← Chapters

မြို့ရှေ့က တိုက်ပွဲ

Vol. 82 Ch. 1223

မြို့ရှေ့က တိုက်ပွဲ

Vol. 82 Ch. 1223

“ဒါက ပင်ယန်းမြို့တဲ့လား”

ငါးကီလိုမီတာအဝေး.. တောင်ထွတ်တစ်ခုပေါ်တွင် နက်မှောင်နေသော မြူခိုးလွှာတစ်ခုနှင့် ပုံရိပ်တချို့ကို ခပ်ရေးရေး မြင်နိုင်၏။ အဲဒီမှာ စုစုပေါင်း သူတို့က အယောက်တစ်ရာကျော်ရှိနေ၏။

“ဒီမြို့က ကြည့်ရတာတော့ သိပ်လည်းမကြီးပါဘူး.. အထီးကျန်သိုင်းသခင်လို ပြန်ဝင်စား မွန်းစတားတစ်ယောက်က ဒီနေရာမှာ ဘယ်လိုမျိုး မွေးဖွားလာသလဲ ငါသိချင်မိတယ်”

“ငါကြားတာတော့.. တစ်မူထူးခြားတဲ့ တိုက်ခိုက်ရည်ခွန်အားနဲ့ မက်မွန်ပင်သားရဲက ပင်ယန်းမြို့ကို စောင့်ရှောက်နေတယ်.. သူက အထီးကျန်သိုင်းသခင်ကို စောင့်ရှောက်နေပြီး ကျားနဂါးဂိုဏ်းက တာအိုသက်ရှိ ထျန်ကျဲ့ကိုတောင် ရိုက်နှက်ပြီး မောင်းထုတ်ခဲ့သေးတယ်”

“ဟေး.. အဲဒီမက်မွန်ပင်ပေါ်မှာ လှောင်ချိုင့်တချို့ မတွေ့ဘူးလား.. အဲဒီထဲမှာ ကျားနဂါးဂိုဏ်းက မူလနတ္ထိတွေကို အကျဉ်းချထားတယ်”

အနက်ရောင်မြူခိုးများအတွင်းတွင် ယင်တစ္ဆေဂိုဏ်းမှ တာအိုအရှင် မဟူရာသားရေနှင့် အခြားသူများ ရှိနေကြ၏။

ထိုစဉ်မှာပင်.. တာအိုအရှင် မဟူရာသားရေ၏ အမူအရာက ပြောင်းလဲသွားပြီး အနောက်မြောက်ဘက်ကို လှမ်းမျှော်ကြည့်လိုက်၏။

နီရဲနေသော တိမ်စိုင်တစ်ခုက ညှီစို့စို့ အနံ့တစ်ခုနှင့်အတူ တလိပ်လိပ် တက်လာခဲ့၏။

“အဲဒါက သွေးမြူဂိုဏ်းက လူတွေပဲ”

သူက အေးစက်စက် နှာတစ်ချက်မှုတ်လိုက်၏။

“ဟိုမှာကြည့်လိုက်ဦး.. ခုနှစ်မျိုးသတ်ဖြတ်ခြင်းဂိုဏ်းက ကျင့်ကြံသူတွေလည်း ရောက်လာကြပြီ”

“စိတ်ဝင်စားဖို့တော့ ကောင်းလာပြီ”

“အထီးကျန်သိုင်းသခင် ကျဆုံးသွားတာနဲ့.. ပင်ယန်းမြို့က သေချာပေါက် သွေးချောင်းစီးတော့မှာပဲ”

များစွာသော ကျင့်ကြံသူများက တိတ်တဆိတ် ဆွေးနွေးနေကြ၏။

သို့သော်လည်း.. ယင်တစ္ဆေဂိုဏ်း၊ သွေးမြူဂိုဏ်းနှင့် ခုနှစ်မျိုးသတ်ဖြတ်ခြင်းဂိုဏ်းမှ မည်သည့်ကျင့်ကြံသူကမှ ပင်ယန်းမြို့ထဲသို့ အတင်းဝင်ရောက်ခြင်း မရှိကြပေ။

