စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ကိုသတ်ဖြတ်ခြင်း
Vol. 83 Ch. 1232
ဧရာမကြေးခေါင်းလောင်းသည် ရူလိုင်းဓမ္မခန္ဓာ၏ ထိုးချက်တစ်ချက်ဖြင့် လွင့်စင်ထွက်သွားခဲ့၏။ ၎င်းက အလွန်တရာမြန်ဆန်ပြီး ကြောက်စရာကောင်းသော စွမ်းအားတစ်ခုကို သယ်ဆောင်ကာ အကြီးအကဲကျုံးဆီသို့ ပစ်တိုက်ချလိုက်၏။
အကြီးအကဲကျုံးသည် ရှောင်ရှားဖို့အချိန်မရဘဲ သူ၏လက်နှစ်ဖက်ကို ဆန့်ထုတ်ပြီး သူ၏သွေးချီကို တလိပ်လိပ်တက်စေကာ ဧရာမကြေးခေါင်းလောင်းကို ခံယူလိုက်ရ၏။
ဘန်း...
သူက ဆတ်ခနဲ တုန်ယင်သွားပြီး သူ၏အမူအရာက ပြောင်းလဲကာ သွေးတစ်လုတ်ကို ထွေးထုတ်လိုက်ရ၏။
ရူလိုင်းဓမ္မခန္ဓာ၏ စွမ်းအားက အရမ်းကိုသန်မာ၏။ ရူလိုင်းဓမ္မခန္ဓာသည် ဗုဒ္ဓကျောင်းတော်များ၏ အန္တိမဂမ္ဘီရကျမ်းဖြစ်သော မဟာနေ့ရက်ရူလိုင်းသုတ္တန်မှ ဆင်းသက်လာခြင်းဖြစ်၏။ သို့သော်လည်း ထိုဓမ္မခန္ဓာတွင် များစွာသော ဗုဒ္ဓအမွေအနှစ်များက လှည့်ပတ်စီးဝင်နေ၏။
အဲ့ဒီမှာ တာမင်းကျောင်းတော်နှက့် ဖာဟွားကျောင်တော်အပြင် ကျောက်သားရုပ်ထုထံမှ ရှေးဟောင်းဗုဒ္ဓအမွေအနှစ်အချို့ကပါ ပါဝင်နေ၏။
ကျားနဂါးဂိုဏ်း ကျင့်ကြံသူများ၏ မျက်လုံးထဲတွင် အတောမသတ်နိုင်သော တုန်လှုပ်မှုများနှင့် ကြောက်ရွံစိုးထိတ်မှုများက ပြည့်နှက်လာခဲ့၏။
ထိုသူသည် ဓမ္မဝိသေသအဆင့်သို့ဝင်ရောက်ခါစဖြစ်လျှင်တောင် သူ၏ ၈၅ ပေမြင့်မားသော ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသသည် အဆင့်တူခြင်းမှာ စိုးမိုးဗိုလ်ကျဖို့ လုံလောက်နေခဲ့ပြီဖြစ်၏။ ဒါ့အပြင် သူက သူ့ထက်အဆင့်ကြီးတစ်ဆင့်မြင့်မားသော ပြိုင်ဘက်များကိုပင် သတ်ဖြတ်လာနိုင်လေပြီ။
သို့သော် ယခုအခါ အထီးကျန်သိုင်းသခင်သည် ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသနှစ်ခုကို ထုတ်ဖော်ပြသလိုက်၏။
အဲ့ဒါက တကယ့်ကို မကြုံစဖူးအံ့မခန်းပင်။
ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသနှစ်ခု၏ အမြင်ပိုင်းဆိုင်ရာ ထိတွေ့ရိုက်ခတ်မှုထက် စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုဖိအားက ပို၍ပင် သိပ်သည်းပြင်းထန်နေ၏။
ကျားနဂါးဂိုဏ်း၏ ကျင့်ကြံသူများစွာသည် အထီးကျန်သိုင်းသခင်က နေရာတိုင်းမှာ ပြိုင်ဘက်ကင်းနေသည်ဟုပင် အတွေးတစ်ခုရရှိလာခဲ့ကြ၏။
