘူး”
ထိုကျင့်ကြံသူများသည် ဆူဇီမိုကို အနှောင့်အယှက်ပေးမည် စိုးရိမ်သောကြောင့် ထောင်ယောင်သည် လက်နှစ်ဖက်ဖြင့် လက်ဟန်ချိပ်စည်းများကို လှုပ်ရှားကာ ရှေ့သို့စေညွှန်လိုက်၏။
“ချုပ်နှောင်စမ်း....”
လမ်း၏တစ်ဖက်တစ်ချက်စီတွင်ရှိသော မက်မွန်ပင်များပေါ်တွင် များစွာသော မက်မွန်ကိုင်းများက ရူးသွပ်စွာကြီးထွားလာပြီး လှောင်ချိုင့်များကို ယက်လုပ်ကာ မူလနတ္ထိ ၁၀ ယောက်ကို တုတ်နှောင်လိုက်လေသည်။
အဲ့ဒီနောက်... မွှေးပျံ့သောရနံ့တစ်ခုက သစ်ကိုင်းများပေါ်ရှိ မက်မွန်ပွင့်များထံမှ ထွက်ပေါ်လာ၏။
ကျင့်ကြံသူများသည် ငိုက်မျဉ်းလာပြီး သူတို့ခန္ဓာကိုယ်ပေါ်ရှိ နာကျင်မှုများက ချက်ချင်းပင်လျော့ကျသွား၏။ သူတို့အားလုံးသည် တွေဝေစွာဖြင့် ငေးငိုင်ကျသွား၏။
“မင်းတို့လူဆိုးတွေကို အပြစ်ပေးတဲ့အနေနဲ့ ဒီနေရာမှာချုပ်နှောင်ထားရမယ်...”
ထောင်ယောင်က တည်ကြည်လေးနက်စွာပြောလိုက်၏။
ထိုမူလနတ္ထိများသည် ကျားနဂါးဂိုဏ်း၏ ပြိုင်စံရှားများဖြစ်ကြ၏။
မြောက်ပိုင်းဒေသ၏ ကျင့်ကြံရေးလောကမှာပင်လျှင် သူတို့က နာမည်ကြီးပုဂ္ဂိုလ်များဖြစ်ကြ၏။
သို့သော် ယခုအခါ ထိုကျင့်ကြံသူများအားလုံးသည် စိတ်ပျက်အားငယ်ပုံပေါ်နေ၏။
သူတို့သည် လှောင်ချိုင့်များထဲမှာ ပိတ်မိနေပြီး လမ်းမထက်ရှိ မက်မွန်ပင်များပေါ်မှာ ချိတ်ဆွဲခံထားရ၏။ သူတို့က အလွန်တရာ ဆိုးဆိုးဝါးဝါးပုံပေါ်နေ၏။
တာအိုသက်ရှိ ထျန်ကျဲ့သည် ခပ်ဝေးဝေးသို့ရောက်ရှိသွားပြီး ထိုသည်ကိုမြင်သောအခါ စိတ်သက်သာရာရသွား၏။
သူသည် လျင်မြန်စွာ ထွက်ပြေးနိုင်ခဲ့သည်မှာ ကံကောင်းလေသည်။ မဟုတ်ပါက သူသည်လည်းပဲ သူ၏ ဂိုဏ်းသားအဖော်များကဲ့သို့ ဖြစ်သွားပေလိမ့်မည်။ သူသည်လည်းပဲ ရွေးချယ်စရာမရှိပဲ မက်မွန်ပင်များအပေါ်မှာ ချိတ်ဆွဲခံထားရပေလိမ့်မည်။
ဒီမြို့က အရမ်းကိုနတ်ဆိုးဆန်တာပဲ...”
သူ၏အမူအရာက ပျက်ယွင်းသွားပြီး တီးတိုးရေရွတ်လိုက်၏။
“ဒီမက်မွန်ပင်သားရဲက ဘယ်ကနေရောက်လာတလဲ ငါသိချင်မိတယ်... သူက ဘာလို့အဲ့လောက်တောင်သန်မာနေရတာလဲ...”
ခဏမျှစဥ်းစားတွေးတောပြီးနောက် တာအိုသက်ရှိထျန်ကျဲ့က လှည့်ထွက်သွား၏။
ဤအခြေအနေက သူ၏အစွမ်းအစနှင့် သူ၏တွက်ချက်နိုင်စွမ်းထက် ကျော်လွန်သွားခဲ့လေပြီ...။
ကျားနဂါးဂိုဏ်းတွင်.....
