← Chapters

ပြန်လည်ဆုံစည်ခြင်း

Vol. 83 Ch. 1241

ပြန်လည်ဆုံစည်ခြင်း

Vol. 83 Ch. 1241

ထိုဆေဘာသည် အလယ်အလတ်အဆင့် စိတ်ဝိညာဥ်လက်နက်တစ်ခုဖြစ်သော်လည်း ၎င်းက ကလေးငယ်၏ နူးညံ့သောလက်ဖဝါးထဲမှာ သဲမှုန်များအဖြစ်ပြောင်းလဲသွားရ၏။ များစွာသော ကျင့်ကြံသူများသည် တစ္ဆေတစ်ကောင်ကို တွေ့မြင်လိုက်ရသည့်အလား ကလေးငယ်ကို ကြည့်လိုက်ကြ၏။

“ဒီကောင်လေးက မိစ္ဆာသားရဲတစ်ကောင်ကနေ အသွင်ပြောင်းလဲထားတာများလား”

အတွေးတစ်ခုက အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်၏ စိတ်ထဲသို့ ဖျပ်ခနဲ ဝင်ရောက်လာ၏။ ထိုစဥ်မှာပင်.ပုံရိပ်နှစ်ခုက ဆန်းကြယ်တောင်ထွတ်ကနေ ရွှေစုံတွဲတစ်တွဲကဲ့သို့ အပြေးအလွှားရောက်ချလာ၏။ သူတို့က ထောင်ယောင်နှင့်နန်းကြည်ဖြစ်၏။

ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း သူတို့နှစ်ယောက်သည် ဂိုဏ်း၏ ဝင်ပေါက်ဝအနီးနားကနေ စောင့်ဆိုင်းနေခဲ့ကြပြီး လှုပ်ရှားမှုတစ်စုံတစ်ရာကို ကြားရသည်နှင့် ပြေးလာကြခြင်းဖြစ်၏။

သူတို့၏ အကြည့်များသည် ကလေးငယ်ပေါ်သို့ ဆင်းသက်သွားပြီး သူတို့က ဆတ်ခနဲ တုန်ယင်သွားကြ၏။

ကလေးငယ်က သူတို့ကို ရင်းနှီးကျွမ်းဝင်သည့် ခံစားချက်တစ်ခုပေးနေ၏။

သူတို့က သေချာအာရုံစိုက်၍ ကြည့်မည်ဆိုလျှင် ကလေးငယ်၏သွင်ပြင်ပုံပန်းသဏ္ဌာန်သည် ဆူဇီမိုနှင့် အတော်လေးဆင်တူနေကြောင်း ပြောနိုင်ပေလိမ့်မည်။ သူတို့က သိသာရှင်းလင်းစွာ မမြင်နိုင်သည့်အကြောင်းရင်းမှာ ကလေးငယ်က အပြည့်အဝကြီးထွားမလာသေးသောကြောင့်ဖြစ်၏။

ကလေးငယ်သည် သိုင်းတာအိုအစစ်အမှန်ခန္ဓာ သို့မဟုတ် ဆူဇီမို၏ ပင်မခန္ဓာဖြစ်လေသည်။

နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှာ ၆ နှစ်ကြာ ကျင့်ကြံပြီးနောက် သူ၏ ပင်မခန္ဓာသည် သိုင်းတာအို၏ အသွင်ပြောင်းလဲခြင်း ၉ ရပ်ကို ကျင့်ကြံထားခဲ့ပြီဖြစ်ပြီး ပကတိကျားနဂါးခွန်အားအဆင့်သို့ ရောက်ရှိလာခဲ့လေပြီ။

ပင်မခန္ဓာကိုယ်၏ ခွန်အားအရ အလယ်အလတ်အဆင့် စိတ်ဝိညာဥ်လက်နက်တစ်ခုကို မပြောနှင့် မူလစိတ်ဝိညာဥ်လက်နက်တစ်ခုပင်လျှင် ကြေမွပျက်စီးသွားပေလိမ့်မည်။

သူ့ပင်မခန္ဓာကိုယ်၏ ပေါ်ထွက်လာမှုသည် အစကတည်းက မူကွဲတစ်ခုဖြစ်နေခဲ့၏။

သူက ပြန်ဝင်စားခြင်းစက်ဝန်း သို့မဟုတ် ကောင်းကင်ဘုံလျှို့ဝှက်ချက်အတွင်းမှာ ပါဝင်မနေပေ။