သူတို့က တိတ်တဆိတ်ဖြင့် စောင့်ဆိုင်းနေကြ၏။

သူတို့သည် အထီးကျန်သိုင်းသခင် ကွယ်လွန်သွားမည့်အချိန်ကို စောင့်ဆိုင်းနေကြခြင်းဖြစ်၏။

သူတို့က စောင့်ဆိုင်းနိုင်သော်လည်း မစောင့်ဆိုင်းနိုင်သည့် လူတချို့ ရှိနေသေး၏။

သိပ်မကြာမီ.. ကျားနဂါးဂိုဏ်းမှ တာအိုအရှင် ဖေးမင်က ဓမ္မဝိသေသတာအိုအရှင် တစ်ရာကျော်နှင့်အတူ ရောက်ရှိလာခဲ့၏။ သူတို့က​ လွှမ်းမိုးခြယ်လှယ်နိုင်သော စွမ်းပကားတစ်ခုကို ထုတ်ဖော်ပြီး သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်လျှမ်းနေကြ၏။

တာအိုအရှင် မဟူရာသားရေနှင့် အခြားသူများ၏ အမူအရာများက အနည်းငယ်ပြောင်းလဲသွားကြ၏။

“ကျားနဂါးဂိုဏ်းက ရှိသမျှအကုန် ထုတ်သုံးလာတာပဲ”

“ဒီအစုအဝေးကို ကြည့်မယ်ဆိုရင်.. ကျားနဂါးဂိုဏ်းက ဓမ္မဝိသေသတာအိုအရှင် အများစုက ဒီကိုရောက်လာကြတာပဲ ဖြစ်ရမယ်”

“ကြည့်ရတာတော့.. ကျားနဂါးဂိုဏ်းက အထဲကို အတင်းဝင်ရောက်တော့မယ့်ပုံပဲ”

“အဲ့လိုဆိုလည်း ကောင်းတာပေါ့.. ကျားနဂါးဂိုဏ်းက အထီးကျန်သိုင်းသခင်ကို သတ်လိုက်မယ်ဆိုရင် ငါတို့က ဆက်ပြီးစောင့်နေစရာ မလိုတော့ဘူးပေါ့.. အဲဒီအချိန်ကျရင် ငါတို့က အထီးကျန်သိုင်းသခင်ရဲ့ ပိုင်ဆိုင်မှုတွေအတွက် တိုက်ရိုက်ဝင်ပြီး တိုက်ခိုက်လိုက်ရုံပဲ”

တာအိုအရှင် မဟူရာသားရေနှင့် အခြားသူများက တိတ်တဆိတ် ဆွေးနွေးပြောဆိုနေကြ၏။

ထင်မှတ်ထားသည့်အတိုင်းပင်…

တာအိုအရှင် ဖေးမင်သည် ရောက်ရှိဆင်းသက်လာပြီးနောက်.. သူက ပင်ယန်းမြို့ကို ငုံ့ကြည့်ကာ လက်ထောင်ပြလိုက်၏။ အေးစက်စက် အကြည့်နှင့်အတူ သူက အမိန့်တစ်ခုကို ပေးလိုက်၏။

“ပင်ယန်းမြို့ထဲက အဲဒီ မက်မွန်ပင်သားရဲက နတ်ဆိုးပဲ.. တာအိုရောင်းရင်းတို့.. သူ့ကို သတ်လိုက်ကြရအောင်”

“လူဆိုးကောင်တွေ”

ပင်ယန်းမြို့ထဲတွင် ထောင်ယောင်က ပေါ်ထွက်လာပြီး တာအိုအရှင် ဖေးမင်နှင့် အခြားသူများကို အော်ငေါက်လိုက်၏။