အဆင့်တူခြင်းမှာရှိသော ဓမ္မဝိသေသတာအိုအရှင်များဖြစ်စေ.. သို့မဟုတ် လူငယ်မျိုးဆက်မှ နိုးထဝိညာဥ်နှင့် မူလနတ္ထိများဖြစ်စေ သူတို့အားလုံးက စိတ်ပျက်အားငယ်မှုကိုခံစားလာရ၏။
၈၅ ပေမြင့်မားသော ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသနှစ်ခုသည် ကျားနဂါးဂိုဏ်း ကျင့်ကြံသူများ၏ စိတ်ပိုင်းဆိုင်ရာခံစစ်ကို ဖျက်ဆီးပစ်လိုက်လေပြီ။
သူတို့ကိုမပြောနှင့် အကြီးအကဲကျုံးနှင့် အကြီးအကဲတင်းပင်လျှင် ထိုအခိုက်အတန့်မှာ နောင်တရမိလာကြပြီဖြစ်၏။ သို့သော်လည်း သူတို့အနေဖြင့် နောက်ဆုတ်ဖို့က နောက်ကျသွားခဲ့လေပြီ။
ယခုအချိန်မှာ သူတို့အနေဖြင့် ရပ်တန့်ဖို့ကလည်း နောက်ကျသွားခဲ့လေပြီ။
“သတ်”
သူတို့၏ သွေးချီများကို သူတို့၏ အကန့်သတ်ထိ မြှင့်တင်ပြီး အကြီးအကဲနှစ်ယောက်က ဟိန်းဟောက်လိုက်ကြ၏။
“မင်းတို့တွေက ဘာကိုစောင့်နေကြဦးမှာလဲ”
သူ့စကားမဆုံးသေးခင်မှာပင် ပုံရိပ်နှစ်ခုက ရုတ်တရက်ပေါ်ထွက်လာပြီး ကြောက်စရာကောင်းသော အော်ရာနှင့် တုန်လှုပ်ချောက်ချားဖွယ်ရာ သတ်ဖြတ်လိုစိတ်တို့နှင့်အတူ ဆူဇီမိုထံသို့ပြေးဝင်လာကြ၏။
နောက်ထပ် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်....
အဲ့ဒါက အဆင့်မြင့်ဂိုဏ်းများ၏ အခြေခံအုတ်မြစ်ဖြစ်၏။
ဤဂိုဏ်းတွင် ဘိုးဘေးအဆင့်ပညာရှင်များမရှိသော်လည်း ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်ဆယ်ယောက်နီးပါးရှိလေသည်။ ထို့ကြောင့်ပင်လျှင် ကျားနဂါးဂိုဏ်းက မြောက်ပိုင်းဒေသ၏ အဆင့်မြင့်ဂိုဏ်းများထဲမှ တစ်ဂိုဏ်းဖြစ်လာပြီး သူတို့၏အမွေအနှစ်ကို နှစ်တစ်သောင်းကြာအောင် ထိန်းသိမ်းလာနိုင်ခဲ့ခြင်းဖြစ်၏။
တကယ်တော့... ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်သည် တစ်ချိန်လုံး အနီးနားမှာ ပုန်းကွယ်နေခဲ့ကြ၏။ သို့သော်လည်း သူတို့က ပေါ်ထွက်မလာခဲ့ကြပေ။
စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်သည် ပင်ကိုယ်အားဖြင့် သတိကြီးကြီးထားတတ်ကြလေသည်။ ဆူဇီမိုက ဓမ္မဝိသေသအဆင့်မှာ ရှိနေလျှင်တောင် သူတို့က ထိုသူကို အထင်မသေးရဲဘဲ တိုက်ခိုက်ဖို့ အလောတကြီးရှိမနေကြပေ။ ထိုအစားသူတို့က အကောင်းဆုံးအခွင့်အလမ်းတစ်ရပ်ကို ရရှိလာဖို့အတွက် စောင့်ဆိုင်းနေခဲ့ကြ၏။
ထိုအခိုက်အတန့်တွင် အကြီးအကဲကျုံးနှင့် အကြီးအကဲတင်း၏ သတိပေးမှုမရှိလျှင်တောင် သူတို့က တိုက်ခိုက်ကြပေလိမ့်မည်။