ပင်မခန္ဓာကိုယ်သည် ဆူဇီမိုထံမှ အရာရာတိုင်းကို အမွေဆက်ခံရရှိထားပြီး သိုင်းတာအိုမှာ အထူးပြုလေသည်။

သို့သော်လည်း နဝမမြောက်အသွင်ပြောင်းလဲခြင်းပြီးနောက် သူက သိုင်းတာအိုကို ဆက်လက်၍ ကျင့်ကြံချင်သည်ဆိုလျှင် သူက ဆက်လက်၍ ကောက်ချက်ချ အဖြေထုတ်ရပေလိမ့်မည်။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်ဖြစ်စေ... အစစ်အမှန်နဂါးခန္ဓာကိုယ်ဖြစ်စေ... ထိုသို့လုပ်နိုင်စွမ်းမရှိပေ။

သူတို့နှစ်ယောက်စလုံးသည် သိုင်းတာအိုကို နားလည်ဆင်ခြင်ဖို့အတွက် သူ၏ပင်မခန္ဓာကိုယ်လောက် သင့်လျော်ခြင်းမရှိကြပေ။

အဲ့ဒါကြောင့် သူ၏ပင်မခန္ဓာကိုယ်သည် နဂါးသင်္ချိုင်းတောင်ကြားကနေထွက်လာပြီး ဆန်းကြယ်တောင်ထွတ်သို့ ရောက်လာခဲ့ခြင်းဖြစ်၏။ သူက ဆန်းကြယ်တောင်ထွတ်ရှိ ကျင့်ကြံရေးနည်းစနစ်များနှင့် လျှို့ဝှက်အတတ်များကို မှတ်သားပြီး သိုင်းတာအိုကို ဆက်လက်ကောက်ချက်ချအဖြေထုတ်ဖို့ ပြင်ဆင်ထား၏။

“သခင်လေးလား”

ထောင်ယောင်က အကဲစမ်းသလိုမေးမြန်းလိုက်၏။

“ဟုတ်တယ်.. ငါပဲ”

ပင်မခန္ဓာကိုယ်က ခေါင်းညိတ်ပြလိုက်၏။

သူသည် ၆ နှစ်အရွယ်သာရှိသေးသော်လည်း သူ့ထံမှ ဖြာထွက်နေသော အော်ရာက ဆူဇီမိုနှင့်အတူတူပင်ဖြစ်၏။ အဲ့ဒီမှာ မည်သည့်ကလေးဆန်မှုမှရှိမနေပေ။

“ငါက... ဆန်းကြယ်တောင်ထွတ်မှာ အချိန်အတိုင်းအတာတစ်ခုထိ ကျင့်ကြံပြီးရင် ပင်ယန်းမြို့ကိုထွက်ခွာမယ်... မင်းက ငါ့နောက်ကိုလိုက်မှာလား”

ပင်မခန္ဓာကိုယ်က ထောင်ယောင်ကိုမေးလိုက်၏။

“ဒါပေါ့... သေချာတာပေါ့”

ထောင်ယောင်က အလွယ်တကူသဘောတူလိုက်၏။ သူသည် ဆန်းကြယ်တောင်ထွတ်ရှိ လူများစွာနှင့် ရင်းနှီးကျွမ်းဝင်ခြင်းမရှိပေ။ သူ့အနေဖြင့် ပင်ယန်းမြို့မှာ နေထိုင်ရတာက ပို၍သက်တောင့်သက်သာရှိလေသည်။

သူ့အတွက်တော့ ပင်ယန်းမြို့က သူ၏ဇာတိမြေဖြစ်၏။

ပင်မခန္ဓာကိုယ်ကလည်း သူ၏ ကျင့်ကြံမှုစတင်ခဲ့ရာနေရာသို့ ပြန်သွားဖို့ ရည်ရွယ်ထားလေသည်။ သူသည် သိုင်းတာအိုကို ပြီးပြည့်စုံစေရန် ဆက်လက်ကောက်ချက်ချဖို့အတွက် ထိုခြံဝန်းသို့ ပြန်သွားရပေလိမ့်မည်။

ထိုခြံဝန်းက ဆူဇီမိုအတွက် တစ်မူထူးခြားသည့် အဓိပ္ပါယ်တစ်ခုရှိလေသည်။

. . . . . .