သူသည် အရင်တုန်းက ဤမျှအထိ ဘယ်တုန်းကမှ ဒေါသမထွက်ခဲ့ဖူးပေ။

အတိတ်ကာလတုန်းက မိစ္ဆာသားရဲများနှင့် ကျင်ကြံသူများက ပင်ယန်းမြို့ကို နှောင့်ယှက်ဖျက်ဆီးဖို့ ကြိုးစားခဲ့လျှင်တောင် သူက သူတို့ကို မောင်းထုတ်ခဲ့သည်ချည်းသာဖြစ်၏။

သို့သော်လည်း ထိုအခိုက်အတန့်တွင် ထောင်ယောင်က အမှန်တကယ်ပင် ဒေါသထွက်လာခဲ့လေပြီ။

ဘာလို့လဲ…။

သူ၏သခင်လေးက သူ့ဘဝ၏ နေဝင်ချိန်သို့ ရောက်ရှိနေပြီး နေရဖို့အတွက် အချိန်များစွာ မကျန်ရှိတော့ပေ။ ဒီလူဆိုးတွေက ဘာကြောင့် အဲ့လောက်ထိ ရက်စက်ချင်ရတာလဲ..။

သူသည် ကြင်နာတတ်သော နှလုံးသားရှိပြီး ထိုသဘောတရားကို နားမလည်နိုင်ပေ။

“သူက မူလနတ္ထိ မက်မွန်ပင်တစ်ပင်ပဲ.. မင်းက ဘာလုပ်နိုင်မလဲ ကြည့်ရသေးတာပေါ့”

ကျားနဂါးဂိုဏ်း၏ ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်က လှောင်ရယ်မော၍ ရှေ့သို့တက်လှမ်းလိုက်၏။ သူ၏ လက်သီးကို ဆုပ်ပြီး ထောင်ယောင်ဆီသို့ ပစ်ထိုးလိုက်၏။

“အား..”

ထောင်ယောင်က စူးခနဲ တစ်ချက်အော်၍ သူ၏သွေးချီကို ပေါက်ကွဲထွက်ပေါ်လာစေ၏။

တကယ်ဆို.. သူ၏ခန္ဓာကိုယ်ထဲမှ ဆူနာမီအသံပင် ထွက်ပေါ်လာခဲ့၏။

ဆူနာမီသွေး..

ထောင်ယောင်သည် မူလနတ္ထိအဆင့်မှာပင် ရှိသော်လည်း သူ၏ တိုက်ခိုက်ရည်ခွန်အားက တျဲယွဲ့၏ အမွေအနှစ်ကြောင့် အရမ်းကို သန်မာနေခဲ့ပြီဖြစ်၏။

သူသည် ထိုသူ၏ လက်သီးကို ပြန်လှန်ထိုးနှက်လိုက်၏။

ဘန်း..

လက်သီးနှစ်လုံးက ထိတွေ့ရိုက်ခတ်လိုက်ကြ၏။

ကျားနဂါးဂိုဏ်း၏ တာအိုအရှင်သည် တုန်လှုပ်သွားပြီး နောက်သို့ ထပ်တလဲလဲ ဆုတ်လိုက်ရ၏။ သူ၏ ဝတ်ရုံစက စုတ်ပြဲသွားပြီး သူ့လက်ပေါ်ရှိ အရေပြားက ကြေမွကာ သွေးစီးကြောင်းများ ထွက်ပေါ်လာ၏။

အို…

ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများက ပင့်သက်ကို ရှိုက်လိုက်ကြ၏။

ကျားနဂါးဂိုဏ်းသည် ခန္ဓာမီးဆေးခြင်းမှာ အထူးပြုလေသည်။

ကျားနဂါးဂိုဏ်းမှ တာအိုအရှင်တစ်ယောက်သည် မူလနတ္ထိ တာအိုသက်ရှိတစ်ယောက်နှင့် အနီးကပ် တိုက်ခိုက်ခဲ့ပြီး အမှန်တကယ်ပင် အရေးနိမ့်ခဲ့လေသည်။