ရူလိုင်းဓမ္မခန္ဓာနှင့် ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာကို အကြီးအကဲကျုံးနှင့် အကြီးအကဲတင်းတို့က မျှားခေါ်ထုတ်သွားပြီး ဆူဇီမိုဘက်ခြမ်းတွင် တခြားမည်သူမှ မရှိတော့ပေ။
လက်ရှိအခိုက်အတန့်တွင် ဆူဇီမိုက သူ၏အားအနည်းဆုံးခြေအနေမှာရှိနေ၏။
ဆူဇီမို၏အမူအရာက ပြောင်းလဲသွားခြင်းမရှိဘဲ သူ၏မျက်လုံးထဲတွင် လှောင်ပြောင်သရော်လိုမှုက တဖျတ်ဖျတ်လက်သွား၏။
သူ၏ စိတ်ဝိညာဥ်အသိစိတ်က ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်နှင့် ယှဥ်နိုင်ပြီး သူ၏ စွမ်းအားကြီးမားသော စိတ်ဝိညာဥ်ထိုးထွင်းဉာဏ်ဖြင့်ပေါင်းစည်းထား၏။ ထိုသို့ဖြင့် သူသည် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်၏ တည်ရှိမှုကို အချိန်အတန်ကြာကတည်းက သတိထားမိနေခဲ့ပြီးသားဖြစ်၏။
သူက အကြီးအကဲကျုံးနှင့် အကြီးအကဲတင်းကို အမဲလိုက်ဖို့အတွက် သူ၏ ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာနှင့် ရူလိုင်းဓမ္မခန္ဓာကို သူ့ထံကနေ ခွာထုတ်ခိုင်းရဲသည် ဆိုမှတော့ သူ့မှာတခြားကြိုတင်မမြင်နိုင်သော အခြေအနေများကို ကိုင်တွယ်ဖို့အတွက် စွမ်းအားကြီးသော နည်းလမ်းများ သူ့မှာသေချာပေါက်ရှိလေသည်။
ဆူဇီမိုသည် တာအိုအမွေအနှစ်ကုန်းမြေမှာ နှစ် ၅ထောင်နီးပါးကြာသည့်အထိ သူ၏အခြေခံအုတ်မြစ်ကို ကျစ်လျစ်ခိုင်မာအောင်တည်ဆောက်ပြီး ဓမ္မဝိသေသအဆင့်သို့ဝင်ရောက်လာပြီးနောက် ဆူဇီမိုက ယခုဘယ်အဆင့်မှာရှိနေသည်ကို မည်သူကမှ မခန့်မှန်းနိုင်ကြပေ။
သူ၏ မှီခိုအားထားရာမှာ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသနှစ်ခုသာလျှင် မဟုတ်ပေ။
တကယ်တော့... အဲ့ဒီမှာ ဆူဇီမိုအလွယ်တကူ ထုတ်ဖော်ပြသမှာမဟုတ်သည့် ဝှက်ဖဲများစွာလည်းရှိသေးလေသည်။ ဒါ့အပြင် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်၏ ပူးပေါင်းတိုက်ခိုက်မှုသည့် သူ့အနေဖြင့် တတိယမြောက် ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသကို ထုတ်ဖော်ရလောက်အောင် မလိုအပ်သေးပေ။
အနည်းငယ်လှည့်၍ ဆူဇီမိုက သူ၏ဘယ်ဘက်လက်ချောင်းနှစ်ချောင်းကို ပူးကပ်ပြီး ဓားကွက်တစ်ခုကိုထုတ်ဖော်ကာ ဘယ်ဘက်တွင်ရှိသော ကျားနဂါးဂိုဏ်း၏ စွမ်းအားကြီးပုဂ္ဂိုလ်ထံသို့ ညင်သာစွာ ခုတ်ပိုင်းချလိုက်၏။
ဇီ.....
