← Chapters

အင်တာနက် တိုက်ပွဲ

Vol. 44 Ch. 653

အင်တာနက် တိုက်ပွဲ

Vol. 44 Ch. 653

“ဘာ … မဖြစ်နိုင်ဘူးလေ”

အခြားသူများက ကွန်ပျူတာကို အလျင်အမြန် ကြည့်လာပြီး စာလုံးအချို့ကို ရိုက်လိုက်သည်။

အိုးရန်ချင်းသည်လည်း မျက်မှောင်ကြုတ်သွားသည်။

“ငါတို့ရဲ့ အဓိက အနုပညာ Website အားလုံး တစ်ချိန်တည်း အဟက်ခံရတာလား၊ ဒါ အရမ်း ထူးဆန်းတယ်၊ website တိုင်းက သူ့နည်းသူ့ဟန်နဲ့ ဟာကွက်တွေ ရှိတာ၊ သာမန် ဟက်ကာတွေက ဒီလောက်ကြီး စွမ်းဆောင်နိုင်ဖို့ မဖြစ်နိုင်ဘူး”

ထို့‌ောနက် သူမသည် website ကို နှိပ်ကြည့်လိုက်ပြီးနောက် တွေ့လိုက်ရသည့် အရာကြောင့် အံ့ဩသွားရသည်။

“တကယ် အဟက်ခံလိုက်ရတာပဲ”

ရဲ့လင်းချန် မျက်မှောင်ကြုတ်၍ ကြည့်နေသည်။

လက်ရှိတွင် အနုပညာ website အားလုံးကို ဝင်၍ မရနိုင်ပေ။ သူတို့၏ ဖန်သားပြင်က ပြာနေပြီး ဝက်ခေါင်းပုံကိုသာ မြင်နေရသည်။ တရုတ်၊ ကိုရီးယားနှင့် အင်္ဂလိပ်စသည့် နိုင်ငံပေါင်းစုံမှ စာများက ဖန်သားပြင်ပေါ်၌ ပလူပျံ့နေ၏။

“ဝက်တရုတ်တွေ၊ ဝါးဟားဟားဟား”

“သေလိုက်တော့ အမှိုက်တွေ”

“အရှေ့အာရှက ငပျော့ကောင်၊ ခွေးကောင်တွေ”

“ဒူးထောက်ပြီး ငါတို့ကို လျှာနဲ့လျက်စမ်း”

အိုးရန်ချင်း၏ အဖွဲ့မှလူတိုင်း အကြီးအကျယ် မျက်နှာထား ပြောင်းလဲသွားကြသည်။

“သူတို့က ဟက်ကာတွေပဲ၊ သူတို့က နိုင်ငံခြားကပဲ”

“ဆိုးရွားလိုက်တာ၊ ဟက်ကာတွေက ငါတို့ကို တိုက်ခိုက်နေတာလား”

ဟောင်ယွင်က စိတ်ဆိုးမာန်ဆိုး မေးလာသည်။

“ဥက္ကဋ္ဌရဲ့၊ ကျွန်မတို့ စိတ်ပူသင့်လား”

တစ်စုံတစ်ယောက်က မနေနိုင်ဘဲ မေးလေသည်။

“အခြေအနေကို စောင့်ကြည့်ကြတာပေါ့၊ အခုအချိန်မှာ ငါတို့ ကြားဝင်ချင်တာကို ထိန်းထားသင့်တယ်”

ရဲ့လင်းချန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

အဓိက အနုပညာ website များကို တိုက်ခိုက်ခြင်းက သေးငယ်သော ဖြစ်ရပ် မဟုတ်ပေ။ ဟက်ကာများက ပြင်ဆင်ထားမှန်း သိသာနေပြီး လှုပ်ရှားရန် ပညာရှင်များကို ခေါ်ထားလောက်သည်။

လက်ရှိ အခြေအနေကို သုံးသပ်ကြည့်ရသလောက်ဆိုလျင် ဤသို့သော လှုပ်ရှားမှုကြီး၏ နောက်ကွယ်၌ ကိုရီးယားနိုင်ငံ၏ ဟက်ကာများ ရှိနေနိုင်သည်မှာ သေချာလှသည်။ ကင်ဟျွန်းမင်၏ မတော်တဆမှုမှ စိတ်အချဉ်ပေါက်ခြင်းများနှင့် နတ်ဆေးဆရာဝိုင်၏ ကြားဝင် စွက်ဖက်မှုက လူအချို့အား သည်းမခံနိုင်အောင် ဖြစ်စေခဲ့သည်။