ဤမက်မွန်ပင်သားရဲ၏ တိုက်ခိုက်ရည်ခွန်အားက တကယ့်ကို ကြောက်စရာကောင်းလေသည်။

စောစောကသူက မူလနတ္ထိအဆင့်သာ ဖြစ်မည်ဆိုလျှင် ထောင်ယောင်၏ ထိုးချက်သည် ထိုသူ၏ လက်တစ်ဖက်ကို စုတ်ပြတ်သတ်သွားစေပေလိမ့်မည်။

“အဲ့လိုဆိုလည်း အလုပ်မဖြစ်သေးဘူး”

“အမှန်ပဲ.. မက်မွန်ပင်သားရဲက ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်ကို အနိုင်ယူနိုင်တယ်ဆိုရင်တောင်.. လက်သီးနှစ်ဖက်က လက်လေးဖက်ကို မယှဉ်နိုင်ဘူး.. ကျားနဂါးဂိုဏ်းမှာက မူလနတ္ထိ ဓမ္မဝိသေသ တစ်ရာကျော်ရှိတဲ့အတွက် မက်မွန်ပင်သားရဲက သိပ်ကြာ​ကြာ တောင့်ခံနိုင်မှာ မဟုတ်ဘူး”

တာအိုအရှင် မဟူရာသားရေနှင့် အခြားသူများက တိတ်တဆိတ်​ ဆွေးနွေးရင်း ခေါင်းခါလိုက်ကြ၏။

လေထဲတွင် တာအိုအရှင် ဖေးမင်သည် ထိုမြင်ကွင်းကို မြင်သောအခါ မျက်မှောင် အနည်းငယ်ကြုတ်လိုက်၏။

“အားလုံးပဲ.. အတူပူးပေါင်းလိုက်ကြ.. ဘာမှ ထိန်ချန်နေစရာ မလိုဘူး”

ပင်ယန်းမြို့ပတ်လည်တွင် ကျင့်ကြံသူများက ပိုပို၍ စုဝေးလာနေသည်ကို သူက သတိထားမိလိုက်၏။

ကိစ္စများက ဆက်လက်၍ ကြန့်ကြာနေလျှင် အပြောင်းအလဲ တစ်စုံတစ်ရာ ဖြစ်ပေါ်မလာဘူးဟု အာမမခံပေ။

“ကျားနဂါးနင်းချေခြင်း”

“ခုနှစ်စဉ်ကြယ်ခုတ်ချက်”

“ရောင်ဝါထိန်လင်း ကြမ်းကြုတ်နေမင်း”

ဓမ္မဝိသေသ တာအိုအရှင် တစ်ရာကျော်သည် တစ်ချိန်တည်းနီးပါး တိုက်ခိုက်လိုက်ကြပြီး ဓမ္မအတတ်များက တစ်ခုပြီးတစ်ခု ဆင်းသက်၍ ကောင်းကင်ကို ဖုံးအုပ်ကာ လောကကို တုန်ခါသွားစေ၏။

ထောင်ယောင်က ပြင်းထန်သော အန္တရာယ်အငွေ့အသက်တစ်ခုကို ခံစားလိုက်ရ၏။

သူ၏ အမွေအနှစ်က သန်မာပြီး သူ၏ ပါရမီအလားအလာက အကန့်အသတ်မဲ့လေသည်။ သို့သော်လည်း သူ၏ ကျင့်ကြံမှုအဆင့်သည် ဤနေ့အချိန်ထိတော့ အကန့်အသတ်ရှိနေပြီး သူက ဓမ္မဝိသေသ တာအိုအရှင် တစ်ရာကျော်၏ တိုက်ခိုက်မှုတွင် သိပ်သည်းပြင်းထန်သည့် ဖိအားကို ခံစားလိုက်ရ၏။ အဲဒါက မွန်းကျပ်ဖွယ်ရာကောင်းလေသည်။