အလယ်ပိုင်းတိုက်တွင်...

ဆူဇီမိုသည် လုံးဝအနားယူခြင်းမရှိခဲ့ပေ။ သူက ဆန်းကြယ်တောင်ထွတ်ကနေ ထွက်ခွာလာချိန်မှ အလယ်ပိုင်းတိုက်သို့ ဝင်ရောက်ချိန်ထိ အချိန် ၃ ရက်မျှသာကြာမြင့်ခဲ့၏။

ထိုအမြန်နှုန်းက ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်နှင့် ယှဥ်နိုင်နေပြီဖြစ်၏။

စိတ်ဝိညာဥ်ကြိုးကြာထဲတွင် မိစ္ဆာဂိုဏ်းများ၏ ပြန်ဝင်စားမွန်းစတားသည် တစ်လကြာပြီးမှ အဆူရာနှင့်တိုက်ခိုက်ဖို့ စိန်ခေါ်ထားလျှင်တောင် ဆူဇီမိုက စိုးရိမ်ပူပန်နေဆဲ ဖြစ်ပြီး အတတ်နိုင်ဆုံးမြန်မြန်ခရီးပြင်းနှင်လာခဲ့၏။

ဆူဇီမိုသည် သူ၏ဦးတည်ဘက်ကို ရွေးချယ်ပြီး လမ်းခရီးတစ်လျှောက် ဆက်လက် အပြင်းနှင်လာခဲ့၏။

တစ်ရက်ကြာပြီးနောက်... သူသည် တောင်ကြောရိုးတစ်ခု၏ အနက်ပိုင်းထဲသို့ရောက်ရှိလာပြီး သူ့ရှေ့တွင်ရှိသော ထူထဲသည့် ဝါးသစ်တောတစ်ခုကိုကြည့်လိုက်၏။ သူက အောက်သို့ဆင်းသက်ပြီး ခဏမျှရပ်တန့်ကာ အထဲသို့ ဆက်လက်ဝင်ရောက်လိုက်၏။

ဝါးသစ်တောထဲတွင် ဝါးရွက်လေတိုးသံများသာရှိပြီး အဲ့ဒါက တည်ငြိမ်အေးချမ်းနေသည်ဟုထင်ရ၏။

သိပ်မကြာမီ ဆူဇီမို၏ အကြည့်သည် ဝါးရွက်အလွှာများကိုထိုးဖောက်သွားပြီး ရိုးရှင်းသောသစ်သားအိမ်လေးရှိရာ နေရာလွတ်တစ်ခုကိုတွေ့မြင်လိုက်၏။

လူတစ်ယောက်က တံခါးကိုမှီ၍ ထိုင်နေ၏။

ထိုလူ၏ အနက်ရောင်ဆံပင်များကို သူ၏ပခုံးပေါ်သို့ ဖြန့်ချထားပြီး သူက အေးစက်စက်အမူအရာတစ်ခုရှိနေ၏။

သူ့ခြေထောက်ဘေးတွင် ဝိုင်ပြင်းပြင်းတစ်ပုလင်းကို ထောင်ထားပြီး သွေးရနံ့ဖြာထွက်နေသည့် ဆေဘာရှည်ကို သူ၏ဒူးပေါ်မှာတင်ထား၏။

အဆူရာ.. ယန်ပေးချန်..။

ယန်ပေးချန်သည် သူ၏ဝိုင်ခွက်ကိုမြှောက်ပြီး တစ်ကျိုက်မော့သောက်မည်ပြုစဥ်မှာပင် သူကရုတ်တရက် မျက်မှောင်တစ်ချက်ကြုတ်လိုက်၏။

သူသည်တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား မှင်သေသေဖြင့်​ပြောလိုက်၏။

“အမုန်း... တစ်လတောင်မပြည့်သေးဘူး... မင်းရောက်လာတာ စောလှချေလား”

သူ၏ အမြုတေစိတ်ဝိညာဥ်က ဒဏ်ရာရရှိထားသော်လည်း ဝါးသစ်တောထဲမှ တစ်စုံတစ်ယောက်သည် ချောင်းကြည့်နေကြောင်း သူက ခံစားမိနိုင်ဆဲ ဖြစ်၏။