ပြိုးပြိုးပြက်ပြက် ဓားအလင်းတန်းက ရုန်းကန်ထွက်ပေါ်လာပြီး အဖြူရောင်အလင်းတန်းတစ်ခုကို ပြန့်ကားလာစေကာ လေဟာနယ်ကို နှစ်ပိုင်းနီးပါး ထိုးခွဲ၍ စွမ်းအားကြီးပုဂ္ဂိုလ်၏ ဦးခေါင်းဆီသို့ ချက်ချင်းပင် ဆင်းသက်လာခဲ့၏။
“ကောင်းကင်သတ်ဖြတ်ခြင်းဓားကွက်”
လောကမှာရှိသော သတ်ဖြတ်လိုစိတ်အားလုံးသည် ထိုအခိုက်အတန့်တွင် ကောင်းကင်သတ်ဖြတ်ခြင်းဓားကွက်မှာ စုဆုံလာသည်ဟုထင်ရ၏။
အဲ့ဒါက အရမ်းကိုထက်ရှ၏။
နှစ်ငါးထောင်ကြာအောင် ကျင့်ကြံမှုအပေါ် ကောက်ချက်ချအဖြေထုတ်နေခဲ့ပြီးနောက် ဆူဇီမို၏ ကောင်းကင်သတ်ဖြတ်ခြင်းဓားကွက်အပေါ် နားလည်နိုင်စွမ်းသည် အလွန်တရာ ကျွမ်းကျင်ပိုင်နိုင်လာခဲ့ပြီဖြစ်၏။
ဓမ္မဝိသေသအဆင့်သို့ဝင်ရောက်ပြီးနောက် ထိုဓားကွက်၏ စွမ်းပကားက ဆပွားများစွာတိုးလာခဲ့၏။
ကောင်းကင်သတ်ဖြတ်ခြင်းဓားကွက်အပေါ် သူ၏ နားလည်နိုင်စွမ်းက နက်ရှိုင်းလာသည်နှင့်အမျှ သူထုတ်ဖော်လိုက်သော ထိုဓားချီ၏ စွမ်းအားကလည်း များစွာပို၍ကြောက်စရာကောင်းလာခဲ့၏။
၎င်းက အလွန်တရာ ထက်ရှပြီး အရာရာတိုင်းကို ဖျက်ဆီးပစ်နိုင်သည်ဟုထင်ရ၏။
ထိုပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်၏ အော်ရာက ဓားချီ၏ လွှမ်းမိုးခြင်းကို ခံလိုက်ရ၏။
“အား....”
ကျားနဂါးဂိုဏ်း၏ စွမ်းအားကြီးပုဂ္ဂိုလ်က တုန်လှုပ်စွာဖြင့် အံ့အားတသင့်ရေရွတ်ပြီး သူ၏ခြေလှမ်းကိုရပ်တန့်ကာ သူ့ကိုယ်သူကာကွယ်ဖို့အတွက် ခုခံရေးဓမ္မလက်နက်တစ်ခုကို ဆင့်ခေါ်ထုတ်လိုက်၏။
ချွမ်း...
ကောင်းကင်သတ်ဖြတ်ခြင်းဓားချီက ဓမ္မလက်နက်အပေါ် ထိတွေ့ရိုက်ခတ်လိုက်၏။
ဓားချီက ပျောက်ကွယ်သွားခဲ့လေပြီ။
အဖြူရောင်ဒဏ်ချက်တစ်ခုက ဓမ္မလက်နက်ပေါ်တွင် ပေါ်ထွက်လာခဲ့လေသည်။
ရုတ်တရက်ဆိုသလို....
ကျားနဂါးဂိုဏ်း၏ စွမ်းအားကြီးပုဂ္ဂိုလ်သည် သူ့လက်ရှိဓမ္မလက်နက်ကို အဝေးသို့ပစ်ထုတ်လိုက်၏။
ဓမ္မလက်နက်က သူ့လက်ထဲကနေ ထွက်ခွာသွားသည့်ခဏမှာပင် ၎င်းက နှစ်ခြမ်းကွဲထွက်သွားပြီး ရှင်းလင်းသေသပ်သော ပြတ်ရှာရာနှင့်အတူ မြေပြင်ပေါ်သို့ပစ်ကျသွား၏။ ၎င်းက ဓားချီတစ်ခုတည်းဖြင့် နှစ်ပိုင်းလှီးဖြတ်ခြင်းကို ခံလိုက်ရ၏။
“ထွက်ပြေးချင်သေးတာလား...”
ဆူဇီမိုက ညင်သာစွာ ခေါင်းခါ၍ သူ၏လက်ချောင်းဓားကို ထိန်းချုပ်ပြီး နောက်တစ်ဖန်ခုတ်ပိုင်းချလိုက်၏။
သူသည် မူလနတ္ထိသို့မဟုတ် နိုးထဝိညာဥ်အဆင့်မှာ ရှိနေတုန်းကနှင့် နှိုင်းစာလျှင် သူ့အနေဖြင့် ယခုအခါ ဓားချီကိုထုတ်ဖော်ဖို့က များစွာပို၍ လွယ်ကူလာခဲ့ပြီဖြစ်၏။
ကျားနဂါးဂိုဏ်း၏ စွမ်းအားကြီးပုဂ္ဂိုလ်က မည်သို့ပင်လျင်မြန်စွာနောက်ဆုတ်ပါစေ သူက ကောင်းကင်သတ်ဖြတ်ခြင်းဓားချီထက် ပို၍မမြန်ဆန်နိုင်ပေ။
ဝှစ်...