အဲဒီမှာ စဉ်းစားနေဖို့ အချိန်မရပေ။

ထောင်ယောင်က သူ၏ အစစ်အမှန်ပုံစံသို့ အလိုလိုပြောင်းလဲလိုက်ရ၏။

ပင်ယန်းမြို့ အပြင်ဘက်တွင် ဧရာမ မက်မွန်ပင်သည် တလက်လက်တောက်ပနေသော သစ်ရွက်များနှင့်အတူ ကောင်းကင်ထက်သို့ မြင့်တက်လာခဲ့၏။ မရေမတွက်နိုင်သော မက်မွန်ပွင့်များသည် ချက်ချင်းပင် ဖူးပွင့်လာပြီး ဓမ္မစွမ်းအားများကို ထုတ်ဖော်လိုက်၏။

ဘန်း.. ဘန်း.. ဘန်း..

များစွာသော ဓမ္မအတတ်များသည် ဖူးပွင့်လာသော မက်မွန်ပွင့်များနှင့် ထိတွေ့ရိုက်ခတ်ပြီး ကမ္ဘာတုန်လောက်သော ပေါက်ကွဲသံများကို ထွက်ပေါ်လာစေ၏။

ထောင်ယောင်က တဆတ်ဆတ် တုန်ယင်သွား၏။

ဓမ္မဝိသေသ တာအိုအရှင် တစ်ရာကျော်၏ ခွန်အားက တကယ့်ကို သန်မာလေသည်။

သူပင်လျှင် အဲဒါကို မခုခံနိုင်တော့ပေ။

သူတို့က ထိတွေ့ဖလှယ်လိုက်သည့် ခဏမှာပင် သူက ဒဏ်ရာအပြင်းအထန် ရရှိသွားပြီဖြစ်၏။

သို့သော်လည်း ထောင်ယောင်က နောက်ဆုတ်ဖို့ကို လုံးဝ ငြင်းဆန်လေသည်။

ပင်ယန်းမြို့က သူ့နောက်မှာ ရှိနေ၏။

အဲဒီမှာ ချစ်စရာကောင်း၍ ကြင်နာတတ်သော မြို့သူမြို့သားများနှင့် သူ၏ သခင်လေးပါ ရှိနေ၏။

သူက ဤလူဆိုးများကို အထဲသို့ ဝင်ရောက်ခွင့် မပေးနိုင်ပေ။

မမြင်ရသော မြေအောက်အနက်ပိုင်းထဲသို့ တုတ်ခိုင်သော သစ်မြစ်များက တိုးဝင်သွားပြီး သူက လုံးဝ နောက်ဆုတ်ခြင်း မရှိဘဲ သူ့ကိုယ်သူ အမြစ်တွယ်ခြေကုပ်ရယူလိုက်၏။

“အား.. ခင်ဗျားတို့ လူဆိုးတွေ..”

မက်မွန်ပင်သည် ဝမ်းနည်းမှု တစ်စွန်းတစ်စနှင့်အတူ စူးစူးဝါးဝါး အော်ဟစ်လိုက်၏။

သစ်ကိုင်းများက ကခုန်၍ လေထဲတွင်​ နောက်ချန်ပုံရိပ်များကို ဖြစ်ပေါ်စေပြီး တဝီဝီအော်မြည်ကာ တာအိုအရှင် ဖေးမင်နှင့် အခြားသူများကို တဖုန်းဖုန်း ရိုက်ခတ်လိုက်၏။

ဖောက်.. ဖောက်.. ဖောက်..

အငိုက်မိ၍ ဓမ္မဝိသေသ တာအိုအရှင်တချို့သည် မက်မွန်ပင်သစ်ကိုင်းများ၏ ရိုက်နှက်ခြင်းကို ခံရပြီး သူတို့၏ အဝတ်များက စုတ်ပြဲသွားကြ၏။ ချက်ချင်းပင် သူတို့၏ ခန္ဓာကိုယ်ပေါ်မှာ သွေးရောင်ဒဏ်ချက်များက ပေါ်ထွက်လာပြီး သူတို့က လွင့်စင်ထွက်သွားကြ၏။