သို့သော်လည်း အဲ့ဒါက ဘယ်သူဘယ်ဝါဆိုတာကို သူက သတိမထားမိခဲ့ပေ။

ဆူဇီမိုက ဝါးသစ်တောထဲကနေ လျှောက်လှမ်းထွက်လာပြီး နေရာလွတ်ရှေ့သို့ရောက်ရှိလာကာ ယန်ပေးချန်ကို ပြုံးပြလိုက်၏။

ယန်ပေးချန်က အရင်ဆုံးကြောင်အ,မှင်တက်သွားခဲ့၏။

ထို့နောက်ချက်ချင်းပင် သူ၏မျက်လုံးက အချိန်အတန်ကြာမှ ပြန်လည်ဆုံစည်းရခြင်း၏ ဝမ်းသာပျော်ရွှင်မှုကို ထုတ်ဖော်ပြသပြီး ရယ်မောလိုက်လေသည်။

“ဟားဟား... လက်စသတ်တော့... ညီလေးဆူဖြစ်နေတာကိုး”

“အစ်ကိုယန်...”

ဆူဇီမိုက အော်ခေါ်၍ ​ရှေ့သို့လျှောက်လှမ်းလိုက်၏။

“လာပါ... ထိုင်ဦး”

ယန်ပေးချန်က ဆူဇီမို၏လက်ကိုဆွဲပြီး သူ့ဘေးတွင်ထိုင်စေလိုက်၏။ သူက သိုလှောင်အိတ်ထဲကနေ နောက်ထပ်ဝိုင်ပြင်းတစ်ပုလင်းကို ဆွဲထုတ်ပြီး ဆူဇီမိုကို အပြုံးတစ်ခုနှင့်အတူ ကမ်းပေးလိုက်၏။

“ငါက သောက်ဖို့အတွက် အ​ဖော်မရှိလို့ပျင်းနေတာ... မင်းရောက်လာတာနဲ့အတော်ပဲ.. မင်းက တကယ့်ကိုအချိန်ကိုက်ရောက်လာတာပဲ”

သူတို့နှစ်ယောက်သည် သူတို့၏ ဝိုင်ပုလင်းများကိုတိုက်ပြီး ဝိုင်ပြင်းပြင်းများကို ပါးစပ်အပြည့်မော့သောက်လိုက်ကြ၏။

“မင်းက... မင်းရဲ့သိုင်းတာအိုကို ဖန်တီးနိုင်ခဲ့တဲ့အတွက် ငါက ကောင်းကောင်းတောင် ဂုဏ်မပြုရသေးဘူး... အခုက အချိန်ကိုက်ပဲ.. ငါတို့ မူးတဲ့အထိသောက်ကြတာပေါ့”

ယန်ပေးချန်က တစ်ဖန်ရယ်မောလိုက်၏။

ဆူဇီမိုက စိတ်ထဲကနေ ညည်းတွားရေရွတ်လိုက်၏။

နှစ်ပေါင်းများစွာကြာပြီးနောက် ယန်ပေးချန်က သိသိသာသာပြောင်းလဲသွားခဲ့လေပြီ။

ယခုအခါ သူ့ထံတွင် နွေးထွေးမှုများရှိလာခဲ့ပြီဖြစ်၏။ အစက သူ့ထံမှ ဖြာထွက်နေသော သွေးရနံ့သည် သိသိသာသာ ဖျော့တော့သွားပြီး သိသာမှုမရှိသလောက်နီးပါးဖြစ်သွားခဲ့၏။

အံ့အားသင့်ဖို့မကောင်းစွာပင် သူ၏ပြောင်းလဲမှုက လူတစ်ယောက်ကြောင့် ​ဖြစ်လာခြင်းပင်။

ထိုစဥ်မှာပင် အဖြူရောင်ကိုယ်ကျပ်အင်္ကျီနှင့်အမျိုးသမီးတစ်ယောက်က ဝါးအိမ်ထဲကနေ လျှောက်လှမ်းထွက်လာခဲ့၏။ သူမက ချောမွတ်သော အသားအရေရှိပြီး သူမ၏ မျက်လုံးများက ရေကဲ့သို့ ကြည်လင်နေ၏။ သူမ၏ မျက်ခုံးနှစ်ဖက်က အနည်းငယ်ကြွတက်နေပြီး သူရဲကောင်းဆန်ဆန်အော်ရာတစ်ခုကို ဖြာထုတ်ပေးနေ၏။