ယင်းက လက်စားချေခြင်း လုပ်ရပ်ဖြစ်ကြောင်း သိသာလှပေသည်။

ထို့အပြင် … ယုတ္တိအတန်ဆုံး ဖြစ်နိုင်ချေမှာ သူတို့သည် ခွေးရူးပြန်ရောဂါပိုး ကုသဆေးညွှန်းအတွက် လာခြင်းပင်။

ရဲ့လင်းချန်သည် ဟာကွက်များကို ချက်ချင်း စပ်ဆက်မိသွားသည်။

ရဲ့လင်းချန်က သူတို့ကို မလှုပ်ရှားရန် ပြောထားသဖြင့် အိုးရန်ချင်းနှင့် အခြားသူများသည် ပြောင်းလဲမှုများကို ဘေးမှ မျက်ခြေမပြတ် စောင့်ကြည့်နေကြသည်။

“သူတို့ ဘာလို့ ပြန်မရသေးတာလဲ”

“ဘာတွေ ဖြစ်နေတာလဲ၊ ဒီလိုကိစ္စမျိုးတွေအတွက် သူတို့ မပြင်ဆင်ထားတော့ မဖြစ်နိုင်ပါဘူး၊ ဟုတ်တယ်မလား”

“အဓိက အနုပညာ website အားလုံး ပြိုလဲပြီးတော့ ဆိုးဆိုးရွားရွား နင်းခြေခံနေရတယ်”

“မဖြစ်နိုင်ဘူး၊ ဒီလိုတိုက်ခိုက်မှုအတွက် ဘာခံစစ်မှု မရှိတာလား”

“သေစမ်း၊ တောင့်ထားကြ၊ အခြား website တွေလဲ ထိနေပြီ”

အဖွဲ့ထဲမှ အခြားသူတစ်ယောက်က အလန့်တကြား ပြောလာသည်။

အိုးရန်ချင်း၏ လက်ချောင်းများက ကီးဘုတ်ပေါ် ပြေးလွှားနေပြီး သူမမျက်နှာက အနည်းငယ် ပြောင်းလဲသွားသည်။ သူမက လေးနက်စွာ ပြောလေသည်။

“ရုပ်သံဌာနတွေရဲ့ တရားဝင် website တွေလဲ အဟက်ခံနေရပြီ၊ သူတို့တွေ လုံးဝ ကျသွားပြီးတော့ ဟက်ကာတွေက သူတို့ ပစ်မှတ်တွေကို ပိုချဲ့လာပြီ၊ ကုမ္ပဏီတွေရဲ့ website တွေလဲ အထိခံနေရပြီ”

အင်တာနက်ပေါ်မှ လူမမှန်မှုကို အားလုံး သတိထားမိပြီး မကြာခင်မှာပင် လူအများက ပျာယာခတ်လာကြသည်။

[website တော်တော်များများ အဟက်ခံနေရတာကို တစ်ယောက်ယောက် သတိထားမိကြရဲ့လား]

[ချီးပဲ၊ သူတို့က ငါတို့ကို ဆဲနေတယ်၊ ဒါ ကိုရီးယားနိုင်ငံက ဟက်ကာပဲ ဖြစ်ရမယ်]

[သူတို့ကို ခုခံလေ၊ ပြန်တိုက်လေ၊ သေစမ်း … ငါတို့ တရုတ်ဟက်ကာတွေ ဘယ်ရောက်နေတာလဲ၊ ထွက်လာပြီး ကူညီကြပါဦးဟ]

သို့သော် သိပ်မကြာခင်မှာပင် Weibo က ပြိုလဲသွားပြီး မခိုးမခန့် လှောင်ပြောင်နေသော မျက်နှာပုံက အစားထိုး ပေါ်လာသည်။

အခြေအနေက ပို၍ ဆိုးရွားလာသော်လည်း တရုတ်ဟက်ကာများစွာက ပူးပေါင်း၍ တန်ပြန် တိုက်စစ်ဆင်နေပြီ ဖြစ်သည်။ သူတို့၏ ဂုဏ်သိက္ခာက ချောက်ကမ်းပါးနားသို့ ရောက်နေပြီး သူတို့ အစွမ်းကုန် တိုက်ခိုက်ရ ပေတော့မည်။

“ဒါရိုက်တာ အိုးရန်၊ ကျွန်တော်တို့ ဘာလုပ်ကြမလဲ”

လူတစ်ယောက်က ဝင်ပါရန် စိုင်းပြင်းလျက် ရှိနေလေသည်။

“သေချာ အာရုံစိုက်ထား၊ တစ်ယောက်ယောက်က ငါတို့ကုမ္ပဏီရဲ့ Website ကို မျက်စိကျနေပြီ”