ထောင်ယောင်က အမှန်တကယ် ဒေါသထွက်လာလျှင်တောင် မည်သူ့ကိုမှ မသတ်ဖြတ်​ပေ။

သူသည် ထပ်တလဲလဲဖြင့်သာ အော်ဟစ်ပြောဆိုနေ၏။

“လူဆိုးကောင်တွေ.. ထွက်သွားကြ.. ငါ့ကိုထပ်ပြီး ဖိအားမပေးနဲ့တော့”

“ထောင်ယောင်.. ဘာမှမပူနဲ့.. ငါတို့လာပြီဟေ့”

ကျယ်လောင်သော ဟိန်းဟောက်သံက ခပ်လှမ်းလှမ်းကနေ ထွက်ပေါ်လာခဲ့၏။

ခပ်လှမ်းလှမ်းကနေ ရွှေရောင်အလင်းတန်းတစ်ခုက ကောင်းကင်ထက်ကနေ ဆင်းသက်လာပြီး မိုးကြိုးစွမ်းအားကို သယ်ဆောင်ကာ လူအုပ်ကြီးထဲသို့ ပစ်ဝင်ကျဆင်းလာ၏။

တာအိုအရှင် ဖေးမင်နှင့် အခြားသူများ၏ အမူအရာက ပြောင်းလဲသွားပြီး ဘေးဘက်သို့ ရှောင်တိမ်းလိုက်ကြ၏။

ဘုန်း..

ရွှေရောင်အလင်းက ဆင်းသက်လာပြီး မြေပြင်က တုန်ခါသွား၏။

ချိုင့်ခွက်တစ်ခုက နေရာမှာပင် ဖြစ်ပေါ်လာ၏။

ရွှေရောင်တောင်ဝှေးတစ်ချောင်းက မားမားမတ်မတ် စိုက်ထူနေလေသည်။

မလှမ်းမကမ်းတွင် သားမွေးရှည်နှင့် မျက်လုံးနှစ်ဖက် နီရဲနေသော မျောက်တစ်ကောင်က ခုန်ဝင်လာခဲ့၏။

ခြေတစ်လှမ်းတိုင်း သူသည် ပေပေါင်းများစွာ ခုန်တက်ပြီး သူ၏ရင်ဘတ်ကို တဖုန်းဖုန်း ထုရိုက်ကာ ကျယ်လောင်သော မြည်ဟည်းသံများကို ထွက်ပေါ်လာစေ၏။

မျောက်၏ နောက်တွင် မိစ္ဆာသားရဲတစ်ကောင် ပါလာ၏။

အဲဒါက ကြမ်းကြုတ်ခက်ထန်သော သားရဲကျား ဖြစ်လေသည်။

အဲဒီမှာ စွမ်းပကားကြီးမားသော ရွှေခြင်္သေ့တစ်ကောင်လည်း ပါလာ၏။

အဲဒီမှာ ပုံရိပ်ယောင်တစ်ခုကဲ့သို့ လှစ်ခနဲ လှစ်ခနဲ လှုပ်ရှားနေသော ညဝိညာဉ်လည်း ရောက်ရှိလာ၏။

တစ်ချိန်တည်းမှာပင်.. ကြိုးကြာအော်မြည်သံတစ်သံက ထွက်ပေါ်လာခဲ့၏။

ဆန်းကြယ်တောင်ထွတ်မှ အင်မော်တယ်ကြိုးကြာအိုကြီးက ဆင်းသက်လာခဲ့လေပြီ။

ရွှေရောင်ဆံပင်နှင့် အစိမ်းရောင်မျက်လုံးများကို ပိုင်ဆိုင်ထား​သော မိန်းကလေးတစ်ယောက်သည် အင်မော်တယ်ကြိုးကြာအိုကြီးပေါ်မှာ မတ်တတ်ရပ်နေ၏။ သူမ၏ ခန္ဓာကိုယ်က ရွှေရောင်​သွေးချီဖြင့် ပြည့်လျှမ်းနေပြီး သူမ၏အကြည့်က တောက်လောင်ပြင်းပြနေ၏။

All Chapters