ဆူဇီမိုက မတ်တတ်ရပ်၍ အံ့အားသင့်သွားသည့်ပုံဟန်ဆောင်လိုက်၏။

“အို.... ဒါက ဓားဂိုဏ်းက တာအိုရောင်းရင်းချင်မဟုတ်လား”

ချင်ဖျန်ရန်က အဆူရာမရှိတုန်း သူ့ကိုသတင်းစကားပေးဖို့ခဲ့သည်ကို ဆူဇီမိုက ထုတ်ဖော်ပြသစရာအကြောင်းမရှိဘဲ မသိကျိုးကျွံပြုကာ ဟန်ဆောင်လိုက်၏။

ချင်ဖျန်ရန်ကလည်း သူမ၏မျက်လုံးထဲရှိ ကျေးဇူးတင်မှုတစ်စွန်းတစ်စနှင့်အတူ ပြုံးပြလိုက်၏။

သူမက စကားပြောမည်ရှိစဥ်မှာပင် ယန်ပေးချန်က လက်ကာပြလိုက်၏။

“ညီလေးဆူ... ဘာမှဟန်ဆောင်မနေနဲ့... မင်းကို ဒီရောက်အောင်ခေါ်လိုက်တာက ဖျန်ရန်ပဲဖြစ်ရမယ် ဟုတ်တယ်မလား”

ဆူဇီမိုက ခဏမျှ ကြောင်အ,မှင်တက်သွား၏။

ယန်ပေးချန်ကဆက်ပြောလိုက်၏။

“မင်းရဲ့ အချိန်ကိုက်ရောက်ရှိလာမှုက အရမ်းကိုတိုက်ဆိုင်လွန်းနေတယ်... ဖျန်ရန်က ငါ့ကိုစိုးရိမ်ပူပန်နေတဲ့အတွက် ငါမရှိတုန်း မင်းကို အကူအညီလှမ်းတောင်းလိုက်တာပဲ ဖြစ်ရမယ်”

ယန်ပေးချန်က လိမ္မာပါးနပ်သော လူတစ်ယောက်ဖြစ်၏။

ဆူဇီမိုကိုမြင်လိုက်သည့်ခဏမှာပင် သူက အမှန်တရားကို ခန့်မှန်းမိပြီးသွားလေပြီ။

“ပေးချန်... ကျွန်မတောင်းပန်ပါတယ်”

ချင်ဖျန်ရန်က သူမ၏ခေါင်းကို အနည်းငယ်ငုံ့လိုက်၏။

“ကျွန်မ.... ကျွန်မ...”

ဆူဇီမိုက အမှန်တရားကို ဆက်လက်၍ ဖုံးကွယ်နေစရာမလိုတော့ဘူးဆိုတာကို သိလိုက်ပြီး ခေါင်းညိတ်ပြလိုက်၏။

“တာအိုရောင်းရင်းချင်က... ခင်ဗျားကိုစိုးရိမ်နေခဲ့တာ... အဲ့ဒါကြောင့် ဒီကိစ္စမှာ သူမကို အပြစ်တင်စရာမလိုပါဘူး”

“ဖျန်ရန်က ငါ့ကိုစိုးရိမ်ပူပန်နေတာကို ငါကဘာလို့အပြစ်တင်ရမှာလဲ”

ယန်ပေးချန်က ဟားတိုက်ရယ်မောပြီး ချင်ဖန်ရန်၏ လက်ဖဝါးကို လှမ်းဆွဲလိုက်၏။

“ငါ့ညီနဲ့... အခုလိုမဆုံစည်းရတာ အတော်ကြာခဲ့ပြီပဲ... ငါက အခုလိုပျော်ရွှင်ရတဲ့အတွက် မင်းကိုတောင်ကျေးဇူးမတင်ရသေးဘူး”