အိုးရန်ချင်းက အေးစက်သော အမူအရာနှင့် ပြောလိုက်သည်။

“ယီးပဲကွာ၊ သူတို့ အသက်ရှင်နေရတာ ပျင်းနေပြီထင်တယ်၊ သူတို့ကများ ငါတို့ကုမ္ပဏီကို မျက်စိကျရဲရတယ်လို့”

“ငါတို့ကို ရန်စလို့ ရတယ်လို့ သူတို့က ထင်နေတာလား၊ ငါ တစ်ခုတည်း ပြောတော့မယ်၊ သူတို့ကို -င်ချလိုက် ရအောင်”

“ငါ့မှာ ကွန်ပျူတာသိပ္ပံနဲ့ ကျောင်းပြီးတဲ့ အတန်းဖော်တွေ အများကြီး ရှိတယ်၊ ဟက်ကာတွေကို ပူးပေါင်းပြီး တိုက်စစ် ဆင်နိုင်ဖို့ သူတို့ကို ငါ ဆက်သွယ်လိုက်မယ်”

“ငါတို့ ကုမ္ပဏီရဲ့ လူအင်အားကို ငါ စီစဉ်လိုက်မယ်”

အိုးရန်ချင်း ပင့်သက်ရှိုက်လိုက်မိသည်။

“တစ်ဖက်လူရဲ့ နည်းပညာက အရမ်းမြင့်တယ်၊ သူတို့က ဘာထောင်ချောက်မှ ကြိုမထားထားဘူး၊ ဒါ တိုက်ရိုက် ကျူးကျော်တာပဲ၊ တိုက်ရိုက် ထိန်းချုပ်မှုယူပြီး နေရာတိုင်းကနေ IP လိပ်စာတွေကို ယူထားတာ၊ ငါတို့ ကုမ္ပဏီရဲ့ Website က လုံလုံလောက်လောက် ခုခံနိုင်တဲ့အထိ အင်အားကောင်းလို့ တော်သေးတယ်၊ မဟုတ်ရင် အခု ဆုံးရှုံးနေ လောက်ပြီ၊ ရှောင်လီ firewall ကို သေချာစောင့်ကြည့်ထား၊ ငါတို့ ပြင်းထန်တဲ့ စစ်ပွဲ ရှိလာလောက်တယ်”

“ကိစ္စမရှိဘူး၊ ဘယ်သူ့အရည်အချင်းက ဒီလောက် ကောင်းနေတာလဲဆိုတာကို ကျွန်တော် သိချင်နေတာ”

ရှောင်လီ၏ လက်နှစ်ဖက်လုံးက ကီးဘုတ်ပေါ် ပြေးလွှားနေပြီး ဝမ်ရုံ နည်းပညာ၏ website က အလွန်အမင်း နှေးကွေးလေးကန်လာသည်ကို သူ တွေ့လိုက်ရသည်။ ထူးဆန်းသော စကားများနှင့်အတူ အနိုင်ကျင့်ဖိနှိပ်သော စကားများနှင့် ဆဲရေးတိုင်းထွာသော စကားများ ပေါ်လာလေသည်။

“သေစမ်း၊ သူတို့က ငါတို့ဆီ လာနေပြီ”

ရှောင်လီ အနည်းငယ် စိတ်လေးလံသွားသည်။

“သူတို့ရဲ့ ရည်ရွယ်ချက်က စော်ကားပြောဆိုဖို့ပဲ မဟုတ်ဘူး၊ သူတို့က တစ်ခုခုကို ရှာချင်နေတဲ့ပုံပဲ၊ သူတို့က ကုမ္ပဏီကြီးတွေဆီက လျှို့ဝှက် စာရွက်စာတမ်းတွေကို ခိုးချင်နေတာလား”

“အတူတူ ပြန်တိုက်ရအောင်”

ရဲ့လင်းချန်၏ အမူအရာက ပြောင်းလဲခြင်း မရှိချေ။ သူသည် ကွန်ပျူတာရှေ့၌ ထိုင်င တိုက်ပွဲအား ငြိမ်သက်စွာ စောင့်ကြည့်၍ အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့”

“ကောင်းပါပြီ”

“စိတ်ချပါ ဥက္ကဋ္ဌရဲ့”

ဝမ်ရုံ နည်းပညာ၏ ဝန်ထမ်းများသည် တော်ဝင် အမိန့်တော်ကို ရလိုက်သကဲ့သို့ ချက်ချင်း လှုပ်ရှားလာ၏။