စွမ်းအားကြီးပုဂ္ဂိုလ်၏ တုံ့ပြန်မှုက အလွန်တရာမြန်ဆန်လေသည်။ သူက အဆောင်လက်ဖွဲ့တစ်ခုကို ချက်ချင်းပင်ချိုးချေပြီး မဖျက်ဆီးနိုင်သော အကာအရံတစ်ခုကို ထုတ်ဖော်ပြီးမှ နောက်သို့ဆက်လက်ဆုတ်ခွာလိုက်၏။
ဘုန်း....
ဓားချီက ကာကွယ်ရေးဓမ္မအကာအရံထဲသို့ ဝင်ရောက်သွား၏။
ဓမ္မအကာအရံသည် ချက်ချင်းပင်ကြေမွသွား၏။ ၎င်းက ကောင်းကင်သတ်ဖြတ်ခြင်းဓားချီ၏ ထက်ရှမှုကို ခံနိုင်ရည်မရှိပေ။
“ဖွီး....”
သွေးရောင်က ဖြာလက်သွား၏။
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်၏ လက်တစ်ဖက်သည် ကောင်းကင်သတ်ဖြတ်ခြင်းဓားချီ၏ ပိုင်းဖြတ်ခြင်းကိုခံလိုက်ရပြီး သွေးများက ပန်းထွက်ကာ ကောင်းကင်တစ်ဝက်က နီးစွေးသွား၏။
အဲ့ဒါသည် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်၏ သွေးဖြစ်ပြီး အကန့်အသတ်မဲ့သော ဓမ္မစွမ်းအားများပါဝင်လေသည်။
ထိုသွေးစက်တစ်စက်အတွင်းရှိ စွမ်းအားကပင်လျှင် ရွှေအမြုတေတစ်ယောက်ကို သတ်ဖြတ်နိုင်ဖို့လုံလောက်၏။
“အား....”
စွမ်းအားကြီးပုဂ္ဂိုလ်သည် စူးစူးဝါးဝါးတစ်ချက်အော်ဟစ်ပြီး သူ၏မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွား၏။ သူက ဓမ္မစွမ်းအားများကိုလှည့်ပတ်ပြီး အားလုံး၏အကြည့်အောက်မှာပင် ကျိုးပြတ်သွားသော ဒဏ်ရာပေါ်ရှိ ကြွက်သားများက တွန့်လိမ်၍ အသစ်စက်စက်လက်တစ်ဖက်ကို လျင်မြန်စွာကြီးထွားလာစေ၏။
သူ၏လက်က အသစ်တစ်ဖန်ပြန်ပေါက်လာခဲ့လေပြီ။
ပေါင်းစည်းခန္ဓာအဆင့်၌ သူတို့သည် သူတို့၏ ခြေလက်များကို ဆုံးရှုံးသွားရသည်ဆိုလျှင်တောင် အသစ်တစ်ဖန်ပြန်ပေါက်စေနိုင်လေသည်။
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်၏ ခန္ဓာကိုယ်ကို ဖျက်ဆီးနိုင်ဖို့က အရမ်းကိုခက်ခဲ၏။
တောင်ကုန်းဂိတ်တံခါးထံမှ အံအားတသင့်အော်ဟစ်သံများက ထွက်ပေါ်လာ၏။
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များသည် သူတို့၏ ပြတ်တောက်သွားသော ခြေလက်များကို ပြန်ပေါက်စေနိုင်ကြောင်း ကျားနဂါးဂိုဏ်းရှိ ကျင့်ကြံသူများက ကြားဖူးထားသော်လည်း မည်သူကမှ အဲ့ဒါကို ကိုယ်တိုင်မမြင်တွေ့ဖူးကြပေ။
အဲ့ဒါက သာမန်သာဖြစ်၏။
ပေါင်းစည်းခန္ဓာအဆင့်၌ ထိုသူသည် ကျင့်ကြံရေးလောကမှာ အထွတ်အထိပ်နီးပါးတည်ရှိမှုဖြစ်လာပြီး သူတို့၏ ခြေလက်များကို ဖြတ်တောက်နိုင်သည့်လူက များများစားစားမရှိတော့ပေ။
ဤမြင်ကွင်းသည် တကယ့်ကိုမကြုံစဖူး အံ့မခန်းဖြစ်ပြီး လူတိုင်းကို အမှန်တကယ်ပင် တုန်လှုပ်သွားစေ၏။ သို့သော်လည်း လူအုပ်ကြီးထဲမှ အော်ဟစ်အားပေးသံများ ရပ်တန့်မသွားခင်မှာပင် ပို၍ပင်တုန်လှုပ်စရာကောင်းသော မြင်ကွင်းတစ်ခုက ပေါ်ထွက်လာခဲ့၏။
အသစ်စက်စက်လက်က ကြီးထွားလာသည့်ခဏမှာပင် ၎င်းပေါ်တွင် သွေးစီးကြောင်းများက ပေါ်ထွက်လာခဲ့၏။
အကန့်အသတ်မဲ့သော ဓားချီများသည် သူ၏လက်ကို လှီးဖြတ်နေသည့်အလားပင်။
ဖောင်း....