ချင်ဖန်ရန်၏ မျက်နှာက နီးမြန်းသွား၏။

သူမသည် ဆူဇီမို၏ရှေ့မှာ ဤကဲ့သို့ရင်းနှီးစွာနေထိုင်သည့်အတွက် ရှက်ရွံသလိုခံစားရ၏။

ဆူဇီမိုက ပြုံးလိုက်လေသည်။

“ခင်ဗျားက.. ဒီနှစ်တွေထဲမှာ ကောင်းကောင်းအဆင်ပြေနေတဲ့ပုံပဲ...အစ်ကိုကြီး ခင်ဗျားမှာ နေ့စဥ်နေ့တိုင်း အဖော်ပြုပေးဖို့ တစ်စုံတစ်ယောက် ရှိနေတာပဲ... ကျုပ်တောင်အားကျမိပါတယ်”

ခဏမျှရပ်တန့်ပြီးနောက် ဆူဇီမိုက ဆက်ပြောလိုက်၏။

“ဒါပေမယ့်... အစ်ကိုကြီး ကျုပ်ခင်ဗျားကို မေးစရာတစ်ခုတော့ရှိတယ်... ခင်ဗျားက ခင်ဗျားရဲ့ အမြုတေစိတ်ဝိညာဥ် ဒဏ်ရာရခဲ့တာကို ကျုပ်ကို ဘာလို့မပြောခဲ့တာလဲ”

“မင်းကိုပြောတော့လည်း... ဘာအဓိပ္ပါယ်ရှိမှာလဲ”

အဆူရာက ခေါင်းခါလိုက်၏။

“အဲ့ဒါကို ကုသနိုင်စရာနည်းလမ်းမှ မရှိတာ”

သူမက ထိုစကားကိုကြားသောအခါ ချင်ဖျန်ရန်၏ အမူအရာက ပျက်ယွင်းသွား၏။

“အဲ့ဒါတွေက ကျွန်မရဲ့အမှားပဲ... ကျွန်မသာ ဝိညာဥ်ကိုးဆင့်ပြန်ခေါ်ဆေးလုံးကို အဲ့ဒီတုန်းကသာ မစားခဲ့ဘူးဆိုရင် ပေးချန်ရဲ့ ဒဏ်ရာတွေက အချိန်အတော်ကြာကတည်းက ပျောက်ကင်းသွားလောက်ပြီ”

“ဘာမှမဖြစ်ပါဘူး... အခုလည်းငါက အဆင်ပြေနေတာပဲလေ မဟုတ်ဘူးလား”

ယန်ပေးချန်က အဲ့ဒါကိုစိတ်ထဲမှာ လုံးဝမထားဘဲ လက်ကာပြလိုက်၏။

“ဒါပေမယ့်... ရှင့်ရဲ့အနာဂတ်ကျင့်ကြံမှုက....”

ချင်ဖျန်ရန်သည် တစ်စုံတစ်ရာကိုပြောဆိုချင်သော်လည်း ယန်ပေးချန်စိတ်ထိခိုက်သွားမည်ကိုစိုးရိမ်၍ ရပ်တန့်လိုက်၏။

အမြုတေစိတ်ဝိညာဥ်ဒဏ်ရာတစ်ခုနှင့်ဆိုပါက သူ၏ကျင့်ကြံမှုက ရှေ့သို့တက်လှမ်းဖို့အတွက် အရမ်းကိုခက်ခဲသွားခဲ့လေပြီ။

“မသေရမယ့်သူ ဘယ်သူရှိလို့လဲ... ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တွေတောင် နှစ်ပေါင်းနှစ်သောင်းကြာနေပြီးရင် သေရတာပဲမလား”

ယန်ပေးချန်က ပြောလိုက်၏။

ငါကာမင်းနဲ့အတူရှိနေသမျှ တစ်ရက်တာက နှစ်တစ်သောင်းနဲ့ညီမျှတယ်..ငါ့မှာ ဘဝသက်တမ်း နှစ်ပေါင်းထောင်ချီ ကျန်ရှိနေသေးတာပဲ... အဲ့ဒီအချိုးအစားနဲ့တွက်ရင် ငါက မဟာယာနမျိုးနွယ်စုခေါင်းတွေထက်တောင် ပိုပြီးတော့ အသက်ရှည်တာပဲ”

ချင်ဖန်ရန်၏ မျက်လုံးက နီမြန်းလာပြီး သူမ၏ခေါင်းကို တိတ်တဆိတ်ငုံ့ထားလိုက်၏။

All Chapters