“မင်း... ဘာပြောတယ်”
ကျားနဂါးဂိုဏ်း၏ ဂိုဏ်းချုပ်က စားပွဲခုံကို ဝုန်းခနဲပစ်ရိုက်ပြီး မတ်တတ်ထရပ်လိုက်၏။ သူက ဒေါသတကြီးနှင့် ပြောဆိုလိုက်လေသည်။
“မင်းတို့ ၁၁ ယောက်က မူလနတ္ထိအဆင့် မက်မွန်ပင်သားရဲတစ်ကောင်ကို ရှုံးနိမ့်သွားတယ်... ဟုတ်လား”
“အဲ့ဒီမက်မွန်ပင်က အရမ်းကိုကြမ်းတမ်းလွန်းပါတယ်... ကျုပ်တို့က လုံးဝကိုမယှဥ်နိုင်ခဲ့ဘူး”
တာအိုသက်ရှိထျန်ကျဲ့က ခါးသက်စွာဖြင့် ပြောဆိုလိုက်၏။
ကျားနဂါးဂိုဏ်းချုပ်သည် အေးစက်စက်အမူအရာတစ်ခုရှိလာပြီး ခဏမျှစဥ်းစားတွေးတောပြီးနောက် သူက အံကိုကြိတ်ကာ ပြောလိုက်လေသည်။
“ကြည့်ရတာတော့... ငါက ဂျူနီယာညီ ဖေးမင်ကို အကူအညီတောင်းရတော့မယ်နဲ့တူတယ်...”
“ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်လား...”
ဘေးတွင်ရှိသော အကြီးအကဲတစ်ယောက်က မျက်မှောင်ကြုတ်လိုက်၏။
“ဂိုဏ်းချုပ်.... ခင်ဗျားက နဂါးသင်္ချိုင်းတောင်ကြားက မဟာယာန မျိုးနွယ်စုခေါင်းဆောင်ကို အမျက်ထွက်စေပြီး ဂိုဏ်းကိုပါ ဒုက္ခရောက်စေမှာ မစိုးရိမ်ဘူးလား...”
“ခင်ဗျားက... ဘာကိုကြောက်နေတာလဲ”
ကျားနဂါးဂိုဏ်းချုပ်က အေးစက်စွာဖြင့်ပြောလိုက်၏။
“ကျုပ်တို့က ဂျူနီယာညီဖေးမင်ကို အကူအညီတောင်းမယ်ဆိုတာ အထီးကျန်သိုင်းသခင်ကို ကိုင်တွယ်ဖို့မဟုတ်ဘူး... အဲ့ဒီမက်မွန်ပင်သားရဲကို အရင်ဆုံးသတ်ဖြတ်ဖို့ပဲ”
“မက်မွန်ပင်က သားရဲတစ်ကောင်ဖြစ်လာပြီဆိုမှတော့... သူက တခြားသူတွေကို ဒုက္ခပေးနိုင်တာပဲ... အထက်လမ်းဂိုဏ်းသား ကျင့်ကြံသူတွေအနေနဲ့ ကျုပ်တို့က သားရဲတွေကို နှိမ်နင်းသတ်ဖြတ်ခွင့်ရှိတယ်... ဘယ်သူက အဲ့ဒါအတွက် မေးခွန်းထုတ်နိုင်မှာလဲ”
ကျားနဂါးဂိုဏ်းချုပ်က ရှင်းလင်းစွာတွေးတောထား၏။ ထောင်ယောင်ကို သတ်ဖြတ်ပြီးနောက် သူတို့သည် ယခင်အစီအစဥ်အတိုင်း ဆူဇီမိုကို ပြန်လည် ကိုင်တွယ်နိုင်မည်ဖြစ်၏။
“အဲ့လိုဆိုရင်တောင်....”
အကြီးအကဲက ဖျောင်းဖျချင်သော်လည်း ကျားနဂါးဂိုဏ်းချုပ်က သူ့ကိုငြင်းဆန်လိုက်၏။
“အကြီးအကဲ... ဘာမှထပ်ပြောနေစရာမလိုတော့ဘူ... ကျုပ်က ဆုံးဖြတ်ချက်ချပြီးသွားပြီ”
ကျားနဂါးဂိုဏ်းချုပ်က လေးနက်သောအသံဖြင့်ပြောလိုက်၏။
“ကျုပ်တို့က ဒီကိစ္စကို အမြန်ဆုံးလုပ်ရမယ်... အဲ့ဒီသတင်းက ပျံ့နှံ့သွားတာနဲ့ တခြားအပြောင်းအလဲတွေက ပေါ်ထွက်လာလိမ့်မယ်”
သူထင်မှတ်ထားသည့်အတိုင်းပင်....
သိပ်မကြာမီ မြောက်ပိုင်းဒေသ၏ အဆင့်မြင့်ဂိုဏ်းများနှင့် ရှေးတော်ဝင်မိသားစုများအပြင် ဆန်းကြယ်တောင်ထွတ်နှင့် မဟာကျိုးအင်ပါယာသည် ထိုသတင်းကို လက်ခံရရှိလိုက်ကြ၏။
အထီးကျန်သိုင်းသခင်က နဂါးသင်္ချိုင်းတောင်ကြားကနေထွက်ခွာပြီးနောက် ပင်ယန်းမြို့သို့ရောက်ရှိလာပြီး... အခြေအနေက ဆက်လက်မသိရသေးပေ။