တစ်ခဏအတွင်းမှာပင် ထိုလက်က ပေါက်ကွဲထွက်သွားပြီး ပြန်လည်ပျောက်ကွယ်သွား၏။
ကောင်းကင်သတ်ဖြတ်ခြင်းဓားကျမ်းသည် မဟာရှေးဟောင်းဓါးပညာရပ် ၃ ခုထဲမှ တစ်ခုအဖြစ်ကျော်ကြားပြီး အသက်ဓာတ်ကို ဖျက်စီးနိုင်သော ကြောက်စရာကောင်းသည့် စွမ်းပကားတစ်ခုကို ပိုင်ဆိုင်ထား၏။
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်သည် လက်တစ်ဖက်မျှသာ ဆုံးရှုံးခဲ့ခြင်းဖြစ်သော်လည်း သူ၏ ဒဏ်ရာထဲတွင် အသက်ဓာတ်အားလုံးကို ဖျက်ဆီးပစ်နိုင်သည့် ထက်ရှသော အနားစောင်းတစ်ခုပါဝင်နေ၏။
သူ့အနေဖြင့် ထိုထက်ရှမှုကိုဆန့်ကျင်၍ သူ၏လက်ကို အသစ်တစ်ဖန်ပြန်ပေါက်စေဖို့က မဖြစ်နိုင်ပေ။
“အား....”
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်သည် လက်တစ်ဖက်ဆုံးရှုံးရခြင်း၏ နာကျင်မှုကို နောက်တစ်ဖန် ကြိတ်မှိတ်ခံစားရင်း ဆိုးဆိုးဝါးဝါးတစ်ချက်အော်ဟစ်ကာ လေထဲကနေ ပြုတ်ကျလုနီးပါးဖြစ်သွား၏။
လက်တစ်ဖက်ပြတ်တောက်သွားခြင်းက ပေါင်းစည်းခန္ဓာစွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်အတွက် သေစေနိုင်သော ဒဏ်ရာ မဟုတ်ပေ။
သို့သော်လည်း လက်တစ်ဖက်ကို နှစ်ကြိမ်ဆင့်၍ ဖြတ်တောက်ခံရခြင်းက သူ၏ သွေးချီကို ပြင်းထန်စွာ ခမ်းခြောက်သွားစေ၏။
သူက အသက်ကောင်းကောင်း မရှူနိုင်ခင်မှာပင် သိပ်သည်းပြင်းထန်သော အန္တရာယ်အငွေ့အသက်တစ်ခုက နောက်တစ်ဖန် ဆင်းသက်လာခဲ့၏။ ဓါးချီတစ်ခုက လေထုကို ဖြတ်သန်း၍ တိုက်ခိုက်လာပြီး သူ့ကို လုံးဝ ဆွဲယူနှစ်မြှုပ်လိုက်၏။
တတိယမြောက်ကောင်းကင်သတ်ဖြတ်ခြင်းဓါးချီက ဆင်းသက်လာခဲ့လေပြီ။
သည်တစ်ကြိမ်တွင်တော့ သူက အဲ့ဒါကို ရှောင်တိမ်းနိုင်ခြင်း မရှိတော့ပေ။
“ဗြီး..”
လူတိုင်း၏ ရှေ့မှောက်မှာပင် ပေါင်းစည်းခန္ဓာစွမ်းအားကြီးပုဂ္ဂိုလ်သည် အဖြူရောင်ဓါးချီ၏ နှစ်ပိုင်းလှီးဖြတ်ခြင်းကို ခံလိုက်ရ၏။
ဓါးချီက သူ၏ အသိစိတ်ထဲသို့ တလိပ်လိပ်တိုးဝင်လာပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကို ချက်ချင်းပင် နုတ်နုတ်စင်းသွား၏။
ပေါင်းစည်းခန္ဓာစွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်က သေလေပြီ။