ကုမ္ပဏီသည် နည်းပညာတွင် အထူးပြုသော ကုမ္ပဏီ ဖြစ်ပြီး အိုးရန်ချင်းကိုယ်တိုင်သည်လည်း နိုင်ငံခြား၌ ပညာသင်ပြီး Ph. D ရခဲ့သူ ဖြစ်သည်။ သူမတွင် ကွန်ပျူတာသိပ္ပံ၏ ကနဦး ဗဟုသုတများ ရှိပြီး သူမ၏ အလုပ်ခန့်ရာတွင် လိုအပ်ချက်များကလည်း အလွန်အမင်း တင်းကြပ်သည်။ ကုမ္ပဏီ၏ ဝန်ထမ်းတိုင်းက ဘာမှမလုပ်ဘဲ လစာထိုင်ရနေသူများ မဟုတ်ဘဲ တစ်ဦးချင်းစီက ကွန်ပျူတာ၌ ကျွမ်းကျင်သူများ ဖြစ်သည်။

“ငါတို့ သူတို့ကို တိုက်နိုင်ရဲ့လား”

တုန်းမြောင်မြောင်က အခြေအနေကြောင့် စိတ်ရှုပ်ထွေးနေပြီး တစ်ခုမှ နားမလည်နိုင် ဖြစ်နေသည်။

“သူတို့က လူပြက်တစ်သိုက်သာသာပါပဲ၊ သူတို့ကို ငါ သေချာပေါက် ဖျက်စီးပစ်မယ်”

ရှောင်လီက ယုံကြည်ချက် အပြည့်နှင့် ပြောလာသည်။

ဝမ်ရုံနည်းပညာမှ လူတိုင်း အင်တာနက်ပေါ်မှ သူတို့၏ ပြိုင်ဘက်များနှင့် စတင် တိုက်ခိုက်ကြသည်။ ကျည်ဆံကဲ့သို့သော ကီးဘုတ်ရိုက်သံများက ပတ်ဝန်းကျင်တစ်ခွင်သို့ ပျံ့နှံ့နေသည်။

“ဟဲဟဲ ငါ ကြောင်ပေါက် သုံးကောင်ကို တွေ့ပြီ၊ သူတို့ကို ဝိုင်းတိုက်ကြ”

ရှောင်လီက ပြုံး၍ စစ်သူကြီးကဲ့သို့ အမိန့်ပေးလိုက်သည်။

အိုးရန်ချင်းက တိုက်ပွဲ၌ ဝင်မပါသေးသော်လည်း ကုမ္ပဏီဝန်ထမ်းများကို ပြောလိုက်သည်။

“မင်းတို့ လုံလုံလောက်လောက် အရည်အချင်း မရှိရင် ဘေးကနေ၌ ကြည့်ပြီးတော့ ဒီကနေ သင်ယူကြ”

ရဲ့လင်းချန်သည်လည်း လှုပ်ရှားခြင်းမရှိဘဲ စိတ်ဝင်တစား ဆက်ကြည့်နေသည်။

အကောင့်ပိတ်ခြင်း၊ အချက်အလက် ရယူခြင်းကို ပိတ်ပင်ခြင်းနှင့် IP လိပ်စာဖော်ခြင်းတို့က ရဲ့လင်းချက်အတွက် မခက်ပေ။ သူ၏ ကွန်ပျူတာသိပ္ပံ စွမ်းရည်က တစ်ရာပြည့်လုနီးနီး ဖြစ်နေသဖြင့် လက်ရှိတွင် သူသည် လူသားတို့၏ အမြင့်ဆုံးသို့ ရောက်နေလေပြီ။ တစ်ချက်ကြည့်လိုက်ရုံနှင့် ဟက်ကာများ၏ တိုက်ခိုက်မှုလမ်းကြောင်းနှင့် ရည်ရွယ်ချက်ကို သူ အသာလေး ရှာတွေ့သွားသဖြင့် အကောင်းဆုံး တိုက်စစ်ကို ဆင်နိုင်ပေသည်။

အံ့ဩစရာတစ်ခုခု မဖြစ်ခဲ့လျင် အချို့သောသူများသည် သူ ရောက်နေသော အမြင့်သို့ ရောက်နိုင်လေသည်။

“အားလုံး သတိထားကြ၊ ဒီလူတွေက ပညာရှင်တွေပဲ”

ရှောင်လီသည် ယခင်ကဲ့သို့ စိတ်အေးလက်အေး ဖြစ်မနေတော့ပေ။ သူ၏ အမူအရာက ပိုပို၍ လေးနက်လာ၏။

ကုမ္ပဏီ၏ ဝန်ထမ်းများသ်ည သူတို့၏ အခြေအနေကို မနည်း ခုခံနေရပြီး တန်ပြန် တိုက်စစ်ရန် ခက်ခဲကြောင်း တွေ့လိုက်ရသည်။ ထို့အပြင် တစ်ဖက်လူက ပြင်းထန်စွာ တိုက်စစ်ဆင်နေသဖြင့် ခံစစ်က ကြာကြာ တောင့်ခံနိုင်ရန် ခက်ခဲနေသည်။

“ချီးပဲ၊ ဘာလို့ ငါတို့ပြိုင်ဘက်တွေက အဲ့လောက် သန်မာနေတာလဲ၊ သူတို့တွေက သေချာပေါက် ထိပ်တန်း နိုင်ငံတကာ ဟက်ကာတွေပဲ”

“ကိုရီးယားနိုင်ငံရဲ့ ကွန်ရက် နည်းပညာက အစကတည်းက တော်တော် တိုးတက်နေပြီ၊ အဲ့မှာ ဟက်ကာ ပညာရှင်တွေ အများကြီးပဲ”

“မဖြစ်ဘူး၊ နောက်တစ်ယောက် လာနေပြီ၊ လခွမ်း၊ ဒါ ထောင်ချောက်ပဲ”

“ဒီလူတွေက အရမ်း ရက်စက်တယ်၊ ဒါရိုက်တာအိုးရန်၊ ကျွန်တော်တို့ သူတို့ကို ကြာကြာ ထိန်းမထားနိုင်တော့ဘူး”

ရှောင်လီက မနည်းပြုံး၍ အိုးရန်ချင်းကို အကူအညီ တောင်းခံလေသည်။

အိုးရန်ချင်း၏ မျက်နှာအမူအရာက ပိုမို၍ လေးနက်လာသည်။

ပြိုင်ဘက်က သုံးယောက်တည်းသာ ဖြစ်ပြီး ဝမ်ရုံနည်းပညာက လူဆယ်ယောက်က သူတို့ကို ခုခံနေရသည်။ တိုက်ပွဲက နာရီဝက်ကြာသည်အထိ အခက်အခဲဖြစ်နေပြီး ဝန်ထမ်းများသည် သူတို့နေရာမှ နှင်ထုတ်ခံနေရပြီး အပြင်လူများအား မခုခံနိုင် ဖြစ်နေကြသည်။

နည်းပညာအရ နင်းခြေ၍ အနိုင်ပေးနေရလေသည်။

“မင်းတို့ အပြစ် မဟုတ်ပါဘူး၊ အခု ငါတို့ကို တိုက်ခိုက်နေတဲ့ ဟက်ကာတွေအားလုံးက ပညာရှင်တွေပဲ၊ ငါ ထင်တာ မှန်မယ်ဆိုရင် သူတို့ထဲက တစ်ယောက်က Two of Hearts ဖြစ်လောက်တယ်”

အိုးရန်ချင်းက တည်ငြိမ်စွာ ပြောလိုက်ပြီး သူမ၏ လက်ချောင်းများက ကီးဘုတ်ပေါ်သို့ ပြေးလွှားနေလေပြီ။

“Two of Hearts လား၊ အသက် ငယ်ငယ်လေးနဲ့ နာမည်ကြီးလာတဲ့ အဲ့အရူးလေ”

လူတိုင်း တအံ့တဩ မေးလာသည်။

အိုးရန်ချင်းက ကီးအချို့ကို နှိပ်ပြိးနောက် ကွန်ပျူတာပေါ်၌ ပရိုဂရမ်များစွာကို ဖွင့်လိုက်သည်။ ထို့နောက် သူမက အသက်ပြင်းပြင်းရှူ၍ ပြောလိုက်သည်။

“မင်းတို့ နည်းပညာက ဒါကို မကိုင်တွယ်နိုင်ရင် အရင် ထွက်သွားကြပါ၊ ထပ်ရှုပ်အောင် မလုပ်နဲ့တော့၊ အခြားသူတွေလဲ အတိုင်းအတာတစ်ခုအထိ ရပ်လိုက်လို့ ရတယ်”

အိုးရန်ချင်း၏ ယုံကြည်ချက်သည်လည်း အနည်းငယ် စတင်၍ မှေးမှိန်လာသည်။ သို့သော် သူမ၏ လှပသော မျက်ဝန်းများက သူမဘေးမှ အလွန် တည်ငြိမ်နေသော ရဲ့လင်းချန်သို့ လှမ်းကြည့်နေသည်။ အကယ်၍ သူမက သူတို့ကို ထိန်းထားရန် မအောင်မြင်ခဲ့ပါက ရဲ့လင်းချန်က လုပ်နိုင်လောက်ပါသည်။

All Chapters